~ ငါက သရဲမဟုတ်ဘူး ၊ လူသားပါပဲ ~
ရွာသားများက ချန်းရှောင်မီနဲ့ သူရှာတွေ့တဲ့ ဂျင်ဆင်းအကြောင်းကို ပိုပြောလာကြသည်။ ချန်းရှောင်မီလည်း ထိုသတင်းကို ကြားလိုက်ရသည်။
" ငါဂျင်ဆင်းတွေ ရှာတွေ့ခဲ့တယ်လို့ လူတွေကို မင်းပြောလိုက်တာလား ။ "
လုလင်းက ခေါင်းညိတ်ကာ -
" ဟုတ်တယ် ငါလုပ်လိုက်တာ ၊ ပိုက်ဆံက ငါနဲ့သက်ဆိုင်တယ်ဆိုပြီး လုတွေ သင်္ကာမကင်းဖြစ်နေမှာ မလိုချင်လို့ ။ "
ချန်းတွေက ချန်းရှောင်မီကို စွန့်ပယ်ထားပေမယ့် လုလင်းကတော့ လုတွေနဲ့ ဆက်စပ်နေဆဲပင် ။ ဆောင်းဦးရာသီ ကောက်ရိတ်သိမ်းပွဲအတွက် လုလင်းကို အလုပ်ခိုင်းဖို့ လုထောင်ကို သူတို့ပို့လိုက်သည်လေ ။ အဖွားက ချန်းရှောင်မီ လုထောင်ကို နှင်ထုတ်လိုက်တော့ လုလင်းနံမည်ကို အသရေဖျက်ကာ လုပ်ကြံပြောဆို သည် ။
ချန်းရှောင်မီလည်း ထိုဖြစ်ရပ်ကို သတိရသွားကာ ခေါင်းညိတ်လိုက်ပြီး -
" မင်းအရမ်း တွေးတတ်တာပဲ ။ "
" ဒါပေမယ့် လူတွေမင်းကို ရိုက်နှက်မှာ စိုးရိမ်နေစရာတော့မလိုပါဘူး ။ "
လုလင်းက ပြုံးလိုက်ကာ -
" ငါက အားလုံးနဲ့ မပတ်သတ်ချင်တာပါ ။ အခေါ်အပြောမရှိဘဲ ငါတို့ဘာသာ ငါတို့ ရှင်သန်နေထိုင်ချင်တယ် ။ "
ချန်းရှောင်မီက လုလင်းစကားနောက်ကိုပါမလာပေမယ့် လုလင်းလည်း ဒီထက်ပို ရှင်းမပြတော့ပေ။
ချန်းရှောင်မီနဲ့ လုလင်းသည် ဒီနေ့တောင်ပေါ်ကို တက်ကြမည် ။
လုလင်းက တရုတ်မြောက်ဥတူးရာတွင်သုံးရန် ဓားကိုထုတ်လိုက်ပြီး အသံကြားလိုက်တာကြောင့် ဆောင့်ကြောင့်ထိုင်ချလိုက်ရသည် ။
" ဟမ် ၊ မင်းလက်ထဲမှာ ဘာကိုင်ထားတာလဲ ကြည့်ရအောင်။ "
သူ့နှလုံးခုန်သံတွေ ကျဆင်းလာကာ ခေါင်းမော့ကြည့်လိုက်တော့ ချန်းရှောင်မီ ဖြစ်နေသည် ။
' ငါ မင်းလမ်းလျှောက်ထွက်သွားတာကို မြင်လိုက်တယ်လေ ၊ ဒါကြောင့် ဓားမြှောင်ကို ထုတ်လိုက်တာ ။ အခုဘယ်လို ပြန်ရောက်လာတာလဲ ။ '
လုလင်း မျက်မှောင်ကြုတ်မိသည်။
" ပေးဦး၊ ငါကြည့်ကြည့်မလို့ ။ "
ချန်းရှောင်မီ ဘာလဲလိုတာ သိရဖို့ မစောင့်နိုင်တော့ပေ။
လုလင်း မတတ်နိုင်တော့သလို ခေါင်းခါလိုက်ကာ သူ့ဓားမြှောင်ကို ချန်းရှောင်မီဆီ ကမ်းပေးလိုက်သည် ။
ချန်းရှောင်မီ ဓားမြှောင်ကို နှစ်သက်စွာ တယုတယကိုင်တွယ်ကာ လက်ထဲမှာ လှုပ်ရမ်းကြည့်ပြီးနောက် ပြောလိုက်သည် ။
" အခု ငါ့ဟာပဲ ။ "
ချန်းရှောင်မီရဲ့ အသံကို အလွန်အားထုတ်ပြီးပြောပေမယ့် လုလင်းအတွက်တော့ စိတ်အနှောင့်အယှက်မဖြစ်ပဲ ချစ်စရာကောင်းနေသည် ။ ချန်းရှောင်မီရဲ့ အခုပုံစံက ခရစ်စမတ် လက်ဆောင်ရထားတဲ့ ငါးနှစ်အရွယ်ကလေးတစ်ယောက်နဲ့ ဆင်တူသည်။ ထပ်ပေါင်းပြောရရင် စတိုးဆိုင်ထဲမှာ ဓားတွေရှိသေးသည်။
ချန်းရှောင်မီရဲ့ မျက်လုံးတွေက ဓားဆီမှမခွာပေ ။ အရင်က ဒီလိုလက်ရာမြောက်တဲ့ဓားမျိုးမမြင်ခဲ့ဘူးပေ ။ အခုက ပါးလျကာ ထက်ရှနေပေသည် ။
ချန်းရှောင်မီ လုလင်းအား ရုတ်တရပ် အထက်အောက်ကြည့်ကာ -
" မင်းက ဘယ်သူလဲ? လူလား၊ သရဲလား ။ "
ချန်းရှောင်မီက လုလင်းလက်ထဲမှာ ဘယ်ကထွက်လာမှန်းမသိတဲ့ ဓားမြှောင်ရောက်လာတာကို မြင်လိုက်ရတာကြောင့် လုလင်းကို မေးတာဖြစ်သည်။
" ငါကမင်းရဲ့ ခင်ပွန်း ၊ ပြီးတော့ ငါက တကယ့်လူတစ်ယောက်ပါ ။"
လုလင်း ရယ်မောလိုက်သည်။
ချန်းရှောင်မီ မျက်လုံးစွေကြည့်လိုက်ကာ -
" မင်း စားစရာတွေကို ပွားများအောင် လုပ်ပေးနိုင်တယ် မလား ။ ဂျုံ ၊ ဆန် ၊ ဥ တွေ မီးဖိုချောင်ထဲက အားလုံးကို မင်းလုပ်ပေးထားတာ မှတ်လား ။ "
ချန်းရှောင်မီ စိတ်ထဲတွင် သူ့ခန့်မှန်းချက်ကို မှန်ကန်ရန် မျှော်လင့်နေသည်။ သူနဲ့ သူ့ညီငယ်တွေက သူတို့အတွက် လုလင်းလုပ်ပေးတဲ့ အရသာရှိတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်ကြသည် ။
လုလင်း ခေါင်းခါပြကာ ပြောလိုက်သည် ။
" အဲ့ဒါ အကုန်မမှန်ဘူး ။ ငါ့ကိုယ်ထဲမှာ အစားအသောက်တွေအပြည့်နဲ့ စတိုးဆိုင်ရှိနေတာ ။ နောက်ဆုံးမှာ အစားအသောက်တွေ ကုန်သွားနိုင်တယ် ။ "
ချန်းရှောင်မီရဲ့ မျက်လုံးတွေ တောက်ပလာပြီး -
" မင်း သိုလှောင်ထားတဲ့ထဲမှာ ဥတွေအများကြီး ရှိလား ။ "
လုလင်း ခေါင်းညိတ်လိုက်ကာ -
" ဥ ရှစ်ရာကျော် ကျန်သေးတယ် ။မတိုင်ခင်က ဥ တစ်ရာထက်ပိုပြီး စားထားသေးတယ် ။"
' ဘာ ၊ လက်ထပ်ပြီးချိန်ကစပြီး ငါတို့ ဥ စားတာ တစ်ရာကျော်နေပြီ ။ ဒါဆို တစ်ရက်ကို ကြက်ဥ ငါးလုံးနှုန်းနဲ့ပေါ့ ။ ချမ်းသာတဲ့သူတွေတောင် ဒီလောက် ဇိမ်မခံနိုင်ဘူး ။ '
ချန်းရှောင်မီ စိတ်ထဲတွင် ဟစ်အော်နေမိသည် ။
" မင်းက လုလင်းမဟုတ်ဘူး မလား ။ "
ချန်းရှောင်မီ လက်မထပ်ခင်က လုလင်းရဲ့ သတင်းကို စုံစမ်းထားသည် ။ ထိုအချိန်တုန်းကတောင် လုလင်းက တိတ်ဆိတ်ကာ ရှက်ရွံ့တတ်ပြီး ရှေးရိုးစွဲသူကြီး ဖြစ်သည် ။ ဒါပေမယ့် သူလက်ထပ်လိုက်တဲ့ လုလင်းက အရင်ပုံစံနဲ့ မတူတော့ပေ ။
ချန်းရှောင်မီ သူတို့အတူရှိနေစဉ်တစ်လျှောက်လုံး ဖန်လုံး၊ ခန် နဲ့ အစားအစာအပြည့်ရှိတဲ့ စတိုးဆိုင် တို့ကြောင့် သံသယဖြစ်လာရသည် ။
လုလင်း ခေါင်းညိတ်လိုက်ကာ -
" မင်း မှန်ပါတယ် ။ "
" မင်းပြောတဲ့ စတိုးဆိုင်ဆိုတာ ဘာလဲ ။ ပြီးတော့ ဖန်လုံးတွေက မင်းရဲ့စတိုးဆိုင်ထဲက ရတာလား ။ "
" မှတ်တယ် ။ စတိုးဆိုင်က ဒီနေရာနဲ့မတူတဲ့ အချိန်နဲ့နေရာ မှာရှိနေတာ ။ "
ထိုအကြောင်းကိုကြားလိုက်ရချိန်မှာ ချန်းရှောင်မီ သက်ပြင်းချမိသည် ။ဖန်လုံးတွေက ခိုးထားတာမဟုတ်တာကြောင့်ပင် ။
" ခန်နဲ့ပတ်သတ်ပြီးတော့ရော ။ "
" ငါစာအုပ်ထဲမှာ ဖတ်ခဲ့ရတာ ။ "
လုလင်းက ထပ်ဖြည့်ကာပြောသည် ။
" မတူညီတဲ့နေရာက စာအုပ်ပါ ။ "
" မင်းက ပညာတတ်လား ။ "
လုလင်းက ခေါင်းညိတ်ကာ -
" ငါ ဆယ်နှစ်ကြာ ပညာသင်ခဲ့တာ ။ "
' ငါလိမ်တာမဟုတ်ပါဘူး ။ မူကြို ၊ သူငယ်တန်း ၊ မူလတန်း ၊ အထက်တန်း နဲ့ ကောလိပ် တွေတက်ခဲ့ရတာ တကယ်ဆို ဆယ်နှစ်တောင်ကျော်တယ် ။'
" မင်း အင်ပါယာစာမေးပွဲ ဝင်ဖြေမလား ။ "
ချန်းရှောင်မီ စူးစမ်းမိသည် ။
" အဲ့ဒါ ဘယ်လိုတင်ရမှာလဲ ။ ငါတို့မှာ အဲဒီစာမေးပွဲ မရှိတော့ဘူး ။ ဒါပေမယ့် ငါတို့မှာ civil service စာမေးပွဲတော့ရှိတယ် ။ ငါတော့ မအောင်ခဲ့ဘူး ၊ အရမ်းခက်ပြီး နည်းလမ်းကျတဲ့ network မရှိခဲ့လို့ ။ "
' သူစာမေးပွဲ မအောင်ခဲ့ဘူး ။ဒါပေမယ့် အနည်းဆုံးတော့ သူရိုးရိုးသားသားဖြေခဲ့တယ် ။ ပြီးတော့ .....သူကတကယ့်ကို ပညာတတ်တစ်ယောက်ပဲ ! '
ချန်းရှောင်မီ အလွန်အထင်ကြီးသွားမိသည် ။