~ အိမ်ချက် အရက် ~
ချန်းရှောင်မီက နောက်နေ့တွင် ဝိုင်အိုးနှစ်ဆယ် အတွက် ပဲနိ နှစ်ရာကို သုံးစွဲလိုက်သည်။
လုလင်း ဘီယာတွေကို အိုးထဲသို့ စပြီးလောင်းထည့်လိုက်သည် ။ ဘီယာတစ်ဖာနဲ့အိုးဆယ့်တစ်လုံးကို ဖြည့်လိုက်သည် ။
" အားလုံး အဆင်ပြေသွားပြီ။ အခု အိုးတွေနဲ့ထည့်လိုက်ပြီးပြီဆိုတော့ မနက်ဖြန် စားသောက်ဆိုင်ကြီးတွေမှာ ရောင်းဖို့ ကြိုးစားကြတာပေါ့ ။"
ချန်းရှောင်မီက အလွန်စိတ်လှုပ်ရှားနေသည် ။ သူက မနက်ဖြန် ဘီယာတွေကို ဈေးကောင်းကောင်းနဲ့ရောင်းရမှာ ကြိုသိနေတာကြောင့်ပင် ။
ချန်းရှောင်မီက မြင်းဝယ်ဖို့အကြောင်းလည်း စဉ်းစားနေပြီး လုလင်းစကားကို နားထောင်ရန် ဆုံးဖြတ်လိုက်သည် ။ သူက လှည်းတစ်စီးကိုတောင် ဆောက်လုပ်နိုင်တာကြောင့် မြို့ပေါ် ပစ္စည်းသယ်ဖို့နဲ့ ပတ်သတ်ပြီး သူတို့အတွက်စိုးရိမ်မှုမရှိပေ ။
လုလင်းကတော့ ချန်းရှောင်မီလောက် ယုံကြည်မှုမရှိပါ ။ ဘီယာနဲ့ ပတ်သတ်ပြီး စိတ်ချရပေမယ့် ဒီခေတ်ကာလက လူတွေဟာ အရင်က ဘီယာကို မကြားဖူးတာကြောင့်သူတို့ရောင်းလို့မရနိုင်လောက်ပေ ။
" ငါတို့အခြားသူတွေကို မရောင်းရလည်း ပြသနာမရှိပါဘူး ။ ငါတို့ဘာသာပဲ ပျော်ပျော်ကြီးသောက်လိုက်မှာပေါ့ ။ "
ချန်းရှောင်မီက လုလင်းကို နှစ်သိမ့်ပေးလိုက်သည် ။
" ငါတို့ဆီက ဖန်လုံးဝယ်ထားတဲ့ သခင်လေးယန်းကို တစ်အိုးပေးလို့ရတယ် ။ "
(ခု အပိုင်းကစပြီး ရန်ကို ယန်းလို့ပြောင်းလိုက်ပါပြီ။ )
လုလင်း အကြံပေးလိုက်သည် ။
သူတို့ မြို့ပေါ်တက်တဲ့နောက်ဆုံးအချိန်တုန်းက သခင်လေးယန်းနဲ့ပတ်သတ်ပြီး စုံးစမ်းထားသေးသည် ။ ယန်းသခင်လေးက မြို့ပေါ်မှာ နံမည်ကောင်းရှိသူတစ်ဦး ဖြစ်မှန်းသိလိုက်သည် ။ ဒီဘီယာအကြောင်းကိုလည်း သူ့သူငယ်ချင်းတွေဆီ ညွှန်းပေးဖို့ လုလင်းက မျှော်လင့်နေတာပင် ။ အထူးသဖြင့်ဒီခေတ်အချိန်အခါမှာ ပါးစပ်ထဲက စကားလုံးတွေဟာ အလွန်စွမ်းအားကြီးသည် ။
ချန်းရှောင်မီ ခေါင်းညိတ်လိုက်ကာ -
" အစီအစဉ်ကောင်း တစ်ခုပဲ ။ "
နောက်တစ်နေ့မှာ လူနှစ်ယောက်က မြို့ပေါ် ကိုသွားကြသည်။ လုလင်း ဘီယာအိုးတွေကို စတိုးထဲထည့်ထားပေမယ့် ချန်းရှောင်မီက ရွာသားတွေရဲ့သံသယမှ လွတ်မြောက်ရန် ခြင်းအကြီးကြီးကို လွယ်ထားရတုန်းပင်။
ချန်းရှောင်မီက သူတို့ဘီယာတွေ ရောင်းရဖို့အတွက် ယုံကြည်ချက်ရှိနေပေမယ့် မကြာခင်မှာပဲ သူ့တက်ကြွမှုတွေ လျော့သွားသည် ။
ဖုရန် စားသောက်ဆိုင်ကို သူတို့ပထမဆုံးသွားကြပေမယ့် သားမွှေးဦးထုပ်ချွန်ဝတ်ထားတဲ့ လူတတ်ကြီးပုံစံနဲ့ လူတစ်ယောက်က ဆိုင်ပိုင်ရှင်နဲ့တွေ့လို့ရမလားလို့ လုလင်း မေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ကို မောင်းထုတ်လိုက်သည် ။
" ငါတို့ပိုင်ရှင်နဲ့ တွေ့ချင်လို့ဟုတ်လား? မင်းတို့သူ့ကို ဘယ်သူလို့ထင်နေတာလဲ ။ "
ထိုလူက စိတ်ကြီးဝင်နေသောပုံစံနဲ့ သူတို့ကို ဆွဲထုတ်ကာ လှည့်ထွက်သွားသည် ။
သူတို့နှစ်ယောက် ထွက်သွားရမှာကို ချန်းရှောင်မီ အလွန်ခါးသီး မိသည် ။
" မင်းက ဆရာကြီးလား! "
ချန်းရှောင်မီ ထိုလူရဲ့ မျက်နှာရှည်ရှည်ကို ဆွဲကိုင်လိုက်သည် ။
လုလင်းက စိတ်အနှောင်အယှက်မဖြစ်ပုံစေတဲ့အတိုင်းပင် ။
" သူ့လိုစရိုက်မျိုးရှိတဲ့သူနဲ့ ငါတို့တန်းလိုက်ညှိနေစရာမလိုပါဘူး ။ "
လုလင်း ထိုသူရဲ့စရိုက်ကိုမကြိုက်သော်လည်း လူလာနေတာကို မြင်လိုက်ရသည် ။ ဒါကြောင့် သူက ချန်းရှောင်မီကို စိတ်သက်သာရာ ရအောင် လုပ်ပေးလိုက်သည် ။
" ဒီလူက ငါတို့ကိုအနိုင်ကျင့်ဖို့ သူ့သခင်ရဲ့နံမည်ကို သုံးနေရတာ ၊ အညတရက အမြဲတမ်း အညတရ ဖြစ်နေဦးမှာပါ ။ ဒါပေမယ့် ငါတို့ကတော့ ငါတို့အရည်အချင်းနဲ့ လုပ်ရည်ကိုင်ရည်တွေကြောင့် တစ်နေ့အဆင်ပြေလာမှာ ။ ငါတို့သူ့ကို ဘာမှ အာရုံစိုက်နေစရာမလိုဘူး ။ "
ချန်းရှောင်မီ လုလင်းရဲ့ပြောစကားကို လက်ခံလိုက်သည် ။
လုလင်း ချန်းရှောင်မီကို ဒုတိယစားသောက်ဆိုင်ဆီ ခေါ်သွားလိုက်ပြီး ထိုဝန်ထမ်းကတော့ သူတို့ပိုင်ရှင်ဆီ ချက်ချင်းခေါ်သွားပေးသည် ။ ပိုင်ရှင်ကလည်း သူတို့အရက်ရောင်းဖို့ လာတဲ့အကြောင်းကြားလိုက်ရတဲ့အခါ စိတ်ဝင်စားသွားသည် ။
" အရက်? ဘယ်လိုအရက်အမျိုးအစားလဲ ။ "
" အိမ်ချက်အရက်ပါ ။"
ချန်းရှောင်မီက ပြန်ဖြေလိုက်သည် ။
" ဟမ် ၊ အိမ်ချက်အရက်လား ။ ငါအဲ့ဒါတွေအတွက် ဈေးကောင်းမပေးနိုင်မှာတော့ စိတ်ပူမိတယ် ။ "
" စမ်းကြည့်လိုက်ပါဦး ။ သူဌေးစိတ်ပြောင်းသွားမယ်ဆိုတာ သေချာတယ် ။ "
ပိုင်ရှင်က မယုံကြည်နိုင်ပုံပင် ။ ရွာသားတစ်ယောက်ရဲ့ အိမ်ချက်အရက် ဘယ်လောက်ကောင်းနိုင်မှာလဲဟု သံသယဝင်နေသည် ။
' ဒီရွာသားတွေက စိမ်းသက်ပြီး အတွေ့အကြုံမရှိတဲ့ပုံပဲ ။ သူတို့အရက်က အကောင်းဆုံးဆိုပြီး တွေးနေတာပဲ ။ '
ဆိုင်ပိုင်ရှင်က နှာမှုတ်လိုက်သည် ။
" ရှောင်မီ မင်းဒီမှာ ဘာလုပ်နေတာလဲ ။ "
လုလင်းနဲ့ ချန်းရှောင်မီ လှည့်ကြည့်လိုက်တော့ သခင်လေးယန်းကို တွေ့လိုက်ရသည် ။
" သခင်လေးယန်း ၊ နေကောင်းရဲ့လား ။ ကျွန်တော်တို့ ဒီမှာ အိမ်ချက်အရက်ရောင်းဖို့ လုပ်နေတာပါ ။ "
ပြီးတာနဲ့ သခင်လေးယန်းဆီသွားမှာမို့ သခင်လေးယန်းကို တွေ့လိုက်ရတဲ့အခါ ချန်းရှောင်မီအရမ်းပျော်သွားသည် ။
" ပြီးတော့ သခင်လေးယန်းအတွက် ကျွန်တော်တို့ တစ်အိုးပြင်ဆင်ထားတယ် ။ "
ချန်းရှောင်မီ တစ်အိုးကမ်းပေးလိုက်သည် ။
သခင်လေးယန်းက စားသောက်ဆိုင်အကောင်းဆုံးတွေမှာ အကောင်းစားအရက်တွေသာသောက်တာမို့ ချန်းရှောင်မီရဲ့အိမ်ချက်အရက်ကို စိတ်မဝင်စားပေ။ သို့သော် သူက အပြုအမူကောင်းရှိသူဖြစ်တာကြောင့် ချန်းရှောင်မီဆီက အိုးကိုယူလိုက်ကာ ကျေးဇူးတင်လိုက်သည် ။
စားသောက်ဆိုင်ပိုင်ရှင်ကလည်း ချန်းရှောင်းမီနဲ့ ယန်းဟန်ကျီး တို့ တစ်ယောက်ကို တစ်ယောက် သိနေကြတာမြင်လိုက်ရတာကြောင့် အံ့ဩသွားသည် ။ သို့မှသာ ချန်းရှောင်မီကို တလေးတစားဖြင့် အသိအမှတ်ပြုတော့သည် ။
" မင်းရဲ့ အရက်ကို မြည်းစမ်းကြည့်ရအောင်။ "
ဆိုင်ပိုင်ရှင်က အကြံပြုသည် ။
ချန်းရှောင်မီက ပန်းကန်လုံး နှစ်လုံးယူကာ အိုးထဲမှ အရက်ကို ဖြည့်ပေးလိုက်သည် ။
ယန်းဟန်ကျီးက အစက ချန်းရှောင်မီရဲ့အရက်ကို စိတ်မဝင်စားပေမယ့် အရက်ရဲ့ပုံစံကို မြင်လိုက်ရတာကြောင့် အံ့ဩသွားသည် ။
" ကျန်တဲ့အိုးအားလုံးကလည်း ဒီအိုးနဲ့အတူတူပဲလား ။ "
ဆိုင်ပိုင်ရှင်က တစ်ငုံစာသောက်ပြီး မေးတာကို ချန်းရှောင်မီ ခေါင်းညိတ်လိုက်ကာ -
" ဟုတ်ပါတယ် ။ ဒါတွေအားလုံးက တစ်သုတ်တည်း လုပ်ထားတာတွေပါ ။ "
ယန်းဟန်ကျီးလည်း တစ်ငုံသောက်လိုက်ပြီး အံ့အားသင့်သွားသည် ။
" ချန်းရှောင်မီ ဒါက တကယ့်အံ့ဖွယ်ပဲ ။ ဒီမှာ အိုးတွေအများကြီး ပါလာလား၊ ကြည့်ရအောင် ... ။ "
ဆိုင်ပိုင်ရှင်က စိုးရိမ်စွာ ပြောလာသည် ။
" သခင်လေးရန် အလောတကြီးမလုပ်ပါနဲ့ ။ ကျုပ် ဝယ်မလို့ပါ ။ "
" တောင်းပန်ပါတယ် မစ္စတာဝမ် ။ ရှောင်မီကို သူ့ရဲ့အံ့ဖွယ်အရက်အတွက် သင့်တင့်တဲ့ဈေး ပေးလိုက်ပါ။ "
" စိတ်မပူပါနဲ့ ၊ ပေးပါ့မယ် ။ "
မစ္စတာဝမ်က ယန်းဟန်ကျီး ဒီမှာရှိနေတာကြောင့် စိတ်မသက်မသာဖြစ်နေသည်။ အခုတော့ သူဈေးနှိမ်ပေးလို့ မရတော့ပေ။
မစ္စတာဝမ် ခဏမျှတုံ့ဆိုင်းကာ အရက် ဆယ်အိုးအတွက် ငွေရှစ်ပြားပေးလိုက်ပြီး ထိုအရာတွေကို ထပ်ဝယ်ချင်သေးကြောင်း ပြောလိုက်သည် ။
ချန်းရှောင်မီက ငွေရှစ်ပြားအကြောင်း ကြားလိုက်ရတာကြောင့် စိတ်လှုပ်ရှားသွားသည် ။ ထိုအရာက သူတို့ရဲ့ ကံကြမ္မာငယ်လေးပင် ။ သူက လုလင်းရဲ့စတိုးထဲမှာ အရက်တွေ အများကြီးရှိသေးတာကို သိထားတာကြောင့် ပိုလို့တောင် စိတ်တက်ကြွနေသည် ။
သူတို့နှစ်ယောက် သင့်တော်တဲ့ မြင်းတစ်ကောင်ကိုရဖို့ သွားကြည့်ကြသည် ။ သို့သော်မြင်းတွေက အိုလွန်းတာ ဒါမှမဟုတ် ချူချာလွန်းတာတွေသာ တွေ့ရပြီး တခြားရွေးချယ်စရာတွေမရှိခဲ့ပေ ။ ဒါကြောင့် သူတို့တွေက မြင်းအစား စားသောက်ကုန်တွေဝယ်ဖို့သာ ဆုံးဖြတ်လိုက်သည် ။
လုလင်းက ဂျုံနဲ့ ဆန် အချို့ရယ် ကြက်၆ကောင်ရယ်ကို ဝယ်လိုက်သည်။ ကြက်တွေက ဥတွေပိုများလာဖို့ပင်။ ချန်းရှောင်မီကတော့ ဘဲငန်း ၆ ကောင်ဝယ်လိုက်ပြီး သူတို့က ဥကောင်းကောင်းဝပ်နိုင်တဲ့အပြင် အိမ်ကိုပါစောင့်ရှောင်ပေးနိုင်သည် ။
လုလင်း ငန်းတွေကို ကြည့်ကာ မျက်လုံးလှိမ့်လိုက်မိသည်။ ဘဲငန်းတွေကို ကြည့်ရှုဖို့ ချန်းရှောင်ခိုင်ကို တာဝန်ပေးရန်ဆုံးဖြတ်ထားသည် ။ ချန်းရှောင်ခိုင်က ဘဲငန်းတွေကို ဘယ်လိုစောင့်ရှောက်ရမှန်းသိပြီး အလုပ်ကောင်းကောင်းလုပ်တတ်တဲ့ ကလေးဖြစ်မှန်း သူသိတာကြောင့်ပင် ။ ထပ်ပြောရရင် ချန်းရှောင်ခိုင်သာ ဘဲငန်းတွေကို ထိန်းသိမ်းစောင့်ရှောက်ရင် သူ့ကို စိတ်မနှောင့်အယှက် ဖြစ်မလာနိုင်တော့ပေ ။