~ငါက လူချမ်းသာတစ်ယောက်ပဲ!~
ချန်းရှောင်မီက လုလင်းပြောတဲ့ စတိုးနဲ့ပတ်သတ်ပြီး သိလိုစိတ်ပြင်းပြနေပေမယ့် ဘာဆက်မေးရမလဲ စဉ်းစားမရပေ ။ နောက်မှ ချန်းရှောင်မိုင်ပြောဖူးတာကို ရုတ်တရက် သတိရသွားကာ -
" သကြားရည်နဲ့ပတ်သတ်ပြီး မိုင်ပြောဖူးတယ် ။ အဲ့ဒါ ဘာလဲ ။ "
ချန်းရှောင်မိုင် ခေါင်းညိတ်ပြီး ချောကလက်နို့ဘူးကို ထုတ်လိုက်သည် ။ ချန်းရှောင်မီ အလျင်စလို မြိုချလိုက်ပြီးမှ အရသာကြောင့် အလွန်အံ့အားသင့်သွားသည် ။
" ဒါက အရမ်းအရသာရှိတာပဲ ။ နို့တွေနဲ့ အရမ်းချိူမြိန်နေတာ ။ ဒါနဲ့ အမဲရောင်က ဘာတွေလဲ ။ '
ချန်းရှောင်မီ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဗူးတစ်ဝက်ကို သောက်လိုက်ပြီးနောက် ကြည်နူးမှုအပြည့်ဖြင့် နှုတ်ခမ်းသပ်လိုက်သည် ။
" မင်း မကုန်တော့ဘူးဆိုရင် ငါ့ကို ပြန်ပေးထား။ "
ချန်းရှောင်မီက သားပေါက်လေးတွေကိုကာကွယ်နေတဲ့ ကြက်မကြီးသဖွယ် ဗူးကို တင်းတင်းဆုပ်ကိုင်ထားသည် ။
လုလင်းရယ်မောလိုက်ကာ -
" မစိုးရိမ်ပါနဲ့ မင်းအတွက်ပဲငါသိမ်းထားမှာပါ ။ တခြားသူတွေ ဒီဗူးကိုမမြင်နိုင်အောင် ငါတို့သတိထားရမယ်လေ ။ "
ချန်းရှောင်မီ ခေါင်းညိတ်လိုက်ကာ လက်ထဲကဗူးကို လုလင်းဆီပေးလိုက်သည် ။
" မင်းရဲ့ စတိုးထဲမှာ တခြားပစ္စည်းတွေကိုလည်း သိမ်းထားနိုင်တာလား ။ "
" ဟုတ်တယ် ။ "
ချန်းရှောင်မီ ပင့်သက်ရှိုက်လိုက်ကာ -
" ဒါဆို နောက်ဆုံးတစ်ခေါက် ငါတို့မြို့ကိုသွားတုန်းက ခြင်းထဲက ဝက်ဝံကြီး ငါမသယ်ပဲ စတိုးထဲထည့်ထားပြီး လက်ဗလာနဲ့မြို့ပေါ်သွားလို့ရတယ်ပေါ့ ။ "
" အသေအချာပဲပေါ့ ။ ဒါပေမယ့် တခြားသူတွေမြင်နိုင်တယ် ၊ အဲ့ဒါကြောင့်မပြောခဲ့တာ ။ "
ချန်းရှောင်မီ သဘောတူသည် ။ ထိုအရာက အန္တရာယ်များသည်။
"မစိုးရိမ်ပါနဲ့ ။ မင်းရဲ့ စတိုးကိုသုံးပြီး မရိုးသားတဲ့အလုပ်တွေ မလုပ်သရွေ့ ငါတခြားသူတွေကို အဲဒီအကြောင်း စကားတစ်ခွန်းတောင်မပြောဘူး ။ "
ချန်းရှောင်မီကို ယုံကြည်ပါသည် ။ လုလင်းခေါင်းညိတ်ပြကာ ပြုံးပြလိုက်သည် ။
" ပွဲတော်ရက်တွေမျိုးမှာ ရွာသားတွေက အသင့်အတင့် သုံးစွဲကြတယ် ။မင်းစတိုးထဲမှာရှိတာတွေကို ပိုက်ဆံအဖြစ် ပြောင်းလဲချင်လား ။ "
လုလင်း အနည်းငယ်စဉ်းစားကာ ပြောလိုက်သည် ။
" ငါ့စတိုးထဲမှာ ရှိတာတွေက ဒီမှာရှိတာတွေနဲ့ ကွဲပြားလွန်းတယ် ။ သူတို့ဆီကို ရောင်းချဖို့က အကြံကောင်းဖြစ်မယ်လို့ မထင်ဘူးနော် ။ ထပ်ပေါင်းပြောရရင် ငါ့စတိုးထဲမှာ စားစရာအလုံအလောက်ရှိတာကြောင့် ဆောင်းဦးရာသီအတွက် တခြားအရာနဲ့ပတ်သတ်ပြီး စ်ိုးရိမ်နေစရာ မလိုတော့ဘူးလေ ။ "
အဓိကအချက်ဖြစ်တဲ့ ' ဆောင်းရာသီအတွက် စားစရာအလုံအလောက် ရှိတယ် ' လို့ကြားလိုက်ရတာကြောင့် ချန်းရှောင်မီ စိတ်လှုပ်ရှားသွားသည် ။
ချန်းရှောင်မီနဲ့ လုလင်း တို့နှစ်ယောက်လုံးဟာ ချန်းရှောင်ခိုင်နဲ့ ချန်းရှောင်မိုင်တို့ကို လျှို့ဝှက်ထားဖို့ ဆုံးဖြတ်လိုက်ကြသည် ။ သူတို့က အရမ်းငယ်သေးလွန်းတာကြောင့်ပင် ။
လုလင်း ချန်းရှောင်မီရဲ့အမူအရာကို မြင်လိုက်ရတဲ့အခါ အံ့ဩမိသွားသည် ။ သူက ကြောက်ရွံ့တာရော အံ့အားသင့်တာပါ မဖြစ်ပဲ စိတ်ဝင်စားမှုကသာ ပိုများနေသည်လေ ။
လုလင်း သူ့ကိုပေးတဲ့ ဆန်းပြားလွန်းတဲ့ဖန်လုံးတွေအကြောင်း သတိရသွားသည် ။ ဒါကြောင့် လုလင်းအား ထိုအရာတွေက ထူးခြားမှုရှိမရှိကို မေးလိုက်သည် ။
" မင်း အရက်အကြောင်းရော သိချင်လား ။ "
" မင်း စတိုးထဲမှာ အရက်ရှိတယ်လား ။ "
ချန်းရှောင်မီ စူးစမ်းချင်စိတ် ပြင်းပြနေသည် ။
ချန်းရှောင်မီက ခေါင်းညိတ်ကာ -
" ရှိတာပေါ့ ။ "
စတိုးထဲမှာ အရက်ရှိဖို့က မခက်ခဲပေ ။ အရက်က date ကုန်သွားခြင်းလို အဖြစ်မျိုး ဘယ်တော့မှမရှိပေ။ လူတွေက အရက်ကို နှစ်သက်ကြသည် ။
လုလင်းက အရက် ၊ ဝိုင် ၊ ဘီယာအမျိုးအစားပေါင်းများစွာကို သူ့စတိုးထဲမှာ သိုလှောင်ထားပြီး ဘီယာ သေတ္တာဖာတွေ တစ်ရာကျော်လောက်ရှိသည် ။ သို့သော် ထုတ်ပိုးမှုပုံစံက သံသယ ဖြစ်စရာကောင်းသည် (ဒီနေရာကလူတွေအတွက်)။
" ငါကြည့်လို့ရနိုင်မလား ။ "
ခုခေတ်ချိန်ခါမှာ အရက်ဆိုတာက ဇိမ်ခံပစ္စည်းဖြစ်နေဆဲပင် ။ လူတွေက အရက်၊ ဘီယာ ချက်လုပ်ဖို့ နေနေသာသာ အစားအစာတောင် မလုံလောက်ကြပေ ။
ချန်းရှောင်မီအတွက် ဘီယာဗူး ထုတ်ယူပေးလိုက်သည်။
ချန်းရှောင်မီ အားရပါးရ တစ်ငုံယူသောက်လိုက်သည် ။
" အဲ့ဒါကို ကြိုက်လား ။ "
ချန်းရှောင်မီ နှုတ်ခမ်းကို သပ်လိုက်ကာ -
" အရမ်း ကောင်းတယ်။ "
ချန်းရှောင်မီဆီမှာ အရင်တုန်းက ဘီယာဆိုတာမျိုးမရှိပေ ။ ချက်လုပ်ရလွယ်ကူတဲ့ ဆန်အရက်သာလျှင် ရှိခဲ့သည် ။
" ငါတို့ ငွေတစ်ချို့ကို မြင်းတစ်ကောင်ဝယ်ဖို့ သုံးသင့်တယ် ။ "
[T/N note- ဒီနေရာမှာ သူက mule ဆိုပြီး သုံးသွားတာပါ။ 'လား'ထက် မြင်း က ပိုသင့်တော်လို့ မြင်း ပဲ သုံးလိုက်ပါတယ် ။]
လုလင်း တီးတိုးရေရွတ်မိသည် ။
" မြင်း? ဘာအတွက် မြင်းတစ်ကောင် လိုချင်ရတာလဲ ။ "
" ငါတို့ မြင်းစီးလို့လဲ ရတယ် ၊ မြို့ပေါ်သွားရင် ပစ္စည်းတွေ သယ်လို့လည်း ရတယ်။ "
" ပိုက်ဆံ ဖြုန်းတာပဲ ။ ငါတို့ အမြဲလမ်းလျှောက်နိုင်တယ်လေ ။ "
လုလင်း ခေါင်းခါလိုက်ကာ -
" မြင်းတစ်ကောင်ရှိရင် ငါတို့အတွက် ပိုလွယ်ကူသွားပြီလေ ။ ဝက်ဝံကြီးက အရမ်းမလေးလွန်းဘူးလား ။ ပြီးတော့ မိုင်နဲ့ခိုင်ကို သူတို့အတွေ့အကြုံရအောင် မြို့ပေါ်ခေါ်သွားတဲ့ အခါ ကြရင်ရော ။ "
ချန်းရှောင်မီ သူ့မျက်လုံးကို လှိမ့်လိုက်ကာ -
' ဒီလုလင်းကတော့ သူ့ဂယောက်ဂယက်အတွေးတွေကို စတင်နေပြီ ။ ဒါပေမယ့် တစ်ချက်ရှိတာက - ပစ္စည်းတွေအများကြီးတင်ဖို့ မြင်းတစ်ကောင် လိုအပ်တယ်တဲ့ ။ ဟမ် .... နေပါဦး .... မြင်းကို ဘယ်လိုအစာကျွေးရမှာလဲ ။ အခု ငါတို့မှာ လယ် ဒါမှမဟုတ် မြေမှမရှိတာ ။ '
ချန်းရှောင်မီ အလွန်စိတ်ထိခိုက်သွားသည် ။ သူတို့ ရွာသားတွေဆီက ဘာအာရုံစိုက်မှုမှ မလိုချင်ပေ ။ မြင်းတစ်ကောင်သာ တကယ် ဝယ်လိုက်ရင် ရွာသားတွေ သူ့ကို ဘယ်လိုပြောမလဲဆိုတာ စိတ်ကူးကြည့်လို့တောင် မရပေ ။ သို့သော် တစ်စက္ကန့်မျှသာတွေးလိုက်သည် ။ သူဘာတစ်ခုမှအမှားမလုပ်ထားတာကြောင့် ထိုအရာတွေနဲ့ ပတ်သတ်ပြီး စိတ်မလုံခြုံမှုကို မခံစားသင့်ပေ ။
ပြီးတော့ သူကူကယ်ရာမဲ့စွာပင် ရွာသူကြီးဆီမှာ နွားလှည်းမငှားနိုင်တဲ့အတွက် ရွာသားတွေသူ့နောက်ကွယ်မှာ ဘယ်လို ရယ်မောခဲ့ကြောင်း ပြန်မှတ်မိလာသည် ။ တစ်ချိန်က သူမြို့ပေါ်သွားတဲ့လမ်းမှာ မိုးကြီးနေတာကြောင့် ဒုက္ခရောက်နေတဲ့အချိန်မှာ နွားလှည်းပေါ်မှ အခြားရွာသားတွေက ဝင့်ကြွားဟန်နဲ့ သူ့ကို ကျော်ဖြတ်သွားကြသည် ။
သူ့နောက်ကွယ်မှာ သူနဲ့ ပတ်သတ်ပြီး ဘယ်လိုတွေပြောလဲ ဆိုတာ ချန်းရှောင်မီသိပါသည် ။ သူတို့အားလုံးက ချန်းရှောင်မီကို ကြမ္မာဆိုးနဲ့ မကြာခင်ကြုံတွေ့ရလိမ့်မည်ဟု ပြောကြသည် ။
" မင်းရဲ့ အရင်နေရာမှာ မင်းက ချမ်းသာတဲ့သူလား ။ "
ချန်းရှောင်မီက လုလင်းအားမေးလိုက်သည် ။
လုလင်း ခဏလောက် ကြက်သေသေသွားသည် ။ သူက သူ့ခေတ်ကာလမှာ ချမ်းသာနေတာမျိုးတော့မဟုတ်ပေ ။ အသက်ရှင်ဖို့ ကြိုးစားလုပ်ကိုင်နေရတာပင် ။ သို့သော် အခြားတစ်ဖက်မှာတော့ ဒီနေရာက သခင်ငယ်လေးတွေနဲ့ လူချမ်းသာတွေထက် ပိုကောင်းတဲ့ ဘဝမှာ နေထိုင်နေရသည် ။
" အဲ့လို ပုံစံမျိုးပါပဲ ။ "
လုလင်းအနည်းငယ် တုံ့ဆိုင်းကာ ဖြေလိုက်သည် ။
" တကယ်လား ။ လူချမ်းသာတွေက ထမင်းမချက်ရပါဘူး ။ "
ချန်းရှောင်မီက သူပြောတာကို မယုံပေ။
လုလင်းက ရယ်မောလိုက်ကာ -
" ချက်ပြုတ်တာက င့ါရဲ့ ဝါသနာအရပါ ။ "
ချန်းရှောင်မီက နှုတ်ခမ်းကို စုဝိုင်းကာ ဘီယာဗူးနားတေ့လိုက်ပြီး -
" မင်းမှန်ပါတယ် ။ ဒီထုတ်ပိုးမှုပုံစံက ငါတို့ကို သံသယဝင်စေလိမ့်မယ်။ အလူမီနီယံနဲ့ လုပ်ထားတာလား ။ "
" အမှန်ပဲ ။ "
" ဘယ်လို ဖြုန်းတီးမှုကြီးလဲ ။ အရက်ထည့်ဖို့တောင် လှပဖို့အတွက် သုံးတယ် ။ "
ချန်းရှောင်မီ မျက်မှောင်ကြုတ်လိုက်သည် ။
လုလင်း ခေါင်းကိုသာညိတ်ကာ ချန်းရှောင်မီအား သံယောင်လိုက်လိုက်သည် ။ အလူမီနီယံက မျက်မှောက်ခေတ်မှာ အဖိုးမတန်တဲ့အကြောင်းတော့ ချန်းရှောင်မီကို မပြောပြဖြစ်တော့ပါ ။