Episode 23 part 1
Viewers 7k

Chapter - 23/part 1


~အဖွားလုပြသနာရှာခြင်း~


ကုန်စုံဆိုင်စတိုးရဲ့ လျှို့ဝှက်ချက်တွေကို သူတို့မျှဝေပြီးနောက် လုလင်းနဲ့ပိုနီးစပ်လာတယ်‌လို့ ချန်းရှောင်မီခံစားရသည် ။ ပြီးတော့ လက်ထဲမှာလည်း ငွေပမာဏအသင့်အတင့်ရှိနေတာကြောင့် ငွေအတွက်အလုပ်ကိုအလောတကြီးလုပ်ရန် မလိုတော့ပေ ။ သူက အချိန်အများစုကို အမဲလိုက်ခြင်းအစား ထင်းကောက်ဖို့သာ သုံးစွဲသည် ။ အခုလုလင်းရဲ့ အကြံညာဏ်တွေက အခြားအရာတွေထက် အဓိပ္ပာယ်ရှိသည် ။ သူထင်းတွေ စုနေတာက လုလင်းကသူ့ကို ညဘက်မှာခန်အတွက် ထင်းပိုလိုအပ်တယ်လို့ပြောသောကြောင့်ပင် ။ 


လုလင်းက ချန်းရှောင်မီဟာ ငှက်မွှေးတောင်ဓားကိုအားရပါးရ ကိုင်ထားတာကို တစ်ကြိမ်ထက်မက မြင်ဖူးသည် ။ ပြီးတော့သူက ထင်းကောက်တဲ့ခြင်းကို သယ်ပြီးလည်းပြေးနိုင်သည် ။ လုလင်း ချန်းရှောင်မီကောက်တဲ့ထင်းပမာဏကို နှိုင်းယှဉ်ဖို့ အကြိမ်ပေါင်း ငါးကြိမ် သုံးလိုက်ရသည် ။ 


သို့သော်လည်း ချန်းရှောင်မီက လုလင်းဟာအခြားနေရာမှာ လူချမ်းသာတစ်ယောက်ဖြစ်ကြောင်း သိထားတာကြောင့် သူရဲ့ကြိုးစားအားထုတ်မှုကို တကယ်ခံစားနားလည်မိသည် ။ သူက လုလင်းရဲ့ မကျွမ်းကျင်မှုကို အပြစ်မတင်ဘဲ လက်ခံထားသည် ။ 


ရွာသားတွေက ချန်းရှောင်မီတို့ မိသားစုဘယ်လိုချမ်းသာလာတာလည်းဆိုတာမြင်ပြီးနောက် အမဲလိုက်ခြင်းနဲ့ပတ်သတ်ပြီး စိတ်ကူးယဉ်နေကြဆဲပင် ။ သို့သော် အများစုက တောင်ပေါ်ကို စွန့်စားသွားလာဖို့တကယ်တမ်း သတ္တိမရှိပေ ။


လုလင်းနဲ့ချန်းရှောင်မီတို့က ထင်းကောက်ခြင်းဖြင့် ဆယ်‌ရက်လောက် ကုန်ဆုံးပြီးနောက် လုလင်းရဲ့စတိုးထဲမှာ ဆောင်းရာသီအတွက် တရုတ်မြောက်ဥ ၊ ဝါးအစို့(မျှစ်) နဲ့ မှိုတချို့ကို စုဆောင်းထားလိုက်နိုင်သည် ။ 


မှိုတွေက ထိန်းသိမ်းရန်မလွယ်ကူတဲ့အပြင် တရုတ်မြောက်ဥတွေကလည်း ရက်အနည်းငယ်အတွင်းမှာမှိုတက်နိုင်သည် ။ ဒါပေမယ့် လုလင်းရဲ့ စတိုးမှာ အချိန်ပြောင်းလဲမှုမရှိတာကြောင့် ထိုအရာနဲ့ပတ်သတ်ပြီး စိုးရိမ်စရာမလိုပေ ။ 


ချန်းရှောင်မီနဲ့ လုလင်းက ချန်းရှောင်မီကိုအမဲလိုက်သင်ပေးသော မုဆိုးအိုကြီးကျိုး အတွက်တောင် ခန်ကိုဆောက်လုပ်ပေးလိုက်သည် ။ မုဆိုးအိုကြီးကျိုးက အေးတဲ့နေ့ရက်တွေမှာ အဆစ်အမြစ်တွေ ပြင်းပြင်းထန်ထန်ကိုတောင့်တင်း၊နာကျင်နေတတ်သည် ။ ဒါကြောင့် ချန်းရှောင်မီက လုလင်းကို သူနဲ့အတူတူခန်‌ဆောက်နိုင်မလားလို့ မေးခဲ့တာပင် ။ လုလင်းလည်း ချန်းရှောင်မီရဲ့ကျေးဇူးသိတတ်မှုအပေါ် ရင်ထဲထိသွားကာ ပြာပြာသလဲဖြင့် သဘောတူလက်ခံလိုက်သည်။  


လူအိုကြီး ကျိုးက သူကိုယ်တိုင်မစမ်းကြည့်ရသေးပေမယ့် ခန်နဲ့ပတ်သတ်ပြီး ကြည်နူးပီတိဖြစ်နေဆဲပင် ။ သူ့အတွက်ခန်ဆောက်ပေးဖို့ လုလင်းနဲ့ချန်းရှောင်မီတို့က နာရီများစွာ သုံးလိုက်သည်။ ခန်ရဲ့နွေးထွေးမှုက နာကျင်မှုတွေကိုသိသိသာသာ သက်သာစေပြီး အဆစ်အမြစ်ရောင်ရမ်းမှုကိုလည်း လျော့ချပေးသည် ။ 


ချန်းရှောင်မီက သူမပြန်ခင်မှာ လူအိုကြီးကျိုးအတွက် ထင်းအလုံအလောက်ကို ချန်ထားပေးခဲ့သည် ။ 


ထိုညမှာပဲ လေအေးတိုက်ခတ်ခဲ့တဲ့အတွက် ခန်ဆောက်လုပ်ပေးခဲ့တဲ့ လူငယ်စုံတွဲကို လူအိုးကြီးကျိုးက ကျေးဇူးတင်နေမိသည်။ ထို‌‌နောက်ခန်ရဲ့သတင်းက ရွာသားတွေအတွက် စိတ်ဝင်စားစရာဖြစ်သွားသည် ။


လူအိုကြီးကျိုးကနှစ်များစွာ မသန်မစွမ်းဖြစ်နေသော်လည်း အမဲလိုက်ခြင်းနဲ့တောင်ပေါ်က အရင်းအမြစ်တွေကို ရောင်းဝယ်နေခြင်းကြောင့် ငွေတစ်ချို့စုဆောင်းနိုင်ဆဲပင် ။ ထိုကြောင့် ရွာသားတွေက သူ့ဆီလာရောက်ကြပြီး သူတို့ရဲ့အစေ့အ‌ဆံတွေကို ငွေဖြင့်ပြောင်းလဲနိုင်ရန် လူအိုကြီးဆီ လာရောင်းကြသည် ။ လူအိုကြီးကျိုးက တစ်ခါတစ်ရံမှာ သူ့စုဆောင်းငွေတွေကုန်ဆုံးသွားပြီး ဘေးဥပါဒ်ကြုံရမှာကို အလွန်စိုးရိမ်နေရလေ့ရှိသည်။  


မကြာခင်မှာပဲ ရွာသားတွေက လူအိုကြီးကျိုးရဲ့အိမ်မှာရှိတဲ့ မှော်ဆန်တဲ့ခန်အကြောင်းကို စတင်ပြောဆိုလာကြသည်။ သူတို့က ခန်က ဘယ်လောက်နွေးထွေးကြောင်းနဲ့ အသက်အရွယ်ကြီးသူတွေရဲ့ အရိုးအဆစ်အတွက် ဘယ်လောက်ကောင်းကြောင်းကို အကျယ်တဝင့် ပြောဆိုရှင်းလင်းနေကြသည်။  


ရွာသားတွေက အစုလိုက်အပြုံလိုက် လူအိုကြီးကျိုးအိမ်ကို သွားကြပြီး အိမ်အဝင်မှာတည်းက နွေးထွေးမှုကိုပေးတဲ့မှော်ဆန်တဲ့အိပ်ယာကို သွားရောက်ကြည့်ရှုကြသည်။ တချို့ရွာသားတွေကအပြုအမူကောင်းရှိကာ လူအိုကြီးကျိုးဆီကို လက်ဗ‌လာနဲ့ မသွားသင့်မှန်းသိကြသည်။ သူတို့က စားစရာအနည်းငယ်လောက် ၊ ထင်း အချို့နဲ့ ဟင်းသီးဟင်းရွက် တစ်စီးလောက် ယူလာကြသည် ။ 


အရာအားလုံးက ပမာဏနည်းနည်းပဲဆိုရင်တောင် လူအိုကြီးက ကြည်နူးနေဆဲပင် ။ သူက ရွာသားတွေကို ခန်ပေါ်ထိုင်ခိုင်းပြီး ဘယ်လောက်နွေးထွေးကြောင်း ခံစားစေသည်။ လာရောက်လည်ပတ်သူတွေက ရက်ဆက်နေသဖြင့် လူအိုကြီးကျိုးက နေ့ရက်တိုင်းကို ပီတိပြုံးတွေဖြင့် ဖြတ်သန်းနေရသည် ။


သို့သော်လည်း ရွာသားတွေက လူအိုကြီးအတွက် ခန်ဆောက်လုပ်ပေးတာ လုလင်းနဲ့ချန်းရှောင်မီဖြစ်ကြောင်းသိလိုက်ရတဲ့အခါ အမူအရာတွေပြောင်းလဲကုန်ကျသည် ။ အများစုကတော့ နှလုံးသားအေးခဲပြီး ရက်စက်ကြမ်းကြုတ်တဲ့သူက လူအိုကြီးတစ်‌ယောက်အတွက် ကောင်းတဲ့အရာကိုပေးတယ်ဆိုတာ သိလိုက်ရတာကြောင့် အံ့ဩသွားကြပြီး တချို့ကတော့ ထေ့ငေါ့ကာ လူအိုကြီးအိမ်က ထွက်သွားကြသည် ။ 


ချန်းတွေက ထိုအကြောင်းကိုကြားလိုက်ရတဲ့အခါ အလွန်ဒေါသထွက်နေကြသည် ။ အထူးသဖြင့်အဖွားချန်းက ဒေါသတွေကြောင့် ခြေထောက်ဆောင့်လိုက်ကာ ချန်းရှောင်မီအား သားသမီးဝတ္တရားမကျေဘူးဟု ပြင်းပြင်းထန်ထန် စွပ်စွဲကြိမ်းမောင်းတော့သည် ။ သူမက ချန်းရှောင်မီရဲ့အဖွားဖြစ်သူ သူမအစားဘာကြောင့်များ လူအိုကြီးကျိုးကို အပိုလုပ်ပြီး ခန်ဆောက်ပေးရတာလဲဟု တွေးကာ မှင်တက်နေမိသည် ။ 


ပိုဆိုးသည်က လုလင်းရဲ့အဖိုးကပါ လူအိုကြီးကျိုး‌ဆီသွားလည်ပြီးနောက် လုလင်းဆီက အကူအညီကို ငမ်းငမ်းတက်လိုချင်လာသည် ။ အဖိုးလုက လုထောင်အား လုလင်းအိမ်ကိုထပ်မံသွားလည်ခိုင်းလိုက်ပြီး သူ့အတွက် ခန်ဆောက်လုပ်ပေးဖို့နဲ့ မဖြစ်မနေအိမ်ပြန်လာဖို့ ခေါ်ခိုင်းလိုက်သည် ။


ပြီးနောက်မှာတော့ လုလင်းရဲ့လှည့်လည်ပြောဆိုမှုအောက်မှာ လုထောင်ကျရှုံးသွားပြီး ဝမ်းနည်းပက်လက် အိမ်ပြန်လာရသည် ။


" ဟိုကောင်စုတ်လေးက ဘယ်မှာလဲ ။ "


လုထောင်သူမဘာသာ ပြန်လာတာကို မြင်လိုက်ရတဲ့အခါ အဖိုးလုက စိတ်မချမ်းသာ ဖြစ်သွားသည် ။ 


အဖွားလုကလည်း ဆောင်းဦးကောက်ရိတ်သိမ်းပွဲမှာ လုလင်းလာမကူညီတဲ့အတွက် လုလင်းပြန်လာမယ့်အခွင့်အရေးကို စောင့်နေတာကြာပြီဖြစ်သည် ။ လုလင်း သူတို့အတွက် ခန်ဆောက်လုပ်ပေးနေတဲ့အချိန်မှာ သူမကလုလင်းကို ဘယ်လိုကြိမ်ဒဏ်ပေးရမလဲ စဉ်းစားထားတာဖြစ်သည် ။ 


" သူ့ဆီမှာထပ်ပြီး ကျရှုံးလာပြန်ပြီလား ။ "


လုထောင်က ခေါင်းငြိမ့်ကာ -


" ဟုတ်တယ်အဖွား ။ သူက ခန်ကိုဘယ်လို ဆောက်ရမှန်းမသိဘူးလို့ပြောတယ် ။ ချန်းရှောင်မီကပဲ ဆောက်တာဖြစ်ပြီး သူကဘေးက ကူလုပ်ရုံပဲလုပ်တာတဲ့ ။ "


အဖွားလုက နှာမှုတ်လိုက်ကာ -


" သူက ခန်တစ်လုံးတောင် ဘယ်လိုဆောက်ရမှန်းမသိဘူးပေါ့လေ ။ ငါပြောလိုက်မယ် သူက အပျင်းထူနေတာ ။ သူက ငါ့တို့အတွက် ကောင်းကောင်းထောက်ပံ့လို့ရနေတာတောင် ချန်းရှောင်မီနဲ့ လက်ထပ်ပြီးတည်းက ငါတို့အိမ်ကို တစ်ခေါက်တောင် ပြန်မလာခဲ့ဘူးလေ။ "


အဖွားလုက လုလင်းအကြောင်းတွေးပြီးနောက် ပို၍ဒေါသထွက်လာပြီး လုလင်းနဲ့ လူကိုယ်တိုင်တွေ့ကာ စကားပြောရန်ဆုံးဖြတ်လိုက်သည် ။ 


အဖွားလု ချန်းရှောင်မီရဲ့ တံခါးကိုခေါက်နေတဲ့အချိန်မှာ လုလင်းက အိပ်နေတာဖြစ်သည်။ 


လုလင်းက သဘာဝအားဖြင့် သက်တောင့်သက်သာ နေတတ်သူဖြစ်ပြီး အပြင်ဘက်မှာ အေးခဲနေကာ အပူပေးစက်မရှိတဲ့အတွက် အနည်းငယ်ပိုပြီး သင့်တင့်လျှောက်ပတ်အောင် အိပ်နေတာဖြစ်သည် ။


ချန်းရှောင်မီက လုလင်းအပေါ်အလွန်သဘောထားကြီးသည် ။ လုလင်းက အစောဆုံးအိပ်ရင်တောင် ချန်းရှောင်မီက တစ်ခွန်းမှ မညည်းညူပေ။ လုလင်းအပေါ် ပိုပြီးနားလည်အောင်ကြိုးစားသင့်သည်ဟုတောင် တွေးမိသည် ။ တကယ်တော့လုလင်းက ကိန်းကြီးခမ်းကြီးနိုင်တဲ့ဘဝက လာသောလူချမ်းသာတစ်ယောက်ပင် ။ ဒါကြောင့် သူ့မိသားစုနဲ့ အံဝင်ခွင်ကျဖြစ်ဖို့ လုလင်းကြိုးစားနေတဲ့အပေါ် ချန်းရှောင်မီ သဘောထားကြီးပေးနေတာ ဖြစ်သည် ။