Chapter- 23/ part 2
လုလင်း မနက်ခင်းနိုးတစ်ဝက်အိမ်မက် မက်နေတဲ့အချိန်မှာ ဆူညံသံအချို့ကိုကြားလိုက်ရသည် ။ တံခါးဝမှာရပ်နေတဲ့ ချန်းရှောင်မီရဲ့ရှေ့မှာ မတ်တပ်ရပ်နေသော အဖွားလုကို မြင်လိုက်ရတာကြောင့် အိမ်အပြင်ထွက်လာလိုက်သည် ။
ရုတ်တရပ်အဖွားလုက မြေကြီးပေါ်မှာ ပုံလျက်သားလှဲချလိုက်ကာ ဆွဲဆွဲငင်ငင် ငိုယိုမြည်တမ်းတော့သည် ။
" ဘာကြောင့်များ ငါ့လိုအဖွားအိုကြီးကို မင်းရိုက်နှက်နိုင်ရတာလဲ ။ "
ချန်းရှောင်မီနှာမှုတ်ကာ ပြောလိုက်သည် ။
" ဒီလိုဆိုးဆိုးရွားရွား ပါးစပ်ရှိတဲ့အမျိုးသမီးအိုကြီးက ငါ့တို့အိမ်တံခါးဝကို ရူးရူးနှမ်းနှမ်း ဝင်တိုးနေလို့ ငါတွန်းထုတ်ရုံပဲ လုပ်လိုက်တာပါ။ ဒါပေမယ့် ရုတ်တရပ်ပဲ သူကမြေပြင်ပေါ် လှဲချလိုက်ပြီး ငါရိုက်ပေးဖို့ တောင်းဆိုနေတာပဲ။ "
' နစ်နာသူလို ဟန်ဆောင်နေတဲ့ ဇာတ်ကစင်ပေါ်က အမျိုးသမီးကြီးလိုပဲ ။ '
လုလင်း မျက်လုံးလှိမ့်လိုက်မိသည် ။
ဆန်းပြားတဲ့လုပ်ရပ်တွေ တော်သင့်နေပြီ ၊ သူတို့အိမ်ရှေ့မှာ လူအုပ်ကြီး ရောက်လာနေပြီဖြစ်သည်။ ချန်းရှောင်မီရဲ့ အိမ်က အစွန်အဖျားမှာဖြစ်တာကြောင့် လုလင်းက မကြာခင်သူတို့ချမ်းသာတဲ့လူနေမှုဘဝရအောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားနေမိသည်။
" မိုးကောင်းကင်ကြီးက ဘာကြောင့်များငါ့ကို ဒီလိုမျိုး အပြစ်ပေးရတာလဲ။ "
" ဒီလိုခံစားနေရအောင် ငါဘာတွေများ လုပ်ခဲ့မိလို့လဲ ။ "
" ငါ့မြေးလေးက ငါ့မိသားစုတစ်စုလုံးနဲ့ ငါ့အပေါ်မှာ ဝတ္တရားနည်းနည်းလေးမှ မကျေပြွန်ခဲ့ဘူး ။ "
အဖွားလုက လူတွေစတင်များပြားလာတာကို မြင်လိုက်ရတာကြောင့် ကျယ်ကျယ်လောင်လောင် အော်ဟစ်ငိုယိုတော့သည် ။
လုလင်း အကြံရလာတာကြောင့် ချန်းရှောင်မီရဲ့ ဘေးနားသွားကာ နားနားကပ်ရင်း တိုးတိုးလေး ပြောလိုက်သည် ။ ချန်းရှောင်မီအား အဖွားလုကသူ့ကိုစတင်တိုက်ခိုက်လာတာနဲ့ တနည်းနည်းနဲ့ အထဲမှာသွားပုန်းဖို့ပြောလိုက်သည်။
ချန်းရှောင်မီက လုလင်းကို ယုံကြည်ကာ အခန်းထဲသို့ ပြန်ဝင်သွားသည် ။
မကြာခင်ရွာသားတွေက အနားရောက်ရှိလာကြပြီး ဘာဖြစ်တာလဲဟု လုလင်းအားမေးမြန်းကြသည် ။
လုလင်း တည်ငြိမ်မှုအပြည့်နဲ့ ဖြေလိုက်သည် ။
" ရှောင်ခိုင်က အဖွားခိုးယူနေတာကို မိသွားခဲ့တာ ။ အဲ့ဒါအဖြစ်အပျက်အကုန်ပါပဲ ။ "
အားနည်းချင်ယောင်ဆောင်ကာ မြေပြင်ပေါ်လှဲနေတဲ့ အဖွားလုက ဒေါသတွေကြောင့် ခြေထောက် ရုန်းကန်လုနီးပါး စပ်ဆုပ်လာမိသည် ။
လူအုပ်ကြီးက စတင် ပြောဆိုလာကြသည် ။
" လူယုတ်လူညံ့ကောင်၊ မင်းဘာတွေလျှောက်ပြောနေတာလဲ ။ "
အဖွားလုက လုလင်းကို စိန်းစိန်းဝါးဝါး ကြည့်ကာ အံ့ကြိတ်လိုက်သည် ။
လုလင်းက အလွန်ညှင်သာတဲ့အသံဖြင့် -
" အဖွား ရှောင်မီက ကျွန်တော်နဲ့လက်ထပ်ဖို့အတွက် ငွေဆယ်ပြား ပေးပြီးပြီလေ ။ ဘာကြောင့် ရှောင်မီအမဲလိုက်လို့ရတဲ့ အရာတွေကို ခိုးယူဖို့ အိမ်ထဲခိုးဝင်ရတာလဲ ။ ကျွန်တော့်ရဲ့ တူ လုချောင်ယုက ပညာတတ်တစ်ယောက်ဖြစ်ပြီး တိုင်းပြည်အဆင့် အင်ပါယာ စာမေးပွဲအတွက် ပြင်ဆင်နေခဲ့တာ ။ အဘွားက ဘာကြောင့် သူ့ရဲ့ဂုဏ်သတင်းကို ပျက်ပြားစေရတာလဲ။ "
လုလင်းရဲ့ လေးနက်တဲ့အသံနေအသံထားကြောင့် ခိုးကြောင်ခိုးဝှက်ကြည့်နေတဲ့ ချန်းရှောင်ခိုင်က လွဲပြီး ကျန်လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်လာကြသည် ။
ချန်းရှောင်မီလည်း ထိုအကြောင်းကို ထပ်ခါထပ်ခါ ကြားယောင်မိလာသည် ။
" ခိုးယူတာ ၊ ခိုးယူတာ ..... "
လုလင်း ကျိတ်ရယ်လိုက်သည် ။
' အချိန်မှန်ပဲ ခိုင် ။ လူတွေက မင်းလိုဖြူစင်တဲ့ကလေးတွေရဲ့စကားဆို အကြွင်းမဲ့ယုံကြည်ကြတယ် ။ ငါမင်းအတွက် မင်းကြိုက်တဲ့ ကြက်ဥနို့ပေါင်း လုပ်ပေးပါ့မယ်ကွာ ။ '
ရွာသားတွေက မြေကြီးပေါ်မှာ လှဲနေဆဲဖြစ်တဲ့အဖွားလုကိုကြည့်ကာ မခံမရပ်နိုင်ဖြစ်ကာစိတ်ဆိုးနေကြသည် ။ ဒီလောဘအိုးအဖွားကြီးက မင်္ဂလာ လက်ဖွဲ့အဖြစ် ငွေဆယ်ပြားရထားတာတောင် မကျေနပ်နိုင်ဖြစ်နေပြီး ချန်းရှောင်မီအိမ်ထဲခိုးဝင်ကာ ပစ္စည်းခိုးဖို့လုပ်နေတာက သူတို့ကို မယုံကြည်နိုင်စရာပေ ။
အဖွားလုက ငိုယိုတာကို ရပ်တန့်လိုက်ကာ ပါးနှစ်ဖက်နီရဲလာပြီး လုလင်းအားစိုက်ကြည့်နေသည် ။ လုလင်းက သူမအား ရိုးသားစွာ ပြန်ကြည့်နေပေသည် ။
" မင်း ကောင်စုတ်လေး ၊ ဘာအဓိပ္ပာယ်မရှိတာတွေကို ပြောနေတာလဲ ။ ငါမင်းကို လည်ပင်းညှစ်သတ် လိုက်မယ် ။ "
အဖွားလုက အလွန် ကသိကအောက် ဖြစ်လာသည် ။
" အဖွား! ကျွန်တော့် အဖေက စစ်မြေပြင်မှာ သေဆုံးခဲ့ရပြီး အမေက လုမိသားစုတစ်ခုလုံးအတွက် သူ့ဘဝကို နစ်မြုပ်ထားရတယ် ။ ပြီးတော့ကျွန်တော့်ကိုလည်း ချန်းရှောင်မီရဲ့ မိသားစုဆီ လက်ထပ်ဝင်ရောက်ခိုင်းတယ် ။ ကျွန်တော်နဲ့ ရှောင်မီရဲ့ကလေးက အနာဂတ်မှာ လုအစား ချန်းမျိုးရိုးကို သုံးရမှာ ။ အခုလည်း အဖွားက ချန်းရှောင်မီဆီက ခိုးဖို့လုပ်နေတယ် ။ အဖွားကျွန်တော့်ကိုသေစေချင်နေတာလား ။ အဖွား ဘာကိုရှာဖွေချင်နေတာလဲ ။ "
ရွာသားတွေက အခုမှ လုလင်းဘက်အကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံသိလိုက်ရသည်။ လုလင်းရဲ့ ကလေးက ချန်းမျိုးရိုးကို ဆက်ခံရမှာဖြစ်တဲ့အတွက် ရွာသားတွေက လုလင်းအား စာနာသနားမိသည် ။ ဒီခေတ်ကာလမှာ မိသားစုစည်းမျဉ်းတွေက ထိပ်ဆုံးဦးစားပေးဖြစ်သည်။ ထပ်ပေါင်းပြောရရင် အဖွားလုက လုလင်းနဲ့ချန်းရှောင်မီဆီက ပစ္စည်းကိုခိုးယူဖို့အထိ အပြုအမူက ဆိုးရွားလွန်းသည် ။ အဖွားတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်တဲ့အပြင် စဉ်းတောင်မစဉ်းစားသင့်ပေ။
ရွာသူကြီးက အဖွားလုအား စိတ်ပျက်စွာကြည့်လိုက်ပြီး -
" မင်း လုပ်ချင်တာလုပ်လို့ပြီးရင် ထလိုက်တော့ ။ "
" ဒါကအမှန်မဟုတ်ဘူး ။ ငါ့ရဲ့ ဝတ္တရားမကျေပြွန်တဲ့မြေးက ဇာတ်လမ်းဆင်နေတာ ။ "
အဖွားလုက ငယ်သံပါအောင် အော်ဟစ်တော့သည် ။
လုလင်းက အဖွားလု သူ့ကိုယ်သူ အရူးလိုလုပ်ရပ်တွေ လုပ်နေတာကို ကြည့်ရုံသာ ကြည့်ပြီး ဘာမှမပြောခဲ့ပေ။
ရွာသူကြီးက လုလင်းကို အဓိပ္ပာယ်ပါပါကြည့်ကာ -
" လင်း မင်းချန်းရှောင်မီရဲ့မိသားစုထဲ လက်ထပ်ဝင်ရောက်ခဲ့ပေမယ့် အဖွားလုက မင်းရဲ့အဖွားဖြစ်နေတုန်းပါပဲ ။ "
လုလင်းက ခေါင်းညိတ်လိုက်ကာ ပညာသားပါပါဖြင့် ပြန်ဖြေလိုက်သည် ။
"ဦးလေးကျန်း ပြောတာမှန်ပါတယ် ။ အဖွားက ကျွန်တော်သက်သေဖို့ ကြိုးစားခဲ့တာကြောင့် ကျွန်တော့်ကို ငွေတစ်ပြားသုံးပြီး ကုသပေးခဲ့တယ် ။ သူမက ကျွန်တော့ကို ချစ်မြတ်နိုးတယ်လို့ ထင်ပါတယ် ။ "
ရွာသားတွေက တစ်ယောက်ကို တစ်ယောက်ကြည့်ကာ စိတ်ပျက်စွာ အံ့ဩမင်တက်နေကြသည် ။
'ရူးနှမ်းလိုက်တဲ့လုလင်းရဲ့ ၊ ဒီအဖွားကြီးက မင်းကိုလက်ဖွဲ့ငွေနဲ့ လဲဖို့ ပိုက်ဆံသုံးပေးနေတာ ။ '
ရွာသူကြီးက ခေါင်းညိတ်ကာ -
" မင်းက စဉ်းစားတတ်တဲ့ ကလေးတစ်ယောက်ပါပဲ ။ "
ရွာသူကြီးက အဖွားလုကို သယ်သွားဖို့ လူနှစ်ယောက်ကို ခိုင်းလိုက်ပြီး လူတိုင်းကိုလည်း ဒီနေရာမှ ပြန်ခိုင်းလိုက်သည် ။
သူမအိမ်ပြန်ရောက်တဲ့အချိန်မှာ အဖိုးလုကသူမမျက်နှာကို ပြင်းပြင်းထန်ထန်ဖြတ်ရိုက်လိုက်သည် ။ သူမဘယ်လိုပဲ ခုခံကာကွယ်နေပါစေ မိသားစုထဲမှ ဘယ်သူကမှ သူမချန်းရှောင်မီဆီက ခိုးယူဖို့မကြိုးစားခဲ့တဲ့အကြောင်းကို မယုံကြည်ကြပေ ။
ရွာသားအများစုက ချန်းရှောင်မီ အရက်ရောင်းခြင်းကနေ ငွေဆယ်ပြားရခဲ့တဲ့အကြောင်းကို ကြားကြပြီး အဖွားလုလည်း ကြားသည်။ အဖွားလုက ချန်းရှောင်မီဆီက ငွေဆယ့်ငါးပြားမတောင်းမိတဲ့အတွက် အပြစ်တင်နေမိပြီး ငွေပမာဏအများကြီးကိုလိုချင်နေသည်။ ထို့ကြောင့် သူမမိသားစုဝင်တွေကိုယ်တိုင်ကပင် အဖွားလုက ချန်းရှောင်မီရဲ့ အောင်မြင်မှုတွေကိုမနာလိုကာ သူ့ဆီက ခိုးယူဖို့ကြိုးစားခဲ့တယ်လို့ အခိုင်အမာ ယုံကြည်နေကြသည်။