Episode 25
Viewers 7k

~မြင်းတစ်ကောင်ဝယ်ယူခြင်း~


ချန်းရှောင်မီ၏အိမ်တွင် ...


" အစ်ကိုကြီး ခြင်းတောင်းကို ဘာလို့သယ်ထားတာလဲ ၊ မြို့ပေါ်ထပ်သွားမှာမို့လို့လား ။ "


ချန်းရှောင်ခိုင်အမေးကို ချန်းရှောင်မီခေါင်းငြိမ့်ပြလိုက်သည် ။


ချန်းရှောင်ခိုင် သေချာကြည့်နေသည် ။ ချန်းရှောင်မီ မြို့ပေါ်သွားထားတာ လွန်ခဲ့တဲ့ ရက်နှစ်ဆယ်ကျော်ကပင်ဖြစ်ကြောင်း မှတ်မိသေးသည် ။ ပြီးတော့ အမဲလိုက်တာမျိုးလည်း မတွေ့မိဘဲ သူအမဲလိုက်လို့ရတဲ့ သားကောင်တချို့ကို ဘယ်လိုချက်ပြုတ်ရမလဲဆိုတာ လုလင်းနဲ့ ဆွေးနွေးတတ်သည်။  


ထိုအရာက ချန်းရှောင်ခိုင်ရဲ့ မျက်လုံးထဲမှာ အလွန်ဆန်းသစ်နေသည် ။ အကိုကြီးက ဘယ်လိုအခြေအနေမဆို အမြဲစနစ်တကျ စီစဉ်ထားတတ်သူဖြစ်သည် ။ လုလင်းအနားမှာ စကားပိုပြောလာတဲ့ ချန်းရှောင်မီရဲ့ ပုံစံကိုမြင်ရခြင်းက သူ့အားပိုမိုအံ့ဩစေသည် ။ သူတို့က အသားကို ဘယ်လိုချက်ရမလဲဆိုတာ အကြာကြီးဆွေးနွေးကြကာ ရယ်မောကြသည် ။ 


ချန်းရှောင်ခိုင်က ချန်းရှောင်မိုင်ကိုလည်း သတိထားမိသည် ။ လုလင်းရဲ့ ‌ပြီးပြည့်စုံတဲ့ချက်ပြုတ်မှုနဲ့ အကောင်းဆုံးဂရုစိုက်မှုတွေကြောင့် ချန်းရှောင်ခိုင်ကာ အရပ်ရှည်လာကာ ကျန်းမာရေးကောင်းလာသည်။ ချန်းရှောင်ခိုင်က သူတို့ထင်းသွားကောက်တဲ့အချိန်မှာတွေ့လိုက်ရတဲ့ချန်းရှောင်မိုင်ရဲ့ပုံစံကြောင့် အရမ်းကျေနပ်အားရမိနေသည်။ မိုင်က သူတို့အစ်ကိုကြီး စွဲစွဲမြဲမြဲကိုင်တတ်တဲ့ ပုဆိန်ငယ်ကို ပိုင်နိုင်စွာ ကိုင်နိုင်ခဲ့သည် ။ 


ချန်းရှောင်မီနဲ့လုလင်းက တောင်ပေါ်ကို နှင်းတွေမဖုံးအုပ်သွားခင် အရက်ကိုတစ်သုတ်ထက်ပိုကာာ ရောင်းချထားဖို့ ဆုံးဖြတ်လိုက်ကြသည်။  


အရည်အသွေးမြင့်မားတဲ့ အရက်ကိုဝယ်ခဲ့တဲ့ စားသောက်ဆိုင်ပိုင်ရှင်က ဆယ်အိုးကို ငွေရှစ်ပြားဖြင့် အရင်အတိုင်းတူညီတဲ့ဈေးပေးကာ ပိုပြီးဝယ်ချင်နေခဲ့သည် ။ အရက်တစ်အိုးက ဝက်ဝံတစ်ကောင်နဲ့ ညီမျှတဲ့အကြောင်း ချန်းရှောင်မီ သတိထားမိလိုက်တဲ့အခါ သက်ပြင်းရှိုက်လိုက်မိသည်။  


ချန်းရှောင်မီနဲ့ လုလင်းက အရက်ဆယ်အိုးကို စားသောက်ဆိုင်မှာ ရောင်းလိုက်ပြီး ကျန်ဆယ်အိုးကိုတော့ ယန်းဟန်ကျီး ဆီမှာ ရောင်းလိုက်သည်။ ယန်းဟန်ကျီးက သူ့အိပ်ကပ်ထဲမှ ငွေဆယ့်ခြောက်ပြားကိုထုတ်ကာ ပေးလိုက်တာကြောင့် ချန်းရှောင်မီအတွက် အလွန်အိမ်မက်ဆန်နေမိသည် ။ 


ချန်းရှောင်မီအတွက် ငွေအများကြီးကိုင်ခဲ့တဲ့‌နောက်ဆုံးအချိန်က ကျားတစ်ကောင်ကို အမဲလိုက်နိုင်ခဲ့တဲ့အချိန်ပင် ။ ထိုအချိန်တုန်းက သူဟာ သေခြင်းတရားနဲ့ ကစားနေရတာဖြစ်သည်။ စစ်မှန်တဲ့ ချမ်းသာခြင်းကိုရဖို့အတွက် အသက်ကို စွန့်စရာမလိုတဲ့အကြောင်း တွေးမိသွားသည်။ 


" ငါတို့ဈေးကို ထပ်သွားကြမလား ။ ငါအခုချိန်ထိ မြင်းတစ်ကောင်လိုချင်နေတုန်းပဲ ။ "


လုလင်း အကြံပြုလိုက်သည်။ 


လုလင်း မြင်းတစ်ကောင်လောက် လိုချင်နေတာ ကြာပြီဖြစ်သည် ။ နောက်ဆုံးသွားတဲ့အခေါက်တုန်းက ကျန်းမာသန်စွမ်းတဲ့ မြင်းကိုရှာမတွေ့ခဲ့တာကြောင့် စိတ်ဓာတ်ကျခဲ့ရသည် ။ ထိုကြောင့် အခုထပ်ပြီး ဈေးသို့သွားကာ ကံတရားကို စမ်းသပ်သင့်ပေသည် ။ ပြီးတော့ မြို့ပေါ်ကို လမ်းလျှောက်သွားရတာက တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်သလို ခံစားရတာကြောင့် မြင်းတစ်ကောင် ဝယ်နိုင်ဖို့မျှော်လင့်ကာ မြင်းစီး၍ အိမ်ပြန်ချင်သည် ။


ချန်းရှောင်မီက သူ့အတွေးကိုသိနေသလိုဖြင့် လုလင်းအား ရှုတ်ထွေးစွာကြည့်ကာ မေးလိုက်သည် ။


" မင်း ပင်ပန်းနေတုန်းလား ။ လမ်းမှာ ဘာပစ္စည်းမှ မသယ်လာပဲနဲ့ ။ "


လုလင်း ခါးသီးစွာပြုံးပြရင်း ခေါင်းညိတ်လိုက်သည် ။


ချန်းရှောင်မီ သူ့ခေါင်းကို စောင်းငဲ့လိုက်ကာ ဗလုံးဗထွေး ပြောလိုက်သည် ။


" တကယ်ကြီးလား ။ အိုးတွေကို မင်းရဲ့စတိုးထဲမှာ သိုလှောင်းထားပြီး ငါတို့ ဘာမှမသယ်ရတာကြောင့် ဒီခရီးက အဆင်ပြေချောမွေ့တယ်လို့ ထင်နေတာ ။ တစ်သက်လုံး လမ်း‌ဆက်လျှောက်နိုင်သလိုတောင် ခံစားနေရတယ် ။" 


လုလင်း ချန်းရှောင်မီကို ကြည့်ပြီး မျက်လုံးလှိမ့်လိုက်မိသည်။  


' ကောင်းတယ် ၊ကောင်းတယ်၊‌ ကောင်းတယ် ။ မင်းက အ‌ကောင်းဆုံးပါပဲ မစ္စတာ အိုလံပစ်ရယ် ။ '


တစ်ချိန်တည်းမှာပဲ လုလင်းက ပင်ပန်းမှုဒဏ်တွေကို ပိုခံနိုင်ရည်ရှိဖို့သာ ဆုတောင်းမိသည် ။


" ဒါပေမယ့်လည်း ဟုတ်ပါတယ်လေ။ သွားကြရအောင် ၊ မြင်းတစ်ကောင် သွားဝယ်ကြမယ် ။ "


ချန်းရှောင်မီမျက်ဝန်းများက တောက်ပနေသည် ။


လုလင်း ချန်းရှောင်မီကို သေချာကြည့်လိုက်ကာ မယုံကြည်နိုင်သလိုဖြင့် -


" ဘယ်လိုဖြစ်ပြီး မင်းစိတ်က ပြောင်းလဲသွားရတာလဲ ။ "


" ငါတို့ အိမ်ကနေ မြို့ပေါ်ကို ပုံမှန်သွားလာနေဖို့ လိုအပ်တယ်လေ ။ မင်းရဲ့ဆိုင်လေးထဲက အရာအားလုံးက လတ်ဆတ်နေဖို့ လိုအပ်တယ် ။ ငါတို့သိုလှောင်ထားတဲ့ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက် တွေနဲ့ အသားတွေကို ဆောင်းရာသီမှာ မြို့ပေါ်က ဆိုင်မှာ ရောင်းချကြမယ် ။ ဆောင်းတွင်းမှာ လတ်ဆတ်တဲ့အစားအစာတွေအတွက် ငါတို့ ဈေးကောင်းရနိုင်တယ် ။ "


ချန်းရှောင်းမီက ပြုံး၍ပြန်ဖြေလိုက်သည်။


သူတို့နှစ်ယောက်က စိတ်ဓာတ်တက်ကြွစွာ ဈေးကိုသွားကြသည် ။ သူတို့အတွက် ကျန်းမာသန်စွမ်းတဲ့ မြင်း‌ကိုရှာတွေဖို့ အချိန်သိပ်မကြာခဲ့ပေ ။ ပိုကောင်းတာက တောင့်တင်းခိုင်မာတဲ့ လှည်းပါ ထည့်ပေးသည်။ မြင်းရော လှည်းကပါ အလွန်အခြေအနေကောင်းမွန်လှသည် ။ ချန်းရှောင်မီက ပိုင်ရှင်နဲ့ စာချုပ်ချုပ်ရန် ပြောဆိုသောအခါ ပိုင်ရှင်ကလည်း လောင်းကစားကြွေးပေးဖို့အတွက် အလျင်စလို ရောင်းနေကြောင်းသိလိုက်ရသည် ။


ချန်းရှောင်မီက ပိုင်ရှင်ကို ဈေးပိုစစ်လိုက်ပြီး ကံကောင်းစွာဖြင့် ပိုင်ရှင်ကလည်း ငွေလိုနေတာကြောင့် သူတို့က မြင်းရောလှည်းပါ နှစ်မျိုးလုံးကို ငွေခုနှစ်ပြားနဲ့ ဈေးဖြတ်လိုက်ကြသည်။ မြင်းအတွက်ကို ငွေခြောက်ပြားနဲ့ လှည်းအတွက်ကို ငွေတစ်ပြားယူသည် ။


လူငယ်စုံတွဲက အလွန်မြန်ဆန်စွာပင်ငွေပေးချေလိုက်သည် ။


" ငါတို့မြို့ပေါ်ရောက်တုန်း အခြားဘာဝယ်ဖို့ရှိသေးလဲ။ "


ချန်းရှောင်မီမေးလိုက်သည် ။


လုလင်း ခဏမျှစဉ်းစားပြီးနော် အရိုးစွပ်ပြုတ်လုပ်ဖို့အတွက် အရိုးတချို့ဝယ်ရန် အကြံပေးလိုက်သည်။  


ခေတ်သစ်မှာဆို လူတွေက စွပ်ပြုတ်လုပ်ဖို့ အရိုးအတွက် ဈေးကြီးကြီးပေးဝယ်ရမှာ ဖြစ်သည်။ ထို့ကြောင့် လုလင်းက ဒီအချိန်ကာလက လူတွေဟာ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့အရိုးကိုစွပ်ပြုတ်လုပ်သောက်ဖို့ မတွေးတတ်တာကြောင့် အရိုးတစ်ကီလိုကို ဆယ်ဆင့်လောက်ပဲ ပေးရသည်ကို သိလိုက်တဲ့အခါ အံ့ဩမိသွားသည်။  


ချန်းရှောင်မီက လုလင်းသူတို့အတွက် တစ်ခါချက်ဖူးတဲ့ အရိုးစွပ်ပြုတ်ကို တွေးလိုက်မိတာကြောင့် နှုတ်ခမ်းသပ်မိသွားသည်။  


" ကောင်းသားပဲ ။ "


ချန်းရှောင်မီက လုလင်းကို သားသတ်သမားဆီ ခေါ်သွားပေးလိုက်ပြီး သားသတ်သမားက တစ်လလုံး စုဆောင်းထားတဲ့ အရိုးတွေအားလုံးကို သုံးဆယ်ဆင့်နဲ့သာရောင်းလိုက်သည်။ 


ချန်းရှောင်မီက ပစ္စည်းအားလုံးကို လှည်းပေါ်တင်လိုက်ပြီး လုလင်းကိုထိုင်ခိုင်းလိုက်ကာ မြင်းကိုညင်သာစွာနှင်လိုက်သည် ။ ချန်းရှောင်မီက စိတ်အားထက်သန်မှုတွေ အလွန်ပြင်းပြတောက်လောင်နေကာ အိမ်ပြန်ပြီး သူ့ညီငယ်နှစ်ယောက်ကို ပစ္စည်းတွေပြဖို့ မစောင့်နိုင်တော့ပေ။ 


လုလင်းလည်း အပြုံးကြီးပြုံးကာ မြင်းပေါ်လှဲ၍လိုက်ပါသွားသည် ။ သူက ယနေ့ရရှိလာတဲ့ ပြီးမြောက်အောင်မြင်မှု တွေအပေါ် အပြည့်အဝကျေနပ်အားရနေမိသည် ။ ပြီးတော့ ဒီမြင်းလှည်းလေးကြောင့် သူတို့ရဲ့ လူနေမှုဘဝက မြင့်မားလာနိုင်သည် ။