~လုပ်ဆောင်ချက်အသစ်~
ချန်းရှောင်မီ မြင်းနဲ့လှည်းကို ဝယ်လိုက်တဲ့ ကိစ္စက ကျောက်ကြီးရွာကို ပွက်လောရိုက်သွားစေသည် ။
ချန်းရှောင်ခိုင် စိတ်လှုပ်ရှားမှုကြောင့် မြင်းလှည်းနားမှာ လှည့်ပတ်လျှောက်နေမိသည် ။
" အစ်ကိုကြီး ၊ တကယ်ပဲဒါက ငါတို့ဟာဖြစ်သွားပြီလား ။ "
ချန်းရှောင်မီ ခိုင့်ရဲ့တင်ပါးကိုပုတ်လိုက်ကာ ဂုဏ်ယူစွာပြောလိုက်သည် ။
" အမှန်ပဲ ခိုင် ၊ မြင်းကိုကြည့်စမ်း ခြေထောက်ကြီး အရှည်ကြီးပဲတွေ့လား ။ "
ချန်းရှောင်ခိုင်ပီတိဖြစ်စွာ ပြုံးလိုက်သည် ။ ရွာသားတွေထဲက လက်တစ်ဆုပ်စာလောက်သာ တန်ဖိုးကြီးတဲ့ တိရစ္ဆာန်တွေကို ပိုင်ဆိုင်နိုင်တာ ဖြစ်သည် ။ မြင်းလှည်းတစ်စီးရှိခြင်းက ရွာမှာ ခမ်းနားထည်ဝါတဲ့ လက္ခဏာပင်ဖြစ်သည် ။
ချန်းရှောင်ခိုင် မြင်းကိုပွတ်သပ်လိုက်ကာ ပြောသည် ။
" ဒီမြင်းက အရမ်းကောင်းတာပဲ ။ "
ကလေးအားလုံးက မြို့ပေါ်သွားတာကို နှစ်သက်ကြသည် ။ သူတို့ရဲ့မိဘတွေကို အရုပ်နဲ့မုန့် ဝယ်ပေးရန် ပူဆာချင်လို့ပင် ။ တကယ်လို့ သူတို့ဘာမှရမလာရင်တောင် စိတ်ဝင်စားစရာ အတွေ့အကြုံတွေကို သူတို့သူငယ်ချင်းတွေအား ကြွားလုံးထုတ်နိုင်သည်။
ချန်းရှောင်မီ ခိုင်အား ဘယ်တုန်းကမှ မြို့ပေါ်မခေါ်သွားဖူးခဲ့ပါ ။ အချိန်အကြာကြီး လမ်းလျှောက်ဖို့အတွက် ခိုင် က ငယ်လွန်းသေးတာကြောင့်ပင် ။ သူ့အဖေ မဆုံးခင်ကတော့ သူနဲ့အတူ ခိုင် အား မြို့ပေါ်ခေါ်သွားဖူးတာကို ဝေဝါးစွာမှတ်မိသေးသည် ။ သို့သော် နှစ်တွေကြာခဲ့ပြီဖြစ်သည် ။
တခြားရွာသားတွေဆီက နွားလှည်းငှားဖို့ သူ့အစ်ကိုအတွက် မလွယ်ကူတာကို ခိုင် သိသည် ။ ဒါကြောင့် ရှုခင်းတွေကို ကြည့်ပြီး မြို့ပေါ်ကို လည်ပတ်ချင်တဲ့ စိတ်ကူးတွေအား သူ့အစ်ကိုကို ဘယ်တော့မှ မပြခဲ့ပါ ။ ချန်းရှောင်ခိုင် မြင်းကိုပွတ်သပ်ကာ သူ့အစ်ကိုကြီးနဲ့အတူ မြို့ပေါ်သွားတဲ့ပုံရိပ်ကို ပုံဖော်ကြည့်ရုံမှတစ်ပါး မတတ်နိုင်ခဲ့ပေ ။
ခဏ ကြာပြီးနောက် ချန်းရှောင်ခိုင် လှည်းပေါ်က အိပ်ရာအသစ်ကို သတိထားမိသွားသည် ။
" အစ်ကိုကြီး လှည်းပေါ်မှာ အိပ်ရာရှိတယ်! "
" နေမကောင်းမဖြစ်အောင် လုလင်းအတွက် လုပ်ပေးထားတာ ။ "
ချန်းရှောင်မီက သူတို့တစ်မိသားစုလုံးအပေါ် အရမ်းဂရုစိုက်ပေးတဲ့လုလင်းအပေါ်အပြည့်အဝကောင်း ပေးသည် ။ချန်းရှောင်မီက လုလင်းရဲ့ကောင်းကွက်တွေကို ပြောရတာနှစ်သက်ပြီး သူတို့တွေ လုလင်းအပေါ် ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံဖို့ သတိပေးလေ့ရှိကာ အခုလည်း လုလင်း သက်သောင့်သက်သာဖြစ်ဖို့ အကောင်းဆုံး ကြိုးစားပေးထားသည် ။
ချန်းရှောင်မီနဲ့ကလေးတွေက ခန်ဆောက်လုပ်ပြီးသွားတဲ့အခါ အေးတာနဲ့ ပတ်သတ်ပြီး မညည်းညူတော့ပေမယ့် လုလင်းကတော့ အသည်းခိုက်မတတ် လေအေးတွေကြောင့် သူ့အား ညည်းညူပြနေဆဲပင် ။
လုလင်းက ချန်းရှောင်မီအား သူတို့ဆီမှာရှိတဲ့ အဲကွန်း(air conditioner) အကြောင်း ပြောပြသည် ။ ထို အဲကွန်းက နွေရာသီမှာ အခန်းတွင်းကို အေးမြစေနိုင်ပြီး ဆောင်းတွင်းမှာလဲ
နွေးထွေးမှုကို ပေးနိုင်သည်တဲ့ ။ ချန်းရှောင်မီက ထိုအကြောင်းကို မယုံမကြည်ဖြစ်နေပေမယ့် လုလင်းအပေါ်ထားတဲ့ စစ်မှန်တဲ့ယုံကြည်မှုနဲ့တော့ မသက်ဆိုင်ပါ ။
ချန်းရှောင်ခိုင်က ဒီအခင်းက သူတို့ညီလေး ချန်းရှောင်မိုင်အတွက်လို့ ထင်လိုက်ပေမယ့် ချန်းရှောင်မီက လုလင်းအတွက်လို့ ပြောတာကို ကြားလိုက်ရတာကြောင့် နှုတ်ခမ်းစူမိသွားသည် ။ မီးဖိုချောင်ထဲ အလုပ်ရှုပ်နေတဲ့ လုလင်းကို စိုက်ကြည့်တာကလွဲပြီး ဘာမှမလုပ်နိုင်ပေ ။
' သူဒီလောက် ကျန်းမာနေတာကို စောင်မလိုပါဘူး ။'
ရွာသားတွေက ချန်းရှောင်မီ မြင်းလှည်းတစ်စီး ဝယ်လိုက်တာကို ကြားလိုက်ရတဲ့အခါ မြန်ဆန်စွာ တွက်ချက်လိုက်ကြပြီး ချန်းရှောင်မီရဲ့ ချမ်းသာမှုအပေါ် အံ့ဩနေကြသည် ။ သူက လုလင်းကို လက်ထပ်ဖို့အတွက် ငွေဆယ်ပြားသုံးလိုက်တဲ့အပြင် အခုလည်း မြင်းလှည်းအတွက် ငွေဆယ်ပြားလောက် ထပ်သုံးနိုင်သည် ။
လူတွေက ထိုအကြောင်းနဲ့ပတ်သတ်ပြီး ပိုပြောလာကြကာ အဖွားလုက သူတို့ဆီက ငွေခိုးတာဖြစ်နိုင်သည်လို့ ယုံကြည်လာကြသည် ။ အဖွားလုက လောဘကြီးတဲ့အကြောင်းလည်း သူတို့သိတဲ့အပြင် ချန်းရှောင်ခိုင်ကပါ ထိုအကြောင်းကို ထောက်ခံထားသည် ။
' ကလေးနဲ့အရူး က အမှန်တရားပဲ ပြောတယ် ။ '
မကြာခင်မှာပဲ ချန်းရှောင်ခိုင် မြို့ထဲမှာ အရက်ရောင်းတဲ့အကြောင်း သတင်းထွက်လာခဲ့သည် ။ ထိုအရာက သူတို့ဘာကြောင့် ချမ်းသာလာလည်း ဆိုတာပင် ။
ရွာသားအများစုက ချန်းရှောင်ခိုင်ရဲ့ မိသားစုထဲ သူတို့သားတွေကို လက်ထပ်မဝင်ရောက်ခိုင်းခဲ့တဲ့အတွက် နောင်တရလာကြသည် ။
' ချန်းရှောင်မီနဲ့သာ ငါတို့သားတွေ လက်ထပ်ဝင်လိုက်ရင် ငါတို့တစ်မိသားစုလုံးဘဝကို လွယ်ကူပြီး သက်သောင့်သက်သာ ဖြတ်သန်းရနိုင်တယ် ။ '
အဖွားလုက ချန်းရှောင်မီ မြင်းလှည်းဝယ်လိုက်တဲ့အကြောင်း ကြားလိုက်ရတဲ့အခါ အလွန်ဒေါသထွက်လာတော့သည် ။ လုလင်းက သူမအား ခိုးတယ်လို့ စွပ်စွဲလိုက်တဲ့အချိန်မှာ သူမ မိသားစုဝင်တွေက သူမအားမယုံကြပေ ။ သူ့မြေး လုချောင်ယုလည်း ထိုကိစ္စနဲ့ပတ်သတ်ပြီး ကျောင်းနားလိုက်ရတာကြောင့် သူမရဲ့ ခံပြင်းမှုတွေကို မြိုသိပ်ထားရပြီး မနာမကျန်း ဖြစ်လာတော့သည် ။ သူမက မထနိုင်အောင် မနာမကျန်း ဖြစ်နေပေမယ့် မိသားစုဝင်တွေက သူတို့ပြန်ဂရုစိုက်အောင် ဟန်ဆောင်နေတယ်လို့သာ သတ်မှတ်ကြသည် ။
" အမေ ချန်းရှောင်မီက အရမ်းချမ်းသာပြီ ။ "
လုထောင် အံ့ဩမိသည် ။ ဆောင်းရာသီ ကောက်ရိတ်သိမ်းပွဲ မှာ လုလင်းကို အိမ်ပြန်ပြီး လာကူညီခိုင်းတဲ့အချိန်မှာ ကျရှုံးခဲ့တဲ့အတွက် သူမ ထိုနှစ်ယောက်ကို မုန်းတီးနေဆဲပင်။
ထောင် မျက်မှောင်ကြုတ်မိသည် ။
" အယုတ်တမာကောင် ၊ သူတို့အားလုံးက လူယုတ်မာတွေ ။ ဒီကောင် လုလင်း ၊ ချန်းရှောင်မီဆီ လက်ထပ်ဝင်ပြီးတည်းက ငါတို့အားလုံးကို လျစ်လျူရှူထားတာ လုံးဝသည်းမခံနိုင်စရာပဲ ။ သူ့အဖွားက သူတို့ဆီက ပစ္စည်းခိုးတယ်လို့ ထင်နေရင်တောင် အဲ့ဒီအကြောင်းကို မထုတ်ပြောသင့်ဘူး ။ သူ့ကြောင့် သူ့ညီရဲ့ဂုဏ်သတင်းပါ ပျက်ရပြီ ။ အခုတော့ ငါ့မှာ ဒီအိမ်မှာနေဖို့တောင် ရှက်လာတယ် ။ "
" ဒါပေမယ့် အမေ ။ အဖွားက လုလင်းတို့ဆီက ငွေတွေခိုးဖို့ ကြိုးစားတာ တကယ်လို့ထင်လား ။"
" အဲ့ဒီအကြောင်းကို လုလင်းလိမ်တယ်လို့တော့ မထင်ဘူး ။ ဒါပေမယ့် ဒါက ခိုးတာလေးပဲမဟုတ်လား ငါတို့အားလုံးက မိသားစုတွေပဲလေ ။ လုလင်းကတော့ ချန်းရှောင်မီဆီ လက်ထပ်ဝင်သွားတာ ။"
ထောင်က မျက်နှာပြောင်တိုက်ကာ ပြောသည် ။
( ထောင်က အမေ ၊ ထုန်က သမီးပါ ။ စာလုံးတွေရောနေတာ o,a လောက်ပဲ ကွာတော့ ကြောင်တောင်ကန်း ဖြစ်နေလို့ sorry ပါ ။ )
လုထုန်က မျက်လုံးမှေးကာ ကြည့်လိုက်ပေမယ့် ဘာမှတော့ ထုတ်မပြောခဲ့ပေ။ သူမက လုလင်းသတ်သေဖို့ ကြိုးစားပြီးထဲက တခြားလူတစ်ယောက်လို ဖြစ်သွားတယ်လို့ ခံစားနေရသည် ။
လုလင်းက သူတို့ခန်ဆောက်ပြီးကတည်းက တံခါးချပ်ကို နှုတ်ဆက်လိုက်ကာ ချန်းညီအစ်ကိုတွေနဲ့ ခန်ကို မျှဝေသုံးစွဲသည် ။ ချန်းရှောင်ခိုင်က လုလင်းဟာ မှောင်လာတာနဲ့ ချန်းရှောင်မီကို ပွေ့ဖက်ဖို့ကြိုးစားတတ်တာကို သတိထားမိပြီး ချန်းရှောင်မီကလည်း အမြဲရှက်ရွံ့နေတတ်သည် ။
ချန်းရှောင်ခိုင်က ကောင်လေးတစ်ယောက်ပေမယ့် လက်ထပ်ပြီးသား စုံတွဲတွေရဲ့လျို့ဝှက်ချက်ကို သိသည် ။ သူက သူနဲ့မိုင်တို့ အခြားနေရာမှာ အိပ်သင့်သည်ဟုခံစားရသည် ။
လုလင်းက သာယာတဲ့မနက်ခင်းမှာ နိုးထလာပြီး သူချန်းရှောင်မီကို ဖက်ထားတာကြောင့် ရှက်ရွံ့သလို ခံစားရသည် ။ ချန်းရှောင်မီလည်း အလွန်ရှက်ရွံ့နေပေမယ့် ခန်ပေါ်မှာကျန်ခဲ့ကာ ဘာမှမဖြစ်သလို ဟန်ဆောင်လိုက်သည် ။
လုလင်းလည်း အခြားတစ်ဖက်မှာ အတွေးများနေသည် ။
' ဒီခေတ်ကာလက သောက်ရမ်း ပျင်းဖို့ကောင်းတယ် ။ အရွယ်ရောက်ပြီးသားတွေရဲ့ လုပ်ဆောင်ချက်တချို့ကလွဲပြီး ဘာဖျော်ဖြေမှုမှမရှိဘူး ။ မကြာခင် ကလေးနှစ်ယောက်အတွက် အခန်းဆောက်ပေးဖို့လိုလာပြီ ။ ပြီးတာနဲ့ သူ့လူပျိုဘဝကို အဆုံးသတ်တော့မယ် ။ '
လုလင်း သူတို့အတွက် မနက်စာပြင်ပေးပြီးတာနဲ့ ချန်းရှောင်မီကို ဘေးနားဆွဲခေါ်လိုက်ကာ -
" ရှောင်မီ ၊ ကိုယ်တို့ အခန်းပိုဆောက်ကြမလား ။ မင်းဘယ်လိုထင်လဲ ။ "
ချန်းရှောင်မီ တစ်ခုခုပြောဖို့လုပ်တဲ့အချိန် လုလင်းက ဆက်ပြောလိုက်သည် ။
" ရှောင်ခိုင်က အရွယ်ရောက်လာပြီး တစ်နေ့လက်ထပ်မှာပဲ။ သူ့အတွက်အရမ်းကောင်းပြီး လှတဲ့အခန်းတစ်ခန်းလောက်ဆောက်ပေးထားမယ်ဆိုရင် အနာဂတ်မှာ သူသဘောကျမဲ့ ကောင်မလေးကို အထင်ကြီးစေလိမ့်မယ် ။ "
ချန်းရှောင်မီ ထိုအကြောင်းအရာနဲ့ပတ်သတ်ပြီး မစဉ်းစားဘူးပေ ။
" ကိုယ်တို့ မြင်းအတွက် မြင်းခြံတစ်ခုနဲ့ ကြက်ခြံကိုလည်း ဆောက်ရမှာကြောင့် ငွေတော်တော်ကုန်ကျရဦးမှာ ။ ဆောင်းရာသီမှာ သူတို့အေးခဲပြီး မသေစေချင်ဘူးမလား ။ "
ချန်းရှောင်မီက အနည်းငယ်တုံ့ဆိုင်းသွားပေမယ့် ....
" ငါ မင်းပြောတာကို သဘောတူပါတယ် ။ ဒါပေမယ့် ခုငါတို့ပြောတဲ့ကိစ္စက ဈေးမပေါဘူးနော် ။ အနည်းဆုံး ငွေရှစ်ပြားလောက်ပဲ ။ "
" မင်း ပိုက်ဆံအတွက် စိတ်ပူနေတာဆိုရင် ငါတို့အရက်ကို ပိုပြီးရောင်းလိုက်လို့ရတာပဲ ။ ဆိုင်ပိုင်ရှင်က ငါတို့ဆီကနေ အရက်ကိုပိုဝယ်ချင်တဲ့အကြောင်း ပြောနေတာ ။ ပြီးတော့ လူချမ်းသာတွေကြားမှာ ငါတို့အရက်က လူကြိုက်များနေတာပဲ ။ "
ချန်းရှောင်မီ ခေါင်းခါလိုက်ကာ -
" အဲ့ဒီက ပိုက်ဆံတွေ မလိုပါဘူး ။ "
ချန်းရှောင်မီ၏ လက်ထဲတွင် စုစုပေါင်း ငွေနှစ်ဆယ်ရှိသည် ။ သူ မြင်းခြံတွေ ကြက်ခြံတွေ နဲ့ အခန်းကို တစ်ခန်းထက်ပိုပြီးတောင် ဆောက်ပေးနိုင်သည် ။ သို့ပေမယ့် ဒီငွေတွေကို သူနှမြောနေမိသည် ။
လုလင်းပြုံးရယ်လိုက်ကာ -
" ကောင်းတာပေါ့ ၊ ဒါဆို အခုပဲ စကြရအောင် ။ ကိုယ်တို့သာ အရက်နောက်တစ်သုတ်ကို အချိန်တိုလေးအတွင်းမှာ ထပ်ရောင်းရင် ကိုယ်တို့ဘယ်လိုအရက်ချက်လဲ ဆိုတာနဲ့ ပတ်သတ်ပြီး လူတွေစတင်တွေးလာကြလိမ့်မယ် ။ "
ချန်းရှောင်မီ ခေါင်းညိတ်ကာပြောလိုက်သည် ။
" မင်းပြောတာကိုလက်ခံတယ် ။ ငွေက အခုချိန်မှာငါတို့အတွက် လိုအပ်ချက် အနည်းဆုံးဆိုပေမယ့် အခြားအလုပ်သမားတွေကို ငှားနိုင်မယ်လို့တော့ မထင်ပါဘူး ။ "
ချန်းရှောင်မီက အားလုံးကို သူ့ဘာသာဆောက်လုပ်နိုင်တယ်လို့ ယုံကြည်ချက်ရှိပေမယ့် အခန်းတစ်ခု ကောင်းကောင်းဆောက်လုပ်နိုင်ဖို့တော့ မလွယ်ကူပေ ။ လှပချင်ရင် ပညာရှင်တချို့ကို ငှားရမ်းရမည် ။
ချန်းရှောင်မီက အလုပ်အတွက်ဈေးမြင့်မြင့်ပေးရင်တောင် လူတွေက သူ့ရဲ့ဂုဏ်သတင်းကြောင့် သူ့ဆီမှာ အလုပ်မလုပ်ချင်ကြမှာကိုသာ စိုးရိမ်မိသည် ။
လုလင်းက ဘာမှစိတ်ထဲမထားတဲ့ပုံနှင့် -
" ပိုက်ဆံက စကားပြောလာပါလိမ့်မယ် ။ ဈေးကောင်းပေးမယ့် ငါတို့အတွက် အလုပ်လုပ်ပေးမယ့်သူတွေ ရှိမှာပါ။ တကယ်လို့ ငါတို့ရွာသားတွေ ငါတို့အတွက်မလုပ်ပေးရင် အခြားရွာက အလုပ်သမားကို ငှားမှာပေါ့ ။ "
သူတို့အလုပ်ရှင်နဲ့ ပတ်သတ်ပြီး အလုပ်သမားတွေ မကျေမနပ်ဖြစ်တတ်တဲ့ ခေတ်သစ်အကြောင်းကို မစဉ်းစားဘဲမနေနိုင်တော့ပေ ။ သူတို့က ယွမ်အများကြီးပေးတာကိုတောင် အလုပ်လုပ်ဖို့ အင်တင်တင်ဖြစ်နေသေးသည် ။
ချန်းရှောင်မီ လုလင်းပြောတာကိုကြားပြီးနောက် ထောက်ခံလိုက်သည် ။
" အဲ့ဒီအကြံမဆိုးဘူး ။ ငါတို့တခြားနေရာက အလုပ်သမားခေါ်လို့ရတာပဲ ။ "
" ဟုတ်တယ်။ အဲ့ဒါထက် ငါတို့ရွာသူကြီးကိုတော့ ပြောရလိမ့်မယ် ။ ပြီးရင် ငါတို့အတွက် အလုပ်ခေါ်တဲ့သတင်းကို ဖြန့်ခိုင်းရမယ် ။ "
လုလင်းပြောတာကို ချန်းရှောင်မီမှ -
" အဲ့ဒါ မကောင်းလောက်ဘူးနော် ။ အရင်ရက်တွေက မင်းနဲ့သူ ကသိကအောက် ဖြစ်ထားခဲ့တာ မှတ်မိသေးတယ်မလား ။ "
" ဟဟ ၊ ဒါက တခြားရွာသားတွေကို ငှားလိုက်ရင် လူတွေပြောကြမှာဆိုးလို့ လုပ်လိုက်ရုံပါ ။ "
လုလင်းက ကလိမ်ကကျစ် ပြုံးကာပြောလိုက်သည် ။
" မင်းက အဓိကအချက်ကို သိနေတာပဲ ။ "
ချန်းရှောင်မီ အထင်ကြီးမိသွားသည် ။
" အခန်းသစ်ဆောက်ဖို့ တကယ်လုပ်တော့မလို့လား ။ ကျွန်တော်တို့မှာ ငွေရှိလို့လား ။ "
ချန်းရှောင်ခိုင် အံ့ဩစွာ မေးလိုက်သည် ။
" ငါတို့ ရှောင်ခိုင်က ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး စိတ်ပူမနေပါနဲ့။ "
ချန်းရှောင်ခိုင် ပင့်သက်ရှိုက်မိသည် ။
'ဘယ်အချိန်တည်းက ငါတို့ ချမ်းသာနေတာလဲ ။ '
လုလင်း ရွာသူကြီးကျန်းချန်ဆီ သွားလည်လိုက်သည် ။ သူတို့ကို ကူညီလုပ်ကိုင်ပေးဖို့ အလုပ်သမားရှာဖွေမယ့် သတင်းဖြန့်ပေးမယ်ဆိုရင် ကျေးဇူးအရမ်းတင်မိမှာပါလို့ ပြောလိုက်သည် ။
ရွာသူကြီးက ရွာသားတွေအလုပ်များနေမှာသေချာတာတယ်လို့ ပြောကာ လှည့်ထွက်သွားသည် ။
" အဖေ လုလင်း ဘယ်လိုလုပ်ဒီရောက်နေတာလဲ ။ "
ကျန်းကျင်းက မေးလိုက်သည် ။
" သူတို့ အခန်းတစ်ခန်းဆောက်ဖို့အတွက် အလုပ်သမားလိုချင်လို့တဲ့လေ ။ "
" ဒါဆို ဘာလို့ သူ့ကိုလိမ်ပြောလိုက်တာလဲ ။ "
" မင်း ချန်းရှောင်မီနဲ့ အရင်က မဆုံဖူးလို့လား ။ သူက စိတ်ရူးပေါက်လာတာနဲ့ လူတွေကို စပြီးတိုက်ခိုက်တော့တာပဲ ။ "
ကျန်းချန်က သူ့သားက မေးလာတာကြောင့် အံ့အားသင့်မိသည် ။ကျန်းချန်က ထိုမိသားစုကိုအမြင်မကြည်ပေ ။ အထူးသဖြင့် ချန်းရှောင်မီအပေါ်၌ ဖြစ်သည် ။ သူက သူ့ရွာသားတွေအတွက် ဒုက္ခဖြစ်လာမယ့် ကိစ္စတစ်ခုလို့ ယုံကြည်နေသည် ။ ထို့ကြောင့် လုလင်းအကြောင်းကို စဉ်းတောင်မစဉ်းစားပဲ ငြင်းလိုက်တာဖြစ်သည်။
ကျန်းကျင်းက ချန်းရှောင်မီကို ကာကွယ်လိုက်သည်။
" ဒါ ချန်းရှောင်မီရဲ့ အမှားမှမဟုတ်တာ ။ အဖွားချန်းက ချန်းရှောင်မီအဖေ အမဲလိုက်တဲ့နေရာမှာ အန္တရာယ်ကျတဲ့အထိ ဖိနှိပ်ထားတာလေ ။ ချန်းရှောင်မီက သူ့ညီငယ်တွေကို ကာကွယ်ဖို့အတွက် ကြမ်းကြမ်းတမ်းတမ်း ပြုမူနေရုံပါပဲ ။ "
ကျန်းကျင်းက ပြောလိုက်သည် ။
" မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ ။ အဆုံးမှာတော့ ချန်းရှောင်မီက သားသမီးဝတ္တရားမကျေပြွန်တာပဲလေ ။ ရွာကလူတိုင်းသာ ချန်းရှောင်မီလိုဆိုရင် ငါတို့ရွာရဲ့ပုံရိပ် ကျဆင်းသွားလိမ့်မယ် ။ "
ကျန်းကျင်း မျက်မှောင်ကြုတ်လိုက်ပေမယ့် ထိုအကြောင်းကိုနောက်ထပ် ထပ်မပြောတော့ပေ။
" ဒါပေမယ့်အဖေ ၊ မြင်းကတော့ အပြစ်မရှိပါဘူး ။ ဆောင်းတွင်းမှာ မြင်းက အေးခဲပြီးသေသွားမှာ မမြင်ချင်လောက်ဘူးမလား ။ "
" သူတို့အတွက် ပြောပေးရင်တောင် ရွာသားတွေက လုပ်ချင်ကြမှာမဟုတ်ပါဘူး ။ "
ကျန်းချန်က အလွန်အာမခံနိုင်စွာဖြင့် ပြောသည် ။
ကျန်းကျင်းက တိတ်တဆိတ်သာ သက်ပြင်းချလိုက်မိသည် ။