~အခြားရွာမှ အကူအညီရှာဖွေခြင်း~
" ရွာသူကြီးက ငါတို့ကို မကူညီပေးဘူးမလား ။ "
ချန်းရှောင်မီ လုလင်းအားမေးလိုက်သည် ။
" ဟုတ်တယ် ။ ဒါပေမယ့် ဒါက သွားတယ်လို့အယောင်ပြယုံသက်သက်ပဲလေ။ တခြားရွာမှာ သွားရှာကြစို့ ။ အုတ်ခဲတွေလည်း ဝယ်ရဦးမှာ ။ အခန်းသစ်ဆောက်နေတဲ့အချိန် ကြမ်းခင်းတချို့ပါ တစ်ခါတည်းပြင်လိုက်ရတာ သိပ်မသိသာပါဘူး ။ "
ချန်းရှောင်မီ စိုက်ကြည့်လာကာ -
" ဘာလို့ ပြင်မှာလဲ ?"
လုလင်းပြုံးပြလိုက်ကာ -
" ကိုယ်တို့က ဘာပဲဖြစ်ဖြစ် အခန်းသစ်တစ်ခန်းဆောက်ရမှာပဲလေ ။ အဲ့တော့ ကိုယ်တို့ရဲ့အခန်းဟောင်းကိုလည်း သက်သောင့်သက်သာဖြစ်ပြီး ပိုကောင်းအောင်ဘာလို့မလုပ်ရမှာလဲ ။ "
' ဘယ်လိုတောင် ဇီဇာကြောင်တဲ့ လူချမ်းသာလဲ ။ '
ချန်းရှောင်မီ စိတ်ထဲကနေ မျက်လုံးလှိမ့်လိုက်မိပေမယ့် လုလင်းအကြံကို မငြင်းဆိုခဲ့ချေ ။
မကြာခင်မှာပဲ ရွာသားတွေက လုလင်းဟာ အခန်းသစ်ဆောက်ဖို့နဲ့ပတ်သတ်ပြီး ရွာသူကြီးဆီကို လာကြောင်း သတင်းရသွားသည်။ သူတို့အားလုံး ပါးစပ်အဟောင်းသားဖြစ်နေကြရသည် ။ ချန်းရှောင်မီ ဘယ်လောက်တောင်ချမ်းသာနေရတာလဲနဲ့ ပတ်သတ်ပြီး မယုံနိုင်ဖြစ်ကြရသည်။
သူက မြင်းလှည်းတစ်ကောင်ဝယ်ပြီးတာတောင်မှ အခန်းသစ်ဆောက်ဖို့တတ်နိုင်သေးတယ်တဲ့ ။ တချို့ရွာသားတွေကတော့ စပျစ်ချဉ်သီး(အထင်မြင်သေးကာ အရေးမစိုက်ကြပေ )သဖွယ် အေးဆေးပင်။
" ငါတို့ တစ်ရွာလုံး သူ့ကို ကူညီပေးမယ့်သူတစ်ယောက်မှမရှိဘူးလေ ။ လူမုန်းများတာထက် ဆင်းရဲတာကပိုကောင်းပါတယ် ။ "
လုလင်းနဲ့ ချန်းရှောင်မီက နောက်တစ်နေ့တွင် မြို့ပေါ်သို့ ထပ်သွားကြသည် ။ သူတို့က အလုပ်သမားဈေးကိုဦးစွာ တိုက်ရိုက်သွားလိုက်ပြီး ကျန်းမာသန်စွမ်းတဲ့ ကျပန်းအလုပ်သမားတွေကို ရှာဖွေကြသည် ။
အိမ်ဆောက်ရာမှာအတွေ့အကြုံရှိတဲ့ လူငါးယောက်တစ်စုကို ရွေးချယ်လိုက်သည် ။ အဖွဲ့ခေါင်းဆောင် နံမည် လွီကွေ့ရုံ ဖြစ်သည်။ သူ ကအသက်သုံးဆယ်ဝန်းကျင်ဖြစ်ပြီး သားနှစ်ယောက်နဲ့ ငယ်ရွယ်တဲ့အလုပ်သင်နှစ်ယောက်ရှိကာ အဖွဲ့ကောင်းတစ်ဖွဲ့ပင် ။ လွီကွေ့ရုံနဲ့ သူ့အဖွဲ့ က သူတို့ရဲ့လယ်အလုပ်ပါးတဲ့အချိန်မှာ အမြဲအလုပ်ကိုရှာဖွေလေ့ရှိသည် ။သူတို့က ရက်အကြာကြီး အလုပ်မရခဲ့တာကြောင့် ချန်းရှောင်မီနဲ့ လုလင်း သူတို့ကိုအလုပ်ငှားချင်မှန်းသိရတဲ့အချိန်မှာ စိတ်ဝင်စားမိသွားသည် ။ လွီကွေ့ရုံက အိမ်ကိုလက်ဗလာနဲ့ပြန်ရမှာကို မုန်းသည်။
ချန်းရှောင်မီနဲ့ လွီကွေ့ရုံက လုပ်အားခနဲ့ပတ်သတ်ပြီး တိတ်တဆိတ်ပြောနေကြသည် ။
" တစ်ရက်ကို လေးဆယ်ဆင့် တကယ်ကြီးလား။ "
လွီကွေ့ရုံက ထိုအရာက တကယ်ကောင်းမွန်ကြောင်းသိသည်။
" ဒါက ခင်များကိုပဲ ပေးနိုင်တဲ့ အမြင့်ဆုံးဈေး ။ ခင်များရဲ့ သားနှစ်ယောက်ကို တစ်ရက်လုပ်အားခ သုံးဆယ့်ငါးဆင့် ပေးမယ် ။ အလုပ်သင်နှစ်ယောက်အတွက်တော့ တစ်ရက်ကို ဆင့် နှစ်ဆယ် ။ ပြီးတော့ တစ်နေ့ကို အသားတစ်နပ်ကျွေးမယ် ။ "
ဒါကအလွန်ရက်ရောသော ပေးချေမှုဖြစ်သည်။ လွီကွေ့ရုံက ချန်းရှောင် သူ့ကိုဈေးဆစ်လိမ့်မယ်လို့ စိတ်ထဲထင်နေတာဖြစ်သည် ။ တကယ်တော့ ချန်းရှောင်မီက ဈေးလုံးဝမဆစ်တဲ့အပြင် ပေးချေလာမယ့် ပမာဏကပါ အံဩစေလောက်သည်။ သို့သော် လွီကွေ့ရုံက ချန်းရှောင်မီဘာလို့ ဈေးမဆစ်ကြောင်းကို သူ့အကြောင်းသူ မိတ်ဆက်ရင်း သူ့ဇာတ်လမ်းပါပြောပြသွားတာမို့ သိထားသည်။
သူက အလုပ်သမားရှာဖို့ ခက်ခဲတဲ့အချိန်ဖြစ်နေတာမို့ သူနဲ့သူ့အဖွဲ့ကို ဈေးကောင်းပေးတာဖြစ်သည် ။
လွီကွေ့ရုံက အတွေ့အကြုံတွေအများကြီးရှိတဲ့ အလုပ်သမားကောင်းဆိုပေမယ့် သူက လွန်ခဲ့တဲ့နှစ်တစ်ချို့က မတော်တဆမှုကြောင့် သူ့ပုံရိပ်က ပျက်စီးသွားရကာ ခွဲခြားဆက်ဆံခံရပြီး လူတွေက သူကိုဈေးဆစ်ကြသည် ။
ပုံရိပ်ပျက်စီးခြင်းက ဒီခေတ်ကာလမှာ ပြသနာကြီး ဖြစ်သည် ။ လူတွေက ရှောင်ဖယ်လာကြကာ အစိုးရ ဝန်ထမ်းအလုပ်မျိုးတောင် လုပ်လို့မရပေ။
လုလင်းနဲ့ ချန်းရှောင်မီက ကျောက်ကြီးရွာမှာနေတဲ့အကြောင်း လွီကွေ့ရုံကြားတုန်းက ပိုအံ့ဩသွားသည် ။ သူက သူတို့ရွာသားတွေဆီက အလုပ်သမားမရှာပဲ မြို့ပေါ်တက်ကာ အလုပ်သမားရှာတဲ့အကြောင်းတွေးနေမိသည် ။
အနည်းဆုံး မင်းရဲ့ရွာသားတွေကိုသာ သုံးရင်အလုပ်သွားအလုပ်ပြန် ကြာချိန်မရှိတာကြောင့် အလုပ်လုပ်တဲ့အချိန်ကို ပိုကြာကြာသုံးနိုင်သည် ။ သို့သော် လွီကွေ့ရုံ ထိုအကြောင်းနဲ့ပတ်သတ်ပြီး ချန်ရှောင်မီတို့အား မမေးလိုက်ပေ ။ သူက အခုအလုပ်အကိုင်နဲ့ ရပိုင်ခွင့်တွေကို အလွန်ကျေနပ်နေသည် ။ ပြီးတော့ သူ့ကို ချန်းရှောင်မီအလုပ်မပေးတော့မှာကို မလိုချင်ပေ ။
လွီကွေ့ရုံနဲ့ သူ့အဖွဲ့က ချန်းရှောင်မီတို့ ကျောက်ကြီးရွာပြန်တဲ့နောက်ကို လိုက်ပါလာသည်အား ရွာသားအများစုက မြင်ကြသည် ။ သူတို့က ထိုလူစိမ်းတွေကို မမြင်ဖူးတာကြောင့် လှည့်ပတ်မေးနေကြပေမယ့် ချန်းရှောင်မီတို့ တခြားရွာမှ အလုပ်သမားတွေငှားလာမယ်လို့တော့ မထင်ကြချေ ။
လွီကွေ့ရုံတို့အဖွဲ့က ချန်းရှောင်မီတို့အိမ်ထဲမှ ခန် ကိုတွေ့လိုက်ရတဲ့အခါ ကြက်သေသေသွားကြသည်။ သို့သော် သူတို့က မေးမြန်းခြင်းမပြုလုပ်ကြပေ။
လွီကွေ့ရုံက အိမ်ကို ပတ်ကြည့်ပြီး နောက် ချန်းရှောင်မီက သူ့ကတိအတိုင်းသူတို့လစာအား ပေးချေနိုင်မယ်ဆိုတာ ပိုပြီး ယုံကြည်လာသည် ။
လုလင်း သူတို့အတွက် နေ့လည်စာအား မျောက်ဥယာဂုနဲ့ အသားနုတ်နုတ်စဉ်းကာ အဖွားရှန်ပေးသော် ဟင်းရွက်စိမ်များကို ရောကြော်လိုက်သည် ။
ဒါက ထူးဆန်းတဲ့အစားအစာမဟုတ်ပေမယ့်လည်း လွီကွေ့ရုံနဲ့ သူ့အဖွဲ့ကတော့ ရင်ထဲထိသွားကာ ယာဂုကို မြိန်ရှက်စွာ စားကြသည်။
ဆန်က ဒီခေတ်ကာလမှာ အလွန်ဈေးကြီးသည်။ လွီကွေ့ရုံတို့အဖွဲ့က သူတို့စားချင်သလောက် စားလိုရတယ်ဆိုပြီး ပြောတဲ့ အလုပ်ရှင်မျိုးမတွေ့ဘူးပေ။ လူတိုင်းက အလွန်ကျေးဇူးတင်နေကြသည် ။ အလုပ်သင်ငယ်နှစ်ယောက်က ပန်းကန်လုံးထဲက အသားနုတ်နုတ်စင်းကြော်ကို တွေ့တဲ့အခါ မျက်လုံးများအရောင်တောက်လာသည် ။
လုလင်းက သူတို့အတွက်ယာဂုတစ်အိုးချက်ထားတာဖြစ်ပြီး အခုတော့ အားလုံးကုန်သွားပြီဖြစ်သည် ။
သူတို့က ယာဂုထဲမှာ အဓိကသုံးထားတာက ရွံ့လူးချောင်းတွေဖြစ်မှန်း တွေ့လိုက်ရတဲ့အခါ ခဏတာစိတ်လွင့်မျောသွားသည် ။
လုလင်းက မျောက်ဥတွေနဲ့ပတ်သတ်ပြီး အလွန်ရက်ရောတာက သူတို့အခု တကယ်ပဲ အစားအစာတွေအတွက် သုံးစွဲနိုင်လို့ဖြစ်သည် ။
လုလင်းရဲ့စေတနာ ကောင်းမွန်မှုကြောင့် လွီကွေ့ရုံတို့အဖွဲ့က တစ်နေ့လုံးအလုပ်ကိုကြိုးစားကြသည် ။ ဘယ်သူမှ နည်းနည်းလေးတောင် အချောင်မခိုကြပေ ။ နေဝင်ရီတရော အချိန်မှာတော့ လုလင်းက တစ်နေ့တာ အတွက် ရပ်နားခိုင်းလိုက်သည် ။ သူတို့ကအလွန်ဝေးတဲ့နေရာကနေ လာတာဖြစ်လို့ အချိန်မလင့်ခင်ပြန်နိုင်ရန် အိမ်ကနေ မြင်းလှည်းဖြင့် ရွာထိပ်ကိုတောင် လိုက်ပို့ပေးလိုက်သည် ။