~ရက်ရောသော လုပ်အားခ~
လွီကွေ့ရုံနဲ့ သူ့အဖွဲ့သားတွေက ကျောက်ကြီးရွာကနေအပြင်ရောက်တာနဲ့ စတင်ပြောလာကြသည်။
" အဖေ ၊ ချန်းရှောင်မီက တကယ်ကောင်းတဲ့သူပဲ ။ သူတို့ပြောဆိုနေကြတာတွေနဲ့လည်း မတူပါဘူး ။ "
လွီကွေ့ရုံရဲ့သား လွီဝမ် ကပြောလာသည် ။
သူတို့က ပင်လယ်ကွေ့ရွာလို့ခေါ်တဲ့ ရွာနီးချင်းက ဖြစ်သည် ။ ထို့ကြောင့်ကျောက်ကြီးရွာနဲ့ လက်ထပ်သွားတဲ့သူတွေဆီကနေ ချန်းရှောင်မီရဲ့ သတင်းတွေကြားဖူးသည် ။
လွီကွေ့ရုံ ခေါင်းညိတ်လိုက်ပြီး သူနဲ့သူ့အဖွဲ့သားတွေ ချန်းရှောင်မီဆီမှာ အလုပ်လုပ်ဖို့ ဆွေးနွေးခဲ့တာကို ပြန်တွေးမိသည် ။ သူတို့ကြားခဲ့တဲ့အတိုင်း ချန်းရှောင်မီသာ ရက်စက်ကြမ်းကြုတ်တဲ့သူဆိုရင် သတိထားမိတာနဲ့ ချက်ချင်းထွက်ကြမည် ဆို၍ပင်။
တကယ်တော့ချန်းရှောင်မီက အကျိုးသင့်အကြောင်းသင့်ရှိပြီး စာနာတတ်တဲ့ ကောင်းမွန်သောလူငယ်တစ်ယောက်ဖြစ်မှန်း ရှာတွေ့သွားသည် ။ ပြီးတော့သူတို့အား တစ်နေ့တာအလုပ်ပြီးတာနဲ့ ငွေရှင်းပေးသည် ။ သူ့ခင်ပွန်းဖြစ်သူ လုလင်းကလည်း ကောင်းမွန်စွာရက်ရောသည်။ သူတို့အား အသားနုတ်နုတ်စင်းနဲ့ ယာဂုအိုးတစ်အိုး ချက်ပြုတ်ပေးသည် ။
သွားရလာရ အချိန်ကြာမြင့်သည်ဆိုသော်လည်း ဘယ်သူမှ အလုပ်မထွက်ချင်ကြပေ ။
အလုပ်သင်ရှောင်ဒါလု ကလည်း စကားဝင်ပြောသည် ။
" ယာဂုက ဘယ်လောက်တောင်ကောင်းလိုက်လဲ ။ ကျွန်တော်တို့နောက်ဆုံးလုပ်ခဲ့သူဌေးကို မှတ်မိသေးလား ။ တစ်ရက်ကို ဆယ့်ငါးဆင့်ပဲ ပေးပြီးတော့ ဆန်ပြုတ်ကိုလည်း ပန်းလုံးသေးသေးလေး တစ်ခွက်ပဲပေးတယ် ။ တစ်နေ့လုံး ဗိုက်အဆာခံပြီး အလုပ်လုပ်ရတာ ။ ကျွန်တော်တို့ကို အခုလို အစားအစာကောင်းတွေကျွေးတဲ့အတွက် အရမ်းကျေးဇူးတင်တာပဲ ။ "
ရှောင်ဒါလုက သူကိုယ်တိုင် မြောက်ဥယာဂု ချက်သောက်ဖို့အတွက် ရွံ့ချောင်းတွေတူးဖို့ စိတ်ကူးနေသည် ။ သူတို့အတွက် လုလင်းချက်ပေးတဲ့ မြောက်ဥယာဂုက အလွန်အရသာရှိမှန်း သိထားတာကြောင့်ပင် ။
ရှောင်ဒါလုက ချန်းရှောင်မီနဲ့လုလင်းအကြောင်းကို လိမ်လည်ပြီးသတင်းဖြန့်တဲ့ ကျောက်ကြီးရွာမှ ရွာသားတွေအား မယုံနိုင်ပေ ။ သူတို့က အကောင်းဆုံးသူဌေးဖြစ်မှန်း ဘယ်သူမဆို သိနိုင်သည်။
ရှောင်ဒါလုနဲ့ အခြားအလုပ်သင်က နောက်နေ့ ချန်းရှောင်မီအိမ်ကိုသွားရာ၌ အုတ်ခဲတွေသယ်ဖို့ တာဝန်ယူထားသည် ။ ကျောက်ကြီးရွာမှရွာသားတွေက သူတို့အား စပ်စုစွာမေးမြန်းကြသည် ။
" ဟေး ၊ မင်းတို့နှစ်ယောက်က ချန်းရှောင်မီဆီမှာ အလုပ်လုပ်နေကြတာလား ။ "
ရှောင်ဒါလုက ခေါင်းညိတ်လိုက်တာကြောင့် -
" တကယ်ကြီး ၊ မင်းတို့ အရင်က သူ့အကြောင်းတွေ မကြားဖူးဘူးလား ။ တကယ်တော့ သူဆီမှာ ဇာတ်လမ်းတချို့ရှိတယ် ....."
ရွာသားက ရှောင်ဒါလုအား ပြောပြဖို့လုပ်သည် ။
ရှောင်ဒါလုက ပုံမှန်အတိုင်းသာ ခေါင်းညိတ်ပြလိုက်ပေမယ့် သူတို့ဖန်တီးထားတဲ့ ဇာတ်လမ်းအကြောင်းကိုတကယ်စိတ်မဝင်စားပေ ။
ရှောင်ဒါလုက ချန်းရှောင်မီဆီမှာ အလုပ်လုပ်ရတာကို သဘောကြသည် ။ သူ့သူဌေးကထိုသို့မဖြစ်နိုင်ကြောင်းကို သိထားတာကြောင့် သူတို့လှည့်စားသမျှကို အာရုံမထားပေ ။ မဟုတ်လည်း သူသာ တခြားနေရာမှာအလုပ်လုပ်ရင် လုပ်အားခနည်းနည်းပဲရမှာဖြစ်သည် ။
ပြီးတော့ ချန်းရှောင်မီနဲ့ လုလင်းရဲ့ ခန်ကိုမြင်လိုက်ရတဲ့အချိန်မှာ သူတို့ရဲ့ညာဏ်ပညာကို အထင်ကြီးလေးစားကာ သူပါ သင်ယူနိုင်ဖို့ ဆုတောင်းမိသည်။ သို့သော် သူတို့က တစ်ယောက်နဲ့တစ်ယောက် အခုမှ သိရုံမျှသာဖြစ်ပြီး စောလွန်းသေးသည် ။
ရွာသားက ရှောင်ဒါလု စိတ်ဝင်စားမှုမရှိမှန်း တွေ့လိုက်ရတဲ့အခါ သောကရောက်သွားကာ ဗလုံးဗထွေး ပြောတော့သည် ။
" သူက ကောဆိုတာရော မင်းသိလား ။ တစ်ခါကဆို ကျားကိုတောင် သူအမဲလိုက်ခဲ့တာ ။ သူက ရက်စက်ကြမ်းကြုတ်လွန်းလို့ သူ့မိသားစုကတောင် သူ့ဘက်မှာမရှိဘဲ သူ့ကိုကန်ထုတ်ခဲ့တာ ။ မင်းသူ့ကို မကြောက်ဘူးလား ။ "
ရှောင်ဒါလု မျက်လုံးလှိမ့်လိုက်မိကာ -
" ဒီမှာ ၊ အခု ငါက သူ့ဆီမှာ အလုပ်လုပ်နေတာ ။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးတွေ စိတ်မဝင်စားဘူး ။ သူကငါ့အတွက် တနေ့တစ်ခါ ပိုက်ဆံရှင်းပေးနေသမျှ ငါသူ့အပေါ်လေးစားပေးရမှာပဲ ။ "
ဒီရွာသားက ဘာလို့များ ချန်းရှောင်မီရဲ့နံမည်ကိုဖျက်ဖို့အတွက် အသည်းအသန်ဖြစ်နေရလဲဆိုတာ ရှောင်ဒါလုမစဉ်းစားတတ်ပေ။ ကျားတစ်ကောင်ကို အမဲလိုက်နိုင်တာဘာမှားလို့လဲ ။ ဒါကချန်းရှောင်မီရဲ့ ရဲရင့်ကြံ့ခိုင်မှုကိုဖော်ညွှန်းခြင်းပဲလေ ။ ဒီရွာသားတွေက အလွန်မနာလိုဝန်တိုတတ်လွန်းသည် ။
ထိုရွာသားက မကျေမနပ်ဖြင့် ခေါင်းကို ခါယမ်းပြီး ထွက်သွားသည် ။
ရှောင်ဒါလု လမ်းတစ်လျှောက် ချန်းရှောင်မီဆီမှာ မလုပ်သင့်ကြောင်းနဲ့ ချန်းရှောင်မီက အလွန်ဆိုးသွမ်းကြောင်း စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားတဲ့ ရွာသားတစ်ချို့ကို ကြုံရသည် ။ ရှောင်ဒါလု တကယ်ပင် ခေါင်းရှုပ်လာသည် ။ ထိုရွာသားတွေက လူတစ်ယောက်ရဲ့ ဂုဏ်သတင်းကို လိုက်ဖျက်ဆီးဖို့ကလွဲပြီး ပိုကောင်းတဲ့အရာတွေလုပ်ဖို့မရှိဘူးလားဆိုတာ မတွေးတတ်တော့ပေ ။
လုလင်းက ထိုရွာသားတွေရဲ့အပြုအမူတွေကို ကောင်းကောင်းသိထားတာကြောင့် မည်သူမျှ အလုပ်ထွက်မည့် အရိပ်အယောင်မပြတဲ့အခါ သက်ပြင်းရှိုက်မိသည် ။
လုလင်းက သူတို့ထွက်သွားဖို့တောင်းဆိုရင် လွတ်လပ်စွာသွားခွင့်ပေးလိုက်မည်။ လွီကွေ့ရုံနဲ့ သူ့အဖွဲ့က အလုပ်မှာငြီးငွေ့လို့ ၊ ပိုကောင်းတဲ့အလုပ်ကို ရှာချင်လို့ဆိုရင် သူတို့တခြားတစ်ခု စီစဉ်ပြီး ဆက်လုပ်ရမည်ဖြစ်သည် ။
ရွာသားတွေက အချိန်ပြည့်အလုပ်လုပ်နေကြသော လွီကွေ့ရုံတို့အဖွဲ့ကို မနာလိုဖြစ်လာကြသည် ။ သူတို့လည်း သာမန်ရိုးကျအလုပ်ကိုရှာဖွေပြီး ငွေဝင်ချင်ကြသည် ။
သူတို့မြို့ပေါ်မှာ ကံကောင်းအောင် ကြိုးစားကြပေမယ့် ဘယ်သူမှအလုပ်မလိုပေ ။ ထို့ကြောင့်သူတို့က လွီကွေ့ရုံတို့အဖွဲ့ကိုမနာလိုဖြစ်လာကြသည် ။ လွီကွေ့ရုံရဲ့လုပ်အားခကို တောင်းယူလိုက်တဲ့အချိန်မှာ မလိုမုန်းထားမှုတွေပိုများလာသည် ။
လွီကွေ့ရုံအတွက် တစ်ရက်ကိုလေးဆယ်ဆင့် ၊ ရှောင်ဒါလုလို အလုပ်သင်တောင် တစ်ရက်ကို နှစ်ဆယ်ဆင့်ရတယ် ။ ဒါက အလုပ်သမားဈေးမှာ အများဆုံးဖြစ်ပြီး လုလင်းက သူတို့အတွက် အသားတောင်ချက်ပေးသေးတယ် ။
နေရာတိုင်းမှာ မကျေနပ်သံတွေကြားလာရသည် ။ လုလင်းက အပြစ်ကင်းစင်သည့်ပုံဖြင့် ရွာသားတွေက သူတို့အတွက်အလုပ်လုပ်ပေးဖို့ အလုပ်ရှုပ်နေတယ်(မအားဘူး)လို့ ရွာသူကြီးပြောကြောင်း ပြောလိုက်သည် ။
ရွာသားတွေက မြင့်မားတဲ့လုပ်အားခအတွက် မနာလိုဖြစ်နေသည့်အပြင် ခန်ကိုလည်း အငမ်းမရဖြစ်နေကာ သူတို့စုံတွဲထံမှာ ခန်ဆောက်လုပ်နည်းကို သင်ယူချင်နေကြသည်။ ဒါကြောင့် ရွာသူကြီးအိမ်သွားကာ ညည်းညူပြောဆိုကြတော့သည် ။
သူတို့ရွာထဲက ကောင်းမွန်မှူတွေကို ရွာသားတွေကပဲ ထိန်းသိမ်းရရှိသင့်သည် ။ ထိုစုံတွဲအတွက် သူတို့အလုပ်လုပ်ပေးဖို့ဆန္ဒရှိသည်။ သူတို့အား အရင်မတိုင်ပင်ပဲ လုလင်းကို ဘာကြောင့် လှည့်စားပြီးပြောလိုက်ကြောင်း မေးခွန်းတွေထုတ်ကြတော့သည် ။
ကျန်းချန်က ရွာသားတွေသူ့အားထိပ်တိုက်တွေ့လာတဲ့အခါ အမျက်ချောင်းချောင်းထွက်လာတော့သည် ။ ချန်းရှောင်မီအား လူတိုင်းကမုန်းတီးကာ သူ့အတွက်အလုပ်မလုပ်ပေးချင်ကြမှန်း သူအသေအချာသိသည် ။ သူမမှားပေ ။ သို့သော် ရွာသားတွေက ငွေအတွက်ဘာမဆိုလုပ်ကြမည်ဖြစ်ကြောင်း ငွေရဲ့စွမ်းအားကို လျော့တွက်မိသွားသည် ။
လုလင်းနဲ့ချန်းရှောင်မီ ဆွေးနွေးလိုက်ကာ ကြက်ခြံနဲ့မြင်းခြံကိုဆောက်ဖို့ ရွာသားခြောက်ယောက်ကိုရွေးချယ်မှာဖြစ်ပြီး လွီကွေ့ရုံတို့အဖွဲ့ကိုတော့ သူတို့အတွက် အခန်းကိုဆောက်လုပ်ခိုင်းမည် ။