~လွီကွေ့ရုံရဲ့ လက်ဆောင်~
လုလင်းနဲ့ ချန်းရှောင်မီက သူတို့ရဲ့ပြသနာတွေကို ကျော်ဖြတ်နိုင်ခဲ့သည် ။ နောက်နေ့မနက်မှာတော့လုလင်း ပီတိအပြုံးကြီးဖြင့် အိပ်ယာနိုးထလာကာ ခန်ရဲ့ တစ်ဖက်ခြမ်းကို လိုက်စမ်းပြီး ချန်းရှောင်မီကို ပွေ့ဖက်ဖို့ ရှာဖွေခဲ့တယ် ။ အံ့ဩစရာပဲ ချန်းရှောင်မီက အစောကြီး ထသွားခဲ့ပြီ ။
လုလင်း သူ့ခေါင်းကိုကုတ်လိုက်ကာ -
' မနေ့ညက ငါတို့ရဲ့ ပထမဆုံးညဖြစ်တာမို့ သူအမဲလိုက်မထွက်ရင်ကောင်းမယ် ။ ဒီညတော့ ငါပိုပြီး ကြိးစားရမယ် ။ '
လုလင်း ထလိုက်ပြီး ချန်းရှောင်မီထင်းခုတ်နေကြခြံဝင်းနား သွားလိုက်သည် ။
တကယ်ကို ချန်းရှောင်မီရဲ့ ခြေထောက်နားမှာ ထင်းပုံကြီး ရှိနေသည် ။ ထင်းပုံက ချန်းရှောင်မီ ခဏလေးအတွင်းမှာ ခုတ်ထားတာဖြစ်သည် ။ လုလင်း ချန်းရှောင်မီရဲ့ ပုံမှန်အတိုင်း ဓားကိုင်ဆောင်ကာခုတ်နေပုံကို ကြည့်မိတာနဲ့ ထပ်မံဆွဲဆောင်ခံလိုက်ရသည် ။ ထို့နောက် သူ့အဖော်နဲ့ကလေးတွေစားဖို့ ပြင်ဆင်ရန် မီးဖိုချောင်ဆီသွားလိုက်သည် ။
ချန်းရှောင်မီက အစားကြီးသူဖြစ်သည် ။ လုလင်းတခါတလေ ကူကယ်ရာမဲ့စွာတွေးမိပေမယ့် ချန်းရှောင်မီက အလုပ်ကြိုးစားသူဖြစ်တာကြောင့် အံ့ဩစရာတော့ မရှိပေ ။ သူတို့ကဆင်းရဲနေဆဲဖြစ်ပေမယ့်လည်း ချန်းရှောင်မီက အစားကြီးသည် ။ သို့သော် အများကြီးစားရင်တောင် ကြံ့ခိုင်ကျန်းမာနေတာကိုမြင်ရတာကြောင့် လုလင်းစိတ်ချမ်းသာမိသည် ။
ဒေါက် ဒေါက် (တံခါးခေါက်သံ)
လုလင်း မယုံကြည်နိုင်စွာ တံခါးသွားဖွင့်လိုက်သည် ။ သူတို့က မည်သည့်ဧည့်သည်ကိုမျှ ဖိတ်ထားခြင်းမရှိပါ ။
လွီကွေ့ရုံနဲ့ သူ့အဖွဲ့ဖြစ်သည် ။
" ဟေး ၊ လု အရမ်းအံ့ဩသွားပြီမလား ။ "
လုလင်း ရှက်ရွံ့စွာပြုံးလိုက်သည် ။
" အခု ငါမင်းကို ကျေးဇူးတင်တဲ့အနေနဲ့ လယ်ယာထွက်ပစ္စည်းတချို့ ပေးချင်လို့ ။ "
လွီကွေ့ရုံက သူ့လက်ထဲက ကန်စွန်းဥအပြည့်ထည့်ထားတဲ့ ခြင်းနှစ်ခြင်းကို ချလိုက်ပြီး လက်တွေပွတ်သပ်ကာ ကသိကအောက်နိုင်စွာပြောသည် ။
" တန်ဖိုးတော့သိပ်မရှိပေမယ့် လက်ခံပေးပါ ။ "
" အရမ်းကျေးဇူးတင်တာပဲ လွီ ၊ ငါနဲ့ရှောင်မီက လယ်ယာမြေမရှိဘူးလေ ။ ဈေးထဲမှာ ကန်စွန်းဥတချို့သွားဝယ်ဖို့တောင် တွေးထားတာ ။ သတိတရယူလာပေးတာကို အရမ်းကျေးဇူးတင်တယ် ။ "
လွီကွေ့ရုံ ပီတိဖြစ်စွာဖြင့် -
" ငါလည်း ကန်စွန်းဥတွေက ဆောင်ဦးကောက်ရိတ်ပွဲအတွက်အများကြီးရပြီး ဒီနှစ်က ကံကောင်းတဲ့နှစ်မို့ ဝမ်းသာနေတာ ။ ပြီးတော့ မင်းနဲ့ရှောင်မီက လယ်ယာမြေမရှိတာကိုသတိရသွားပြီး ဒါတွေကို မင်းတို့ကြိုက်လောက်မယ်ထင်ပြီး လာပို့တာ ။ သူတို့ကနည်းနည်းသေးပေမယ့် အရမ်းအရသာရှိတာ ။ "
လုလင်းပြုံးလိုက်ကာ -
" ဒါတွေက မင်းအတွက်အရသာရှိရင် ငါတို့အတွက်လည်း ကောင်းမှာသေချာပါတယ် ။ "
လွီကွေ့ရုံရဲ့သား လွီဝေက ရှေ့သို့တိုးကာ စကားဖြတ်ပြောသည် ။
" လုလင်း မင်းအတွက်ငါဘာယူလာလည်း ကြည့်လိုက် ။ ငါးနဲ့ ဝက်သားတွေ ယူလာတယ်ကွ ။ "
လွီဝေ့ဟာ ချန်းရှောင်မီက မုဆိုးဖြစ်ပြီး ထမင်းဝိုင်းတွင် အသားမပါမဖြစ်အမြဲရှိကြောင်းသိပေမယ့် အသားကအဖိုးတန်နေမြဲဟု သူထင်သည် ။ ပြီးတော့ ဘယ်ရွာသားကများ အသားအများကြီးရှိလို့ ငြီးငြူတာရှိလို့လဲ ။
" ဒီလက်ဆောင်အတွက် ငါတစ်ခုခုပြန်ပေးမယ် ။ ဒါက လုံးဝမမျှော်လင့်နိုင်တဲ့အရာပဲ ။ "
လွီကွေ့ရုံက ချက်ချင်းပြောသည် ။
" ဒါတွေက ငါတို့ကျေးဇူးတင်ကြောင်း ဖော်ပြတာပါ ။ "
လွီကွေ့ရုံတို့အဖွဲ့က ခန်ဆောက်ခြင်းကနေ ငွေတွေအများကြီးရခဲ့တဲ့အတွက် သူတို့အားလုံးက ကျေးဇူးတင်စရာကောင်းတဲ့ လုလင်းနဲ့ ချန်းရှောင်မီဆီသွားလည်သင့်တယ်လို့ ထင်ကြသည် ။
သူတို့တွေက ထိုအကြောင်းဆွေးနွေးကာ လူငယ်စုံတွဲဆီကို လယ်ယာထွက် သီးနှံတွေဖြစ်တဲ့ ကန်စွန်းဥ ၊ မုန်လာဥ ၊ ဂေါ်ဖီ ၊ ငါး နဲ့ ဝက်သားတွေကို ယူသွားဖို့ ဆုံးဖြတ်ကြသည် ။
သူတို့က ကျေးဇူးတင်တဲ့လက်ဆောင်အတွက် အလွန်ရက်ရောကြသည် ။
လွီကွေ့ရုံရဲ့လုပ်ရပ်က ကျောက်ကြီးရွာမှရွာသားတွေအတွက် ကွဲပြားတဲ့အမြင်အမျိုးမျိုးနဲ့ ရုတ်ရုတ်သဲသဲဖြစ်စေဖို့ နိုးဆွပေးလိုက်နိုင်သည် ။
" ဟေ့ ၊ မင်းတို့ဟိုသတင်းကြားပြီးပြီလား ။ လွီကွေ့ရုံတို့အဖွဲ့က ချန်းရှောင်မီဆီလာလည်ပြီး သူတို့အတွက်လက်ဆောင်တွေပေးသွားတယ်တဲ့ ။ ခြင်းတောင်းထဲမှာ ဝက်သားနဲ့ငါးတွေတောင်ပါတယ်လို့ ငါကြားတယ် ။ "
" သူတို့က ချန်းရှောင်မီနဲ့လုလင်းရဲ့ ကျေးဇူးနဲ့ပိုက်ဆံတွေရလာတာ ။ သူတို့က ခန်ဆောက်လုပ်တဲ့ ပထမဆုံးသူတွေဖြစ်တာမို့ မြို့ပေါ်ကလူချမ်းသာမိသားစုတွေကို သူတို့ကြိုက်သလို ငွေပိုတောင်းလို့ရတယ်လေ ။ ငါတို့ရွာက ကျန်းတာ့ကျူး တို့လည်း အဲ့လိုလုပ်တာပဲ ။ "
" ဒါပေမယ့် ကျန်းတာ့ကျူးတို့အဖွဲ့က ချန်းရှောင်မီတို့ဆီသွားမလည်သလို ဘာလက်ဆောင်မှလဲ မပေးကြဘူး ။ "
" မလိုပါဘူး ။ ငါတို့ရွာသားအချင်းချင်း တစ်ယောက်ကိုတစ်ယောက်ထောက်ပံ့ကြရမှာပဲလေ ။ လွီကွေ့ရုံတို့အဖွဲ့ကတော့ ပင်လယ်ကွေ့ရွာကဆိုတာ သတိရဦး ။ ချန်းရှောင်မီက ပထမထဲက ဒီလူတွေကို မသင်ပေးသင့်ဘူး ။ ငါတို့ရွာက ကောင်းတဲ့အရာတွေကို ရွာထဲမှာပဲသိမ်းထားသင့်တယ် ။ "
" ချန်းရှောင်မီက သူလုပ်ချင်သလိုလုပ်လို့ရတယ် ။ သူဆန္ဒရှိတဲ့သူတိုင်းကို အလကားသင်ပေးမှာပဲ ။ သူအခန်းကို ဆောက်ဖို့အတွက် အခမဲ့ ကူညီပေးချင်လိုက်တာ ။ "
" ဒါ ငါ့တို့ရွာသူကြီးရဲ့အမှားပဲ ။ ငါတို့ကိုတောင် မမေးမြန်းဘဲ ချန်းရှောင်မီနဲ့လုလင်းကို သူလိမ်လိုက်တာ ။ "
" ကျန်းတာ့ကျူးလည်း မှားတာပဲ ။ သူငါတို့ကို သင်ပေးလို့ရပေမယ့် အချိန်ရွှေ့နေတာ ။ "
" အဲ့ဒါအမှန်ပဲ ။ အခုတစ်လတောင်ကျော်လာပြီ ။ "
" ကျန်းတာ့ကျူးက အနည်းဆုံးတော့ ငွေပြားတချို့ရထားတာသေချာတယ် ။ အိုက်ယား ... ချန်းရှောင်မီ အခန်းသစ်ဆောက်ဖို့အတွက်လူရွေးတဲ့အထဲငါပါသွားခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲ ။ "
" မင်းက? အိမ်မက်မက်နေတာလား ။ မင်းရဲ့သားက ချန်းရှောင်မိုင်နဲ့ချန်းရှောင်ခိုင်ကို အနိုင်ကျင့်ထားတာလေ ။ မင်းအတွက်အခွင့်အရေးရလိမ့်မယ်လို့ တကယ်ထင်နေတာလား ။ "
ရွာသားတွေက ချန်းရှောင်မီကိုစတင်မနာလိုဖြစ်လာကြသည် ။ သို့သော်လည်း ချန်းရှောင်မီရဲ့ဘဝတစ်ခုလုံးတော့ ကံကောင်းနေမှာမဟုတ်ဘူးလို့ ထင်မြင်ကြသည် ။
ချန်းရှောင်မီ၏ အိမ်တွင် -
" ကန်စွန်းဉတွေ ကြည့်ဦး ။ ပင်လယ်ကွေ့ရွာက ကန်စွန်းဥတွေအတွက် နှစ်ကောင်းဖြစ်လိမ့်မယ် ။ "
ချန်းရှောင်မီခေါင်းညိတ်လိုက်ကာ -
" ဟုတ်တယ် ။ ဈေးထဲမှာ ကန်စွန်းဥတွေကိုဈေးပေါပေါနဲ့ရောင်းနေတာ ငါမြင်ခဲ့တယ် ။ ဒါပေမယ့် အဲ့ကန်စွန်းဥတွေကိုသိုလှောင်ဖို့တော့မလွယ်ကူဘူး ။ "
" အမှန်ပဲ ၊ အရမ်းအေးတဲ့နေ့မှာ ကျောက်ခဲလိုအေးခဲနေလိမ့်မယ် ။ မြေအောက်ခန်းထဲမှာထားမယ်ဆို နောက်ထပ်အနည်းငယ်လောက်ဝယ်လို့ရပေမယ့် အဲ့ဒါက စွန့်စားရာရောက်တယ် ။ ဟမ်း ၊ ကိုယ်တို့ကန်စွန်းဥတွေပိုဝယ်ပြီး ကန်စွန်းဥဝိုင်ချက်ကြရအောင် ။"
ချန်းရှောင်မီ လုလင်းအား မယုံနိုင်စွာကြည့်ပြီး -
" ကန်စွန်းဥဝိုင်ဘယ်လိုချက်လဲ မင်းသိတယ်လား ။ "
လုလင်း ချန်းရှောင်မီရဲ့ အံ့ဩထိတ်လန့်မှုကြောင့် ပျော်ရွှင်သွားပြီး -
" ဒါပေါ့ ၊ ကိုယ်သိတယ်လေ ။ "
လုလင်းက ရွာမှာကြီးပြင်းလာခဲ့တာဖြစ်သည် ။ သူ့မိဘတွေက သူငယ်စဉ်တုန်းက ဝိုင်ချက်နည်း သင်ပေးခဲ့တာဖြစ်သည် ။ သို့သော် သူအသက်ကြီးလာတော့ ဘီယာနဲ့ဝိုင်က ဈေးပေါလာတာကြောင့် ဘယ်သူမှ ဝိုင်တွေ ဘီယာတွေကို ကရိကထများအောင်ကိုယ်ပိုင်ချက်လုပ်ဖို့ စိတ်ကူးမရှိတော့ပေ ။
လုလင်းနဲ့ချန်းရှောင်မီက ငွေအရင်ရအောင် ဆိုင်မှာ အရက်နောက်တစ်သုတ်ရောင်းဖို့ ဆုံးဖြတ်လိုက်သည် ။ ဒီတစ်ခေါက် သူတို့များများလိုချင်တာကြောင့် ငွေနှစ်ဆယ့်လေးပြားနဲ့ အရက်အိုးသုံးဆယ် ရောင်းလိုက်သည် ။
သူတို့နှစ်ယောက်က ပင်လယ်ကွေ့ရွာကိုသွားပြီး ကန်စွန်းဉတွေအများကြီးဝယ်လိုက်သည် ။ ရွာသားတွေက ထိုလူငယ်စုံတွဲကို အလွန်ကျေးဇူးတင်ကြသည် ။
သူတို့က ငွေငါးပြားနဲ့ ကန်စွန်းဥ ကီလိုတစ်ထောင်ကို ဝယ်လိုက်သည် ။ လုလင်းက ကန်စွန်းဥအများအပြားကို သူ့ကုန်စုံဆိုင်ထဲသိမ်းလိုက်ပြီး လူတွေကိုဖုံးကွယ်ဖို့အတွက် တချို့တလေကို မြေအောက်ခန်းထဲထည့်ထားသည်။
ပြီးတော့ ချန်းညီအစ်ကိုတွေကို ဝိုင်ချက်ဖို့အတွက် ခေါ်လိုက်သည် ။
လုလင်းနဲ့ချန်းရှောင်မီက ဆိုင်မှာအရက်ရောင်းတာကနေ ငွေရရှိနေပေမယ့် ချန်းရှောင်မီက သူ့လုပ်အားမပါတာကြောင့် စိတ်ထဲမှာ မသေချာမှုတွေခံစားနေရသည် ။ ထို့ကြောင့် အခု လုလင်းနဲ့အတူဝိုင်ချက်လုပ်ဖို့ခေါ်လိုက်တာပင် ။
ဝိုင်ချက်ရတာက အလွန်ငြီးငွေ့ဖွယ်ဖြစ်ရပ်ပင် ။ ရလာဒ်ကိုချက်ချင်းမတွေ့ရပေ ။ ဒါပေမယ့် လုလင်းမှာ ကန်စွန်းဥဝိုင်ချက်ဖို့ နည်းလမ်းများစွာရှိပြီး လူတိုင်းက အရသာရှိတဲ့ ကန်စွန်းဥတွေကို ကြိုက်နှစ်သက်ကြသည် ။