~အသင့်စားခေါက်ဆွဲ~
ချန်းရှောင်မီ သူ့ညီငယ်နှစ်ယောက် အပြင်ထွက်သွားတာကိုကြည့်ပြီး ပြုံးလိုက်သည် ။
" လုလင်း မင်းသူတို့ကို ဈေးဝယ်ခိုင်းလိုက်တာလား ။ "
လုလင်းက ရိုးသားစွာပင် -
" ဈေးဝယ်ခိုင်းတာက အဓိကအချက်မဟုတ်ဘူး ။ သူတို့ကို သူငယ်ချင်းအသစ်တွေရအောင်ဖွဲ့ဖို့ ကြိုစားခိုင်းလိုက်တာ ။ အခု သူတို့က အသက်ကြီးလာပြီ ၊ တစ်နေ့ အထောက်အကူရဖို့အတွက် သူတို့ သူငယ်ချင်းကောင်းတွေ မိတ်ဖွဲ့ဖို့ လိုတယ် ။ "
ချန်းရှောင်မီ ရယ်မောလိုက်ကာ -
" မင်းက သကြားရည်အုပ်(စကားပြော)တဲ့နေရာမှာတော့ အရမ်းကောင်းတယ်နော် ။ "
" ကိုယ်တွေးမိတဲ့အတိုင်းအမှန်အတိုင်းပြောနေတာပါ ။ ကလေးတစ်ယောက်အရွယ်ရောက်လာဖို့အတွက် သူငယ်ချင်းတွေလိုအပ်တယ် ။ လူတိုင်းနဲ့ ပေါင်းသင်းဆက်ဆံနိုင်ရေးက အရမ်းအရေးပါတယ်လေ ။ ရှောင်ခိုင် အခုတလောပိုပြုံးရယ်လာတာ သတိမထားမိဘူးလား ။ "
ချန်းရှောင်မီ ခဏမျှစဉ်းစားလိုက်ပြီး -
" ဟုတ်တယ် ။ သူပျော်နေတာပဲ ။ "
လုလင်း ကျီစယ်လိုက်သည် ။
" သူအချစ်နဲ့ထိတွေ့နေတာ ဖြစ်နိုင်တယ် ။ "
ချန်းရှောင်မီ လက်မခံပဲ -
" ဒါပေမယ့် အခုက ကလေးပဲရှိသေးတယ်လေ။ "
ချန်းရှောင်မီ လုလင်းကိုစိုက်ကြည့်လိုက်ပြီး လုလင်းက ပညာတတ်တစ်ယောက်ဖြစ်မှန်း သံသယမရှိသော်လည်း အချစ်ရေးရာနဲ့ပတ်သတ်လာရင်တော့ လေကြောရှည်ချက်က ပညာမဲ့လိုပင် ။
" ကိုယ်ကနောက်လိုက်တာပါ ၊ စိတ်ထဲအရမ်းမထားပါနဲ့ ။ ရှောင်ခိုင်က ကိုးနှစ်ပဲ ရှိသေးတယ်ဆိုပေမယ့် ကလေးဘဝအရွယ်မှာ ချိုမြိန်မှုကိုတွေ့ခဲ့ရင် ကောင်းတာပဲပေါ့ ။ "
ချန်းရှောင်မီ အတွေးထဲနစ်ဝင်နေသည် ။ မတိုင်ခင်က ထိုအကြောင်းအရာနဲ့ပတ်သတ်ပြီး မစဉ်းစားဖူးပေ ။
" ကောင်းပြီ ၊ ခေါင်းစဉ်ပြောင်းကြရအောင် ။ မင်းငါ့ကို အသင့်စားခေါက်ဆွဲယူတွေ ယူပေးနိုင်မလား ။ "
ချန်းရှောင်ခိုင်အကြံပြုလိုက်သည် ။
လုလင်း သူ့ကုန်စုံဆိုင်ကနေ အသင့်စားခေါက်ဆွဲကို တစ်ကြိမ်ယူချက်ဖူးသည် ။ ချန်းရှောင်မီလုံးဝ သဘောကျသွားကာ လုလင်းအားသူနဲ့ စောစောမမျှဝေတဲ့အတွက်တောင် အပြစ်တင်လိုက်သေးသည် ။
လုလင်းက ချန်းရှောင်မီအား ထိုအသင့်စားခေါက်ဆွဲတွေက အဟာရမဖြစ်တာမို့ သူ့နေရပ်ကလူတွေက ရှောင်ကြသည်ဆိုတဲ့အကြောင်း ပြောဖူးသည် ။ သို့သော် ချန်းရှောင်မီက ထိုအကြောင်းကို ယုံကြည်ရန် ခက်ခဲနေကာ လုလင်းကာ သူနဲ့မမျှဝေချင်လို့ ဆင်ခြေရှာနေတာဖြစ်မည်လို့ ထင်နေသည် ။
သို့ပေမယ့် ချန်းရှောင်မီက ချန်းရှောင်ခိုင်နဲ့ ချန်းရှောင်မိုင်ကို ထိုအကြောင်းမပြောဖို့ဆုံးဖြတ်လိုက်သည် ။ သူတို့တွေက ငယ်ရွယ်သေးတာမို့ အဟာရရှိတဲ့ အစားအစာကိုစားသုံးဖို့လိုအပ်သည် ။
လုလင်း ကြက်ဉပေါင်းနှစ်လုံး၊ ဝက်ပေါင်ခြောက်တချို့နဲ့ ဟင်းရွက်တချို့ကို ထပ်ထည့်လိုက်ကာ အာဟာရ ရှိအောက်လုပ်ပေးသည် ။ ကလေးတွေက သူတို့မပါဘဲ သူတို့စားနေကြရင် မေးကြမှာစိုးလို့ အားလုံးအတွက် လုပ်လိုက်သည် ။
အသင့်စားခေါက်ဆွဲတွေကိုချက်ဖို့အတွက် အချိန်အများကြီးမလိုအပ်ပေ။ချန်းရှောင်မီရဲ့မျက်လုံးတွေကတောက်ပလာပြီး ပန်းကန်လုံးထဲကို သရေကျစရာ ပြည့်နှက်နေအောင် လုလင်းထည့်ပေးပြီးနောက် အားရပါးရစားတော့သည် ။
" ဒါကတကယ်ပဲ အာဟာရမရှိတဲ့အစားအသောက်လား ။ ဆင်းရဲတဲ့သူတွေပဲ စားကြတာလား ။ ဒါပေမယ့် ဒါက အရသာရှိလွန်းတယ် ။ ငါတစ်ယောက်တည်းတောင် တစ်အိုးလုံးစားနိုင်တယ် ။ "
ချန်းရှောင်မီ လုလင်းအားတူညီတဲ့ မေးခွန်တွေသာ ထပ်မေးနေသည် ။
" မင်းဒါကို လက်ခံဖို့မလွယ်ကူမှန်းနားလည်ပေမယ့် မင်းခုစားနေတဲ့အရာက တကယ်ကို အာဟာရမရှိဘူး ဆရာသမားရေ ။ "
လုလင်း ဟန်ဆောင်မှုမရှိပြောတာကို မြင်တာကြောင့် ချန်းရှောင်မီ စတင်ယုံကြည်လာသည်။
ကလေးတွေပြန်လာတဲ့အချိန်နဲ့မတိုးခင် လုလင်းကအိုးနဲ့ပန်းကန်တွေကို မြန်ဆန်စွာဆေးနေပြီဖြစ်သည် ။ လုလင်း အိပ်ရာပေါ်မှာ အားအင်ကုန်ခမ်းစွာလဲလျောင်းနေတဲ့ ချန်းရှောင်မီကို ကြည့်ပြီး ရွာသားတွေက သူ့အားအပူလုံးကြီးသဖွယ် ဘာကြောင့်ကြောက်ရွံ့နေကြမှန်း မစဉ်းစားတတ်ပေ။
မကြာခင် ရှောင်ခိုင်နဲ့ရှောင်မိုင်က ဆားရည်စိမ်အထုတ်သစ်ကို ကိုင်ကာ ပြန်လာကြသည် ။
ချန်းရှောင်မိုင်က သူ့အိပ်ရာအသစ်ဖြစ်တဲ့ ခန်ပေါ်ခုန်တက်လာပြီး ပတ်ပတ်လည် လှိမ့်နေသည် ။
" အစ်ကို သားနဲ့အတူ လာဆော့ပါလား ။ ဒီမှာ အရမ်းပျော်စရာကောင်းတယ် ။ "
ချန်းရှောင်မိုင် ချန်းရှောင်ခိုင်အား ချစ်ခင်စွာကြည့်လိုက်ပြီး-
" ကောင်းပါပြီ ။ မင်းကိုကြည့်ရုံနဲ့တင် ငါပျော်ပါတယ် ။ "
ချန်းရှောင်မိုင် အိတ်ကတ်ထဲကနေ ပန်ကိတ်တစ်ခုကို ထုတ်ပြီး -
" ရော့ ၊ အစ်ကို့အတွက် ။ "
ချန်းရှောင်ခိုင် စိတ်ထဲထိသွားကာ -
" ဪ... ငါ့အတွက် မုန့်တွေသိမ်းထားပေးစရာမလိုပါဘူး ။ မင်းဘာသာပဲ စားပါ ။ "
သူညီငယ်မှာ ဘာကြောင့်များ အစားအသောက်တွေဖွက်ထားတတ်တဲ့အကျင့်ရှိနေသေးမှန်း ချန်းရှောင်ခိုင် နားမလည်နိုင်ပေ ။ အတိတ်မှာတုန်းက အချိန်တချို့ ဆာလောင်ငတ်မွတ်ခဲ့ဖူးသည် ။ သို့သော်လည်း ခုသူတို့ အဆင်ပြေနေပြီဖြစ်တာကြောင့် အစားအစာတွေကို ချန်ထားဖို့ထပ်မံမလိုအပ်တော့ပေ ။
လုလင်းက ချန်းရှောင်မီအား တုန်နေအောင်ချစ်ခင်ဂရုစိုက်သည် ။ သူက ချန်းရှောင်မီကို သရေစာမုန့်တွေ ၊ တခါတလေ ချောကလက်နို့ ၊ ပန်ကိတ်တို့ ကြက်ဥပူတင်းတို့ကိုလည်း ကျွေးသည် ။
ချန်းရှောင်ခိုင် မိုင့်အား ပါးကိုပုတ်လိုက်သည် ။ မိုင် ရှောင်လိုက်သော်လည်း မလွတ်မြောက်ပေ ။
" ငါတို့အခန်းအသစ်မှာ အိပ်ကြမယ် ။ "
ချန်းရှောင်ခိုင် လက်ထပ်ခြင်းရဲ့ အကြောင်းရင်းဖြစ်တဲ့ သူ့အစ်ကိုကြီးက တစ်နေ့မှာ လုလင်းရဲ့ကလေးကို မွေးပေးလိမ့်မည်ဆိုတဲ့အကြောင်းကို အရိုင်းဆန်စွာတွေးနေမိသည် ။ သူရှောင်မိုင်ကို ပိုဂရုစိုက်ဖို့ လိုအပ်သည် ။
ချန်းရှောင်မိုင်က မေးခွန်းတွေများနေတဲ့ချန်းရှောင်ခိုင်ကို မနှောင့်ယှက်ပေ ။ သူက အိပ်ရာပေါ်ကအခင်းသစ်နဲ့ အာရုံများနေသည် ။ အလွန်စိတ်လှုပ်ရှားစွာ စတင်ကစားလိုက်ပေမယ့် အချိန်တိုအတွင်းမှာပဲ လက်ညစ်ပတ်တွေကြောင့် အခင်းက ပေရေသွားသည် ။
အခန်းသစ်အတွင်းက သူ့ညီတွေရဲ့အဖြစ်အပျက်ကို ချန်းရှောင်မီ မသိပေ ။ သူက လုလင်းအား သူ့ညီတွေကို မြင်မိသေးလားလို့မေးလိုက်သည် ။
" သူတို့က အခန်းသစ်ထဲမှာ ၊ ခန်အသစ်ပေါ်မှာ အိပ်ဖို့မစောင့်နိုင်ကြတော့ဘူး ။ "
ချန်းရှောင်မီ ခေါင်းညိမ့်ပြလိုက်ပြီးနောက် ထပ်မံရှက်ရွံ့သွားသည်။
ရွာမှာက ညဘက်ဆိုဖျော်ဖြေမှုတွေမရှိတာကြောင့် ညရောက်တာနဲ့ အိပ်ရာဝင်ကြသည် ။ အရင်က သူတို့နှစ်ယောက်က ကလေးတွေနဲ့ အခန်းမျှသုံးတာကြောင့် ဘာလှုပ်ရှားမှုမှ လုပ်လို့မရပေမယ့် အခု မတူတော့ပေ ။ အခြေအနေ ပြောင်းလဲသွားပြီဖြစ်သည် ။
လုလင်းက ချန်းရှောင်မီအား တင်းတင်းကြပ်ကြပ်ဖက်လိုက်ပြီး မကြာခင်မှာပဲ လူနှစ်ယောက်က ရစ်ပတ်နှောင်ဖွဲ့ကြတော့သည် ။
ချန်းရှောင်မီက ခုခံမှုမပြုခဲ့တာကြောင့် လုလင်းရဲ့ ယုံကြည်ချက်တွေက ပိုတိုးတက်လာသည် ။
လုလင်းသာ သူ့ကို သက်သောင့်သက်သာဖြစ်အောင် မလုပ်ပေးနိုင်ဘူးဆိုရင် ချန်းရှောင်မီက သူ့အားအိပ်ရာအပြင်ကို ကန်ထုတ်လိမ့်မည် ။
သူတို့နှစ်ယောက်လုံး အတွေ့အကြုံက သုည ဖြစ်နေတာကြောင့် ပထမတစ်ကြိမ်က ခဏလေးနဲ့ပြီးသွားသည် ။ နှစ်ယောက်လုံး အပြည့်အဝပျော်ရွှင်မှုမရပေ ။ ထို့ကြောင့် ပွေ့ဖက်ကာ ဒုတိယအကြိမ်ကို ဦးဆောင်တော့သည်။
ချန်းရှောင်မီက အလွန်ဖြူစင်ကာ ထိုကိစ္စအပေါ် အတွေ့အကြုံရော ၊ ဗဟုသုတပါ သုည မှတ်မှာ ရှိသည် ။ လုလင်း ကတော့ ကွဲပြားသည် ။ သူက လက်တွေ့မလုပ်ဖူးတောင် ငယ်ရွယ်စဉ်က အပြာရုပ်ရှင်တွေ ကြည့်ဖူးသည် ။ ဒါကြောင့် သီအိုရီတွေကို ပြန်လည်စဉ်းစားပြီး အသုံးပြုသည် ။
သူတို့နှစ်ယောက်လုံးက တံခါးတစ်ဖက်ခြမ်းက ကလေးတွေမနိုး ကြိုးစားထိန်းကြသည် ။ ချန်းရှောင်မိုင်က ညမှာကောင်းကောင်းအိပ်ပျော်နေပေမယ့်လည်း ကံမကောင်းစွာနဲ့ ချန်းရှောင်ခိုင်က နေရာသစ်မို့ အိပ်ပျော်မနေပေ ။ သူက တိုက်ခိုက်နေတဲ့ကြွက်လို ဆူညံသံ တချို့ကြောင့် တစ်ညလုံး အိပ်မရပေ ။