အပိုင်း ၈၄
Viewers 15k

Chapter 84

သံပတ်ရုပ်များ


" ကျွန်မဒီကိုလာတာ ကျွန်မမိတ်ဆွေအတွက် တရားမျှတမှုရှာဖို့လာခဲ့တာပါ ရှစ်ဖုန်းဂိုဏ်းဆီက သင့်တော်တဲ့ဖြေရှင်းချက်တစ်ချို့ပေးစေချင်ပါတယ်..."


ယောင်စစ်က ဇန်ဇီချန်အား လှမ်းကြည့်လိုက်သည်။


သူက ရှေ့သို့တိုးလာကာ လက်နှစ်ဖက်ကိုယှက်လျက် ဂါရဝပြုလိုက်၏။


" ဂိုဏ်းချုပ် ပြီးတော့ အကြီးအကဲတို့ ကျွန်တော် တိုက်ပွဲအသွင်ပြောင်းဆေးလုံးကိုမခိုးခဲ့ရပါဘူး အဲဒီနေ့ကကျွန်တော် ကွယ်ဝှက်ဆေးလုံးခန်းဆောင်ကိုရောက်သွားတော့ ဂိုဏ်းတူအစ်ကိုကဆေးလုံးစားနေတာမြင်ခဲ့ပါတယ် အဲဒါကြောင့်ကျွန်တော်တို့ပဋိပက္ခဖြစ်ခဲ့ရပြီး ကျွန်တော်ကဆေးလုံးခိုးတဲ့သူလို့ စွပ်စွဲခံခဲ့ရပါတယ် ဇီချန် ဘယ်တော့မှ ခိုးမှာမဟုတ်....."


" တိတ်စမ်း..."


ဂိုဏ်းချုပ်က ဇန်ဇီချန်၏ဖြေရှင်းချက်အား ဖြတ်အော်လိုက်သည်။


" မင်းအမှိုက်သရိုက်လိုကောင် အဲဒီနေ့က မင်းယောင်အာကိုဒဏ်ရာရအောင်လုပ်ပြီး ဆေးလုံးကိုခိုးသွားတာငါ့မျက်စိနဲ့တပ်အပ်မြင်တယ်  အမှန်တရားကိုဘာလို့ မှောက်ခုံလှန်ရတာလဲ မင်းအရှက်မရှိဘူးလား..."


" သရာသခင်ယွီ... ကျွန်တော်ပဲခိုးသလား တစ်စုံတစ်ယောက်ပဲစားသွားသလား ဆရာအသိဆုံးပါ..."


" ရဲတင်းလိုက်တာ မျက်မြင်သက်သေတွေရော သက်သေတွေအခိုင်အမာရှိနေတာကို မင်ကငြင်းဝံ့သေးတယ်..."


ဂိုဏ်းချုပ်က ဝတ်ရုံလက်ကို အားဖြင့်ခေါထုတ်လိုက်ကာ သူ၏ဒေါသနှင့် အရှက်တရားတို့အား ဖုံးကွယ်လိုက်သည်။ သူက တစ်ဖက်သို့လှည့်ကာ ...


"  အကြီးအကဲတို့ ကျွန်တော် ဒီလိုတပည့်မိုက်ကိုဆုံးမဖို့ အကြီးအကဲတို့ကိုမနှောင့်ယှက်တော့ပဲ သီးသန့်ဖြေရှင်းလိုက်ပါ့မယ်..."


သူက ဇန်ဇီချန်အားဆွဲခေါ်သွားမည့်ဟန်ဖြင့် ရှေ့သို့ဒေါသတကြီးတိုးလာသည်။  ဂိုဏ်းချုပ်ယွီဆိုသူက အလွန်အမင်းတုံ့ပြန်မှုလွန်ကဲနေကာ ဤပြဿနာ အကျယ်အကျယ်ဖြစ်ကာ နောက်ဆက်တွဲများဖြစ်လာမည်ကို ကြောက်ရွံနေဟန်ပင်။


" သိပ်မလောပါနဲ့..."


ယောင်စစ်က ဇန်ဇီချန်ရှေ့မှ ကာရပ်လျုက်သည်။


" ရှင်သူ့ကိုအပြစ်မပေးခင် ပြဿနာကို လုံးစေ့ပတ်စေ့ ရှင်းပြပေးတာပိုကောင်းလိမ့်မယ်..."


ဂိုဏ်းချုပ်က မျက်မှောင်ကျုံ့လိုက်ပြီး သုမအား မကျေနပ်စွာကြည့်လာသည်။


" ဒါကရှစ်ဖန်းဂိုဏ်းရဲ့ပြဿနာပါ အပြင်လူတွေဝင်ပါပေးစရာမလိုဘူး..."


" ဘာလို့လဲ ရှစ်ဖန်းဂိုဏ်းအတွက် အရှက်ရစရာများဖြစ်နေလေသလား..."


ယောင်စစ်က ခနဲ့လိုက်သည်။


သူ၏မျက်နှာက အကျည်းတန်စွာစိမ်းဖန့်သွားပြီး  စိတ်ငြိမ်စေရန် အသက်ပြင်းပြင်းရှူလိုက်၏။


" လူကြီးမင်းခင်ဗျာ ဒီတပည့်မှာ မိစ္ဆာပြောင်းသွားတဲ့လက္ခဏာတွေရှိနေတယ်လို့ကျွန်တော် သံသယရှိမိပါတယ် မဟုတ်ရင် နတ်ဆိုးတိုင်းပြည်ကနေ ဘယ်လိုလွတ်လာနိုင်ပါ့မလဲ အဲဒါကြောင့် ဂိုဏ်းရဲ့ကောင်းကျိုးအတွက်..."


" ငါကယ်ခဲ့တာ..."


ယောင်စစ်က ထိုသူ၏ ကျိုးကြောင်းမဆီလျော်သောစကားများအား ပြီးဆုံးသည်ထိနားထောင်ပေးရန် စိတ်ကူမရှိချေ။


" ဘာရယ်..."


ဂိုဏ်းချုပ်၏မျက်နှာက ဖြူလျော်သွားပြီး လွှတ်ခနဲရေရွတ်လာလေသည်။


" ဘယ်လိုလုပ်ပြီးအဲ့လိုနေရာကနေ အသက်ရှင်လျက်လွတ်နိုင်မှာတဲ့လဲ မဟုတ်မှ မင်းကရော..."


" စကားအပြောအဆိုဆင်ခြင်ပါ ဂိုဏ်းချုပ်ယွီ..."


တစ်ဖက်လူ၏စကားများ အဆုံးမသတ်ရသေးမီတွင် အကြီးအကဲများအနက်မှတစ်ဦးက ဟန့်တားလာ၏။


တန်ဖိုးကြီးဖောက်သည်ကွ စော်ကားရဲသေးတယ်လားမင်းက...


ဂိုဏ်းချုပ်က သူ၏လက်ကျန်စကားများကို မျိုချလိုက်ရ၏။


" ဇန်ဇီချန်က မိစ္ဆာလားဆိုတဲ့အကြောင်းအရာကိုလမ်းမလွှဲပါနဲ့ ရှင်ကသူ့ကိုခိုးတယ်ပြောရအောင် အဲဒါရှင့်ရဲ့အပြောသက်သက်ပဲရှိတာလေ တခြားမျက်မြင်သက်သေရှိသလား ဒီလိုဆိုကျွန်မလည်းပြောလိုက်လို့ရတာပဲ သူခိုးကရှင်လို့..."


" ယောင်အာလည်းမြင်တယ်..."


ဂိုဏ်းချုပ်က အလျင်စလို ထပ်ပြောလာသည်။


" ပြီးတော့ ယောင်အာက ဇန်ဇီချန်ကြောင့် ဒဏ်ရာတောင်ရခဲ့သေးတယ် အဲဒါတွေကရုပ်ပိုင်းဆိုင်ရာ သက်သေပဲကွ..."


" ယောင်အာက ဘယ်သူလဲ..."


" ငါ့သားကှ..."


အဖေနဲ့သားဆိုပါ့လား  သေချာပေါက်ညှီနံ့တွေထွက်နေပြီလေ ဒီကိစ္စမှာ...


မုချကို မသင်္ကာစရာကောင်းနေခြင်းပင်။


" မိသားစုဝင်ရဲ့စကားကို သက်သေအဖြစ်ယူလို့မရတာ ရှင်မသိဘူးလား  ရှင်တို့တိုင်ပင်ပြီး သူ့အကြောင်းမကောင်းပြောခဲ့တာလည်းဖြစ်နိုင်တာပဲလေ..."


" မဆီလျော်လိုက်တာ ငါကဂိုဏ်းချုပ်တစ်ယောက်ကွ အဲ့လိုလုပ်ရပ်မျိုးဘယ်ဆော့မှလုပ်မှာမဟုတ်ဘူး..."


" ကျွန်မဘယ်ပြောနိုင်မလဲ ရှင်လုပ်သလား မလုပ်သလား..."


" မင်း..."


" ရှင်ဘာပဲပြောပါစေ ပါးစပ်အပြောနဲ့တော့သက်သေဖြစ်မလာဘူးလေ ဒီတိုင်းတစ်ဖက်သားကိုစွပ်စွဲလို့မရဘူး  နောက်ပြီးပြောရကြေးဆို ရှင်သူ့ကိုအပြစ်လည်းပေးပြီးသွားပြီ သေဒဏ်ဆိုရင်တောင်မှသူလွတ်လာရင် သူ့ကံနဲ့သူပဲလေ ရှင်ကဘာတွေအခဲမကြေနိုင်ဖြစ်နေရသေးတာလဲ..."


"မရဘူး..."


" အကြီးအကဲရှင့်..."


ယောင်စစ်က ဝန်ဆောင်မှုစင်တာမှ ဝန်ထမ်းဆီသို့ လှည့်ကြည့်လိုက်သည်။


" ဟင်..."


ငါကဘာလုပ်ပေးရမှာတုန်းလို့...


" ရှင့်အမြင်ကဆရာ ဘယ်လိုလဲ..."


" အယ်..."


ဝန်ဆေညင်မှုစင်တာ အဖွဲ့သားလေးကဆွံ့အသွားရသည်။ သူကဤနေရာတွင် လူသစ်လေးများအား ကူညီရန်ရောက်ရှိနေခြင်းသာဖြစ်ပြီး ဤသို့ဗာဟီရများသော ဖောက်သည်နှင့်ကြုံရလိမ့်မည်ဟု မမျှော်လင့်ခဲ့ဘူးချေ။


သို့သော်လည်း  ဖောက်သည်ကအမြဲတမ်းမှန်သည်ပင်။ ထို့ကြောင့် သူကခေါင်းငြိမ့်ပြရန်ပြင်လိုက်ချိန် အခြားသူတစ်ဦးက စကားဝင်ပြောလာပြန်၏။


" ဒီကိစ္စနဲ့ပတ်သတ်ပြီး ငါထင်တာက..."


ထိုသူက ဝန်ဆောင်မှုစင်တာအဖွဲ့သားဘေးရှိ လေးဦးအနက်မှတစ်ဦးဖြစ်သည်။ 


ယောင်စစ်နှလုံးသားလေး လေးလံသွားရသည်။ ဤလူက ဂိုဏ်းချုပ်ဘက်မှ ရပ်တည်လိုက်မည်ကို စိုးရိမ်သွားမိ၏။


သူက အင်မတန်လေးနက်သောအမူအယာဖြင့်...


" မင်းပြောတာလုံးဝကိုမှန်တယ်လို့ထင်တယ်..."


ဟင်...


" အမှန်ပဲ မင်းပြောသွားတာတွေ အရမ်းကျိုးကြောင်းသင့်တယ်..."


" ဟုတ်တယ် အမှန်ပဲ ဒီလူငယ်လေးကိုအပြစ်လွှတ်သင့်တယ်..."


" မြန်မြန် စီနီယာက သူ့ကိုလွှတ်ဖို့ပြောနေတာ မကြားဘူးလား..."


" ဟုတ်တယ် စီနီယာပြောတဲ့စကားက ဖြစ်သင့်တာတွေပဲ သူ့ကိုယုံကြည်တယ်..."


" စီနီယာ့ရဲ့စကားတွေအတွက် လက်ခုပ်တီးကြ..."


ဖြောင်းဖြောင်းဖြောင်းး


ငြိမ်သက်သော ခန်းဆောင်အတွင်း၌ လက်ခုပ်သံများ ပဲ့တင်ညံသွားလေသည်။


ဝန်ဆောင်မှုစင်တာမှအဖွဲ့သား ၊ ဂိုဏ်းချုပ် ၊ ယောင်စစ်၊ ဇန်ဇီချန်နှင့်  အခြားသောတပည့်များက တိတ်ဆိတ်စွာကြည့်ရှုနေမိကြသည်။


ဒီသံပတ်ရုပ်လေးကောင်က ဘယ်ကရောက်လာကြတာလဲ...