Chapter 90
ဘောလုံးအုပ်စုလေး
"အိုင်း ညီမရေ... ကြည့်ရတာ ခန္ဓာကိုယ်ကနေ အသိစိတ်ထွက်သွားတာ ပထမဆုံးကြုံဖူးတဲ့ပုံပဲ..."
အစိမ်းရောင်မြူခိုးလုံးလေးက မြူခိုးများကြမှထွက်ပေါ်လာသည်။
"မင်းရဲ့ အခုအခြေအနေက အသိစိတ်ပျောက်ကွယ်နေတဲ့အခြေအနေမှာရှိနေတယ်... အနည်းဆုံးတော့မင်းမှာ မြူခိုးလုံးတစ်ခုဖြစ်နေပြီဆိုတော့ ပျော်လိုက်တော့.. စိတ်မပူပါနဲ့ အချိန်ရောက်လာရင် ပုံမှန်ပြန်ဖြစ်သွားမှာပါ..."
"ရှင်ဘာပြောတာ..."
ယောင်စစ် သူမစိတ်အတွင်းရှိ ထိတ်လန့်မှုကို မြိုသိပ်ကာ မေးလိုက်သည်။
"မင်းက အာကာသမျိုးနွယ်ရဲ့ လေ့ကျင့်ရေးဖောက်သည်တစ်ယောက် မဟုတ်လား..."
အစိမ်းရောင်အလုံးက မေးလာသည်။
ယောင်စစ်ခေါင်းငြိမ့်ပြလိုက်ကာ သူမကိုယ်သူမ ဘောလုံးလေးဖြစ်နေမှန်းသတိရသွား၍ ခပ်မြန်မြန်မေးလိုက်သည်။
"ဟုတ်တယ်လေ.. ရှင်တို့ရောလား..."
"ဒါပေါ့..."
အစိမ်းရောင်အလုံးလေး ခုန်ပေါက်လိုက်သည်။
"မင်းမလာခင်ကတည်းက လက်ဆောင်ရဖို့ ဒီကိုရောက်နေကြတာ..."
လက်ဆောင်...
ယခုအချိန်တွင် အဲ့စကားလုံးက သူမကိုသွားပင် ကိုက်သွားစေသည်။
"သူတို့ပြောတဲ့လက်ဆောင်ဆိုတာက ဝိဉာဉ်ဝါးမြိုအလံမလား..."
"ဟုတ်ပါ့..."
"ဒါဆို ငါတို့အခုဘယ်ရောက်နေကြတာလဲ..."
"ဝိဉာဉ်ဝါးမြိုအလံထဲမှာလေ..."
အစိမ်းရောင်အလုံးလေးက ခုန်ပေါက်ပြီး ဝံ့ကြွားစွာဖြေလာသည်။
"မင်းပထမဆုံးဝင်လာတုန်းက ငါ့ရဲ့အသိစိတ်က တခြားသူတွေထက် ပိုကြီးနေတာ သတိမထားမိဘူးလား... မင်းရဲ့ စိတ်ပိုင်းဆိုင်ရာသန်မာမှုကို ဒီမှာလေ့ကျင့်တာအကောင်းဆုံးပဲ..."
သူမ၏ အသိစိတ်က ပိုမိုအသက်ဝင်လာသည်ကို ခံစားလိုက်ရပြီး ထိန်းချုပ်နိုင်စွမ်းလည်း ပိုမိုချောမွေ့လာသည်။ သို့သော်....
"ငါတို့ခန္ဓာကိုယ်တွေကြတော့ ဘယ်လိုလုပ်မလဲ..."
သူတို့ရဲ့ အသိစိတ်တွေထွက်ခွာလာပြီဆိုတော့ ခန္ဓာကိုယ်အခွံလွတ်ကြီးက အပြင်ဘက်မှာကျန်ခဲ့မှာပေါ့....
"အဲ့ဒီ့အကြောင်း စိုးရိမ်စရာမလိုပါဘူး.."
အစိမ်းရောင်ဘောလုံးက ဘေးသို့ လွင့်သွားပြီး အပြာရောင်ဘောလုံးကို ရှင်းပြခိုင်းလိုက်သည်။
"လာပါ လာပါ... အပြာရောင်ဘောလုံး မင်းက အာကာသမျိုးစိတ်တွေထဲကတစ်ယောက်ဆိုတော့... ဒီညီမလေးကို ရှင်းပြပေးလိုက်စမ်းပါ..."
အဟမ်း...
အပြာရောင်ဘောလုံးက လည်ချောင်းရှင်းလိုက်သည်။
"ညီမ... စိတ်ပူစရာမလိုပါဘူး... ငါတို့အာကာသမျိုးစိတ်တွေက အမြဲတမ်းဖောက်သည်တွေကို အကောင်းဆုံးဝန်ဆောက်မှုပေးတယ်... စသုံးတဲ့သူတွေအတွက်လမ်းညွှန်မှာ အလိုအလျောက်ကာကွယ်ရေးစနစ်ကို ထည့်ပေးထားတယ်.. မင်းရဲ့အသိစိတ် ခန္ဓာကိုယ်ကထွက်သွားတာနဲ့ ကွန်ပျူတာလက်ပတ်က မင်းရဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းထားပေးပါလိမ့်မယ်..."
သူက ဝန်ဆောင်မှုပေးရာတွင်ကျွမ်းကျင်သူကြီး တစ်ယောက်နှယ် ရှင်းပြလာသည်။
"ထိန်းသိမ်းခကို နာရီအလိုက်ကောက်ခံပြီး မင်းရဲ့ဘဏ်အကောင့်နဲ့ချိတ်ထားလိုက်တာပဲ... မင်းထွက်သွားချင်လာချိန် ဒါမှမဟုတ် ဘဏ်အကောင့်ထဲ လက်ကျန်ငွေမလုံလောက်တော့ချိန်မှာ မင်းရဲ့အသိစိတ်က ခန္ဓာကိုယ်ထဲ အလိုအလျောက်ရောက်သွားလိမ့်မယ်...."
"..."
ဒီအတွက်လည်း ငွေကောက်ခံတယ်ပေါ့လေ...
အဆင့်တက်လက်ဆောင်ဆိုတာက သူတို့ရဲ့ငွေရှာတဲ့ နောက်ထပ်နည်းလမ်းတစ်ခုနဲ့ တူနေတယ်နော်...
"ကောင်းပြီ ကောင်းပြီ... နောက်ဆုံးတော့ ငါတို့တရားဝင်လူလေးယောက်ရခဲ့ပြီ စကြတာပေါ့..."
အဖြူရောင်ဘောလုံးက သူတို့ကို စိတ်ရှည်စွာပြောလာသည်။
"ဘာ..."
ယောင်စစ် စိတ်ရှုပ်ထွေးသွားသည်။
"ဘာကိုစကြမှာလဲ...."
ဘောလုံးသုံးလုံးက ထောင့်တစ်နေရာစီသွားကြပြီး အစိမ်းရောင်ဘောလုံးက စိတ်လှုပ်တရှားလေသံဖြင့် ပြာလာသည်။
"ညီမရယ်... ငါတို့မှာအချိန်တွေအားနေမှတော့ဘာလို့မာကျောက်မကစားပဲနေရမှာလဲ... ငါတို့ကစားသမားတစ်ယောက်လိုနေခဲ့တာလေ..."
"..."
ဟမ်... တစ်စိတ်လောက်...
"ညီမ... ငါတို့မင်းကို ဘယ်လောက်တောင်ကြာအောင် စောင့်ခဲ့ရလဲ သိမှာမဟုတ်ဘူး..."
"ဟုတ်ပါ့ ဟုတ်ပါ့... ငါဆို ဒီကြောက်စရာကောင်းတဲ့နေရာကိုရောက်နေတာ ခုနစ်ရက်ရှိပြီ..."
အပြာရောင်ဘောလုံးက ပြောလာသည်။
"ခုနစ်ရက်တဲ့လား... ငါဖြင့် စောင့်နေတာ တစ်လရှိပြီဟ...."
အဖြူရောင်ဘောလုံးက ဒေါသတကြီးပြောလာသည်။
"တစ်လလုံးကြာပြီးမှ မင်းကဒီကိုရောက်လာတာလေ..."
သူတို့က မာကျောက်လေးကစားချင်လို့ သူမကို အားရပါးရလှည့်စားနေကြတာလား...
သူမ နှဖူးကိုသာ ဖြန်းကနဲရိုက်ချင်လာသည်။
ဒီထက်ပိုပြီး ရည်မှန်းချက်လေး ကြီးလို့မရဘူးလားဟယ်....
"လေ့ကျင့်တာကရော..."
နင်တို့အရမ်း ပေါ့တီးပေါ့ဆဖြစ်မနေဘူးလား...
"အသိတရားက ခန္ဓာကိုယ်ကထွက်သွားတဲ့ ခံစားချက်ကိုပဲ ပြန်သုံးသပ်နေဖို့လိုတာ... ဒီအခြေအနေမှာ မင်းလုပ်နိုင်တာ အများကြီးမရှိဘူးလေ.."
အပြာရောင်ဘောလုံးက ရှင်းပြလာကာ သူ၏မျက်နှာက အဆန်းတကျယ်ဖြစ်နေသည်။
"ညီမ မာကျောက်ဆိုတဲ့ဂိမ်းကို မကြားဖူးဘူးမလား..."
"..."
မဟုတ်ဘူး... ငါသိတယ်... ကောင်းကောင်းကြီးကို ဆော့တတ်တယ်...
"ငါပြောပြမယ်... အတိတ်တုန်းက အဲ့ဂိမ်းက ကမ္ဘာပေါ်မှာ ရေပန်းအစားဆုံး ဖျော်ဖြေမှုတစ်ခုပဲ... ငါ့သူငယ်ချင်းရဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်းက အဆက်အသွယ်ကောင်းကောင်းရှိတော့ သွေးစုပ်ဖုတ်ကောင်ပြတိုက်ကို တစ်ချက်လောက်သွားကြည့်ခဲ့ဖူးတယ်တဲ့... သူပြတိုင်အစောင့်ဆီကကြားတာ မာကျောက်မှာ နှစ်သန်းချီတဲ့ သမိုင်းကြောင်း ရှိတယ်တဲ့လေ..."
"..."
မာကျောက်အတွက် ဘယ်လောက်တောင် စိတ်ကူးယဉ်ဆန်လိုက်သလဲ...
"မင်းပါးစပ် ပိတ်လိုက်တော့... လွန်ခဲ့တဲ့ နာရီဝက်ကတည်းက ကြွားလုံးထုတ်နေတာလေ တော်လောက်ပြီပေါ့... ဒါကိုမြန်မြန်လေး လာကြည့်လှည့်..."
အဖြူရောင်ဘောလုံးက စိတ်မရှည်စွာ အမိန့်ပေးလာသည်။
"ကောင်းပြီလေ... ကြည့်ထားလိုက်စမ်း..."
မြူခိုးများ ပြန့်ကျဲသွားကာ မူလက ဘတ်စကတ်ဘောအရွယ် ဘောလုံးက သေးငယ်သော အဆစ်လေးအဖြစ် ပြောင်းလဲသွားကာ အဖြူနှင့်အပြာနောက်ခံ အစက်များနှင့် စာလုံးများပါဝင်သော ဝါးပင်များပုံပါသော လက်နှစ်ဆစ်အရွယ် လေးထောင့်ပုံကြွေပြားများ ဖြစ်သွားကြသည်။
-_-|||
အပြာရောင် ဘောလုံးက ကစားနည်းအကွက်ပေါင်းမျိုးစုံကိုသင်ပေးပြီး ဂိမ်းစည်းမျဉ်းများနှင့်အတူ မတူညီသော ကစားပုံများကိုပါရှင်းပြခဲ့သည်။
"အရင်ဆုံးအစမ်းဆော့ကြည့်ကြတာပေါ့... ခက်လာတာနဲ့တိုးမှ ဆက်ရှင်းပြမယ်လေ... မာကျောက်ဆော့တဲ့ကြွေပြားတွေက တစ်ရာ့လေးဆယ်တောင်ရှိတော့ နည်းနည်းတော့ရှုပ်ထွေးတယ်ရယ်..."
ရုတ်တရက် သူစကားပြောနေသည်မှရပ်လိုက်ပြီး ခပ်တိုးတိုးကျိန်ဆဲလိုက်သည်။
"ဖက်ခ်... ငါ့မှာအသိစိတ်လုံလုံလောက်လောက်မရှိတော့ တစ်ရာ့လေးဆယ်ပဲဖွဲ့နိုင်တယ်... အစိမ်းရောင်ဘောလုံး ငါ့ကိုတခြားဟာတွေဖွဲ့ဖို့ ကူညီပေးပါဦး..."
"ငါလား..."
အစိန်းရောင်ဘောလုံး အံ့ဩသွားသည်။
"ငါကဘယ်လိုလုပ် လုပ်တတ်မှာလဲ... တစ်ခါမှ မှမမြင်ဖူးတာကြီးကို..."
"ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲ... ဒီတိုင်းဆိုဆော့လို့မရဘူးလေ..."
"အဲ့လောက်မလိုပါဘူး..."
ယောင်စစ် မနေနိုင်မထိုင်နိုင် ဝင်ပြောလိုက်ရသည်။
"ငါတို့ ချန်းရှ မာကျောက်ဆော့လို့ရတယ်လေ... အဲ့တာက တစ်ရာ့ရှစ်ခုပဲလိုတာ..."
ဘောလုံးသုံးလုံး တောင့်ခဲသွားကြကာ သူမကိုအထိတ်တလန့်ကြည့်လာကြသည်။
"ညီမ... မင်းအဲ့အကြောင်းသိတယ်လား..."
အပြာရောင်ဘောလုံးက စိတ်လှုပ်တရှားဖြင့် ခုန်ပေါက်နေလေသည်။
"အာ.. နည်းနည်းလောက်ပါပဲ..."
သူမ ဂိမ်းစည်းမျဉ်းများကိုရှင်းပြရင်း ဘေးသို့တိုးကပ်လိုက်သည်။
"ညီမက...ကျွမ်းကျင်သူတစ်ယောက်ပဲ..."
အပြာရောင်ဘောလုံးက သူ၏မြူခိုးများဖြင့် လက်မထောင်ပြလိုက်သည်။
"ဒါဆို ဒီအတိုင်းပဲကစားကြတာပေါ့..."
"အာ..."
နေပါဦး... ငါဘာလို့သူ့တို့ကို ပြောပြမိတာပါလိမ့်...
"လာပါ လာပါ... ကစားပွဲစကြမယ်လေ..."
သူတို့တကယ်ကြီးဆော့ကြတော့မှာလဲ... သူမငြင်းလို့မရဘူးလားဟင်...
ယောင်စစ် ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး စကားလမ်းကြောင်းလွှဲရန်လုပ်လိုက်သော်လည်း သူတို့ ရောက်နေသည့်နေရာမှာ မည်သည့်အလင်းမှမရှိသော အဆုံးမဲ့သည့်နေရာလွတ်ဖြစ်နေကြောင်း သိလိုက်ရသည်။ နေရာလွတ်ကြီးတစ်ခုလုံးက မဲမှောင်နေပြီး အစိမ်းရောင်တစ်စွန်းတစ်စနှင့် အပင်များမရှိသဖြင့် ဗလာနတ္ထိဖြစ်နေသော အခေါင်းပေါက်ကြီးနှယ်ဖြစ်နေသည်။
သို့သော် သူတို့ကို ရည်ရွယ်ချက်မရှိ မျောလွင့်နေသည့် လေးလံထိုင်းမှိုင်းနေသော မီးခိုးရောင်ဘေးလုံးများစွာဖြင့် ဝန်းရံထားလေသည်။ ထိုဘောလုံးများက သူတို့နှင့်တူသော်လည်း စကားမပြောနိုင်သလို လွတ်လွတ်လပ်လပ်မရွေ့လျားနိုင်ပေ။
"သူတို့ကဘာတွေလဲ..."
သူမမေးလိုက်သည်။
အပြာရောင်ဘောလုံးက မည်သို့ဖြေရမည်ကို စဉ်းစားနေသည့်နှယ် အနည်းငယ်လှုပ်ရှားသွားသည်။ ခဏအကြာတွင် အသံတိုးတိုးဖြင့် ပြန်ဖြေလာသည်။
"အိုး... အဲ့တာတွေကလည်း ဝိဉာဉ်ဝါးမြိုအလံဆီက စုပ်ယူခံရတဲ့ အခြားအသိစိတ်တွေလေ..."
"အခြားအသိစိတ်တွေ..."
ယောင်စစ် အော်လိုက်မိသည်။
"အဲ့တာဆို ဘာလို့များ...."
"ဝိဉာဉ်စားအလံက ဝိဉာဉ်တွေကိုဝါးမြိုဖို့သုံးတာလေ... ဝိဉာဉ်တစ်ခုက ခံနိုင်ရည်မရှိရင် သေတာနဲ့ဆင်တူတဲ့ အသက်မဲ့နေတဲ့မီးခိုးရောင်တွေ ဖြစ်သွားကြတာပဲ..."
သူက အေးဆေးစွာဖြေလိုက်သည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့... ဒီဝိဉာဉ်ဝါးမြိုအလံတွေဆိုတာ အရိပ်ဂြိုလ်ပေါ်က ဒေသခံမျိုးနွယ်စုတွေရဲ့ ဝိဉာဉ်တွေကိုပဲစုပ်ယူတာ... အာကာသမျိုးနွယ်စုဒါမှမဟုတ့ အခြားမျိုးနွယ်စုတွေအပေါ် သက်ရောက်မှုမရှိဘူး... ငါတို့ ဘယ်အန္တရာယ်မှမကျရောက်ပါဘူး..."
ယောင်စစ်မျက်မှောင်ကြုတ်ကာ မရေမတွက်နိုင်အောင် များပြားလှသော မီးခိုးရောင်ဘောလုံးများကို ကြည့်လိုက်မိသည်။ သူမ၏ နှလုံးပင်တစ်ချက်မျှ ဆောင့်ခုန်သွားပြီး ဝိဉာဉ်ဝါးမြိုအလံမှ မည်မျှများသော ဝိဉာဉ်များကို ဆောင်ယူထားမှန်း တွေးမိသွားသည်။
"ဒါတွေအားလုံးက သူတို့ရဲ့အတွေ့အကြုံတွေပဲလေ..."
အပြာရောင်ဘောလုံးက သူမတွေးနေသည်ကို သိနေဟန်ဖြင့် ပြောပြလာသည်။
"အာကာသမျိုးနွယ်တစ်ယောက်ဖြစ်လာဖို့က အရမ်းခက်ခဲတယ်... အောင်မြင်တဲ့လူတွေက အာကာသမျိုးနွယ်ဖြစ်လာပေမဲ့ အောင်မြင်ဖို့လောက်အထိ မသန်မာတဲ့သူက အလံရဲ့ အာဟာရအဖြစ် အဆုံးသတ်သွားမှာပဲ... အာကာသမျိုးနွယ်မှာတင်မကဘူး... မျိုးနွယ်စုတိုင်းရဲ့ ဆင့်ကဲဖြစ်စဉ်က ဒီလိုပုံစံမျိုးတွေပါပဲ..."
ယောင်စစ် မူရွှမ်ပြောပြခဲ့သည့် သွေးစုပ်ဖုတ်ကောင်များ၏ သမိုင်းကို ပြန်တွေးမိလိုက်သည်။ မျိုးနွယ်စုတိုင်း၏ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်တွင် စတေးမှုများရှိကြမည်သည်။ သွေးစုပ်ဖုတ်ကောင်များပင် ၎င်းတို့၏ မျိုးဆက်လက်ဆင့်ကမ်းနိုင်သည့် ကမ္ဘာဂြိုလ်သားများ၏ မျိုးသုဉ်းမှုကို ကြုံတွေ့ခဲ့ရသေးပေသည်။
"ဝါးငါးခု..."
"ပေါင်..."
ယောင်စစ် သူမ၏တွေးနယ်လွန်နေသော အတွေးကိုပြန်ဆွဲယူကာ မာကျောက်ကစားပွဲအပေါ် ပြန်လည်အာရုံစိုက်လိုက်ပြီး မာကျောက်ကစားသည့်ကြွေပြားကို ယူလိုက်သည်။ အမျိုးသားယဉ်ကျေးမှု၏ ဖြူစင်သော အနှစ်သာရဖြစ်ပြီး ကျယ်ပြန့်ကာ နက်နဲသိမ်မွေ့လှသည့် တရုတ်လူမျိုးများ၏ ယဉ်ကျေးမှုအမွေအနှစ်ဖြစ်သည့် အနုပညာတစ်ရပ်ဖြစ်သော မာကျောက်တွင် သူမမည်သို့ ရှုံးနိုင်မည်နည်း။
"ဟူ..."
"ထိ..."
"ဟူ..."
"ထိ..."
"အကုန်လုံးတစ်ပြိုင်တည်း..."
"ပေါင် ပေါင် ဟူ..."
တစ်ချိန်လုံး သူမ၏ အောင်ပွဲခံသံများကိုသာ ကြားနေရသည်။
ကျန်ဘောလုံးသုံးလုံးက သူမကိုငေးကြည့်နေရုံသာ တတ်နိုင်နေသည်။
"ညီမရေ... မင်းရဲ့တကယ့်အလုပ်က ကမ္ဘာဂြိုလ်ရဲ့သမိုင်းကို လေ့လာတာမျိုးမလား... ဟုတ်တယ်မလား..."
"ဟားဟား... ကျွန်မ နည်းနည်းလောက်ပဲ လေ့လာခဲ့တာပါ..."
မိုက်မဲလှတဲ့ဂြိုလ်သားလေးတွေက သူမလို လူကိုယ်တိုင်က ရှေးဟောင်းအမွေအနှစ်ဖြစ်နေတဲ့လူနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်ပါ့မလဲ... သူမရှုံးမှသာ အံ့ဩစရာကြီးဖြစ်နေမှာ... ဟားဟား...
အာ.. နေစမ်းပါဦး...
သူမဒီကို စိတ်ပိုင်းဆိုင်ရာသန်မာမှုလေ့ကျင့်ဖို့ လာခဲ့တာ မဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး မာကျောက်ကစားတာနဲ့ အဆုံးသတ်သွားရတာလဲ... ပြီးတော့ သူမ တစ်နာရီကြီးတောင် ထိုင်ကစားလိုက်မိသေးတယ်...
သူမ သတိလည်းပြန်ဝင်လာရော ကျန်တဲ့ ဘောလုံးသုံးလုံးက ရှုံးလွန်းလို့ အီးမှန်နေသလိုဖြစ်နေကြပြီ...
○| ̄|_
အမျိုးသားယဉ်ကျေးမှု ဓလေ့ထုံးတမ်းကြီးက တကယ့်ကို တန်ခိုးကြီးမားလှပါတယ်... ဆော့မိလို့ ဆော့မိမှန်းတောင် တကယ်ကြီး သတိမထားမိဘူး....
"ဟူ..."
အပြာရောင်ဘောလုံးက သူ၏ ကြွေပြားအားလုံးကို လှဲချလိုက်ပြီး အလွန်အမင်းဂုဏ်ယူစွာဖြင့် အကြိမ်ပေါင်းများစွာ ခုန်ပေါက်နေလေသည်။
"ငါနိုင်ပြီ ငါနိုင်ပြီ.. နောက်ဆုံးတော့ ငါပထမဦးဆုံးအကြိမ် နိုင်ခဲ့ပြီ... ငါတို့အပြင်ရောက်ရင် ငါ့ကို စကြဝဠာသုံးငွေပေးရမှာနော်... စကြဝဠာသုံးငွေ..."
"..."
တစ်ခါလေးနိုင်တာကို အဲ့လောက်ကြီး ပျော်နေဖို့လိုလို့လား...
"ခဏနပေါဦး..."
ယောင်စစ် ကြွေပြားများကို အနီးကပ်ကြည့်လိုက်ပြီး ထိုအထဲမှသုံးခုကို ဆွဲထုတ်လိုက်သည်။
"၃၅၆... ဒါဆို မနိုင်ဘူး... အခုလို နိုင်ပွဲအမှားကြီးကို အော်ပြောလို့ ကျန်တဲ့ကစားသမားသုံးယောက်ကို ပိုက်ဆံပေးရမယ်..."
အဖြူနှင့် အစိမ်းရောင်ဘောလုံးများက သူတို့သူငယ်ချင်း၏ ကံမကောင်းမှုကြီးကို ဝမ်းသာလုံးဆို့သွားကြသည်။
"ဟားဟားဟား... အပြာရောင်ဘောလုံးရေ ငါတို့ကို မြန်မြန်လေးပေးလိုက်စမ်း...."
အပြာရောင်ဘောလုံး တောင့်ခဲသွားကာ သူ၏တစ်ကိုယ်လုံး မဲမှောင်သွားကာ မှောင်မဲနေသည့် မိုးတိမ်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ခဏကြာ တောင့်ခဲပြီးနောက်တွင် နေရာလွတ်တစ်ခုလုံး တုန်ခါသွားကာ မူလက နက်မှောင်နေသောနေရာကြီးက အနီရဲရဲအဖြစ်ပြောင်းလဲသွားသည်။
ဘောလုံးအားလုံး အနီရောင်အဖြစ် ပြောင်းလဲသွားသည်။
"သွားကြစို့ သွားကြစို့..."
ဘောလုံးသုံးလုံးက ကြွေပြားများကို ပစ်လိုက်ပြီး ကောင်းကင်ကို စိတ်လှုပ်တရှားပြေးသွားကြသည်။
သူတို့ဘာတွေလုပ်နေကြတာလဲ...
ယောင်စစ် ကြောင်အနေကာ သူတို့နောက်မှ လိုက်သွားလိုက်သည်။ သူမ ထိပ်သို့ရောက်သောအခါ အတောက်ပဆုံးနေရာကို ရောက်သွားမှန်း သတိထားလိုက်မိသည်။
"ဝါး... သုံးရက်တောင်ရှိပြီပဲ.. နောက်ဆုံးတော့ ဒီမိုက်မဲလှတဲ့ကလေးက ဂူထဲကထွက်လာပြီပဲ..."
"ဒီတစ်ခေါက် သူဘယ်သူနဲ့တွေ့မလဲ သိချင်လိုက်တာ..."
"ဆွဲဆောင်မှုရှိတဲ့လူလား... ဖြူဖြူစင်စင်လေးလား... ကျောက်ကျစ်တဲ့လူလား..."
ဘောလုံးသုံးလုံးက အကြိတ်အနှယ်ဆွေးနွှေးနေကြချိန်တွင် ယောင်စစ်က သူတို့ကို စိတ်ရှုပ်နေသည့်ပုံဖြင့် ကြည့်လိုက်မိသည်။
သူတို့ဘာတွေ ပြောနေတာလဲ...
သူတို့ မရှင်းပြမီ အနီရောင်အလင်းဘေးတွင် မှိန်ဖျော့ဖျော့အရိပ်တစ်ခု ထွက်ပေါ်လာသည်။ အရိပ်ကို အလင်းလွှာတစ်ခုက လွှမ်းခြုံထားပြီး စူးစိုက်ကြည့်လေ ပိုမိုရှင်းလင်းလာလေဖြစ်သည်။ ခဏအကြာတွင် ရင်းနှီးနေသည့် ဝက်ခေါင်းကြီးထွက်ပေါ်လာသည်။
သူ့ကိုယ်သူ အတော်ဆုံးနတ်ဆိုးကျင့်ကြံသူလို့ခေါ်ပြီး သူမကိုဂူထဲမှာ လာတိုက်ခိုက်တဲ့လူကြီးမလား...
သူတို့ အပြင်မှာဘာတွေဖြစ်နေလဲ တကယ်ကြီးမြင်ရတယ်ပေါ့လေ...
"သူရောက်လာပြီ သူရောက်လာပြီ... နောက်တစ်ယောက်က ဘာနဲ့တူမလဲ သိချင်လိုက်တာ..."
"ငါတော့ အရင်တစ်ခေါက်က ရင်ဘတ်ကြီးကြီးနဲ့တစ်ယောက် ကိုကြိုက်တယ်..."
"ငါတော့ သူမရှေ့က အေးစက်စက်နဲ့တစ်ယောက်ကို ကြိုက်တယ်... ရုပ်သာလှရင် အကုန်လုံး အဆင်ပြေတယ်..."
"ငါ အဲ့ငတုံးကောင်လေးကို တကယ်မနာလိုဘူး... ရက်အနည်းငယ်ကြာတိုင်း ကောင်မလေးအသစ်နဲ့တွေရတယ်... စကြဝဠာကြီးထဲမှာ ဒီလောက်ကံကောင်းတဲ့လူ ရှိသင့်ရဲ့လား..."
"ဟုတ်ပါ့ ဟုတ်ပါ့... သူနဲ့တွေ့တဲ့လူတိုင်းကိုလည်း သတ်သေးတာ... တကယ့်ကို အသည်းနှလုံးမရှိတဲ့လူကြီး... ဒါက အဖိုးတန်သတ္တဝါလေးတွေကို ဖြုန်းတီးပစ်လိုက်သလိုပဲ..."
"မင်းဘာသိလို့လဲ.. သူသင်ယူနေတဲ့နည်းက ယန်စွမ်းအင်ကိုဖြည့်ဖို့ ယင်စွမ်းအင်စုဆောင်းဖို့လိုတယ်ကွ... အကယ်၍ သူသာ အဲ့လိုမလုပ်ရင် ဘယ်လိုလုပ်ပြီးတိုးတက်တော့မှာလဲ... အိုင်းယား... ငါလည်း နတ်ဆိုးလမ်းစဉ်လိုက်ခဲ့သင့်တာကွာ..."
"ဒီတစ်ကြိမ် ဘယ်လောက်ကြာမယ်ထင်လဲ.. တစ်နာရီလား..."
"ငါတော့ မိနစ်နှစ်ဆယ်ထင်တာပဲ... ဒီအရူးက ဘယ်လောက်ကြာမှာမလို့လဲ..."
"ငါတော့ ဆယ်မိနစ်ထင်တာပဲ..."
ယောစစ် ယခုဖြစ်လာတော့မည့် မကောင်းသည့်အရာများကို အာရုံခံလိုက်မိဟန်ဖြင့် ငြိမ်ကျသွားသည်။
“…”
ဖက်ခ်... ဒီလိုဟာတွေစောင့်ကြည့်ဖို့ သူတို့တွေက ပြေးလာကြတာလား.. နင်တို့ ကိုယ်ကျင့်တရားတွေ ဘယ်ရောက်သွားလဲ... မာကျောက်ကစားရင်း ထွက်ပြေးသွားကြတာလား...
ဤလူတစ်စုက ဖြစ်လာမည့်အရာများကို ရင်းနှီးကျွမ်းဝင်နေဟန်ဖြစ်နေရာ လွန်ခဲ့သည့်တစ်လအတွင်း ဤကဲ့သို့ဖြစ်ရပ်မျိုးများစွာကို ကြုံဖူးခဲ့ပြီး ဖြစ်လိမ့်မည်။
အပြင်ဘက်ရှိလူက ဖယောင်းတိုင်တစ်တိုင်ထွန်းလိုက်သည်မှာ ကြည့်နေကြသည့် ပရိတ်သများကို ဂရုပင်မစိုက်သည့်ပုံဖြစ်နေသည်။ သူလွန်ခဲ့သည့်အချိန်လောက်က ရခဲ့သည့် ဝိဉာဉ်ဝါးမြိုအလံထဲတွင် လေ့ကျင့်ရန်လူများစွာ ရှိနေသည်ကို မသိလောက်ပေ။ ၎င်းက သူသည် အာကာသမျိုးနွယ်နယ်မြေများတွင် ကျော်ကြားသူဖြစ်နေသည်ကိုပင် မသိလောက်ပေ။
နေစမ်းပါဦး... စကြဝဠာတစ်ခုလုံးမှာတောင် နာမည်ကြီးနေလောက်တယ်...
သူဖယောင်းတိုင် ထပ်ထွန်းနေပြန်ပြီ...
ယောင်စစ် သူမမျက်နှာကို အုပ်လိုက်ပြီး အဝေးသို့ မြူခိုးများနှယ် ပြေးထွက်သွားကာ ဘာမှမကြားသလို ဟန်ဆောင်နေလေသည်။
အဟမ်း... ငါ့အတွေးလေးတွေက အခုထိဖြူစင်နေတုန်းပဲဟ...
"မင်းက နတ်ဆိုးကျင့်ကြံသူပဲ...."
သူမနှင့် အတော်လေးရင်းနှီးနေပုံရသော အသံတစ်ခုကိုကြားလိုက်ရ၍ ယောင်စစ် ထိုလူမျက်နှာကို အပြေးအလွှား လှည့်ကြည့်လိုက်သည်။
ဇန်ဇီချန်... ဘာလို့နင်ဖြစ်နေရတာလဲ...
ဒီကံမကောင်းတဲ့ကလေးကတော့... ဘယ်လောက်တောင် ကံဆိုးမှုတွေနဲ့ ကြုံရနေဦးမှာလဲ... ဒီလို နတ်ဆိုးကျင့်ကြံသူနဲ့ ကြုံလိုက်ရသေးတယ်....ဟူး...
"အမ်.. ဘာလို့ ယောက်ျားကြီးဖြစ်နေရတာလဲ..."
အပြာရောင် ဘောလုံးက မကျေမနပ်ပြောလိုက်သည်။ ကျန်ဘောလုံးသုံးလုံးက ငိုကြွေးနေကြသည်။
"အား... သုံးရက်တောင်စောင့်ပြီးမှ ယောက်ျားကြီးတစ်ယောက်နဲ့ တွေ့ရလား... သူက နှစ်လမ်းသွားဆိုတာကို ငါမသိခဲ့ဘူး..."
"ဟုတ်ပါ့... ငါ့ရဲ့ မိမိုက်တဲ့ကောင်မလေးတွေကို ပြန်ပေးစမ်း..."
"ငါ့ရဲ့သုံးရက်တာကတော့ အလကားဖြစ်သွားပြီ..."
"အိုင်း... သွားကြစို့.. ကြည့်စရာအကြောင်းမရှိတော့ဘူး..."
"ရှင်တို့ ဘာတွေဖြစ်နေကြတာလဲ..."
သူတို့၏ မကျေနပ်ချက်အပြည့်ဖြင့် ငြီးငြူနေမှုများက ကြက်မေမေကြီးယောင်စစ်ကို စိတ်တိုသွားစေသည်။
"ယောက်ျားတစ်ယောက်က
နဲ့ အဲ့လိုမလုပ်နိုင်ဘူးလို့ ရှင်တို့ကိုဘယ်သူပြောလဲ..."
ဘောလုံးသုံးလုံးက သူမကိုလှည့်ကြည့်လာသည်။
အာ... ငါတော်လှန်ပုန်ကန်တာမျိုး တစ်ခုခုပြောမိတာလား...