အပိုင်း၈၀
Viewers 7k

Chapter 80

(မိန်းမလူလိမ်...)


လင်းအိုက်၏ အပြစ်ကင်းသော မျက်လုံးများကို ကြည့်ရင်း စုမုန့် ခေါင်းညိတ် သဘောတူလိုက်သည်။


  “ဆရာကလည်း ညီမကို တွေ့ချင်နေမှာပါ"


စုမုန့်သည် ယာဉ်မောင်းလိုင်စင်ရရှိပြီးဖြစ်ကာ အခု ကားအသစ်လည်း ရသွား၍ ချက်ချင်းပဲ မောင်းထွက်သွားလိုက်၏။သူတို့ သုံးယောက် ကားထဲသို့ ဝင်ခါနီးတွင် ဖက်တီးသည် ဇိမ်ခံကားအသစ်အား မောင်းလာပြီး ကားပြတင်းပေါက်ကို ချ၍ လေတစ်ချက်ချွန်ကာ ပြောသည်။


"အလှလေး မင်း ဖုန်းနံပါတ် ကိုယ့်ကို မပေးချင်ဘူးလား"


ထိုအခါ ခရီးသည်ထိုင်ခုံတွင်ထိုင်နေသော မိန်းမချောသည် စုမုန့်ကို စိုက်ကြည့်နေသည်။


 "မင်းက ဘယ်သူလဲ...ဖုန်းနံပါတ် ပေးစရာလား"


ရှန့်ကျန်းက ရှေ့မှာလာရပ်၍ သူမကိုယ်စား ငြင်းလိုက်သည်။ဖက်တီး၏မျက်လုံးများထဲတွင် တပ်မက်မှုများ ပြည့်နေ၏။သူကလည်း ယောက်ျားတစ်ယောက်ဖြစ်၍ ဖက်တီး၏ အကြည့်ကို ကောင်းကောင်းနားလည်သည်။ဖက်တီးက စုမုန့်ကို လိုက်ချင်နေသည်ပင်။ 


 သို့သော် စုမုန့်သည် ဖက်တီးကို  ဂရုမစိုက်ဘဲ ရှန့်ကျန်းကို ရှောင်ကာ ကတ်ပေးလိုက်သည်။


"ဒါက ကျွန်မရဲ့ လိပ်စာကတ်ပဲ...ရှင့်မှာ  အဆင်မပြေတာရှိရင် အချိန်မရွေး ဖုန်းဆက်နိုင်ပါတယ်”


 "အစ်ကိုချမ်" 


အလှလေးမှာ ဖက်တီး၏ အပြုအမူကို မကျေမနပ်ဖြစ်သွားကာ 


“တတိယအစ်ကိုနဲ့ တခြားသူတွေက ကျွန်မတို့ကို စောင့်နေတာပဲ ..နောက်ကျလိမ့်မယ်... သွားကြစို့"


 ဖက်တီးက သူမကို ဂရုမစိုက်ပေ။ထို့နောက် စုမုန့်၏လိပ်စာကတ်ကို ကြည့်ကာမျက်လုံးပြူးသွား၏။စုမုန့်ကို တစ်လှည့်၊ကတ်ကိုတစ်လှည့်ကြည့်ပြီး 


"ဒါဆို မင်းက လူလိမ်လား...မိန်းမ လူလိမ်လား"


ယခုတော့ သူမက စိတ်ဝင်စားစရာမကောင်းတော့သလို ထင်ရသည်။အစက သူမ၏အလှကိုမြင်ပြီး သာမာန်မိန်းမတစ်ယောက်ဟုသာ သူ ထင်ခဲ့မိသည်။  သူမက လူလိမ်မ ဖြစ်နေမည်ဟု မမျှော်လင့်ခဲ့ပေ။သို့ဖြစ်၍၊သူ သူမကို ကြည့်ပင်မကြည့်ချင်တော့။ သူ တစ်ချက်စိတ်ပျက်သွားသော်လည်း ကတ်ကို ယူထားလိုက်၏။ထို့နောက် ဘာမှမပြောဘဲ လီဗာကိုနင်းကာ အမြန်ထွက်သွားခဲ့သည်။


" ဇိမ်ခံကားဆိုတော့ အရမ်းမြန်တာပဲ"


ရှန့်ကျန်း သက်ပြင်းချကာ ပြောလိုက်သည့်စကားကို ဘေးနားရှိ လင်းအိုက်က ခေါင်းညိတ် သဘောတူလိုက်သည်။အခင်းဖြစ်ပြီးနောက်တွင် စုမုန့်နှင့် အခြားနှစ်ဦးလည်း ကားပေါ်သို့တက်ကာ ထွက်ခွာသွားခဲ့သည်။


 ကားထဲမှာ လင်းအိုက်က စုမုန့်ကို "အဲဒီကားက ဘာပြဿနာရှိလို့လဲ"


"အရင်က တစ်ခုခုဖြစ်ခဲ့နိုင်တယ်"  


ကားပတ်ပတ်လည်တွင် မီးခိုးရောင် မြူခိုးများကို သူမ ယောင်ဝါးဝါး မြင်နေရသည်။ယခင်က

အနက်ရောင် မြူခိုးများကိုပင် သာမန်မျက်စိနှင့် မမြင်နိုင်ခဲ့ပေ။ကားက အလွန် အခြေအနေဆိုးနေတာကြောင့်လား သို့မဟုတ် သူမ၏ စွမ်းရည်တွေ တိုးတက်လာတာကြောင့်လား ဆိုသည်ကိုတော့ မပြောတတ်ပေ။ယခုလည်း သူမသည် အင်းစာရွက်ကိုပင် မထုတ်လိုက်ရဘဲ မြင်နေရသည်။ 


 "ဒါဆို သူတို့ ဘာဖြစ်သွားမလဲ"  


လင်းအိုက် သည် ဖုန်းရွှေပညာရပ်ကို မသိသော်လည်း သူမသည် ရှေးဟောင်းပစ္စည်းဆိုင်တွင် အချိန်ပိုင်းအလုပ်လုပ်ခဲ့သည်မှာ အတန်ကြာနေပြီဖြစ်သောကြောင့် ထိုအရာကို နားလည်သဘောပေါက်ခဲ့သည်။မကောင်းသောအရာများသည် လူတို့ကို ကံဆိုးစေနိုင်ကြောင်းသာ သိသည်။


 "မသိဘူး...ယာဉ်မတော်တဆမှုလည်းဖြစ်နိုင်သလို ဘရိတ်ပေါက်တာလည်း ဖြစ်နိုင်တယ်...ဘာပဲပြောပြော သူ့ကိုသတိပေးထားပြီးသားပဲ၊ ဒါပေမယ့် သူ နားမထောင်ဘူး...နောက် ဘာဖြစ်လာမလဲ ဆိုတာကတော့ သူ့ကံတရားပေါ်မှာပဲ မူတည်လိမ့်မယ်”


ဖက်တီး၏ အကြည့်များသည် ခက်ထန်သော်လည်း ကြင်နာမှုအရိပ်အယောင်ကို သူမ မြင်နိုင်သည်။သူ့မျက်နှာရှိ အဆီများကြောင့် ကြောက်စရာကောင်းနေသော်လည်း အမှန်တော့ သူသည် နောက်ကွယ်တွင် ကုသိုလ်ကောင်းမှုများစွာကို ပြုလုပ်ခဲ့ဖူးပေမည်။အရင်က သူလုပ်ခဲ့ဖူးသည့် ကောင်းမှုကုသိုလ်တွေက သူ့ကို နောက်ဆုံးမှာ ကူညီပေးနိုင်၏။


သူမမှာ ကားတစ်စီးရှိသော်လည်း စုမုန့်သည် ရက်ပေါင်းများစွာ ခရီးနှင် ခဲ့သော လျှပ်စစ်စက်ဘီးကို မမေ့သေးပေ။ထို့ကြောင့် လျှပ်စစ်စက်ဘီးကိုရှာဖွေရန် ရှန့်ကျန်းနှင့် လင်းအိုက်ကိုပါ ခေါ်သွားခဲ့သည်။ လုစစ်၏အိမ်အနီးသို့ ကားဖြတ်မောင်းလာသောအခါ လွန်ခဲ့သည့်ရက်အနည်းငယ်က သူမအား စိတ်မသက်မသာဖြစ်စေခဲ့သော ယင်စွမ်းအင်က ပျောက်ကွယ်သွားလေပြီ။  အရိုးများကို တွေ့ရှိပြီး ရဲများက တရားမျှတမှုရှာရန် ကူညီပေးခဲ့ခြင်းကြောင့် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ဗီလာကို ရဲတွေက ပိတ်ဆို့ထားတာကြောင့် သူမ အနားမကပ်နိုင်ခဲ့ချေ။ကံကောင်းစွာပင်၊ လျှပ်စစ်စက်ဘီးသည် ပိတ်ဆို့ထားသည့် စည်းဝိုင်း အပြင်ဘက်တွင် ရှိနေခဲ့သည်။ထို့နောက် သူတို့လည်း လျှပ်စစ်စက်ဘီးကို ကားထဲသို့ သယ်လာပြီး ရှေးဟောင်းဆိုင်သို့ မောင်းသွားကြသည်။


တစ်ချိန်တည်းမှာပဲ ဆေးရုံ၌....


ဝေ့ထင်သည် ဆေးရုံကုတင်ပေါ်တွင် အနားယူနေဆဲဖြစ်သည်။ကျူးရွှင်းသည် ဝေ့ထင် ပြောထားသည့်အတိုင်း စုံစမ်းစစ်ဆေးပြီးနောက် သူ့ထံ ပြန်လာခဲ့သည်။


 “ပြီးခဲ့တဲ့နှစ်တွေတုန်းက ဝေ့မိသားစုမှာ သခင်မလေး ဘယ်လိုနေရတယ်ဆိုတာကို ကျွန်တော်စုံစမ်းခဲ့ပါပြီ...  သူမက...တစ်ကယ်တော့ ဝေ့မိသားစုမှာ ချမ်းချမ်းသာသာ မနေခဲ့ရရှာပါဘူး "


ကျူးရွှင်း စုံစမ်းစစ်ဆေးမှု ရလဒ်ကို တွေးပြီး စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ စုမုန့်သည် ဝေ့ထင် အား အဘယ်ကြောင့် ဤမျှ အေးစက်နေမည်ကိုလည်း သူနားလည်သွားသည်။


"ဘော့စ်နဲ့လက်ထပ်ပြီးကတည်းက သူမကို သခင်မကြီးက အစေခံတစ်ယောက်လို ခိုင်းပါတယ်...ပြီးတော့ ခဏခဏလည်း ရိုက်ပါတယ်" 


 “ဒါတင်မကသေးဘဲ သခင်မကြီးက သခင်မလေး အတွက် ကျင့်ဝတ်ဆိုင်ရာ သင်တန်းတွေ အများကြီးတက်ခိုင်းခဲ့တယ်...သူမအတွက် နေ့တိုင်း အားလပ်ချိန်ဆိုတာ မရှိသလောက်ရှားတယ်...အဆိုးရွားဆုံး အဖြစ်အပျက်ကတော့ သခင်မကြီးက သခင်မလေးကို ရိုက်နှက်ခဲ့တာပါပဲ...ရိုက်ပြီးရင်လည်း သူမကို မြေအောက်ခန်းမှာ သော့ခတ်ထားပြီး အစားလည်းမကျွေးပါဘူး...နောက်ဆုံးမှာတော့ မစ္စဝေ့ရွှယ် ကပဲ သနားလို့ထင်ပါရဲ့...သခင်မလေးဆီကို  တိတ်တိတ်လေး အစားအသောက်တွေ ယူလာပြီးကျွေးခဲ့တာ"


(အမှန်တရားကို ရှာဖွေတွေ့ရှိခဲ့သည်...)


ကျူးရွှင်းက စုမုန့် ‌ဝေ့မိသားစုမှာ အနိုင်ကျင့်ခံခဲ့ရသည်များကို ပြောပြ၏။ သူသိခဲ့တာတွေအပြင် သူမသိသေးသည့် အရာတွေ အများကြီးရှိသေး၏။ထို့ကြောင့်လည်း စုမုန့် ယခုလိုသွေးအေးနေခြင်းက ပိုသင့်တော်သည်ဟု ထင်မိသည်။သို့မဟုတ်ပါက၊သည့်ထက်တောင် ပိုဆိုးလာနိုင်သည်။ 


 “ပြီးတော့…သူမက ဘော့စ်ကိုအရမ်းချစ်ခဲ့တယ်...‌ဘော့စ်အတွက် လက်ဆောင် မျိုးစုံကို ပြင်ဆင်ပြီး အရမ်းကို ပေးဆပ်ချင်တဲ့သူပါ"


ကျူးရွှင်း ထိုအကြောင်းအရာကို ပြောလေလေ ဝေ့ထင်၏ မျက်နှာသည် ပိုမိုမည်းမှောင်လာသည်ကို တွေ့လိုက်ရသည်။ သူ့စကားအဆုံးမှာတော့ ဝေ့ထင် မျက်နှာက မှင်တွေသုတ်လိမ်းထားသလိုမျိုး မည်းမှောင်လာသဖြင့် သူ ချွေးစေးများပင် ထွက်လာရသည်။သူသည် ဝေ့ထင်နှင့် နှစ်အတော်ကြာနေခဲ့ပြီးဖြစ်၍ ဝေ့ထင်၏ဒေါသသည် အထွတ်အထိပ်သို့ ရောက်လုနီးနေမှန်း သူ သိသည်။


 "ငါ ဘယ်တော့ ဆေးရုံဆင်းနိုင်မလဲ"  


ဝေ့ထင် ဒေါသကိုထိန်းကာ ကျူးရွှင်းကို အေးစက်စွာမေးလိုက်သည်။ထိုအခါ ကျူးရွှင်း သူ့နဖူးပေါ်က ချွေးတွေကို သုတ်လိုက်ပြီး 


"အခု ဆေးရုံကဆင်းဖို့ မစဉ်းစားပါနဲ့ဦး... အချိန်တိုလေးအတွင်းမှာ သေချာပေါက် ဆင်းလို့မဖြစ်နိုင်သေးဘူး...ဘော့စ်ရဲ့ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်....."


ကျူးရွှင်း ကျန်စကားများကို မပြောတော့။ ဝေ့ထင် သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ဆက်မမေးတော့ပေ။စုမုန့် တစ်ယောက်တည်း အပြင်မှာထားရသည်ကို စိတ်မချနိုင်တော့ပေ။


 သူ့အမေ…


စုမုန့် အပေါ် ထားသည့် သူ့အမေ၏ နာကြည်းမှုကို တွေးနေမိသည်။ထို့အပြင် သူနှင့် စုမုန့်တို့မှာ ကွာရှင်းခြင်းမရှိသေးပေ။နောင်တစ်ချိန်တွင် အမေဝေ့က စုမုန့်ကို ပြဿနာရှာလိမ့်မည်။စုမုန့်ကို လက်ထပ်တုန်းက အမေဝေ့သည် ချွေးမကို ကောင်းကောင်းမွန်မွန်ဆက်ဆံမည်ဟု အဘိုးရှေ့မှာ ကတိပေးခဲ့၏။ထိုမျှမကသေး၊ထိုစဉ်က သူမ အတော်ပျော်နေပုံရသည်။ထို့ကြောင့် အမေဖြစ်သူကို ယုံကြည်ပြီး စုမုန့်ကို ကောင်းကောင်းဆက်ဆံမည်ဟုသာ ထင်နေခဲ့သည်။သို့ဖြစ်၍၊သူ ဘာမှနောက်ဆံမတင်းတော့ဘဲ အလုပ်ထဲကိုသာ စိတ်နှစ်ထားလိုက်သည်။ထိုချိန်က ကုမ္ပဏီမှာ ပြဿနာတစ်ခုရှိနေ၍တစ်နေကုန်နီးပါး အချိန်ပိုအလုပ်လုပ်ပြီး အိမ်ပြန်ရန်လည်း အချိန်မရှိပေ။


သို့သော် စုမုန့်သည် ဝေ့မိသားစုတွင် အဆင်မပြေဖြစ်မှာကို သူစိုးရိမ်သောကြောင့် အမေဝေ့နှင့်ဝေ့ရွှယ်ထံသို့ ကောင်းစွာပြုစုစောင့်ရှောက်ရန် အပ်နှင်းခဲ့သည်။အမေဖြစ်သူက သဘောတူခဲ့သော်လည်း စုမုန့်ကို ကွယ်ရာမှာ အနိုင်ကျင့်မည်ဟု မထင်ခဲ့ပေ။ထို့ကြောင့်လည်း စုမုန့် ရုတ်တရက် သူ့ကို မုန်းတီးခဲ့သည်မှာ အံ့သြစရာမဟုတ်ပေ။သူမကို ဂရုစိုက်သည့် သူ့ကို မုန်းနေသည်ဟုပင် အထင်လွဲခဲ့မိ၏။


 "တစ်ကယ်တော့ နောက်တစ်ခုရှိသေးတယ်..."


 ကျူးရွှင်းက ဝေ့ထင်ကို မရဲတရဲ ပြောလိုက်သည်။


 “ပြောပါ”


"သခင်မကြီးနဲ့ ဥက္ကဌကြီးတို့က သခင်မလေးနဲ့ ဘော့စ်တို့ ကွာရှင်းဖို့ တိုက်တွန်းနေကြတာ...ဘော့စ် မကွာရှင်းရင် ဥက္ကဌရာထူးက ဖယ်ပေးရမှာပါ” 


ဝေ့ထင် သူ့ဘေးက စားပွဲကို လက်ညှိုးဖြင့်  အကြိမ်အနည်းငယ် ခေါက်ပြီးမှ “ကွာရှင်းခွင့် မပေးဘူးလို့ သူတို့ကို ပြောလိုက်"


 “ဒါဆို ဥက္ကဋ္ဌကို ဘယ်လိုပြန်ဖြေရမလဲ”  


ဤကိစ္စသည် အရေးကြီးဆုံးဖြစ်သည်။  ကျူးရွှင်းသည် ဝေ့ထင်ထံမှ တိကျသော စကားလုံးများကို မရဘဲ ပေါ့ပေါ့ဆဆ မတုံ့ပြန်ဝံ့ပေ။ဥက္ကဌဝေ့ကို ဖြုတ်ချခြင်းက ကြီးကြီးမားမား ကိစ္စကြီးပင်။ ထိုကိစ္စကို ဘုတ်အဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ရမည်။သို့သော် ဝေ့ထင်ကို ဘုတ်အဖွဲ့က ကြောက်ကြသဖြင့် တော်ရုံဆုံးဖြတ်ရဲမှာမဟုတ်။ 


 “သူ့ကိုဘာမှမပြောနဲ့...ငါ့မှာ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနည်းရှိတယ်...မင်းက စုမုန့်ကို ကောင်းကောင်း ကာကွယ်ဖို့အကုန်လုပ်လိုက်...ငါ့အမေတောင် အနားမသီစေနဲ့" 


 “ဟုတ်”  ကျူးရွှင်း ယခုမှပဲ သက်ပြင်းချမိသည်။ဝေ့ထင် သည် စုမုန့်အပေါ်  ခံစားချက်မရှိဟု ထင်ရသော်လည်း တစ်ကယ်တမ်းက  သူ့နှလုံးသားထဲမှာ ဖုံးကွယ်ထားခြင်းဖြစ်ပြီး ထုတ်ဖော်မပြတတ်ခြင်းသာ။ဝေ့ထင်၏ နှလုံးသားထဲမှာ စုမုန့်က သူ့ထက် ပိုအရေးကြီးသည်။စုမုန့်ကို ကယ်တင်ဖို့အတွက် သူ့အသက်ကိုတောင် မညှာခဲ့သူပင်။


ကျူးရွှင်း သူ့ရင်ထဲမှာ ခံစားချက်တွေ ပြည့်နှက်နေသော်လည်း အပြင်ပန်းက ဟန်ဆောင်ထားလိုက်၏။ယခုအချိန်မှာ သူ့အတွက် အရေးကြီးဆုံးက ဝေ့ထင် ပေးထားသည့် မစ်ရှင်ကို ပြီးအောင်လုပ်ဖို့ပင်။


ဝေ့ထင်သည် စုမုန့် ဖြစ်ခဲ့သမျှအားလုံးကို သိထားပြီးဖြစ်သော်လည်း စုမုန့်ကတော့ ၎င်းကို လုံးဝသတိမထားမိပေ။သူမသည် လင်းအိုက် နှင့် ရှန့်ကျန်း ကို ရှေးဟောင်းပစ္စည်းဆိုင်သို့ခေါ်လာခဲ့သည်။


လင်းအိုက် ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် ကောရှန်းကို နွေးထွေးစွာ နှုတ်ဆက်သည်။  


"အဘိုးကော… မတွေ့တာကြာပြီ...ကျွန်မကို သတိရရဲ့လား"


ကောရှန်း က ပြုံးပြီး "ရှောင်အိုက် .. မင်းကို မတွေ့တာကြာပြီပဲ...မင်း အရမ်းပိန်နေပါလား...သိပ်မစားဘူးလား...မိန်းကလေးတွေ ပိန်ချင်ကြတာ ပုံမှန်ဆိုပေမယ့် အရေးကြီးဆုံးကိုယ်ခန္ဓာကို ဂရုစိုက်ဖို့ပဲ...မင်း များများစားရမယ်နော်"


(ဟုန်စစ် တစ်ခုခုဖြစ်ခဲ့သည်...)


"အဘိုးကောကတော့ အရင်ကထက်‌ ပိုငယ်သွားသလိုပဲ...အတော်စိတ်ကြည်နေပုံရတယ်"  


လင်းအိုက်သည်  ကောရှန်းကို နှစ်ပေါင်းများစွာ မတွေ့ရသော သူငယ်ချင်းတစ်ယောက်လိုပင် ဖော်ရွေပျူငှာစွာ ပြောဆိုလျက်ရှိ၏။ထို့နောက် နှစ်ယောက်သား စိတ်ပါလက်ပါ စကားစမြည်ပြောကြသည်။


ထိုစဉ် ရှန့်ကျန်းသည် စုမုန့်ကို ဘေးသို့ဆွဲထုတ်လိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။


 "အဘိုးကောက မင်းထက် လင်းအိုက်နဲ့ ပိုရင်းနှီးနေသလိုပဲ…ကြည့်ရတာ မင်း မျက်နှာသာအပေးမခံရရင် ဘယ်လိုလုပ်မလဲ"


စုမုန့်က သူ့ကို မျက်လုံးပြူးပြီး ပြန်ပြောသည်။


"ဟင် ရှင် ရောက်လာတဲ့နေ့ကတည်းက ကျွန်မ မျက်နှာသာ မပေးခံရတာ...ကြည့်ရတာ ရှင်ကမှ မျက်နှာသာမပေးခံရတာထင်တယ်"


ထိုသ်ို့ပြောပြီးနောက် သူမသည် ဘေးနားတွင်ထိုင်ကာ ကောရှန်း နှင့် လင်းအိုက်တို့၏ စကားများကို နားထောင်ခဲ့သည်။ ရှန့်ကျန်း နေရာတွင် ရပ်နေပြီး စုမုန့် ပြောသည့် မျက်နှာပေးခြင်းကိုသာ အလေးအနက် တွေးနေမိသည်။ ကောရှန်း နှင့် လင်းအိုက်တို့ ခဏ အလ္လာပသလ္လာပ စကားစမြည်ပြောပြီး ဟုန်စစ်အကြောင်း စပြောကြသည်။ ဟုန်စစ်က ကောရှန်းကို မဆက်သွယ်ခဲ့သည်မှာ ကြာနေသော်လည်း  လင်းအိုက်နှင့် အဆက်အသွယ်ရသည်။


 “အစ်ကိုဟုန်က အခက်အခဲတချို့ ကြုံခဲ့ရတယ်...သူ့အမြင်အာရုံက သိပ်မကောင်းတော့ တစ်သက်လုံး အမြင်အာရုံ ဆုံးရှုံးသွားနိုင်တယ်လို့ ပြောတယ်"


ဟုန်စစ်အကြောင်း ပြောသောအခါ လင်းအိုက်၏မျက်နှာမှာ အပြုံးမရှိတော့ဘဲ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေသည်။


 "သူ့မျက်လုံး ကန်းမယ်ဟုတ်လား...သူနေမကောင်းဘူးလား"  


စုမုန့် စိုးရိမ်တကြီးမေးလိုက်သည်။ သူမသည် ဟုန်စစ်နှင့် အချိန်အများကြီးမကုန်ဆုံးခဲ့ရသော်လည်း သူမ ဆိုင်မှာမရှိချိန်တွင်၊ ဟုန်စစ်က သူမ၏ဆရာကို ပြုစုစောင့်ရှောက်ခဲ့သည်။ ထို့ကြောင့် ဟုန်စစ်ကို ကျေးဇူးတွေတင်ခဲ့မိ၏။ ဟုန်စစ် ဒုက္ခရောက်နေမှန်းသိလိုက်ရလျှင် သူမလည်း စိတ်မကောင်းဖြစ်သွားသည်။


လင်းအိုက်က စုမုန့်ကိုကြည့်ကာ ခေါင်းခါသည်။  


“ကျွန်မလည်း သေချာမသိဘူး...သူက ပြောသေးတယ်...ဖုန်းရွှေပညာရှင်တစ်ယောက်အနေနဲ့ ကောင်းကင်ဘုံကို အံတုလို့မရဘူး...အံတုရင် အပြစ်ပေးခံရမယ်တဲ့"


 "သူ့ဇာတိမြို့က ပြိုကျပျက်စီးသွားတဲ့ သင်္ချိုင်းဟောင်းကို ဖြေရှင်းရမယ်ဆိုပြီး သူ ပြန်သွားတာမလား"  ကောရှန်းက မေးသည်။


 “ဒါပေမယ့် တခြားပြဿနာတွေ ရှိပုံရတယ်.... မကြာသေးခင်က သူ့ကို ဆက်သွယ်လို့ မရတဲ့အတွက် အသေးစိတ် ကို ကျွန်မလည်း သေချာမသိပါဘူး" 


လင်းအိုက်က သူ့ဖုန်းကို ထုတ်လိုက်ပြီး အားလုံးရှေ့မှာ ဟုန်စစ်ကို ဖုန်းဆက်လိုက်သည်။ခဏကြာ ဖုန်းမြည်လာပြီးနောက် တစ်ဖက်က ဖုန်းချသွားသည်။


"သူ့ကို ခေါ်တိုင်းလည်း ဒီလိုပဲ…ကိုင်လည်းမကိုင်ဘူး… ဒါကြောင့် သူ့အတွက် တစ်ခုခုဖြစ်သွားမှာ စိုးရိမ်မိတယ်…အဘိုးကော အစ်ကိုဟုန်ရဲ့ မွေးရပ်မြေက ဘယ်မှာလဲဆိုတာ သိလား"


"သူ ပထမဆုံးရောက်လာတုန်းကတော့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ဖြည့်ခဲ့တယ်” 


ကောရှန်း ကောင်တာဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။အချိန်အတော်ကြာ ရှာဖွေပြီးနောက်  


"ငါတွေ့ပြီ...သူ့ဇာတိက တော်တော်ဝေးတယ်၊တောင်ပေါ်မှာပဲ”


အားလုံးက အချိန်အတော်ကြာအောင် အတူတူနေခဲ့ကြပြီးဖြစ်၍ မိသားစုသဖွယ်ဖြစ်နေကြသည်။ကောရှန်း မျက်နှာက ပုံမှန်သာဖြစ်နေသော်လည်း သူ့စိတ်ထဲတွင် အလွန်စိုးရိမ်နေသည်။


"စုမုန့်ရေ..…"


 "ရှန်းကျန့်နဲ့ ကျွန်မ သွားကြည့်လိုက်ပါ့မယ်"  


စုမုန့်သည် ဆရာဖြစ်သူ စိတ်ပူနေမှန်းသိသလို၊သူမကို ‌လွှတ်ချင်နေမှန်းလည်းသိ၏။ထို့ကြောင့် စကားကိုဖြတ်ပြောလိုက်လေသည်။သူ့ကို ရုတ်တရက် ခေါ်လာတာကြောင့် ရှန့်ကျန်း အံ့အားသင့်သွားသည်။  သူဘာဆက်လုပ်ရမလဲ..


စုမုန့် အစက ကိုယ်တိုင်သွားဖို့ စဉ်းစားထားသည်။သို့သော် အချိန်အတော်ကြာ စဉ်းစားပြီးနောက်၊ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရမည်ကို  ကြောက်လာသည်။ထို့ကြောင့် ရှန့်ကျန်းကို သူမနှင့်အတူ ခေါ်သွားရန် ဆုံးဖြတ်လိုက်သည်။ရှန့်ကျန်းသည် ခန္ဓာကိုယ်ပုံစံက သေးသွယ်သော်လည်း ယောင်္ကျားလေးဖြစ်၍ အနည်းဆုံး သူမကိုကာကွယ်ပေးနိုင်၏။ 


 "ညီမလည်း လိုက်မယ်…အခုက အားလပ်ရက်မှာ ဖြစ်နေတာ...အစက  အချိန်ပိုင်းအလုပ် လုပ်မလို့ဟာ..ဒါပေမယ့်  အစ်ကိုဟုန် ဒုက္ခရောက်နေတယ်ဆို လို့ ညီမမှာလည်း ကူညီပေးဖို့ တာဝန်ရှိတယ်”


“မင်းက ဒီလောက်စျေးကြီးတဲ့ကားကိုတောင် ဝယ်ချင်နေတဲ့ဟာကို...ဘာလို့ အချိန်ပိုင်းအလုပ်လုပ်ချင်ရတာလဲ"  


ရှန့်ကျန်းက လင်းအိုက် စကားကိုကြားပြီး နောက်ပြောင်လိုက်သည်။


"ကားက အမေ့ဆီက မွေးနေ့လက်ဆောင်ရတာပါ…ညီမ အချိန်ပိုင်းအလုပ်လေး လုပ်ချင်တယ်ဆိုတာက စားဝတ်နေရေး စရိတ်စကကို ကိုယ်တိုင်ရှာချင်တယ်… ကိုယ်ရှာတဲ့ငွေကို ကိုယ့်ဘာသာသုံးရတာ ပိုအဆင်ပြေတယ်လေ… နောက်ပြီး မိဘတွေကို လက်ဆောင်ပေးဖို့ ညီမက ပိုက်ဆံရှာတာ"


ရှန့်ကျန်း: "..."


သူဌေးများ၏ ဝါသနာကို သူနားမလည်နိုင်တော့။သူ့မိသားစုကသာ ချမ်းသာလျှင် လေထဲမိုးထဲမှာ နေ့တိုင်း အလုပ်မလုပ်ချင်တော့ပေ။အိမ်မှာပဲ ဇိမ်ကျကျနေချင်သည်။



xxxxx