အပိုင်း ၃
Viewers 12k


Chapter 3



သူ၏ရင်ဘတ်ပေါ်မှ တစုံတရာမှာလေးလံနေသဖြင့် ကျန်းရွှိစိတ်ရှုပ်လာသောကြောင့် တွန်းထုတ်လိုက်ချိန်တွင် ရှန့်ဖန်းယွိ၏အကြိမ်အနည်းငယ်မျှ ဟိန်းဟောက်သံကို ကြားလိုက်ရသည်။

" မင်းကြည့်တော့ ပိန်ပိန်ပါးပါးလေးနဲ့ ဘာလို့အဲလောက်တောင် သယ်ရလေးတာလဲကွာ.."

" မင်းကပဲလေးတာ .." ကျန်းရွှိ အရက်၏အာနိသင်ကြောင့် မူးဝေနေသည့် ခေါင်းကိုမော့လိုက်စဉ် သူတို့နှစ်ဦးစကားမှာ ပြတ်တောက်သွားခဲ့သည်။

" မရဘူးလေ .. ကျန်းရွှိ.." ရှန့်ဖန်းယွိ ခေါင်းအုံးများကို ဖြန့်ကြဲလိုက်ပြီး လက်တစ်ဖက်ကို အိပ်ရာဘေးတွင်ထောက်ထားတာကာ " မင်းကဒီလောက်နည်းနည်းလေးနဲ့တင်မူးသွားတာ… ကျုံးလန် ပြန်မကြိုက်တာ အံ့ဩစရာမရှိဘူးပဲ…"

ကျန်းရွှိမှာ မူးယစ်နေသော်လည်း ထိုစကားများကို ကြားလိုက်သည်နှင့် ရှန့်ဖန်းယွိ၏မျက်နှာကို ပိတ်တီးလိုက်ကာ ပါးစပ်ကို ကာလိုက်ပြီး " မင်းရဲ့မျက်နှာကလည်း ကြက်ဥတောင်ပြုတ်လို့ရတဲ့အထိ ပူကျစ်နေတာ မင်းကိုယ်မင်းမမူးသေးဘူးထင်နေတာလား…"

" ငါမမူးပါဘူးနော်…" အမူးသမားလေး ရှန့်ဖန်းယွိမှာ သူ၏လက်ကိုယမ်းကာ " ငါကခွက်တစ်ထောင်လောက် သောက်နိုင်သေးတယ်…"

ကျန်းရွှိ လှောင်ရယ်လိုက်ပြီး " မင်းခွက်တစ်ထောင်ပဲသောက်သောက် တစ်ခွက်ပဲသောက်သောက် ကျုံးလန် မင်းကိုပြန်မချစ်တာက မချစ်တာပဲ…"

ထိရှသွားရသည့် ရှန့်ဖန်းယွီ သူ၏မျက်နှာကို ပွတ်လိုက်ပြီး " ကျုံးလန်…" သူ၏မှတ်ဉာဏ်ထဲတွင် တစ်စုံတစ်ခုပေါ်လာသကဲ့သို့ ရေရွတ်လိုက်သည်

" ရုတ်တရက်မှတ်မိလာတာ… ကျန်းရွှိ ငါမင်းကြောင့် ကျောင်းကအလှပန်းလေးဖွင့်‌ပြောတာကို ငြင်းဖူးတယ်ဟ…"

" မင်းတစ်ယောက်တည်း… သနားဖို့ကောင်းတယ်ထင်နေလား…" ကျန်းရွှိလည်း အားကျမခံပြောလာခဲ့သည်

" တက္ကသိုလ်တုန်းကဆို ငါရည်းစားစာတွေအများကြီး မင်းနဲ့ပြိုင်ရဖို့အတွက်နဲ့ ငြင်းပစ်ရတာကွ.. ငါ့မှာစာတွေဖွင့်ကြည့်ဖို့အချိန်တောင်မရှိဘူး…"

" ဒါဆိုရင်လည်း ငါနဲ့ပြိုင်နေတာကို ရပ်လိုက်တာမဟုတ်ဘူး…"

" မင်းကိုမင်းလည်း ဘာလို့မေးမကြည့်လဲ…"

အချိန်‌ဖြုန်းနေကြသည့် အမျိုးသားနှစ်ဦးမှာ စကားပြောနေရင်းမှ ပို၍စိတ်တိုလာကြပြီး အရက်၏အစွမ်းပါထပ်ပေါင်းထည့်လိုက်ကာ မည်သူကစသည်မသိသော ရန်ပွဲတစ်ခုဖြစ်ပေါ်လာသည်။ ရုတ်တရက်ဆိုသလို ရုန်းရင်းဆန်ခတ်ဖြစ်လာကာ တစ်ဦးကိုတစ်ဦး ကောင်းကင်ပေါ်သို့ ပို့ပစ်ချင်သည်အထိ ထိုးကြိတ်ကြသည်။

သို့သော်လည်း သူတို့၏စိတ်မှာရှုပ်ထွေးနေပြီး မျက်လုံးများကောင်းစွာ မမြင်ရသဖြင့် ထိုးချက်ဆယ်ချက်တွင် ကိုးချက်မှာ လွဲနေခဲ့သည်။ ကျန်းရွှိ၏နက်ကတိုင်မှာ စုတ်ပြဲသွားကာ အပေါ်ကြယ်သီးအချို့လည်း ပြုတ်နေသဖြင့် အေးစက်စက်ဖြူဖွေးနေသည့်လည်ပင်းသားအချို့ကို ဖော်ပြမိသွားသည်။

ကုတင်ပေါ်တွင် လဲကာ သူ၏နှာခေါင်းကို ထပ်ခါထပ်ခါဖိထားရချိန်တွင် ရှန့်ဖန်းယွိမှာမူ အချိန်ခဏမျှ ဗလာလက်သီးအချို့ကို ထိုးနေခဲ့ပြီးနောက် အိပ်ရာပေါ်သို့လဲကျသွားကာ အသက်ကိုခက်ခက်ခဲခဲရှုသွင်းနေရသည်။

အချိန်အတန်ကြာပြီးနောက် စတင်၍ ငိုကြွေးမြည်တမ်းလာသည်

" ခံစားချက်တွေက တကယ်ကို ‌သဘာဝအတိုင်းဖြစ်ပေါ်လာကြတာပဲနော်…ငါလေ ကျုံးလန် မိန်းမတွေကိုပဲကြိုက်မယ်လို့ ဘယ်တုန်းကမှ မထင်မိခဲ့ဘူး…"

ဟိုတယ်မျက်နှာကျက်ပေါ်မှ မီးများမှ အလွန်စူးရှသည်ဟု ထင်မိသွားသဖြင့် ရှန့်ဖန်းယွိ တစ်ချက်ထပိတ်လိုက်တာ ကုတင်ထိပ်မှာ အဝါရောင်ဖျော့ဖျော့ မီးလုံးနှစ်လုံးကိုသာ ချန်ထားခဲ့သည်။

ထို့နောက် ကျန်းရွှိဘက်သို့ လှည့်ကြည့်ရင်းမှ ရုတ်တရက်ဆိုသလို ဘားမှလူပြောသည်ကို သတိရသွားပြီး " ပြော… မင်းလည်းဂေးမဟုတ်ဘူးမလား…"

လက်သီးတစ်ချက်မှာ ရှန့်ဖန်းယွိ၏ဗိုက်သို့ရောက်ရှိလာခဲ့သည်။ ကျန်းရွှိ လက်ဆစ်များကို ချိုးလျက်မှ မျက်ခုံးတစ်ဖက်ပင့်၍ အေးစက်စက်ကြည့်ကာ " ငါက ၁မီတာနဲ့၈၈စင်တီရှိတာ ဂေးနေရင်တောင်ငါက ၁ ဖြစ်နေတုန်းပဲ…"

ကျန်းရွှိမှာ အလွန်မူးနေသောကြောင့် သူပြောနေသည့်အရာကို မသိနေခဲ့ပေ။ သူသာသတိဝင်နေပါက ရှန့်ဖန်းယွီ၏ပေါက်ကရစကားများမှာ သူ့ကိုတွင်းထဲသို့ ဆွဲခေါ်နေသည်အား သတိပြုနိုင်မည်ပင်။

ကံကောင်းစွာဖြင့် ရှန့်ဖန်းယွိမှာလည်း တစ်ဝက်မျှမူးနေသည်ဖြစ်ရာ ကျန်းရွှိ၏စကားထဲမှ ယိုပေါက်ကို သတိမပြုမိချေ။ သို့သော်လည်း အရပ်အကြောင်းအထိမခံနိုင်သည့်စိတ်မှ မရည်ရွယ်ဘဲ ပြောမိလိုက်သည်။ " ငါက ၁မီတာနဲ့ ၈၈.၄စင်တီရှိတာ.."

ကျန်းရွှိ : " ငါက ၁မီတာနဲ့ ၈၈.၄၃ရှိတာ…"

မည်သူကများ ဒဿမအမှတ်တွေကို ရေတွက်ပါမည်နည်း။

" ဟ " ရှန့်ဖန်းယွိ ရုတ်တရက်ရယ်ချလိုက်ကာ " ငါက ၁မီတာနဲ့ ၈၈.၄၄စင်တီရှိတာ…"

" ချီးပဲ…" ကျန်းရွှိ ထိုသူ့ကိုစိုက်ကြည့်လိုက်သည်။ သို့သော်လည်း ရှန့်ဖန်းယွိမှာ သူ၏အပေါ်တွင်ရှိနေခဲ့လေသည်

" ယုံယုံ မယုံယုံ ငါကအရပ်တင်ရှည်တာမဟုတ်ဘူး ငါ့ဟာကလည်း မင်းထက်ပိုရှည်သေးတယ်…"

" မယုံပါဘူး…"

ဤသည်မှာ အမျိုးသားများ၏ဒီအန်အေအတွင်း၌ပင် ရေးထိုးထားသောပြိုင်ဆိုင်လိုစိတ်ဖြစ်ပြီး အယ်ကိုဟော၏ပေါင်းထည့်မှုဖြင့် သူတို့ပင်မသိလိုက်ဘဲ ၎င်းမှာ သူတို့၏အသိစိတ်ကို ဝါးမြိုသွားခဲ့သည်။

ရှန့်ဖန်းယွိ ချက်ချင်းဆိုသလို သူ၏ဘောင်းဘီကိုဆွဲချွတ်ကာ ကျန်းရွှိ၏ဘောင်းဘီဆီသို့ လက်လှမ်းလိုက်သည်။ ထိုသူ၏ဒီဇိုင်နာချူပ်ဘောင်းဘီထဲမှ ခြေထောက်ရှည်များမှာ အလွန်ပင် မျက်စိပဿဒဖြစ်နေခဲ့လေသည်။

ကျန်းရွှိမှာလည်း အလွန်မူးနေသည့်အတွက် သူ၏စိတ်ထဲတွင် ရှန့်ဖန်းယွိကို နိုင်ချင်စိတ်များသာ ပြည့်နေလေရာ သူ၏ဘောင်းဘီကို ဆွဲချွတ်ခွင့်ပြုလိုက်သည်။ တစ်ချိန်တည်းမှာပင် သူတို့အချင်းချင်းကြည့်ကာ ပြိုင်တူ ပြောလိုက်လေသည်

" ငါကမင်းထက်ပိုရှည်တာကွ.."

" မဖြစ်နိုင်တာ.." ရှန့်ဖန်းယွိ ကျန်းရွှိ၏လက်များကို ဆွဲယူလိုက်ကာ သူ၏အပေါ်သို့အုပ်မိုးပေးလိုက်ပြီး "မင်းလက်တွေနဲ့ ကိုယ်တိုင်တိုင်းကြည့်ချည်…"

ကျန်းရွှိ၏လက်မှာ အလွန်ဖြူဖွေးကာ ရှည်သွယ်သောလက်ချောင်းများနှင့် သေးသွယ်သောသွေးကြောများရှိသည်။ အသားနည်းသဖြင့် သူ၏လက်ပေါ်မှ သွေးကြောစိမ်းများကိုပင် ထိုးဖောက်မြင်နေရလေသည်။

အရက်သောက်ထားခြင်းကြောင့် ဖြစ်နိုင်ပေမည် သူ၏သွေးများအားလုံးမှာ ခေါင်းထဲသို့သာ တက်သွားသဖြင့် လက်ချောင်းများမှာ အနည်းငယ်အေးစက်နေခဲ့သည်။ သူ၏လက်ချောင်းများမှ ရှန့်ဖန်းယွိကို ထိတွေ့လိုက်ချိန်တွင် ၎င်းတို့မှာ အနည်းငယ်တုန်ယင်သွားခဲ့သည်။

" မလှုပ်နဲ့…" ကျန်းရွှိ၏စိတ်ထဲတွင် အရှည်ကိုတိုင်းတာလိုသည့်စိတ်တစ်ခုတည်းသာ ရှိနေသည်။ သူ၏လက်များမှာ တိကျသောအနေအထားဖြင့် ရှန့်ဖန်းယွိကို ပွတ်သပ်နေပြီး ထို့နောက် သူ၏မူးဝေနေသည့်ခေါင်းကိုငုံ့လိုက်ချိန်တွင် အမြင်အာရုံမှလှုံ့ဆော်မှုမှာ သူ၏ဦးနှောက်ကို ရှုပ်ထွေးသွားစေခဲ့သည်။

ပုံမှန်အားဖြင့် အလွန်စည်းစနစ်ကျကျ ခွဲစိတ်လေ့ရှိသောလက်များမှာ သူ၏ခန္ဓာကိုယ်ကို စုန်ချည်ဆန်ချည်ပွတ်သပ်နေသည်ဖြစ်ရာ ရှန့်ဖန်းယွိ၏နှလုံးမှာ စတင်ခုန်ပေါက်လာခဲ့သည်။

" မင်းဘာတွေလုပ်နေတာလဲ.." ကျန်းရွှိ၏လက်ကို ဖမ်းဆွဲလိုက်စဉ်တွင် သူထဆဲမိလိုက်သည်။ လက်ချောင်းများကို လမ်းတစ်ဝက်တွင် တားဆီးခံလိုက်ရသဖြင့် ကျန်းရွှိသူ့ကို ဒေါသတကြီးကြည့်လာခဲ့ပြီး ဆံမြိတ်မှဆံစအနည်းငယ်မှာ သူ၏ခေါင်းလှုပ်ရှားမှုကြောင့် ကျဆင်းနေသည်။

ထိုအချိန်မှသာ ကျန်းရွှိသူ၏မျက်မှန်ကို တစ်နေရာရာတွင် ပစ်ထားခဲ့ပြီးဖြစ်ကြောင်း ရှန့်ဖန်းယွိသတိပြုမိသွားသည်။

ကျန်းရွှိထံတွင် မျက်ရစ်နှစ်ထပ်ရှိပြီး အဝေးမှုန်ခြင်းကြောင့် ဖြစ်နိုင်ပေမည့် မျက်မှန်ချွတ်ထားသည့်အခါ သူ၏အကြည့်မှာ အနည်းငယ်ဝေဝါးနေပုံရသည်။ မျက်မှန်အောက်မှ အမြဲလိုထက်ရှနေခဲ့သည့်မျက်လုံးများမှာမူ အဝါဖျော့ဖျော့အလင်းရောင်အောက်တွင် သဘာဝကျစွာ နူးညံ့နေသည်။

ကျန်းရွှိ၏ထိုပုံစံမှာ ရှန့်ဖန်းယွိကို ထူးဆန်းနေစေပြီး အရက်၏လှုံ့ဆော်မှုကြောင့် သူ၏ဦးနှောက်နှင့်ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးနေကာ တိမ်များအပေါ်သို့ရောက်ရှ်ိနေသည် သို့မဟုတ် အိမ်မက်ယောင်နေသကဲ့သို့ ခံစားလိုက်ရသည်။

ရှန့်ဖန်းယွိ ကျန်းရွှိကိုမျက်နှာသေဖြင့် ခဏကြာမျှ စိုက်ပြီးနောက် ရုတ်တရက်ဆိုသလို သူ၏မျက်နှာအောက်မှ သေးငယ်သည့်မှဲ့လေးကို သတိပြုမိသွားသည်။

ထိုမှဲ့လေးမှာ အလွန်သေးငယ်လှသောကြောင့် ပုံမှန်အချိန်များတွင် မျက်မှန်ဖြင့်ဖုံးကွယ်ထားသည့်အတွက် မမြင်နိုင်ခဲ့ပေ။ ယခုအချိန်တွင် ရုတ်တရက်ဆိုသလိုသတိပြုမိသွား‌ခဲ့ပေရာ ရှန့်ဖန်းယွိ ဖမ်းစားခံထားရသကဲ့သို့ ကြည့်နေမိပြီး အကြည့်မလွှဲနိုင်ခဲ့ချေ။

မရှင်းပြနိုင်သောအကြောင်းအရင်းများဖြင့် ရှန့်ဖန်းယွိ ထိုမှဲ့လေးမှာ ဆွဲဆောင်မှုရှိသည်ဟု ခံစားလိုက်ရသည်။

ကျန်းရွှိ၏မျက်နှာမှာ အေးစက်စက်ဖြူဖွေးနေရာ အမဲရောင်အစက်ကလေးကို သိသိသာသာမြင်နေရလေသည်။ ရှန့်ဖန်းယွိ ထိုမှဲ့ကလေးကြောင့် မိန်းမောသွားပြီး သူ၏လည်ဇလုပ်မှာ လှုပ်ရှားသွားကာ ရုတ်တရက်ဆိုသလို ထိုသူမှာယခင်ကမည်သူဖြစ်ကြောင်းကိုပင် သတိမရနိုင်တော့ချေ။

ထို့ကြောင့် လာမည့်တစ်စက္ကန့် သူ၏အောက်နှုတ်ခမ်းမှာ ထိုမှဲ့လေးအပေါ်သို့ ဖိကပ်မိသွားသည်။

ကျန်းရွှိ၏မျက်တောင်များတုန်ယင်သွားပြီး သူ၏မျက်လုံးကိုတစ်ဝက်မျှသာ ဖွင့်ထားကာ မိန်းမောနေပုံရသည်။ သူ၏အသိစိတ်မှာ ရောထွေးနေပြီး တစ်ခဏမျှရှုပ်ထွေးနေရပြီးနောက် သူ၏ခေါင်းကို ဘေးသို့စောင်းပစ်လိုက်သည်။

ရှန့်ဖန်းယွိမှာ လက်တစ်ဖက်ကို ခေါင်းအုံးပေါ်တွင်ထောက်ထားပြီး ကျန်းရွှိကို ကြည့်နေသည်ဖြစ်ရာ ကျန်းရွှိခေါင်းကိုစောင်းလိုက်သည်နှင့် သူ၏လည်ပင်းမှ မှဲ့ကိုသတိပြုမိသွားပြန်သည်။

" ငါ့အမေပြောတာဟုတ်တယ် အသားဖြူတဲ့သူတွေစီမှာ မှဲ့တွေကပုန်းနေတတ်တာပဲ…"

ထိုသို့ပြောပြီးနောက် သူ၏ခေါင်းကိုငုံ့လိုက်ကာ မှဲ့ကိုအရောင်ခြယ်လိုက်သူကဲ့သို့ နမ်းရှိုက်လိုက်သည်။

ရှန့်ဖန်းယွိ၏နှုတ်ခမ်းများမှာ အေးစက်နေပြီး ပူနွေးသောလည်ပင်းနှင့်ထိတွေ့သွားချိန်တွင် ကျန်းရွှိမသိစိတ်မှ ခေါင်းကိုစောင်းလိုက်မိသည့်အတွက် သူ၏မေးရိုးမှာ လှလှပပမြင်နေရပြီး ခေါင်းကိုစောင်းထားခြင်းကြောင့် အထူးပင်ထင်ရှားနေသည်။

ရှန့်ဖန်းယွိ အောက်သို့ဆင်းရန်ပြင်လိုက်သော်လည်း ကျန်းရွှိမှ သူ၏ရင်ဘတ်ကို တွန်းလာခဲ့သည်။

" ပူတယ် .." ကျန်းရွှိ မျက်လုံးများကို ပိတ်ထားရင်းမှ ပြောနေပြီး တွန့်ခေါက်နေသည့် အဖြူရောင်ခေါင်းအုံးကို ပွတ်ကာ ပြတ်ပြတ်သားသားပြောလိုက်သည်

" သွား အဲယားကွန်းသွားဖွင့်ချည်.."

နာနာခံခံဖြင့် အဲယားကွန်းသွားဖွင့်ပြီးနောက် ရှန့်ဖန်းယွိ သူ၏မေးကိုလက်ထောက်ကာ အနောက်တွင်လဲနေသည့် ကျန်းရွှိကို စိုက်ကြည့်နေလိုက်သည်။ သူတို့နှစ်ဦးမှာ အိပ်ရာပေါ်တွင် လူးလိမ့်နေကြသည်ဖြစ်ရာ ကျန်းရွှိ၏အင်္ကျီမှာ အောက်သို့ပြေကျလာခဲ့သည်။

" ဒီအိမ်မက်ထဲက ကျန်းရွှိက ချစ်ဖို့ကောင်းတာပဲ…" ရှန့်ဖန်းယွိတွေးမိလိုက်သည်

" အရမ်းလည်း နားမညီးဘူး…အဝါရောင်မီးအောက်မှာ အစစ်အမှန်မဟုတ်သလိုနေပေမဲ့လည်း သူ့ကြည့်ရတာ မျက်စိကျစရာပဲ…"

ရှန့်ဖန်းယွိ၏အကြည့်မှာ ချောမွတ်ပိန်ပါးကာ ကြယ်သီးအနည်းငယ်ပြုတ်နေပြီဖြစ်သည့်ခါးပေါ်တွင်ရှိနေခဲ့သည်။ နေရောင်ဖြင့်လုံးဝမထိတွေ့ထားသောနေရာဖြစ်သောကြောင့် ကျန်းရွှိ၏ရင်ဘတ်မှာ အလွန်ဖြူဖွေးနေပြီး သေးငယ်သောမှဲ့လေးဖြင့် အလှဆင်ထားခဲ့သည်။

ယခင်တစ်ခုနှင့်မတူဘဲ ၎င်းမှာ အတွင်းတွင်သွေးစက်လေး‌တစ်စက်ကိန်းအောင်းနေဟန်ရှိသည့် မှဲ့နီလေးဖြစ်သည်။

ရှန့်ဖန်းယွိ ထိုအရာကို အချိန်အတန်ကြာစိုက်ကြည့်လိုက်မိပြီးနောက် မျက်လုံးများကို ထပ်မံ၍ ပွတ်လိုက်မိကာ သူ၏နှလုံးမှာ ပြောမရနိုင်သည့်ခံစားချက်များဖြင့် လောင်ကျွမ်းနေခဲ့လေသည်။

သူ၏လက်ချောင်းကိုမ၍ ထိုမှဲ့လေးအား ခလုတ်တစ်ခုကဲ့သို့ တို့ထိကြည့်လိုက်ရာ ရုတ်တရက်ဆိုသလို သူ၏ဦးခေါင်းထက်မှ ဝေခွဲမရနိုင်သည့် သက်ပြင်းရှိုက်သံတစ်ချက်ပေါ်ထွက်လာခဲ့သည်။

ရှန့်ဖန်းယွိ သူ၏ဦးနှောက်များပင် ထုံကျင်သွားရလေပြီ။

" ချီးပဲ ငါ့ကိုလျောက်ထိုးမနေနဲ့ဟ…"

သူသက်ပြင်းရှည်တစ်ချက်ချကာ ထရပ်တော့မည်အပြုတွင် ယောင်ဝါးဝါးဖြစ်နေသည့်ကျန်းရွှိမှာ ဖြစ်ပျက်တော့မည့်အရာအား ရုတ်တရက်သဘောပေါက်သွားကာ ရှန့်ဖန်းယွိကို ပိတ်ကန်ပစ်လိုက်သည်

" ထွက်သွား…"

မည်သို့ပင်ဖြစ်စေ ကန်ချက်မှာတိုတောင်းပြီး ရှန့်ဖန်းယွိလည်း ရှောင်လိုက်သဖြင့် သူ၏လက်မှာ ကျန်းရွှိ၏ခြေချင်းဝတ်ကို ဆုပ်ကိုင်မိသွားသည်။

ကျန်းရွှိ၏ခြေချင်းဝတ်မှာ ပိန်ပါးကာ ချောမွေ့နေသောကြောင့် ရှန့်ဖန်းယွိလည်း မနေနိုင်ဘဲ အချိန်အတန်ကြာသည်အထိ ပွတ်သပ်နေမိခဲ့သည်။

ထိုစဉ် အသံနိမ့်နိမ့်ဖြင့် ကွဲကွဲပြားပြားမသိရသော ညည်းသံတစ်ချက်ထွက်ပေါ်လာခဲ့သည်။

ထိုရုပ်ရှင်ကားများနှင့်မတူဘဲ သူ၏အသံမှာအနည်းငယ်ကြမ်းရှအေးစက်ကာ ဖျော့တော့နေပြီး မီးကိုတောက်လောင်စေနိုင်မည့်အသွင်ရှိနေခဲ့သည်။

ရှန့်ဖန်းယွိ ရုတ်တရက်ဆိုသလို ခေါင်းကိုငုံ့လိုက်ပြီး သူ၏အကြည့်မှာ ထိုခြေထောက်များ၏အဆုံးစီသို့ရောက်ရှိသွားလေသည်။

ဒီအိမ်မက်ကအရမ်လန်းတာပဲ…

Xxx