အပိုင်း ၂၅
Viewers 12k

Chapter 25




ဤသည်မှာ ပဟေဠိတစ်ပုဒ်သာဖြစ်သည် ။ အတန်း ၁၉ ရှိ သူများမှလွဲ၌ ဤအံ့အားစရာအချက်သည် အပြင်ဘက်အတန်းတွင် ဘယ်သူမှ သတိမထားမိလောက်သည့် အကြောင်းပြချက်များရှိနေသည် ။ အဆုံးသတ်တွင် အခြားအခန်းက မြင်းနက်ကဘယ်သူလဲ ဆိုတာကို ဘယ်သူက ဂရုစိုက်နေမှာလဲ ။ မင်းရဲ့ စစ်ဆေးမှုက ဘယ်လောက်ကောင်းသလဲဆိုသည်ကိုပါပင် ။


 သို့သော် သူတို့သည် လီသုန်းဖျင်၏ ကြွားလုံးထုတ်ခြင်းကိုမူ မခံနိုင်ကြချေ ။


 လီသုန်းဖျင် သည် သုံးဆယ်ဝန်းကျင်အရွယ်ရှိပြီးအတော်အသင့်အရည်အချင်းရှိသည် ။သူသည် ဤကျောင်းတွင် သချ်ာ ဆရာအဖြစ် ၈နှစ်ကျော် ၉နှစ်ကြာအောင် လုပ်ကိုင်လာခဲ့ပြီး သူသည် ဆိုးသွမ်းသည့်အတန်းများကိုသာ အမြဲသင်ကြားခဲ့ရသည် ။ သူဘာလို့ ညံ့တဲ့အတန်းတွေကိုပဲ သင်နေရတာလဲ ။ သူ၏ စာသင်ကြားမှုပုံစံသည် အရမ်းကောင်းသည့်အထဲတွင်မပါဝင်သောကြောင့် ထိုအရာသည် ပုံမှန်သာဖြစ်သည် ။ ထို့ကြောင့် သူသည် ပြိုင်ဘက်အတန်းမှ သချ်ာဆရာနှင့် ဌာနမှူး တို့အား ကျောင်းဖွင့်ရက်များတွင် တွေ့ရသည့်အခါတိုင်း ရှက်ရှက်နှင့်ပင် အလျင်အမြန်ကျော်သွားခဲ့သည် ။


 သို့သော် ယခုအခါတွင် ကြီးမားသောအခက်အခဲများစွာနှင့် အတန်း (၁၉)  သည် အခြားသော ဆိုးသွမ်းသည့်အတန်းများထဲတွင် အကောင်းဆုံး ရလဒ်ကို ရရှိခဲ့သည် ။ အသေအချာကိုပင် သူသည် ပုံမှန် အတိုင်းဖြစ်နေပုံသာ ဟန်ဆောင်လိုက်ပြီး ထွက်လာခဲ့သည် ။


  " ဘာမှထွေထွေထူးထူးမဟုတ်ပါဘူး ။ တစ်ကယ်က ကျွန်တော်ဘာမှမကြိုးစားလိုက်ရပါဘူး ။ အဲ့သည့် ကလေး ကျုံးယို့ယို့က တည်တည်ငြိမ်ငြိမ်နဲ့ ကြိုးစား သွားလို့ပါ "


ဤသို့ဖြင့် ရုံးခန်းရှိလူများအားလုံးသည် အတန်း ၁၉ တွင် အဆင့် ၁၀၀၀ကျော်မှ အဆင့် ၁၀၀ အတွင်းသို့ ခုန်တက်သွားခဲ့သည့် ကျုံးယို့ယို့ ရှိနေမှန်း သိသွားကြတော့သည် ။


  ကျုံးယို့ယို့၏ ထိုကဲ့သို့လုပ်ဆောင်ချက်သည် လီသုန်းဖျင်၏ အတန်းတွင်းဖျော်ဖြေမှုရလဒ်ကို ထပ်ပေါင်းတိုးပေးခဲ့သည် ။


မျက်စိများမှိတ်ထားကာ မည်သူမျှနားမထောင်ချင်သော်လည်း လီသုန်းဖျင်သည် ဆရာတော်ထန်စန်းကဲ့သို့ပင် သူသွားသည့်နေရာတိုင်းတွင် ဂုဏ်ဖော်နေခဲ့ပြီး အထူးသဖြင့် အခြား အတန်းကိုးတန်း အရှေ့တွင် သူသည်ပို၍ ဘဝင်ခိုက်နေခဲ့သည် ။


  ဤသနားစရာကောင်းသောဆရာများသည် သူတို့အတန်းတွင် စာမေးပွဲမအောင်သောကျောင်းသားများရှိနေပြီး အတန်းသို့ပြန်သွားသောအခါ အချိုးမပြေသော ကျောင်းသားများအားတွေ့လိုက်ရပြီး ပို၍ ဒေါသထွက်လာရသည် ။


   ကျောက်သင်ပုန်းနံရံသည် ပေတံဖြင့် ခေါက်ခံနေရပြီး မြေဖြူခဲသည် သုံးပေအမြင့်လောက်တွင် ပျံထွက်သွားသည် ။


" အတန်း ၁၉ က ကျုံးယို့ယို့ကို ကြည့်စမ်း ။ သူမက အဆ တစ်ထောင်လောက်ကို တိုးတက်နေပြီ ။ အခုမင်းတို့ကို မင်းတို့ပြန်ကြည့်ကြစမ်းပါအုန်း "


ကျုံးယို့ယို့က ဘယ်သူလဲ ။


အဲ့ဒါက သူမပုံစံကို မကြာသေးခင်ကမှ ပြောင်းလိုက်ပြီး ကျောင်းရဲ့မိန်းမလှလေးစာရင်းဝင်သွားတဲ့ အတန်း ၁၉ က မိန်းကလေးမဟုတ်ဘူးလား ။


  သတင်းနှစ်ခုသည် တစ်ပြိုင်ထဲထပ်နေသောကြောင့် ထိုသတင်းသည် အလျင်အမြန်ပင် ပျံ့နှံ့သွားသည် ။

....


အဲ့ဒါက လူဘယ်နှစ်ယောက်လောက် သိထားပြီးပြီလဲ မသိပါ ။ သို့သော် ပြိုင်ဘက်အတန်းမှ မုန့်ရှစ်ရွှမ် နှင့် ရှစ်ကျစ်ထန်  နှစ်ယောက်လုံးတော့ သိနှင့်နေပြီသားဖြစ်သည် ။


ရှစ်ကျစ်ထန် ခံစားလိုက်ရတာက....


သူခံစားလိုက်ရတာက ကျုံးယို့ယို့သည် အလွန်ကိုပြောင်းလဲသွားခဲ့ပြီး ခဏအတောတွင်းပင် သူမသည် သူမ၏ စွမ်းဆောင်မှုများအား ပို၍မြှင့်တင်လိုပါကလည်း ကျုံးမိသားစု၏ ဂရုစိုက်မှုကိုပင် ထပ် လိုအပ်မနေပါတော့ချေ ။


 သူမသည် လှပပြီး သန့်ရှင်းသေသပ်သော မိန်းကလေးအဖြစ် ပြောင်းလဲခဲ့သည် ။ ဒါသည်သာမက သူမ၏ စွမ်းဆောင်မှုသည်ပင် ပို၍တိုးတက်လာခဲ့သည် ...


တစ်ကယ်တမ်းတွင် ရှစ်ကျစ်ထန်သည် ကျိုးယို့ယို့အား ဤကဲ့သို့ ပို၍ဖြစ်သင့်သည်ဟု ခံစားနေရမှန်း သူမသိတော့ပေ ။ ကြည့်ရသည်မှာ ဤကဲ့သို့ ထက်မြက်ပြီး ယုံကြည်မှုအပြည့်ရှိကာ မာနကြီးသည့် ကျုံးယို့ယို့သည်သာ မူလအစစ်အမှန်ဖြစ်သည်ဟု ထင်မိသည် ။ သူမသည် ဤကဲ့သို့ မျက်စိကျိန်းလောက်အောင် တောက်ပသည့် မိန်းကလေးဖြစ်သည် ။ သို့သော် သူမသည် ကျုံးမိသားစု နှင့် သူ့ကြောင့် နစ်မွန်းခဲ့ရသည် ။


  ယခုတွင် သူမသည် သူတို့အား ထပ်၍ ဂရုစိုက်ခြင်းမရှိတော့ချေ ။ ထို့ကြောင့် သူမ၏ တောက်ပေသောခြေလှမ်းများအား ဟန့်တားမည့်သူမရှိတော့ချေ ။

 ဤကဲ့သို့သော ကျုံးယို့ယို့သည် သူ၏ မျက်လုံးများအား သူမထံမှ အကြည့်မလွှဲနိုင်လောက်အောင် ဖြစ်ခဲ့ရသည် ။ သို့သော် သူ့အပေါ်တွင် ကျုံးယို့ယို့၏ အမြင်များနှင့် လေးစားမှုများသည် ပျောက်ကွယ်သွားပြီ ဖြစ်သည် ။

   ထိုကဲ့သို့တွေးမိသောအခါ ရှစ်ကျစ်ထန်သည် နှုတ်ခမ်းများအား ခပ်တင်းတင်းစေ့လိုက်မိသည် ။

သူ၏ နှလုံးသားထဲတွင် အပေါက်ဖောက်ထားသကဲ့သို့ပင် ဗလာဖြစ်နေခဲ့သည် ။ သူ၏ နှလုံးသားသည် တားဆီမရနိုင်အောင် တရွရွဖြစ်နေခဲ့သည် ။

 

 ကျုံးယို့ယို့သည် ပြန်လည်မွေးဖွားလာသလားဟုပင် သူသံသယဝင်မိသည် ။


သူမပြန်မွေးဖွားလာသည်ဆိုလျှင်တောင် ယခင်ဘဝတွင် သူမသည် သူ့အပေါ်တွင် အလွန်တွယ်ကပ်ကာ မသမာသောနည်းလမ်းများကိုပင် သုံးခဲ့သည် ။ဒီဘဝတွင် သူ့အားအခုလို လွယ်လွယ်လေး လက်လွှတ်နိုင်ပါ့မလား ။


ရှစ်ကျစ်ထန်သည် ကျုံးယို့ယို့အား ချင်းယောင်မှ ကျောင်းဂိတ်အပေါက်ဝသို့ လိုက်ပို့ပေးခဲ့သည်ကို လွန်ခဲ့သောရက်အနည်းမှ တွေ့ခဲ့ရမှန်း ပြန်အမှတ်ရမိသည် ။ သူ၏ နှလုံးသားထဲတွင် စွဲကျန်နေသော နာကျင်မှုသည် ဒေါသများအဖြစ်သို့ပြောင်းလဲသွားခဲ့ရသည် ။


  သူဘာကြောင့် ​ဒေါသထွက်နေမှန်း မပြောနိုင်ပေ ။တစ်ခုခု လုယူခံလိုက်သကဲ့သို့ ဖြစ်မည် ။သူသည် ထိုအရာ၏ အဖိုးတန်မှုကို မသိရှိသေးခင်ပင် ချင်းယောင်သည် လုယူသွားခဲ့ပြီဖြစ်သည် ။


ကျုံးယို့ယို့က သူ့ကိုဘာလို့ ထပ်စောင့်မနေရတော့တာလဲ ။


ရှစ်ကျစ်ထန်၏ ဖောင်တိန်သည် စာရွက်ပေါ်တွင်သာ မလှုပ်မယှက် ရှိနေခဲ့ပြီး သူသည် အတန်းချိန်တစ်ချိန်လုံး စိတ်ပျံ့လွင့်နေခဲ့သည် ။သူသည် ကျုံးယို့ယို့ ဤကဲ့သို့ အလျင်အမြန်ပြောင်းလဲသွားမည်ဆိုသည်ကို လုံးဝမယုံကြည်နိုင်ပေ ။ သူ သူ့အတွက် တစ်ခုခုလုပ်ရန် အစပျိုးသင့်နေပြီ ဖြစ်ရမည် ။ယခင်ဘဝက ကျုံးယို့ယို့လုပ်ခဲ့သလိုပင် သူမသည် သူ့အား အလွန်အာရုံစိုက်ခဲ့သည် ။သူသာ တစ်ခုခုပြန်လုပ်ပေးခဲ့မည်ဆိုလျှင် သူမသည် ဤကဲ့သို့ လှည့်ထွက်သွားပြီး ကွဲပြားသည့်ပုံစံအတိုင်းရှိမနေသင့်တော့ပေ ။


သူ တွေးလေ ဒေါသထွက်လေလေဖြစ်ကာ ဖောင်တိန်သည် စားပွဲပေါ်မှ ကျသွားခဲ့သည် ။ 


အတန်းပြီးနောက်တွင် အဆင့်ကောင်းရသည့် သူများသည် အတန်းထဲတွင်ပင် ဆက်နေကာ စာလေ့လာလေ့ရှိကြပြီး အတန်းထဲမှ လူနည်းစုတစ်ချို့သာ ဆူညံနေကြသည် ။ သို့သော် သူတို့သည် ပွဲတော်ကဲ့သို့ဆူညံနေသည့် အတန်း ၁၉နှင့်ယှဥ်လျင် အကန့်အသတ်နှင့်သာပြောခဲ့ကြသည် ။  


ဖြူဖွေးသော လက်ချောင်းများသည် မြင်ကွင်းထဲသို့ဝင်ရောက်လာခဲ့သည် ။


မုန့်ရှစ်ရွှမ် ဘောပင်အား ကုန်းကောက်လိုက်ကာ ရှစ်ကျစ်ထန်ကို ပေးလိုက်သည် ။


"ကျစ်ထန် "


 ရှစ်ကျစ်ထန် သူမအား လျစ်လျူမရှူခင်က သူမ ဒေါသထွက်နေခဲ့ပြီး သူမအား လာရှာမည်ကိုစောင့်နေခဲ့သည် ။သို့သော်လည်း ထိုရက်များတွင် သူမဘေးရှိလူများသည် တစ်ယောက်ပြီးတစ်ယောက် ပြောင်းလဲသွားခဲ့ကြသည် ။ထိုသူတို့၏ သူမအပေါ်ဂရုစိုက်မှုများသည် တစ်ရာ့ရှစ်ဆယ်ဒီဂရီလောက်ကို ကွာခြားသွားခဲ့သည် ။


  ကျုံးမိသားစုက သူမအားမောင်းထုတ်ချင်နေလျှင်တောင် ကျစ်ထန်ကိုတော့ အားကိုးလို့ရလိမ့်မည်ဟု တွေးထားခဲ့သည် ။


ရှစ်ကျစ်ထန်၏ မျက်နှာပေါ်တွင် မည်သည့်အမူအရာမှ ရှိမနေဘဲ ဖောင်တိန်ကိုသာ ယူလိုက်ပြီး အေးစက်စွာပြောလိုက်သည်


"ကျေးဇူးပဲ "


မုန့်ရှစ်ရွှမ်သည် ဘာမှမပြောဘဲမနေနိုင်တော့ပေ


 "ကျောင်းဆင်းရင် ငါတို့အိမ်တူတူပြန်ကြရအောင် ။ငါ့မိသားစုက ဒီရက်ပိုင်းဘာတွေဖြစ်နေမှန်း တစ်ကယ်မသိတော့ဘူး ။အကုန်လုံးက အထူးသဖြင့် ယို့ယို့အပေါ်ကိုပဲ ကောင်းပေးနေကြတယ်... "


  သူမ၏ စကားများ မဆုံးသေးခင် တစ်ဝက်လောက်ထိ ရှစ်ကျစ်ထန်၏ အံ့သြခြင်းမရှိ ထူးမခြားနားသော ပုံစံကိုသော တွေ့လိုက်ရပြီး အေးစက်နေမြဲဖြစ်သည် ။ သူသည် " ကျုံးယို့ယို့ " ဟူသောစကားလုံးအား ကြားလိုက်ရသောအခါ  ရုတ်တရက်ခေါင်းမော့ပြီး မေးလာခဲ့သည် ။


"ကျုံးယို့ယို့ ဘာဖြစ်လို့လဲ "


မုန့်ရှစ်ရွှမ် "...."


သူမဆက်သည်းမခံနိုင်တော့ပေ ။ သူမမိသားစုရှေ့တွင်သူမထုတ်ပြောဖို့မလွယ်ကူခဲ့သော်လည်း ရှစ်ကျစ်ထန်သည် သူမအား ကြိုက်နှစ်သက်ခဲ့ပြီး ငယ်စဥ်ကတည်းကပင် စေ့စပ်ထားခဲ့သည့်သူဖြစ်သည် ။


" နင်ဘာတွေဖြစ်နေတာလဲ ။ ငါ့ကို ဒီရက်ပိုင်းထဲမှာလည်း လျစ်လျူရှူထားတယ် ။ငါစကားပြောနေရင်လည်း နင်ကြားတဲ့ပုံမပေါ်ဘူး ။ ကျုံးယို့ယို့အပေါ်မှာဘဲ နင့်စိတ်တွေရောက်နေတာလား ။သူမရဲ့ နာမည်ကိုပြောမှပဲ နင်စိတ်ဝင်စားလာတော့တာလား ။ နင်လက်ထပ်ရမယ့်သူက သူမဟုတ်ဘူးနော် "


    သူမ၏ အသံသည် အလွန်ကိုတိုးနေခဲ့သော်လည်း ရှစ်ကျစ်ထန်ဘေး၌ထိုင်နေသော သူနှစ်ယောက်သည် သူတို့အား ကြည့်လာခဲ့သည်။


သူတို့သည် ကြင်နာပြီး ရက်ရောတတ်သည့် နတ်ဘုရားမလေးကဲ့သို့ မုန့်ရှစ်ရွှမ်၏ ဤကဲ့သို့ပုံစံအား မမြင်ခဲ့ဘူး၍ အံ့အားသင့်ခဲ့ရသည် ။


ဒါက အမြဲတမ်း ပြုံးပြုံးလေးနေတတ်တဲ့ သူမရဲ့ ပုံစံနဲ့တောင် တူမနေတော့ဘူး ။


စေ့စပ်ကြောင်းလမ်းမှုတဲ့လား ။


မုန့်ရှစ်ရွှမ် ဤအကြောင်းအရာအားပြောလာသောအခါ ရှစ်ကျစ်ထန်၏ မျက်ခုံးများပင့်တက်လာပြီး သူမအား ကြည့်လိုက်မိသည် ။


 သူမမှာ ဒီလိုပြောရဲတဲ့ မျက်နှာရှိနေသေးတာလား ။အတိတ်ဘဝတုန်းက လက်ထပ်ဖို့ပြောခဲ့တာကို အရင်ဖျက်သိမ်းခဲ့တာ သူမဘဲ မဟုတ်ဘူးလား ။သူမကို တစ်ယောက်ယောက်က သေနတ်နဲ့ချိန်ပြီးတော့များ အတင်းအကြပ်စေခိုင်းခဲ့လို့လား ။ 


ယခုဘဝတွင် လက်ထပ်ခြင်းအမှုသည် အစောကတည်းကပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည် ။


  သို့သော် ယခုအချိန်တွင် ရှစ်ကျစ်ထန် ဘာမှမပြောနိုင်ခဲ့သေးပေ ။အကယ်၍ သူသည် လက်ထပ်ပွဲကို ဖျက်သိမ်းချင်လျှင် လူအိုကြီးနှင့် အရင်ဆုံးဆွေးနွေးရမည်ဖြစ်ပြီး မဟုတ်ပါက မိသားစုနှစ်ဦးနှစ်ဖက် မျက်နှာပျက်ရမည်ဖြစ်သည် ။


" နင့်အပေါ်ငါ့အပြုအမူတွေက ဆိုးရွားနေလို့လား ။ အရင်ပုံစံတိုင်းပဲ မဟုတ်ဘူးလား " 


သူ မုန့်ရှစ်ရွှမ်အား လှောင်ရယ်ချင်နေသကဲ့သို့ ကြည့်လိုက်သည် ။သူ၏ မျက်နှာထားသည် အလွန်အေးစက်နေခဲ့ပြီး မကြင်နာတတ်သည့်ပုံပင်ပေါ်ကာ သူ့ အိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်ကာ မတူညီသည့်ပုံစံနှင့်ပင် အတန်းထဲမှ ထွက်သွားခဲ့သည် ။


 အနီးနားမှလူများပင် မုန့်ရှစ်ရွှမ်အားကြည့်လိုက်ပြီး အားပေးသကဲ့သို့ ပြုံးပြကာ သူတို့၏ နေရာသို့ပြန်သွားကြသည် ။


သူမရူးသွားတော့မလိုပဲ ။ ဘာတွေဖြစ်နေကြတာလဲ ။သူမဘေးကလူတွေအကုန် ဘာတွေဖြစ်နေကြတာလဲ ။သူတို့အကုန်လုံး ဘာလို့တစ်ချိန်ထဲမှာပဲ ပြောင်းလဲသွားခဲ့ကြတာလဲ ။


ကျုံးယို့ယို့ ။ 


သူတို့အကုန်လုံး ကျုံးယို့ယို့အကြောင်းသာ ပြောနေခဲ့ကြပြီး မုန့်ရှစ်ရွှမ်သည် ကျုံးယို့ယို့၏ အငွေ့အသက်များကို လေထဲမှပင် ရနေသကဲ့သို့ ခံစားလိုက်ရသည် ။ သူမ အသက်ဆယ့်ငါးနှစ်အရွယ် အိမ်သို့စရောက်ကတည်းက မုန့်ရှစ်ရွှမ်သည် ဤကဲ့သို့ဖြစ်လာမည်ကို စိုးရိမ်ကြောက်ရွံ့ခဲ့ရသည် ။ သို့သော် သူမ၏ ဘေးမှအရာအားလုံးကို ကျုံးယို့ယို့ လုယူသွားခဲ့သည့် ဖြစ်ရပ်သည် အမှန်တစ်ကယ်ဖြစ်လာခဲ့ပြီ ဖြစ်သည် ။


 ရလဒ်မှာ ၁၀၃မှတ်လောက်ရတာက ဘာဖြစ်နေလို့လဲ ။သူမ အမှတ် ၁၂၀လောက်ရခဲ့ပြီး စာမေးပွဲမှာ အမှတ်ပြည့်တွေအများကြီးရခဲ့တာကိုကျ သူတို့မမြင်ဘူးလား ။ကျုံးယို့ယို့က ဘယ်လောက်တော်နေလို့လဲ ။သူမက အမြဲ စာမေးပွဲတိုင်းအကောင်းဆုံးလုပ်ခဲ့တယ်ဆိုတာကိုကျ သူတို့မေ့နေခဲ့တာလား ။


မုန့်ရှစ်ရွှမ်သည် သူမ၏ လက်သည်းများဖြင့် လက်ဖဝါးအားထိုးစိုက်လိုက်မိသည် ။


*


နံရံရဲ့ အဝေးထောင့်တစ်နေရာက အရပ်ပုပုနှင့်ကောင်လေးသည် နတ်ဘုရားမအသစ် ကျုံးယို့ယို့ နှင့်ပက်သက်ပြီး အခြားသူများနှင့် ဆွေးနွေးနေခဲ့သည်။အချိန်ကြာလာသည်နှင့်အမျှ သူ၏ စိတ်ရှုပ်စရာကောင်းသောအသံသည် မုန့်ရှစ်ရွှမ်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည် ။မုန့်ရှစ်ရွှမ်သည် သူတို့အား ရိုက်ထုတ်ပစ်လိုက်ချင်ခဲ့သော်လည်း သူမတွင် နည်းလမ်းမရှိခဲ့ပေ ။


သူမဘေးရှိ လန်ကျားကျားသည် သူမအားပြောရမည်လား မပြောရမည်လား ဝေခွဲရခက်စွာနှင့်ပင် သူမအားအလန့်တကြားကြည့်နေခဲ့သည် ။ခဏအကြာတွင် သူမသည် မဝံ့မရဲဖြင့် မုန့်ရှစ်ရွှမ်အား ပို့စ်တစ်ခုကို ပြခဲ့သည် ။

"ရှစ်ရွှမ် တစ်ယောက်ယောက်က ကျုံးယို့ယို့ရဲ့ မျိုးရိုးနာမည်က နင့်ရဲ့ နာမည်နဲ့တူနေတယ်လို့ ပြောနေရတာလဲ ။ သူမက နင့်ရဲ့ဆွေမျိုးများလား "


  မုန့်ရှစ်ရွှမ်သည် မျက်နှာဖြူဖျော့လာပြီး ဖုန်းအားရိုက်ချလိုက်ပြီး " ဒီပို့စ်ကို ဘယ်သူတင်ထားတာလဲ "


" ကျောင်းဖိုရမ်ပေါ်က အမည်မသိတဲ့သူတစ်ယောက်ပဲ "