Chapter 26
တစ်စုံတစ်ယောက်က ကျုံးရှီယို့သည် ကျုံးယို့ယို့ကို အစ်မဟု ချစ်ခင်စွာခေါ်လိုက်သည်အား ကြားခဲ့ရကြောင်း မုန့်ရှစ်ရွှမ်သိလိုက်စသည် ။
ကျုံးရှီယို့က ကျုံးယို့ယို့ကို အစ်မလို့ ခေါ်လိုက်တယ် ။ ဒါဆိုရင် မြို့တော်ရဲ့ အချမ်းသာဆုံးကျုံးအိမ်တော်နဲ့ တစ်ခုခုမတော်စပ်နိုင်ဘူးလား ။
ရုတ်တရက် မုန့်ရှစ်ရွှမ်၏ ရင်ထဲတွင် ဒေါသများတောက်လောင်လာခဲ့သည် ။သူမအမုန်းဆုံးသည် ကျုံးယို့ယို့သာဖြစ်သည် ။ကျုံးရှီယို့သည် ယခုတွင် သူ့အား အစ်မအဖြစ်သတ်မှတ်ခြင်းမရှိတော့ဘဲ ကျုံးယို့ယို့နောက်သို့သာ တစ်ချိန်လုံး လိုက်နေခဲ့သည် ။ဤသို့ ဆက်ဖြစ်နေမည်ဆိုလျှင် တစ်ကျောင်းလုံးသည် ကျုံးယို့ယို့သည်သာ ကျုံးအိမ်တော်၏ သမီးရင်းမှန်းသိသွားကြပြီး သူမသည်ဒီတိုင်းအရိုင်းအစိုင်းတစ်ယောက်၏ သွေးသားသာဖြစ်မှန်းသိသွားကြလျှင်
" ချိုးငှက်သည်သာ ငှက်ကျား၏အသိုက်ကို ပိုင်ဆိုင်သည်..."
သူသည် ထိုကဲ့သို့ ဖြစ်နိုင်ခြေကို တွေးမိသောအခါ သူသည် အိပ်မက်ဆိုးထဲတွင် ဖမ်းမိသွားသကဲ့သို့ တစ်ကိုယ်လုံး ချွေးများစိုရွှဲလာခဲ့သည် ။
လန်ကျားကျား ဆက်၍မေးနေခဲ့သည် ။
"နင်ကျုံးယို့ယို့ နဲ့ ရင်းနှီးလား ။ နင်တို့က ဆွေမျိုးတွေလား..."
"မဟုတ်ဘူး"
မုန့်ရှစ်ရွှမ်သည် သွားများတင်းတင်းစေ့ကာ စိတ်ထဲတွင် ကြောက်ရွံ့မှုအနည်းဖြင့် ပြတ်သွားစွာပြောခဲ့သည် ။
သူမ၏ လေသံသည် အနည်းငယ်တင်းမာနေသောကြောင့် လန်ကျားကျား မတတ်သာစွာပင် သူမအားကြည့်လိုက်မိသည်။
မူလတွင် သူသည် မုန့်ရှစ်ရွှမ်၏ ကံကောင်းမှုများအား မနာလိုဖြစ်ခဲ့ရပြီး ရှစ်ရွှမ်တွင် ပိုင်ဆိုင်သော အရာများအားလုံးသည် သူမထက်သာလွန်နေခဲ့သည် ။ ကျားကျားသည် ပုံမှန်ချမ်းသာသောမိသားစုငယ်လေးမှ ဆင်းသက်လာသူဖြစ်သည် ။သို့သော် မုန့်ရှစ်ရွှမ်သည် ရွှေဇွန်းကိုက်၍ မွေးဖွားလာခဲ့သူဖြစ်ပြီး အကုန်လုံးက သူမအား အားကျခဲ့ရသည် ။သူမမှာ ဘာများကြောက်နေစရာရှိသေးလို့လဲ ။
မုန့်ရှစ်ရွှမ်သည် ရုတ်တရက် တစ်စုံတစ်ခုအားတွေးလိုက်မိပြီး သူမပြန်လည်တည်ငြိမ်သွားခဲ့သည် ။မုန့်ရှစ်ရွှမ်သည် သူမစုဆောင်းထားခဲ့သော လေ့ကျင့်ခန်းစာအုပ်အထပ်လိုက်အား သယ်ဆောင်ကာ ဌာနမှူးရုံးခန်းသို့ သွားခဲ့သည် ။ကမောက်ကမနိုင်သော သချ်ာစာမေးပွဲသည် ယခုထိ မအောင်မြင်နိုင်သေးပေ ။ အတန်း ၁၉ မှလူများသည် ကျုံးယို့ယို့အားနှစ်ရက်မျှ စောင့်ကြည့်နေခဲ့မိသည် ။ သူတို့သည် ကြက်ကလေးအစာကောက်သည့်ဂိမ်းတွင် သေတ္တာထဲသို့ ကျသွားခဲ့သည့် လူသစ်လေးများကဲ့သို့ဖြစ်နေသည် ။
ရုတ်တရက် ဖိုင်နယ်တွင် သူတို့သည် ဆရာကြီးတစ်ယောက်ပုံစံ ဟန်ဆောင်လိုက်ကြသည် ။သူမသည်ပင် ရုတ်တရက်မယုံနိုင်ဖြစ်နေပြီး အံ့အားသင့်ခဲ့ရသည် ။
အတန်းအပြီးတွင် စွန်းမန့်သည် စာရေးစားပွဲတွင် မျက်နှာအပ်ကာ ငိုကြွေးမိတော့သည် ။
သူမသည် သချ်ာစာမေးပွဲတွင် ၃၈ မှတ်သာရခဲ့ပြီး ကောင်းစွာမလုပ်ဆောင်နိုင်ခဲ့ချေ ။စာမေးပွဲ စာရွက်ပေါ်တွင်ပင် နှာခေါင်းသွေးများ လျှံကျမတတ်ဖြစ်ခဲ့သည် ။
သူမ၏ မိဘများသည် တက္ကသိုလ်မှဆရာ ၊ ဆရာမများဖြစ်ကြပြီး သူတို့သည် သူမအား အလွန်စည်းကမ်းတင်းကျပ်ကြသည် ။အတန်းထဲမှ သူတိုင်းသည် သူမမိသားစု၌အပတ်တကုပ်ကြိုးစားရသည်ကို သိကြသည် ။ အစပိုင်းတွင် သူမသည် ပြိုင်ဆိုင်မှုပြင်းထန်သော အတန်းတွင်နေခဲ့ရပြီး မကြာမီတွင် သူမဆက်မထိန်းထားနိုင်တော့ပေ ။သူမ၏ စိတ်အခြေအနေတွင်ပြသနာအနည်းငယ်ရှိခဲ့ပုံရပြီး သူမသည် အတန်း ၁၉ သို့ပြောင်းရွှေ့ခဲ့ရသည် ။
ကံကောင်းစွာဖြင့် သူမသည် အတန်း ၁၉ တွင် ထိပ်ဆုံး သုံးယောက်စာရင်းဝင်နိုင်ခဲ့ပြီး သူမ၏ စိတ်ဖိအားများလည်း အတော်အသင့်လျော့ကျသွားခဲ့သည် ။
သို့သော် ယခုအချိန်တွင်တော့ အဆင့်ကောင်းများမရှိသည့် ကျုံးယို့ယို့သည် စာမေးပွဲကိုကောင်းစွာဖြေနိုင်ခဲ့ပြီး အမှန်တစ်ကယ်အားဖြင့် သူမသည်တော့ယခုနှစ်ဝက်အတွက် များစွာကြိုးစားခဲ့ပြီး စာမေးပွဲတွင် အမှတ်သုံးဆယ်ကျော်သာရရှိခဲ့သည် ။ ကုလားအုတ်၏ ခါးကိုကျိုးစေခဲ့သော နောက်ဆုံးကောက်ရိုးမျှင်ကဲ့သို့ပင် ထိုအရာသည် သူမ၏စိတ်အား အလုံးစုံ ဖုံးလွှမ်းသွားခဲ့သည် ။
ရွှီရှောင်ယွဲ့ သူမကိုတွေ့သောအခါ ဒေါသအလွန်ထွက်နေခဲ့ပြီး
"စွန်းမန့် မငိုပါနဲ့ ၊ ငိုနေတာက ဘာများပြောင်းလဲသွားမှာမို့လို့လဲ ။ တစ်ယောက်ယောက်ရဲ့ အဆင့်တွေက မှားနေတာပဲ ဖြစ်ရမယ် "
သူမသည် သွားများအား တင်းတင်းစေ့ကာ ပြောလိုက်သည် " ဘယ်သူကသိမှာလဲ တစ်ယောက်ယောက်က စာမေးပွဲမေးခွန်းကို ကြိုသိနေတာလားမှ မသိတာ။ မဟုတ်ရင် ယို့ယို့က အတန်းထဲမှာ ရုတ်တရက်ကြီး ဘယ်လိုလုပ် ဒုတိယနေရာကို ရသွားနိုင်မှာလဲ ။ငါကတော့ မယုံနိုင်ပါဘူး"
အသံသည် အလွန်မကျယ်သလို တိုးလည်းတိုးမနေပေ ။ တစ်ရေးတစ်မောအိပ်နေသော ကျုံးယို့ယို့ နိုးသွားလောက်အောင် ကြားရရုံအထိသာဖြစ်သည် ။
ကျုံးယို့ယို့ စိတ်အနှောင့်အယှက်ဖြစ်ဆုံးအချက်က ဘာများလဲ ။
စိတ်ရှုပ်စရာအကောင်ဆုံးအချက်မှာ ရွှီရှောင်ယွဲ့သည် ယို့ယို့ခိုးချခဲ့သည် ဟုထင်နေခြင်းဖြစ်သည် ။သူမလို ကျောင်းသားမျိုးက ဂုဏ်ယူနေဖို့ လိုလို့လား ။ သူဘယ်လက်နဲ့စာရေးတာကမှ သူမလို လူသစ်လေးတွေထက် ပိုသာဦးမယ် ။
သူမသည် မျက်နှာတစ်ဖက်တွင် ဖိအိပ်ထားသောကြောင့် နီရဲနေခဲ့ပြီး မျက်ခုံးများပင့်လိုက်၍ ခေါင်းမော့လာကာ ဆိုလိုက်သည်
"နင်ဘယ်သူ့အကြောင်းပြောနေတာလဲ "
ရွှီရှောင်ယွဲ့သည် ကျုံးယို့ယို့အား အနည်းငယ်လန့်နေမိသည် ။
ကျုံးယို့ယို့သည် သက်မွေးမှူဆိုင်ရာအထက်တန်းကျောင်းအပြင်ဘက်တွင် လူမိုက်များနှင့် ကစားနေလေ့ရှိသူဖြစ်သည် ။
သူမ၏ အသံသည် ရှစ်ဒီဂရီလောက် နိမ့်ဆင့်သွားခဲ့သည် ။
"ဘာလဲ ။ ဘာဖြစ်နေလို့လဲ နင်သာအမှားတစ်ခုခုမလုပ်ထားဘူးဆိုရင် ပြောခံရမှာကို ကြောက်မနေနဲ့လေ ။ "
ကျုံးယို့ယို့ မတ်တပ်ရပ်ကာ ပြုံးလိုက်သည်
"နင်ငါ့ကို ဘာပြောလိုက်တာလဲ ။ သတ္တိရှိရင် ထပ်ပြောကြည့်လိုက် "
ရွှီရှောင်ယွဲ့သည် အမှန်ပင် သတ္တိမရှိပါ ၊ သို့သော် သူမဘေးတွင် အတန်းဖော်များသည် ဝိုင်းကြည့်နေခဲ့ကြသည် ။
သူမ ကျုံးယို့ယို့ကို ထိတ်လန့်ကြောက်ရွံစွာကြည့်ပြီးပြောလိုက်မိသည်
" နင့်ကို ဝက်လို့ပြောလိုက်တာ "
ကျုံးယို့ယို့ သူမရှိရာ စားပွဲဆီသို့လျှောက်သွားလိုက်သည် " ဘယ်ဝက်မက ငါ့ကိုလာပြောနေတာလဲ "
တစ်ကယ်တမ်းတွင် ရွီရှောင်ယွဲ့သည် ကျုံးယို့ယို့၏ မျက်နှာပေါ်မှ အပြုံးအား ကြောက်ရွံ့နေခဲ့ပြီ ဖြစ်ပြီး သူမ၏ ခြေထောက်များပင် အားနည်းနေပြီဖြစ်သည် ။ သူမတတံတွေးမြိုချလိုက်မိပြီး ထိုင်ခုံပေါ်တွင် အတင်းအကြပ်ထိုင်းခိုင်းခံခဲ့ရသည် ။
သူမသည်းမခံနိုင်တော့ဘဲ မျက်လုံးများတင်းတင်းစေ့ကာ ကျိန်ဆဲလိုက်မိသည် " ငါပြောလိုက်တာ နင်ဘာလာဖြစ်နေတာလဲလို့ "
စကားလုံးများ ထွက်မလာခင်ပင် တစ်ခန်းလုံး၏ ဝါးလုံးကွဲမတက်ရယ်သံများ ဒလဟောထွက်ကျလာခဲ့သည် ။
ရှစ်ယိမုန့်သည် ထိပ်ဆုံးမှပင် လက်ခုပ်လက်ဝါးတီးကာ အော်ရယ်ခဲ့သည် ။
"ဟားဟားဟား ..ဟားဟားဟား"
ထို့နောက်မှသာ ရွှီရှောင်ယွဲ့သည် သူမသည် သနားစရာအဖြစ်သို့ကျရောက်သွားပြီမှန်း သတိထားမိခဲ့သည်။သူမမျက်နှာသည် ပြာတစ်လှည့် ဖြူတစ်လှည့်ဖြစ်နေခဲ့ပြီး မျက်ရည်များပင်ကျလုမတတ်ဖြစ်နေသည် ။
သူမသည် ဗလက္ကာရပြုခံရသည့် တောရိုင်းပန်းလေးကဲ့သို့ဖြစ်နေပြီး ကျုံးယို့ယို့အား တွန်းထုတ်ကာ သူမလက်များသည်ပင် ပြင်းထန်မှုကို ခံစားလိုက်ရသည် ။ရွှီရှောင်ယွဲ့သည် မိန်းကလေးသန့်စင်ခန်းထဲသို့ အပြေးဝင်သွားခဲ့သည် ။
ကျုံးယို့ယို့က အမှားများစုပုံနေသော ရွှီရှောင်ယွဲ့စားပွဲရှိ မေးခွန်းစာရွက်များအားကြည့်လိုက်မိသည် ။
ရွှီရှောင်ယွဲ့သည် အမှန်ပင် ကြိုးစားထားသည်ကိုတော့ သူမပြောနိုင်သည် ။ဤစာမေးပွဲတွင်ဖြေခဲ့သော အဖြေလွှာများသည် အကုန်လုံးမှားယွင်းနေခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက် အမှားများသည်လည်း တူညီနေကြသည် ။သူမသည် အလွန်စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသော်လည်း သူ၏ အဖြေလွှာ စာရွက်အားကြည့်လိုက်ရုံဖြင့်ပင် သူမအမှန်တစ်ကယ်ကြိုးစားမှန်းကိုတော့ သိနိုင်သည် ။
ငါက သူမကို အရမ်းအနိုင်ကျင့်လိုက်သလိုများ ဖြစ်သွားလား ။
ကျုံးယို့ယို့ သူမနှုတ်များကွေးသွားအောင် ပြုံးလိုက်မိသည် ။သူမသည် နေရာအားပြန်တော့မည့်အချိန်တွင် အတန်းဖော်တစ်ယောက်ကလှမ်းခေါ်လိုက်သည်ကို ကြားလိုက်ရသည် ။
"အတန်း ၁၉က ကျုံးယို့ယို့ ၊ ဌာနမှူးက ရုံးခန်းလာခဲ့ဖို့ ခေါ်နေတယ် "
ဌာနမှူး လား။
သူမတစ်ခဏလောက် ဘာမှန်းမသိဖြစ်သွားခဲ့ရသည်။ မူလကိုယ်နှင့် ဌာနမှူးကြားတွင် ဘာကိစ္စမျှ ရှိမနေခဲ့ ။ဘာလို့ရုတ်တရက်ကြီး ဌာနမှူးက သူ့ကို တွေ့ဖို့ ပြောနေတာလဲ ။
လွန်ခဲ့သော ရက်အနည်းအတွင်း သူမသည် အတန်း ၁၉ မှ ကျောင်းသားအချို့နှင့် ရင်းနှီးသွားပုံရသည် ။သူမ မသွားခင် ကျောင်းသားတစ်ချို့သည် သူမအားစနောက်နေကြသေးသည်
"စာမေးပွဲက အရမ်းကောင်းတာတော့မဟုတ်ဘူး ဒါပေမဲ့ ဌာနမှူးက ဆုချီးမြှင့်ပေးတော့မယ်နဲ့တူတယ် "
ကျုံးယို့ယို့သည် ပြုံးလိုက်ကာ အတန်းဖော်နှင့် အတူ ရုံးခန်းသို့ လိုက်သွားခဲ့သည် ။
သို့သော် ရုံးခန်းအတွင်း ဆရာများကို ကြည့်ရသည်မှာ လီသုန်းဖျင်သည် အနည်းငယ်ဒေါသထွက်နေပုံရပြီး သင်ကြားရေးဒါရိုက်တာသည် သူ၏ ကွန်ပြူတာအားဖွင့်ကာ တစ်ခုခုအား ရှာဖွေနေခဲ့သည် ။စာမေးပွဲနေ့က မော်နီတာကို ဖွင့်ထားခြင်းဖြစ်သည် ။ကျုံးယို့ယို့၏ အပိုင်းအားသေချာမြင်နိုင်ရန် သူသည် မြင်ကွင်းကိုပင် ချဲ့ခဲ့သည် ။
အဲ့ဒါက သူမခိုးချခဲ့လားဆိုတာကို ပြန်စစ်ဆေးနေတာလား ။
"အတန်းဖော် ကျုံးယို့ယို့ ၊ ငါမင်းကို ဘာလို့ခေါ်လိုက်လဲသိလား ။"
ဘီယာဗိုက်နှင့် အသက်ငါးဆယ်အရွယ် မျက်မှန်တပ်ထားသော သင်ကြားရေးဒါရိုက်တာသည် သူမအား အသေအချာစိုက်ကြည့်နေခဲ့ကာ စိစစ်နေခဲ့သည် ။
ကျုံးယို့ယို့၏ မျက်နှာပေါ်မှာ အပြုံးသည် တစ်ဖြေးဖြေးပျောက်ကွယ်သွားပြီး သူ့အားပြန်ကြည့်ကာ မုန်းတီးစွာပင် ပြောခဲ့သည်
" မသိဘူးလေ ၊ ဆရာပဲဘာလို့မပြောလိုက်တာလဲ "
ဌာနမှူးသည် ချက်ခြင်းဒေါသထွက်လာပြီး "ဘယ်လိုအပြုအမူမျိုးလဲ ၊ အာရုံစိုက်စမ်း "
လီသုန်းဖျင်သည် ဒေါသကြောင့် တုန်ယင်လာပြီး
" ကျွန်တော်ကပဲ မေးခွန်းကို ခိုးထုတ်ပေးခဲ့သလိုမျိုး ပြောနေတာလား "
ထိုနေရာတွင် စာညံ့သည့်အတန်းမှ ဆရာတစ်ယောက်ရှိနေပြီး သူသည် လီသုန်းဖျင်နှင့် ဘယ်တုန်းကမှ အဆင်မပြေခဲ့ပေ ။
"မဟုတ်ရင်ရော ၊ အဆင့်အောက်ဆုံးက ကျောင်းသားတစ်ယောက်က ချက်ခြင်း ညဏ်အလင်းပွင့်သွားပြီး အဆ တစ်ထောင်လောက် တိုးတက်လာတယ်ဆိုတာက ဖြစ်နိုင်လို့လား ။ ဘယ်ညဏ်ကြီးရှင်မှ ဒီလိုမဟုတ်ဘူး "
ကျုံးယို့ယို့ ကပြောလိုက်သည် " ကျွန်မ ကျူတာတစ်ယောက် ခန့်လိုက်တာလေ ။ မရဘူးလား "
သူမသည် သင်ကြားရေးဌာနမှူးအားကြည့်လိုက်ကာ ရုတ်တရက် ဝတ္ထုထဲမှအကြောင်းအရာတစ်ချို့အား ပြန်အမှတ်ရမိသွားသည် ။ ဌာနမှူးသည် မူလကိုယ်နှင့် ဘာကိစ္စမှ မရှိထားသော်လည်း မုန့်ရှစ်ရွှမ်နှင့်တော့ မဟုတ်ပေ ။
ဇာတ်လိုက်မ မုန့်ရှစ်ရွှမ် ညဏ်စမ်းပြိုင်ပွဲသို့ ဝင်ရောက်ယှဥ်ပြိုင်သည့်အခါက သူမတွင် အခြားပြိုင်ပွဲဝင်တစ်ယောက် ပါလာခဲ့သည် ။ထိုပြိုင်ပွဲဝင် သူမအား ခေါ်ဆောင်လာခဲ့သော ဌာနမူးသည် သူ၏ ရာထူးကို အသုံးချကာ အခြားပြိုင်ပွဲဝင်မိန်းကလေးအား ပထုတ်ပစ်ခဲ့သည် ။
ဘာလို့လဲ ။
မဟုတ်မှလွဲရော ဌာနမှူးက ကျုံးမိသားစုဆီက တစ်ခုခုများတောင်းဆိုစရာရှိနေတာလား ။
သူ၏ ဆွေမျိုးများသည် စီးပွားရေးဆက်လုပ်နိုင်ရန် ကျုံးမိသားစုအား မှီခိုနေရခြင်း ဖြစ်မည်။ ကျုံးမိသားစုက သူတို့ကို ထောက်ပံ့တာရပ်သွားမှာ စိုးတာကြောင့် မုန့်ရှစ်ရွှမ်အား ကပ်ဖားရပ်ဖားလုပ်ဖို့ပင် မစောင့်နိုင်တော့ပုံရသည် ။ ထိုမျှသာမက သူသည် မုန့်ရှစ်ရွှမ်ကိုပင် ပိုက်ဆံရှာခိုင်းသေးသည် ။ ပြိုင်ပွဲတွင် အနိုင်ရပြီးသည့်နောက် မုန့်ရှစ်ရွှမ်သည် အတန်းထဲတွင် ဂုဏ်ယူနေရတုန်းဖြစ်သည် ။
ဝတ္ထုထဲတွင် ထိုပြိုင်ပွဲဝင်မိန်းကလေးသည် မကောင်းသောပုံစံရှိသည် ။သူမ၏ ပင်ကိုယ်စရိုက်သည်လည်း အလွန်ကို စိတ်အနှောင့်အယှက်ဖြစ်ဖွယ်ကောင်းသည် ။သူမသည် မုန့်ရှစ်ရွှမ်၏ နောက်ကွယ်တွင် ဆိုးရွားစွာတိုက်ခိုက်ခဲ့ပြီး ဒါရိုက်တာအား သူမကို မုန့်ရှစ်ရွှမ်အတွက် နှင်ထုတ်ပေးဖို့ ပြောချင်းခံခဲ့ရသည် ။ ဒီဇာတ်ညွှန်းမှာ နောက်ထပ် စူးယိုရွှမ်း ဇာတ်ညွှန်းကဲ့သို့ ပုံမှန်ဖြစ်နေသည် ။
သို့သော် ယခုတွင်တော့....
အဲ့ဒါက ကျုံးယို့ယို့ ခေါင်းပေါ်ကို ကျလာမည်ဆိုလျှင်တော့ ၊ ကျုံးယို့ယို့ သေလောက်အောင် ဒေါသထွက်ရလိမ့်မည် ။
သူမ အလွန်ကို မပျော်မရွှင်ဖြစ်လာပြီး မျက်မှောင်ကြုတ်ကာ ဗိုက်ပူဌာနမှူးအားကြည့်လိုက်သည် ။သူမ၏ နှလုံးသားသည် ရေခဲအတိ အေးစက်နေခဲ့ပြီ ဖြစ်သည် ။ မုန့်ရှစ်ရွှမ်နှင့် ဌာနမှူးတို့ မည်သို့ပတ်သက်သည်ကို မသိသော်လည်း ဖြစ်နိုင်တာကတော့ သူမဘာမှပြောဖို့ပင် မလိုပုံရသည် ။
****
" စာမေးပွဲနဲ့ပက်သက်ပြီး တစ်ကယ် တစ်ခုခုများ ပြဿနာမရှိနေဘူးလား "
မုန့်ရှစ်ရွှမ်သည် လေ့ကျင့်ခန်းစာအုပ်များအား ရုံးခန်းသို့ပို့ခဲ့ပြီးနောက် ဌာနမှုးအား စစ်ဆေးပေးရန်ခေါ်ခဲ့သည် ။
ဌာနမှူးသည် မုန့်ရှစ်ရွှမ်အား မျက်နှာလုပ်ရန် လိုပေသည် ။မုန့်ရှစ်ရွှမ် ပြောသည်အား အချိန်အတော်တန်ကြာအောင် စဥ်းစားနေခဲ့ပြီး အဓိပ္ပါယ်ရှိသည်ဟုခံစားလိုက်ရသည် ။
သို့သော် ကျုံးယို့ယို့သည် ကျုံးအိမ်တော်၏ သမီးအရင်းဖြစ်ပြီး မုန့်ရှစ်ရွှမ်က ကပ်တွယ်နေသော ယင်ကောင်တစ်ကောင်မျှသာဖြစ်သည်ကိုတော့ ဌာနမှူးသာမကာ တစ်ကျောင်းလုံးနီးပါး မသိခဲ့ပေ ။