အပိုင်း ၂၇
Viewers 10k

Chapter 27



 နောက်ဆုံးမှာ မုန့်ရှစ်ရွှမ် သူမဘာမှတတ်နိုင်တာမရှိတော့သည့်အတွက် ဂနာမငြိမ်လုပ်မိလုပ်ရာ လျှောက်လုပ်နေသည်ပေလား ။ 


ကျုံးယိူ့ယို့ သူမအပေါ် ပထမဆုံးအကြိမ် အာဃာတထားမိသည် ။ သူများကသာ သူမကိုမတိုက်ခိုက်ခဲ့ဘူးဆိုလျှင် သူမသည်လည်း တစ်ဖက်လူကို တိုက်ခိုက်နေမည်မဟုတ်ပေ ။


သူမသည် အရင်က မုန့်ရှစ်ရွှမ်ကို မုန်းသော်လည်း ဂရုစိုက်နေဖို့ရန်ပင် ပျင်းလွန်းခဲ့သည် ။ အကယ်၍ ဒီတစ်ကြိမ်တွင် မုန့်ရှစ်ရွှမ်သည် သူမခုန်ချဖို့ တွင်းတစ်တွင်းတူပေးခဲ့သည်ဆိုပါ သူမသည် မုန့်ရှစ်ရွှမ်အား သေချာပေါက် ပြန်တိုက်ခိုက်မည် ဖြစ်သည် ။


"ကျူတာခန့်တာလား ။ ဘယ်လိုကျူတာမျိုးက အရမ်းကောင်းပြီး မင်းကို ဒီလောက်ထိတော်သွားအောင် ကူညီပေးနိုင်နေတာလဲ " 


သူသည် မုန့်ရှစ်ရွှမ်၏အတန်းမှ ဆရာဖြစ်သည်  ။ လီသုန်းဖျင်အား ကြည့်ကာ ရက်အနည်းငယ်လောက် နေမထိထိုင်မသာဖြစ်ခဲ့သောသူသည် ယခုချိန်တွင်တော့ လက်ဖေ့ရည်ခွက်ကိုကိုင်ကာ ပီတိဖြာနေခဲ့သည် ။ သူသည် စိတ်လှုပ်ရှားစရာကောင်းသည့်မြင်ကွင်းအား ဘေးမှကြည့်ရှူနေခဲ့ပြီး စကားလုံးအနည်းငယ်ရေရွတ်နေခဲ့သည် ။


ထိုစကားသည် လီသုန်းဖျင်၏ ဒေါသကို ဆွဲလိုက်သကဲ့သို့ ဖြစ်စေခဲ့သည် ။ သူသည် ရုတ်ချည်းလှည့်လိုက်ကာ ထိုဆရာ၏ နှာခေါင်းနားသို့ လက်ညှိုးထိုးလိုက်ပြီး " မင်းနောက်တစ်ခေါက်လောက်ပဲ ထပ်ပြောကြည့်လိုက်စမ်း "


 သူ၏အတန်းရှိကလေးများသည် ကယ်တင်၍မရနိုင်သည်ကို လီသုန်းဖျင်သိသည်။


 သူတို့က ရွှံ့တွေလိုပဲ ဒါပေမဲ့ အခြားသူများတွင်တော့ သူ၏ ကလေးများအား ဝေဖန်ပိုင်ခွင့်မရှိပေ ။


အခြားအတန်းမှ ဆရာများသည် သူ၏ အတန်းအား သင်ကြားပေးရသည်မဟုတ်ပါ ။ သူ၏ အတန်းရှိကလေးများသည် အခြားသူများထက်ကြိုးစားလား မကြိုးစားလားဆိုသည်ကို သူတို့ဘယ်လိုလုပ်သိနိုင်ပါ့မလဲ ။ အတန်း၏ သွေးကြောဖြစ်သည့် ကြိုးစားသည့်ပန်းပွင့်လေး ရွှီရှောင်ယွဲ့သည်ပင် စာမေးပွဲကျခဲ့သည်ကို လီသုန်းဖျင်တွေ့ခဲ့ပြီး သူမသည် အတန်းထဲတွင်ပင် ငိုယိုကာ ညနက်ထိ စာလုပ်နေခဲ့သည် ။


ထိုဆရာသည် သူ၏ နှာခေါင်းအားထိလိုက်ပြီး ဌာနမှူးသည် သူ့အားထောက်ပံ့ပေးနေသည်ကို တွေ့လိုက်ရသောအခါ ကြောက်လန့်မနေဘဲ ပြောလိုက်သည် 


"ဘယ်သူကသိနိုင်မှာလဲ "


လီသုန်းဖျင်သည် ထသွားကာရန်ဖြစ်တော့မည်ပုံစံအတိုင်းပင် သူ၏ နှဖူးမှ အပြာရောင်သွေးကြောများပင် ထောင်ထလာခဲ့သည် ။

 

ကျုံးယို့ယို့သည် ဌာနမှူးအား အတော်အတန်ကြာအောင်ကြည့်နေလိုက်ပြီး နောက်တွင် သူမသည် တစ်ခစ်ခစ်ရယ်လာခဲ့သည် ။သူမသည် သူမ၏ လက်ချောင်းလေးများအား စာရိုက်သည့် ကီးဘုတ်ပေါ်တွင် ပြေးလွှားလိုက်ပြီး ကွန်ပြူတာ၏ မော်နီတာစခရင်အား ပိတ်ပစ်ခဲ့သည် ။ ထို့နောက်သူမသည် ခံစားချက်မဲ့နေသော အမူအရာနှင့် ဌာနမှူးအား အေးစက်စွာကြည့်နေခဲ့သည် ။


" ကျွန်မသာ ခိုးချခဲ့တယ်ဆိုရင် မျက်စိကန်းနေတဲ့သူတွေကတော့ ပြန်ထောက်လှမ်းနေစရာတောင် လိုမှာမဟုတ်ဘူး ။ဒါကြောင့် ကျွန်မကို ဘောပင်နဲ့ စာရွက်ပဲ ပေးလိုက် ။ အကုန်လုံးရှေ့မှာပဲ ဖြေပြမယ် "


နောက်ဆုံးစကားလုံးအနည်းငယ်သည် လျှာဖျားထိပ်တွင် ခါးသီးနေခဲ့ခြင်းလား ဒါမှမဟုတ် လှောင်ရယ်နေခြင်းကဲ့သို့လား ၊ တစ်ဖက်လူအား အပြည့်အဝဆွပေးနိုင်ခဲ့သည် ။


ကျုံးယို့ယို့သည် အလွန်လှပသည် သို့သော် သူမ၏ မျက်နှာအစိတ်အပိုင်းများသည် ပုံမှန်လှပနေရုံမဟုတ်ဘဲ သူမ၏ အေးစက်သောပုံစံသည် သူမအား ပို၍ တင့်တယ်လာသယောင် ထပ်ပေါင်းပေးသကဲ့သို့ ဖြစ်နေသည် ။


လီသုန်းဖျင်သည်ပင် ရုတ်တရက်ဘာပြောရမှန်းမသိဖြစ်ခဲ့သည် ။


သူဘယ်လိုပြုမူရမှန်းမသိတော့ပေ ။ မဟုတ်သေးဘူး ။ ကျုံးယို့ယို့မှာ သတ္တိတွေဘယ်လောက်များရှိနေတာလဲ ။ အရင်စာမေးပွဲတွင် သူမကံကောင်းနိုင်ခဲ့သော်လည်း ယခုလို ဌာနမှူးနှင့် သိပ္ပံဆရာများရှေ့တွင်လျှင်တော့....


အဲ့ဒါက အများသိအောင် ကြေညာလိုက်သလိုပဲ မဟုတ်ဘူးလား ။ထိုအချိန်တွင် ယခင်ကနှင့် တူညီသော မေးခွန်းကိုလည်း မေးမည်မဟုတ်ဘဲ အဲ့ဒါက ခိုးချရင်တောင် ပိုပြီး ပေါ်လွင်နေမှာ မဟုတ်ဘူးလား ။


လက်နက်များအပြည့်ချိန်ထားသော သူများလက်ထဲမှ ဘယ်လိုထွက်ရမည်ကို စဥ်းစားမရသေးခင် ဌာနမှူးသည် သူမ၏ ရန်စလိုက်သည့် သဘောထားကြောင့် ပို၍ပင် စိတ်တိုသွားခဲ့ရသည် ။သူသည် သူ၏ လုပ်ပိုင်ခွင့်အာဏာအား စိန်ခေါ်ခံလိုက်ရသလို ခံစားလိုက်ရပြီး သူ၏ ဒေါသအဟုန်သည် နဖူးသို့ပင့် ဆောင့်တက်လာခဲ့သည်။ သူသည် စားပွဲခုံအား ခပ်ပြင်းပြင်းရိုက်ချလိုက်ပြီး ဒေါသအပြည့်နှင့် ပြောလိုက်သည် ။


 " ကောင်းပြီ ။ နင်ဒီမှာပဲဖြေ "


ရုံးခန်း၏ ပြတင်းပေါက်များသည် အရမ်းမမြင့်ပေ ။ ထို့ကြောင့်သူတို့တိုးတိုးတိတ်တိတ်ပြောနေလျင် တောင်မှ ဘာတွေဖြစ်နေလဲဆိုတာကို ကျောင်းသားများပြောနိုင်ကြသည် ။


သူတို့သည် ရုံးခန်းအတွင်းမှ ရန်လိုမှုများကြောင့် ထိတ်လန့်သွားခဲ့ရပြီး ထိုအချိန်တွင် ဆရာများသည်လည်း တံခါးအပြင်ဘက်မှ ကျောင်းသားများအား ဂရုစိုက်နေရန် အချိန်မရှိပေ ။


 ကျုံးယို့ယို့ ထိုစကားများပြောပြီးနောက်တွင် ကျောင်းသားအချို့သည် အလျင်အမြန်ပြေးလာကြတော့သည် ။


သွားလိုက် ၊ တစ်ဆင့်ပြန်ပြောလိုက် ၊ ပြန်တင်ပို့လိုက်နှင့်ပင် ။


သောက်ရမ်းကိုပဲ ။ ဘယ်လိုတောင်ရူးလောက်စရာလဲ ။ တစ်ကယ့်ကို သတင်းကြီးပဲ ။ လာကြတော့ ။ အခန်း ၁၉ ရဲ့  ထိပ်ဆုံးကျောင်းသူသစ်က ထိပ်ပြောင်ကို ရန်စလိုက်ပြီ ။


ထိပ်ပြောင်သည် ဌာနမှူး၏ နာမည်ပြောင်ပင်ဖြစ်သည် ။သူသည် အတန်းတစ်လျှောက်လုံးတွင် အတော်အသင့်အာဏာရှိသူဖြစ်ပြီး တိုက်ရိုက်ပင်အပြစ်ပေးပိုင်ခွင့်ရှိသောကြောင့် ကျောင်းသားများသည် သူ့အား အလွန်ကြောက်ရသည် ။ ကျောင်းသားများသည် သာမက ဆရာများကပင် ထိုထိပ်ပြောင်၏ ထံမှ သဘောကျခံရဖို့ကို ကြိုးစားလေ့ရှိကြသည် ။


 မုန့်ရှစ်ရွှမ်နှင့် ရှစ်ကျစ်ထန်ကဲ့သော တော်ရုံတန်ရုံမဟုတ်သော နောက်ခံရှိသည့် သူများသာလျှင် ဌာနမှူး၏ သဘောကျသည့် အဆင့်သို့ရောက်ရှိကြသည်။

ကျောင်းတွင်းမှာ ထိုကဲ့သို့ နောက်ခံကောင်းသူမျိုး ဘယ်လောက်များများရှိနိုင်မှာလဲ ။ အများစုက သာမန်ချမ်းသာရုံလောက်သာဖြစ်ကြသည် ။


ထိုအချိန်တွင် ကျုံးယို့ယို့က ထိပ်ပြောင်နှင့် ထိပ်တိုက်ထပ်ရင်ဆိုင်ခဲ့သည် ။

.....

သူမ နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ သူမ၏ စီနီယာတတိယနှစ်အတန်းဖော်များသည် အချိန်တိုတွင်း သူမ၏ ပုံရိပ်အား အဆင့်တစ်ခုသို့ မြှင့်တင်ပေးလိုက်ပြီဖြစ်သည် ။


ဌာနမှူးကိုတောင် ရန်စရဲတယ် ။ ဘယ်လိုတောင် သူရဲကောင်းဆန်နေတာလဲ ။


အတန်း ၁၉မှ ကျောင်းသားများသည် သူမတုံ့ပြန်ခဲ့ပုံအား မြင်လိုက်သောအခါ ရူးတော့မတတ်ဖြစ်သွားကြသည် ။


တစ်ကယ်ကို သူတို့အခန်းထဲက ကျုံးယို့ယို့လား ။ရုံးခန်းမှာ ဌာနမှူးရှေ့တည့်တည့် စာမေးပွဲပြန်ဖြေနေတာကလေ ။ 


ဌာနမှူးသည် သူမကို အလွန်ကိုခက်ခဲသော မေးခွန်းအစုံလိုက်အား ချပေးခဲ့ကာ အရှက်ရအောင်လုပ်ချင်ခဲ့သည် ။


ရွှီရှောင်ယွဲ့၏ အမူအရာမှာ ဖော်ပြ၍ပင်မရနိုင်တော့ ။သူမတွင် ဘာကြောင့်မှန်းမသိ ဆိုးရွားသော ကြိုတင်ခန့်မှန်းချက်တစ်ခုရှိနေပြီး ယို့ယို့ နိုင်လိမ့်မည်ဟု သူမထင်နေခဲ့သည် ။


ရှစ်ယိမုန့်သည် ထိုအကြောင်းအရာကို ကြားကြားချင်း ဂိမ်းစက်ကို ချလိုက်ပြီး စားပွဲကိုပင် ခုန်ကျော်၍ အပြေးအလွှားသွားကာ သူရှေ့ရှိလူများကိုပင် တွန်းထုတ်ပစ်ခဲ့သည် ။ သူမသည် ဘာမှရေးဆွဲထားခြင်းမရှိသည့် အခွံလွတ် ပန်းအိုးတစ်လုံးသာဖြစ်သည်ဟု သူအမြဲတွေးထားခဲ့သော်လည်း သူမသည် တစ်ကယ်ကို စာခိုးချခဲ့ခြင်းမရှိသည်ကို သူသိသည် ။


ဘာလို့လဲဆိုတော့ သူကစာမေးပွဲ ဖြေနေတဲ့တစ်ချိန်လုံး သူမကိုပဲ ငေးကြည့်နေခဲ့တာလေ....


နေပါဦး ။ ရှစ်ယိမုန့်၏ မျက်နှာသည် ဖော်ပြ၍မရလောက်အောင်ပင် ဖြစ်သွားခဲ့ရသည် ။ထို့နောက်သူသည် ဒေါသထွက်လာခဲ့ပြီး ရှေ့သို့သာဆက်သွားခဲ့သည် ။


တတိယတန်းရှိကျောင်းသားများသည် ပွဲတော်တစ်ခုလိုပင် ရုံးခန်းရှေ့တွင် ဝိုင်းအုံလာကြသည် ။အရှေ့ဆုံးရှိကျောင်းသားများသည် သေချာမြင်တွေ့နိုင်သော နေရာကောင်းကို သိမ်းပိုက်ထားသော်လည်း နောက်တန်းရှိ ကျောင်းသားများမှာမူ မည်သို့မျှ တိုး၍မရနိုင်ပေ ။ ထို့ကြောင့် သူတို့သည် စိုးရိမ်စိတ်ဖြင့်သာ  သတင်းအား စိတ်လှုပ်ရှားစွာ စောင့်မျှော်နေဖို့သာ တတ်နိုင်သည်။


ထိုသတင်းသည် ရှစ်ကျစ်ထန်၏ အတန်းသို့ မကြာမီတွင် ပျံ့နှံ့သွားခဲ့သည် ။အနီးနားမှ ကျောင်းသားများသည်စိတ်လှုပ်ရှားကာ ထိတ်လန့်နေကြသည် ။ကစားကွင်းမှ ပြန်လာသောရှစ်ကျစ်ထန်သည် အတန်းဖော်များအား ဘာဖြစ်နေသည်ကို မေးခဲ့ပြီးနောက် သူသည် မျက်မှောင်ကြုတ်လိုက်မိသည် ။


ကျုံးယို့ယို့ ခိုးချတယ်လို့ စွပ်စွဲနေကြတာလား ။

ဒါက ဘယ်လိုတောင် စော်ကားလိုက်တာလဲ ။


သူသည် လားရာဘက်သို့ ဦးတည်ကာ အမြန်ပြေးသွားခဲ့ပြီး ကျုံးယို့ယို့အား ရုံးခန်းမှ ခေါ်ထုတ်ပေးချင်ခဲ့သည် ။သူ အနည်းငယ်ဒေါသထွက်သွားမိသည် ။


 ဌာနမှူးက ကျုံးယို့ယို့အား ကျုံးမိသားစုမှ သမီးမှန်းမသိဘဲ လက်ညှိုးထိုးနေခဲ့သည် ။သူသာသိသွားခဲ့လျှင် ထိုကဲ့သို့ ဘယ်မှာစော်ကားဝံ့ပါမည်နည်း ။ကျုံးမိသားစုသည် ယခုထိ တရားဝင်ချမပြရသေးပေ ။


သို့သော် တတိယတန်းရှိ ကော်ရစ်တာသည် လူများအပြည့်ဖြစ်နေခဲ့ပြီး သူသည် ရှေ့သို့သွားဖို့ပင် ဖြတ်ကျော်မရဖြစ်နေခဲ့သည် ။


ရှစ်ကျစ်ထန် စိုးရိမ်လာကာ လက်သီးပင်ဆုပ်လိုက်မိသည် ။


အပြင်ဘက်တွင် မုန်တိုင်းတိုက်ကာ လှိုင်းများထန်နေသကဲ့သို့ ဖြစ်နေသော်လည်း ရုံးခန်းတွင်မူ တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည် ။


 နည်းပြဆရာသည် ယခင်က မပါဝင်ခဲ့သော မေးခွန်းစာရွက်အား ကျုံးယို့ယို့ထံ ချပေးလိုက်သည် ။ထိုမေးခွန်းများသည် ခက်ခဲလွန်းလှပြီး နွေရာသီအိမ်စာလုပ်ရန်ပင် ကျောင်းသားများအား မပေးလိုက်ဘဲ သိမ်းထားခဲ့သည့်အတွက် ပေါက်ကြားနိုင်ချေမရှိပေ ။

ထိုမေးခွန်းစာရွက်အား ထုတ်လာသည်ကို မြင်သောအခါ လီသုန်းဖျင်၏ နဖူးကြောများသည် ထောင်ထလာခဲ့ပြီ။ သင်ကြားရေးဌာနမှူးသည် သူတို့အတန်းရှိ ကျုံးယို့ယို့အား တမင်ပင်အရှက်ခွဲနေသလားဟုတောင် သူထင်မိသည် ။သူ့အပေါ်ထင်မြင်ချက်တစ်ခုခုရှိနေသောကြောင့် သူ၏ကျောင်းသားများအား အရှက်ရစေခြင်းပေပဲလား ။


ဆရာမအချို့သည် အပြင်ထွက်လာခဲ့ပြီး အပြင်ဘက်ရှိဆူညံသံများကြောင့် အံ့အားသင့်သွားရကာ ချက်ခြင်းပင် အမိန့်ပေးကာ ကျောင်းသားများအား သူတို့အတန်းသို့ပြန်ခေါ်ဆောင်သွားခဲ့သည် ။သို့သော် အခြေအနေသည် ပြသနာ​လားရာထံသို့သာယိမ်းနေပြီး ဘယ်ကျောင်းသားကများ ဆရာမတွေကို ဂရုစိုက်နိုင်နေအုန်းမှာလဲ ။ 


ကျုံးယို့ယို့သည် ထိပ်ပြောင်အား အနိုင်ယူနိုင်လိမ့်မည်ဟု သူတို့တွေးမိသော်လည်း ကျုံးယို့ယို့ ၏ ယခင်က မကောင်းသော စာမေးပွဲရလဒ်များအား ပြန်တွေးမိသွားသည် ။ဒီတစ်ကြိမ်တွင်ခိုးချခြင်းမဟုတ်ခဲ့လျှင်ပင် အဲ့ဒါက သေချာပေါက် ကံကောင်းမှုသာဖြစ်ရမည် ။


ကျုံးယို့ယို့သည် သူမရှေ့မှ ထိပ်ပြောင်အားကြည့်လိုက်ကာ ခုံကိုဆွဲထုတ်လိုက်ပြီး ထိုင်ချခဲ့သည် ။ ထို့နောက် စာရွက်အားယူကာ ဘောပင်အဖုံးကိုဖွင့်လိုက်ပြီး ချက်ခြင်းပင် မေးခွန်းလွှာအား ကြည့်လိုက်သည် 


" ဒါပဲလား "


ဌာနမှူးသည် သူမ၏ မထီမဲ့မြင်ပြုနေသော ပုံစံကြောင့်အမှန်ပင်ဒေါသထွက်လာရတော့သည် ။ဘေးနားတွင် ဆရာများ ဝိုင်းနေသောကြောင့် ထိခိုက်အောင်လုပ်ရန် အမှန်ပင်အဆင်မပြေလှပါ ။သူသည် ဤကဲ့သို့ ရိုင်းစိုင်းသည့် ကျောင်သူမျိုးအား တစ်ခါမှမတွေ့ခဲ့ဘူးပေ။


ဘယ်လိုလုပ်ရမှန်းမသိတော့တာနဲ့ဘဲ အခုလိုပြုမူလိုက်တယ်ပေါ့ ။


သို့သော် နောက်ပိုင်းတွင် ကျုံးယို့ယို့သည် ရွေးချယ်စရာ မေးခွန်းများအား အပေါ်မှ အောက်သို့ ပုံမှန်ကြည့်လိုက်သည်ကို သူတွေ့လိုက်ရသည် ။ပထမမေးခွန်းကို ဆယ်စက္ကန့်ပင် မကြာသေးခင်မှာပဲ အေကိုရွေးချယ်လိုက်သည် ။


လီသုန်းဖျင်သည် အသက်ရှူပင်ရပ်သွားကာ ပြောစရာစကားမရှိတော့ ။


သေချာပေါက်ကိုပထမမေးခွန်းရဲ့အဖြေမှန်က အေပဲ ။

သူသည် စိတ်ထဲတွင် အဖြေမထုတ်ခင် အချိန်အတော်ကြာအောင် တွက်ချက်ခဲ့ရသည်။ သူအံ့အားသင့်နေသည် အချိန်တွင် ကျုံးယို့ယို့သည် အဖြေအနည်းငယ်ကိုပင် ဖြေဆိုခဲ့ပြီး သွားပြီဖြစ်သည် ။


သေစမ်း ။ အဖြေမှန်ရွေးရတဲ့ မေးခွန်းတွေတောင် ဖြေပြီးသွားပြီလား ။


သူနံရံကပ်နာရီကိုကြည့်လိုက်သည် ။ သုံးမိနစ်တောင်မကျော်ဘူးလား ။သူသည် အသက်ဝဝရှူလိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုအား နှလုံးသားထဲတွင် ထားလိုက်သည် ။မေးခွန်းများကိုတစ်ခုပြီး တစ်ခုကြည့်လိုက်ပြီးနောက် အဲ့တာက ဆယ်မိနစ်ကြာသွားပြီး ကျုံးယို့ယို့၏ အဖြေများအားလုံး မှန်ကန်နေသည်ကို တွေ့လိုက်ရသည် ။


တစ်ပုဒ်မှ မမှားဘူး ။ တစ်ကယ်ကို တစ်ပုဒ်မှ မရှိဘူး ။အဲ့ဒါက ကောင်းကင်က ကြယ်ကြွေကျလာတာလား။ 


"ဘယ်လိုဖြစ်ရတာလဲ ဒီကလေး အဖြေမှန်ရွေးရတဲ့ မေးခွန်တွေအကုန်လုံး မှန်နေပါလား " သူ့ဘေးရှိ အခြား ပြိုင်ဘက်အတန်းမှ ဆရာမပင် အံ့သြသွားခဲ့သည် ။

သင်ကြားရေးဌာနမှူး၏ မျက်နှာသည် ဖြူဖျော့လာပြီး "စကားပြောပြီး သူမကို အရိပ်အမြွက်ပေးမနေနဲ့ "


သို့သော် သူတို့၏ အသုံးမဝင်သော ကြိုးစားအားထုတ်မှုများကိုဂရုမစိုက်ပဲ ကျုံးယို့ယို့သည်ပြုံးနေ၍ပင် နဂါးတွေ မြွေတွေကဲ့သို့ပင် စာရွက်များအား တစ်ရက်ပြီး တစ်ရွက်လှန်ကာ ဖြေသွားခဲ့သည် ။


စမ်းသပ်မှုသည် ဆယ်မိနစ်ပင် မကြာခဲ့ပေ။သူမသည် မေးခွန်းများနှစ်မျိုးအား အပြီးသတ်ခဲ့သည် ။

.......


ရုံးခန်းအပြင်ဘက်တွင်ရှိနေသော လူတစ်စုသည် ဌာနမှူးနှင့် ဆရာများကိုသာ မြင်နိုင်ခဲ့သည် ။သူတို့တွင် မတူညီသော အရိပ်ယောင်များရှိနေခဲ့ပြီး အခြေအနေအား မှန်းဆဖို့ ခက်ခဲနေသည် ။


ဒါပေမဲ့ လီသုန်းဖျင်ရဲ့အံ့သြမှုအပြည့်ဖြစ်နေတဲ့ မျက်နှာကိုကြည့်ရတာ ကျုံးယို့ယို့ စားမေးပွဲကိုကောင်းကောင်းဖြေနိုင်ခဲ့တာများလား ။


သူတို့သည် ထိုနေရာတွင် မိနစ်နှစ်ဆယ်ပင် မထိုင်လိုက်ရဘဲ ကျုံးယို့ယို့ ဖြေဆိုပြီးသည်ကို တွေ့လိုက်ရသည် ။

မဟုတ်သေးပါဘူး ။ပြီးသွားပြီလား ။ တစ်ကယ်ကိုပြီးသွားပြီလား ။သူတို့သည်ပင် အဆုံးမသတ်ရသေးချေ ။


အဲ့ဒါပြီးသွားတာလား ။ ဒါမှမဟုတ် မလုပ်နိုင်တာများလား ။စာရွက်ကအပြည့်ဖြေဆိုထားတာကိုတော့ တွေ့နိုင်တယ် ။


သူတို့လောင်းခဲ့သည် ဖြစ်စေ ၊ မလောင်းခဲ့သည်ဖြစ်စေ ကျုံးယို့ယို့ သည် မိနစ်နှစ်ဆယ်အတွင်း ဖြေဆိုပြီးသည်နှင့် ဘောပင်အားပစ်ချကာ ခုံကိုဆွဲထုတ်ပြီး ထွက်သွားတော့သည် ။သူမသည် နှုတ်ခမ်းများကော့ညွန့်နေအောင် ပြုံးလိုက်ကာ ရုံခန်းတံခါးအားဖွင့်လိုက်စဥ် ပြောခဲ့သည်မှာ "စစ်ဆေးကြည့်လိုက်ပါ ။ဌာနမှူး ၊  အမှတ်ပြည့်နဲ့ တစ်မှတ်ပဲကွာနေရင်တောင် ကျွန်မစာရွက်တွေပြန်ပြလို့ရတယ် "


သင်ကြားရေးဌာနမှူးနှင့် ဆရာအများအပြားသည် သူမ၏နောက်တွင် ငါးကြိမ်ဆက်တိုက် မိုးကြိုးပစ်ချခံလိုက်သော ရုပ်ထုများကဲ့သို့ ကြက်သေသေနေကြလေသည်။