အပိုင်း ၂၈
Viewers 12k

Chapter 28




ကျုံးယို့ယို့သည် ရုံးခန်းတံခါးအားဖွင့်လိုက်ပြီး ထိုးဖောက်၍ပင်မရနိုင်သော ကော်ရစ်တာအား ဖြတ်လျှောက်သွားခဲ့သည် ။


စီနီယာနှစ်၏ အကြီးတန်းကျောင်းသားများပင် သူမကို ကြည့်နေကြသည် ။


   သူရဲကောင်းအစစ်သည် ကတုတ်ကျင်းကို ပေါက်ကွဲစေခဲ့ပြီး နောက်သို့ပင်တစ်ချက်ပြန်မလှည့်ခဲ့ ။

တတိယထပ်ရှိ ကော်ရစ်တာတွင် လူအများအပြားမဆန့်တော့၍ အချို့သည် လေးထပ်သို့တက်၍ အောက်သို့ပြန်ငုံကြည့်နေကြရသည် ။  


   ကာယချိန်တွင် အားကစားကွင်းထဲရှိနေခဲ့သော အတန်းပေါင်းစုံမှ ကျောင်းသားများပင် ရောက်လာကြပြီးစောင့်ကြည့်နေခဲ့ကြသည်။ ကော်ရစ်တာတွင် စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားခဲ့သည် ။


 

ရုံးခန်းပြတင်းပေါက်ဘေးရှိ ကျောင်းသားက အခြေအေနကို အရင်ဆုံး သတိပြုမိခဲ့သည်။


  ရုံးခန်းထဲရှိ လေထုသည် ငြိမ်သက်နေခဲ့သည် ။

 ဆရာ၏ မျက်နှာသည် နီရဲလာပြီး အပြာရောင်သွေးကြောများပင်ထောင်ထလာကာ စိတ်လှုပ်ရှုားနေသောမြင်ကွင်းကို တွေ့လိုက်သည်နှင့် သူနားလည်သွားခဲ့ရသည် ။


" အားလုံးပဲ ထိပ်ပြောင်ရှုံးသွားပြီဟ " 


  တစ်ခဏအတွင်း အံ့အားသင့်နေသောအသံများရုတ်တရက် ပေါက်ကွဲထွက်လာသည် ။ စင်္ကြံတစ်လျှောက်ရှိသူအကုန် ပြောစရာစကားပင်ရှာမရနိုင်အောင် ဖြစ်ခဲ့ပြီး ကျုံး​ယို့ယို့သည် လမ်းရှိသူများအား ဖယ်ရှားကာ ထွက်သွားခဲ့သည့်ပုံစံကိုသာ ကြည့်နေခဲ့ရသည် ။ 


 တစ်ခဏာတာတိတ်ဆိတ်သွားခဲ့ပြီးနောက်တွင် ကော်ရစ်တာရှိသူများသည် မယုံနိုင်လောက်အောင် ထိတ်လန့်ခြင်းဖြင့် နှောင့်ယှက်ခံခဲ့ရပြီး နေရာအပြည့် အော်ဟစ်သံများ ၊ လက်ခုပ်တီးသံများနှင့် ပြည့်နှက်သွားခဲ့ရသည် ။


ဘုရားရေ ။

စောက်ရမ်းကိုပဲ ဒါကအသေမိုက်လွန်းတယ် ။သူမက တစ်ကယ်ကိုပဲ ထိပ်ပြောင်ရဲ့အရှေ့မှာတင် အမှတ်ပြည့်ရခဲ့တာ ။


 ဒါရိုက်တာတောင် ရူးတော့မလိုဘဲ ၊ ဟားဟား ။


"စောက်ရမ်းပဲ စကားလုံးတွေနဲ့တောင် ငါရဲ့စိတ်လှုပ်ရှားမှုကို ဖော်ပြနိုင်ဖို့ ခက်နေတယ်။ အတန်း ၁၉က ကျုံးယို့ယို့ က အရမ်းမိုက်တာပဲ ။ အရမ်းပျော်တယ် ခုချိန်ကစပြီး ငါ့ကိုယ်ငါဖန်အဖြစ် ပြောင်းလဲလိုက်တော့မယ် "


စီနီယာတန်း တတိယနှစ် သူများသည်လည်း အလွန်ကို စိတ်လှုပ်ရှားနေကြသည် ။


 ဤကဲ့သို့သော စောင့်ကြည့်မှုများသည် တစ်နှစ်ပတ်လုံးတွင် နိုင်ငံတော်အလံအောက်၌ ဌာနမှူးမိန့်ခွန်းပြောနေစဥ် သူ၏ ဆံပင်တုလေတိုက်၍ မတော်တဆ လွင့်စင်သွားသည့်အခါကသာ ရှိခဲ့ဖူးသည် ။ အဲ့သည့်နောက်ဆုံးအခေါက်တုန်းက သူတို့တစ်တန်းလုံးပြေးသွားပြီး အသေရယ်မောခဲ့ကြသည်။(🤣)


ဒီနှစ်တွင်တော့ အကုန်လုံးက အပြေးပြောဖို့ ပြင်နေကြသည် ။ သို့သော် ယခုတွင် အကြောင်းအရာသည် သူတို့ကိုပါထိတ်လန့်စေခဲ့သည့် အတန်း ၁၉ မှ ကျုံးယို့ယို့ ဖြစ်သည် ။


  ကျုံးယို့ယို့သည် ပထမအချီမှာပင် နာမည်ကြီးလာခဲ့သော်လည်း သူမကတော့ အတန်းကိုသာပုံမှန်အတိုင်းပြန်သွားခဲ့သည် ။


ကော်ရစ်တွင် လူများယခုထိ ထိုးမဖောက်နိုင်ဆဲဖြစ်သည် ။


ရုံးခန်း၏ အပြင်ဘက်တွင် ဘယ်သူက စတင်၍အော်လိုက်သည် မသိပေ


" ဌာနမှူးက စာရွက်တွေပါ ဝါးစားပစ်နေပြီဟ "


 တောမီးလောင်နေသကဲ့သို့ပင် အလျင်အမြန်အားလုံးသည် တစ်ညီတစ်ညွတ်ထဲ အော်ဟစ်လာကြသည် " ဌာနမှူးက စာရွက်တွေ စားနေပြီတဲ့ "


" ဌာနမှူးက တစ်ကယ်စာရွက်တွေကို ဝါးစားပစ်မယ်ဆိုတာ ငါလောင်းရဲတယ် "


အသံများသည် ကောင်းကင်ကိုပင် တုန်လှုပ်စေနိုင်လောက်သည် ။ တစ်ဖက်အဆောင်မှ ပထမနှစ်နှင့် ဒုတိယနှစ်ကျောင်းသားများသည်ပင် လေထုကို သတိထားမိပြီး ပြတင်းပေါက်ဘက်သို့ လှမ်းမကြည့်ဘဲ မနေနိုင်ခဲ့ကြပေ ။


 တစ်ချိန်ထဲမှာပင် ရုံးခန်းထဲ၌  သင်ကြားရေးဒါရိုက်တာသည် ဒေါသကြောင့် တုန်ရီနေခဲ့ပြီး နဖူးရှိ သွေးကြောများပင် ပေါက်ကွဲထွက်တော့မတတ်ဖြစ်နေသည် ။ 


 သူ၏ သွေးပေါင်ချိန်ကိုသာ တိုင်းကြည့်မည်ဆိုလျှင် သေချာပေါက် ထိုးတက်နေမည်ဆိုတာ ပြောနိုင်သည် ။


"အဲ့မှာ အခုထိဘာရပ်နေလုပ်နေတာလဲ ။ အတန်းကိုပြန်ပြီး ထိန်းသိမ်းဖို့မလုပ်ကြတော့ဘူးလား " 


သူသည် သွားများကို တင်းတင်းစေ့ကာ ဆရာများအား အော်လိုက်သည် ။


လီသုန်းဖျင်သည် သူ၏လက်ထဲတွင် ကျုံးယို့ယို့၏ အဖြေလွှာအား ကိုင်ထားဆဲဖြစ်ပြီး အံ့အားသင့်ကာ ဝမ်းသာပျော်ရွှင်နေခဲ့သည် ။ ဌာနမှူးအားကြည့်ကာ အပြင်ဘက်ရှိ ဆူညံသံများအားကြားနေရသည်မှာ သူသည် ပီတိများ တဖွားဖွားပေါ်လာသကဲ့သို့ ခံစားလိုက်ရသည် ။


သူသည် မတတ်နိုင်တော့ဘဲ တိုးညင်းစွာဖြင့်သာ ပြောလိုက်သည် " မင်းစာရွက်တွေကို ဝါးမစားမှာငါကြောက်နေတာ ။ ဒီတစ်ခါ ကိစ္စကလွယ်လွယ်နဲ့ပြီးသွားမှာမဟုတ်ဘူး "


"လီမျိုးရိုး " ဌာနမှူး၏ မျက်နှာသည် ရုတ်ချည်းပြောင်းလဲသွားခဲ့ပြီး " ဒီတစ်ခါ ငါမှားတယ်ဆိုတာ ဝန်ခံတယ် ။ ဒါပေမဲ့ ကျောင်းသူကျုံးယို့ယို့က သူမရဲ့ အဆင့်တွေကောင်းလာတယ်ဆိုရင်တောင် အဲဒါက ကျူတာခန့်လိုက်လို့ပဲ ။ သူမသင်ယူဖို့အများကြီး လိုသေးတယ် ။ မင်းရဲ့ တစ်တန်းလုံးလုပ်ဆောင်မှုကိုသာ ကြည့်စမ်းပါ "


လီသုန်းဖျင် သည် ကျောပေးလိုက်ကာ မျက်လုံးများအားလှည့်လိုက်သည်။ သူသည် သင်ကြားရေးဒါရိုက်တာကို လျစ်လျူရှူထားလိုက်သည် ။


 ဟွန်း... မင်းစာရွက်လိပ်တွေကို စားသည်ဖြစ်စေ မစားဖြစ်စေ အစောထဲက အရှက်ရနေပြီးသားပဲကို ။


ဌာနမှူးနှင့် အတူ လီသုန်းဖျင်၏ ညံ့သောအတန်းကို လှောင်ရယ်ခဲ့သော ဆရာသည် ယခုချိန်တွင်တော့ အလွန်ကို မကြည်မလင်ဖြစ်နေခဲ့ပြီ ဖြစ်သည် ။သူ၏ အတန်းတံခါးအား ကြောင်တောင်တောင်နိုင်စွာဖွင့်လိုက်ပြီး အပြင်သို့ထွက်ကြည့်နေသော ကျောင်းသားများအား အထဲသို့ ပြန်ဆွဲခေါ်သွားခဲ့သည် ။


 ထိုဆရာသည် အပြင်သို့ တစ်ချက်ကြည့်လိုက်ပြီး အမြန်ပင် အခန်းတံခါးအား ပိတ်လိုက်သည် ။ သူ၏ မျက်နှာသည် ဖြူတစ်လှည့် စိမ်းတစ်လှည့်ဖြစ်နေပြီး သူ၏ အတွင်းကလီစာများသည်ပင် အရှက်ရမှုနှင့် ဒေါသတို့ကြောင့် လောင်ကျွမ်းနေပြီဖြစ်သည် ။ အတန်း ၁၉မှ ကျုံး​ယို့ယို့သည် သူ၏ ဂုဏ်သတင်းအား ပျက်စီးစေခဲ့သည် ။


သူမှတ်ထားလိုက်ပြီ ။


 ကျောင်းတွင် နာမည်ကြီးသတင်းများနေ့စဥ်တက်နေသော ဖိုရမ်တစ်ခုရှိသည် ။လွန်ခဲ့သော ရက်အနည်းက " ကန်တင်းရှိအန်တီကြီးများ၏ အရသာမရှိသော ချက်ပြုတ်မှုအား ဝေဖန်ထားခြင်း " နှင့် " လာမည့်ဆောင်းရာသီပြိုင်ပွဲများ " အကြောင်းတင်ခဲ့သည် ။ ဒီနေ့တွင်တော့ " ပျော်စရာကြီး ။ အတန်း ၁၉ က ကျုံးယို့ယို့က ထိပ်ပြောင်ကို အနိုင်ယူခဲ့တယ် " ဟူသော ပို့စ်နှင့် အစားထိုးခံခဲ့ရသည် ။


 ပို့စ်ပါအကြောင်းအရာ၏ ပထမဆုံးစာသားကပင် အားလုံးရဲ့ အမြင်များကို ဆွဲဆောင်ခဲ့သည် ။


[အတန်း ၁၉က ကျုံးယို့ယို့ ရဲ့ အလှအပ​ နဲ့ အဆင့်တွေက ပြောင်းလဲသွားခဲ့ပြီ ။ငါသူမကို အရမ်းချစ်မိနေပြီ ]


သူမ၏ပြောင်မြောက်သောစကေးတွင် လစ်ဟာနေမှုတစ်စိုးတစ်စိမျှမရှိ ။ကျုံးယို့ယို့ သည် သချ်ာသာမက အခြားဘာသာများတွင်ပင် တော်နိုင်သည် ။သူမက သင်ကြားရေးနတ်ဘုရားမဖြစ်အောင် ဘယ်မှာများ မြှင့်တင်ခဲ့တာလဲ ။ သို့သော် ကျုံးယို့ယို့သည် တစ်နှစ်လုံးအတွက် အသက်ရှူချောင်အောင် လုပ်နိုင်ခဲ့ပြီး လူတိုင်း၏စိတ်ထဲတွင် သူရဲကောင်းအစစ်ကဲ့သို့ စွဲထင်ကျန်စေခဲ့သည် ။ ဘာဖြစ်လို့ အဲ့ဒါက ကြွားဝါလို့ မရရမှာလဲ ။ 


ထိုသို့ဖြင့် ကျောင်းဖိုရမ်အဖွဲ့ထဲတွင် ပျော်မြူးနေသောဖားအုပ်စုလေးများသည် ပိုစ့်များစွာတင်၍ ပေါ်လာတော့သည် ။


[ကိစ္စမရှိဘူး သူမက အခြားဘာရပ်တွေမှာ သုညပဲရခဲ့မယ်ဆိုရင်တောင် ငါသူမကို ချစ်နေအုန်းမှာပဲ ။ သူမက အရမ်းမိုက်တာပဲလို့ ခံစားရတယ် ။ ဒါပေမဲ့ သူမက ထိပ်ပြောင်ရဲ့ မျက်နှာကိုခပ်ပြင်းပြင်းရိုက်နိုင်ခဲ့တယ် ။  အဲ့ဒါက အဲ့လောက်တောင်ပဲ ရိုးရှင်းတာလား ]


ပျော်မြူးနေသောဖားလေးသည်သာမက အတန်း၁၉ ရှိသူများသည်ပင် ကျောင်းဖိုရမ်တွင်သတင်းများ ဖြန့်ဝေခဲ့သည် ။


  ကျုံးယို့ယို့သည် တည်တည်ငြိမ်ငြိမ်ဖြင့် သူ့ထိုင်ခုံနေရာသို့ ပြန်သွားခဲ့သည်ကို မိန်းကလေးများကြည့်နေခဲ့ကြသည် ။သူတို့၏ မျက်နှာများသည် အနည်းငယ် နီရဲလာခဲ့ကြသည် ။


"ငါဘာလို့ ကျုံးယို့ယို့က ရှစ်ယိမုန့်ထက်တောင် မိုက်သေးတယ်လို့ ခံစားနေရတာလဲ ။သူမ ဆံပင်တိုက တစ်ကယ်လန်းတယ် "


 ရွှီရှောင်ယွဲ့သည် အဖွဲ့တွင်း၌ ထိုကဲ့သို့ဖြစ်လာမည်ကို အစောကတည်းက ကြိုခန့်မှန်းမိသည့် တစ်ဦးတည်းသော သူဖြစ်သည်။သို့သော် ကျုံးယို့ယို့ ထိပ်ပြောင်အားအမှန်တစ်ကယ်ပင် အနိုင်ယူလိုက်သောအခါတွင် သူမ၏ ကမ္ဘာကြီးပေါ်အမြင်သည် လုံးဝကို ပြောင်းပြန်လှန်သွားခဲ့သည်။


သူမက အရင်က သေဖို့ကိုပဲ စောင့်နေတဲ့ ကျုံးယို့ယို့နဲ့ တစ်ကယ်တစ်ယောက်ထဲလား ။

ပိုပြီးထိတ်လန့်စရာကောင်းတာက ကျုံးယို့ယို့သည် တူညီသော စားပွဲတွင်ပင် ရှိနေပြီး.....

သူမသည် ရုံးခန်းထဲတွင် မည်သို့ဖြစ်ပျက်ခဲ့မှန်းကို သူမကိုယ်တိုင်မတွေ့ခဲ့ရဘဲ သူမဘေးရှိ စိတ်လှုပ်ရှားနေသော အတန်းဖော်မှ တစ်ဆင့်သာသိခဲ့ရသည် ။သူမတစ်ကယ်ကို မယုံနိုင်ခဲ့ဘူး။ သူမဘေးတွင် ရှိသော ကျုံးယို့ယို့သည်အမြဲ သာမညောင်ည တစ်ယောက်သာဖြစ်ခဲ့ပြီး သူမက ဝက်တစ်ကောင်ကို ဆွဲခေါ်ခဲ့လျှင်တောင် ပို၍ ဖြေဆိုနိုင်လောက်သည်...


သူမဘာလို့မှန်းမသိ ကျုံးယို့ယို့၏ လုပ်နိုင်စွမ်းကို သိရှိသွားပြီးနောက်တွင် အခြားသူများကဲ့သို့ အံ့သြမနေခဲ့ပေ ။ အဲ့သည့်အစား သူမ အနည်းငယ်ဝမ်းနည်းပြီး စိတ်ပျက်ခဲ့ရသည် ။


 ပြောရမည်ဆိုလျှင် သူမသည် အရှက်ရနေသော မျက်နှာဖြင့် ၊မကျေမနပ်တွေးနေမိသည်။


 သူကဘာလို့ရုတ်တရက်ကြီး စိတ်ကြီးဝင်နေရတာလဲ...


နေ့လည်ပိုင်းတွင် မရေမတွက်နိုင်သော လူများသည်  'သူမ ဘယ်လိုကျူတာမျိုးကို ခေါ်ခဲ့တာလဲဟူ၍' ကျုံးယို့ယို့အား လာမေးနေကြသည် ။


တတိယနှစ်တွင် ချမ်းသာသောအိမ်ရှိသူများသည် တူညီသော နာမည်ကြီး ကျူတာများကိုသာ ငှားရမ်းခဲ့ကြသည် ။အများစုသည် သူတို့၏ ဦးနှောက်များ ညှစ်ထုတ်ထားရသကဲ့သို့ အဆင့်တစ်ရာအတွင်းဝင်လာကြသည် ။ အဆုံးတွင် ကျောင်းသည် နာမည်ကြီးကျောင်းတစ်ကျောင်းဖြစ်လာခဲ့သည် ။ ထိပ်ဆုံးအယောက် တစ်ရာသို့ ဝင်ပြီးနောက်တွင် ပိုအဆင့်ကောင်းလာရန် မြှင့်တင်ရေးနှင့် အရင်းအမြစ်များသည် အနာဂတ်တွင် ကန့်သတ်ချခံခဲ့ရသည် ။


အရမ်းကို ပြင်းထန်လာတာပဲ ။ ကျူတာမေးတယ်ဆိုတာက ပုံမှန်ပါပဲ ။


 မည်သို့ပင်ဖြစ်စေ ရှစ်ကျစ်ထန် နှင့် မုန့်ရှစ်ရွှမ်သည် သူမကျူတာ မခေါ်ခဲ့ဘူးဆိုတာကို သိကြသည် ။


သို့သော် ကျုံးယို့ယို့၏ အဆင့်များသည် ရုတ်တရက် များစွာပြောင်းလဲသွားခဲ့သည် ။


အကယ်၍ သူမသာကျူတာမခေါ်ခဲ့ဘူးဆိုလျှင် ၊ အဲ့ဒါက အလိမ်အညာတစ်ခုများ ဖြစ်နေမလား ။အဆုံးတွင် ဘယ်ကျူတာက ထိုမျှလောက် အံ့အားသင်စရာကောင်းနေတာလဲ ။ဒါက လုံးဝ သူမကို တိုက်ခိုက်သူတစ်ယောက်လို ပြောင်းလဲပေးခဲ့တာပဲ ။ ကျူတာက ကျုံးယို့ယို့ကို ပြန်လည်ရှင်သန်စေနိုင်ခဲ့တာပဲ ။


"မဟုတ်ဘူး ငါကကိုယ့်ဘာသာပဲ လေ့လာခဲ့တာ " 


ကျုံးယို့ယို့ သည် ဌာနမှူးအား အနိုင်ကျင့်ခဲ့ပြီးနောက် သူမသည် ကောင်းမွန်သော ပုံစံဖြင့်သာ ပြန်လည်ဖြေကြားခဲ့သည် ။အကယ်၍ တစ်ကယ်သာ ကျူတာငှားခဲ့လျှင် သူမဝေမျှဖို့ တွန့်ဆုတ်နေမည်မဟုတ်ပါ ။

တစ်ကယ်တမ်းတွင် ထိုသို့မဟုတ်ခဲ့ပါ ။ သူမအချိန်အတော်တန်ကြာအောင် ဘာမှမလုပ်နိုင်ခဲ့ပေ ။


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ " သူမအား လာမေးသည့်အတန်းဖော်သည် လုံးဝမယုံနိုင်ခဲ့ပေ ။


 သူမအမှန်ပင်မနာလိုဖြစ်နေသည် ။ ကျုံးယို့ယို့မှာ ကျူတာကောင်းတစ်ယောက်ရှိနေပြီး သူမက ဝေမျှမလာခဲ့ဘူး...


လူအများအပြားလာမေးပြီးနောက်တွင် ကျုံးယို့ယို့သည် စိတ်အနှောင့်အယှက်ဖြစ်နေပြီဖြစ်သည် ။ဒါကြောင့် သူမသည် 'ဘာကျူတာမှ မရှိဘူး ' ဟုစာလုံးကြီးကြီးအား စာရွက်ဖြူပေါ်တွင် ရေးဆွဲခဲ့ပြီး အတန်းဖော်များရှေ့တွင် ချပေးခဲ့သည် ။


ရက်အနည်းငယ်လောက် ကျုံးယို့ယို့သည် လူအများ၏ စိတ်ဝင်တစ်စားစောင့်ကြည့်ခြင်းကို ခံနေရပြီး သူမဘယ်နေရာသို့သွားသွား အနည်းငယ် အာရုံစိုက်ခံနေရသည် ။သို့သော် သူမသည် ထိုအရာတို့အား ဘာမှခံစားမနေခဲ့ပေ ။သူမ အရင်ဘဝတွင် ညဏ်စမ်းပြိုင်ပွဲများ မကြာခဏဝင်ပြိုင်ခဲ့ပြီး သူမအတွက် ထိုအရာတို့သည် ပုံမှန်သာဖြစ်နေကာ အကြီးအကျယ်အာရုံစိုက်ခံရခြင်း သူမအတွက် ဘာမှမပြောပလောက်ပေ ။


  သူမက ပူးပေါင်းပြီး ဆွဲဆောင်မှုရှိသော အပြုံးကိုပင် ဆင်မြန်းခဲ့သေးသည် ။


  သို့သော် ထိုရုန်းရင်းဆန်ခတ်ဖြစ်မှုများသည် နှစ်ရက်အတွင်းပင် ငြိမ်ကျသွားခဲ့သည် ။