အပိုင်း ၂၉
Viewers 10k

Chapter 29



ရာသီဥတု တစ်ဖြေးဖြေးပို၍ အေးလာသောအခါ ကျောင်းတွင် ဆောင်းရာသီ အားကစားစုံညီပွဲအား ကျင်းပလိမ့်မည် ။ 


အတန်း ၁၉သည် ဤရက်ပိုင်းအတွင်းတွင် ဆူညံမှုများ ရှိခဲ့ပြီးနောက် လီသုန်းဖျင်သည် ကျောင်းပညာရေးဘုတ်အဖွဲ့မှ ဟောပြောပို့ချခံခဲ့ရသည် ။ ထို့နောက်သူသည် အသင်းအား စုစည်းရန် အတန်းသို့သွားရန်ပင် အချိန်မရခဲ့ပေ ။ 


ကျောင်းဘုတ်အဖွဲ့ထံမှ ဝေဖန်ခံခဲ့ရသော်လည်း လီသုန်းဖျင်သည် ပျော်ရွှင်မှုကို ခံစားနေရတုန်းပင်ဖြစ်သည် ။သူအတန်းထဲသို့ ဝင်လာသောအခါတွင် အကုန်လုံးလန်းဆန်းတက်ကြွနေကြသည်ကိုတွေ့လိုက်ရသည်။


  အထူးသဖြင့် ကျုံးယို့ယို့၏ မျက်ဝန်းများအားကြည့်ရသည်မှာ အလွန်ကြင်နာသည့်ပုံပေါ်သည် ။


  နေ့လည်ပိုင်းအတန်းပြီးနောက် အကုန်လုံးသည် အားကစားရုံသို့သွားကာ လေ့ကျင့်ရေးအားကစားသုံးပစ္စည်းများသယ်ယူခဲ့ကြသည် ။ 


" ငါတို့အတန်းက ပြိုင်ပွဲအတော်များများကို ဝင်ပြိုင်ဖို့ စာရင်းပေးထားတယ် ။ပြီးတော့ ပစ္စည်းတွေက သယ်ရတာ နည်းနည်းလေးလိမ့်မယ် ။ အကုန်လုံး ဝိုင်းကူသယ်ကြ ၊ ပျင်းမနေကြနဲ့ "


"ပြီးတော့ အသင်းရဲ့ခေါင်းဆောင်ရွေးဖို့ကို မင်းတို့ မဲပေးကြမလား ဒါမှမဟုတ် ဘယ်လိုလုပ်ကြမလဲ "


ရွှီရှောင်ယွဲ့သည် ယခင်က အတန်း ၁၉ အသင်း၏ ခေါင်းဆောင်လုပ်ခဲ့သည် ။သူမမှာ အဆင့်ကောင်းတွေ နဲ့ လှပတဲ့ ရုပ်ရည်ရှိတယ် ။သူမသည် အတန်း ၁၉တွင် အတော်ဆုံးဖြစ်သည် ။ အလံကိုကိုင်ကာ အသင်းရှေ့မှ ဝင့်ကြွားစွာ လမ်းလျှောက်လာခြင်းသည် အလွန်ကို မျက်စိပဒါသဖြစ်စေသည် ။ 


ဘယ်မိန်းကလေးက ရှိုးလျှောက်နေရသလို ခံစားချက်ကို မကြိုက်ဘဲနေမှာလဲ ။


 ရွှီရှောင်ယွဲ့သည် ဘာသာရပ်အား အမြန်လုပ်နေခဲ့သည် ။ လီသုန်းဖျင်ထံမှ "ဖန် အသင်း" အကြောင်းကြားလိုက်ရသောအခါ သူသည် လီသုန်းဖျင်အား ခေါင်းမော့ကာ သေချာစွာကြည့်ခဲ့သည် ။


သို့သော်....


သူမရုတ်တရက်ပြသနာတစ်ခုအား သတိထားမိခဲ့သည် ။

သူမသည် သူမကိုယ်သူမထိုကဲ့သို့​ နေခဲ့ရသည်ကို အသားကျနေခဲ့သည်၊ ထိုအရာများအားလုံးကို သူမ ရခဲ့သည်မှာ ကျုံးယို့ယို့သည် ယခင်က မိတ်ကပ်ထူထူကြီးများကို လိမ်းခဲ့ပြီး နာမည်မကြီးခဲ့သောကြောင့်ဖြစ်သည် ။

သို့သော် ယခုတွင် ကျုံးယို့ယို့သည် အတန်း၏ ပန်းပွင့်ကလေးဖြစ်လာပြီး ဌာနမှူးနှင့်ပက်သက်ပြီး တစ်ကယ့်ကို ကြီးကျယ်သည့် အရာတစ်ခုကိုလည်း လုပ်ဆောင်ခဲ့သေးသည် ။ထို့အပြင် သူမသည် ယခုတွင် အတန်းရှိလူတိုင်းနှင့်လည်း သဟဇာတဖြစ်နေခဲ့သည် ။


 ထို့ကြောင့် သူရွေးချယ်ခံရဖို့ဖြစ်နိုင်ပါအုန်းမလား ။ အတန်းရှိသူများက သူတို့သဘောကျသည့်အတိုင်းပဲ ရွေးချယ်နေအုန်းမှာလား ။


သေချာပေါက်ပင် နောက်ဆုံးတန်းမှ ရှစ်ယိမုန့်သည် သူရဲ့လက်ကိုမြှောက်ပြီး မတ်တပ်ထရပ်လိုက်သည် ။

ရွှီရှောင်ယွဲ့၏ မျက်လုံးများပင့်တက်သွားပြီး သူဦးဆောင်ပြောနေသည်တို့အား နားထောင်လိုက်သည် ။


" ကျုံးယို့ယို့ ကိုလုပ်ခိုင်းလိုက်ပါ ။ ကျွန်တော်တို့ အသင်းက အဲ့ဒါကိုသေချာဂရုစိုက်လိုက်ပါ့မယ် ။ သူမကို  အသင်းကို ကူညီခွင့်ပေးလိုက်ပါ "


အနောက်တန်းမှ အခြားသူများသည်လည်း အော်ဟစ်လာကြသည် 


"ဟုတ်တယ် ဟုတ်တယ် ၊ သူမကက အရမ်းလှပြီးတော့ကြည့်ကောင်းတယ် အဲ့တာက သေချာပေါက်ကို မျက်နှာရစေမှာ "


 ကျုံးယို့ယို့က အိုလံပစ်သချ်ာစာအုပ်ကို ကိုင်ထားလျက်ရှိပြီး နိုင်ငံလုံးဆိုင်ရာ ညဏ်စမ်းပြိုင်ပွဲအတွက် ပြင်ဆင်နေခဲ့သည် ။သူမသည် လွန်ခဲ့သော ရက်များတွင် မေးခွန်းများလေ့လာရန် အချိန်ရခဲ့ပြီး ယခင်ကသူမ စာမလေ့လာခဲ့သည်နှင့်ယှဥ်လျှင်  သူမဘေးရှိအတန်းဖော်များသည် လန့်သွားခဲ့ကြပြီး နောက်ပိုင်းတွင် နေသားတကျဖြစ်သွားကြသည် ။


ဘယ်အချိန်ကစပြီး ကျုံးယို့ယို့ရဲ့ အမူအကျင့်တွေက စတင်ပြောင်းလဲသွားပြီး သူမက စာလေ့လာရတာနဲ့ပဲ ချစ်ကျွမ်းဝင်သွားတာလဲ ။


  အကုန်လုံးက သူမ၏ နာမည်အား စိတ်အားထက်သန်စွာ ခေါ်နေကြသည်ကို ကြားသောအခါ သူမခေါင်းမော့ကြည့်လိုက်မိသည် ။ သူမအနည်းငယ်အံ့အားသင့်မိသွားသည် ။ 


"ငါ့ကို ဘာလုပ်စေချင်နေကြတာလဲ ။ ငါအရင်က တစ်ခါမှ အဲ့လို အစုအဝေးပွဲတွေမှာ မပါဖူးဘူး "


"အဲ့ဒါကခက်ခဲတဲ့ အရာမဟုတ်ပါဘူး။ နင်ဒီတိုင်း အလံကိုကိုင်ပြီး တည့်တည့်လျှောက်သွားရုံပဲ။ အဲ့ဒါက အတန်းဖော်တွေနဲ့ နည်းနည်းတော့ လေ့ကျင့်ရလိမ့်မယ် ။ " 


ရှစ်ယိမုန့်သည် ဝမ်းမြောက်စွာ အော်ဟစ်နေတုန်းဖြစ်သည် ။ သူ၏ ပုံစံသည် အမှန်ကိုပင် အတန်းဖော်မိန်းကလေးအား စိတ်ဝင်စားနေသော ကောင်လေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည် ။ပြီးတော့ သူသည် ထိုမိန်းကလေးအား စင်ပေါ်သို့ တွန်းပို့ရန် မစောင့်နိုင်လောက်အောင် ဖြစ်နေသည် ။


   သို့သော် ကျုံးယို့ယို့၏ အကြည့်များသည် သူ့အားဆွဲဆောင်နေသောအခါတွင်လည်း သူသည် တစ်ဖန်ရှက်သွားခဲ့ပြီး သူ၏ အသံပြင်းအားသည် လေလျော့သွားသော ဘောလုံးကဲ့သို့ပင် ချက်ခြင်းပင်သူ၏ခေါင်းအားလှည့်ကာ ကျုံးယို့ယို့ထံသို့ မကြည့်ဝံ့တော့ချေ ။


တစ်ကယ်တမ်းတွင် လီသုန်းဖျင်သည်လည်း ကျုံးယို့ယို့ထံသို့ ထိုအခွင့်အရေးအား ပေးချင်ခဲ့သည်။အဆုံးတွင် ရွှီရှောင်ယွဲ့သည် အသင်း၏ ပန်းပွင့်လေးအဖြစ် ၂နှစ်ကြာအောင် လုပ်ခဲ့သည် ။အကယ်၍များ နောက်ဆုံးနှစ်တွင် အခွင့်အရေးသည် အခြားသူများ၏ လက်ထဲသို့ရောက်သွားခဲ့မည် ဆိုလျှင် အဲ့ဒါက အခြားသူများကိုပါ ထိုကဲ့သို့ အခြေအနေမှ ရရှိလာသော ဂုဏ်သရေအားခံစားစေလိုက်သကဲ့သို့ ဖြစ်ပေမည် ။ ထပ်ပေါင်းပြောရမည်ဆိုလျှင်


နောက်ဆုံးဖြစ်ခဲ့သော အဖြစ်အပျက်တွင် သူသည် ကျုံးယို့ယို့အား အနည်းငယ် အသိမှတ်ပြုခဲ့ပြီး မျက်နှာသာလည်းပေးခဲ့သည် ။


  ထို့ကြောင့် သူသည် ကျုံးယို့ယို့အားကြည့်ကာ

" ကျုံးယို့ယို့ ကြိုးစားကြည့်လိုက်ပါ "


ကျုံးယို့ယို့သည် စိတ်ထဲထားမနေပေ ။ အသားမစားသော ဝက်အားမြင်ဖူးကြရဲ့လား ။ မုန့်ရှစ်ရွှမ်သည် အသင်း၏ ခေါင်းဆောင်ပဲဖြစ်ရမည် ။ 


ကောင်းပြီလေ ၊ သူမနဲ့ယှဥ်ရင် အဆုံးမှာ ဘယ်သူက ပိုနာမည်ကြီးမလဲ ။


   နောက်ဆုံးအခေါက်တွင် ဌာနမှူးသည် သူမအား ခိုးချသည်ဟု စွပ်စွဲခဲ့သည် ။ပြောစရာမလိုအောင် မုန့်ရှစ်ရွှမ်က ထိုအရာနှင့်ပက်သက်ပြီး တစ်ခုခုလုပ်ခဲ့မည် ဖြစ်သည် ။ မူလတွင် ကျုံးယို့ယို့သည် မုန့်ရှစ်ရွှမ်နှင့် ကျုံးမိသားစုတို့အား ပုံမှန်ကျော်သွားရန်သာ စီစဥ်ခဲ့သော်လည်း မုန့်ရှစ်ရွှမ်သည် အငြိမ်မနေနိုင်ဘဲ သူမ၏ အနိုင်ရလိုစိတ်တို့အား နှိုးဆွလာခဲ့သည် ။


  ကျုံးယို့ယို့တွင် ထိုကဲ့သို့ စရိုက်မျိုးရှိသည် ။ အခြားသူများကသာ သူမကို မတိုက်ခိုက်ဘူးဆိုလျှင် ၊ သူမသည်လည်း အခြားသူများအား တိုက်ခိုက်မည်မဟုတ်ပါ ။ မင်းကသာ သူမကို တိုက်ခိုက်လာမည်ဆိုလျှင် သေချာပေါက် အသေသတ်ပစ်မည် ဖြစ်သည် ။


ထိုအရာကို စဥ်းစားမိသောအခါ သူမသည် သဘောတူလိုက်သည် " ကောင်းပါပြီ "


ရွှီရှောင်ယွဲ့သည် သူမ၏ ခြေဖဝါးကိုပင် ဆောင့်ချကာ ဒေါသကြောင့် မျက်ရည်များကျတော့မတတ်ဖြစ်နေသည် ။


ဘယ်လိုလုပ် ဖြစ်နိုင်ရမှာလဲ ။ အတန်းထဲက အလှဆုံးမိန်းကလေးက သူမဆီက လုယူခံလိုက်ရတာကို ထားဦးတော့ ၊ အသင်းခေါင်းဆောင်ရဲ့ နေရာပါ သူမဆီ လုယူခံလိုက်ရတာလား ။ သေစမ်း ။ သူမသည် လူအများရှေ့တွင် အလံအား ဝှေ့ယမ်းနေမည့်ပုံစံအား မြင်ယောင်မိသွားကာ ကျုံးယို့ယို့သည် သူမထက်ပင် ပိုသင့်တော်သည်ဟု သူမခံစားလိုက်ရသည် ။


   သူမသည် ကျုံးယို့ယို့အား ပေါက်ထွက်တော့မတတ်စိုက်ကြည့်လိုက်သည် ။


   အချိန်ကျလာလျှင် ကျုံးယို့ယို့သည် သူမထံလာပြီး အရင်က အသင်းခေါင်းဆောင်ဘယ်လိုလုပ်ခဲ့လဲဆိုတာကို လာမေးမည်ဖြစ်သည် ထိုအခါကျလျှင် သူမသေချာပေါက်ပြောပြမည် မဟုတ်ပေ ။


  သို့သော်လည်း ကျောင်းမဆင်းခင်အချိန်ထိ ကျုံးယို့ယို့သည် သူမဆီရောက်မလာခဲ့ပါ ။ 


ကျုံးယို့ယို့က အနောက်တန်းမှ မိန်းကလေးနှစ်ယောက်ကို ခေါ်ကာ ကာယဆရာနှင့်အတူ လေ့ကျင့်ရန် ထွက်သွားခဲ့သည် ။


 ရွှီရှောင်ယွဲ့သည် ပစ်ပယ်ခံထားရသကဲ့သို့ ခံစားလိုက်ရပြီး ထိုင်နေရင်းနှင့်ပင် ဘော့ပင်အားတင်းတင်းဆုပ်ကာ သူမနှုတ်ခမ်းများအား ဖိကိုက်လိုက်ပြီး သူမပုံစံသည် အကျည်းတန်လာခဲ့သည် ။


  သူမကဲ့သို့ အကြီးအကျယ်ဆုံးရှုံးလိုက်ရသကဲ့သို့ ဖြစ်နေသောသူမှာ အတန်း ၁၉ ရှိ ကျုံးယို့ယို့၏ ထိုင်ခုံဖော်ဖြစ်သည့် မျက်မှန်ထူထူနှင့် တစ်ယောက်ဖြစ်သည် ။

သူသည် စားပွဲခုံတွင်ပင် လဲလျောင်းနေခဲ့ပြီး တိတ်ဆိတ်စွာပြန်လည်သုံးသပ်နေခဲ့သည် ။ထို့နောက် လူအနည်းငယ်သည် သူ့ထံသို့လာကာ ကျုံးယို့ယို့ ဘယ်သွားလဲဟု မေးလာခဲ့ကြသည် ။ သူသည် တိုးညင်းသော အသံနှင့် ကူညီကာပြန်ဖြေပေးခဲ့သည် " ကျုံးယို့ယို့ အားကစားရုံကိုသွားတယ် ငါ့မှာသူမရဲ့ ဖုန်းနံပါတ်မရှိဘူး "


သူသည် အဖြေထုတ်စက်လိုမျိုး အဖြေတစ်ခုကိုပဲ ဆက်တိုက်​ပေးနေရသည်ကို မပျင်းပါ သို့သော် သူသည် အနည်းငယ် အထီးကျန်ခြင်းကို ခံစားခဲ့ရသည် ။

 သူမဘေးတွင် သူသည်၂နှစ်လောက် ထိုင်ခဲ့ပြီး စားပွဲတစ်ခုထဲပဲ ထိုင်နေရသည်ကို လက်မခံချင်ခဲ့ပေ ။ သို့သော်သူမသည် ရုတ်တရက် ဆရာတစ်ဆူလို ဖြစ်လာခဲ့ပြီးသူမ၏ အဆင့်များသည် လျင်မြန်စွာတိုးတက်လာခဲ့သည် ။မေးခွန်းများတစ်ခုပြီးတစ်ခုဖြေနေသည်မှာ ရေသောက်နေသကဲ့သို့ပင် မျက်တောင်ပင်မခတ်ခဲ့ ။


ပြောင်းလဲသွားခဲ့ပြီးနောက် သူဘယ်လိုခံစားလိုက်ရသလဲ ။

 စွန့်ပစ်ခံရလိုက်သကဲ့ သစ္စာဖောက်ခံရသည့် ခံစားချက်မျိုးရမနေဘူးလား ။


  သူမနှင့်တူညီသောစားပွဲရှိသူသည် သူ၏ အဆင့်များကိုလည်း ဆရာလီနှင့် အတူပြောင်းလဲနိုင်ရန် မျှော်လင့်ခဲ့သည် ။ ကျုံးယို့ယို့သည် သူမထိုင်ခုံဖော်၏ နှလုံးသားအားနာကျင်စေခဲ့သည်ကို မသိခဲ့ချေ ။ 


သူမ အားကစားရုံသို့မသွားမီ သူ့အတွက် ရေတစ်ခွက်ပင် ခပ်ပေးခဲ့သည် ။


အဲ့ဒါက သူမဆီမှာ ထိုင်ခုံဖော်အတွက် အချစ်တွေ ရှိသေးတယ်လို့ ပြောလို့ရတယ်မဟုတ်လား ။


ကာယသင်ကြားပေးသည့်နည်းပြသည် အမျိုးသမီးဆရာမဖြစ်ပြီး ကျုံးယို့ယို့အား နံရံကို မှီကာ မတ်တပ်ရပ်နေဖို့ပြောခဲ့သည်။ ထို့နောက် ချက်ခြင်းပင် သူမလိုအပ်ချက်များကို ပြုပြင်ပေးခဲ့သည် ။  အသင်းအား ခေါင်းဆောင်ခြင်းမှာ ချက်ခြင်းမဖြစ်နိုင် ၊ ပုံမှန်လေ့ကျင့်မှုများ လိုအပ်သေးသည် ။


ပုံမှန်အားဖြင့် ကာယဆရာမသည် အတန်း ၁၉၏ အသင်းခေါင်းဆောင်အား ကျေနပ်နေပြီးသားဖြစ်သည် ။စိတ်နေသဘောထားသည် အရေးကြီးဆုံးဖြစ်ပြီး ကျုံးယို့ယို့သည် လှပပြီး သူမတွင်ကောင်းမွန်သော စိတ်နေသဘောထားရှိသည် ။သူမသည် သူမ၏ ကျောင်းဝတ်စုံနှင့်ပင် အလွန်ကိုအရောင်ထွက်နေခဲ့ပြီး အခြားသူများ၏ မျက်လုံးအားဖမ်းစားနိုင်ခဲ့သည် ။


  သူမသည် လွန်ခဲ့သောနှစ်ရက်က ကျုံးယို့ယို့ နှင့် ဌာနမှူးကြားရှိ အငြင်းပွားမှုကိုလည်း သိနှင့်ပြီးသားဖြစ်သည် ။ သူမသည် ထိုနေရာတွင်မရှိခဲ့ဘဲ အဖြစ်အပျက်ကို အခြားသူများထံမှ ကြားခဲ့ရသောအခါ အလွန်ရယ်မောခဲ့ရသည် ။ ကျုံးယို့ယို့ဟုခေါ်သော မိန်းကလေးတွင် ဘယ်လို ဆိုးဝါးတဲ့လက်နက်မျိုများရှိနေသလဲဟုပင် သူမတွေးခဲ့မိသည် ။ သူမ


ကျုံး​ယို့ယို့အား ကိုယ်တိုင်ကိုယ်ကျ တွေ့ခဲ့ရသောအခါတွင်မူ မှင်သက်သွားခဲ့ရသည် ။


အဲ့ဒါက ဒီအတိုင်း နူးနူးညံ့ညံ့လေးနဲ့ လှနေတဲ့ မိန်းကလေးဘဲ မဟုတ်ဘူးလား ။


သူမက တစ်ကယ်ပဲ ဌာနမှူးအား ထိပ်တိုက်တွေ့ခဲ့သည့်သူလားဆိုတာ သူမတစ်ကယ်မပြောနိုင်တော့ပေ ။


  အတန်းပေါင်းစုံအား သူမသင်ကြားခဲ့ရပြီးနောက်တွင် သူမသည် ကျုံး​ယို့ယို့​အား စိတ်မဝင်စားဘဲ မနေနိုင်တော့ချေ ။

  လေ့ကျင့်ရေးအပြီးတွင် အတန်း ၁၉မှ နှစ်ယောက်သည် အားကစားရုံသို့ရောက်လာခဲ့ပြီး သုံးယောက်သည် အားကစားပစ္စည်းများ သယ်ဆောင်သွားကြသည် ။ ထိုအရာများသည် အဝေးပစ်ပစ္စည်းများ ၊ ခုန်ရသော ကြိုးများနှင့် ဘတ်စကတ်ဘောတို့ဖြစ်သည် ။သူတို့သည် အနည်းငယ်လေးသည် ။ မိန်းကလေးနှစ်ယောက်သည် ဘောလီဘောများအား အတူတစ်ကွ သယ်ဆောင်သွားကြသည် ။


  အတန်းတစ်တန်းချင်းစီကို အားကစားပစ္စည်းများသယ်ယူရန် အချိန်များ ခွဲဝေပေးထားသည် ။


  ကျုံးယို့ယို့ပင် သီးသန့်ထားခြင်းမရှိပေ ။သို့သော် သူမသည် အခြားမိန်းကလေးများထက်ပို၍ အားသန်သောကြောင့် ပိုမိုလေးလံသော ပစ္စည်းများအား ခွဲဝေသယ်ဆောင်ခဲ့သည် ။


 သူမနှင့် အခြားမိန်းကလေးတစ်ယောက်သည် သင်ကြားရေးဆောင်သို့ လေးလံသည့် ဘောလီဘောခြင်းများအား သယ်ဆောင်သွားခဲ့သည် ။သူတို့သည် ကျောင်းဂိတ်ပေါက်အားတစ်ချက်ကြည့်လိုက်ပြီး ချင်းယောင်သည် သူမအား စောင့်နေသည်ကို တွေးလိုက်မိသည် ။ ထို့ကြောင့် သူမသည် ဘေးရှိမိန်းကလေးအား ခဏရပ်ခိုင်းကာ ဘောလီဘောခြင်းအားချထားစေခဲ့သည် ။ပြီးနောက် ချင်းယောင်ဆီသို့ စာရိုက်လိုက်သည် ။

  "ငါတို့ကျောင်းက ထောက်ကူပစ္စည်းတွေကို ရွှေ့နေတာ ၊ မိနစ်နှစ်ဆယ်လောက်တော့ကြာမယ် ။ငါ့ကို ခဏစောင့်နေပေး"


သူမဘေးရှိမိန်းကလေးသည် တစ်ချက်ကြည့်လိုက်ပြီး"ယို့ယို့ နင့်မှာကောင်လေးမရှိဘူးမလား "


ရည်းစားကောင်လေးလား ။ကျုံးယို့ယို့သည် အချိန်ခဏလောက် လန့်သွားမိပြီး နောက် သူမ၏ နှုတ်ခမ်းလေးများအား တွန့်ကွေးကာ စနောက်ခဲ့သည် 


"တစ်ကယ်က မဟုတ်ပါဘူး"


ချင်းယောင်သည် အခုထိ ရိုးရိုးသားသား ဝန်မခံလာသေးပေ ။


ဘယ်လိုချစ်သူကောင်လေးမျိုးပါလိမ့် ။အဲ့ဒါက သူ့အတွက် အလွယ်ပေးပါ ။


 ကျုံးယို့ယို့သည် အသိပညာပေးပြိုင်ပွဲအပြီးတွင် သူမမည်သူဖြစ်သည်ကို ချင်းယောင်သိပြီးနောက် သူမည်သို့တုံ့ပြန်လာမည်ကို သူမမျှော်လင့်ခဲ့သေးသည် ။သို့သော် သူမသည် စောစီးစွာပင် ချင်းယောင်နှင့် အဆင့်မတက်ချင်သေးပါ ။ မည်သို့ပင်ဖြစ်စေ ကျုံးယို့ယို့သည် သူမဘေးရှိ အတန်းဖော်၏ စကားကြောင့် အနည်းငယ်တွေဝေမိသွားခဲ့သည် ။ ဝတ္ထုကြောင့် သူမထံတွင် ချင်းယောင်အပေါ် ချစ်ခင်နှစ်သက်မှုရှိပြီး သူ့အားစနောက်ရသည်ကို သဘောကျမိသည် ။


 ဒါပေမဲ့ သူကရော သဘောကျရဲ့လား ။


စာပို့ပြီးနောက်တွင် ကျုံးယို့ယို့ သူမဖုန်းအား အိတ်ကပ်ထဲသို့ ပြန်ထည့်ခဲ့ပြီး သူမခြေလှမ်းလှမ်းဖို့ဟန် ပြင်လိုက်သည့်အချိန်တွင် ရှစ်ကျစ်ထန်နှင့် သူ၏ သူငယ်ချင်းများ လျှောက်လာကြသည်ကို တွေ့လိုက်ရသည် ။