အပိုင်း ၃၁
Viewers 10k

Chapter 31



လွန်ခဲ့သောနှစ်ရက်မှ အဖြစ်အပျက်သည် ယခုထိဆန်းသစ်နေတုန်းပင်ဖြစ်သည် ။ 


အထက်တန်းကျောင်းဒုတိယနှစ်မှ ကျုံးရှီယို့သည်ပင် တတိယတန်းမှ မဟုတ်သော်လည်း ထိုသတင်းအားကြားခဲ့ရသည် ။ သူသည် သူ၏ ဒုတိယအစ်မဆီသို့ သွားချင်ခဲ့သော်လည်း သူမ၏ ကွဲပြားသွားသောအမူအကျင့်တို့အား အမှတ်ရလာမိသောအခါ သူသည်လည်း အတိတ်တွင် အလွန်စိတ်အနှောင့်အယှက်ဖြစ်ရသည်အား စဥ်းစားမိလိုက်ပြီး သူ၏ စိတ်တို့ကို ပြန်လည်ထိန်းချုပ်လိုက်ရသည် ။


  သို့သော် သူသည် ဘာမျှမတတ်နိုင်ဘဲ သူ့ဒုတိယအစ်မ၏ သတင်းတို့အား သိချင်နေတုန်းပင်ဖြစ်သည် ။ထို့ကြောင့် သူသည် အားလပ်ချိန်များတွင် ကျောင်းဖိုရမ်၌ ဝင်ရောက်ရှာဖွေလေ့ရှိသည် ။


    ကျုံးယို့ယို့နှင့်ပက်သက်သော ပို့စ်များတက်လာလျှင် သူ မနေနိုင်စွာပင် နှိပ်ကြည့်မိသည် ။


   သူမအားဖော်ပြထားသော စွမ်းဆောင်မှု ၊ အလှတရား  နှင့် ပေါက်ကွဲထွက်လာသော ချောမောမှုများအား တွေ့လိုက်ရပြီးနောက် မသိလျှင် သူကိုယ်တိုင်ပင် ချီးမွမ်းခံလိုက်ရသကဲ့သို့ပင် သူ၏ နှလုံးသားထဲတွင် ပီတိများအပြည့်ဖြစ်နေခဲ့ရပြီး အောင်ပွဲခံနေသလိုပင် ပြုံးလိုက်မိသည် ။ 


 သူမက ငါ့ရဲ့ အစ်မပဲ ။ ငါ့ရဲ့ အစ်မက အရမ်းမိုက်တာပဲ ။


သို့သော် ပို့စ်အောက်တွင် သူမသည် ဌာနမှူးအား စော်ကားခဲ့ပြီး အကျိုးဆက်အား စောင့်ဆိုင်းသင့်သည် ဟူသော အချို့ကောမန့်တို့ကို တွေ့သောအခါ မျက်မှောင်ကြုတ်လိုက်မိပြီး သူသည် အရိုက်ခံလိုက်သကဲ့သို့ပင် ဒေါသများလျှံထွက်လာရသည် ။ 


 အဲ့လူက ဌာနမှူးတစ်ခုခုလုပ်မှာကို ကြောက်နေတာပဲ ဖြစ်ရမည်။အဲ့ဒါ ဌာနမှူးကအရင် ကျုံးယို့ယို့ကို အနိုင်ကျင့်ခဲ့တယ်ဆိုတာ ရှင်းနေတာပဲ ။


  သူ နောက်ပို့စ်များစွာကိုကြည့်လိုက်ရာ ဒေါသထွက်စရာမန့်များကိုတွေ့လိုက်ရသည်

[တကယ်ပြောတာ ၊ မင်းကရုပ်ရည်သွင်ပြင်ကိုပဲ ကြည့်ပြီးအကဲဖြတ်မယ်ဆိုရင် ကျုံးယို့ယို့က ကျုံး(မုန့်)ရှစ်ရွှမ်ထက်နိမ့်ကျတယ် ။ ငါ့ကို မသမုတ်ကြနဲ့နော် ။မုန်လာဥနီတွေ နဲ့ အသီးအရွက်တွေမှာလည်း သူတို့ကို ချစ်ပေးမယ့်သူရှိတာပဲလေ ။ မျိုးရိုးနာမည်ကျုံး နဲ့ ကျုံးရှစ်ရွှမ် ကသူမထက် ပိုသာတယ် ။သူမထက်စာရင်လည်း ပိုရက်ရောပုံပေါ်တယ် " ]


တူညီသောမှတ်ချက်ကြောင့် ကျုံးရှီယို့သည်  သူ၏ ခေါင်းအားဒေါသအပြည့်နှင့် မတ်လာခဲ့သည် ။သူ၏မျက်ခုံးများအားပင့်ကာ ဖုန်းအားစိုက်ကြည့်လိုက်သည် ။


   မုန့်ရှစ်ရွှမ်က ငါ့အစ်မထက်ပိုသာတယ်တဲ့လား ။ဒီမျိုးမစစ်လေးတွေကတော့ ကန်းနေကြတာလား ။


   ပို့စ်နှစ်ခုအား အပြန်အလှန်ကြည့်နေခဲ့ပြီး သူသည် ခေါင်းလောင်းအားအဆက်မပြတ်တီးနေသကဲ့သို့ ကြာကြာထိန်းမထားနိုင်ခဲ့ချေ ။ကျုံးယို့ယို့အား အခြားသူများ ဆဲဆိုနေသည်ကို မြင်ခဲ့ရပြီး သူသည် အခြားသူများအား သင်ခန်းစာပေးရန် ထွက်သွားတော့သည် ။


ကျုံးရှီယို့သည် အတန်းထဲတွင်ပင် ရက်အနည်းငယ်လောက် စာသင်ကြားမှုအား ဂရုစိုက်မစိုက်နိုင်ခဲ့ဘဲ သူ၏ ခေါင်းအား စားပွဲခုံအောက်တွင်သာ နှစ်မြုပ်ထားခဲ့ပြီး ကျောင်းဖိုရမ်ထဲသို့ဝင်ကာ ဖုန်းမျက်နှာပြင်အားရွှေ့နေခဲ့သည် ။


  သူ၏ အတန်းထဲမှ အတန်းဖော်များသည် အလွန်စိမ်းသက်ကြသည် ။ ကျုံးရှီယို့သည် ဒုတိယနှစ်အထက်တန်းတွင် အလွန်ပင် အေးစက်စွာနေခဲ့သည် ။အခြားသောဂိမ်းနှင့် ဘတ်စကတ်ဘောများကစားခဲ့သော်လည်း သူ့ထံတွင် သူငယ်ချင်းများများမရှိပါ ။


  သို့သော် ကျုံးယို့ယို့နှင့် ဌာနမှူးကြားရှိ ရုန်းရင်းဆန်ခတ်ဖြစ်မှုများသည် ရက်အနည်းငယ်အတွင်း အခြားသောပို့စ်များကြားတွင် ပျောက်ကွယ်သွားခဲ့သည် ။ကျုံးရှီယို့သည် ထိုအရာနှင့်ပက်သက်ပြီး ဂုဏ်ယူနေတုန်းပင်ဖြစ်ပြီး သူထိုအရာအားအခြားသူများကိုပြောဖို့ ကြိုးစားလိုက်ချိန်တွင် သူ့အားလူအနည်းစုကသာ စကားပြောလာကြသည် ။


သူ ဒုတိယအစ်မနှင့်ပက်သက်ပြီး ဖိုရမ်တွင် ဆက်မရေးနိုင်တော့ ၊ သူ၏ နှလုံးသားသည် ရုတ်တရက် ဗလာဖြစ်သွားသကဲ့သို့ အေးစက်လာခဲ့ပြီး သူဘာဆက်လုပ်ရမှန်းမသိတော့ပေ။


  သူသည် သူဘာမှားနေသည်ကိုပင် မသိတော့ကာ မှင်သက်နေခဲ့သည် ။


*

   လက်တလောတွင် အိမ်ရှိ လေထုသည် အလွန်ကိုခြောက်သွေ့နေခဲ့သည် ။ဒုတိယအစ်မထွက်သွားကတည်းက ကျုံးမာမား မုန့်ရှစ်ရွှမ်အား ဖယ်ပေးဖို့ပြောခဲ့သည့် သူမ၏ အခန်းနှင့် ဖဲမွေ့ရာသည် အလွတ်ပင်ကျန်ရှိနေပြီး ဒုတိယအစ်မ၏ အသံကိုတော့ ဘယ်တုန်းကမှ မကြားလာရတော့ပေ ။


  ကျုံးပါပါးက ကုမ္ပဏီတွင် အလွန်အလုပ်များပြီး သူသည် အိမ်တွင် သိပ်နေလေ့မရှိပေ ။ကျုံးမာမားသည် ဒုတိယအစ်မ၏ အခန်းထဲသို့ ဝင်သွားလေ့ရှိပြီး ဒုတိယအစ်မ အိမ်ကထွက်သွားသည်နှင့်ပတ်သက်ပြီး ဝမ်းနည်းနေလေ့ရှိသည် ။


  အိမ်စေများမှလွဲရင် ဤအိမ်တွင် ကျန်ရှိနေသူမှာ မုန့်ရှစ်ရွှမ်သာလျှင် ဖြစ်သည် ။


  ကျုံးရှီယို့က အိမ်ပြန်ခဲလှသည် ။

 

သူသည် ကျောင်းဆင်းချိန်တွင် ကျုံး​ယို့ယို့​အား နှစ်ခါလောက် ကျောင်းဂိတ်ပေါက်တွင် သွားစောင့်ခဲ့သည် ။သူဘာမှ မလုပ်ချင်ခဲ့ဘဲ  ဒီတိုင်းသူမကို နှစ်ကြိမ်လောက် အဆင်ပြေနေရဲ့လားဆိုတာကို ကြည့်ချင်ရုံတင်ဖြစ်သည် ။ ထိုမှသာ သူစိတ်သက်သာရာရမည်ဖြစ်သည်


 ။ သို့သော် သူသည် သူ၏ဒုတိယအစ်မ သူ နဲ့ ကျောင်းဂိတ်က ကျုံးမိသားစုပိုင်ကားကို တွေ့သွားခဲ့လားဆိုတာကိုမသိ ။ သူမသည် ထိုဂိတ်ပေါက်မှ မထွက်ဘဲ ကျောင်းအနောက်ပေါက်ရှိ မုန့်ဆိုင်တန်းများရှိသော ဘက်မှ ထွက်သွားခဲ့သည် ။


ကျုံးရှီယို့ ထိုအကြောင်းအရာအား ရှာတွေ့သွားပြီးနောက်တွင် သူ၏ လေးလံနေသောစိတ်များသည် ပို၍ပင် ဆိုးရွားလာခဲ့သည်။


  အခုတော့ ဒုတိယအစ်မက သူ့ကို ကျောင်းမှာတောင် မမြင်ချင်တော့ဘူး ။


**

  သူ ကျောင်းမှပြန်လာသောအခါ ပါပါးကျုံးသည်အိမ်တွင် ညစာစားရန်ပြန်ရောက်နေပြီဖြစ်သည် ။


 မုန့်ရှစ်ရွှမ်သည် အိမ်သို့ ချက်ခြင်းပင် ဖုန်းခေါ်ဆိုလာခဲ့ပြီး သူမ၏ သူငယ်ချင်းအိမ်တွင် ညစာသွားစားမည်ဟုပြောလာခဲ့သည် ။


မာမားကျုံးက ဖုန်းအားဖြေဆိုလာခဲ့ပြီးနောက် သာမန်ချသွားသည် ။ပြောရမည်ဆိုလျှင် သူမဘယ်ကိုသွားပြီး ဘာစားနေမည်ဆိုတာကို ဘယ်သူကဂရုစိုက်နေမှာလဲ ။


     ညစာစားပွဲတွင် အရသာများမှာ ပုံမှန်အရသာများဖြစ်သော်လည်း သားမိသားဖသုံးယောက်သည် ဖယောင်းများအား ဝါးနေရသကဲ့သို့ပင် စိတ်မပါလက်မပါဖြစ်နေကြသည် ။


   ပါပါးကျုံးနှင့် မာမားကျုံးသည် ကုမ္ပဏီအကြောင်းအနည်းငယ်ပြောလိုက်ပြီးနောက် စကားစရပ်သွားကာ မျက်မှောင်ကြုတ်လိုက်မိကြသည် ။


   အိမ်ရှိလေထုသည် အလွန်စိတ်ဓါတ်ကျစရာကောင်းနေသည်ကို ကြည့်ရသည်မှာ ကျုံးရှီယို့သည် စားမဝင်တော့ချေ ။ဒါကြောင့် သူကပဲ တစ်ခုခုအား အစပျိုးလိုက်သည် " ပါး ၊ မား မကြာသေးခင်က ဒုတိယအစ်မဘယ်လောက်ထိ လုပ်ဆောင်နိုင်ခဲ့လဲဆိုတာ သိကြလား "

   ကျုံးယို့ယို့၏ နာမည်အားကြားလိုက်ရသောအခါတွင် ကျုံးမာမားသည် ချက်ခြင်းပင် ခေါင်းမော့လာကာ ပျော်ရွှင်စွာပင် မေးလာခဲ့သည် ။ 


" ဘာများလဲ ။ မင်းဒုတိယအစ်မနဲ့ပက်သက်ပြီး သတင်းတစ်ခုခုရှိတာလား ၊ ငါတို့ကို အစောထဲက ဘာလို့မပြောရတာလဲ "


ကျုံးယို့ယို့သည် ပြီးခဲ့သော စာမေးပွဲတွင် အဆင့် တစ်ထောင်မှ တစ်ရာအတွင်းသို့ ဝင်နိုင်ခဲ့သည့်အကြောင်းကို ကျုံးရှီယို့ပြန်ပြောပြခဲ့သည် ။သူသည် ထိုအကြောင်းကို အပေါ်ယံမျှလောက်သာ ပြောခဲ့ခြင်းမဟုတ်ဘဲ သူသည် စိတ်အားများထက်သန်လာကာ ပို၍ပင်အသေးစိတ်ကျအောင်များများပြောခဲ့လေသည် ။အဆုံးတွင် ဖိုရမ်မှ ဒုတိယအစ်မနာမည်ကြီးနေသာ တုန်လှုပ်စရာကောင်းသည့် တုံ့ပြန်မှုများအကြောင်းပါပြောခဲ့သည် ။


"သူ့ရဲ့ လုပ်ဆောင်ချက်တွေက အဲ့လောက်တောင်ပဲကောင်းတာလား "


 မာမားကျုံးသည် အံ့အားသင့်သွားခဲ့ရသည် ။ အဆုံးတွင် ကျုံးရှီယို့ နှင့် ကျုံး​ယို့ယို့၏ ကျောင်းများသည် အလွန်ပင် ပြိုင်ဆိုင်မှုပြင်းထန်ကြသည် ။ သင်ကြားမှုပုံစံများနှင့် အရင်းအမြစ်များသည် ထိပ်တန်းပင်ဖြစ်ကြသည် ။သူတို့ကလေးများကို ကျောင်းသို့ပို့ခဲ့ပြီး ထိုကျောင်းများသို့ လှူဒါန်းမှုများပါ ပြုလုပ်ခဲ့ကြသည် ။


   အဲ့ဒါက အဆင့် ၁၀၀၀ မှ ၅၀၀ အတွင်း ဝင်ရောက်နိုင်ရန်လွယ်သော်လည်း ထိုထက်ပိုလာလျှင် အထက်သို့ရောက်လေလေ ပို၍ ခက်ခဲလေလေပင်ဖြစ်သည် ။ 


အဲ့ဒါက တစ်ကယ်ကို ခက်ခဲတာ ။


  ပါပါးကျုံးသည် အားပါပါ နားထောင်နေခဲ့ပြီး နောက်တွင်မှောင်ကြုတ်လိုက်မိသည် 


" အဲ့ဒါက ဘာများထူးဆန်းနေလို့လဲ ။ လွန်ခဲ့တဲ့ သုံးနှစ် ယို့ယို့အိမ်ကိုပြန်မရောက်ခင်ကရော သူမရဲ့ အရင်​ကျောင်းမှာ အဆင့်တွေမကောင်းခဲ့လို့လား ။ နောက်မှ သူမအဆင့်တွေ ဆိုးရွားလာခဲ့တာ ငါသံသယဖြစ်မိတယ် ။သူမက ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တာ "


   မာမားကျုံးသည် ပျော်ရွှင်မှုအပြည့်ဖြင့် ပြုံးလိုက်သည် 


" ဟုတ်တယ် ရှီယို့ကတော်တယ် သူ မမှားနိုင်ပါဘူး ။ဒီကလေးလည်း ဒီလိုပဲ။ သူမ စာမေးပွဲမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ် ။ဒါပေမဲ့ သူက အိမ်ကိုတောင် ပျော်ရွှင်ရတဲ့ဟာကို ပြန်မပြောလာခဲ့ဘူး...."


ထိုသို့ပြောပြီးနောက် တက်ကြွသောလေထုသည် တစ်ဖြေးဖြေးပျောက်ကွယ်သွားခဲ့သည် ။


  ကျုံးပါပါးနှင့် ကျုံးမာမားသည် စိတ်ရှုပ်ထွေးနေကြပြီဖြစ်သည် ။ သူတို့အားထားသွားပြီးနောက် ယို့ယို့သည် သူမ၏ မူလ ထက်မြက်မှု ၊ လှပမှု တွေနဲ့ ကိုယ်ရောင်ကိုယ်ဝါတွေကို ထုတ်လွှတ်လိုက်သည့်ပုံပေါ်သည် ။ဖြစ်နိုင်တာကတော့ သူတို့ကသာ ဒီကလေးကို နှောင့်နှေးစေခဲ့ပုံရသည် ။


  ပါပါးကျုံးသည် စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည် 


" သူတို့ရဲ့ ဌာနမှူးက သူမခိုးချတယ်လို့ သံသယဝင်ခဲ့တယ်လို့ ပြောလိုက်တယ်မလား ။ အဲ့ဒါက ဘယ်လိုဖြစ်ရတာလဲ "


 ထိုအကြောင်းအရာသို့ ရောက်လာသောအခါ ကျုံးရှီယို့သည် ယခုထိ ဒေါသထွက်နေဆဲဖြစ်သည်။ " အဲ့ဒီဒါရိုက်တာ ဘာတွေဖြစ်နေလဲဆိုတာ ဘယ်သူက သိမှာလဲ ။ ဒုတိယအစ်မက နောက်ထပ်မေးခွန်းတစ်စုံကိုယူပြီး သူ့ရှေ့မှာပဲ ဖြေပြလိုက်တယ် ။ အဲ့လိုနဲ့ သူမက သူရဲ့ပါးကိုရိုက်နိုင်ခဲ့တာပဲ ဒါပေမဲ့ သူက ဒုတိယအစ်မကိုပြသနာဖြစ်အောင် စောင့်ကြည့်နေမှာကိုတော့ စိုးရိမ်မိတယ် "


ပါပါးကျူံး မျက်မှောင်ကြုတ်လိုက်ကာ " မင်းတို့ စီနီယာအထက်တန်းကျောင်း  ဌာနမှူးရဲ့ မျိုးရိုးနာမည်ကဘာလဲ " 

  ကျုံးရှီယို့က ပြန်ဖြေလိုက်တယ် " သူ့မျိုရိုး နာမည်က ဝမ် "


ပါပါးကျူံးသည် နောက်ဆုံးတွင် စားသောက်ချင်စိတ်ဖြစ်လာခဲ့ပြီး တူကိုကောက်ကိုင်ကာအစားအစာများကိူ ရွေးချယ်လိုက်သည်။ တစ်ဖြေးဖြေးဝါးနေပြီး သူ၏ မျက်ခုံးများအား တင်းထားခဲ့သည် ။ မျိုးရိုးနာမည် ဝမ် လား။အဲ့တာက ရင်းနှီးနေသလိုပဲ ။ နေပါအုန်း သူရုတ်တရက် မှတ်မိလာခဲ့သည် ။အဲ့တာကလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက သူတို့ဆီကအကူအညီတောင်းဖို့ အိမ်တံခါးဝမှာ လက်ဆောင်တွေနဲ့ ရောက်လာတဲ့ တစ်ယောက်မဟုတ်ဘူးလား ။ထိပ်ပြောင် နားရွက်ကြီးကြီး နဲ့ မျက်မှန်တပ်ထားပြီး ပြုံးနေတဲ့ တစ်ယောက်ပဲ ။ ထိုအချိန်က သူသည် မုန့်ရှစ်ရွှမ်ရဲ့


သင်ကြားရေးဒါရိုက်တာ ဖြစ်ခဲ့ပြီး ပါပါးကျုံးသည် ထိုသူ၏ ဆွေမျိုးကုမ္ပဏီအား အနည်းငယ်ကူညီပေးခဲ့သည် ။


  ဒီလူက ပြန်ပေးဆပ်ခိုင်းမှာတဲ့လား ။


  သို့သော် ကျုံးပါပါးသည် ပြန်စဥ်းစားလိုက်သည် ။ထိုသင်ကြားရေးဒါရိုက်တာသည် ကျုံးမိသားစုနှင့် ကျုံးယို့ယို့၏ ပက်သက်မှုအားမသိရှိခဲ့သောကြောင့် သူသည် ထိုသို့ပြုမူလာခဲ့သည်လား ။အကယ်၍ သူသာသိသွားမယ်ဆိုရင် ယို့ယို့ကို စောင့်ရှောက်ပေးမှာပဲမလား ။ နောက်ဆုံးပြန်လည်သုံးသပ်မှူအပြီးတွင် ထိုအရာသည် သူ၏တာဝန်သာဖြစ်သည် ။


သို့သော်လည်း ဌာနမှူးသည် ဆိုးရွားနေပြီး ဗီလိန်ကဲ့သို့ပင် စက်ဆုပ်စရာကောင်းနေသည် ။ 


ပါပါးကျုံးသည် သရော်လိုက်ပြီး "ပြန်တွေးကြည့်လိုက်တော့ ရှောင်ကျောက်ကို ငါဒီလူနဲ့ပက်သက်ပြီး ရှာခိုင်းခဲ့ဖူးတာပဲ ။ ဒီလူကဘယ်လိုလုပ်ပြီးငါ့သမီးကိုများ အနိုင်ကျင့်ရဲရတာလဲ  " 


  မာမားကျုံးသည်လည်း ထိုအရာကိုတွေးမိသည် နှင့်အပြစ်ရှိသည့်ခံစားချက်သည် သူမ၏ မျက်နှာတွင် အရိပ်ယောင်များပေါ်လာခဲ့သည် 


" အရင်က ရှစ်ရွှမ်နဲ့ ရှီယို့ကျောင်းတက်တုန်းက ငါတို့ သူတို့ဘယ်မှာတက်ရမယ်ဆိုတာ စီစဥ်ပေးခဲ့တယ် ။ယို့ယို့ကျောင်းတက်တုန်းကတော့ ငါကကျောင်းအုပ်နဲ့ပဲ စကားအနည်းငယ်ပြောခဲ့ပြီး သူမကို ပေါ့ပေါ့တန်တန်ပဲဆက်ဆံခဲ့တယ် ။ သူမကို ကြုံရာအတန်းမှာပဲ ထားပေးခဲ့တယ် ငါတို့သမီးကို ကောင်းကောင်းမစောင့်ရှောက်ခဲ့လို့ သူမက ကျောင်းမှာတောင် အနိုင်ကျင့်ခံနေရတယ် "


  သူမနောက်ပိုင်းမှာ ပုန်ကန်လာတာ အံ့သြစရာမရှိတော့ပါဘူး ။အဲ့ဒါက သူတို့မမြင်နိုင်တဲ့ နောက်ကွယ်က အရာအဖြစ်ပြောင်းသွားခဲ့ပြီး သူမဘယ်လောက်တောင် အေးစက်မှု ဝမ်းနည်းကြေကွဲမှုတွေခံစားခဲ့ရမလဲဆိုတာကိုတောင် ပြောမပြတတ်​တော့ပေ ။


 ထိုကဲ့သို့တွေးမိပြီးနောက် မာမားကျုံးသည် အပ်များနှင့် ထိုးခံနေရသကဲ့သို့ နာကျင်နေပြီး ဘယ်နားနာလိူ့ နားမှန်းပင်မသိ နေရာတိုင်းက ​နာကျင်နေခဲ့သည် ။


  သူ၏ဇနီး စိတ်ဓါတ်ကျနေတာကို တွေ့လိုက်ရသောအခါ ပါပါးကျုံးသည် သက်ပြင်းချလိူက်ပြီး သူမရဲ့ ပုခုံးတွေကို ဖက်ကာ နှစ်သိမ့်ပေးလိုက်သည်


 "မကြာခင် သူမမွေးနေ့ပဲ ၊ အဲ့ကျရင် အသိုင်းအဝိုင်းထဲက လူတွေအကုန်လုံးကိူ ဖိတ်ပြီး ကြီးကျယ်တဲ့ပွဲအခမ်းအနားတစ်ခုကို ကျင်းပမယ် ။ ပြီးရင် ဖုံးကွယ်မနေတော့ဘဲ ယို့ယို့ရဲ့ ဘ၀အမှန်ကို ချပြကြမယ် ။အဲ့ဒါက သူမအတွက် အံ့အားသင်ဖို့ကောင်းတဲ့ လက်ဆောင်တစ်ခုဖြစ်မှာပါ "


ကျုံးပါပါးနှင့် ကျုံးမာမားသည် ဤအကြောင်းအရာအား သီးသန့်ဆွေးနွေးခဲ့ပြီးသားဖြစ်သည် ။ သူတို့၏ အရင်ဘဝတွင် သူတို့သည် ထိုအရာအား အရှုပ်အရှင်းတစ်ခုကဲ့သို့သာ သဘောထားခဲ့ကြသည် ။ အခြားသူများကို သူတို့၏ သမီး အားလှောင်ရယ်ခွင့်ပေးခဲ့ပြီး တစ်ခြားတစ်ယောက်ကိုပဲ ဆယ်နှစ်ကျော်အောင် ပြုစုပျိုးထောင်ခဲ့ပြီး သူမကိုတော့ ဘယ်သူမှမသိအောင် ဖုံးကွယ်ထားခဲ့သည် ။ သူတို့သည် ယို့ယို့အား အိမ်ပြန်ခေါ်လာခဲ့ပြီး မုန့်ရှစ်ရွှမ်နှင့် တူညီစွာ ပျိုးထောင်ပေးခဲ့သည် ။

   

   ယခုဘဝတွင် သူတို့သည် မုန့်ရှစ်ရွှမ်အား ထပ်ဂရုစိုက်နေတော့မည် မဟုတ်ချေ ။