အပိုင်း ၃၂
Viewers 12k

Chapter 32




ဖြစ်နိုင်ချေရှိသည်မှာ ယို့ယို့ နှင့် ထိုသူတို့ကြားရှိ သဘောထားချင်းမတိုက်ဆိုင်မှုများ၏ မူလအရင်းအမြစ်သည် သူတို့၏ ပုံစံအမှန်အား မည်သည့်အခါကမျှ ယို့ယို့ကို ထုတ်မပြခဲ့ချင်းကြောင့် ဖြစ်ပေမည် ။

    ထိုသို့ဆိုလျှင် မုန့်ရှစ်ရွှမ်ရော မည်သို့ထင်ပါလိမ့်မည်နည်း....

    

ပါပါးကျုံးသည် အတော်လေး အေးစက်စက်နိုင်သည့်သူဖြစ်ပြီး သူ၏ သွေးသားအပေါ်ဆက်ဆံရေးသည်သာ အရေးကြီးဖြစ်သည် ။ ပုံမှန်အားဖြင့် သူသည် မုန့်ရှစ်ရွှမ်၏ အတွေးတို့အား ဂရုမစိုက်ဘဲ သူ၏ စိတ်ထဲမှပင် လှောင်ပြောင်နေလိမ့်ရှိသည် ။


ဤမိန်းကလေးအား ထိုအရွယ်ထိ ပြုစုပျိုးထောင်ခဲ့သည်ကပင် ကောင်းလွန်းနေပေပြီ


 ။ ဒီလိုပုံစံမျိုး ပိုကြာကြာရနိုင်ဖို့ကို သူမမျှော်လင့်နေခဲ့တာလား ။


 ကျုံးမာမားသည်တော့ အနည်းငယ်ဝမ်းနည်းနေခဲ့သည် ။ရှစ်ရွှမ်သည် နှစ်ပေါင်းများစွာ သူမ၏ သမီးအဖြစ်ပျိုးထောင်ခဲ့သည့် ကလေးဖြစ်သည် ။ထိုကလေးအား သူမသည် နို့ နှင့် ယာဂုများ ပါးစပ်ထဲအပြည့်ဖြစ်နေအောင် ကျွေးမွေးခဲ့ရသည် ။သူမအား ဤသို့ပင် ပြန်ပို့လိုက်သင့်သည်မှာ မှန်ကန်ပါရဲ့လား ။သို့သော် သူမသည် ယခုဘဝ၌ ယို့ယို့အပေါ်တွင် အကြွေးမတင့်တော့သည်ကို သိပါသည် ။


   ကျုံးရှီယို့ အံ့အားသင့်ဖြင့် မျက်လုံးပြူးကာ ပြောလိုက်သည်။


 " တစ်ကယ်လား ။ ဒါဆို ဒုတိယအစ်မကို ကြိုပြီးပြန်ခေါ်ထားလိုက်တော့လေ "


သူ့ထံတွင် ရုတ်တရက် ယခုချိန်မှစကာ သူ၏  ခေါ်ဝေါ်မှုတို့အားပြောင်းလဲပြီး ကျုံးယို့ယို့အား ' အစ်မ ' ဟု တိုက်ရိုက်ခေါ်ဆိုခွင့် ရလာခဲ့ပြီဖြစ်သည် ။ ကျုံးယို့ယို့သည် နောက်ပိုင်းတွင် မိသားစု နှင့် ပို၍ ရင်းနှီးလာမည်လား သူမသိပါ ၊ ဖြစ်နိုင်တာကတော့ သူသည် သူမနှင့် အတူထိုင်ပြီး ဂိမ်းအတူဆော့နိုင်လောက်မည်လား ။


   ထိုအရာအားတွေးမိသောအခါ သူသည် စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်တော့ပေ ။သူ၏ အစ်မအား ဤအကြောင်းကို စောစောသိစေချင်ခဲ့ပြီး သူမ၏မွေးနေ့မတိုင်ခင်ထိ သူမအံ့အားသင့်သွားအောင်လည်း ထိန်းသိမ်းထားချင်ခဲ့သည် ။ကျုံးယို့ယို့သည် သူ့အား ကျောင်းတွင် ရှောင်နေခဲ့သည်မှာ ရက်အတော်ကြာရှိပြီး သူ့အား ဖုံးကွယ်ထားသော အခိုးအငွေ့တို့သည် အနည်းငယ်ပျောက်ကွယ်သွားခဲ့သည် ။သူတို့သာ ဖြေးဖြေးချင်းပြန်ပြင်ဆင်လာသည်နှင့်အမျှ ကျုံးယို့ယို့သည် သူတို့ကို တစ်နေ့ ခွင့်လွှတ်လာနိုင်လိမ့်ပေမည်။


    ကျုံးရှီယို့သည် သူ၏နှလုံးသားထဲတွင် အနည်းငယ်နစ်နာသည်ဟု ခံစားရသော်လည်း သူမသည် သူ၏ မိဘများအား ခွင့်မလွှတ်လျှင်လည်း ကိစ္စမရှိပေ ။ 


ဒါပေမဲ့ သူမ သူ့ကိုတော့ ဂရုစိုက်ပေးလို့မရဘူးလား ။


......


ထိုအချိန်တွင် ယွီစစ်ရွှယ်၏ ဒေါသနှင့် မနာလိုမှုတို့သည် ခေါင်းမှ ခြေဖဝါးအထိ ရောက်နေခဲ့သည် ။  ချင်းယောင်းအား ကျုံးယို့ယို့ ဖက်တွယ်ထားသည်ကို ကြည့်နေခဲ့ရသည် ။ သူမသည် လက်ထဲတွင် ကိုင်ထားသော ထမင်းလုံးကြော်အား ကိုက်လိုက်ပြီး မျက်တောင်ခတ်လိုက်ကာ သူ၏ ရှေ့မှပင် ဖြတ်သွားခဲ့သည် ။


     ချင်းယောင်သည် သူမအား တစ်ခါမှ မမြင်ဘူးသလိုပင် မျက်တောင်ပင်တစ်ချက်မခတ်ကာ ထွက်သွားခဲ့သည် ။


   ချင်းယောင်၏ အပြုအမူသည် အလွန်ပင် အေးစက်နေခဲ့ပြီး သူမသည် အသားအရောင်များ ခရမ်းရောင်ကဲ့သို့ပင် ပြောင်းလဲသွားခဲ့ရသည် ။ ထို့နောက်သူမသည် ထိုသူထွက်သွားသည်ကိုသာ မလှုပ်မယှက်ကြည့်နေခဲ့ရပြီး သူမ၏ အောက်နှုတ်ခမ်းအား အချိန်အတော်ကြာကိုက်ထားကာ ကျိန်ဆဲလိုက်သည် " ခွေးမ "


   ကျုံးယို့ယို့သည် ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းဖြစ်သည် ။သူမ ချင်းယောင်ကို မကြိုက်ဘဲ သူ့ကို သဝန်စေလို့သာ လုပ်ခဲ့ခြင်းဖြစ်မည် ။ သူမသာ တစ်ကယ် ချင်းယောင်ကို ကြိုက်မည်ဆိုလျှင် ထိုမျှလောက်နှစ်အများကြီးကြာအောင် ချင်းယောင်ကို စောင့်ခိုင်းမည်မဟုတ်ပေ ။


 အထူးသဖြင့် အဲ့သည့်လိုသူများပစ္စည်းကို လုယူတတ်တဲ့ ရက်စက်တဲ့မိန်းမမျိုးရှိနေရတာလဲ ။ ချင်းယောင်ကလည်း သူမနဲ့ ဒီလိုပဲ ဆက်ပြီးပူးပေါင်းနေသေးတာလား ။ 

   ထိုအရာသည် ခါးသီးမှုလား ၊ မနာလိုမှုလားဆိုသည်ကို ယွီစစ်ရွှယ်မပြောနိုင်တော့ပေ ။ ထို့နောက် သူမကားဆီသို့ ဒေါသအပြည့်ဖြင့် ပြန်သွားခဲ့ပြီး ကားတံခါးအား စောင့်ပိတ်လိုက်သည် ။ 


   ကားထဲတွင် ထိုင်နေခဲ့ပြီး မုန့်ရှစ်ရွှမ်သည် သူမယခုတွေ့ခဲ့သော မြင်ကွင်းတို့အား စဥ်းစားမိကာ အနည်းငယ် ပဟေဠိဖြစ်သွားခဲ့ရသည် ။


    ကျုံးယို့ယို့သည် ရှစ်ကျစ်ထန်နောက်သာ လိုက်နေခဲ့ပြီး ယခုသူမသည် ချင်းမိသားစုနှင့် ဘာကြောင့်များ ပိုပြီး နီးကပ်လာခဲ့တာလဲ ။


သို့သော်လည်း ယွီစစ်ရွှယ် ဒေါသထွက်နေသည်ကို သိသောကြောင့် သူမဘာမှမပြောခဲ့ပေ ။

သို့သော် ယွီစစ်ရွှယ်က မထိန်းထားနိုင်တော့ဘဲ သူမ၏ ပါးစပ်အား ဒေါသတကြီးပင် ဖွင့်ဟခဲ့သည် " နင့်မိသားစုရဲ့ သွေးမနီးတဲ့ ဆွေမျိုးကလည်း အတော်ညစ်ပတ်တာပဲ ။ သူမက သွေးမနီးတဲ့ ဆွေမျိုးသာသာပဲကို ၊ သူမကိုယ်သူမ သခင်မလေးလို ထင်နေသေးတယ် ။ နောက်ဆုံးအခေါက် နင့်အိမ်ကို ငါလာလည်တုန်းက အဲ့ဒါက အပျော်သက်သက်ပါပဲ ။ ငါကနည်းနည်းလေးမေးခဲ့တာကို တစ်ကယ်ပဲ ငါကနားညီးတယ်လို့ ပြောလိုက်တာလား ။သူ့ကိုယ်သူများ ကျုံးအိမ်တော်ရဲ့ အကြီးဆုံးသမီး ထင်နေလားမသိဘူး ​"


မုန့်ရှစ်ရွှမ်၏ လက်များသည် ကျောင်းလွယ်အိတ်အား တင်းတင်းဆုပ်ကိုင်ထားခဲ့သည် ။


ယွီစစ်ရွှယ်သည် သူမကိုအနည်းငယ်သံသ၀င်စွာကြည့်လိုက်ပြီး " နင်ရဲ့မျက်နှာက ဘာလို့ နည်းနည်းဖြူဖျော့နေတဲ့ပုံပေါ်နေတာလဲ ။နင် မသက်မသာဖြစ်နေလို့လား "


   " မဟုတ်ပါဘူး " မုန့်ရှစ်ရွှမ် တွန့်ဆုတ်စွာ ပြုံးပြလိုက်ပြီး ပြောလိုက်သည်


 " ဟုတ်တယ် ၊သူမကိုစိတ်ဆိုးမနေပါနဲ့တော့ သူက ကလေးသာသာပါပဲ ။ "


   "ကလေးတဲ့လား ၊ ငါတော့ သူ့ကို မြေခွေးမလို့ပဲ ထင်တယ် " 


ယွီစစ်ရွှယ်သည် ကျုံးယို့ယို့ သူမအား ဆွနေသလို ပြုံးနေခဲ့သည်ပုံအား မြင်ယောင်လာသောအခါ ဒေါသကြောင့်ပင် တုပ်လှုပ်လာမိသည် ။


ကျုံးယို့ယို့သည် ချင်းယောင်အပေါ်အေးစက်စွာဆက်ဆံခဲ့ပြီး ချင်းယောင်ကတော့ သူမ(ယွီစစ်ရွှယ်)အပေါ် သာအေးစက်စွာဆက်ဆံခဲ့သည် ။ အကယ်၍များ ချင်းယောင်သည် လူကောင်းတစ်ယောက်ဆိုတာကို ကျုံးယို့ယို့ စပြီး သတိထားမိလာသည်ဆိုလျှင်...၎င်းသည် သူမထံတွင် အခွင့်အရေးနည်းနည်းတောင်မရှိတော့ဘူးဟူသည့် အဓိပ္ပါယ်ရသွားပေမည် ။


  မုန့်ရှစ်ရွှမ် ထိုအကြောင်းအရာအား ဆက်၍မပြောချင်ခဲ့သောကြောင့် သူမရဲ့ခေါင်းကိုသာ အဝေးကိုလှည့်ထားလိုက်သည် ။


  ယွီစစ်ရွှယ်ကတော့ ဆက်ပြောနေဆဲပင် ဖြစ်သည် ။ 


" ရှစ်ရွှမ် ၊ နင့်မိဘတွေ ဘာတွေတွေးနေလဲဆိုတာ ငါတစ်ကယ်မသိတော့ဘူး ။လွန်ခဲ့တဲ့ သုံးနှစ်က တောဘက်က မနီးစပ်တဲ့ဆွေမျိုးကို သူတို့ခေါ်လာခဲ့တယ် ။သူမက ခဏလောက်နေပြီး ထွက်သွားမယ်လို့ ငါထင်ခဲ့တာ ။ ဒါပေမဲ့ သူမက သုံးနှစ်လောက်နေနေခဲ့တယ်လေ ၊နင့်မိဘတွေနဲ့အကိုတွေရဲ့ ဂရုစိုက်မှုတွေကို လုယူသွားမှာ နင်မကြောက်ဘူးလား "


  မုန့်ရှစ်ရွှမ်သည် အနာကျင်ဆုံးအချက်ဖြစ်သည့် အဓိက လျှို့၀က်ချက်အား ပုတ်ခတ်ခံလိုက်ရသလို သူမ၏ မျက်နှာသည် ပြောင်းလဲသွားခဲ့သည် ။


  သူမတွန့်ဆုတ်အေးခဲစွာဖြင့် ပြုံးလိုက်ကာ " အဲ့ဒါကိုမပြောနဲ့ တော့ ။ အဲ့လိုဖြစ်မှာမဟုတ်ပါဘူး ၊ အဲ့လိုလုယူခံရမှာ မဟုတ်ပါဘူး "


  ယွီစစ်ရွှယ် သူမအားကြည့်လိုက်သောအခါ သူမ၏ အမူအရာသည် အလွန်ကိုဆိုးရွားနေခဲ့သည် ။ရှစ်ရွမ် အနည်းငယ်နေမကောင်းလောက်ဟု တွေးမိကာသူမသည် ဆူညံမနေတော့ဘဲ ကားဆရာအား " မြန်မြန်မောင်းပေးပါ " ဟုသာပြောလိုက်သည် ။


  မုန့်ရှစ်ရွှမ် ကားပြတင်းအပြင်ဘက်သို့သာ ကြည့်နေခဲ့ပြီး သူမ၏ နှလုံးသားထဲတွင် အစိုင်အခဲတစ်ခု တွယ်ညိနေသကဲ့သို့ ထပင်မထနိုင်တော့ဘဲ သူမ၏ စိတ်များသည်ပင်ဝေဝါးလာခဲ့ရသည် ။သေချာပေါက် သူမတစ်ခုခု လုပ်သင့်နေပြီဖြစ်သည် ။ မဟုတ်လျှင် အကုန်လုံး ကျုံးယို့ယို့ဘက်သို့ လှည့်သွားသည်ကို ကြည့်နေရပေလိမ့်မည် ။


  ကျုံးယို့ယို့သည် သူမသိခဲ့ဖူးသည့် ကျုံးယို့ယို့မဟုတ်တော့ချေ ။ကျုံးယို့ယို့သည် ဆူးများဖြင့် ဝန်းရံထားပြီး သူမပင် စကားမပြောနိုင်ခဲ့ပေ ။သူမသည် ယခုတွင် အလွန်အင်အားကြီးနေခဲ့ပြီး ကျောင်းတွင် ကြီးမားသောမုန်တိုင်းကိုပင် ဖယ်ရှားနိုင်ခဲ့သည် ။ 


**


 သူမ၏  တိုက်ခန်းသည် ကျောင်းနှင့် မဝေးသောကြောင့် ချင်းယောင်သည် ကားကိုထားခဲ့ကာ ကျုံးယို့ယို့အား သူ၏ကျောပေါ်တွင်သယ်၍ ခပ်ဖြေးဖြေးသာလျှောက်လာခဲ့သည် ။ ကောင်းကင်သည် အနည်းငယ်မှောင်နေခဲ့ပြီး ကြယ်အနည်းငယ်သာရှိနေခဲ့သည် ။ ကားမီးရောင်များမှာ နဂါးငွေ့တန်း၏ အလင်းရောင်များကဲ့သို့ ဖြာထွက်နေကြသည် ။


 ကျုံးယို့ယို့သည် ထမင်းလုံးကြော်များနှင့် တို့ဖူးနွေးတို့အား အလျင်အမြန်စားထားခဲ့ရာ ချင်းယောင်၏ ကျောပေါ်တွင် အနည်းငယ်ပျို့တက်လာခဲ့သည် ။


   တိုက်ခတ်လာသော လေပြေလေညင်းသည် အတော်ကို သက်သောင့်သက်သာဖြစ်စေသည် ။


   ကျုံးယို့ယို့သည် ရုတ်တရက် တစ်စုံတစ်ခုအား မှတ်မိလာခဲ့ပြီး " စကားမစပ် ချင်းယောင် ၊ ငါ နင်ရှာပေးတဲ့အိမ်နဲ့အနီးနားမှာဘဲ အိမ်တစ်လုံးဝယ်ဖို့  စီစဉ်နေတာ  ။ နင်ဘယ်လိုထင်လဲ ။ "


  ကတ်ထဲမှ ပိုက်ဆံများကို လတ်တလောတွင် သုံးအုံးမည်မဟုတ်ပေ ။ သူမနာမည်နှင့် ချိန်ဆက်နေမည့် သူမကိုယ်ပိုင်အိမ်ကို ဝယ်မည်ဆိုလျှင် သူမသည် အနာဂတ်တွင် ပို၍ သက်သောင့်သက်သာရှိစွာနေနိုင်မည်ဖြစ်သည် ။ ဤနေရာတွင် ခဏကြာနေခဲ့ပြီးနောက် တစ်ကယ်ကိုနတ်ပြည်လိုပင်နေလိူ့ကောင်းသည့်နေရာဖြစ်မှန်း ကျုံးယို့ယို့ သိခဲ့သည် ။ ထိုနေရာနားတစ်ဝိုက်တွင် သရေစာမုန့်ဆိုင်အများအပြားရှိပြီး တစ်ရာသုံးဆယ့်ခြောက်ရက်လောက်ပင် မတူညီသော မုန့်များကို နေ့တိုင်းမရိုးအောင် စားနိုင်သည် ။


" ကောင်းပြီ " ဟု ချင်းယောင်ပြောလိုက်သည် ။


  သူတို့လမ်းလျှောက်လာသည်မှာ ရပ်ကွက်ထဲသို့ပင် ရောက်လာပြီဖြစ်ပြီး သူတို့ တိုက်ခန်းအောက်တွင်သာ ရပ်လိုက်သည် ။ချင်းယောင်သည် အနည်းငယ် တွန့်ဆုတ်နေခဲ့သော်လည်း ကျုံးယို့ယို့အား မြေပြင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်သည်  ။သူသည် သူမဘက်သို့လှည့်ကာ စကားပြောလိုက်သည်


 " မင်းအိမ်ပြန်ရောက်ရင်  အိမ်ကို အလှဆင်ဖို့်ဘယ်လိုဒီဇိုင်းမျိုးစဥ်းစားထားလဲဆိုတာ ကိုယ့်ကို စာပို့လိုက် ၊ ကိုယ်မင်းအတွက်စီစဥ်ပေးမယ်"


ကျုံးယို့ယို့သည် မျက်လုံးပင့်ကာ ချင်းယောင်ကို ကြည့်လိုက်သည် ။ ချင်းယောင်၏ မျက်လုံးများသည် ခံစားချက်များနှင့် တောက်လောင်နေလေသည်...


   သူမသည်လည်း ထိုအရာက ယုံကြည်စိတ်ချရလောက်သည်ဟု တွေးမိသည် ။


ကြည့်လေ ၊ သူမဘာတစ်ခုမှကို လုပ်နေစရာမလိုဘူး ။ သူမ နှုတ်ခမ်းလှုပ်လိုက်တာနဲ့ ချင်းယောင်က အကုန်လုံးကို စီစဥ်ပေးလိမ့်မယ် ။ ချင်းယောင် ၊ ချင်းယောင် ။ယခုတွင် ထိုစကားလုံးတို့သည် သူမ၏ လျှာဖျားလေးတွင် ချိုမြိန်သလို ခံစားရပြီး ယွီစစ်ရွှယ်က သူ့ကို လုယူသွားချင်တယ်တဲ့လား ။နောက်ဘဝမှာသာစောင့်နေလိုက်တော့ ။ မဟုတ်ဘူး နောက်ဘဝလည်း စောင့်မနေနဲ့တော့ ။ 

 ထိုအရာအားတွေးမိသောအခါ ကျုံးယိူ့ယို့သည် ထိန်းမထားနိုင်တော့ဘဲ ပြုံးလိုက်မိကာ

  "ကောင်းပြီ "


 ချင်းယောင်၏ နားရွက်များသည် သူမ၏ အကြည့်များကြောင့် နီရဲလာခဲ့သည် ။ ခဏကြာပြီးနောက် သူပြောလိုက်သည်


 " အဲ့ဒါဆို အပေါ်တက်ပြီး စောစောနားတော့ ။ကိုယ်မနက်ဖြန်  လာခေါ်မယ် "


 ကျုံးယို့ယို့ ခေါင်းညိတ်ကာ အပေါ်သို့တက်သွားခဲ့သည် ။သူမသည် တိုက်ခန်း၏တံခါးအားဖွင့်၍ မသိစိတ်ဖြင့်ပင် သူမလှည့်ကြည့်လိုက်သောအခါ ချင်းယောင်မသွားသေးသည်ကို တွေ့လိုက်ရသည် ။လမ်းမီးရောင်အောက်တွင် အရပ်မြင့်မား၍  အိတ်ကပ်ထဲသို့ လက်တစ်ဖက်ထည့်ထားကာ ချောမောသောမျက်နှာနှင့်လူငယ်လေးက သူမအား ငေးကြည့်နေခဲ့သည် ။

  

    သူမအားကြည့်ကာ ချင်းယောင်၏ နှလုံးသားသည် ခုန်ပေါက်နေခဲ့ပြီး စိတ်မသက်မသာဖြင့်ပင် လှည့်ထွက်လာခဲ့ရသည် ။


  ကျုံးယို့ယို့သည် သူ့ထံသို့ပြေးသွားခဲ့ပြီး အနောက်မှ တွန်းလိုက်ကာ ရယ်မောလာခဲ့သည်  " နင်ဦးတည်ဘက်မှားပြီးသွားနေတာလား ။ အိမ်ယာဝန်းရဲ့ ဂိတ်ထွက်ပေါက်က ဟိုဘက်မှာလေ "


"...." ချင်းယောင် မျက်နှာတစ်ခုလုံးနီရဲလာခဲ့ပြီး တစ်ဖက်သို့လှည့်ကာ အမြန်ပြေးထွက်သွားခဲ့သည် ။


*


 ကျောင်းကိစ္စများသည် အချိန်ကြာသည်နှင့်အမျှ ပြီးဆုံးသွားခဲ့သော်လည်း ကျုံးယို့ယို့သည် မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် ဌာနမှူး၏ အကျင့်ပျက်မှုတို့နှင့်ပတ်သက်ပြီး သူမအား လက်တုံ့ပြန်လာလိမ့်မည်ဟု ခံစားခဲ့ရသည် ။ သူမသည် ယခုချိန်တွင် မီးမောင်းထိုးပြခံနေရသော်လည်း ထိုသူက ယခုချိန်ထိ ဘာတစ်ခုမျှလှုပ်ရှားလာခြင်းမရှိပါ ။


အကယ်၍ ထိုအချိန်သို့ရောက်လာခဲ့လျှင်လည်း သူမ မည်သည့်အရာမျိုးကိုမှ လုပ်ရမည်ကို ကြောက်ရွံ့နေလိမ့်မည် မဟုတ်ပေ ။