အပိုင်း ၃၃
Viewers 10k

Chapter 33




ပိတ်ရက်များတွင် သူမ စျေးဝယ်ထွက်ရန် စီစဥ်ခဲ့သည် ။ ရာသီဥတုသည် တစ်ဖြေးဖြေးအေးလာပြီဖြစ်သောကြောင့် သူမ ဆောင်းရာသီဝတ် အထည်များအား ဝယ်ဖို့လိုလာပြီဖြစ်သည် ။ မူလပိုင်ရှင်၏ အဝတ်အစားများအား ချန်ထားခဲ့ပြီးနောက် သူမယခုထပ်ဝယ်ရမည်ဖြစ်သည် ။


  စျေးဝယ်ထွက်ခြင်းသည် မိန်းကလေးများအား ပျော်ရွှင်စေသည် ။ ထို့ကြောင့် မနက်အစောထဲကပင် ကျုံးယို့ယို့သည် သီချင်းတညည်းညည်းဖြင့် မနက်စာအားပြုလုပ်ကာ ကြိုင်တင်ချိန်းဆိုခြင်းပြုလုပ်နိုင်ရန် ဖုန်းဖွင့်လိုက်ကြည့်လိုက်သည် ။


    ချင်းယောင်ကို အမြဲရှာနေလို့လည်း အလုပ်မဖြစ်ပေ ။


  ဤကမ္ဘာသို့ သူမရောက်လာသည့်အချိန်မှစပြီး ကျုံးယို့ယို့သည် အဆင်ပြေမည့် သူငယ်ချင်းများများပေါင်းထားသင့်သည်ဟု တွေးခဲ့သည် ။

   

  ဖုန်းဖွင့်ကြည့်လိုက်သောအခါတွင် မှတ်ထားသောဖုန်းနံပါတ်စာရင်း အမြောက်အများရှိနေခဲ့သည် ။

ရှစ်ကျစ်ထန်အား သီးသန့်သက်ဆိုင်သူ ဟုထည့်မှတ်ထားသည်မှလွဲ၍ အခြားသူများတွင် နာမည်များရှိသည် ။ သူမ မျက်မှောင်ကြုတ်လိုက်ပြီး ရှစ်ကျစ်ထန်အား ထို သီးသန့်သက်ဆိုင်သူဟူသည့်နေရာမှ ထုတ်လိုက်ပြီး ချင်းယောင်အား ပျော်ရွှင်စွာပင်ထည့်လိုက်သည် ။ထို့နောက် အဆက်အသွယ်များအား စတင်ရှာဖွေတော့သည် ။

 

ကွန်တက်ထဲတွင် အခြားကျောင်း၏ လူမိုက် အမြောက်အများအားမှတ်သားထားပြီး ဤကျောင်းတွင်တော့ များများစားစားမရှိချေ ။


   နောက်ဆုံးတွင် ကျုံးယို့ယို့သည် ချိန်းဆိုလို့ရလောက်မည့် မိန်းကလေးအား ရှာတွေ့သွားခဲ့သည် ။


 ယွမ်ယွမ်ပဲ ။


အရင်တစ်ခေါက်က အားကစားရုံသို့ ပစ္စည်းပစ္စယများ အတူတစ်ကွသယ်ပေးခဲ့သည့် မိန်းကလေးဖြစ်သည် ။ သူမက အနေအေးတဲ့ မိန်းကလေးဖြစ်ပြီး ကျုံးယို့ယို့ သူမအပေါ်တွင် အမြင်ကောင်းများရှိသည် ။

 

 ယွမ်ယွမ်သည် ကျုံးယို့ယို့ထံမှ စျေးဝယ်ထွက်ရန် ဖိတ်ကြားမှုကို ရှိခဲ့ပြီး သူမအနည်းငယ်အံ့သြခဲ့ရသည် ။ ကျုံးယို့ယို့အမြင်အာရုံများအား မဖမ်းစားနိုင်ခင်ကတည်းကပင် သူမသည် အတန်းထဲတွင် ထင်ရှားပေါ်လွင်မှုမရှိသည့်အဖွဲ့မှ ဖြစ်သည် ။ 


  ယခုတွင် ကျုံးယို့ယို့သည် ကျောင်းကိုယ်စားပြုပန်းကလေးဖြစ်ပြီး သူမသည်တော့ ကျောင်းမှ သာမန်ကျောင်းသူတစ်ဦးအဖြစ်သာဆက်ရှိနေဆဲဖြစ်သည် ။ယို့ယို့သည် အမှန်တစ်ကယ်ပင် သူမအား စျေးဝယ်ထွက်ရန် ပြောလာခဲ့ပြီး သူမကိုယ်ပင် သူမနှင့်လိုက်သည့် အဝတ်အစားများအား ရွေးချယ်ဖို့ ကူညီပေးနိုင်သည်ဟု ပြောလာခဲ့သည် ။


    အမိုက်စားပဲ ။ ယွမ်ယွမ်သည် မိန်းကလေးငယ်လေးလိုပင် အိပ်ယာပေါ်တွင် ခုန်ပေါက်နေခဲ့သည်။ ကျုံးယို့ယို့အား ဝါးတိုးဝါးတားဖြင့်ပင် "ငါလာခဲ့မယ်" ဟုဖြေဆိုလာကာ စိတ်လှုပ်ရှားစွာဖြင့် ပြင်ဆင်တော့သည် ။

 

  သူမသည် အမှန်တစ်ကယ်ပင် ကျုံးယို့ယို့သည် အရမ်းကောင်းသည်ဟု တွေးခဲ့သည် ။ သူမအမြန်ပင် မိတ်ကပ်ရည်အနည်းငယ်အား လိမ်းခဲ့ပြီး သူမတို့ နှစ်ဦးသားချိန်းဆိုထားသော အဆောက်အအုံသို့ရောက်သောအခါ ကျုံးယို့ယို့သည် သူမထက်အရင်ပင် ရောက်နှင့်နေခဲ့ပြီး ဖြစ်သည် ။ ကြည့်ရသည်မှာ သူမသည် ဆယ်မိနစ်ထက်ပိုစောင့်ခဲ့ရပုံပေါ်သည် ။



  သို့သော် စိတ်ဆိုးနေမည့်အစား ကျုံးယို့ယို့သည် ပြုံး၍ သူမ၏ လက်ကိုဆွဲလာခဲ့ပြီး ပါးပြင်ကို လက်မဖြင့်ထိကာ သူမအား ကြင်နာစွာ သတိပေးလာခဲ့သည် ။


    " ဒီနေရာမှာ နည်းနည်းလေးနီရဲနေတာပဲ "


 ယွမ်ယွမ်အံ့သြသွားမိပြီး ရှက်သွေးဖြန်းသွားသည်။ 


 ထို့နောက်  မိန်းကလေးနှစ်ယောက်သည် လျှောက်သွားလိုက်ပြီး လျင်မြန်စွာပင် ပစ္စည်းများစွာကိုဝယ်ယူလိုက်သည် ။ယွမ်ယွမ်၏မိသားစုသည်လည်း အတော်လေးကို အဆင်ပြေကြသည် ။ သူမ၏ မိသားစုသည် ကျုံးမိသားစုလောက်မချမ်းသာကြသော်လည်း စျေးဝယ်ထွက်ရာတွင်တော့ ယွမ်ထောင်ဂဏန်းအနည်းငယ်ကို ဖြုန်းဖို့ သူမတတ်နိုင်ပါသေးသည် ။ အဓိကအချက်က သူမသည် အနေအေးပြီး စကားကိုလည်း တိုးသက်စွာပြောကာ တစ်ခါတစ်ရံ ရှက်တတ်သောကြောင့် ကျုံးယို့ယို့သည် ထိုအရာအား အလွန်သဘောကျသည် ။ မိန်းကလေးနှစ်ယောက်သည် အတော်လေးအဆင်ပြေကြသည် ။


သူတို့ ဓါတ်လှေကားဖြင့် သုံးလွှာသို့ တက်သွားလိုက်သည် ။ သူတို့နှစ်ယောက် ခဏအနားယူရန် ကော်ဖီဆိုင်ရှာနေကြချိန်တွင် ယွမ်ယွမ် ရုတ်တရက်ပြောလိုက်သည်


 " ယို့ယို့ အဲ့သည့်မိန်းကလေးက နင့်ကိုသိလို့လား " 


   ကျုံးယို့ယို့ ကြည့်လိုက်သောအခါ ယွီစစ်ရွှယ်သည် အထုတ်ကြီးငယ်များချကာ ကော်ဖီဆိုင်၏ ပြတင်းပေါက်နားအနီးတွင် ထိုင်နေခဲ့သည် ။ကြည့်ရသည်မှာ သူမသည် စျေးဝယ်ထွက်လို့ပြီးသွားပြီး တစ်စုံတစ်ယောက်အား စောင့်နေပုံပေါ်သည် ။ယွီစစ်ရွှယ်သည် ကျုံးယို့ယို့ အားတွေ့လိုက်ရပြီး သူမ၏ မျက်နှာသည် အလွန်ကြည့်ရဆိုးလာခဲ့သည် ။


  ....အဲ့ဒါက တစ်ကယ်ကို ဂြိုလ်ဆိုးဖြစ်နေတာပဲ ။


ကျုံးယို့ယို့ သူမ၏ နှုတ်ခမ်းထောင့်စွန်းအား တွန့်ကွေးကာ ပြောလိုက်သည် " သွားရအောင် ၊ ဒီဆိုင်မှာ မထိုင်တော့ဘူး "

  

   ဝတ္ထုထဲတွင် မုန့်ရှစ်ရွှမ်သည် ဇာတ်လိုက်မဖြစ်ပြီး သူမတွင် မည်သူမျှ မယှဥ်နိုင်လောက်သော ရောင်ဝါ ၊ ခံ့ညားတည်ကြည်မှု ၊ စစ်မှန်မှု ၊ ကောင်းမွန်သောအလှတရားတို့ရှိနေပြီး သို့သော် တစ်ကယ်တမ်းတွင် သူမ၏ အနားမှလူများသည် သူမဆိုးရွားသော အရာများလုပ်ဖို့ကို ကူညီပေးနေခဲ့သည် ။ ဥပမာအားဖြင့် ထိုယွီစစ်ရွှယ်သည် သူမကိုယ်သူမ အထက်စီးဆန်သည်လား ဦးနှောက်မရှိသည်လားကို တစ်ကယ်မသိချေ ။သူမသည် မူလပိုင်ရှင်အား


သဘောမကျဖြစ်နေပြီး  တွေ့သည့်နေရာတိုင်းတွင် ပျက်ရယ်ပြုကာ တစ်ဖက်လူအားဒေါသထွက်အောင် ဆွလေ့ရှိသည် ။သူမကို မရိုက်နိုင်သည့် ရှောင်ချန်ကဲ့သို့ပင် ဘယ်လို ချုပ်ကိုင်ရမလဲဆိုတာကို သူမ သိသည် ။ 


  ကျုံးယို့ယို့သည် ယနေ့တွင် စိတ်ကောင်းဝင်နေခဲ့သည် ။သူမရဲ့ စိတ်အခြေအနေကောင်းလေးကိုတစ်ကယ်မဖျက်စီးချင်တဲ့အတွက် သူ့(ယွီစစ်ရွှယ်)ကို သူမ ရှောင်နေလိုက်သည်။


   ယွီစစ်ရွှယ်သည် ထို့နေ့က ချင်းယောင်ကို မြှူဆွယ်နေသော ကျုံးယို့ယို့ကို တွေ့လိုက်သောအခါ သူမ ဒေါသပင်လယ်ဝေခဲ့ရသည်။

ယခု ကျုံးယို့ယို့ နှင့် သူ့ဘေးမှ မိန်းကလေး ထွက်သွားတော့မည်ကိုတွေ့သောအခါ သူမ၏ မျက်နှာသည် ပိုကြည့်ရဆိုးလာခဲ့ပြီး သူတို့နောက်သို့ လိုက်သွားခဲ့သည် ။


   " နင်တို့လည်း စျေးဝယ်ထွက်လာတာလား " သူမ၏ အသံသည် အနည်းငယ်လှောင်ရယ်နေပုံပေါ်ပြီး သူမ၏ မျက်လံးများသည် ကျုံးယို့ယို့အား ခေါင်းအစ ခြေအဆုံးကြည့်နေခဲ့သည် ။


   ယွမ်ယွမ်သည် ရုတ်တရက် ယွီစစ်ရွှယ်၏ အသံမှ တင်းမာမှုတို့အား ကြားလိုက်ရပြီး ကျုံးယို့ယို့ထံ စိုးရိမ်စွာ ကြည့်လိုက်မိသည် ။


   ကျုံးယို့ယို့ သူမခေါ်လာသော မိန်းကလေးရှေ့တွင် အရှက်ရလို့ မဖြစ်ပေ ။ဒါကြောင့် သူမလမ်းလျှောက်နေတာကိုရပ်လိုက်ပြီး ယွီစစ်ရွှယ်အား ကြည့်ကာ သရော်လိုက်သည် " မဟုတ်ရင်ရော နင့်လိုပဲ ဘာမှလုပ်စရာမရှိဘဲ သူများတွေနောက်ပဲလိုက်နေရမှာလား "


  ယွီစစ်ရွှယ်သည် မယုံနိုင်ဖွယ်ရာမျက်လုံးများနှင့် ကျုံးယို့ယို့အား စူးစူးဝါးဝါးကြည့်လိုက်သည် ။ကျုံးယို့ယို့၏ အပြုအမူတို့အားကြည့်ရသည်မှာ သူမအလွန်ပြောင်းလဲသွားပုံရသည် ။  သူမသည် ယခင်က ကျုံးအိမ်တော်သို့ သွားရောက်သည့်အခါတိုင်းတွင် ကျုံးယို့ယို့အားမြင်သည်နှင့် တိုက်ခိုက်လေ့ရှိသည် ။ သို့သော်ထိုအချိန်ကကျုံးယို့ယို့သည် ယခုကဲ့သို့ အရှိန်အဝါအပြည့်ရှိမနေခဲ့ပေ ။ထိုအချိန်က ကျုံးယို့ယို့သည် သာမန်ပထမအဆင့်လောက်သာဖြစ်ပြီး ကျုံးမိသားစုနှင့် သူမသည်သာမက အခြားသူများကပါ သူမခြေထောက်တွေကို တက်နင်းနိုင်ကြသည် ။ သို့သော် ယခု​ကြည့်ရသည်မှာ ကျုံးယို့ယို့သည် ရုတ်တရက်ကြီး အဆင့်၁၀၀လောက်ဖြစ်လာသကဲ့သို့ စက်ဆုပ်ရွံရှာသောအကြည့်ဖြင့်ပင် ကြည့်လာခဲ့သည် ။ ထိုအရာသည် သူမ၏ အဆုတ်များကိုပင် ပေါက်ကွဲစေလောက်သည် ။


  " ဟမ် နင်ကဘာများဝယ်နိုင်မှာ..." အဲ့တာက ကျုံးမိသားစုရဲ့ ပိုက်ဆံကို သုံးတာမှမဟုတ်တာ။

ယွီစစ်ရွှယ် စကားပြောလို့မပြီးသေးခင်ပင် သူမ၏ အကြည့်သည် ကျုံးယို့ယို့၏ ပုခုံးနှင့် လက်မောင်းထက်မှ အိတ်များသို့ ကျရောက်သွားခဲ့သည် ။ ကျုံးမိသားစုကအဲ့လောက်တောင် ရက်ရောတယ်လား ။ဆင်းရဲတဲ့အမျိုးကို မုန့်ဖိုးအဲ့လောက်ပေးတာလား ။ ထိုကဲ့သို့ တစ်ပုံတစ်ခေါင်းဝယ်ယူထားခြင်းသည် အနည်းဆုံးယွမ်ထောင်ကျော်လောက် ကျသင့်သည် ။

  ကျုံးယို့ယို့က တစ်ခါတည်းနဲ့ အဲ့လောက်အများကြီးဝယ်ခဲ့တာလား ။ အဲ့တာတွေအကုန်လုံးက အိတ်အလွတ်တွေချည်းများလား ။

  

ကျုံးယို့ယို့ဘာမှမပြောသေးပါ သို့သော် ယွီစစ်ရွှယ်၏ မျက်နှာသည် သူမအယှဥ်ခံလိုက်ရသလိုခံစားနေရပြီး ဖြူတစ်လှည့်ပြာတစ်လှည့်ဖြစ်နေခဲ့သည် ။


  သူမသည် ယွီမိသားစု၏ တစ်ဦးတည်းသော သမီးဖြစ်သော်လည်း သူမထံတွင် မုန့်ဖိုးများများစားစားမရှိချေ ။


   ယွီစစ်ရွှယ်၏ မျက်နှာသည် ပူလောင်နေခဲ့ပြီး သူမ၏ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားပြန်လည်ရရှိရန် သူမဝယ်လာခဲ့သော လက်ပတ်အား ကြွားဝါနေခဲ့သည် ။ထို့နောက် ဝင့်ကြွားစွာပြောလိုက်သည် "ငါဝယ်ခဲ့တာ ယွမ်သုံးသော်ကျော်လောက်ပေးခဲ့ရတယ် အဲ့တာကကြည့်ကောင်းတယ်မလား "


  ကျုံးယို့ယို့ "...."


 လက်ပတ်ကြိုးသည် စိန်များမြှုပ်နှံထားပြီး ထိုအရာသည်အမှန်ပင်ကြည့်ကောင်းသည် ။ သို့သော် ကျုံးယို့ယို့ အချိန်ဖြုန်းနေသည်ဟုသာ ခံစားလိုက်ရသည် ။ ဝတ္ထုထဲတွင် ယွီစစ်ရွှယ်ဇာတ်ကောင်သည် ဦးနှောက်မရှိသည့်ပုံစံသာဖြစ်ပြီး သူမသည် ဤမျှလောက်ပျင်းစရာကောင်းလိမ့်မည်ဟုတော့ မမျှော်လင့်ခဲ့ပေ ။ မဟုတ်ဘူး အဲ့လောက်ရိုးစင်းလို့လား ။ သူမက တစ်ခြားသူတွေအကုန်လုံးထက် ချမ်းသာနေလို့လား ။ ဘာတွေယှဥ်နေတာပါလိမ့် ။


ကျုံးယို့ယို့ ခဏလောက်ပြောစရာစကားမရှိဖြစ်ပြီးနောက် သူမသည် ယွမ်ယွမ့်ကိုပြောလိုက်သည် " မေ့လိုက်တော့ သွားကြမယ် "


   ယွမ်ယွမ်၏ ခေါင်းလေးသည် ကြက်ကလေးအစာကောက်နေသကဲ့သို့ တဆက်ဆက်ညိတ်နေခဲ့ပြီး ကျုံးယို့ယို့ ထွက်သွားသည့်နောက်သို့သာ လိုက်ခဲ့သည် ။


ခြေနှစ်လှမ်းမျှ မလှမ်းရသေးခင်ပင် ကျုံးယို့ယို့အား အရောင်းဌာနမှ ခေါ်ဆိုခံလာခဲ့သည် ။ အိမ်ရှာတွေ့ပြီ ။မနက်ဖြန် စာချုပ်ချုပ်ဆိုမည် ဖြစ်ပြီး မန်နေဂျာသည် ယာယီ မရှိသောကြောင့် ယနေ့ထိ စရံငွေမပေးချေရသေးပေ ။

   

    သူမသည် အရောင်းဌာနကို စာချုပ်အတွက် ချင်းယောင်ကို မခေါ်ဆိုရန် သေချာစွာပြောခဲ့ပြီး သူမကိုသာတိုက်ရိုက်ခေါ်ဆိုလာဖို့ပြောခဲ့သည် ။ မဟုတ်လျှင် ချင်းယောင်သည် တိုက်ရိုက်ပင် သူမအတွက်ပေးချေပေးမည်ဖြစ်ပြီး အဲ့တာသည် ကောင်းလိမ့်မည်မဟုတ်ပေ ။သူမက ပိုက်ဆံပြတ်လပ်နေသည် မဟုတ်ပါ ။


" ကောင်းပြီ ကျွန်မအခုပဲ လာခဲ့ပါ့မယ် " 

ကျုံးယို့ယို့ သူမ၏ အိတ်အား ဖွင့်ကြည့်လိုက်ပြီး စာချုပ်ရှိနေသည်ကို သေချာစစ်ဆေးခဲ့သည် ။ ယနေ့စရံငွေပေးရမည်ကို မှတ်မိနေခဲ့ပြီး စာချုပ်အား သူမနှင့် တပါတည်းယူဆောင်လာခဲ့ခြင်းဖြစ်သည် ။

ယွမ်ယွမ်သူမကို မေးလိုက်သည် " နင်တစ်ခုခုလုပ်စရာရှိလို့လား ။ဒါဆို ငါနင့်ကို မနှောင့်ယှက်တော့ဘူးလေ ။ နင့်မှာ ပြောစရာအများကြီးရှိနေမှာပဲ "


  ကျုံးယို့ယို့ ခေါင်းညိတ်လိုက်သည် ။ ယွီစစ်ရွှယ်သည် စကားပြောရန်အတွက် ထူးဆန်း​သောအမူအရာနှင့် လျှောက်လာခဲ့သည် ။

" နင်ဘာဝယ်လာလဲဆိုတာ ငါကြည့်ပါရစေအုန်း ။နင့်မှာ အမြင်ကောင်းရှိတယ်လို့ နင်မပြောခဲ့ဘူးလား "


  သူမအားတစ်ဝက်လောက်ဆွပေးခဲ့ပြီး ကျုံးယို့ယို့သည် သူမအား အာရုံစိုက်မနေဘဲ လှည့်ထွက်လာခဲ့သည် ။ဘယ်သူက ဒါကိုသည်းခံနိုင်မှာလဲ။ ဝါဂွမ်းကို လက်ဖြင့်ထိုးနေရသကဲ့သို့ပင် သူမဒေါသထွက်လာခဲ့သည် ။

  

 သူမ စကားပြောပြီးပြီးချင်းပင် ဇစ်မပိတ်ထားသော ကျုံးယို့ယို့၏ အိတ်ထဲတွင် စာချုပ်ရှိနေသည် ကို တွေ့ခဲ့ရသည် ။

....


ဘာလဲဟ အိမ်ငွေချေတဲ့စာချုပ်လား ။

  တစ်စတုရန်းစာ အိမ်အလှဆင်တာက ယွမ်ငါးသောင်း ၊ တစ်ရာငါးဆယ်ခုနှစ်ကွက်စာပါတဲ့ တိုက်ခန်းကို ၇.၅သန်းနှင့် ပိုင်ရှင် ကျုံးယို့ယို့ ။


   ယွီစစ်ရွှယ် "..."


ဘယ်ဆင်းရဲတဲ့မိသားစုက ကျုံးမိသားစုရဲ့ ပိုက်ဆံခုနှစ်သန်းကျော်ကို ဒီလိုလွယ်လွယ်လေးသုံးနိုင်မှာလဲ ။ဒါက ကျုံးမိသားစုရဲ့ သမီးရင်းကို ဆက်ဆံတဲ့ပုံစံမျိုးပဲ ။မဟုတ်ဘူး မုန့်ရှစ်ရွှမ်ရဲ့ တစ်လမုန့်ဖိုးတောင် ခုနှစ်ထောင်ပဲရှိတာ ။


 ကျုံးယို့ယို့ အိမ်တစ်လုံးဝယ်တာက ဘာလို့ ကုန်ခြောက်ဝယ်တာနဲ့ တူနေရတာလဲ ။