အပိုင်း ၃၄
Viewers 10k

Chapter 34



၎င်းသည် ယွီစစ်ရွှယ်၏ မေးရိုးကိုပြန်ပင့်တင်ရန်ပင် အချိန်အတော်အတန်ယူလိုက်ရသည် ။သူမကိုယ်သူမ တည်ငြိမ်အောင် အကောင်ဆုံးလုပ်သော်လည်း သူမ၏ မျက်နှာသည် အပြာရောင်ပင်ပြောင်းနေပြီဖြစ်သည် ။သူမသည် ကျုံးယို့ယို့ကို ခေါင်းအစခြေအဆုံးနောက်တစ်ကြိမ်ကြည့်လိုက်ပြီး ကျုံးယို့ယို့သည် ယခင်ကနှင့်လုံးဝမတူတော့သည်ကို သတိထားမိခဲ့သည် ။သူမအနည်းငယ်မနာလိုဖြစ်လာမိသည်


 " နင်ဘာလို့ရုတ်တရက်ကြီး အိမ်တစ်လုံးဝယ်ပြီး အပြင်ထွက်နေတာလဲ "

  

"ဟုတ်တယ်လေ တစ်ယောက်ထဲနေတာက ဘယ်လောက်မိုက်လိုက်သလဲ "

 

 ယွီစစ်ရွှယ်သည် မျက်လုံးအားလှည့်လိုက်ကာ

 " အဲ့ဒါက ဘာလို့လဲဆိုတော့ ကျုံးမိသားစုက နင့်ကို သဘောမကျလို့မဟုတ်လား " 

 

ကျုံးမိသားစုလား ။ ယွမ်ယွမ် ကြားသောအခါ အနည်းငယ်ရှုပ်ထွေးသွားခဲ့ရသည် ။


အဲ့ဒါက သူမတွေးနေတဲ့ ကျုံးမိသားစုများလား ။သူတို့က ယို့ယို့ကို မကြိုက်ကြဘူးလား ။

   

 ကျုံးယို့ယို့သည် မတူညီစွာပြုံးလိုက်ပြီး သူမရဲ့ မျက်လုံးများအားပင့်ကာ

 " ငါဘာအတွက်ထွက်သွားတာလို့ နင်ပြောလိုက်တာလဲ ... အဲ့ဒါက သေချာပေါက် ချင်းယောင် ငါ့ကို လာတွေ့ရလွယ်အောင်လို့လေ "


  ထိုစကားများသည် ယွီစစ်ရွှယ်အား ဒေါသထွက်စေခဲ့သည် ။ သူမသည် ရုတ်တရက်ပေါက်ကွဲထွက်လာသော မီးပန်းများကဲ့သို့ပင် သူမ၏ မျက်နှာသည် ခရမ်းရောင်ပင်ပြောင်းသွားခဲ့ရပြီး ပုခုံးများသည်ပင် မြင့်လိုက်နိမ့်လိုက်ဖြစ်နေခဲ့သည် ။


" ကျုံးယို့ယို့ နင်တစ်ကယ်အရှက်မရှိတာပဲ "

 

 သူမသည် ဒေါသကြောင့် ဆွေ့ဆွေ့ခုန်နေခဲ့သည် ။ သို့သော် ကျုံးယို့ယို့သည် ယွမ်ယွမ်ကို အနားသို့ဆွဲလိုက်ပြီး ရိုးသားဖြူစင်သည့်သူတစ်ယောက်ကဲ့သို့ပင် ထွက်သွားချင်နေသည် ။

  

ရုတ်တရက်ဆိုသလိုပင် အနည်းငယ်ရင်းနှီးနေသော ကောင်လေးသည် သူမဆီသို့ လျှောက်လာခဲ့သည် ။     

    သူ၏ အမြင်သည် ကျုံးယို့ယို့ပေါ်သို့ ကျရောက်သွားခဲ့ပြီး သူ့မျက်နှာသည် အနည်းငယ်အံ့အားသင့်သွားပုံရသည် ။

" ကျုံးယို့ယို့ " သူ အနည်းငယ်တွန့်ဆုတ်နေခဲ့သည် ။ သူ့ရှေ့တွင်ရှိနေသော မိန်းကလေးနှင့် မိတ်ကပ်များ ထူထဲနေအောင် လိမ်းပြီး မည်သူမည်ဝါပင် မသိနိုင်လောက်ခဲ့သည့် မိန်းကလေးသည် တစ်ယောက်ထဲဆိုတာကို မယုံနိုင်ဖြစ်ခဲ့ရသည် ။


   ယွီစစ်ရွှယ် အနည်းငယ် မသက်မသာဖြစ်သွားရသည် ။ ယွီစစ်ကျားရောက်လာသည်နှင့် သူမ ကျုံးယို့ယို့အား ကြည့်လိုက်ပြီး ယွီစစ်ကျားကို ဆွဲထားလိုက်သည်။


    " အစ်ကို , ဘာလို့အဲ့လောက်ကြာနေတာလဲ ။ ညီမရဲ့ အိတ်တွေကို ကြည့်ပါအုန်း ။ အစ်ကိုမသယ်ပေးရင် ညီမဘယ်လိုလုပ် သယ်နိုင်ပါ့မလဲ "


   ယွီစစ်ကျားသည် အိတ်များအား ကောင်းစွာ သယ်ပေးလိုက်ပြီးနောက် သူသည် မနေနိုင်စွာဖြင့်ပင် ကျုံးယို့ယို့အားပြောလိုက်သည်


 " ကျုံးယို့ယို့ နင်တို့မိန်းကလေးနှစ်ယောက်ထဲ သယ်ဖို့လေးနေလိမ့်မယ် ။ ငါကူသယ်ပေးရအုန်းမလား "


  ဘာကိုသယ်ပေးမှာလဲ ။ သူက ငါ့အစ်ကိုလား ၊ ကျုံးယို့ယို့အစ်ကို များလား ။

 

 ယွီစစ်ရွှယ်သည် သွေးအန်မိတော့မလိုပင် ဖြစ်ရကာ သူ့အစ်ကို၏ လက်မောင်အား အနည်းငယ်ဆွဲစိတ်လိုက်သည် ။ 


သို့သော် ထို့အရာသည် သူမအစ်ကိုအား ဘာမှပင် မခံစားရစေသကဲ့သို့ပင် ဖြစ်နေသည် ။


     "မလိုပါဘူး " 


 ထိုအရာများသည် အမှန်တစ်ကယ်ပင် လေးသည်ဟု ကျုံးယို့ယို့မခံစားရပေ ။


 အဝတ်အစားနဲ့ ဖိနပ် အနည်းငယ်၏ အလေးချိန်က မည်မျှလေးနိုင်မှာမို့လို့လဲ ။


ဝတ္ထုထဲတွင်ယွီစစ်ကျား၏ အခန်းသိပ်မပါသောကြောင့် သူမတွင် ဘာထင်မြင်ချက်မျှ ရှိမနေခဲ့ပေ ။ ထို့ကြောင့် သူမလှည့်ထွက်လာခဲ့ပြီး ယွမ်ယွမ်အား ကြာကြာနှုတ်ဆက်မနေတော့ဘဲ ပြန်လာခဲ့သည် ။

  နှစ်ယောက်သား ထွက်သွားသည့်တိုင်အောင် ယွီစစ်ကျားသည် ပြန်က္ကန္ဒြေမဆည်နိုင်သေးပေ ။


  သူသည် ကျုံးမိသားစု၏ သိပ်မနီးစပ်တဲ့ဆွေမျိုးကို လွန်ခဲ့သော သုံးနှစ်က ဧည့်ခံပွဲတွင် တွေ့ဖူးသည် ။ ထို့နောက်တွင် ကျုံးယို့ယို့အပေါ်အမြင်သည် ညီမဖြစ်သူ၏ မကျေနပ်ချက်ဆီမှ လာခဲ့သည် ။ ဖော်ပြချက်များသည် အလွန်ကိုစိတ်မချမ်းသာဖွယ်ရာဖြစ်ပြီး သူ့ သဘောထားပင် ပျောက်ကွယ်နေခဲ့သည် ။ သို့သော် ယခုကြည့်ရသည်မှာ ထိုသို့လုံးဝဟုတ်ဟန်မတူချေ ။


   ထိုအရာသည် စိတ်သဘောထားမတိုက်ဆိုင်ခြင်းသာဖြစ်နိုင်ပြီး ဤအသိုင်းအဝိုင်းတွင် သူမကဲ့သို့ ဒေါသကြီးသည့်သူမရှိနိုင်ချေ ။


  ယွီစစ်ရွှယ် သူ၏ လက်မောင်းအား သွေးထွက်မတက် မထိုးစိတ်ခင်အထိ သူသည် ရုတ်တရက်မျက်မှောင်ကြုတ်လာခဲ့ပြီး " နင်ငါ့ကို ဘာလို့လာဆွဲစိတ်နေတာလဲ "


   'နင်ကရော ဘာလုပ်နေတာလဲ။မျက်လုံးတွေကျွတ်ထွက်မတက် ရှက်စရာကောင်းအောင်ကြည့်နေတာကိုကျတော့ ကိုယ့်ဘာသာကိုယ်မသိဘူး ။'ယွီစစ်ရွှယ်သည် ယွီစစ်ကျားအား စကားမပြောချင်လောက်အောင် ဒေါသထွက်သွားခဲ့ရပြီး သူမသည် ယွီစစ်ကျားကိုသာ စူးရဲစွာကြည့်လိုက်ကာ လှည့်ထွက်သွားခဲ့သည် ။

 

     ဤကဲ့သို့တိုတောင်းသော အခန်းကဏ္ဍသည် ကျုံးယို့ယို့ အရောင်းဌာနသို့သွား၍ ငွေပေးချေခြင်းအား နှောင့်နေးစေခြင်းမရှိခဲ့ပေ ။ အရောင်းဌာနတွင်လည်း ထိုကဲ့သို့ အသေးစိတ်ကျကျကြည့်နေဖို့ပင်မလိုကာ ချေးငွေယူရမှာကိုပျင်းပြီး တစ်ခါတည်း အပြီးပေးချေသည့် မြောက်များစွာဝယ်ယူနိုင်သောသူသည် များများစားစားမရှိချေ ။ထို့ကြောင့် အိမ်ပိုင်မှုလွှဲပြောင်းခြင်းနှင့် ပတ်သက်သည့် လုပ်ငန်းစဥ်များအား ရှင်းပြရန် ကျုံးယို့ယို့ကို ခေါ်ခဲ့သည် ။


ကျုံးယို့ယို့ ဤအိမ်ယာဝန်းတွင် ဝယ်ယူခဲ့သည်မှာ အစုံလိုက်ပင်ဖြစ်သည် ။အိမ်ပုံစံသည် သူမယခုလတ်တလောနေထိုင်သော ပုံစံနှင့် ခပ်ဆင်ဆင်သာဖြစ်သည် ။  ၎င်းသည် အိပ်ခန်းနှစ်ခန်းနှင့် ဧည့်ခန်းနှစ်ခန်း ပါဝင်ပြီး ဆည်းဆာကြည့်ခန်းပင် အပိုပါဝင်သေးသည် ။ သူမသည် ခြေထောက်နှစ်ချောင်းချိတ်ထိုင်ပြီး သက်သောက့်သက်သာစွာပင် ကော်ဖီသောက်နေနိုင်သည် ။

  

    ကျုံးယို့ယို့ ထိုအရာအား ထိုမျှလောက်ကြိုက်နှစ်သက်ကာ စိတ်ဝင်စားခြင်းမရှိသောကြောင့် တွေးမနေတော့ပေ ။

  

 အခွန်အခများ ၊လစဥ်ကြေးများအတွက် အရောင်းဌနာသည်  သူမကိုယ်စားတာဝန်ယူပေးနိုင်သည်ဟုပြောကြားခဲ့သည် ။ ထိုအရာများအတွက် လိုအပ်သည်မှာ ကျုံးယို့ယို့ လက်မှတ်ထိုးပေးရန်သာဖြစ်သည် ။

   

    အားလုံးပြီးစီးသွားသည့်နောက်တွင် ကျုံးယို့ယို့သည် အိမ်သို့ပြန်လာခဲ့ပြီး အိမ်သစ်သို့ရွှေ့ပြောင်းရန် နှစ်လခန့် စောင့်ဆိုင်းရမည်ဖြစ်သည် ။ သူမ၏ ဖိနပ်များအား ကန်ချွတ်လိုက်ပြီး ကြမ်းပြင်သို့ ဝယ်လာသောအိတ်များကို ပစ်ချလိုက်သည် ။ ဆိုဖာပေါ်တွင် သူမသည် မျက်လုံးများအား ပိတ်ထားခဲ့ပြီး စိတ်လှုပ်ရှားများ နှင့် အသစ်အဆန်းများအား ခံစားနေရသည် ။

  ယခုချိန်မှစကာ သူမသည် ကိုယ်ပိုင်အိမ်နှင့် လူတစ်ယောက်ဖြစ်လေပြီ ။


  ကျုံးယိုယို့သည် ဤကမ္ဘာသို့ရောက်ပြီးသည့်အချိန်အတွင်း ယခုချိန်မှသာ စစ်မှန်မှုနှင့်  သက်ဆိုင်မှုတို့အား ခံစားခဲ့ရသည် ။ တိုက်ခန်းဝယ်ခြင်းသည် သူမ၏ ကိုယ်ပိုင်အိမ်ကလေးရလိုက်သလိုပင်ဖြစ်သည် ။သူမတစ်ကယ်ကို ပြန်မသွားနိုင်တော့ဘဲ ဤကမ္ဘာတွင် သူမဘာတွေလုပ်သင့်သည်ကို အစီစဥ်ဆွဲရမည် ။

    

ထိုအရာအားတွေးပြီးနောက် ကွန်ပြူတာအားဖွင့်ကာ သူမနောက်ဆုံးလျှောက်ထားခဲ့သည့် ပေ့ချ်အားဝင်ကြည့်ခဲ့သည် ။ ဤနိုင်ငံလုံးဆိုင်ရာ အသိပညာပြိုင်ပွဲပရိုဂရမ်၏ နာမည်သည်  " Extreme Brain (ပြင်းထန်သော ဦးနှောက်)  " ဖြစ်သည် ။နာမည်အားကြည့်ရုံဖြင့်ပင် ခွန်အားနှင့်မသက်ဆိုင်သော IQ ပြိုင်ဆိုင်ရမည့် ပရိုဂရမ်ဖြစ်ကြောင်း သိနိုင်သည် ။

    

      ဝတ္ထုထဲတွင် ရှစ်ကျစ်ထန်သည် အမျိုးသားဇာတ်ကောင်၏ အရောင်အဝါတို့အား ဆောင်းထားခဲ့ပြီး အဆင့်အားလုံးအား ဖြတ်ကျော်ကာ လူငယ်အမျိုးသားနေရာတွင် ပထမဆုရယူခဲ့သည် ။ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် " mechanics terminator "ကို ပေါက်ကွဲနိုင်လောက်သည့်ဒုတိယနေရာတွင် ဒုတိယဆုကိုရရှိခဲ့သည် ။ အင်တာဗျူးနှင့် အခြား အရင်းအမြစ်များသည် တစ်ယောက်ပြီးတစ်ယောက် ထိုသူ၏နောက်သို့လိုက်နေခဲ့ကြသည် ။ထိုအချိန်တွင် သူသည် မီးရောင်အောက်တွင်ရှိနေခဲ့သည် ။သူသည် နာမည်ကြီးအမျိုးသားများထက်ပင် မလျော့ဘဲ ကြည့်ကောင်းနေခဲ့ပြီး ဖန်အမြောက်များကိုပင် ဆွဲဆောင်နိုင်ခဲ့သည် ။


  သူ၏ ရှစ်မိသားစုသည် ချမ်းသာပြီးသားဖြစ်ပြီး အစုရှယ်ယာရှင်များ၏ စိတ်အားထက်သန်မှုကြောင့် ရှစ်မိသားစု၏ ကြွယ်ဝမှုသည် ပို၍အရှိန်အဟုန်မြင့်လာခဲ့သည် ။


  မုန့်ရှစ်ရွှမ်အတွက်ကတော့ သူမ အဆုံးထိရောက်အောင်မလုပ်နိုင်ခဲ့သော်လည်း သူမသည် နောက်ဆုံးပွဲစဥ်ထိရောက်နိုင်ခဲ့သည်။ ရှစ်ကျစ်ထန်သည် သူ၏ ဦးနှောက်အား အသုံးချကာ သူ့၏ ကလေးဘဝကတည်းက ရင်းနှီးလာခဲ့သော သူမကို လူအများကြားတွင်အတွဲအနေဖြင့်ပိုနာမည်ကြီးလာစေရန် ဆွဲဆောင်နိုင်ခဲ့သည် ။

  ထို့ကြောင့် ဤရှိုးတွင် ပါဝင်နိုင်ခြင်းသည် အလွန်ပင် အကျိုးရှိစေသည် ။


  ကျုံးယို့ယို့သည် သူမ၏ ကိုယ်ပိုင်ပေသီးလေးများနှင့် တွက်ချက်ထားနှင့်ပြီးသား ဖြစ်ပုံပေါ်သည် ။ အပိုအနေဖြင့် လူသားမဟုတ်သည့်အကြောင်းအရာများအား စိတ်ဝင်စားပြီး သူမ၏ အနာဂတ်လမ်းအား ဖြောင့်ဖြူးစေရန် ကျုံးမိသားစုမဟုတ်သည့် အခြားမရင်းအမြစ်များကိုလည်း ရှာဖွေရန်လိုအပ်ပေသည် ။


သူမနှင့်သာဆိုလျှင် ရှစ်ကျစ်ထန် ချန်ပီယံနေရာအား အနိုင်ရနိုင်ပါအုန်းမည်လား ။ 


   ကျုံးယို့ယို့၏ နှုတ်ခမ်းများ ကော့ညွတ်သွားခဲ့သည် ။


ကျုံးယို့ယို့သည် လျှောက်လွှာတင်ရမည့် ပေ့ချ်အားကြည့်ကာ ချက်ခြင်းပင် ဖြည့်စွက်လိုက်သည် ။လျှောက်ထားပြီးသည့်အခါ သူမသည် ဦးနှောက်စွမ်းရည်အားစမ်းသပ်ရုံသာဖြစ်သည် ။သာမန်လူတစ်ယောက်ထက်ပိုမနိမ့်သ၍ကတော့ ကျော်ဖြတ်နိုင်မည်ဖြစ်သည် ။ သို့သော် ဤအဆင့်သည် ပဏာမအဆင့်သာဖြစ်ပြီး လူတွေ့စစ်ဆေးမည့် အဆင့်များကျန်ရှိပါသေးသည် ။ ဒါက ပြဿနာပင်ဖြစ်သည် ။သူမ လူတွေ့စစ်ဆေးဖို့ တစ်ခြားမြို့နယ်တွေကို သွားရမှာဖြစ်သည် ။ထိုသို့အသွားအပြန်လုပ်ဖို့သည် နှစ်ရက်လောက်ကြာမြင့်လောက်သည် ။

 

   လူတွေ့စစ်ဆေးမည်က အချိန်တစ်လခွဲခန့်တွင်ဖြစ်သည် ကျုံးယို့ယို့သည် ထိုအွန်လိုင်းစာမျက်နှာအား မှတ်သားထားကာ ခါးသီးမှုအနည်းငယ်ဖြင့် ပိတ်လိုက်သည် ။


 သူမသာ အမှတ်မမှားလျင် မုန့်ရှစ်ရွှမ် နှင့် ရှစ်ကျစ်ထန်တို့သည်  အနုပညာနှင့် သိပ္ပံဆိုင်ရာ ဆုပေးပွဲများတွင် မြို့နယ်ဆုများရရှိထားသည့် အတွက်ကြောင့်ပဏာမအဆင့်ကိုဖြေစရာပင် မလိုအပ်ဘဲ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်မည်ဖြစ်သည် ။ ထိုအဆင့်များသည် မှတ်တမ်းတင်ထားသောကြောင့် အခက်အခဲမရှိပေ ။


သို့သော် မူလကိုယ်သည် ပြိုင်ပွဲများတွင်အနိုင်ရဖူးသော အတွေ့အကြုံမရှိချေ ။

  

    ထိုအခိုက်အတန့်တွင် ကျုံးယို့ယို့သည် မူလကိုယ်၏ စိတ်တို့အား သိချင်ခဲ့မိသည် ။


သူမက တော်တာထင်ရှားပါတယ် ။သူမဘာလို့များ အထက်တန်းသုံးနှစ်လုံး ပြိုင်ပွဲတွေဝင်ပြိုင်ဖို့ စိတ်ရှုပ်မခံခဲ့ရတာလဲ ။

 

**


   ကျုံးယို့ယို့သည် အိမ်ဝယ်ခြင်းနှင့် ပက်သက်၍ ပျော်ရွှင်မှုတွင် နစ်မြုပ်နေဆဲဖြစ်သည် ။ နောက်တစ်ရက် သူမကျောင်းသွားသောအခါတွင် အတန်းမတက်ရသေးသော်လည်း ပါပါးကျုံးထံမှ ခေါ်ဆိုမှုရရှိခဲ့သည် ။


    သူမအိမ်က ထွက်သွားတာ တစ်ပတ်ထက်ပင်  

ကျော်ခဲ့ပြီဖြစ်သည် ။ထိုအချိန်အတောတွင်း ကျုံးပါပါးသည် ဖုန်းနှစ်ခါခေါ်ဆိုခဲ့သည် ။သူမ မကိုင်ခဲ့သောကြောင့်ကျုံးပါပါးသည် ခေါ်ဆိုမှုကိုရပ်လိုက်ကာ ဆက်နှောင့်ယှက်မနေတော့ပေ ။


ကျုံးရှီယို့သည် ကျောင်းဂိတ်ပေါက်တွင် အမြဲပေါ်လာခဲ့ပြီး သူသည် ကျောင်းအနောက်ဘက်ပေါက်မှ ထွက်သွားခဲ့ရုံသာဖြစ်သည် ။


  ထိုအချိန်တွင် သူမမျက်မှောင်ကြုတ်လိုက်ကာ အနည်းငယ်တွေးလိုက်မိသည်  ။ 


အဲ့ဒါက သူမကတ်ထဲက ခုနှစ်သန်းကျော်လောက်ထုတ်သွားတာကိုကျုံးပါပါးက သိသိချင်း စစ်ဆေးမေးမြန်းဖို့ သူ့ကို ခေါ်ဆိုခဲ့ခြင်း ဖြစ်လောက်မည်လား ။


  သူမ ဖုန်းပြန်ဖြေလိုက်သည် ။


  ထို့နောက် ပါပါးကျုံးသည် အလွန်အမင်းပျော်သွားခဲ့သည် ။ ပါပါးကျုံးသည် ရက်အနည်းငယ်လောက် သူမအား ခေါ်ဆိုခဲ့ပြီး သူမသည် ပြန်ဖြေကြားလာခြင်းမရှိပေ ။သူသည် ယခု အစည်းအဝေးတွင် ဖြစ်သော်လည်း သူ၏ လက်အောက်ငယ်သားများထံမှ အစီအရင်ခံစားများအားနားထောင်ကာ အနည်းငယ်စိတ်လွတ်သွားခဲ့ရသည် ။ထို့ကြောင့် သူဖုန်းချလိုက်တော့မည့်အချိန်တွင် ကျုံးယို့ယို့သည် ပြန်လည်ဖြေကြားလာခဲ့သည် ။


 ကျုံးပါပါးသည် အစည်းအဝေးပြီးဆုံးကြောင်း အမူအရာပြကာ ချက်ခြင်းပင် ထိုင်ခုံအား အဝေးသို့ ဆွဲထုတ်ပြီး အစည်းအဝေးခန်းထဲမှ ထွက်သွားခဲ့သည် ။ 


 ရုံးခန်းတွင်းရှိ စကားပြောနေဆဲဖြစ်သည့် မြောက်များစွာသော ရှယ်ယာရှင်များသည် ရှုပ်ထွေးသွားခဲ့ရသည်


 " မစ္စတာကျုံး ဘာဖြစ်သွားတာလဲမသိဘူး ။ သူ့ဇနီးဆီက ဖုန်းလာနေသလိုမျိုး တစ်အားတက်ကြွနေတာပဲ "