အပိုင်း ၃၅
Viewers 10k

Chapter 35




ကျုံးယို့ယို့ ဖုန်းချသွားမည်ကို ကြောက်သောကြောင့်ပါပါးကျုံးသည် ကော်ရစ်တာသို့ အမြန်လျှောက်သွားကာ နူးညံ့သောအသံဖြင့် မေးလိုက်သည် ။

 

"ယို့ယို့ ဒီအတောတွင်း ကျောင်းမှာဘယ်လိုလဲ ။သမီးပိုက်ဆံလိုသေးလား ။ဒီတိုင်းပိုက်ဆံလိုရင် ပါးကိုသာပြောလိုက် ပါးပို့ပေးမယ်"


  ကျုံးယို့ယို့ ရပ်တန့်ကာ တွေးလိုက်မိသည် ။ အကယ်၍ သူမသာ ဖုံးကွယ်ထားခြင်လျှင်လည်း အဲ့တာသည် ကြာကြာခံလိမ့်မည်မဟုတ်ပေ ။ ထိုအရာအားတွေးလိုက်မိပြီး သူမပြောလိုက်သည် 


" ပိုက်ဆံကလောက်ပါတယ် ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်ရက်ကတော့ အိမ်ဝယ်လိုက်တယ် "


   ပါပါးကျုံး "...."


ခုနှစ်သန်းကျော် ။ ထိုမျှလောက်သည် ကျုံးမိသားစု၏ ရေပုံးထဲမှ ရေတစ်စက်မျှသာသာ သာဖြစ်သည် ။ပါပါကျုံးသည် စီးပွားရေးသမားဖြစ်ပြီး လက်ဖွာသည်မဟုတ်ပေ ။ရုတ်တရက်သူသည် ကျုံးယို့ယို့၏ အေးဆေးသောလေသံဖြင့် သူမအခန်းတစ်ခန်းဝယ်ခဲ့သည်ကိုကြားသောအခါ ခဏတာမျှ မလွန်ဆန်နိုင်ဖြစ်ခဲ့ရသည် ။

  

  အဓိကအချက်ကတော့ သူမအိမ်ဝယ်ပြီးလျှင် ဘာလုပ်မလဲဆိုသော အချက်ဖြစ်သည် ။ သူမက အနာဂတ်မှာ အိမ်ကိုပြန်မလာဖို့များ စီစဥ်နေသည်လား ။

 

   ဤအဆင့်အားတွေးမိသောအခါ ပါပါးကျုံးသည်  စိုးရွံ့စွာဖြင့် ပြောလိုက်သည် "သမီးသာဝယ်ချင်တယ်ဆို ပျော်သလောက်စိတ်ကြိုက်ဝယ်လိူ့ရတယ်။ ဒါပေမဲ့ သမီးပိတ်ရက်ကျရင် ပြန်လာမယ်လို့မပြောခဲ့ဘူးလား "

  

သူသည် သူ၏အနည်းငယ် စိုးရွံ့နေသောအသံအား သတိထားမိသွားသောကြောင့် ချက်ခြင်းပင် နူးညံ့သည့်ဟန်ဖြင့် ပြောလိုက်သည် 


"သမီး အရင်အပတ်ကပြန်မလာဘူးဆိုလည်း ရပါတယ် ဒါပေမဲ့ ဒီတစ်ပတ်ပြန်လာရင် ပြီးတော့ အမ်၊ သမီးရဲ့ မွေးနေ့လာလိမ့်မယ် အဲ့ကျရင်လည်း သမီးပြန်လာသင့်တယ် ။ သမီးရဲ့မားနဲ့ ပါး လက်ဆောင်ပြင်ဆင်ထားတယ် "

 

 ကျုံးယို့ယို့သည် ထိုအရာအားကြားသောအခါ ခေါင်းပင်ကိုက်လာရသည် ။အချိန်တိုတွင်း သူမသည် နှစ်ကြိမ်ပြန်သွားဖို့လိုသည် ။ ကျုံးမိသားစုအကုန်လုံးသည် ဆီကုန်သက်သာသည့် မီးအိမ်များမဟုတ်ပါ ။အထူးသဖြင့် သူမ မုန့်ရှစ်ရွှမ်ကို မတွေ့ချင်ပါ ။သူမသည် အကြိမ်တစ်ရာလောက်အနိုင်ကျင့်ခံနေရသဲ့သို့ပင် ထောင့်တွင် နှုတ်ခမ်းများအားကိုက်ကာ သနားစရာကောင်းစွာထိုင်နေခဲ့သည် ။


  ကျုံးယို့ယို့ တိတ်ဆိတ်နေသည်ကိုသိသောအခါ ပါပါးကျုံးသည် ခေါင်းမှ ရေအေးများလောင်းချခဲ့လိုက်ရသလို ခံစားလိုက်ရသည် ။သူသည် သက်ပျင်းတစ်ချက်သာချလိုက်ပြီး " ဒါဆို ဒီတစ်ပတ်ပြန်မလာရင်လည်း သမီးမွေးနေ့ကျရင်တော့ပြန်လာခဲ့ပေါ့ ဟုတ်ပြီလား "

  

   အမှန်တစ်ကယ်တွင် ကျုံးယို့ယို့သည် သူနှင့် မူလကိုယ်၏ မာမားဘာတွေပြင်ဆင်ထားမလဲဆိုတာ သိချင်ခဲ့သည် ။

  

   ဝတ္ထုထဲမှ မွေးနေ့ပါတီအကြောင်းသည် သူမစိတ်ထဲတွင် အသစ်အတိုင်းပင်ရှိနေဆဲဖြစ်သည် ။ မုန့်ရှစ်ရွှမ်သည် ကြယ်စုံသောကောင်းကင်ကဲ့သို့ ဂါဝန်အား ဝတ်လာခဲ့ပြီး ထိုအရာသည် လှပကာ တစ်လက်လက်တောက်နေခဲ့သည် ။ထို့နောက် အသိုင်းအဝိုင်းထဲရှိကောင်လေးအတော်များများထံမှ အတူကရန် ဖိတ်ခေါ်ခံခဲ့ရပြီး မူလကိုယ်ကတော့ သူမနှင့် မသင့်တော်သော ဝတ်စုံကိုသာ ဝတ်ဆင်ခဲ့ရသည် ။ယွီစစ်ရွှယ်သည် သူမ၏ ဂါဝန်အနားစအား တက်နင်းခဲ့ပြီး ခလုတ်တိုက်လဲစေခဲ့သည် ။ထို့နောက် ရှစ်ကျစ်ထန် နှင့် မုန့်ရှစ်ရွှမ် အတူတွဲကနေသည်အား မြင်ခဲ့ပြီး သူမ၏ ကြမ်းတမ်းသော စိတ်တို့အား ထိန်းမထားနိုင်တော့ပဲ မွေးနေ့ပွဲပျက်ခဲ့ရပြီး မပျော်မရွှင်ဖြစ်ခဲ့ရသည် ။

  ထိုအချိန်မှစကာ " ဘယ်ဟာကအကောင်းလဲ ဘယ်လိုတိုင်းတာရမှန်းတောင်မသိသည့် လူရွှင်တော် " ဟူသည့် ဂုဏ်သတင်းသည် အသိုင်းအဝိုင်းများကြားထဲတွင် နာမည်ကြီးသွားခဲ့သည် ။  


   မာမားကျုံးက သူမအတွက် လက်ဆောင်ပြင်ဆင်ပေးထားခဲ့တာလား ။မာမာကျုံးက သူမရဲ့ ရင်နဲ့ ခါးဆိုဒ်ကို​တောင်သိရဲ့လား ။


 အာ..


ထိုသို့ တွေးမိသောအခါ ကျုံးယို့ယို့၏ နှလုံးသားသည် အနည်းငယ်တုန်လှုပ်နေခဲ့ပြီး တစ်ဖြေးဖြေးအေးစက်လာခဲ့သည် ။သို့သော် သူမမငြင်းဆန်ခဲ့ပါ ။ဒီမွေးနေ့တွင် ဘယ်လိုအံ့အားသင့်စရာများ ဖြစ်လာမလဲဆိုသည်ကို သူမလည်း သိချင်မိသည် ။

  

   သူမ ချက်ခြင်းပင်ပြန်ဖြေခဲ့သည်


 " သိပါပြီ "


   သူမသဘောတူလာသောအခါ ကျုံးပါပါးသည် အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည် ။ဘယ်လိုပဲဖြစ်ပါစေ သူမမွေးနေ့တွင်ပြန်လာမည်မှာ ကောင်းသောအရာဖြစ်သည် ။ ထို့နေ့ရောက်လာလျှင် သူမအံ့အားသင့်ပြီး ပျော်ရွှင်ရလိမ့်မည် ။မိသားစုများ ခပ်ကင်းကင်းဖြစ်နေခြင်းသည်ပင် အရည်ပျော်ကျသွားနိုင်လောက်ပေသည် ...

 

  ကျုံးယို့ယို့နှင့် ပါပါးကျုံးသည် သုံးမိနစ်ခန့်သာ စကားပြောခဲ့သော်လည်း.. ဖြစ်နိုင်သည်မှာ ကျုံးမိသားစုနှင့် စကားပြောရသည်က သူမ၏ နှလုံးသားအောက်ခြေတွင် အနည်းငယ်တွန့်ဆုတ်နေခြင်းကြောင့် စကားပြောခြင်းသည် အတော်ပင်ကြာသွားသည်ဟု ထင်နေရသည် ။သူမဖုန်းချလိုက်သည်နှင့် တစ်ပြိုင်နှင့် သူမ၏ ထိုင်ခုံဖော်မှ ပြောလာခဲ့သည် " နင့်ဖုန်းကို ဝေးဝေးထား ၊ လီသုန်းဖျင် လာနေပြီ "

  

   ပြောရမည်ဆိုလျှင် လီသုန်းဖျင်သည် အတန်း၁၉ ၏ အတန်းပိုင်ဖြစ်ပြီး သူ့တွင် တာဝန်ရှိသည်ဟု ယူဆရသည် ။မည့်သို့ပင်ဖြစ်စေ ထိုအတန်းထဲတွင်ရှိသော စာကြိုးစားကာ ပြိုင်ဆိုင်ရသည်ကို နှစ်သက်သည့် လူအနည်းစုရှိပြီး အခြားသူများသည် ယနေ့ခေတ်၏ ဒုတိယမျိုးဆက်ချမ်းသာသောသူများသာဖြစ်သည် ။


လီသုန်းဖျင် ဝင်လာသောအခါတွင် အတန်းသည်

အသီးအရွက်စျေးကဲ့သို့ပင် ဆူညံနေခဲ့သည် ။

  

  နောက်ဆုံးတန်းရှိ တစ်ယောက် နှစ်ယောက်ခန့်သည် မည်သို့တိုက်ခိုက်ရမည်ကိုသာသိပြီး ဂိမ်းကစားနေမည်မဟုတ်ပေ ။


"ရှစ်ယိမုန့် မင်းခြေထောက်ကို စားပွဲပေါ်က ဖယ်လိုက်စမ်း ။ ဘယ်လိုအနေအထိုင်မျိုးလဲ ။ အကုန်လုံးပဲ ဆရာပြောမယ့် ကိစ္စတစ်ခုကို နားထောင်ကြပါ "


 အတန်းသည် ဆူညံနေဆဲဖြစ်သည်ကိုသာ ကြည့်လိုက်ပြီး လီသုန်းဖျင်သည် ဘာမှမတတ်နိုင်တော့ဘဲ အသက်သာပြင်းပြင်းရှူလိုက်သည် ။


"တိတ်ကြစမ်း မင်းတို့အတန်းဖော် ကျုံးယို့ယို့ဆီကနေ မသင်ယူနိုင်ကြဘူးလား ။ ကျန်တဲ့သူတွေက အဆင့်၁၀၀ အတွင်းဝင်ဖို့ကြိုးစားနေတဲ့အချိန်မှာ မင်းတို့က ဂိမ်းကစားနေကြတယ် "

 

  " ကျုံး ယို့ ယို့ " ဟူသည့် စကားလုံးသုံးလုံးထွက်လာပြီးနောက်တွင် အတန်းသည် ခဏတာမျှ အေးခဲသွားခဲ့ပြီး အဲ့တာက တစ်ကယ်ကို လက်နက်ကြီးလိုမျိုးပင် ...


ကျုံးယို့ယို့ "..."

လာပြန်ပြီ ။


" သောက်ရမ်းပဲ ။ကျွန်တော်တို့က ကျုံးယို့ယို့နဲ့ မယှဥ်ပြိုင်ချင်ပါဘူး ။ သူမက သားရဲလိုပဲ ။ ကျွန်တော်တို့က ညတွင်းချင်း မေးခွန်းနည်းနည်းလုပ်လိုက်ရုံနဲ့ အဆင့် ၁၀၀ထဲ မဝင်နိုင်ဘူး " နောက်ဆုံးတန်းမှ ယောကျ်ားလေးသည် ခါးသီးစွာပင် အော်ပြောလာခဲ့သည် ။

 

   လွန်ခဲ့သောရက်များထဲကပင် လီးသုန်းဖျင်သည် အတန်းထဲတွင် ကျုံးယို့ယို့အား ဥပမာပေးကာပြောလာခဲ့ပြီး သူတို့မခံနိုင်တော့ပေ ။


  ကျုံးယို့ယို့တောင် လုပ်နိုင်တယ် ။ မင်းကဘာလို့မလုပ်နိုင်ရတာလဲ ။


   မဟုတ်ဘူး ကျွန်တော်မှားတာ ။ ကျုံးယို့ယို့က လုပ်နိုင်တယ် ဘာလို့လဲဆိုတော့ သူမက တစ်ကယ့်မိစ္ဆာသားရဲပဲ ။ ဒါပေမဲ့ ကျွန်တော်တို့ကတော့ မလုပ်နိုင်ပါဘူး ဘာလို့ဆို ကျွန်တော်တို့က ဒိတိုင်းသာမာန်ကလေးတွေမို့လို့လေ ။

ရွှီရှောင်ယွဲ့သည် လီသုန်းဖျင် ကျုံးယို့ယို့အကြောင်းပြောသည်နှင့် မျက်ဆံလှန်လေ့ရှိသည်။

 

  မည်သို့ဖြစ်စေ ရှစ်ယိမုန့်သည် ဂိမ်းကစားခြင်းအား ရပ်တန့်ခဲ့သည် ။သူရုတ်တရက်ပင် ချမရေးထားသော ကျောင်းစည်းကမ်းများရှိသည်ကို မှတ်မိသွားခဲ့သည် ။လပတ်စာမေးပွဲများအပြီးတွင် ရှုပ်ထွေးသောရလဒ်များအလိုက်သူသည် အစဥ်လိုက်စီပေးမည်ဖြစ်ပြီး စာမေးပွဲတွင် ကောင်းစွာလုပ်နိုင်သည့် စာညံ့သောအတန်းမှ ကျောင်းသားများနှင့် စာမေးပွဲတွင်

 ရလဒ်ကောင်းများရှိသည့် ကျောင်းသားများသည် ယှဥ်ပြိုင်မှုပြင်းထန်သောအတန်းသို့ ကူးပြောင်းရမည်ဖြစ်သည် ။


   ပြောစရာမလိုအောင်ပင် ကျုံးယို့ယို့၏ ရူးသွပ်သည့် အပြုအမူများနှင့် ဒီအတောအတွင်း လုပ်သွားသည့်မေးခွန်းများအားကြည့်လျှင် သံသယဝင်စရာမလိုအောင်ပင် ထိုယှဥ်ပြိုင်မှုပြင်းထန်သည့် အတန်းသို့သွားရမည်ဖြစ်သည် ။


  ငါဘာလုပ်သင့်လဲ ။


  သူ၏ စိတ်များရှုပ်ထွေးလာသည်နှင့်အမျှ အကယ်၍ နောက်တစ်နှစ်ကို မှီခဲ့မည်ဆိုလျှင်တောင် သူသည် ကျုံးယို့ယို့၏ ရလဒ်များကို အမှီလိုက်နိုင်လိမ့်မည်မဟုတ်ပေ ။ကျောင်းသည် ကြားရက်များတွင် အလွန်တင်းကြပ်ပြီး တစ်ခန်းနှင့်တစ်ခန်း ဖြတ်သန်းမှုပင် မရှိကြချေ ။ ကျုံးယို့ယို့ သာအတန်းပြောင်းသွားခဲ့လျှင် သူတို့နှစ်ယောက် ဘွဲ့ယူမည့်ရက်မတိုင်ခင်အထိ မတွေ့ရမည်ကို ကြောက်မိသည် ။ 

 

 ထိုပြသနာအား သတိထားမိသောအခါ ဆယ်ကျော်သက်ကောင်လေးသည် တစ်ယောက်ယောက်မှ သူ့အားပြင်းပြင်းရိုက်လိုက်သလိူ ခံစားလာရကာ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် နှင့် သူ၏ခံစားချက်များဆန့်တန်းနေသည့်အရပ်ကိုပင် သူရှာမတွေ့နိုင်ဖြစ်ခဲ့ရသည် ။


  " တိတ်ကြစမ်း " 


ရှစ်ယိမုန့် ရုတ်တရက် အော်လိုက်သည် ။


  သူ၏ ဟိန်းဟောက်သံသည် လီသုန်းဖျင်ထက် ပို၍ သက်ရောက်မှုရှိသည် ။


  သူ၏ ဘေးမှ ဂိမ်းကစားနေလျက်ရှိသော ညီအစ်ကိုများသည် ချက်ခြင်းပင် ခေါင်းမော့လာခဲ့သည် ။ သူတို့ရဲ့ ဘော့စ်သည် ဘာကြောင့် ကစားနေတာကို ရပ်တန့်လိုက်သလဲဆိုတာ နားမလည်ချေ ။ထို့ကြောင့် ရှစ်ယိမုန့်သည် ဒေါသထွက်စွာပြောလာခဲ့သည် 


"မင်းတို့နှစ်ယောက် နားညီးတယ် ။ ဘာလို့ ဆူညံနေတာလဲ ။မင်းတို့မတိတ်ဘူးဆိုရင် ငါဘယ်လိုစာလုပ်လိူ့ရမလဲ "


  တစ်တန်းလုံးရှိလူများ "...."


    လီသုန်းဖျင်သည် စိတ်လှုပ်ရှားလာခဲ့သည် ။ ကျုံးယို့ယို့အား နမူနာအနေဖြင့် သုံးခြင်းသည် ဤစာညံ့သောအတန်းမှ ကျောင်းသားတို့အား အမှန်ပင် အတုယူစေနိုင်ခဲ့သည် ။ အတန်းတိတ်ဆိတ်သွားခြင်းအား အခွင့်ကောင်းယူကာ သူအလျင်အမြန်ပဲပြောလိုက်သည်။


 " အဲ့ဒါကမှ ဖြစ်သင့်တဲ့ပုံစံပဲ ။ ကျုံးယို့ယို့ကို နမူနာယူပြီး စာကိုသေချာကြိုးစားကြ။ ဆရာတို့က စာညံ့တဲ့အတန်းဖြစ်ပေမဲ့လည်း တစ်နေ့မှာ ဖြိုဖျက်နိုင်တဲ့ ဗုံးတစ်လုံးဖြစ်လာနိုင်ပါတယ်   "


 " အဓိကအကြောင်းအရာကိုပြန်ပြောမယ် ။ဒီနေ့ ဆရာတစ်ခုပြောချင်တာက မြို့တော်ရဲ့ သိပ္ပံပြိုင်ပွဲက မကြာခင်ကျင်းပလိမ့်မယ်။ ကျောင်းမှာ နေရာအယောက်တစ်ရာစာရှိပြီး ယှဥ်ပြိုင်မှုပြင်းထန်တဲ့အတန်းက အယောက်၅၀သွားပြိုင်မှာ ၊ ဆရာတို့အတန်းက နှစ်ယောက်သွားပြိုင်ရမယ် ဘယ်သူသွားပြိုင်ချင်လဲ ။

 

   "ပြိုင်ပွဲ " ဟူသည့် စကားလုံးသည် သူမနားထဲသို့ဝင်လာသောအခါတွင် ကျုံးယို့ယို့ ခုံပေါ်တွင် ပျင်းရိစွာ လှဲအိပ်နေရာမှ ချက်ခြင်းထလာခဲ့သည် ။


ပြိုင်ပွဲ ။ ပြိုင်ပွဲရှိတာလား ။ အစောထဲက ဘာလို့မပြောတာလဲ ။

    

    သူမ၏ မျက်လုံးများ ချက်ခြင်းပင် ပွင့်လာခဲ့သည် ။

 သူတို့နှစ်ယောက် "အစွန်းဆုံးသောဦးနှောက်"ပြိုင်ပွဲရဲ့ လူတွေ့စစ်ဆေးတာကို ဘယ်လိုကျော်သွားတာလဲ ။ဒါက အခွင့်အရေးပဲ ။ ဒီပြိုင်ပွဲမှာ နေရာတစ်ခုရတာနဲ့ တိုက်ရိုက်ပဲ  ထိုပရိုဂရမ်ရဲ့နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မည်ဖြစ်သည် ။

  ထိုအချိန်တွင် ရွှီရှောင်ယွဲ့၏ အကြည်များသည် ရုတ်တရက် ကျုံးယို့ယို့အပေါ်သို့ ကျရောက်သွားခဲ့ပြီး မုန်းတီးနေသော မြေခွေးကဲ့သို့ပင် စောင့်ကြည့်သည့် အနေအထားသို့ပြောင်းသွားခဲ့သည် ။


  အတန်းထဲရှိ ဘာသာစကားနှင့် နိုင်ငံခြားဘာသာစကားတွင် အတော်ဆုံးသူမှာ စွန်းမန့်ဖြစ်ပြီး သချ်ာတွင် အတော်ဆုံးသူမှာ ရန်ကျီအန်းဖြစ်သည် ။ဒီပြိုင်ပွဲတွင် ဘာသာစကားအမှတ်နှင့် သီအိုရီဆိုင်ရာ စုပေါင်းရလဒ်ကို ထည့်တွက်မည်ဖြစ်ပြီး သူမက ဒီနေရာကို လက်လွှတ်ခံလိမ့်မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား ။


  သူမ ၊ ကျုံးယို့ယို့သည် သချ်ာတွင် အတော်ဆုံးဖြစ်ပြီး ၎င်းသည် သူမ၏ ကျူတာကြောင့်သာဖြစ်ကာ သူမက သချ်ာကို ရွေးလိုက်သောကြောင့်သာဖြစ်သည် ။ သချာ်ကဲ့သို့ပင် ခြောက်ဘာသာသော ရူပဗေဓ ၊ ဓါတုဗေဓ နှင့် ဇီဝဗေဒ တို့ကို လုပ်နိုင်လိမ့်မည်လား ။ သူမ မလုပ်နိုင်လောက်ပါဘူး ။


  ထို့ကြောင့် စွန်းမန် နှင့် ရန်ကျီအန်းသည်သာ သူမအတွက် ပြိုင်ဘက်များဖြစ်လိမ့်မည် ။စွန်းမန့်၏ စိတ်ပိုင်းဆိုင်ရာသည် ထိုမျှလောက် အားမကောင်းသောကြောင့် ကြောက်နေဖို့မလိုအပ်ပေ ။အရည်အချင်းပြည့်မှီသည့် စာမေးပွဲအပြီးတွင်သူမရွှီရှောင်ယွဲ့ နှင့် ရန်ကျီအန်းသည်သာ သိပ္ပံပြိုင်ပွဲကို ပါဝင်ဖို့ ကျန်ရှိလိမ့်မည် ဖြစ်သည် ။


   ထိုအရာတွေးမိသောအခါ ရွှီရှောင်ယွဲ့သည် လက်သီးတင်းတင်းဆုပ်လိုက်ကာ နောက်ဆုံးတွင် ဂုဏ်ယူခြင်း နှင့် ယုံကြည်မှုရှိခြင်းတို့သည် သူမရင်ထဲ၌ ပေါ်ထွက်လာခဲ့သည် ။


   ဒါပေမယ့်...


သေစမ်း။ ကျုံးယို့ယို့ မျက်လုံးတွေက ဘယ်လိုလုပ်ပြီး အရောင်တောက်လာတာလဲ။ သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့လာမိသည် ။


ရင်းနှီးနေသည့် စိုးရိမ်ထိတ်လန့်ဖွယ်ကောင်းသောအရာ၏ ခြေမှုန်းခံရခြင်းသည် တစ်ဖန်ပြန်ဖြစ်လာခဲ့သည် ။