Chapter 36
လီသုန်းဖျင်သည် အတန်းထဲတစ်ဝိုက်သို့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကျုံးယို့ယို့ပေါ်သို့ အကြည့်များရောက်လာခဲ့သည် ။သို့သော် သူ အနည်းငယ် နောင်တရ မိသည် ။
ပြောရမည်ဆိုလျှင် သူသည် သူ့ကိုယ်သူအား သိပ်အသုံးမကျသော ဆရာတစ်ယောက်အဖြစ်အပြစ်တင်မိသည် ။ ပြိုင်ပွဲအတွက် နှစ်နေရာအတွက်သာ ပါဝင်နိုင်အောင် လုပ်နိုင်ခဲ့သည် ။ ကျောင်းသည်အမြဲမျှမတလုပ်သည် ။ကောင်းမွန်သော အရင်းအမြစ်များအားလုံးကို ပြိုင်ဆိုင်မှုပြင်းထန်သော အတန်းကိုသာ ပေးလေ့ရှိပြီး အခြားကျောင်းသားများ၏ သင်ယူမှုကိုတော့ စွန့်လွှတ်ထားလေ့ရှိသည် ။ဤညံ့သောအတန်းများသည် ဆိုးသည်ထက် ပိုဆိုးလာခဲ့သည် ။
အဓိကအချက်ကတော့ နှစ်နေရာစာထက်သာပိုရနိုင်ခဲ့မည်ဆိုလျှင် ကျုံးယို့ယို့ သည်လည်း ဝင်ရောက်ယှဥ်ပြိုင်နိုင်မည် ဖြစ်သည် ။
လီသုန်းဖျင်သည် ကျုံးယို့ယို့၏ နောက်ဆုံးအခေါက်က သချာ်ထိုးဖောက်မှုအပေါ် အလွန်ကျေနပ်ခဲ့ရသော်လည်း သူသေချာရှင်းလင်းစွာသိနေသည်မှာတော့ ကျုံးယို့ယို့သည် ညဏ်ကြီးရှင်မဟုတ်နေသ၍ ထိုဘာသာရပ်အပြင် အခြားဘာသာများကိုပါ ထိုးဖောက်နိုင်ရန်မှာ မဖြစ်နိုင်ပေ။ ၎င်းသည် တကယ်ကို သိပ္ပံနည်းမကျချေ ။
ကျုံးယို့ယို့သည် သချ်ာဘာသာရပ်တွင် ထိတ်လန့်စရာကောင်းသော မြင်းနက်ဖြစ်ပြီး အခြားဘာသာရပ်များတွင်တော့မဟုတ်ပေ ။အထူးအားဖြင့် တရုတ် နှင့် အဂ်လိပ်စာသည် အချိန်ကြာမြင့်စွာ လေ့ကျင့်ယူရသော စာဖြစ်သည် ။အကယ်၍များ သူမက ရက်အနည်းငယ်လောက် မအိပ်ခဲ့ဘူးဆိုရင်တောင် ထိုမျှလောက်သော လုပ်ငန်းစဥ်အား လုပ်ဆောင်နိုင်ရန်မှာ မလွယ်ကူလှပါ...
ဤနည်းအားဖြင့် ရှုပ်ထွေးလှသောပြိုင်ပွဲတွင် သူမသည် ခိုင်မာသော တပ်သား ရန်ကျီအား ယှဥ်ပြိုင်နိုင်ရန်မှာ မဖြစ်နိုင်ပေ ။
သို့သော် သူသည် ဘာကြောင့်မှန်းမသိ ကျုံးယို့ယို့အား ပို၍ စေလွှတ်ချင်နေခဲ့မှန်းကို နားမလည်တော့ပေ ။ရန်ကျီအန်း နှင့် ရွှီရှောင်ယွဲ့သည်ပင် သူ၏ ဂုဏ်ယူရသော တပည့်များဖြစ်သော်လည်း ကျုံးယို့ယို့ ထံတွင် မည်သူမျှမယှဥ်နိုင်လောက်သော စွမ်းအားမျိုးရှိနေသည်ဟု သူခံစားခဲ့ရသည် ။
ထို့ကြောင့် လီသုန်းဖျင်သည် လက်ထဲတွင် စမ်းသပ်မေးခွန်းလွှာအား ကိုင်ထားကာ ကျယ်လောင်စွာ ပြောလာခဲ့သည် ။
"စုစုပေါင်းခြောက်ဘာသာရှိမယ် ။ နှစ်ရက်အတွင်း ဖြေဆိုပြီးရင် ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်နိုင်မယ့် ထိပ်ဆုံးကျောင်း နှစ်ယောက်ကို ရွေးချယ်မယ် ။အချိန်ကတော့ ရလဒ်အပေါ်မှာပဲ မူတည်တယ် ။ ရမှတ်အမြင့်ဆုံးရတဲ့ ဘယ်သူမဆို အတန်းရဲ့ ကိုယ်စားပြုဖြစ်လာလိမ့်မယ် ။ အကောင်းဆုံးကြိုးစားပြီး အတန်းရဲ့ ဂုဏ်ကိုဆောင်လာကြပါ "
နောက်ဆုံးတန်းတွင် ထိုင်နေကြသောကျောင်းသားများသည် ချက်ခြင်းပင် ညီးညူလာကြသည် ။စမ်းသပ်မေးခွန်းတွေ လာပြန်ပြီလား ။အပတ်စဥ်စာမေးပွဲ ၊ လပတ်စာမေးပွဲတွေနဲ့တင် မလုံလောက်သေးဘူးလား ။ပြိုင်ပွဲမှာ ပြိုင်မည့်သူနှစ်ယောက်ရွေးဖို့အတွက်ကိုပင် အထူးစာမေးပွဲဖြေနေဖို့ရန် လိုသေးသည်လား ။အဲ့တာ တစ်ခုခုများ မှားနေတာလား ။
နောက်ဆုံးတန်းရှိ ကျောင်းသားများသည် နာကြင်မှုဖြင့်ပင် သေဆုံးလျက်ရှိပြီး ရှေ့ဆုံးတန်းမှ ကျောင်းသားများသည်တော့ အရှိန်တင်နေကြပြီဖြစ်သည် ။
ရွှီရှောင်ယွဲ့ ၊ ရန်ကျီအန်း ၊ လီခိုင်း နှင့် အခြားကျောင်းသားများအပါအဝင် အလယ်တန်းနှင့် အထက်တန်းရှိသူများအားလုံးသည် ဝင်ရောက်ယှဥ်ပြိုင်လိုကြသည် ။
အလယ်လိုင်းနောက်ဆုံးတွင်ထိုင်နေသော ရန်ကျီအန်းသည် အချိန်အတော်ကြာတိတ်ဆိတ်နေခဲ့ပြီး ရုတ်တရက် သတိပေးလိုက်သည် ။
"ဆရာလီ စာရွက်တွေအမြန်ဝေပေးပါတော့ ။ အနာဂတ်မှာ အတန်းကို နှောင့်နှေးစေတဲ့ တစ်ခြားအရာတွေ ရှိလာမှာ မဟုတ်တော့ဘူး ။ "
နောက်ဆုံးတန်းမှ ကျောင်းသားတစ်ယောက်သည် ချက်ခြင်းပင် ဝေဖန်ပြစ်တင်လာခဲ့သည် ။
" သောက်ရမ်းပဲ ။ ရန်ကျီအန်း မင်းကတစ်ကယ်ကို ရူးနေတဲ့ ကျောင်းရဲ့ဆရာကြီးပုံစံဖမ်းနေတာပဲ ။စာရွက်တွေကို နောက်ဆုံးမှထပ်ရပြီး အတန်းကထွက်ရလေ မင်းအတွက်ပိုအဆင်ပြေလေပဲ မဟုတ်ဘူးလား ။မင်းက မစ္စတာလီကိုတောင် သတိပေးနေသေးတယ် ။ "
သူတို့အတန်းရဲ့ ကျောင်းကဆရာကြီးလိုကောင်က ရူးနေတာများလား ။
သူသည် ယခင်က ထိုမျှလောက်မရူးသွပ်သေးပါ ။ကျုံးယို့ယို့ နောက်ဆုံးအခေါက်က သူ၏ အဆင့်များအား ထုတ်ပြလာသောအခါ ရန်ကျီအန်း ၊ စွန်းမန့် နှင့် ရွှီရှောင်ယွဲ့တို့အကုန် ရူးသွပ်သွားကြတော့သည် ။
ရွှီရှောင်ယွဲ့၏ မျက်နှာပေါ်တွင် မနာလိုသည့် အရိပ်ယောင်များရှိနေခဲ့ပြီး ရန်ကျီအန်း ကြည့်ရသည်မှာ အလွန် ဒေါသထွက်နေပုံပေါ်သည် ။သူသည် နေ့လည်စာပင် မစားခဲ့ချေ ။ နေ့လည်စာစားချိန်ပြီးသောအခါ သူသည် အတန်းသို့ အမြန်ပြေးသွား၍ မေးခွန်းများလေ့ကျင့်တော့သည် ။ သူသည် အတည်ပေါက်ကြီးဖြင့် မေးခွန်းများအား မြန်ဆန်စွာလုပ်နေခဲ့သည် ။လွှတ်တော်အမတ်ကဲ့သို့ပင် အလှုပ်ရှုပ်နေကာ သူ၏နောက်တွင်ထိုင်သော ကျောင်းသားများသည် အနံ့ခံလာမိပြီး သူရက်အတော်ကြာပင်ရေမချိုးခဲ့လောက်ဟု သံယဝင်မိကြသည် ။
ဘာမှလုပ်စရာမရှိဘဲ ရုတ်တရက်ပေါ်ထွက်လာသော ကျုံးယို့ယို့ကိုသာ သူတို့အပြစ်တင်မိတော့သည် ။
သူမတစ်ယောက်ထဲသည်သာ ပြိုင်ပွဲတွင်ဝင်ရောက်ယှဥ်ပြိုင်နိုင်ရန် အတန်း၏ လေထုအားထိန်းချုပ်ထားသည် မဟုတ်ပေ ။အတန်း၏ ဖော်ပြခြင်းခံရသော ဘော့စ်ရှစ်ယိမုန့်သည်လည်း ဂိမ်းကစားခြင်းအား ပျက်ကွက်ခဲ့သည် ။ ကျောင်း၏ ဘော့စ်သည် ဂိမ်းကစားခြင်းအား ရပ်တန့်ခဲ့ပြီး ကျန်သည့်ညီအကိုများမှာတော့ မည်သို့ပင် မသက်မသာခံစားရပါစေ ဆက်၍ ဆော့နေမြဲဖြစ်သည် ။
သူတို့သည် သူတို့၏ အသက်များအား ဖြုန်းတီးပစ်နေကြချိန် အခြားသူများသည် သန်းရာချီရင်းနှီးမြှုပ်နှံထားသကဲ့သို့ စိုးရိမ်နေကြသည် ။
ကျုံးယို့ယို့သည် အနောက်တန်းမှ ဖိအားများကို ခံစားနေရပြီး သွားများပင် တင်းတင်းစေ့ထားမိသည် ။
သူမအပေါ်မှာ ဘာတွေဖြစ်နေကြတာလဲ ။
" ကောင်းပြီ ဆရာဝေပေးမယ် "လီသုန်းဖျင်သည် နားထဲမှပင် လေထွက်အောင် ရယ်မိတော့သည် ။
သူတို့သင်ကြားမှုကို စိတ်ဝင်စားခြင်းမရှိသည့် အချိန်က ကြိမ်လုံးပင်အသုံးပြုခဲ့ရသော ကျောင်းသားများသည် ယခုတွင် အလွန်ပင်တက်ကြွလာကြသည် ။ ယခုတွင် ရန်ကျီအန်း ကဲ့သို့ ကျောင်းသားမျိုးသည်သာ ဘယ်လောက်အရေးကြီးသည်ကို သတိထားမိသည် ။သို့သော် လီသုန်းဖျင်သည် မကြာမီတွင်ပင် အတန်းသည် စုစည်းမိလာပြီး အပြုသဘောဆောင်ကျဥ်းလာမည်ဟု ယုံကြည်မိသည် ။
ထိုအချက်အားတွေးမိသောအခါ သူသည် ချက်ခြင်းပင် ပြောလာခဲ့သည် ။
"ပထမဆုံးအနေနဲ့ ကျောင်းသားအနည်းက စာမေးပွဲမှာ အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့ကြတယ် ။အတန်းဖော်ကျုံးယို့ယို့ကရော နောက်ဆုံးအခေါက်တုန်းကလိုပဲ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်မလား ။ အကုန်လုံးပဲ ကျုံးယို့ယို့ဆီကနေ လေ့လာကြပါ "
သူမကနောက်တစ်ဆင့်တက်လှမ်းနိုင်မှာတဲ့လား ။ အိပ်မက်သာမက်နေလိုက်တော့ ။
ရွှီရှောင်ယွဲ့သည် ကျုံးယို့ယို့အား ပေါက်ထွက်မတက်စိုက်ကြည့်နေခဲ့ပြီး သူမ၏ ယှဥ်ပြိုင်လိုစိတ်သည် ပို၍ပင်ပြင်းထန်လာခဲ့သည် ။စာရွက်သူမလက်ထဲသို့ ရောက်တာနှင့်ပင် တစ်ပြိုင်နက် သူမသည် ဆွဲယူသွားခဲ့ပြီး နာမည်ပင်မတပ်နိုင်တော့ဘဲ ပထမဆုံးမေးခွန်းကို လျင်မြန်စွာဖြေလိုက်သည် ။
စွန်းမန့် နှင့် ရန်ကျီအန်းသည်ထင်ရှားစွာ မပါဝင်လာခဲ့သော်လည်း သူတို့၏ ပုံစံသည် ခိုင်မာကြသည် ။
လူများစွာ၏ အမုန်းများ ရရှိထားသော ကျုံးယို့ယို့ "....."
အခြားသူများနှင့်ယှဥ်လျှင် စာရွက်ရပြီးသော ကျုံးယို့ယို့သည် ပို၍အေးအေးဆေးဆေးဖြစ်နေခဲ့သည် ။
သူမစာရွက်ကို တစ်ချက်ကြည့်လိုက်သည် ။ တရုတ်ဘာသာ ။ အခြားဘာသာများနှင့်ယှဥ်လျှင် သူမသည် ဘာသာစကားစာပေတွင် အားနည်းသည် ။ ထိုအရာသည်လည်း သူမ၏ အခြားဘာသာရမှတ်များနှင့် ယှဥ်ထားခြင်းသာဖြစ်ပြီးအတန်းထဲမှ ကလေးသာသာအုပ်စု၏ ရလဒ်များနှင့်ယှဥ်လျှင် သူတို့သည် သာသနာပြုရွာသို့သာသွားပြီး ဇာတ်သိမ်းလိုက်သည်မှာ ပို၍ပင်ကောင်းလိမ့်မည် ။
သူမအတွက် ယခင်ဘဝတွင် သင်ယူခြင်းသည် သာမန် သင်ယူလေ့လာခြင်းဖြစ်ရုံသာမက အသက်ရှင်နိုင်ရန်အတွက်လည်းဖြစ်သည် ။သူမသာ ပညာသင်ဆုမရခဲ့လျှင် ၊ သူမသာ ဘာသာရပ်ဆိုင်ရာပြိုင်ပွဲတွေမှာ နေရာမရခဲ့လျှင် သူမကိုယ်သူမ ဆက်ထောက်ပံ့နိုင်တော့မည် မဟုတ်ပေ ။
ယင်းအားကြည့်ခြင်းအားဖြင့် လေ့လာခြင်းသည် သူမ၏ အရင်ဘဝတွင် မည်မျှအရေးကြီးသည် ကို သိနိုင်သည် ။ကျောင်းများနှင့် တက္ကသိုလ် မေးခွန်းများသည်သာ အရေးကြီးသည်မဟုတ်ခဲ့ပေ ။သူမ ယှဥ်ပြိုင်ပွဲများတွင် ပါဝင်နေသမျှ ကာလပတ်လုံးတွင် သူမ၏ လက်ထဲတွင် စာအုပ်ထူထူများကို ပိုက်ကာ အိပ်ခဲ့ရသည် ။
စာမေးပွဲသည် သူမအတွက် လုံးဝပြဿနာ မရှိပါ ။ဥပမာအားဖြင့် အခြေသိပ္ပံမေးခွန်းများ၏ အဖြေအား အဓိကအချက်ကိုပင် စဥ်းစား၍ တွက်ထုတ်နိုင်သည် ။နောက်ဥပမာတစ်ခုပေးရမည်ဆိုလျှင် ယခုတရုတ်စာပင်ဖြစ်သည် ။
ထိုမေးခွန်းနှစ်ပုဒ်သည် သူမ၏ ယခင်ဘဝတွင် ဖြေခဲ့ဖူးသော အရာများဖြစ်သည် ။ ထိုအရာအတွက်တော့ သူမအမှန်တစ်ကယ်စိတ်မကောင်းပါဘူး ။ ကျုံးယို့ယို့ အနည်းငယ်ပြုံးလိုက်ပြီး ဘောပင်အားကောက်ကိုင်ကာ သူမ၏ နာမည်ကိုတပ်လိုက်တော့သည် ။
ဤစာမေးပွဲတွင် သေချာပေါက် သူမအမှတ်ပြည့်ရလို့မဖြစ်ပေ ။မဟုတ်လျှင် တစ်တန်းလုံးပေါက်ကွဲလာလိမ့်မည် ။ကျုံးယို့ယို့သည် ပစ်မှတ်ထားခံနေရေသာကြောင် အလွန်ပင်ပန်းနေပြီဖြစ်သည် ။ထို့ကြောင့် သူမဒီတစ်ကြိမ်တွင် ပြင်ဆင်ဖို့လိုအပ်သည် ။
ဘယ်လောက်ထိ သူမနှိမ့်ချထားမလဲဆိုရင် ရန်ကျီအန်းထက် အမှတ်နည်းနည်းသာပြီး ရွှီရှောင်ယွဲ့နဲ့ အခြားသူတွေရဲ့ ခေါင်းပေါ်မှာ တည်တည်ငြိမ်ငြိမ်လေးရပ်နေနိုင်ရုံပါပဲ ။
သိပ္ပံဆိုင်ရာပြိုင်ပွဲတွင် ဝင်ပြိုင်နိုင်ရန် အတန်းထဲမှ သူနှစ်ယောက်အား ရွေးချယ်ခြင်းသည် အမှန်ပင် ဖြစ်လာခဲ့ပြီ ။
ရွှီရှောင်ယွဲ့သည် အချိန်ယူကာ နံရံအားမှီ၍လေ့လာနေသည့် ကျုံးယို့ယို့အား တစ်ချက်ကြည့်လာခဲ့သည် ။
ကျုံးယို့ယို့သည် လျင်မြန်စွာပင် စာရွက်များကို တစ်ရွက်ပြီးတစ်ရွက်လှန်ကာဖြေဆိုနေသည်ကို တွေ့ရပြီး ရင်းနှီးသောအပြုံးတစ်ခုသည် သူမ၏ မျက်လုံးများကိုပင် ကျွတ်ထွက်စေတော့မတက် မကောင်းသည့် ရင်းနှီးနေသည့် ကြိုတင်သတိပေးမှုအား ခံစားလိုက်ရသည် ။
သူမသည် စိုးရိမ်လာပြီး အမှားများကို တစ်ခုပြီးတစ်ခုဆက်တိုက်လုပ်မိနေခဲ့သည် ။လျင်မြန်စွာပင် အကြည်ရောင်ကော်အား ယူလိုက်ကာ စာရွက်တွေကိုကပ်လိုက်ပြီး ပြင်လိုက်ဖျက်လိုက်နှင့်ပင် သူမ၏ လက်သည် တုန်ရီ၏နေခဲ့သည် ။သူမပိုအလျင်လိုလာသည်နှင့်အမျှ ပိုအားပါလာခဲ့ပြီး စာရွက်သည် တစ်ပိုင်းစီဖြစ်သွားခဲ့သည် ။
" ငါဖျက်စီးလိုက်မိပြီ " ရွှီရှောင်ယွဲ့သည် ကြောက်ရွံ့စွာဖြင့်ပင် ငိုချမိတော့သည် ။
.....
နှစ်ရက်ကြာစာမေးပွဲပြီးနောက်တွင် အတန်းသည် လုံးဝကို ယိုယွင်းနေပြီဖြစ်သည် ။
အတန်းထဲတွင် ပြိုင်ပွဲ၌ဝင်ရောက်ယှဥ်ပြိုင်နိုင်မည့်သုမှာ ရန်ကျီအန်းအပြင် မရှိလောက်ပေ ။
အခြားသူများသည် စာမေးပွဲဖြေဆိုခဲ့ကြပြီးနောက် ပို၍ အပျင်းထူလာကြသည် ။ စာမေးပွဲဖြေဆိုပြီးနောက်တွင် သူတို့သည် ပြန်လည်တက်ကြွလာကာ ဂိမ်းကစားဖို့ သူငယ်များအားခေါ်လိုက်တော့သည် ။
သို့သော် ရန်ကျီအန်းက အနားမယူရဲသေးပေ ။သူ၏ အိတ်အားသယ်ကာ အိမ်တွင် မေးခွန်းများ ထပ်လေ့ကျင့်ရန် အမြန်ပင် ပြန်သွားတော့သည် ။
တစ်ရက်ထဲနှင့်ပင် ထောင်ပေါင်းများစွာသော လူပ်ဆောင်ချက်များအား လုပ်ဆောင်နိုင်ခဲ့သည့် ကျူံးယို့ယို့ကဲ့သို့ သူမျိုး သူအရင်က မတွေ့ဘူးခဲ့ပေ ။ကျုံးယို့ယို့သာ လုပ်နိုင်သည်ဆိုလျှင် သူသည်လည်း အကြောင်းပြချက်မရှိလုပ်နိုင်ရပေမည် ။
သူသည် သေချာပေါက် ယှဥ်ပြိုင်မှုပြင်းထန်သည့် အတန်းသို့ ကူးပြောင်းနိုင်ရမည် ။
ထိုထက်ပို၍ ရွှီရှောင်ယွဲ့သည် ကျန်ခဲ့သောရက်များတွင် သူမ၏ ဘေးမှထိုင်ခုံဖော်မိန်းကလေးအား ဝေဖန်နေခဲ့သောကြောင်ြ အိမ်စာများမပြီးခဲ့ချေ ။ အခြားသူများအာရုံမစိုက်နေသည့်အချိန်တွင် သူမသည် သုံးနှစ်စာ နှင့် ငါးနှစ်စာ ကောလိပ်ဝင်ခွင့်စာမေးပွဲ မေးခွန်းဟောင်းများအား အိတ်ထဲထည့်ကာ ထွက်လာတော့သည် ။ညဘက်တွင် သူမသည် တိတ်ဆိတ်စွာပင် ကတိပြုခဲ့သည် ။ယနေ့ မီးအိမ်ဖြင့် စာမျက်နှာ သုံးဆယ်လောက် လေ့ကျင့်ရမည် ။
ကျုံးယို့ယို့သည် သူမ၏ အတွေးထဲမှ ရန်သူ မဖြစ်ချင်လျှင်တောင် သူမသည်ဖြစ်နေခဲ့ပြီးဖြစ်ပြီး ထိုမှလွတ်မြောက်ရန် နည်းလမ်းမရှိတော့ပေ ။