Chapter 84
(အဘိုးအိုကို ကယ်တင်ခဲ့သည်)
ရှန့်ကျန်းက ထိုလူကိုမြင်သောအခါ လှမ်းအော်ပြီးနောက် ရေတွင်းအနီးသို့ အမြန်သွားခဲ့သည်။သူ ပြေးလာရင်း အောလိုက်သော်လည်း သူ့ရှေ့ကလူမှာ မကြားသလိုပင်၊ဘာမှပြန်မပြောပေ။
ရွာလူကြီးက ရှန့်ကျန်း နောက်ကနေ လိုက်သွားသည်။ သူတို့နှစ်ယောက် အမြန်ပြေးပြီး ထိုလူ၏ခါးကို ပွေ့ဖက်ကာ ဆွဲတင်လိုက်ကြသည်။သူ့ကြည့်ရတာ အတော်ရင်းနှီးနေသလိုပင်။ရှန့်ကျန်း တစ်ချက်ကြည့်လိုက်သည်။မနေ့က သူတို့ကို လမ်းပြပေးခဲ့တဲ့ အဘိုးကြီး မဟုတ်ဘူးလား...အဘိုးအို၏ မျက်လုံးများသည် ကြောင်စီစီဖြစ်နေကာ ဘေးနားကလူကိုလည်း တုံ့ပြန်မှုမရှိပေ။
စုမုန့်သည်လည်း အဘိုးအို၏ နံဘေးသို့ လျှောက်သွားပြီးကြည့်ရာ မှတ်မိသွားလေသည်။
"ဆရာမ သူ့ကို ဘယ်လိုနှိုးရမလဲ" ရှန့်ကျန်း အဘိုးအိုကို ဖမ်းကိုင်ပြီး စုမုန့်ကို လှည့်မေးသည်။
“သူ့ကို နှိုးလိုက်...ပါးရိုက်လိုက်ပြီးနှိုးလိုက်"
စုမုန့် အပြောကြောင့် အားလုံးဆွံ့အကုန်ကြသည်။ဒီလိုကြီး ရိုင်းစိုင်းရမှဖြစ်မှာလား…
ရွာသူကြီးက ကြာကြားချင်း သူ့လက်ကို လွှတ်လိုက်ပြီး ဘေးမှာ ရပ်လိုက်သည်။ လင်းအိုက် လည်း ဘေးကိုရှောင်လိုက်တာကြောင့် ရှန့်ကျန်းလက်ထဲကိုသာ ရောက်သွားသည်။
ရှန့်ကျန်း သူတို့ကို ခါးသီးသောအကြည့်ဖြင့် ကြည့်ပြီးနောက် အဘိုးအိုအား ညင်သာစွာ ရိုက်ကြည့်သော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။
“သူ့ကို ပြင်းပြင်းထန်ထန် ရိုက်ရမယ်… မယဉ်ကျေးရာကျပေမယ့် သူ့အသက်ကို ကယ်ဖို့လုပ်ရတာပဲ”
စုမုန့် က ရှင်းပြသည်။ထိုအခါ ရှန့်ကျန်းက အဘိုးကြီး၏ မျက်နှာကို ခပ်ပြင်းပြင်း ရိုက်လိုက်ရာ အဘိုးကြီး နိုးလာရသည်။သူက မျက်နှာကို အုပ်ပြီး
“ဘာလို့ ငါ့မျက်နှာက အရမ်းနာရတာလဲ”
ရှန့်ကျန်း စိတ်ထဲမကောင်းစွာပင် အမြန်တောင်းပန်ရ၏။
“တောင်းပန်ပါတယ် အဘိုး စောနက ရေတွင်းထဲကို ခုန်ချမယ်လုပ်နေတာ...ကျွန်တော် အတင်းနှိုးနေတာတောင် ဘာမှ ပြောမရတာနဲ့....အဘိုးကို နှိုးဖို့ ဒီနည်းလမ်းကို သုံးခဲ့တာပါ”
အဘိုးအိုက အံ့ဩသွားပြီး
“ဘာပြောတာလဲ... ရေတွင်းထဲကို ခုန်ဆင်းတယ်ဟုတ်လား...ငါဘာလို့ ရေတွင်းထဲကို ခုန်ဆင်းရမှာလဲ... စောစောက အိမ်မှာရှိနေတာပါ...ငါဘာလို့ရုတ်တရက်ဒီကိုရောက်လာတာလဲ"
ထိုအခါ ရွာသူကြီးသည် အဘိုးအိုအား အသေအချာရှင်းပြလိုက်သည်။ထို့နောက် အဘိုးအိုသည် စုမုန့် နှင့် ရှန့်ကျန်းကို လျှင်မြန်စွာ ကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ်...မင်းတို့ကြောင့်သာမဟုတ်ရင် ငါတော့ သွားပြီပဲ"
"အဘိုး ကျွန်မကို ကျေးဇူးတင်နေစရာ မလိုပါဘူး...အဘိုးက လူတွေကို အရမ်းကူညီတတ်တာပါ…စေတနာ အကျိုးပေးတာပါပဲ…တခြားသူသာဆိုရင် သူတို့ရေတွင်းထဲကို ခုန်ချတာကြာပြီ”
စုမုန့်သည် အဘိုးအိုက ကူညီပေးခဲ့သောကြောင့် အလွန်ရိုသေသောလေသံဖြင့် ပြောဆိုခဲ့သည်။
အားလုံးအဆင်ပြေသွားသည့်အတွက် အဘိုးအိုက လူတိုင်းကို နှုတ်ဆက်ခဲ့သည်။သူ့အနေနှင့် ဤနေရာမှာ ဆက်မနေဝံ့တော့။အဘိုးကြီး ထွက်သွားပြီးနောက် စုမုန့်က သင်္ချိုင်းဘေးရှိအိမ်များကို လက်ညှိုးထိုးပြပြီး
“ဒီအိမ်တွေက လူနေကြသလား"
"ဒီနေရာဟာ ဖုန်းရွှေရဲ့ ရတနာနယ်မြေတစ်ခုဆိုတာ ငါတို့အားလုံးသိပေမယ့်၊ သက်ရှိလူသားတွေက၊ နေရာလေးတစ်ခုအတွက် လူသေတွေနဲ့ ဘယ်လိုယှဉ်ပြိုင်ဝံ့မှာလဲ...ဒီအိမ်တွေက ဖုန်းရွှေကောင်းမွန်ဖို့ လာဆောက်ထားတာပါ..နေတဲ့လူ မရှိဘူး...ရှိတာဆိုလို့ သူတို့ဆိုင်ရာဆိုင်ရာ မျိုးဆက်တွေရဲ့ ဘိုးဘေးတွေပေါ့... လူတွေက မနေရဲတော့ ဘိုးဘေးတွေရဲ့ အထိမ်းအမှတ် ကျောက်ပြားတွေကို ထားပြီး ကိုးကွယ်ကြတာပါ...ဆရာမ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ"
ရွာသူကြီးက မေးသည်။စုမုန့် သည် အနီးနားတစ်ဝိုက်တွင် လျှောက်သွားကာ ကားထဲတွင် ကြိုဆွဲထားခဲ့သော အင်းစာရွက်ကို ထုတ်ကာ ရေတွင်းနားက ကျောက်တုံးပေါ်မှာ ကပ်ထားလိုက်သည်။ ရှန့်ကျန်းက သူမ အနားမှာ ရပ်နေသည်။ စုမုန့် အင်းစာရွက်ကို ကပ်မထားခင်မှာ ရေတွင်းက သူ့ကို အလွန်စိတ်မသက်မသာဖြစ်စေသည်။မကြာမီ အင်းစာရွက်ကြောင့် မကောင်းသောအငွေ့အသက်များ ချက်ချင်း ပျောက်ကွယ်သွားသည်ကို သူ ခံစားလိုက်ရသည်။
“ရေတွင်းကို ရေအရင်ဖြည့်ပြီးမှ အိမ်ကိုလည်း ဖြိုချလိုက်ပါ...ဒီနေရာမှာ ယဇ်ပလ္လင်တစ်ခုဆောက်ပြီး တစ်လမှာတစ်ကြိမ် ကိုးကွယ်ပသရမယ်… တစ်နှစ်လောက်ကြာတဲ့အထိ လုပ်ကြည့်လို့ ရွာမှာ ထူးထူးခြားခြားတွေ ထပ်မဖြစ်ရင် ခြောက်လတစ်ကြိမ် ပူဇော်လို့ရတယ်"
သူမက ရွာသူကြီးကို ဖြေရှင်းချက်ပြောပြသည်။
“ဒါပဲလား...ဒါပေမယ့် သူတို့(သေလွန်သူ)ရဲ့ ကံကြမ္မာက ပြောင်းသွားတယ်လေ…ဒါကို ငါတို့ ဘာလုပ်သင့်လဲ”
“ဒီလူတွေရဲ့ ကံကြမ္မာက ပြောင်းသွားပြီ...အဲဒါကို ဖြေရှင်းဖို့ နည်းလမ်းမရှိဘူး၊ ဒါပေမယ့် သူတို့ရဲ့ သားစဉ်မြေးဆက်ကတော့ အဲဒါကို ရှောင်နိုင်တယ်"
စုမန်က နည်းလမ်းမရှိဟု ပြောသည်ကို ကြားတော့ ရွာသူကြီး၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားကာ
“မစ္စစု... မင်း ရွာက ပြဿနာကို ဖြေရှင်းပေးမယ်ဆိုလို့ အခုပဲ ငါတို့ သဘောတူပြီး ဟုန်စစ်ကို ပေးမယ်လို့ပြောတာလေ... အခု မင်းမဖြေရှင်းနိုင်ဘူးလို့ပြောနေတာလား…"
ရွာသူကြီး၏ မျက်နှာထား အပြောင်းအလဲကို မြင်လိုက်ရတော့ စုမုန့် မျက်နှာမှာလည်း မည်းမှောင်သွားသည်။
“ရွာသူကြီး၊ သူများကို ချုပ်နှောင်ထားတာက တရားမ၀င်ဘူးဆိုတာ ရှင် သိထားရမယ်...ကျွန်မက အမှန်ဆို ကတိတွေတောင် ခံနေစရာမလိုဘူး… ရှင့်ကို ကျွန်မသာ မကူညီရင် ရှင့်ရဲ့သားစဉ်မြေးဆက် ဒုက္ခရောက်မယ်... သားစဉ်မြေးဆက်တွေ ကောင်းလာပြီဆိုရင် အဲဒါက အကောင်းဆုံးဖြေရှင်းချက်ဖြစ်နေပါပြီ”
လေထုက တစ်မျိုးပြောင်းသွား၍ ဘေးနားရှိ လင်းအိုက်က အံ့သြသွားသည်။ သူမ ရှန့်ကျန်း အနားကို ကပ်၍မေးလိုက်၏။
"အစ်မစုမုန့်က ဘာလို့ ရဲကို မခေါ်တာလဲ...ဘာလို့ သူတို့နဲ့ စေ့စပ်ဆွေးနွေးနေသေးတာလဲ... ရွာသူကြီးမှာ အပြစ်ရှိတယ်လေ…သူလုပ်ခဲ့တာတွေက တရားမဝင်ဘူး”
"မင်း ဖုန်းရွှေအကြောင်း မသိဘူး...အစ်ကိုဟုန်ကို ပြန်ရဖို့ဆို ရွာသူကြီးအိမ်က အစီအရင်ကို ဖောက်ဖျက်ရမယ်...ရဲခေါ်ရင် စုမုန့်ကလည်း ရွာသူကြီးအိမ်မှာ ကြာကြာနေနိုင်မှာ မဟုတ်ဘူး..ဒါဆို တို့အကြံမအောင်ဘဲ နေမယ်”
ရှန့်ကျန်း၏ မျက်နှာထားအမူအရာက လေးနက်လျက်ရှိသည်။
ရွာသူကြီးမှာ စုမုန့် နှင့် ညှိနှိုင်းနေဆဲ။
"ရွာသူကြီး၊ ဒဲ့ပဲ ပြောကြတာပေါ့…ကျွန်မ ပြောခဲ့တဲ့ အဖြေကို ကြားပြီး တခြား ဖုန်းရွှေပညာရှင်က အဲဒါကို ဖြေရှင်းနိုင်လိမ့်မယ်လို့ ရှင် ထင်နေတာမလား...ဒါပေမယ့် ဖြေရှင်းနည်းကို သိရင်တောင် တခြားဖုန်းရွှေပညာရှင်တွေက ကျွန်မသုံးတဲ့အင်းကွက်မျိုး ဆွဲနိုင်မှာ မဟုတ်ဘူး”
(နောက်အစီအရင်တစ်မျိုး)
"ဟုန်စစ်ကို ရှင် ပြန်ခွင့်မပြုချင်ဘူး.... ရှင့်ကံကြမ္မာ တစ်မျိုးပြောင်းသွားမှာကိုလည်း ကြောက်တယ်မလား.... ဒါက လွယ်ပါတယ်…တစ်ကယ်တော့ ဟုန်စစ်က သာမန်လူတစ်ယောက်ပါပဲ...ရှင် အမြဲကံကောင်းနေဖို့ သူ မကူညီနိုင်ပါဘူး... ဒါကို တစ်ခါတည်းနဲ့ အဆုံးသတ်ဖို့ ကျွန်မမှာ နည်းလမ်းရှိပါတယ်....ရှင့်ကံကြမ္မာကို ကျွန်မ ဆက်ပြီးပြောင်းလဲနိုင်တယ်… ဘယ်လိုလဲ… ရှင် ကြားချင်လား"
ရွာသူကြီးသည် သူ့ကံကြမ္မာကို မထိခိုက်စေကြောင်း ကြားသောအခါ သူ့မျက်လုံးများ ချက်ချင်းတောက်ပလာသည်။သို့သော် သူ့စကားက ခိုင်မာပြတ်သားဆဲ။
"မင်းငါ့ကို လိမ်နေတာလား"
“ကျွန်မက မကောင်းတဲ့ဆရာမျိုး မဟုတ်ဘူး.... ဘာပဲဖြစ်ဖြစ် ရှင် ကံအမြဲကောင်းချင်တယ်မလား...ရှင့်ဆန္ဒကို ဖြည့်ဆည်းဖို့က အရမ်းရိုးရှင်းပါတယ်"
စုမုန့်၏ မျက်နှာက ပြုံးပြပြန်သည်။
"အိုကေ...လုပ်ကြစို့"
မကြာမီ ရွာသူကြီးက အခြားရွာသားများကို ခေါ်ကာ ရေတွင်းကို ရေအရင်ဖြည့်ပြီးမှ အိမ်ကို ဖျက်ကြသည်။ ဖြိုဖျက်တာက ဆောက်လုပ်ရေးထက် ပိုမြန်သည်။အိမ်ကိုဖြိုချပြီး ရေတွင်းဖြည့်ရန် အချိန်နှစ်နာရီသာကြာမြင့်ခဲ့သည်။
အိမ်များ၏ အပျက်အစီးများကို ကြည့်လိုက်ရင်း ရှန့်ကျန်း ဆွံ့အနေရသည်။ဤအိမ်များသည် ဘိုးဘွားများ၏ အထိမ်းအှတ်ကျောက်တိုင်များဟု ရွာသူကြီးက ပြောခဲ့သည်။ယခုမူ ရွာသူကြီးသည် အထိမ်းအမှတ်ကျောက်တိုင်များကို မထုတ်ဘဲ ချက်ချင်းဖြိုချပစ်နေလေသည်။ဒါ သစ္စာဖောက်တာလား...
အားလုံးလုပ်ပြီးလျှင် ရှင်းလင်းပြီး စားပွဲတစ်လုံးချ၍ ဝတ်ပြုရပေမည်။
"ဟုန်စစ်ကို အခုသွားေခါ်လို့ရမလား"
စုမုန့်က မေးသည်။
"ရပါတယ်"
ထို့နောက် ရွာသူကြီးက စုမုန့်တို့ကို သူ့အိမ်ပြန်ခေါ်သွား၏။ဟုန်စစ်ကို သွားခေါ်ကြစဉ် စုမုန့် အိမ်ထဲမှာစောင့်နေသည်။ မိနစ်အနည်းငယ်ကြာပြီးနောက် သူက ဟုန်စစ်ကို တွဲခေါ်လာ၏။ ဟုန်စစ်သည် အလွန်အားနည်းနေပုံရပြီး မျက်မမြင်ဖြစ်သွားရလေပြီ။ မျက်လုံးဖွင့်ထားသော်လည်း သစ်သားတုံးလိုပင် လှုပ်ရှားမှုမရှိ၊မျက််ကန်းတစ်ယောက်လိုပင်။
စုမုန့် သူ့ကိုတွေ့လိုက်သည်နှင့် စကားပြောဖို့မကြိုးစားဘဲ သူ့ကံကြမ္မာကို အာရုံစိုက်ပြီး ကြည့်သည်။
ထိုစဉ် လင်းအိုက်က အမြန်ပြေးပြီး ရွာသူကြီးကို တွန်းထုတ်လိုက်၍ ဟုန်စစ်ကို ဝင်တွဲသည်။
"အစ်ကိုဟုန် အခု ဘယ်လိုနေလဲ"
"ရှောင်အိုက်... မင်းဘာလို့ဒီကိုရောက်နေတာလဲ"
ဟုန်စစ် ဘာမှမမြင်ရသော်လည်း အသံကိုတော့ကြားနေရ၏။
"ဟိုတစ်ခါ ဖုန်းဆက်တော့ အစ်ကိုက မျက်စိမမြင်ရဘူးလိုပ ပြောတယ်လေ...ပြီးတော့ ဘာမှလည်းဆက်သွယ်လို့မရတော့ဘူး…ဒါကြောင့်မို့ အခု အစ်မစုမုန့်နဲ့ အတူလာခဲ့တာ...ဒီလိုဖြစ်နေတာတောင် ဘာလို့ ညီမတို့ကို မပြောပြရသလဲ"
လင်းအိုက်က စိုးရိမ်တကြီးဖြစ်နေဟန်နှင့် ပြောလျက်ရှိသည်။
လင်းအိုက်နှင့် ဟုန်စစ်တို့ စကားပြောနေကြစဉ် စုမုန့်သည် သူ့ကံကြမ္မာကို ကောင်းစွာ မြင်ရနေပြီဖြစ်သည်။ ဟုန်စစ်၏ကံကောင်းမှုများ ပျောက်ကွယ်သွားခဲ့သဖြင့် ကံကောင်းခြင်းတွေကို ပြန်လည်ရရှိဖို့ နည်းလမ်းကို တွေးနေခဲ့၏။ဤအတိုင်းဆို သူ့အနာဂါတ်က ရှန့်ကျန်း၏ နဂိုကံကြမ္မာလို ဆိုးရွားသွားနိုင်သည်။သူမ စိတ်ထဲမှာ တွေးနေသော်လည်း ဘာမှထုတ်မပြောဘဲ ကျေနပ်ဟန်ဆောင်ကာ
“အရမ်းကောင်းပါတယ်... ဒီလိုဆိုတော့ ကျွန်မ ကတိကို တည်ပါ့မယ်"
“ရှင့်ရဲ့မူလအစီအရင်က ရှင့်အိမ်မှာ ရှိတာဆိုတော့ ရွာသူကြီးပဲဖြစ်နိုင်တယ်လေ....တခြားနေရာကို ပြောင်းပြီး အစီအရင်ကို ချဲ့လိုက်ရင်၊ ရှင့်မိသားစုက ပိုပြီးကံကောင်းလာမယ်…ရှင့်ရဲ့သားစဉ်မြေးဆက်တွေကလည်း အဆင့်မြင့်အရာရှိတွေ ဖြစ်လာလိမ့်မယ်”
ရွာသူကြီးမှာ စုမုန့်၏ စကားကိုကြားသောအခါ ချက်ချင်းပင် အလွန်ပျော်နေသည်။
"ဆရာမ အစကတည်းက ဒီလိုပြောခဲ့မယ်ဆိုရင် ငါတို့က မင်းကို ဘယ်ဒီလိုဆက်ဆံပါ့မလဲ"
“ဒါပေမယ့် ဘေးထွက်ဆိုးကျိုးတွေတော့ ရှိပါတယ်…အကျိုးခံစားခွင့်အားလုံးက ရှင့်သားစဉ်မြေးဆက်အတွက် ပေမယ့် သူတို့ပျော်ရွှင်မှုအတွက် တစ်ခုခုပြန်ပေးရမယ်…ဘာလဲဆိုတာကိုတော့ ကျွန်မလည်း မသိဘူး”
"ရှင့်ရဲ့သားစဉ်မြေးဆက်အတွက်က ပိုအရေးကြီးသလား၊ ဒါမှမဟုတ် အခုခဏလေး ပျော်ရွှင်မှုကို ခံစားဖို့က ပိုအရေးကြီးသလား ဆိုတာကတော့ ရှင် ရွေးချယ်ရမယ်လေ"
သူမ ပြောစရာရှိတာ အကုန်ပြောပြီးဖြစ်သည်။ နောက်ဆက်တွဲအနေနှင့် ရွာသူကြီးက ရွေးချယ်ပေးမှာ ဖြစ်၏။
ရွာသူကြီးသည် ခေါင်းငုံ့ကာ အကြာကြီး စဉ်းစားနေပြီးမှ
“ငါ့သားမြေးတွေ ကောင်းစားဖို့ ရွေးပါ့မယ်... ပြောမှာသာ ပြောပါ"
ထိုအခါ စုမုန့် ၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးသွားပြီး
"ဒီသင်္ချိုင်းမှာရှိတဲ့ ဖုန်းရွှေက အရမ်းကောင်းပါတယ်...သုံးတဲ့နည်းလမ်းက မှားနေတာလေ…တခြားနည်းလမ်းကို သုံးဖို့ပဲလိုတယ်"
"သင်္ချိုင်းတစ်ဖက်က တောင်က ဝပ်နေတဲ့ နဂါးနဲ့တူတယ်...အဲ့ဒီနဂါးမှာ ခန္ဓာကိုယ်တစ်ခု ရှိပေမယ့် ဝိညာဉ်စွမ်းအင်မရှိဘူး...ဟိုဘက်က ကျောက်တုံးကြီးပေါ်မှာ အပေါက်သုံးပေါက် ဖောက်လိုက်...ဒါဆို နဂါးရဲ့ မျက်လုံးနဲ့ ပါးစပ် ပုံပေါ်လာမယ်...နဂါးဘေးမှာ ရှင့်ရဲ့ဘိုးဘေးတွေကို ကိုးကွယ်နေသမျှ ရှင့်သားစဉ်မြေးဆက်တွေရဲ့ ကံကြမ္မာကလည်း ကောင်းလာမှာပါ”
ထိုစကားကိုကြားပြီးနောက် ရွာသူကြီး အလွန်စိတ်လှုပ်ရှားသွားသည်။စုမုန့် ပြောပြသည့်နည်းလမ်းကို ချက်ချင်းလိုက်နာပြီး သင်္ချိုင်းဘေးက ကျောက်တုံးပေါ်မှာ အပေါက်သုံးပေါက်ကို ဖောက်စေလိုက်သည်။ အပေါက်သုံးပေါက်ကို ဖောက်ပြီးနောက် ကျီးကန်းတစ်ကောင်သည် အပေါက်ထဲမှ ပျံထွက်သွားသည်မှာ ထူးဆန်းလှ၏။
xxxxxxx