Chapter 39
ရုံးခန်းသည် အလွန်အမင်းတိတ်ဆိတ်နေခဲ့၏။ ဆရာငါးယောက်က သူ့ကိုကြည့်နေခဲ့ပြီး သူသည်လည်း ထိုသူတို့ကို ပါးစပ်ကျယ်ကျယ်ဟလျက်သား ပြန်ကြည့်နေခဲ့သည်။ မိုးကြိုးပစ်သွားသည်ဟုပြောလျှင်တောင် အလွန်အကြူးဖြစ်မည်မထင်ပါ။ သူတို့သည် မိုးကြိုးပစ်သံကိုတောင် ကြားလိုက်ရသလိုခံစားရလေ၏။
'ကျုံးယို့ယို့လား။ ဒီအဖြေလွှာက ကျုံးယို့ယို့၏ အဖြေလွှာဆိုတာ သေချာရဲ့လား။ ဂြိုလ်သားတွေရဲ့ အဖြေလွှာတွေကများ ရောနှောနေတာလား '
'ပြီးခဲ့သည် အထက်တန်းသုံးနှစ်လုံး ကျုံးယို့ယို့၏အမှတ်များမှာ အလယ်အလတ်အဆင့်သို့ပင်ရောက်ခဲ့ဖူးခြင်းမရှိ။
ဒီလိုကျောင်းသူမျိုးက ရုတ်တရက် ပြောင်းပြန်ဖြစ်သွားတယ်လား '
ပထမဆုံး တုံ့ပြန်သူက အစားထိုးရူပ ဗေဒဆရာဖြစ်ပြီး သူကပြောလိုက်သည်။
"သူမက အရင်က အဆင့်တွေဆိုးခဲ့တာလား။ ဒါဆို သူမ ကူးချခဲ့တာများလား။ စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ခဲ့တဲ့ သူတွေဟာကို ရှာပြီး စစ်ဆေးကြည့်ရအောင်။
"ဟုတ်တယ် ဟုတ်တယ် "
ဓာတုဆရာက လန့်ဖျပ်မှုကနေ စိတ်သက်သာရကာ အဖြေလွှာတွေအား စတင်ရှာဖွေတော့၏။
"ရန်ကျီအန်းက ၉၃ မှတ်ရတယ် ဒါပေမဲ့ ကျုံးယို့ယို့ကတော့ ၉၈ မှတ်ရခဲ့တယ် ဒါကတကယ်ကိုမကြားဖူးဘူး ။ သူမက စာမေးပွဲမှာ ၁၈မှတ်ရတယ်ဆိုရင်တောင် ယုံဦးမယ် အခုတော့ ၉၈ တဲ့လား ကြောက်စရာကောင်းလွန်းလို့ သေတော့မှာပဲ..."
တခြားသူတွေ၏ ကျုံးယို့ယို့သည် ကူးချခဲ့သည် ပြောကြခြင်းကို ကြားရသည့်အခါ လီသုန်းဖျင်က သူ၏ကျောကို ဖြောင့်တန်းလိုက်ပြီး သူရဲ့နွားပေါက်ကလေး ကျုံးယို့ယို့ ကို ကာကွယ်လိုက်သည်။
"အီးရှူလိုက် သူမက ဘယ်သူဆီက ကူးချရမှာလဲ ဘာသာရပ်တိုင်း၏အမှတ်အားလုံးမှာ ရန်ကျီအန်း သူမထက်တောင်မှနည်းနေတာ "
"ငါလည်းပဲ သူမ ကူးချတာမဖြစ်နိုင်ဘူးလို့ထင်တယ်" တရုတ်ဆရာမက အဖြေလွှာတွေ အားလုံးစစ်ဆေးပြီးသည့်နောက်မှာ လန့်ထိတ်နေသည့် မျက်နှာအမူအရာဖြင့် ပြောလာခဲ့၏။
"ဆရာတို့ သူမရဲ့ အဖြေလွှာကိုလာကြည့်လှည့်ပါ ကျွန်မတော့ အတော်လေး သူမကိုယုံကြည်သွားပြီ သူမလက်ရေးကချောမွေ့နေပြီး အတွေးအခေါ်ကလည်း ပြည့်စုံဆန်းသစ်တယ် ကျွန်မအမှတ်လျော့ဖို့ လိုက်ရှာကြည့်ပေမဲ့ တစ်စက်ကလေးမှ ရှာလို့မရခဲ့ဘူး ဖွဲ့စည်းပုံအတွက် ကျွန်မသူ့ကို အမှတ်အနည်းငယ်သာပေးဖို့ပဲ တတ်နိုင်ခဲ့တယ် ဒါတောင်မှ သူမအမှတ်က ၁၃၅မှတ် "
တစ်ရာနှင့်မှ သုံးဆယ့်ငါးမှတ်။
တခြားဘာသာရပ်တွေက အမှတ်ပြည့်ရနိုင်တယ် သို့သော် တရုတ်စာနဲ့အင်္ဂလိပ်စာကတော့မဖြစ်နိုင်ပါ။ ဤဘာသာရပ်နှစ်ခုက အချိန်အတော်ကြာ လေ့လာဆည်းပူးမှုလိုအပ်သည့် ဘာသာရပ်တွေဖြစ်သည်။ကျုံးယို့ယို့ ဤနှစ်ခုမှာ လုပ်ဆောင်ချက် ကောင်းခဲ့တာက တော်တော်ကို အံ့ဩစရာကောင်းလှ၏။
ဆရာတွေက ထိပ်တန်းကျောင်းသားတွေ၏ အဖြေလွှာတွေနဲ့ ကျုံးယို့ယို့၏အဖြေလွှာတွေကို တန်းစီလိုက်တယ်။
ဘာသာစကား၊သင်္ချာ၊ရူပ၊ဓာတု၊ဇီ၀ စသဖြင့်
ရန်ကျီအန်း၏ရမှတ်များသည်
၁၂၀၊ ၁၄၈၊ ၁၁၅၊ ၈၅၊ ၉၀၊ ၈၈
ကျုံးယို့ယို့၏ ရမှတ်များသည်
၁၃၅၊ ၁၅၀၊ ၁၅၀၊ ၉၅၊ ၉၈၊ ၈၉
ကျုံးယို့ယို့၏ စုစုပေါင်းရမှတ်သည် ၇၁၇မှတ်ဖြစ်ပြီး ရန်ကျီအန်းကတော့ ၆၄၆မှတ်သာလျှင် ဖြစ်၏။ ၇၁မှတ် ကွာဟနေ၏။
ဤအရာသည် အတော်အံ့ဩသင့်ဖွယ်ကောင်းသည့် ရလဒ်ဖြစ်သည်။ တက္ကသိုလ်၀င်ခွင့်စာမေးပွဲအစစ်ဖြစ်ပါက ကျုံးယို့ယို့၏ သိပ္ပံဘာသာရပ်ရမှတ်များသည် အမှတ်ပြည့်မရရင်တောင်မှ မြို့၏ ထိပ်တန်း အယောက် ၃၀ထဲ၀င်ဖို့က မခဲယဉ်းပေ။ ပြိုင်ပွဲထဲက လူတစ်၀က်ကိုပဲအသာလေး ဖြတ်ကျော်နိုင်၏။
အဓိကတစ်ချက်က ရန်ကျီအန်း၏ ရမှတ်တွေက သူ၏ခါတိုင်း ရမှတ်များဖြစ်ကာ ပုံမှန်ထက်အနည်းငယ်များလာရုံသာဖြစ်သည်။ ကျုံးယို့ယို့၏ စုစုပေါင်းရမှတ်က သူ့ထက် အလွန်ပိုများနေသည်။ ရွှီရှောင်ယွဲ့၊စွန်းမန့်၊လီခိုင်တို့အပြင် တခြား အဖြေလွှာမစစ်ရသေးသည့် ကျောင်းသားများနှင့် နှိုင်းယှဥ်မယ်ဆိုလျှင် ပါးဖြတ်ရိုက်သကဲ့သို့ မဖြစ်ပေဘူးလား။
ဒါဟာ တကယ်ကို မျက်နှာကို ဖြတ်ရိုက်လိုက်တာပဲ။
မမျှော်လင့်စွာနှင့် တစ်နေ့မှာ ဘိတ်ချေးအဆင့်ရသူတွေထဲက တစ်ယောက်ဖြစ်သော ကျုံးယို့ယို့က တခြားသူတွေကို အနိုင်ပိုင်းနိုင်ခဲ့သည်။
လီသုန်းဖျင်နှင့် တခြားဆရာတွေ၏ မျက်လုံးထဲမှာ ဤဖြစ်ရပ်သည် နေ့ခင်းကြောင်တောင် ယူဖက်စ်အိုတွေကို တွေ့လိုက်ရသည့် အံ့ဩထိတ်လန့်မှုနှင့် မကွာခြားချေ။
ဓာဆုဆရာသည် အသက်ပြင်းပြင်းရှုသွင်းလိုက်ရင်း ဤအံ့ဩဖွယ်ကိစ္စရပ်နှင့် ပက်သက်ပြီး ကောက်ချက်တစ်ခုချလိုက်သည်။
"ဒီကျုံးယို့ယို့ကသေချာပေါက်ကို အရင်စာမေးပွဲတွေမှာ တမင်သက်သက် ဆိုးဆိုးရွားရွားဖြေခဲ့တာ သေချာတယ်"
" မင်းတို့မယုံဘူးဆိုရင် စောင့်သာကြည့်လိုက်ကြ ဒီလို ရုတ်တရက် အလွန်အမင်းတိုးတက်လာတဲ့ ကျောင်းသားမျိုး ငါ့ရဲ့ လုပ်သက်သက်တမ်းဆယ်စုနှစ်များစွာမှာ တစ်ခါမှမမြင်ဖူးဘူး မင်းဘယ်လောက်ပဲကြိုးစားပါစေ မဖြစ်နိုင်ဘူး သူမသေချာပေါက် အစကတည်းကစာတော်ပြီးသားဖြစ်ရမယ် ပြီးခဲ့တဲ့ နှစ်နှစ်နဲ့ခြောက်လုံးလုံး သူမက စာမေးပွဲတွေကို ပေါ့ပေါ့ပါးပါးဖြေရင်း ငါတို့ကို အပျင်းပြေအောင်လုပ်နေခဲ့တာပဲဖြစ်ရမယ် တကယ့်ကို ဆိုးလိုက်တဲ့ကလေး"
ထိုကိစ္စကိုပြောနေရင်း ဓာတုဆရာသည် ချစ်ခြင်းများနဲ့ပြည့်နေ၏။
"ဒီလို ကလေးဆိုးမျိုး တစ်ခါမှ မမြင်ဖူးဘူး ပြီးခဲ့တဲ့ နှစ်နှစ်လုံးဆိုးခဲ့ပြီးတော့ ဒုတိယနှစ်၀က်မှာ ရုတ်တရက်ကြီး လှုပ်ရှားမှုကြီးတွေကို လုပ်လိုက်တယ်။ သူမက တန်ပြန်တိုက်စစ်လမ်းကြောင်းတွေ ဖန်တီးနေတာမျိုး "
လီသုန်းဖျင်က ဓာတုဆရာအားကြည့်ရင်း ရုတ်တရက်ပြောလိုက်၏။
"ဒါဆို ငါတို့၏ KPI ဘောနပ်အမှတ်တွေက...."
' သေစမ်း '
ဆရာတွေက တစ်ချိန်တည်းမှာပြောလိုက်ကြသည်။ ချက်ချင်းအံ့ဩပျော်ရွှင်သွားကြသည်။ ကျုံးယို့ယို့၏ ရမှတ်တွေက နောက်ဆုံးကနေ ထိပ်ဆုံးနီးပါးတစ်ခါတည်းထိုးတက်သွားခဲ့သည်။
' လစဉ်ဘောနပ်က ဒါဆိုဘယ်လောက်တောင်လဲ။ လစာကတ်ထဲကို ရောက်လာမည့် ဘောနပ်ဆုကြီးတွေကို မြင်ယောင်နေမိပြီ။ မိန်းမနဲ့ကလေးတွေကို မိသားစုဘူဖေးစားဖို့ နောက်တစ်ကြိမ် နောက်ဆုံးတော့ ခေါ်သွားနိုင်တော့မည်။ '
ပီတိဖြာသောကြောင့် အချိန်ခဏလောက် ဆွံအနေကြသည် ။ 'ကျုံးယို့ယို့ကဲ့သို့ ကျောင်းသူမျိုး သူတို့သေလောက်အောင် ချစ်ပါ၏။ ကျေးဇူးပြုပြီး နည်းနည်းလောက်ထပ်ရှိပေးကြပါ မဟုတ်ဘူး အများကြီးရှိပေးကြပါ။ '
**
ကျုံးပါပါး ဆက်သွယ်ပြီးကတည်းက ကျုံးယို့ယို့က အိမ်ကို ရက်ပေါင်းများစွာ မဆက်သွယ်ခဲ့ပေ။ ကျုံးရှီယို့သည် အစပိုင်းတော့ မခံရပ်နိုင်ဖြစ်သော်လည်း ကျုံးပါးပါးထံမှ ကျုံးယို့ယို့သည် မွေးနေ့ပွဲရက်မှာ ပြန်လာမည်ဟု သေချာမှုအား ရပြီးသည့်နောက် သူသည် မျှော်လင့်တကြီး စောင့်ဆိုင်းကာ လက်ဆောင်မွန်များ စတင်ပြင်ဆင်တော့၏။
ပြီးခဲ့သည့် အကြိမ်က ပေးရန် ပြင်ဆင်ခဲ့သည့် အရုပ်တွေက ပျက်စီးသွားပြီးဖြစ်သောကြောင့် ပေးလိုက်ရန်က မဖြစ်နိုင်ချေ။
ကျုံးရှီယို့သည် အလွန်စိတ်ဖိစီးနေ၏။ သူသည် ကျုံးယို့ယို့ မည်သည်ကို ကြိုက်နှစ်သက်မှန်း မစဉ်းစားနိုင်ခဲ့ချေ။
သူသည် ကျုံးယို့ယို့သည် အချိန်ကုန်ဆုံးခဲ့ဖူးခြင်းသိပ်မရှိခဲ့။ သူသည် ကျုံးယို့ယို့ အိမ်သို့ ပြန်ရောက်ရှိမလာခင်က မုန့်ရှစ်ရွှမ်ကိုသာလျှင် သူ၏အစ်မလို့ အမြဲသတ်မှတ်ထားခဲ့သည်ဖြစ်၏။ မောင်နှမနှစ်ယောက်၏ သံယောဇဉ်တွယ်တာမှုကကြီးမားပြီး မကြာခဏ ဂိမ်းအတူဆော့ခြင်း၊ကြက်တောင်ရိုက်ခြင်းတွေကို လုပ်ကြလေ့ရှိသည်။သို့သော် ကျုံးယို့ယို့နှငိ့တော့ တစ်ကြိမ်တခါမှ မပြုလုပ်ဖူးပေ။
ပြီးခဲ့သည့် ရက်များမှာ ကျုံးရှီယို့သည် ကျုံးယို့ယို့ ကျုံးမိသားစုဆီသို့ ပြန်ရောက်မလာခင် လွန်ခဲ့သည့် တစ်ဆယ့်ငါးနှစ်လုံးလုံး ဘယ်လိုနေထိုင်ခဲ့သလဲဆိုသည်ကို မတွေးမိဘဲမနေနိုင်ခဲ့ပါ။
' အစားေနရာ၀င်ယူခြင်းလား ၊နောက်ဆုံးအစာမစားခဲ့ရဘူးလား။
ဈေးဆိုင်ခန်းထဲက ထူးခြားတဲ့အရုပ်လှလှလေးတွေနှင့် အင်္ကျီလှလှတွေကို မြင်ရင် မုန့်ချန်ကဆွဲမခေါ်ခင်အထိ အားကျစွာဖြင့် ငေးကြည့်နေခဲ့မလား။
တစ်နှစ်ငယ်တဲ့ မောင်လေးတစ်ယောက်ရှိတာကိုရာ သိခဲ့နိုင်ပါ့မလား။
မင်းကို ကာကွယ်ပေးမယ့် မောင်လေးတစ်ယောက်ရှိဖို့ရော စိတ်ကူးယဉ်ဖူးလား '
' မင်းမိသားစုအစစ်က မင်းကိုတွေ့ခဲ့ပေမဲ့ လျစ်လျူရှုစွာ ဆက်ဆံမယ်လို့ရော တွေးခဲ့မိပါ့မလား။
သူမသာ ဒါတွေကို ခန့်မှန်းခဲ့မိမယ်ဆိုလျှင် ကျုံးအိမ်ကိုရော ပြန်လာခဲ့ပါ့မလား '
ကျုံးပါပါးသည် ကျုံးရှီယို့အား ကျုံးယို့ယို့၏ အိမ်ပြန်မရောက်ခင်အချိန်များနှင့် သက်ဆိုင်သည့် အကြောင်းအရာအချက်အလက်တွေကို ပြသခဲ့ဖူးခြင်းမရှိခဲ့ပေ။
သို့သော် အခု သူတွေးမိကာ သိချင်လာခဲ့သည်။ သူ၏အစ်မဟာ မတိုင်ခင်က အခြေအနေမကောင်းသည့် နေထိုင်မှုဘ၀ရှိခဲ့လိမ့်မည်။
သူမသည် ပူပန်မှုမရှိသည့် ပျော်ရွှင်သည့် ကလေးဘ၀နှင့် လူငယ်ဘ၀ရှိခဲ့သင့်သည်ဖြစ်၏။ သူမသည်လည်း မုန့်ရှစ်ရွှမ်ကဲ့သို့ ကြီးပြင်းလာခဲ့သင့်ပြီး အကောင်းဆုံးမူကြို၊အကောင်းဆုံးမူလတန်းကျောင်းနှင့် အကောင်းဆုံးအလယ်တန်းကျောင်းမှာ တက်ကာ အကောင်းဆုံးသော ဆရာတွေနဲ့ ပညာရေးအခွင့်အလမ်းတွေရှိပြီး ဒရိုင်ဘာနှင့် ကျောင်းသွားပြန်ပြန်ဖြစ်ခဲ့ရမှာဖြစ်သည်။ တစ်ခုခုကို သယ်ရတာတွေလိုမျိုး ပင်ပင်ပန်းပန်းတစ်ခုမှလုပ်စရာမလိုဘဲ မျက်ရည်ကျစရာကိစ္စလည်းမရှိပေ။
သူမက သူမနှစ်သက်သည့် ဒစ်စနေးမင်းသမီးလေးများကဲ့သို့ အလှဆုံးသော အ၀တ်တွေကို ၀တ်ဆင်နိုင်ပြီး ဝါသနာပါရာ ဘဲလေးအကသင်ယူခြင်း၊စန္ဒရားတီးခတ်ခြင်းတွေကို နှစ်သက်သလို သင်ယူနိုင်ပြီး သူမရဲ့ ပတ်၀န်းကျင်ကလူတွေ ချီးမွမ်းတာမျိုးခံရသင့်သည်။
ကျုံးရှီယို့သည် တွေးရင်းနဲ့ အပြစ်ရှိစိတ်များခံစားနေရကာ သူ၏မျက်လုံးတွေ နာကျင်လာပြီး ရုတ်တရက် အတွေးတစ်ခုပေါ်လာခဲ့၏။
အရင်ဆယ့်ငါးနှစ်လုံးလုံး သူ့အစ်မကို အဖော်မပြုနိုင်ခဲ့သောကြောင့် အခု သူအကောင်းဆုံးဖြည့်ဆည်းပေးဖို့ကြိုးပမ်းသင့်သည်။
ကျောင်းဆင်းတဲ့အချိန် သူက ကျုံးယို့ယို့ကို ကျောင်းပေါက်၀၌ စောင့်ဆိုင်းမနေတာ့ဘဲ လေ့ကျင့်ရေးဆင်းပြီးသည်နှင့် မျိုးစုံသော လက်ဆောင်တွေ၀ယ်စုရန် ပြေးလွှားနေခဲ့၏။
ဥပမာဆိုရလျှင် တစ်နှစ်အရွယ်မိန်းကလေးဖို့အသုံးပြုလောက်မည့် ပုခက်ကလေး၊နှစ်နှစ်အရွယ်မိန်းကလေးကြိုက်မည့် သစ်သားမြင်းရုပ်လေး၊သုံးနှစ်အရွယ်မိန်းကလေးနှစ်သက်လောက်မည့်...၊ခုနစ်နှစ်အရွယ်မိန်းကလေးနားထောင်လောက်မည့် သီချင်းများ၊တစ်ဆယ့်လေးနှစ်အရွယ်မိန်းကလေး စန္ဒရားသင်ယူမှုစလောက်မည့်...
ကျုံးယို့ယို့ မွေးနေ့ပွဲအတွက် စပရိုက်ကို တွေးရင်း တစ်ခုပြီးတစ်ခု မှာယူနေခဲ့သည်။
ထိုသို့လုပ်ရင်း သူ၏ရင်ထဲက အပြစ်ရှိစိတ်သည် အနည်းငယ် သက်သာသွားပါ၏။ အတိတ်ဘ၀က သူ၏အစ်မကို ပေးခဲ့သည့် ဒဏ်ရာများကို မကုစားနိုင်ရင်ေတာင် အနည်းဆုံတော့ အားထုတ်သင့်လေသည်။ သူပြင်ဆင်ထားသည့် လက်ဆောင်တွေကို မြင်သည့်အခါ ကျုံးယို့ယို့ အံ့ဩသွားမည်ဆိုလျှင် ပေးခဲ့ရသည့် အချိန်က အလကားဖြစ်သည်ဟု သူခံစားရမည်မဟုတ်ပေ။
အတန်းထဲမှသူများသည် သူရည်းစားရနေသည်ဟု ထင်နေခဲ့ကြသည်။မဟုတ်ပါက ကျောင်းဆင်းလျှင် ဘတ်စကတ်ဘောမဆော့ဘဲ ဘာေကြာင့် လက်ဆောင်ပစ္စည်းဆိုင်တွေထိ သွားပြီး အွန်လိုင်းကနေလည်း မိန်းကလေးတွေကြိုက်လောက်မည့် အရာမျိုးစုံကို ရှာနေမည်နည်း။
ယနေ့မှာတော့ ဘတ်စကတ်ဘောအဖွဲ့ထဲက အတန်းဖော်တွေသည် ဆက်လက်မအောင့်နိုင်တော့ပေ။ သူတို့က လွယ်အိတ်လွယ်ပြီး ကျောင်းထဲကပြေးထွက်ဖို့ပြင်နေသည့်ကျုံးရှီယို့ကို တားလိုက်ပြီး
" မင်းလေ့ကျင့်ရေးမဆင်းတော့ဘူးလား ပြိုင်ပွဲက သုံးရက်ပဲ လိုတော့တယ်ကွ "
ဒုတိယနှစ်တွေအတွက် ပြိုင်ပွဲက တတိယနှစ်တွေထက် တစ်ပတ်စော၏။ကျုံးရှီယို့သည် အသင်း၏ ရှေ့တန်းကွင်းလယ်လူဖြစ်ကာ ဤအချိန်မှာ စိတ်နှစ်ကာ လေ့ကျင့်နေသင့်သည်။ ဤနှစ်က ပြီးခဲ့သည့်နှစ်နှင့် တူညီကာ သူက ရေပန်းစားပြီး တစ်နှစ်လုံးက မိန်းကလေးတွေ၏ေအာ်သံကို ဆွဲဆောင်လိမ့်မည်။ သို့သော် ဤနှစ်တွင် သူသည် လေ့ကျင့်ရေး၌ စိတ်နှစ်ထားခြင်းရှိပုံမပေါ်ပဲ အချိန်တိုင်း စိတ်လွင့် မျောနေသည်။
ကျုံးရှီယို့သည် မည်သို့စိတ်ရှိလက်ရှိ လေ့ကျင့်နိုင်မည်နည်း။ ဘာပဲဖြစ်ဖြစ် သူသည် တခြားလူသစ်လေးတွေကို မလေ့ကျင့်လည်း အနိုင်ပိုင်းနိုင်သည်။ ထို့ေကြာင့် သူကပြောလိုက်သည်။
" ငါ့မှာ လုပ်စရာရှိသေးတယ် အရင်လေ့ကျင့်နှင့်ကြ "
ကပ္ပတိန်က သူ့ကိုတားလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်
" ရှီယို့ ရက်အနည်းငယ်ပဲကျန်တော့တယ် မင်းက မလေ့ကျင့်တော့ဘူး။ ပြီးတော့ ကနေ့က ကြည့်ရှုသူနေရာကိုလည်းသတ်မှတ်ဖို့ရှိသေးတယ် "
ဤအရာက ကျောင်း၏ ဓလေ့ထုံးတမ်းဖြစ်သည်။ ကျောင်းအားကစားပြိုင်ပွဲမှာ ပါ၀င်သူတွေကို သူတို့၏ မိသားစု၀င် သို့မဟုတ် သူငယ်ချင်းတွေက ရှေ့ဆုံးတန်းမှာ အားပေးနိုင်ဖို့ ခုံတစ်ခုံရှိလေသည်။ ဤအရာက အားကစားသမားတွေဖို့ အထူးအခွင့်အရေးဖြစ်သည်။
ကျောင်းအားကစားပွဲတွေက နှစ်တိုင်းနှစ်တိုင်း နာမည်ကြီးကာ တခြားကျောင်းမှ ကျောင်းသား၊ကျောင်းသူများလည်း အများအပြားလာကြ၏။ အများစုက ကျောင်းက နာမည်ကြီးသူတွေကို ကြည့်ရန် လာကြခြင်းဖြစ်၏။
အထက်တန်းဒုတိယနှစ်၌ အရပ်ရှည်ကာချောမောသည့် ကျုံးရှီယို့သည် ကျောင်းရှိ နာမည်အကြီးဆုံးကျောင်းသားဖြစ်ကာ တနေ့တနေ့ မရေမတွက်နိုင်လောက်သော ရည်းစားစာများ ရလေ၏။
' ထိုင်ခုံနေရာလား '
ကျုံးရှီယို့က ရပ်လိုက်ပြီး " ကောင်းပြီလေ လေ့ကျင့်ဖို့သွားရင် ဖောင်ဖြည့်လိုက်မယ် "
သူ့တွင် ရည်းစားမရှိပေ။ အရင်က မုန့်ရှစ်ရွှမ်၏ နာမည်အား ဖြည့်လေ့ရှိပြီး သူမကလည်း သူဘတ်စကတ်ဘောဆော့တိုင်း လာရောက်အားပေးလေ့ရှိပြီး ကျောင်းသားတွေကို စိတ်လှုပ်ရှားစေတတ်သည်။ ထို့အပြင် တခြားကျောင်းကနေ မုန့်ရှစ်ရွှမ်ကို လာကြည့်သူများလည်းရှိ၏။။
ထို့ကြောင့် သူတို့၏ ပြိုင်ပွဲက အခေါက်တိုင်း အလွန်အမင်း လူပြည့်ကြပ်လေ့ရှိသည်။
ကျုံးရှီယို့သည် အရင်က များများစားစားမတွေးခဲ့ဘဲ သူ၏အစ်မကလှပြီးနာမည်ကြီးသည့်အတွက် ၀မ်းသာနေခဲ့သည်။ သို့သော် ယခုအခါ သေချာတွေးကြည့်သည့်အခါ မုန့်ရှစ်ရွှမ်သည် ထိုသို့သော အာရုံစိုက်ခံရမှုများကို နှစ်ခြိုက်မနေခဲ့ဘူးလား။ သူမမောင်လေး၏ ရေပန်းစားမှုအား လုယူမိမလားဂရုစိုက်ခဲ့ချေ။
' ကျုံးယို့ယို့သာဆိုလျှင် သူမအလှကပြင်းထန်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတယ် ။ ထိုအလှက မုန့်ရှစ်ရွှမ်ထက် ပိုပြီး အာရုံစိုက်မခံရနိုင်ဘူးလား '
ဤနှစ်တွင် ကျုံးရှီယို့သည် မုန့်ရှစ်ရွှမ်ကို အရင်းနှီးဆုံးလူဟု ကိုယ်စားပြုသည့် နေရာ မပေးချင်တော့ပါ။
သူနှင့် အဖွဲ့သားတွေသည် ဘတ်စကတ်ဘောကွင်းသို့ သွားခဲ့ကြသည်။ အတန်ကြာ လေ့ကျင့်ရေးဆင်းပြီးသည့်နောက် ကွင်းထဲမှ ချွေးတရွှဲရွှဲဖြင့် ထွက်လာကြကာ ဖောင်ကို ဖြည့်ကြသည်။
ကလေးဘ၀ကတည်းက သူသည် 'ကျုံးရှစ်ရွှမ် ' ကို အကြိမ်ပေါင်းများစွာဖြည့်ခဲ့သည်။
သို့သော် ယနေ့တွင် သူ၏ဘောပင်ထိပ်ဖျားက မရပ်တန့်ခဲ့ပေ။ 'ကျုံးယို့ယို့ ' ဆိုသည့် နာမည်သုံးလုံးကို ဖြည့်သွင်းရန် မတုံ့ဆိုင်းခဲ့ပေ။
ဘေးရှိ ကပ္ပတိန်က ကျုံးရှီယို့ သူ၏ ကျောင်းပန်းပွင့်ကလေးဖြစ်သူ အစ်မနာမည်အား ဖြေလိမ့်မည်ဟုထင်ကာ အားကျစွာဖြင့် " ငါမင်းကိုတကယ်အားကျတယ်ကွာ မင်းမှာ ဒီလောက်လှတဲ့အစ်မရှိတာ နေ့ရက်တိုင်းက မျက်စိပဒါသရှိချက်ပဲ မင်းရည်းစားမထားတာ အံ့ဩစရာမရှိပါဘူး "
သို့သော် ကိုယ်ကိုကိုင်းကာ တစ်ချက်ကြည့်ခဲ့သည့်နောက် စကားလုံးတွေက မပြီးဆုံးသေးခင်မှာပဲ ရုတ်ချည်းရပ်တန့်သွားခဲ့သည်။
"ဟမ် မင်းဘာလို့မင်းအစ်မ နာမည်ကိုမဖြည့်တာလဲ ကျုံးယို့ယို့ ...ဖိုရမ်ပေါ်က ဆရာနဲ့ ပွဲဖြစ်နေတဲ့ တစ်ယောက်လား"
ကျုံးရှီယို့သည် ဘောပင်ကိုဖက်ခနဲချကာ ပြောလိုက်၏။ "ငါရေးတဲ့သူက ငါ့အစ်မပဲ "
တွေးရင်း ကျုံးရှီယို့ မျက်နှာပေါ်၌ ဂုဏ်ယူမှုက ပေါ်ပေါက်လာပြီး မျက်ခုံးတွေကို ပင့်တင်ကာ " ဒီတခေါက် ငါရဲ့တကယ့်အစ်မက ဘယ်လောက်လှသလဲပြပေးမယ်။ကျောင်းပန်းပွင့်ကလေးလား။ ပြောင်းလဲချိန်ရောက်ပြီ "
တွေဝေနေတဲ့အတန်းဖော်တွေကို ချန်ရစ်ခဲ့ပြီးနောက် ခံစားချက်ကောင်းမွန်နေကာ သူ၏ ဂျာစီကိုလဲရင်း လွယ်အိတ်ကို ယူကာ ထွက်သွားခဲ့၏။