Chapter 40
သို့သော် ယခုမေးရမည်က ကျုံးယို့ယို့ကို သူ၏ပြိုင်ပွဲအား လာကြည့်ရန် မည်သို့ဖိတ်ရမလဲဆိုသည်ပင်။
ကျူံရှီယို့အတွက် ကျုံးယို့ယို့ကို တွေ့နိုင်သည့် အခွင့်အရေးက များများစားစားမရှိပေ။
တတိယနှစ်များစာသင်နေချိန် ဒုတိယနှစ်များသည်လည်း စာသင်ခန်းထဲ၌ ဖြစ်၏။ ကျောင်းဆင်းသည့်အခါ ကျုံးယို့ယို့က ဘယ်ကနေထွက်မည်မှန်း မသေချာပေ။
ဥပမာပြောရလျှင် မနေ့ကမုန့်ဆိုင်လမ်းကြား အနောက်ဘက်ပေါက်မှာ သွားစောင့်နေခဲ့ပေမဲ့ ကျူံယို့ယို့ ထွက်လာသည်ကို မမြင်ခဲ့ရပါ။ကျုံးယို့ယို့သည် အရှေ့ဘက်ပေါက်မှ ထွက်သွားခဲ့သည် ဖြစ်ရမည်။ ထို့ကြောင့် နေ့ခင်း ကျောင်းကန်တင်း သွားသည့်အချိန်သာလျှင်ရှိရာ အတန်းလစ်ပြီး သွားတွေ့ရမည်။
အထက်တန်းကျောင်းကန်တင်းမှာ တတိယနှစ်တွေက ဒုတိယနှစ်များထက် စောစောစားရ၏။ ကျုံးရှီယို့သည် မနက်ခင်း နောက်ဆုံးချိန်၌ အနောက်ဘက်တံခါးမှ ဆယ့်ငါးမိနစ်စောပြီး လျှိုထွက်ကာ ကျုံးယို့ယို့ကို သွားရှာခဲ့၏။ဆရာကရှာတွေ့ပြီး ပြန်ပို့ခံရနိုင်တဲ့ အန္တရာယ်က ရှိသော်လည်း သူ စိတ်လှုပ်ရှားတက်ကြွနေမိသည်။
ကျောင်းကန်တင်းသည် ဆူညံနေ၏။ကျုံးရှီယို့သည် အရပ်ရှည်ပြီး အမြင်အာရုံကောင်းမှုအပေါ် မှီခိုကာ ကျုံးယို့ယို့ရှိရာ နေရာဆီသို့ လူအုပ်ကြားမှ လျင်လျင်မြန်မြန် ရွေ့လျားသွားခဲ့သည်။
သူ၀င်လာသည်နှင့် ကန်တင်းအပေါက်၀နားမှ မိန်းကလေးက သူကို တွေ့သွားကာ ရှက်သွေးဖြာပြီး လမ်းလျှောက်လာခဲ့သည်။ သို့သော် ကျုံးရှီယို့ကို သိသော ထိုမိန်းကလေးသည် ကျုံးရှီယို့သည် အစ်မကို သဲသဲလှုပ်ချစ်သည့် ၁၇ နှစ်အရွယ် ဒုတိယနှစ်ကျောင်းသားမှန်းသိပါ၏။ သူသည် ချစ်ဖူးခြင်း မရှိကာ သူသာ အကယ်၍ တစ်ယောက်ယောက်ရှာဖွေနေပါက သေချာပေါက် သူ၏အစ်မကို ရှာနေခြင်းပင်ဖြစ်၏။
ထို့ကြောင့် တစ်ယောက်ယောက်က ကျုံး(မုန့်)ရှစ်ရွှမ် မကြာခဏထိုင်လေ့ရှိသည့် ပြတင်းပေါက်နားသို့ အကြောင်းကြားလိုက်သည်။
" ကျုံးရှစ်ရွှမ် နင့်ရဲ့ ခန့်ညာတဲ့မောင်လေးက နင့်ကို လာရှာနေတယ် "
မုန့်ရှစ်ရွှမ်နှင့် ယင်ချူးချူးသည် နေ့လည်စာ စားနေကြသည်။
" နင့်မောင်ရောက်နေတာလား "
ယင်ချူးချူးက မုန့်ရှစ်ရွှမ်ထက်ပင် ရင်ခုန်နေ၏။ သူသည် ကျုံးရှီယို့က ရှစ်ကျစ်ထန်ထက်ပင် ခန့်ညားသည်ဟု သူတိတ်တိတ်လေး ခံစားရ၏။ အဓိကက ပင်ကိုစရိုက်ကွာ၍ ဖြစ်နိုင်သည်။ ရှစ်ကျစ်ထန်က ပျော့ပျောင်းသည့် စိတ်နေသဘောထားရှိပြီး ကျုံးရှီယို့က နည်းနည်းအေးစက်ကာ ဝံပုလွေပေါက်လေးကဲ့သို့ဖြစ်ပြီး သူမက ထိုပုံစံမျိုးကို ကြိုက်နှစ်သက်၏။
သူမက ကျုံးရှီယို့ကို မုန့်ရှစ်ရွှမ်ကြောင့် တခါတရံသာ တွေ့ဖူးလေပြီး တခြားအတွေးမရှိပေ။
မုန့်ရှစ်ရွှမ်သည် ပထမတော့ မသိလိုက်စွာ ပြုံးမိလိုက်ပြီး ကန်တင်း၀င်ပေါက်ကို မျှော်ကြည့်လိုက်သည်။
" အင်း သူက ငယ်ငယ်ကတည်းက အဲ့အတိုင်းတစ်ပုံစံတည်းပဲ "
ထို့နောက်တွင် ကျုံးရှီယို့၏ ခြေလှမ်းများက သူမဆီသို့ ဦးတည်မနေခဲ့သည်ကိုတွေ့လိုက်ရသည်။
သူ၏မျက်လုံးများသည် သူမမျက်နှာကို ဖြတ်သန်းသွားခဲ့ပြီး လျစ်လျူရှုကာ မရပ်တန့်ခဲ့ပါ။ သူက နေရာတိုင်းကို ကြည့်နေခဲ့ပြီး နောက်ဆုံးမှာ သူမျက်လုံးများသည် ရုတ်ချည်း တောက်ပသွားးပြီး ရှေ့ဆက်ခြေလှမ်းသွားခဲ့သည်။
'သူ ငါ့ကို လာရှာတာမဟုတ်ဘူးလား '
တောင့်တင်းသည့်အပြုံးက မုန့်ရှစ်ရွှမ်၏ မျက်နှာပေါ်၌ ပေါ်လာခဲ့ပြီး ရုတ်တရက် သူမကို လက်တွေ့သို့ပြန်ခေါ်လိုက်သည်။ ' ဟုတ်သားပဲ သူမဘာလို့ မေ့သွားခဲ့တာလဲ ။ အခု မိသားစု၀င်တွေက သူမကို လျစ်လျူရှုနေကြတယ်လေ။ ကျုံးမာမားက သူမကို စကားပြောသည်က နည်းပါးလာပြီး ကျုံးပါပါးနှင့် ကျုံးရှီယို့ကတော့ သူမကို သူစိမ်းတစ်ယောက်လိုပင် ဆက်ဆံကြ၏။ ' သူမဂိမ်းစက်ကိစ္စပြီးသည့်နောက် ကျုံးရှီယို့ကို ကျေနပ်စေရန် အမျိုးမျိုးကြိုးစားခဲ့သော်လည်း ကျုံးရှီယို့က သူမကို လုံးလုံးလျစ်လျူရှုခဲ့သည်။
သူမသည် ကျုံးရှီယို့ကို မတ်တပ်ရပ်ကာ လက်ယပ်ခေါ်ခြင်းကို နေသားကျနေခဲ့ပြီး ယခုမူ...
ယင်ချူးချူးက ကျုံးရှီယို့၏ အပြုအမူနှင့် မုန့်ရှစ်ရွှမ်၏ မျက်နှာပေါ်က ပြောင်းလဲမှုကို တွေ့လိုက်ပြီး စိုးရိမ်စွာ
" ဘာဖြစ်တာလဲ နင့်မောင်လေးနဲ့ စကားများထားကြတာလား "
မုန့်ရှစ်ရွှမ်က ပြုံးရင်း
"သေချာပေါက် အဲ့လို မဟုတ်ဘူး "
သို့သော် ယင်ချူးချူးသည် ဤအပြုံးက ဖုံးကွယ်ထားသလို ခံစားရ၏။ မုန့်ရှစ်ရွှမ်နှင့် ပက်သက်ပြီး ခုတလော တစ်ခုခုမှားနေသည်လို့ သူမခံစားနေရပေမဲ့ ဘာမှားနေမှန်းသူမ မပြောနိုင်ချေ။ တခုခုအဖြစ်ဆုံးအရာကတော့ မုန့်ရှစ်ရွှမ်နှင့် ရှစ်ကျစ်ထန်တို့၏ ဆက်ဆံရေးပင်။ ငယ်ချစ်ဦးနှစ်ယောက်က မကြာသေးခင်ကစပြီး သူစိမ်းတွေလိုမျိုး ဖြစ်လာကြသည်။
ထိုအရာက တကယ်ပင် ထူးဆန်းနေသည်။ သူမ မုန့်ရှစ်ရွှမ်၌ လျှို့ဝှက်ချက် ကြီးကြီးမားမားရှိလောက်မည်ကို ရေးတေးတေးခန့်မှန်းမိသည်။
ပြီးခဲ့သည့်နောက်ဆုံးတစ်ကြိမ်က သူမ အိမ်မှာ ထမင်းစားတုန်းက ကျုံးယို့ယို့သည် စပ်သည့်အစားအသောက်တွေကို ကြိုက်၏။ သို့သော် သူမသည် ခရုနှင့်ကြက်တောင်ပံကို မစားပေ။ အမဲသားနှင့် သိုးသားကို နှစ်သက်ပြီး အထူးသဖြင့် အမဲသားကြော်ဖြစ်၏။ သူမသည် ထိုဟင်းကို တူနှင့် ကြိမ်ဖန်များစွာ ယူစားခဲ့သည်။
ထို့ကြောင့် ကျုံးယို့ယို့ စားသောက်စရာတွေ ယူ၍ပြီးကာ မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေး တစ်ယောက်နှင့်အတူ ထောင့်တခုခုမှာ ထိုင်လိုက်သည်။
ကျုံးရှီယို့သည်လည်း တန်းသွားစီနေခဲ့၏။ သူက စီနီယာများကြား အတူတန်း၀င် စီရန် မတွန့်ဆုတ်နေပေ။
သူက အရံဟင်းအပိုယူခဲ့သည်။ သုံးပန်းကန်က အမဲသားကြော်နဲ့ ၀က်သားစဥ်းကောဖြစ်ပြီး ကျုံးယို့ယို့ အကြိုက်ဆုံးဟင်းများဖြစ်၏။ ရှီယို့၏နှုတ်ခမ်းများသည် ကော့ညွှတ်သွားပြီး ထို့နောက် ကျုံးယို့ယို့ထံ လမ်းလျှောက်လာ၏။
သူသည် ကျုံးယို့ယို့က မြန်မြန်ဆန်ဆန်စားပြီးမည်ဟု ခန့်မှန်းခဲ့သည်။ မဟုတ်ပါက ဒုတိယနှစ်များ အတန်းပြီးချိန် ကန်တင်း၌ ကျုံးယို့ယို့ကို မတွေ့ရသနည်း။
ထင်ထားသကဲ့သို့ပါပင်။ သူနီးကပ်လာတာနဲ့ ချက်ချင်း ကျုံးယို့ယို့သည် လောဘတကြီးစားနေလေသည်။
အနေထားက ထိုမျှလောက် ရုပ်မဆိုးပေမဲ့ နှစ်ရှစ်ရာလောက် မစားသောက်ခဲ့သကဲ့သို့ မြန်မြန်ဆန်ဆန် ခပ်စားနေခဲ့သည်။
ကျုံးရှီယို့သည် လျှောက်လှမ်းသွားရင်း ပြောလိုက်သည်။
"အစ်မ ဖြေးဖြေးစား "
သူသည် သူမ နင်သွားမည်ကို စိုးရိမ်မိ၏။
စူးရှနာကျင်သည့် ခံစားချက်က ပေါ်ပေါက်လာရသည်။ သူထင်သည်။ သူ၏အစ်မသည် ငယ်စဉ်က အစားအသောက်ကောင်းများကို မစားခဲ့ဖူးလောက်ချေ။ ထို့ကြောင့် သူမက အရသာရှိသည့် စားဖွယ်များကိုတွေ့လျှင် အငမ်းမရစားနေသည်။
သူသည် ဖြည့်တင်းလိုမှုကြောင့် အလွန်အကျွံ တွေးနေမိခြင်းဖြစ်သည်။ကျုံးယို့ယို့သည် မေးခွန်းတွေကို ဖြေပြီးရုံလေးရှိသေးကာ အရမ်းဗိုက်ဆာနေသောကြောင့်သာ အများကြီးစားခဲ့ခြင်းဖြစ်၏။
"နင်ကဘာလို့ ဒီရောက်နေတာလဲ "
ကျုံးယို့ယို့က သူမဇွန်းကို ချလိုက်သည်။ထို့နောက် သူ့အား နားလည်ရခက်စွာကြည့်ရင်း သူမနာရီကို ကြည့်လိုက်၏။
"ကျုံးရှီယို့ ဒုတိယနှစ်တွေက အတန်းပြီးဖို့ ငါးမိနစ်လိုသေးတယ်မလား ၊နင်လစ်ထွက်လာတာလား"
" မဟုတ်ဘူး ဒီနေ့ အတန်းစောပြီးတာ "
ကျုံးရှီယို့သည် သူ၏ခေါင်းကို ကုတ်လိုက်ပြီးပြန်ဖြေသည်။ သူက သူ၏အစ်မကို ရက်အတော်ကြာမမြင်ခဲ့ရပေ။ သူက နည်းနည်းေကြာက်ရွံရွံဖြစ်နေပြီး ကျုံးယို့ယို့၏ဘေးမှာ မထိုင်ဝံ့တဲ့အတွက် သူမနှင့် မျက်နှာချင်းဆိုင်က မျက်နှာဝိုင်းဝိုင်းနှင့် ကောင်မလေးဘေးကို ထိုင်ချလိုက်သည်။
ယွမ်ယွမ် အံ့အားသင့်သွားခဲ့သည်။
အိုး... အခုတော့ ကျောင်း၏ ဩဇာရှိသည့်ပုံရိပ်နှစ်ခုက သူမဘေးမှာထိုင်နေကြပြီး လူဘယ်လောက်က သူတို့မျက်လုံးတွေနဲ့ သူမကို လုပ်ကြံသတ်ဖြတ်ချင်နေမလဲမသိနိုင်ပါ။ ကျုံးယို့ယို့က တကယ်ပဲ ကျုံးမိသားစု၏ ဆွေမျိုးတစ်ယောက်လား။
သူမသည် မိတ်ဆွေဖွဲ့သည့် နေရာ၌ ဂရုတစိုက်စည်းရှိပြီး တခြားသူများ၏ မိသားစုကိစ္စတွေမှာ ၀င်ရောက်မစွက်ဖက်သည့်အတွက် အစားကိုသာ ကသုတ်ကရိုက် စားနေခဲ့သည်။
ကန်တင်းထဲမှ အုပ်စုအချို့သည် ကျုံးရှီယို့က မုန့်ရှစ်ရွှမ်ကိုမဟုတ်ပဲ ကျုံးယို့ယို့အား လာရှာသည်ကို တွေ့ရှိသွားကြသည်။ သူတို့အားလုံး အံ့အားသင့်သွားခဲ့ကြ၏။ ကျုံးယို့ယို့နှင့် ကျုံးမိသားစုက ဘယ်လို ဆက်ဆံရေးရှိကြတာလဲ။
ကျုံးရှီယို့သည် သူ၏ပန်းကန်ကိုကမ်းပေးရင်း ကြင်နာစွာဖြင့် ပြောလိုက်သည်။
" အစ်မ ဒီဟာကလည်း အစ်မအတွက် ကျွန်တော် နောက်တခု နောက်မှထပ်သွားယူလိုက်မယ် "
ကျုံးယို့ယို့သည် သူမနေ့လည်စာကို ဝါးနေရင်း သူ့အား အကြိမ်အနည်းငယ်ကြည့်လိုက်၏။
' စိတ်အနှောင့်အယှက်ဖြစ်လိုက်တာ။ဘာလို့ငါ့ကိုလာရှာနေတာလဲ
အိမ်ကထွက်သွားတာက ဆက်ဆံရေးကို မရှင်းလင်းစေဘူးလား။အဖေနဲ့သားက သုံးရက်လုံး ဆက်သွယ်နေကြသည်။တစ်ယောက်ဖုန်းခေါ်ကာ တစ်ယောက်ကာ ကန်တင်းထဲသို့ ပြေး၀င်လာတယ်။ အဲ့ဒါက စိတ်ရှုပ်စရာကောင်းတယ်လို့ မတွေးမိကြဘူးလား။ '
"မစားဘူး" ကျုံးယို့ယို့ သူ၏ ပန်းကန်ပြားအား အေးစက်စွာဖြင့် အဝေးကိုတွန်းလိုက်သည်။
ကျုံးရှီယို့သည် ကျုံးယို့ယို့၏ ငြင်းပယ်မှုများကို ကြိမ်ဖန်များသွာ ခံခဲ့ရပြီးဖြစ်ကာ ပထမဆုံးအကြိမ်အဖြစ် တည်ငြိမ်သည့် အပြုအမူတို့ တိုးတက်လာခဲ့သည်။ ၀မ်းနည်းနေသေးသော်လည်း ဆက်ပြုံးထားရင်း ကြိုးကြိုးစားစား ထပ်ပြောလိုက်သည်။
"အစ်မ စားလိုက်ပါ အစ်မစားချင်မှန်းကျွန်တော်သိပါတယ်။ အစ်မယူခဲ့တာပဲစားမယ်ဆိုရင် ဗိုက်ပြည့်မှာမဟုတ်ဘူး "
ကျုံးယို့ယို့ သူ့အား ကြည့်လိုက်သည်။ သူသည် တိုက်ခိုက်ခံရတော့မလိုပင်။မျက်လုံးတွေ နှိမ့်ချလိုက်ရင်း ငိုတော့မလိုဟန်ဆောင်ကာ
"အစ်မ နည်းနည်းလေးတော့ စားလိုက်ပါ။ အစ်မ တစ်ကိုက်တောင်မစားဘူးဆိုရင် ကျွန်တော်လည်း ဒီနေ့လည် ဘာမှမစားတော့ဘူး "
ကျုံးယို့ယို့ "....."
' အိုး ဒီကလေးက ငါ့ကိုတောင် ခြိမ်းခြောက်လာပြီပေါ့။အရပ် ၁၈၀စင်တီမီတာ မြင့်တဲ့သူက မလိုက်မဖက် သနားစရာကောင်းအောင် ဟန်ဆောင်မနေပါနဲ့လား '
" နင် မစားချင်လည်း သေတဲ့အထိ အငတ်ခံချေ၊ငါကတော့ စိတ်မပူဘူး ရဲတွေက ငါ့ဆီလာမှာကျလို့" ကျုံးယို့ယို့ သရော်လိုက်၏။
ကျုံးရှီယို့သည် နင်သွားခဲ့သည်။
နှလုံးမအောင့်ဘူးလို့ပြောရင် လိမ်လည်ရာရောက်လိမ့်မည်။ မင်းအစ်မကို အချိန်တိုင်းကျေနပ်အောင် ဂရုတစိုက်လုပ်သော်လည်း မျက်နှာထားအေးစက်စွာဖြင့်သာ တုံ့ပြန်ခံရသည်လေ။
သူသည် ခေါင်းငုံ့လိုက်ပြီး သူ၏အပြုံးအား မထိန်းထားနိုင်လုနီးပါးပင်။ ပန်းကန်ကိုပြန်ယူလိုက်ပြီး ထမင်းပန်းကန်ကို ဇွန်းဖြင့် ထိုးစွနေခဲ့သည်။ သူသည် အစကတည်းက စားဖို့စိတ်ကူးမရှိခဲ့သည်မဟုတ်ခဲ့သော်လည်း ယခု မမြိုချနိုင်သည့်အတွက်ကြောင့် မစားခဲ့ပေ။
ကျုံးယို့ယို့နှင့် ယွမ်ယွမ်တို့ စားသောက်ပြီးတော့ပေမည်။ သူတို့သည် ဘေးရှိကျုံးရှီယို့ကို တစ်ချက်မကြည့်ကြပါ။ သူ့အား လုံးလုံး လျစ်လျူရှုထားခဲ့ကြသည်။
"အစ်မ သုံးရက်နေရင် ကျွန်တော် ဘတ်စကတ်ဘောပြိုင်ပွဲတစ်ခု ဆော့ဖို့ရှိတယ် ကျွန်တော့်ကို လာပြီးအားပေးပါလား ဖောင်မှာအစ်မနာမည်ကို ကျွန်တော်ဖြည့်ထားတယ် "
"မလာဘူး နင်ရူးနေလား။ဘာကိစ္စ ငါ့နာမည်ကိုဖြည့်တာလဲ" ကျုံးယို့ယို့၏ အကြည့်များက တင်းမာနေသည်။
' ကျုံးမိသားစု၀င်နှစ်ယောက်က ဘာတွေဖြစ်နေတာလဲ။နင်ပြန်ပေးဆပ်ချင်မယ်ဆိုရင် မူလပိုင်ရှင်ရှိနေတုန်းက လုပ်ပါလား။အခုတော့ဘာအသုံး၀င်ပါတော့မလဲ။အရမ်းနောက်ကျသွားပြီ။'
ပြီးခဲ့သည့် သုံးနှစ်လုံး ကျုံးရှီယို့၏ အားကစားပြိုင်ပွဲများ ဘတ်စကတ်ဘောဖြစ်စေ မာရသွန်ဖြစ်ပါစေ အားလုံးကို မုန့်ရှစ်ရွှမ်က အားပေးခဲ့လေသည်။ဘယ်လောက်တောင် အာရုံစိုက်ခံလောက်ရမည့် မောင်နှမနှစ်ယောက်ဖြစ်သနည်း။ သူက မူလပိုင်ရှင်ကိုရော သွားဖို့ခေါ်ရန် ဘာကြောင့် သတိမရခဲ့သနည်း။
မူလပိုင်ရှင်က ဖိတ်ကြားမှုကိုလက်မခံခဲ့ရတာတောင်မှ ပွဲကြည့်ပရိသတ်ထဲ၌ သူမ၏မောင်လေးကို အားပေးနေခဲ့မည်ဆိုတာ ထင်ရှားသော်လည်း သူမကို ကျုံးရှီယို့က မရှာခဲ့ဖူးပါ။
"မလာဘူး " ကျုံးယို့ယို့သည် နည်းနည်းလေးမှ တွေးနေခြင်းမရှိဘဲ ငြင်းဆိုကာ ယွမ်ယွမ်ကို ခေါ်၍ ထွက်သွားခဲ့သည်။
ကျုံးရှီယို့သည် သူမ၏တိကျပြတ်သားသည့် သဘောထားကြောင့် မှင်တက်နေခဲ့ပြီး သူ၏ရှေ့မှာ ထမင်းပန်းကန်ကို ငေးကြည့်နေကာ မလှုပ်မရှားပဲ အတော်ကြာသည်အထိ ပြန်မသက်သာလာခဲ့ပေ။
အချိန်အတော်ကြာပြီးသည့်နောက် ကျုံးရှီယို့သည် မပြုံးနိုင်တော့။ သူဘာကို တွေးနေမိခဲ့တာလဲ။ သူသည် လွန်ခဲ့သည့် နှစ်နှစ်၊သုံးနှစ်လုံး ကျုံးယို့ယို့အကြောင်းစဉ်းစားခဲ့ဖူးခြင်းမရှိခဲ့ပဲ မုန့်ရှစ်ရွှမ်ကိုသာလျှင် လာကြည့်ဖို့ ခေါ်ခဲ့သည်။ ထိုအချိန်မှာ ကျုံးယို့ယို့ မည်သို့ခံစားခဲ့ရမည်နည်း။
သူမသည် ပစ်ပယ်ခံရသကဲ့သို့ ခံစားနေရလောက်သည်။ ပြီးခဲ့သည့် နှစ်နှစ်နှင့် အတိတ်ဘ၀က နှစ်ပေါင်းများစွာအတွင်း ကျုံးယို့ယို့သည်လည်း မိသားစု၀င်များ၏ မသိကျေးကျွန်ပြုခံရမှုနှင့် ပစ်ပယ်ခံရသည့် ခံစားမှုကို တစ်ချိန်လုံး ခံစားနေခဲ့ရသည်လား။
' ကောင်းပါပြီလေ။ အစ်မက မသွားဘူးဆိုမှတော့ မသွားဘူးပေါ့။ ဒါဆို မုန့်ရှစ်ရွှမ်ကိုလဲ ဒီနှစ် သွားခွင့်မပြုဘူး။ '
တချို့အရာတွေက အခု မကုစားနိုင်တော့ပေမဲ့ တချို့အရာတွေကတော့ မူလပိုင်ရှင်ထံ ပြန်ရောက်သင့်ပြီလေ။
မုန့်ရှစ်ရွှမ် ကန်တင်းမှ ထွက်လာခဲ့ပြီးသည့်နောက် သူမ၏မိုဘိုင်းဖုန်းက ရုတ်တရက်မြည်လာခဲ့သည်။ သူမ ဖုန်းကိုဖွင့်ကြည့်လိုက်ပြီး မျက်နှာဟာ ကျုံးရှီယို့၏ အပြုအမူများကြောင့် ပို၍ ဖြူဖျော့သွားခဲ့သည်။
လွန်ခဲ့သည့်ရက်အနည်းငယ် ကျုံးမာမားသည် မွေးနေ့ပွဲကို စတင်ပြင်ဆင်နေကြောင်း သူမရှာတွေ့ခဲ့သည်။ ပြီးခဲ့သည့် မွေးနေ့ပွဲတွေက သူမ မုန့်ရှစ်ရွှမ်အတွက် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ သူမလိုချင်သည့်ဘာကိုမဆို ကျုံးမာမားက ကြိုတင်ပြင်ဆင်ထားလိမ့်မည်။ နိုင်ငံခြားမှ အသစ်ဆုံးအရာတွေကို ဦးဆုံးရနိုင်သည့် မင်းသမီးလေးဟုလည်းပြောဖူးသည်။ သို့သော် ဒီနှစ်မွေးနေ့ပါတီက တိတ်ဆိတ်နေခဲ့ပြီး သူမကို တစွန်းတစမှ ပြောလာခဲ့ခြင်းမရှိ။.
သူမ အစကတော့ အံ့ဩသွားပြီး ကျုံးမာမား၏ သူမကို ဖုံးကွယ်ထားသည့် အစီအစဉ်များကို ရှာဖွေတွေ့ရှိလိုက်ရသည့်အခါ မကောင်းတာတခုခုဖြစ်လာမည်ဟု စိတ်တွေလေးနေခဲ့သည်။
'....ဖြစ်နိုင်တာက ကျုံးယို့ယို့ကို မွေးနေ့ပွဲမှာ ထုတ်ဖော်ပြောကြားချင်တာများလား '
' မဟုတ်ဘူး မဟုတ်ဘူး မဟုတ်နိုင်ဘူး'
ဤအတွေးက ရှင်းလင်းနေသည့် နေကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာသည်။မုန့်ရှစ်ရွှမ်သည် လောင်ကျွမ်းနေသည့် နေမင်းအောက် ရပ်နေခဲ့သကဲ့သို့ချွေးများ ရုတ်ချည်းထွက်လာခဲ့၏။
' မဟုတ်ဘူး။မဖြစ်နိုင်ဘူး။ကျုံးမာမားက သူမကိုအရမ်းချစ်သောကြောင့် ထိုကဲ့သို့လုပ်လိမ့်မည်မဟုတ်။ထို့အပြင် ကျူံယို့ယို့က အိမ်မှထွက်သွားပြီးဖြစ်ကာ သူတို့သည်လည်း ကျုံးယို့ယို့ကို ပြန်လာဖို့ ဖျောင်းဖျသည့် အရိပ်အယောင်လည်းမရှိပါ '
သူမကိုယ့်ကိုယ်ကို နှစ်သိမ့်ရန်ကြိုးစာလိုက်သော် အလွန်တရာ သံသယရှိခဲ့သည်။
သို့သော် လွန်ခဲ့သည့် ရက်အနည်းငယ်က ကျုံးမာမားသည်လည်း အလွန်တန်ဖိုးရှိမည့် လည်ဆွဲတစ်ကုံး၀ယ်ခဲ့သည်။ သူမ အခန်းအပြင်ဘက်ကနေပဲ မြင်လိုက်သော်လည်း တန်းဖိုးအရမ်းများလိမ့်မည်မှန်းသိခဲ့သည်။ စိန်တုံးတွေက တောက်ပလင်းလက်နေခဲ့ပြီး သူမကို ကျုံးမာမားပေးခဲ့ဖူးသည်များထက် ပိုတန်ဖိုးရှိပုံပေါ်သည်။
သူမ အခန်းဆီသို့ ပြန်ပြီးသည့်နောက်ထိ ကျုံးမိသားစု၏ သူမအပေါ်ဆက်ဆံသည့် လက်ရှိအပြုအမူတွေ အပေါ်မူတည်ပြီး ထိုလည်ဆွဲသည် သူမအတွက် မဖြစ်နိုင်လောက်မှန်း.....
ထို့ကြောင့် သူမ ကြောက်စိတ်မွှန်ခြင်းကို တောင့်ခံပြီး ကျုံးမာမား အကြိုက်ဆုံးလက်၀တ်ရတနာဆိုင်သို့ ဖုန်းခေါ်ကာ သီးသန့် မေးမြန်းခဲ့သည်။ ဆိုင်ဖက်က သူမအား ရက်အနည်းငယ်အတွင်း အကြောင်းပြန်ပါမည်ဟု ပြောခဲ့သည်။
မှန်းဆထားတဲ့အတိုင်းဖြစ်သည်။
ဤအချိန်မှာ သူက ပြန်စာ အားစိုက်ကြည့်နေခဲ့သည်။ သေချာပါ၏ ။ ထိုလည်ဆွဲသည် မစ်ကျုံးယို့ယို့ဟူ၍ ၀ယ်ယူခဲ့သည့် ပစ္စည်းဥစ္စာဖြစ်နေသည်။ကျုံးမာမားသည် ကျုံးယို့ယို့ကို ပျော်ရွှင်ဖွယ် တစ်ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ဖြစ်ပါစေဟုသော မွေးနေ့ဆုတောင်းကိုပါ သီးသန့်ရေးထားခဲ့ပါ၏။