အပိုင်း ၆
Viewers 11k



Chapter 6



နှစ်လကြာပြီးနောက်

ဆွေးနွေးပွဲခန်းမအတွင်းရှိကြီးမားသော screen ပေါ်တွင် နောက်ဆုံးစာမျက်နှာအား ပြသထားပြီး ရှန့်ဖန်းယွိက လေဆာpointerတစ်ခုကိုကိုင်ထားရင်း ပြုံးကာ

"ဒါကတော့ကျွန်တော်ရဲ့တင်ပြချက်တွေပါ။ မေးစရာမေးခွန်းများရှိလားမသိဘူး"

ဒါရိုက်တာချွေ့က မှတ်ချက်အနည်းငယ်ပေးပြီးနောက် အခြားတက်ရောက်သူများကို ပြောလိုက်၏။

"ရှန့်ဖန်းယွိတင်ပြသွားတဲ့ ခွဲစိတ်ပြီးနောက်မှာဖြစ်တတ်တဲ့ သားအိမ်တွင်းသွေးလွှတ်ကြော သွေးယိုစိမ့်ခြင်း pseudoaneurysm အကြောင်းက အရမ်းကိုကောင်းတယ်။ မင်းတို့ရဲ့ထင်မြင်ယူဆချက်တွေကိုလည်း ပြောလို့ရပါတယ်"

အခန်းထဲတွင် တိတ်ဆိတ်လုနီးပါးဖြစ်သွားရပြီးအားလုံး၏ မျက်လုံးအစုံတို့မှာ အခန်း၏ အရှေ့ပိုင်းတွင်ထိုင်နေသော ပုံသဏ္ဍာန်တစ်ခုဆီသို့ စုပြုံသွားကြပါ၏။

"မင်းတို့ ဘာလို့ ငါ့ကိုလာကြည့်နေကြတာလဲ?"

ကျန်းရွှိက ဘက်ပေါင်းစုံမှအကြည့်များကို သတိထားမိလိုက်၍ သူ၏မျက်လုံးများက နားမလည်မှုတို့ဖြင့် ပင့်တက်သွားရသည်။ သူနှင့်ရှန့်ဖန်းယွိတို့၏ အတိတ်ကသူ၏လုပ်ဖော်ကိုင်ဘက်တွေအပေါ် မည်မျှအထိ ပြင်းထန်စွာ သက်ရောက်မှုရှိနေမှန်းကိုတော့ သူလုံးဝသတိမထားမိပါပေ။

"ဒေါက်တာကျန်း မင်း...ဘာမှပြောစရာမရှိဘူးလား?" ကျန်းရွှိ၏အနောက်ရှိ ဆွေးနွေးပွဲတက်ရောက်လာသော ဆရာဝန်တစ်ယောက်က ရှုပ်ထွေးသောအမူအရာဖြင့် မေးလာပါ၏။

ရှန့်ဖန်းယွိ သို့မဟုတ် ကျန်းရွှိ တစ်ယောက်ယောက်က တစ်ခုခုကို တင်ပြသည့်အချိန်တိုင်း ဤလူနှစ်ယောက်ကလုံးဝကိုပြတ်သားသောအမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် မေးခွန်းတသီတတန်းကြီး မေးတတ်ကြသည်။ သူတို့တင်ပြရမည့် ရောဂါအခြေအနေ (သို့မဟုတ်)စာရွက်စာတမ်းကိုသာ သေသေချာချာနားမလည်လျှင်ဖြင့် တစ်ဖက်သူ၏တိုက်ခိုက်မှုတွေကို တစ်ဖက်က ကျိန်းသေပေါက် ခုခံနိုင်မှာမဟုတ်ပေ။

ထို့ကြောင့် ယနေ့အစည်းအဝေးဟာ ယခင်ကအစည်းအဝေးတွေလို အချိန်ကြာလိမ့်မည်ဟု အားလုံးက ထင်မြင်ထားကြ၏။

သို့သော် ဒေါက်တာကျန်းက သူ၏ဖောင်တိန်ကိုလှည့်ရင်းဖြင့် ရှန့်ဖန်းယွိကိုပြောလိုက်သည်။

"လွန်ခဲ့တဲ့ကြာသပတေးနေ့က စီမြို့မှာ တင်ပြခဲ့တဲ့ သားအိမ်နှစ်ထပ်၊ မိန်းမအင်္ဂါနှစ်ခုနဲ့သူကို ခွဲစိတ်ကလေးမွေးပြီးတဲ့နောက်မှာဖြစ်ခဲ့တဲ့pseudoaneurysmအကြောင်းကို မင်းပြုစုနေတဲ့စာတမ်းထဲမှာထည့်လို့ရတယ်"

ပြောပြီးသည့်နောက် သူက နောက်ထပ် ထပ်ပြီးပြောစရာစကားမရှိတော့သည့်အတိုင်း သူ၏ notebookကိုပိတ်လိုက်ပြီး ဖောင်တိန်ကို၎င်း၌ချိတ်လိုက်၏။

စင်ပေါ်မှာရှိနေသော ရှန့်ဖန်းယွိပင်လျှင် ပဟေဠိဖြစ်သွားရသည်။

ဒါရိုက်တာချွေ့က ကျန်းရွှိကိုတစ်ချက်လှမ်းကြည့်လာပြီးနောက် ပြောလာပါ၏။

"ဒါဆိုရင် ဒီနေ့ရဲ့အစည်းအဝေးကပြီးဆုံးသွားပါပြီ။ နောက်ထပ်ရှိသေးတာကတော့ လူတိုင်းစိတ်ဝင်စားနေကြတဲ့ အိတ်ခ်ျပြည်နယ်ကနှီးနှောဖလှယ်ဆွေးနွေးပွဲပါ"

သူမကကျန်းရွှိနဲ့ ရှန့်ဖန်းယွိတို့ကို တစ်လှည့်စီလှမ်းကြည့်လိုက်ပြီးနောက် ရှန့်ဖန်းယွိထံ၌သူမမျက်လုံးများကို အခြေချလိုက်သည်။

"ဖန်းယွိ..ငါတို့နဲ့လိုက်ပါမယ့်သူတွေကို သေသေချာချာလေး စီမံခန့်ခွဲပြီးရွေးချယ်လိုက်ပါ"

အစည်းအဝေးပြီးတာနဲ့ ဒါရိုက်တာချွေ့ကထုံးစံအတိုင်း ပထမဆုံးထွက်သွားလေ၏။ သူမထွက်သွားသည်နှင့်တပြိုင်နက် ဆွေးနွေးပွဲခန်းမမှာ ချက်ချင်းသက်ဝင်လှုပ်ရှားလာတော့သည်။

ဒါရိုက်တာချွေ့ပြောသွားသော ဆွေးနွေးပွဲမှာသားဖွားမီးယပ်ဆိုင်ရာ ထိပ်သီးပညာရပ်နှီးနှောဖလှယ်ပွဲပင်ဖြစ်ပြီး နေရာပေါင်းစုံမှ ထိုနယ်ပယ်တွင် ထူးချွန်သော ထိပ်တန်းကျွမ်းကျင်သူများက အချင်းချင်းအိုင်ဒီယာများဖလှယ်ရန်အတွက် တက်ရောက်ကြရမည်ဖြစ်သည်။

"မင်းနဲ့ ဒေါက်တာကျန်းက ဒီဆွေးနွေးပွဲအတွက်အကြာကြီးတိုက်ခိုက်လာခဲ့ကြတာမလား?ငါ မှတ်မိပါသေးတယ်..မင်းတို့နှစ်ယောက်လုံး လွန်ခဲ့တဲ့နှစ်လကတည်းက ဒီဟာကိုလျှောက်ခဲ့ကြတယ်ဆိုတာ"

ရှန့်ဖန်းယွိ၏ သူငယ်ချင်းများနှင့်ကျောင်းသားများကား အလွန်အမင်း ပျော်ရွှင်နေကြသည်။ တစ်ဖက်တွင် ရှန့်ဖန်းယွိအတွက် ပျော်ရွှင်နေကြပြီး ကျန်တစ်ဖက်တွင် ရှန့်ဖန်းယွိက သူ့ရဲ့အဖွဲ့တွင်းမှလူများကို သေချာပေါက်ရွေးချယ်မည်ဖြစ်၍သူတို့အတွက် အခွင့်အလမ်းများပိုမိုရရှိလာနိုင်မည်ဖြစ်သည်။

"မနက်ဖြန်မနက်ကျရင် မင်းတို့ကို ကော်ဖီဝယ်တိုက်မယ်"ရှန့်ဖန်းယွိက သူ၏ အဖွဲ့သားများကိုပြောလိုက်၏။ "ရုံးခန်းထဲမှာလာယူဖို့ မမေ့ကြနဲ့နော်"

ထို့နောက် သူက ကျန်းရွှိရဲ့ စားပွဲကို အသာအယာပုတ်လိုက်ပြီး မျက်ခုံးကိုပင့်ကာ "မင်းရော လာမှာလား?"

ကျန်းရွှိကသူ့ကို အာရုံစိုက်မှုသေးသေးလေးပင် မပေးချင်၍ ဖိုင်တွဲကိုယူကာ ထွက်လာလိုက်၏။ ယွီစန်းက ကမန်းကတန်းဖြင့်ပင် လိုက်လာရပြီး သူ့နောက်တွင်တော့ ပျော်ရွှင်စွာအော်ဟစ်နေသော အသံများကိုချန်ထားခဲ့၏။ယွီစန်းက သူ့မျက်လုံးများကို လှိမ့်လိုက်ပြီး "ဒီမွာ ဘာကများ ပျော်စရာကောင်းနေလို့လဲ?ဒါရိုက်တာချွေ့က အရင်နှစ်က ကျွန်တော်တို့အဖွဲ့ကိုခေါ်တယ်။ ဒီနှစ် သူတို့အဖွဲ့ကိုခေါ်တယ်။ ဒါက ယုတ္တိရှိတာပဲကို"

သူ ထိုစကားများကိုပြောပြီးသွားသော်လည်း ကျန်းရွှိအားပြောလိုက်သေးသည်။

"အစ်ကိုကျန်း အခုတေလာ အစ်ကို့ပုံစံကလေ အခြေအနေမကောင်းသလိုပဲ"သူတကယ်တမ်းပြောချင်သည်ကဒါရိုက်တာချွေ့လည်း၎င်းကိုမြင်လိမ့်မည်ဟူ၍။

ကျန်းရွှိလည်း သူ့ကိုယ်သူ ဘာတွေဖြစ်နေမှန်း မသိပါချေ။ အစမှာတော့ သူပင်ပန်း၍အိပ်ငိုက်လာပြီး သူသတိလွတ်သွားပါကမတ်တပ်ရပ်ရင်းပင် အိပ်ပျော်သွားနိုင်သည်။ အခုနောက်ပိုင်းတွင် အစားစားချင်စိတ်ပါပျောက်ဆုံးလာ၏။ ၎င်းကို စိုးရိမ်လာသဖြင့်ဦးနှောက်ရေးရာဌာနနှင့် အစာအိမ်နှင်အူလမ်းကြောင်းဌာနတို့ကိုဦးနှောက်စစ်ဆေးဖို့နှင့် အစာအိမ်အတွက်စစ်ဆေးဖို့ ခေါက်တုံခေါက်ပြန်သွားခဲ့ရ၏။ စိတ်ရောဂါကုဌာနကိုတောင် သူသွားခဲ့သေးသည်။

သို့သော်လည်း စစ်ဆေးချက်အဖြေများမှာ မည်သည့်ပြဿနာမှမရှိပါဟုသာ ပြနေ၏။

ကျန်းရွှိမှာ သူ့ရဲ့အလုပ်ကြောင့် ညလုံးပေါက်နေရပြီး အိပ်ချိန်၊စားချိန်မမှန်သော်လည်း သူ့ခန္ဓာကိုယ်မှာ ဖြစ်ပေါ်လာသောပုံမှန်မဟုတ်သည့်လက္ခဏာတွေကို အမြဲသတိထားလေ့ရှိသည်။

ဒေါက်တာကျန်း၏ ဆောင်ပုဒ်သည်လည်း ရောဂါကိုစောစောစီးစီးရှာဖွေတွေ့ရှိသရွေ့ မကုသနိုင်သော ရောဂါမရှိဟူ၍ပင်ဖြစ်၏။

အစပိုင်း၌ သူ့ကိုယ်သူ လန်းဆန်းသွားစေရန် ကော်ဖီသောက်ဖြစ်၏။ သို့သော် နောက်ပိုင်းတွင် ကော်ဖီအနံ့က သူ့ကိုအန်ချင်လာစေပြန်သည်။ခွဲစိတ်ရသောအခါနှင့် လူနာများကိုကြည့်ရသောအခါတွင်တော့ ကြိုးစားပြီးနိုးနိုးကြားကြားဖြစ်ရန်အတွက် သူ့ကိုယ်သူတောင့်ခံနိုင်သေးသည်။ သို့သော် ကျန်အချိန်များတွင်တော့ ဖျားနာလာပြီး ထဖို့တောင် ခက်ခဲလာ၏။

သူ ညဂျူတီမရှိချိန်တွင် ညဘက် ဆေးရုံမှနေအိမ်သို့ပြန်လာတိုင်း ညစာတောင်မစားနိုင်ဘဲ အိမ်သို့ရောက်ရောက်ချင်း တန်းပြီးအိပ်ပျော်သွားတတ်ကာ ညလယ်ခေါင်တွင်ပင် တရေးနိုးမလာပါပေ။

အဆိုပါနေမကောင်းသောလက္ခဏာများက အလွန်ထူးဆန်းလွန်းလှပြီး အဆုံးစွန်အထိတွေးကြည့်ပါက ၎င်းသည်မည်သည့်ရောဂါမှမရှိခြင်း သို့မဟုတ် ကုသမရသည့်ရောဂါ နှစ်ခုသာဖြစ်နိုင်သည်။

ကျန်းရွှိသည် အဆိုးဘက်မှတွေးပြီးမနေထိုင်ချင်သည့်တိုင် သေလုမျောပါးဖျားနာမှုနှင့်ပတ်သက်နေသောအတွေးတို့ကို မရပ်တန့်နိုင်လေရာရှန့်ဖန်းယွိနှင့် ရန်ဖြစ်ရန်ပင် အားအင်ရှိမနေပါချေ။ သူ့ဘဝ၏ကျန်ရှိနေသည့်လအနည်းငယ်ကို ရှန့်ဖန်းယွိနဲ့ မငြင်းခုန်ရန်မဖြစ်ဘဲနေနိုင်လျှင်သေအေးအေးချမ်းချမ်းသေ၍ရပြီ။

သို့ထိတိုင် ဘဝ၌ စိတ်ချမ်းသာနေသူနှင့် ဝမ်းနည်းနေသူများက ရှိကြမြဲဖြစ်သည်။ အလုပ်ဆင်းချိန်ရောက်သည့်အခါသူတို့ထက်အသက်အနည်းငယ်ကြီးသော ဆရာဝန်တစ်ယောက်က သူ့ဖုန်းကိုကြည့်ရင်း တစ်ရုံးလုံးကြားအောင် ပြောလာပါ၏။

"ဒီည မပြန်ကြနဲ့တော့။ အားလုံးအတွက် McDonald'sတွေဝယ်ထားတယ်။ ဘေးဘက်ကဧည့်ခန်းထဲမှာ အတူစားကြရအောင်။ ဂျူတီရှိတဲ့သူတွေကလည်း ဘာစားချင်လည်း ပြောပါ။ မင်းတို့ဆီကို ဝယ်ပြီး ပို့ပေးလိုက်ပါ့မယ်"

ရှန့်ဖန်းယွိကမေးလာပါ၏။

"အစ်ကိုဝူ ပျော်စရာတစ်ခုခုများရှိနေတာလား ?"

ဝူရွေ့သည် ဆေးတက္ကသိုလ်Aမွ ဆေးကျောင်းသားတစ်ယောက်ဖြစ်ပြီးသူတို့၏စီနီယာလည်းဖြစ်သည်။ သူက ရှန်ဖန်းယွိနှင့် ကျန်းရွှိတို့ကဲ့သို့ အဆင့်တက်သည်မှာအလွန်မမြန်ဆန်ခဲ့သော်ငြား ကြင်နာတတ်ပြီး သူတို့ကိုလည်းကူညီခဲ့ဖူး၍ ရှန်ဖန်းယွိနှင့်ကျန်းရွှိတို့က သူနှင့်ကောင်းမွန်သောဆက်ဆံရေးရှိကြ၏။

"အဲ့ဒါတော့ လျှို့ဝှက်ချက်" ဝူရွေ့က မျက်လုံးများ မပေါ်တော့သည်အထိ ပြုံးလိုက်ပြီး "ခဏနေမှပြောပြမယ်"

သူကဖုန်းကိုယူလိုက်ပြီး ပြောပါ၏။

"ငါ့ကို ဘာစားချင်လဲသာ ပြောလိုက် ။ အခွင့်အရေးက နှစ်ခါမရဘူးနော်"

ဆရာဝန်များမှာ အမြဲလှုပ်ရှားသွားလာနေရပြီး အထူးသဖြင့် ခွဲစိတ်ခန်းဝင်ရသည့်အခါမျိုးတွင် မစားမသောက်ဘဲ အချိန်အကြာကြီး မတ်တပ်ရပ်နေရ၍ ကြက်ကြောနှင့် ကိုလာကဲ့သို့သော အရသာရှိ၍ဆီများသော အသင့်စားအစားအသောက်မျိုးကို စားရတာ နှစ်သက်ကြသည်။

ဝူရွေ့ကကျန်းရွှိ၏ ပုခုံးကိုပုတ်လိုက်လေရာသူရုတ်တရက်လန့်နိုးလာ၏။ ဝူရွေ့က သူအိပ်ပျော်နေမှန်းမသိပေ။ သူက ရှန်ဖန်းယွိနှင့်အတူမစားချင်ဖြစ်နေသည်ဟုထင်သွားပြီး နွေးထွေးစွာပြုံးလိုက်ကာ "ငါ့ကို မျက်နှာသာလေးပေးပြီး ဒီနေ့တော့မငြင်းပါနဲ့နော် ဟုတ်ပြီလား"

ကျန်းရွှိက ခဏလောက် စိတ်ရှုပ်ထွေးသွားရပြီးမှ သူတို့ညစာအတွက် တိုင်ပင်နေကြမှန်း သတိရသွား၏။ သူလည်း ဘာဖြစ်သွားမှန်းကိုမသိပါချေ။ခဏလောက် အာရုံပျံ့လွင့်သွားသောအချိန်လေးမှာပင် မယုံနိုင်လောက်အောင်ထပ်ပြီး အိပ်ပျော်သွားခဲ့ရခြင်းဖြစ်သည်။

သူ ရှန့်ဖန်းယွိကို မမြင်ချင်သည်ကမှန်လင့်ကစား ဝူရွေ့ကကြင်နာတတ်သည်။ သူ၏စီနီယာအစ်ကိုက ထိုသို့ပြောလာသောအခါ သူမည်သို့များငြင်းနိုင်မည်နည်း။

"ဟုတ်ကဲ့ပါ အစ်ကို သူ ကျွန်တော့်စိတ်ကို လာမဆွသရွေ့တော့ အဆင်ပြေပါတယ်"

"......"ဝူရွေ့က သူ့ကိုယ်သူ ပြောလိုက်မိသည်။
"အဲ့ဒါက နည်းနည်းခက်မှာတော့ ငါကြောက်တယ်"

ဝူရွေ့က သူ့ဘေးမှလူများနှင့် ပြုံးရွှင်စွာ စကားပြောနေသော ရှန့်ဖန်းယွိကို တစ်ချက်ကြည့်လိုက်သည်။ ထိုသူကချောမောစေကာမူ သူ၏ လျှာစောင်းထက်မှုကြောင့် ၎င်းကအသုံးမဝင်တော့ပေ။ ဒေါက်တာရှန့်က တခြားသူများအပေါ် ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံတတ်ဘဲ ကျန်းရွှိကိုသာ စိတ်ဝင်တစားထိုအတိုင်းပြုမူတတ်သည်။ သူက လူတိုင်းအပေါ် ကောင်းလွန်း၍ သူတွေးနေသောအတွေးကို မသိနိုင်ပါပေ။

ညစာစားပွဲ၌ လူအများအပြားရှိနေပြီးအချို့ကအစားအသောက်ယူရန်အတွက် ထွက်သွားကြ၏။ သူတို့က ဂျူတီကျနေသော ဆရာဝန်များအတွက် အစားအသောက်များကို အရင်ဖယ်ထားလိုက်ကြပြီး ကျန်သည်ကိုဧည့်ခန်းထဲသို့ ယူသွားကြသည်။ စားပွဲပေါ်တွင် အနီရောင်ဘူးများစွာရှိနေပြီး အလွန့်ကိုမှမွှေးကြိုင်လှကာ ရွှေအိုရောင်သမ်းနေသော ကြက်ကြော်နှင့်ကြက်တောင်ပံကင်တို့အပြင် လတ်ဆတ်သော ဆိုဒါအနံ့ကပါ ဧည့်ခန်းထဲမှာပြည့်နှက်သွားသောကြောင့်အခန်းထဲရှိ လူမ်ား၏ လက်ချောင်းတွေကို လှုပ်ရှားလာစေ၏။

ရှန့်ဖန်းယွိက ဝူရွေ့ဘေးဘက်မှာထိုင်နေပြီး သူသည် သူ့အရှေ့ရှိ အနီရောင်စက္ကူဘူးထဲမှ ကြက်ခြေထောက်ကြော်ကို တုံ့ဆိုင်းမှုမရှိဘဲ လှမ်းယူလိုက်သည်။ ကြက်သားကြော်ကို ကြွပ်ရွနေအောင်ကြော်ထားသည်။သူက တစ်ကိုက်မျှ ကိုက်လိုက်ပြီး ဝူရွေ့အားမေးလိုက်၏။ "သတင်းကောင်းက ဘာလဲဆိုတာပြောပါဦး?"

ဝူရွေ့က ထူးထူးခြားခြား ပြုံးလိုက်ပြီး "အဲ့ဒါက အတော်လေးဝမ်းသာစရာကောင်းတဲ့သတင်းပဲ။ငါ့မိန်းမမှာ ကိုယ်ဝန်ရှိနေပြီ"

"ဝိုး--"

ကျောက်တုံးတစ်တုံးက လှိုင်းများစွာဖြစ်ပေါ်လာအောင် လှုံ့ဆော်နိုင်၏။

အချိန်အတော်ကြာ ပျင်းရိနေခဲ့ကြသောဆရာဝန်အုပ်စုသည်ကား စားပွဲခုံများကိုရိုက်လိုက်ပြီးနောက် လက်ခုပ်သြဘာများပေးလာကြ၏။ကျီဟွားဆေးရုံမှာ ဆန်းသစ်မှုလေးများရှိပြီး အပန်းဖြေရန်ဧည့်ခန်းနှင့် gym ခန်းများကို အဆောက်အဦသက်သက် ခွဲထားကာ လူနာများအတွက် အသံဗလံများဖြစ်လာမည်ကို စိုးရိမ်စရာမလိုသည့်အပြင်ဆရာဝန်ပုံရိပ်ကိုလည်း ထိန်းသိမ်းထားနိုင်သည်။

ဘဝအသစ်ဖြစ်ပေါ်လာတော့မည့် သူလေးများကို သူတို့မြင်ဖူးနေကျဖြစ်သော်ငြား ထိုသို့သောသတင်းမျိုးကြားရတိုင်း ပျော်ရွှင်နေရဆဲပင်ဖြစ်သည်။အထူးသဖြင့် သူတို့နှင့် အချိန်အကြာကြီးအတူရှိခဲ့ပါသော လုပ်ဖော်ကိုင်ဖက်များထံမှ ထိုသတင်းမျိုးကြားရတဲ့အခါမျိုးမှာ ပို၍ပင် ဝမ်းသာကြရသည်။ ကံကောင်းသောကလေးငယ်လေးလောကကြီးထဲသို့ ရောက်လာရန် သူတို့စိတ်ရင်းနှင့်မျှော်လင့်မိကြ၏။

"Congratulations!"

"Congratulations အစ်ကိုဝူ!"

......

ကောင်းချီးပေးသံများဟာ အခန်းထဲတွင် ကျယ်လောင်စွာထွက်ပေါ်နေ၏။

"ကျေးဇူးပါ၊ကျေးဇူးတင်ပါတယ်!" ဝူရွေ့ကသူ၏လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး သူ့မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေကာ လူတိုင်း၏ ကောင်းချီးပေးမှုတို့ကို စိတ်လှုပ်ရှားစွာဖြင့်ပင် ခံယူနေ၏။

ကျန်းရွှိသည်လည်း Coke တစြ္ခက္ကို ကောက်ကိုင်လိုက်ပြီး ဝူရွေ့ဘက်ကို မြှောက်ပြလိုက်ကာ "Congratulations စီနီယာအစ်ကို" ဟု ပြောလိုက်၏။ "အစ်ကိုအရမ်းအလုပ်များနေတဲ့အချိန်တွေမှာ ကျွန်တော်တို့ကို အကူအညီတောင်းလို့ရပါတယ်"

ကျန်းရွှိက အနေအေးပြီးစကားနည်းနည်းသာ ပြောတတ်လင့်ကစား သူ၏ စဉ်းစားပေးတတ်မှုမှာ ဝူရွေ့နှလုံးသားကို ချက်ချင်း ထိမိသွားစေ၏။

ဝူရွေ့က သူ့ကို ကျေးဇူးတင်စွာ ကြည့်လိုက်ပြီး အဖွဲ့ကလူများကို ပြောလိုက်၏။

"တကယ်တော့ ဒီနေ့ ညစာစားဖို့ ဖိတ်ခေါ်ရတာက တခြား အကြောင်းအရင်းတွေလည်းရှိသေးတယ်"

ဝူရွေ့က ဆက်ပြောရမှာကို နည်းနည်းတွန့်ဆုတ်နေပြီး "ငါ့မိန်းမလည်း အများကြီးကြိုးစားခဲ့ရတယ်။ ငါသူနဲ့အတူတူရှိနေပေးချင်တယ်။ အဲ့ဒါကြောင့် အနာဂတ်မှာ ဌာနကအခြေအနေတွေကဘယ်လိုဖြစ်မလဲမသိပေမယ့်...ငါ့မိန်းမကိုလည်း အချိန်ပေးချင်သေးတယ်။ ဒါကြောင့် ငါ..ငါအကုန်လုံးကို ဒုက္ခပေးရတော့မှာပဲ ။ ဒါကြောင့် မင်းတို့အားလုံးကို ကြိုပြီးတော့ တောင်းပန်ပါတယ်"

ဤကိစ္စကအနည်းငယ်စိတ်ထိခိုက်စရာကောင်းသည်။ ပြောရလျှင် မည်သူကမှ သူတို့အလုပ်များကို ပိုမလုပ်ချင်ကြသော်ငြား ကံကောင်းသည်မှာ ဌာနရွိလူများမှာ သဘောထားကွဲလွဲမှုလည်းမရှိကြဘဲ ဆက်ဆံရေးလည်း ကောင်းမွန်ကြသည့်အပြင် ဝူရွေ့ သည်လည်းလူတိုင်းကို ကူညီတတ်၏။ ထို့ကြောင့် သူပါးစပ်ကိုဖွင့်လိုက်တဲ့ အချိန်ကတည်းကပင် လူတိုင်းက ပြုံးပြီး လက်ဝှေ့ယမ်းကာဖြင့် "စိတ်မပူပါနဲ့၊ အစ္ကို အဲ့ဒါကို ဂရုစိုက်စရာမလိုဘူး။ ကျွန်တော်တို့ကိုသာခေါ်လိုက်"

"ငါက.....ဟူး...." ဝူရွေ့သည် သူ၏လုပ်ဖော်ကိုင်ဖက်များက အင်မတန်စိတ်အားထက်သန်နေသည်ကို တွေ့လိုက်ရပြီး ဤသို့သောလေထုမျိုးမှာခဏတာ ခံစားသွားရသည်။ သူမထိန်းနိုင်လိုက်ပါဘဲမျက်နှာကို အုပ်ထားလိုက်ပြီး အသံက အနည်းငယ်တုန်နေလျက် "ငါက အရမ်းအလုပ်များလွန်းတယ်... သူမကို အချိန်ပေးပြီးအတူတူရှိမနေနိုင်ခဲ့ဘူး"

လေထုကအခြေအနေက ချက်ချင်းပင် ဒရမ်မာလမ်းကြောင်းဘက်ကို ပြောင်းသွားသည်ကို တွေ့လိုက်ရသည့်အခါ ရှန့်ဖန်းယွိ ကြက်တောင်ပံတစ်ခုကို လှမ်းယူလိုက်ကာ ဝူရွေ့ပါးစပ်ထဲသို့ တိုက်ရိုက်ထိုးထည့်လိုက်ပြီး ပုခုံးကိုပုတ်ကာပြောလိုက်၏။

"ရပါတယ် အစ်ကိုဝူရဲ့။အလုပ်ကအရေးကြီးတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ ဒါပေမယ့် မိန်းမက ပိုပြီးအရေးကြီးတယ် မဟုတ္ဘူးလား?ဒါပေမယ့် အခုချိန်မှာတော့ အစ်ကို့ပါးစပ်ထဲက ကြက်ကြော်လောက် ဘယ်ဟာကမှအရေးမကြီးဘူး "

သူပြောပြီးတဲ့အခါမှာပဲ ကျန်းရွှိက သူ့ကိုလှမ်းကြည့်နေတာကိုတွေ့လိုက်ရ၏။

ဝူရွေ့၏ ဝမ်းနည်းမှုမှာ ကြက်ကြော်၏ ကြားဝင်ဖြတ်တောက်မှုကြောင့် ရပ်တန့်သွားရသည်။သူ၏မျက်လုံးတွေက နီရဲနေဆဲဖြစ်ပြီးသူ့ပါးစပ်ကရယ်ချင်လင့်ကစား ရယ္မရေပ။ ထို့ကြောင့် ရှန့်ဖန်းယွိကို ကြိမ်းမောင်းနေရင်းမှပင် သူ့ပါးစပ်ထဲက ကြက်ကြော်ကို ထုတ်ယူလိုက်ရ၏။ "ဆိုးလိုက်တဲ့ ကေလး"


စာရေးသူမှာ ပြောစရာ ရှိပါတယ်_

အစ်ကိုဝူ -ငါ့မှာဝမ်းသာစရာ တစ်ခု ရှိတယ်။ငါ့မိန်းမမှာကိုယ်ဝန်ရှိနေပြီ။

ရှန်ဖန်းယွိ- ကျွန်တော့်မှာလည်း ပျော်စရာတစ်ခုရှိတယ်။ ကျွန်တော့်မိန်းမမှာလည်း -Shit ကျေးဇူးပြုပြီး မျက်နှာကိုမရိုက်လို့ရမလား။

ကျန်းရွှိ-ငါကမင်းအဖေကွ ။