အပိုင်း ၇
Viewers 11k


Chapter 7


တိတ်ဆိတ်လုနီးပါးဖြစ်သွားရသည့် ညစာစားပွဲလေထုမှာခပ်ကျယ်ကျယ်ရယ်သံများကြောင့် ပြန်လည်သက်ဝင်သွားတော့၏။ ကျန်းရွှိသည် ရှန့်ဖန်းယွိက သူ့ကိုလှမ်းကြည့်နေတာကို မြင်လိုက်ရတာမို့ ချက်ချင်းအကြည့်လွှဲလိုက်ပြီး ပြောလိုက်၏။

"အရမ်းမြန်တဲ့ တုံ့ပြန်မှုပဲ"

၎င်းက အခြေအနေများကိုထိန်းချုပ်နိုင်သော သူ၏စွမ်းရည်အပေါ် ချီးကျူးမှုတစ်ခုသာဖြစ်သည်။

ရှန့်ဖန်းယွိက အတော်လေးပျော်ရွှင်သွားရပြီး နောက်ထပ် ကြက်တောင်ပံတစ်ခုက်ိုယူကာ ကျန်းရွှိရဲ့ပါးစပ်ထဲသို့ တိုက်ရိုက်လှမ်းထည့်လိုက်၏။

ဆီနံ့အပြည့်ဖြင့် အရသာက ထွက်ပေါ်လာကာကျန်းရွှိ အနောက်သို့ ဆတ်ကနဲဆုတ်မိသွားရပြီး သူ့မျက်နှာမှာလည်းပြောင်းလဲသွားတော့၏။

အမှန်မှာမူ သူစဝင်လာကတည်းက စိတ်မသက်မသာဖြစ်နေရခြင်းပင်။ သူက များသောအားဖြင့် ကြက်ကြော်စားရသည်ကို ကြိုက်နှစ်သက်သော်ငြား အခုတေလာ ဆီအနံ့အနည်းငယ်ရခဲ့လျှင်ပင် ထိုအနံ့ကို သူ့အစာအိမ်ကလက်မခံနိုင်ပေ။ထို့ကြောင့် သူ colaသာသောက်ခဲ့ပြီး အာလူးကြော်နည်းနည်းသာစားခဲ့သည်။

သို့သော် ဆီနဲ့ကြော်ထားသောကြက်တောင်ပံက ယခုအချိန်မှာ သူ၏နှာခေါင်းနဲ့အနီးဆုံးမှာရှိနေပြီး ဆီနှင့်အသား၏ ပြင်းထန်သောအနံ့တို့က ကျန်းရွှိ၏ ထိလွယ်ရှလွယ် နှာခေါင်းပေါက်ဆီသို့ တိုးဝင်သွားကြတော့၏။

သူက ရှန်ဖန်းယွိကို ကြည့်လိုက်ပြီး ရုတ်တရက်ခေါင်းကိုငုံ့ကာ သူ့ပါးစပ်ကို အုပ်လိုက်သည်။

"အော့-"

မအော့အန်မိရန်အတွက် သူ့ကိုယ်သူထိန်းထားရသည်။

ဒေါက်တာကျန်းတစ်ယောက် သူ့ကိုယ်သူအရှက်မခွဲချင်သည့်တိုင် မတတ်နိုင်တော့ဘဲ ပါးစပ်ကိုအုပ်ရင်းမှပင် ရေချိုးခန်းဆီသို့တိုက်ရိုက်သွားလိုက်ပြီး ကြက်ခြေထောက်ကို ကိုင်ထားသည့် ရှန့်ဖန်းယွိကိုထိုနေရာမှာပင်ထားရစ်ခဲ့လိုက်သည်။

"ဒါက သူ့ရဲ့ ငါ့ကို စော်ကားတဲ့ နည်းလမ်းအသစ်လား"

ရှန့်ဖန်းယွိက ကြက်ခြေထောက်ကို ကိုင်ထားရင်းမှပင် တင်းမာစွာ ပြောလာ၏။

ခဏအကြာမှာတော့ သူက ကျန်းရွှိရဲ့ဘေးတွင်ထိုင်နေသော ယွီစန်းကိုမေးလိုက်၏။

"ငါက အရမ်းကိုရွံစရာကောင်းနေတာလား"

"ဒါကေတာ့ ဒေါက်တာကျန်းကိုပဲ မေးလိုက်သင့်တယ်။ ဖြစ်နိုင်တာကတော့ ခင်ဗျားက ဆွေးနွေးပွဲမှာ သူ့နေရာကို ခိုးသွားတော့ သူက ခင်ဗျားကို မမြင်ချင်လောက်အောင် စိတ်ဆိုးနေတာဖြစ်မယ်"

'ကိစ္စမရှိဘူး။ ကျန်းရွှိရဲ့ဘေးမှာရှိတဲ့သူတွေက အကုန်အတူတူပဲဆိုတာ ငါသိတာပဲလေ။ ခွေးတွေက သူတို့အစွယ်ကို ပါးစပ်အပြင်မှ မထုတ်နိုင်တာ။'

*ပြောချင်တာက ညံ့ဖျင်းတဲ့စကားတွေကိုပြောတဲ့သူတွေဆီက ဘယ်တော့မှစကားကောင်းထွက်မလာဘူးတဲ့ ။

ကြက်ခြေထောက် ကိုင်ထားသော သူ၏လက်ကိုတိတ်တဆိတ် ရုတ်သိမ်းလိုက်ပြီးနောက် ဘာမှမဖြစ်သလိုဟန်ဆောင်လိုက်လင့်ကစား ဝူရွေ့က အလေးအနက်ပြောလာပါ၏။

"ငါ့မိန်းမလည်း ဒီလိုပါပဲ။ သူက ခဏခဏ ပျို့လာတတ်ပေမယ့် အန်တဲ့အခါကျရင် အကြိမ်အများစုကတော့ ဘာမှထွက်မလာဘူး။ငါတို့အဲ့အချိန်တုန်းက အများကြီးမတွေးခဲ့မိဘူး။ငါတို့ကရောဂါတစ်မျိုးလို့ထင်ခဲ့ပေမယ့် သူကကိုယ်ဝန်ရှိလာခဲ့တယ်"

ရှန့်ဖန်းယွိက ထိုအကြောင်းကို တွေးတောနေခဲ့ပြီး ကျန်းရွှိက သုံးကြိမ်ခန့်အော့အန်ပြီး ပြန်လာသည့်အခါသူသည် စိတ်အားထက်သန်စွာဖြင့် ကိုယ်ကိုကိုင်းလိုက်ကာ အနည်းငယ် အားနည်းနေပုံရသော ဒေါက်တာကျန်းထံ ချဉ်းကပ်လိုက်ပြီး မေးလိုက်သည်

"ကျန်းရွှိ ဒီလို အော့အန်နေတာက မင်း ကိုယ်ဝန်ရှိနေတာတော့ မဟုတ်ဘူးမလား"


"ရှန့်! ဖန်း ! ယွိ!"

ကျန်းရွှိ ချက်ချင်းပဲ ထရပ်လိုက်ပြီး သူ့အနောက်က ကုလားထိုင်ကို ဘန်းကနဲမြည်အောင် ပြင်းပြင်းထန်ထန်တွန်းလိုက်၏။

ယွီစန်းက ကုလားထိုင်ကို ဂရုတစိုက် ပြန်ထားလိုက်ပြီး စကားစမြည်ပြောနေသောဆရာဝန်အားလုံးနီးပါးဟာလည်း အသံတိတ်သည်အထိတုန်လှုပ်သွားကြကာ ကျန်းရွှိ ကိုတလှည့် ရှန့်ဖန်းယွိ ကိုတလှည့်ကြည့်လာကြ၏။

ဒီနေ့ နောက်ထပ် ရန်ပွဲတစ်ပွဲ ထပ်ဖြစ်လာမှာတော့မဟုတ်လောက်ဘူးမလား?
သူတို့ကို မျက်နှာချင်းဆိုင်ထိုင်ဖို့ ဘယ်သူကများပြောခဲ့တာလဲ?
ဒါက လူတွေကို ရန်ဖြစ်ဖို့သွေးဆောင်နေတာမဟုတ်ဘူးလား?

ဝူရွေ့က ရှန့်ဖန်းယွိကို စိုက်ကြည့်လိုက်ပြီး သူ၏ယခုကဲ့သိုမိုက်မဲသည့် ပါးစပ်ပေါက်ကြောင့် ဆိုးဝါးသောအရာများက အနှေး နှင့်အမြန် ဖြစ်လာမည်ကို တွေးထားမိသည်။ သူ ကျန်းရွှိ၏နောက်ကျောကိုပုတ်လိုက်ပြီး "စိတ်လျှော့၊စိတ်လျှော့ အဲ့ဒါ ဒီအစ်ကို့ရဲ့ အမှားပါ။ငါ့မိန်းမမှာ ရှိတဲ့ ကိုယ်ဝန်လက္ခဏာအကြောင်း ဖန်းယွိကို ငါပြောပြလိုက်မိတာပါ။ ပြီးတော့ သူကလည်း မင်းကိုနောက်ပြောင်ရုံပါပဲ"

ရှန်ဖန်းယွိကို ခပ်စူးစူးစိုက်‌ကြည့်နေခဲ့သောကျန်းရွှိက အဆိုပါစကားကို ရုတ်တရက်ကြားလိုက်ရသည်တွင် တုန်လှုပ်သွားခဲ့ရသည်။

"ကိုယ်ဝန်ဆောင် လက္ခဏာများ" ဆိုသောစကားလုံးများက သူ၏နားမှတဆင့်စိတ်တွင်းသို့ သာမန်မျက်စိနဲ့မြင်နိုင်သည့်အရှိန်ဖြင့်အတူတိုးဝင်လာ၏။

မူးဝေခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း၊ဆီနံ့ကိုမနှစ်မြို့ခြင်း၊ ပျို့အန်ခြင်းနှင့် အော့အန်ခြင်းတို့က ဖတ်စာအုပ်ထဲရှိ ကိုယ်ဝန်ဆောင်လက္ခဏာများဖြစ်သည်။ သူက သားဖွားမီးယပ်အထူးကုဆရာဝန်ဖြစ်လေ၍ ဤလက္ခဏာများနှင့်ရင်းနှီးစေကာမူ ထိုအတွေးကို ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

ဝူရွေ့က သူ့ကို ထပ်ပြီး စကားမများရစေရန်ဖြောင်းဖျမည်အ စကားလေးတစ်ခွန်းလောက်နှင့် သူစိတ်လျှော့သွားမည်ဟုထင်မထားပေ။ ကျန်းရွှိက‌ တကယ်ကို...တိတ်ဆိတ်စွာပင် ထိုင်နေခဲ့၏။

သူ၏မျက်နှာအခြေအနေကမကောင်းသေးသည့်တိုင် ပျက်လိုပျက်ဆီးအငွေ့သက်များ ကပျောက်ကွယ်သွားပြီဖြစ်သည်။ဝူရွေ့က မယုံနိုင်စွာဖြင့်ကြည့်လိုက်ပြီးနောက်သူကိုယ်သူ ပြောလာပါ၏။

"ဒါဆို ငါ့စကားပြောစွမ်းရည်က အရမ်းကောင်းတာပဲ ။ ငါနှုတ်ထွက်ပြီး တရားရုံးမှာ ကြားဝင်စေ့စပ်ရေးအဖွဲ့ဝင်သွားလုပ်သင့်လား"

"ဒါပေါ့ နောက်လာမယ့် ငြိမ်းချမ်းရေး နိုဗယ်ဆု က အစ်ကိုဝူအတွက်ပဲ "ဆိုပြီး ရှန့်ဖန်းယွိက အလွန်ပူးပေါင်းဆောင်ရွက်တတ် သောပုံစံနဲ့ပြောလာ၏။ယနေ့တွင်ကျန်းရွှိကပါပူးပေါင်းဆောင်ရွက်နေ၍သူလည်းနည်းနည်းပဟေဠိဖြစ်နေ၏။

သိုသော် ကျန်းရွှိက တစ်ဖန်ရုတ်တရက်မတ်တပ်ထရပ်လာသည့်အခါ သူ ရှန်ဖန်းယွိနဲ့ ထပ်ပြီးရန်ဖြစ်တော့မည်ဟုလူတိုင်းတွေးမိလိုက်ကြသော်ငြား ထိုသူသည်ရုတ်ချည်းယွီစန်း၏ပခုံးကိုပုတ်ပြီးနောက်လေးလံစွာထွက်သွားလေ၏။

ယွီစန်းက သူ့ကို မရေမရာဖြင့်ကြည့်လိုက်ပြီးတခြားသူများကိုအကူအညီတောင်းရန်လှမ်းကြည့်လိုက်သောအခါမှာသူ၏လုပ်ဖော်ကိုင်ဖက်အားလုံးနီးပါးက အားပေးမှု၊ တိုက်တွန်းမှုတိုနှင့်အတူ သူ့ကိုပြန်ကြည့်နေတာကိုတွေ့လိုက်ရ၏။သူတို့၏အကြည့်မှာ "လိုက်သွား။မင်းဒီစစ်ပွဲကိုလုံးဝရပ်တန့်နိုင်မှာသေချာတယ်" ဆိုသည့်စာကြောင်းကို စာလုံးအကြီးကြီးဖြင့်ရေးထားသလိုမျိုး ပေါ်လွင်နေ၏။

ထို့ကြောင့် ယွီစန်းက သူ၏ပူပန်သောကများနေပါသောမျက်လုံးသည်တဖြည်းဖြည်း စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြစ်လာသည်။သူ၏ခေါင်းကိုခပ်မြင့်မြင့်မော့လိုက်ပြီးလူများ၏သူရဲ‌ကောင်းတစ်ယောက်ကဲ့သို ယုံကြည့်ချက်အပြည့်နှင့်ပင် ကျန်းရွှိရဲ့နောက်ကိုလိုက်သွားလိုက်၏။

ထို့နောက် ကျန်းရွှိက ခြေထောက်တစ်ဖက်ကို အနည်းငယ်ကွေးကာ နံရံကိုခပ်ယိုင်ယိုင်လေးမှီထားသည်ကို တွေ့လိုက်ရသည်။ သူက ခေါင်းကို ငုံ့ထားပြီး လက်တစ်ဖက်က သူ့နှာတံပေါ်တွင်ဖိကိုင်ထား၏။ ကြည့်ရသည်ပင်ပန်းနေပုံံပင်။ စကြံလမ်းက အဖြူရောင်မှိန်ပျပျ အလင်းရောင်က သူ့အပေါ် ကျရောက်နေပြီး ကျန်းရွှိက အခုတလော ကိုယ်အလေးချိန် အတော်ကျသွားသည်ကိုယွီစန်းသတိထားလိုက်မိပြီး သူဝတ်ထားသော ရှပ်အင်္ကျီပင် ဗြောင်ဖြစ်နေစေ၏။

သူရောက်လာတာကိုမြင်သည့်အခါ ကျန်းရွှိက သူ့ကိုလက်ယက်လှမ်းခေါ်ပြီး သူ့အနားကိုရောက်လာတာသည်အထိစောင့်ကာ အသံတိုးတိုးဖြင့်မေးလာပါ၏။

"လွန်ခဲ့တဲ့ နှစ်လက အခြားလူနဲ့အိပ်ဖြစ်ခဲ့တဲ့ လူနာက အခု မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ အစားအသောက်ပျက်တာ၊ ပင်ပန်းနွမ်းနယ်တာနဲ့ မူးဝေတာတွေ နဲ့ ကြုံနေရရင် အဲ့ဒါ ဘာရောဂါဖြစ်တာလဲ?"

ယွီစန်းက ဘယ်အချိန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျန်းရွှိ၏ ရုတ်တရက်မေး‌လာတဲ့မေးခွန်းများအပေါ် မှာ အလေ့အကျင့်ဖြစ်နေလင့်ကစား ယခုလို အခြေခံမေးခွန်းလေးကြောင့် အနည်းငယ်အံ့ဩသွားခဲ့သည်။ အနည်းငယ်ထူးဆန်းနေသော်ငြား သူပြန်ဖြေလိုက်မိ၏။

"ကိုယ်ဝန်ရှိတာ"

တွန်းအားတစ်ခုခုကို ဖိနှိပ်ရန်ကြိုးစားနေသလို အသက်ပြင်းပြင်းရှူရင်း မေးခွန်းကို ဆက်မေးခဲ့၏။ "ဒီလူနာက ယောကျာ်းလေးလူနာဆိုရင် ဘယ်လိုလုပ်မလဲ"

"...." မေးခွန်းက အတော်လေးအတိုင်းအတာထက်ကျော်လွန်နေ၏။

"ဘယ်လိုမျိုးလဲ" ယွီစန်းက မဝံ့မရဲနဲ့ ‌ "ပထမဆုံးစစ်တဲ့HCG ရဲ့ရလဒ်ကရော"
(* HCGဆိုတာရဲ့အရှည်‌ကောက်က Human chorionic gonadotropin ပါ ကိုယ်ဝန်ရှိမရှိစစ်ဆေးတာပါ)

ကျန်းရွှိ: "?"

ယွီစန်းက ထိုစကားကိုပြောပြီးနောက်ကျန်းရွှိပုံစံက သူ့အား နောက်စက္ကန့်အနည်းငယ်အတွင်းပင်လယ်ထဲကန်ချပြီး ငါးမန်းစာကျွေးတော့မည့်ပုံစံဖြစ်နေ၍ သူရုတ်တရက် စကားကိုအမြန်ပြောင်းကာ ပြောလိုက်ပြန်သည်

"ကျွန်တော်ကခေါင်းထဲမှာ တွေးမိတာကိုပြောပြရုံတင်ပါ။ အဲ့ဒါက အစာခြေလမ်းကြောင်း ပြဿနာလည်း ဖြစ်နိုင်တာပဲ"

ကျန်းရွှိသည် ဖျော့တော့တော့မျက်နှာနှင့်အတူခေါင်းကိုငိုက်စိုက်ချကာ သူ့ကိုလက်ဝှေ့ရမ်းပြရင်း " ငါဒီနေ့ နေလို့သိပ်မကောင်းလို့ အရင်ပြန်နှင့်မယ်လို့ သူတို့ကိုပြောလိုက်ဦး"

"အိုး....." ထွက်သွားသော ကျန်းရွှိကို ယွီစန်းကစိတ်ရှုပ်ထွေးစွာနဲ့ကြည့်နေလိုက်၏။

သူ နှစ်အကြာကြီး ကျန်းရွှိရဲ့နောက်ကိုလိုက်ခဲသည့်တိုင် ကျန်းရွှိ၏ယခုလိုပုံကိုပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ကျန်းရွှိ၏ပိန်ပါးသည့်နောက်ကျောပြင်ကိုကြည့်နေရင်းက ရုတ်တရက်လေပြင်းနှင့်အတူအဝေးကိုလွှင့်ထွက်သွားမလားဟူ၍စိုးရိမ်ကာ သူ့အားအစားများများစားပြီးအလုပ်အရမ်းမလုပ်ရန်ရုတ်တရုက်အကြံပေးချင်လာ၏။

သားဖွားမီးယပ်ဌာန ခွဲစိတ်ဆရာဝန်များက မြောက်မြားလှသည့်ခွဲစိတ်မှုများကြောင့်အမြဲလှုပ်ရှားသွားလာနေရပြီး လူလဲသည့်အခါ အလျင်စလိုသွားကြရသည်။ထို့ကြောင့် တစ်ခုခုပြောရန်အတွက် သူ၏ပါးစပ်ကို ဖွင့်လိုက်ချိန်မှာပင် ကျန်းရွှိက အဝေးသို့ ရောက်နှင့်နေပြီဖြစ်၏။ ထို့ကြောင့် သူဧည့်ခန်းဆီသို့သာ ပြန်လာလိုက်ရသည်။

အားလုံး ညစာ စားရန်အတွက်စုရုံးနေ၍ ရုံးခန်းထဲ၌ မည်သူမှမရှိကြပေ။ ကျန်းရွှိက သူ့၏ကွန်ပျူတာထဲ မှတ်တမ်းမှတ်ရာတွေကိုစိုက်ကြည့်ပြီး မိန်းမောတွေဝေနေခဲ့သည်။ဆယ်မိနစ်ကြာသည်အထိ သူပထမစာကြောင်းကိုပဲဖတ်မိနေခဲ့သည်။စိတ်အနှောက်ယှက်ဖြစ်လာပြီး သူကွန်ပျူတာကိုပိတ်လိုက်ပြီးနောက် အလုပ်ကနေပြန်ဖို့ပြင်လိုက်သည်။

အပြင်မှာ မှောင်မည်းနေပြီဖြစ်ပြီး သူအပေါ်ကိုမျှော်ကြည့်လိုက်သည့်အခါ လကို မြင်နေရသည်။

ဌာနအပြင်ဘက်မှာ အလွန်မြင့်မားသော ထင်းရှူးပင်တစ်ပင်ရှိပြီး ထင်းရှူးပင်၏ခက်ရင်းခွကဲ့သို့သော ခွကြားလေးတွင် ငှက်သိုက်တစ်ခုရှိသည်။ မိခင်ငှက်မကြီးသည် ငှက်ကလေးများကို မွေးပြီး အသိုက်၌ တက်ကြွစွာ ကျယ်ကျယ်လောင်လောင်နဲ့ အစာကျွေးနေ၏။

ကျန်းရွှိက ငှက်သိုက်ဆီကိုကြည့်နေသည့် အကြည့်ကို ခဏရပ်ပြီး ‌သစ်ပင်နောက်ကွယ်က ဆေးရုံအဆောက်အဦးဆီသို့ လှမ်းကြည့်လိုက်၏။

သူ မျက်လုံးကိုမှိတ်လိုက်ပြီးနောက် သူ့စိတ်ထဲမှာ မှတ်မိနေတဲ့ ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်၏။ "ဆေးစစ်ဌာနကလား?"

ညဘက် တိုက်ခတ်သော လေပမာ သူ့အသံက တိုးညှင်းနေခဲ့သည်။

"အင်း" အခြားတစ်ဖက်က ပြန်ဖြေလာပါ၏။

"ဘာဖြစ်လို့လဲ"

"အဲဒီမှာလုပ်များနေကြလား"

"အများကြီးတော့မဟုတ်ပါဘူး"

ကျန်းရွှိက သူ၏လုပ်ငန်းခွင်ကတ်ပြားအားလှန်လိုက်ပြီး ဓာတ်ပုံထဲက သူ့ကိုယ်သူ ကြည့်လိုက်ကာ"ကျွန်တော် အခု ဆီးနမူနာ ပို့ထားတယ်၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို HCG စစ်ဆေးမှုပြုလုပ်ပေးပါဦး။ ပြီးတော့ ကျွန်တော့်ရဲ့ personalအကောင့် ကျန်းရွှိ(သားဖွားမီးယပ်ဌာန)ထဲကနေ ငွေရှင်းလိုက်ပါ"

ဆေးရုံရှိဆရာဝန်များသည် သူတို့ကိုယ်တိုင်မဟုတ်ပါက သူတို့၏သူငယ်ချင်းများနှင့် ဆွေမျိုးများအတွက် များသောအားဖြင့် ပိုက်ဆံချွေတာရန် သူတို့၏နမူနာများ နှင့် စမ်းသပ်မှုများကို အနောက်တံခါးကိုဖြတ်ပြီး စစ်ဆေးတတ်ကြသည်။

ထို့ကြောင့် ဌာနပေါင်းစုံမှလုပ်ဖော်ကိုင်ဖက်များက ၎င်းကို မသိချင်ယောင်ဆောင်ထားကြ၏။သူတို့က ပုံမှန်ကဲ့သို့သော နာမည်မမေးဘဲ လူနာနှင့်ပတ်သတ်သည့် ဆေးစစ်ချက်မှတ်တမ်းများကိုသာ အဖြေယူ၍စစ်ဆေးချက်များကို သူတို့ထံ နမူနာယူလာပေးကြသည့်ဆရာဝန်ထံ တိုက်ရိုက်ပေးကြ၏။

ဒေါက်တာကျန်း ကိုယ်တိုင် ဆေးစစ်ချက်အတွက် အခကြေးငွေပေးသည်ကို အနည်ငယ် အံ့သြမိသော်ငြား ဆေးစစ်ဌာနမှတာဝန်ကျ ဆရာဝန်က မေးခွန်း ထပ်မမေးဘဲ ရလဒ်ထွက်မည့်အချိန်ကိုပြောလာပါ၏။

" ရလဒ်တွေ ကနောက်ကျမှ ထွက်လာနိုင်တာမို့ မစောင့်ပါနဲ့။ မနက်အိပ်ရာနိုးမှလာကြည့်လိုက်ပါ"

ကျန်းရွှိ: "အင်း"

ကျန်းရွှိသည် အိပ်မပျော်သည့်တိုင် သူအိပ်မပျော်ရခြင်းက ဆေးစစ်ဌာန ရလဒ်ကို စောင့်ဆိုင်းနေရခြင်းဖြစ်လေရာ သူ အိပ်ရေးပျက်ကြောင်းကိုတော့ သူ့ကိုယ်သူ လက်မခံနိုင်ပါပေ။

သူသည် ယောက်ျားတစ်ယောက်ဖြစ်သောကြောင့် ကိုယ်ဝန်နှင့်ဆင်တူသော လက္ခဏာများရှိလျှင်ပင် ၎င်းက ကိုယ်ဝန်မဖြစ်နိုင်သည်မှာအသေအချာပင်။

သူဓာတ်ခွဲခန်းတွင် စစ်ဆေးခဲ့သည့် အညွှန်းပြကိရိယာမှာ Human chorionic gonadotropin (HCG) က အစောပိုင်း ကိုယ်ဝန်ရှိကာစ levelအတွက်ဖြစ်သည်။ သို့တစေ ၎င်းက တကယ်မြင့်မားနေ ကိုယ်ဝန်ရှိနေသည်ဟုမဆိုနိုင်ပါချေ။ pituitary ကမောက်ကမဖြစ်မှု ဒါမှမဟုတ် ကင်ဆာအကျိတ်တစ်မျိုးမျိုး ဖြစ်နိုင်သည်။
(T/N: pituitary က ‌ဦးနှောက်အောက်မှာရှိပြီးတော့ ခန္ဓာကိုယ်ကြီးထွားဖြစ်ထွန်းမှုကိုအကျိုးပြုတဲ့ ဟော်မုန်းထုတ်တဲ့အကြိတ်ပါ)

ကျန်းရွှိသည်ပိုမိုဆိုးရွားသော အတွေးများဖြစ်သည့် ကင်ဆာ သို့မဟုတ် ကိုယ်ဝန်ရှိခြင်းနှင့်ပတ်သက်၍ အလေးအနက်တွေးတောခဲ့သေးသည်။

ရှန်ဖန်းယွိ၏ မျက်နှာသည်လည်း သူ့စိတ်ထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပေါ်လာရပြီး သူမေ့ထားခဲ့ပါသော ထိုညကအကြောင်းအရာအသေးစိတ်က သူ၏မှတ်ဉာဏ်ထဲကိုတဖြည်းဖြည်းပြန်ရောက်လာပြန်၏။

ဆေးစစ်ချက်ရလဒ်စောင့်နေရင်း သူစိတ်တိုလာရပြီး တကယ်ကိုစိတ်ဆင်းရဲသလိုခံစားနေရသည်။

သားဖွားမီးယပ်အထူးကုဆရာဝန်တစ်ယောက်က ယောက်ျားတစ်ယောက် ကိုယ်ဝန်ရနိုင်မလားဟု တွေးတောနေခြင်းကြောင့် အိပ်မပျော်နိုင်ဖြစ်နေရသည်ကလုပ်ဖော်ကိုင်ဖက်များအတွက်ရယ်စရာကောင်းလိမ့်မည်။

ဖုန်းမြည်လာသောအခါ အလောသုံးဆယ်ဖြင့်ဖွင့်ကာစမ်းသပ်ဆရာဝန်ဆီမှပေးပို့ထားတဲ့ဖိုင်ကိုဖွင့်လိုက်သည်။

အခုမှလောလောလတ်လတ် ဆေးစစ်ချက်အစီရင်ခံစာသည် အဖြူအမည်းနှင့် ဖြစ်ပြီး အညွှန်းတစ်ခုသာရှိသည်။

ကျန်းရွှိ ၏ မျက်လုံးများသည် ရင်းနှီးနေသော ညွှန်ပြချက်များနှင့် တစ်ဟုန်ထိုးတက်နေသော တန်ဖိုးများကို မျက်တောင်မခတ် စိုက်ကြည့်ရင်း သူ့မျက်လုံးတို့က အပေါက်တစ်ပေါက်အဖြစ် လောင်ကျွမ်းသွားတော့မလိုပါပင်။

စစ်ဆေးရေးကိရိယာတွေပျက်နေတာ ဒါမှမဟုတ်ကမ္ဘာကြီးက ရူးနေတာပဲဖြစ်ရမယ်။

သူသည် အိပ်ယာပေါ်မှထကာ ညတွင်းချင်း ထန်ခေါ့၏ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်၏။