အပိုင်း ၈
Viewers 11k



Chapter 8



နာရီဝက်အကြာ၌ မြို့တော်အေရှိ သားဖွားမီးယပ်ပုဂ္ဂလိကဆေးရုံတစ်ခုတွင်ဖြစ်၏။

ထန်ခေါ့က သမ်းဝေရင်းဖြင့်ပင် Ultrasoundရိုက်မည့်ကိရိယာများကို တပ်ဆင်နေပြီး သူ့မျက်လုံးများမှာ သေချာပွင့်မလာသေးပေ။ "ဒီလောက်ထိ ညနက်နေပြီကို မင်းကဘာလုပ်မလို့လဲ?"

ထန်ခေါ့က ကျန်းရွှိနှင့်ရှန့်ဖန်းယွိတို့ရဲ့ အတန်းဖော်ဟောင်းဖြစ်သည်။ သူဘွဲ့ရပြီးချိန် နေထိုင်ရ ပိုပြီးအဆင်ပြေရန်အတွက် ပြည်သူ့ဆေးရုံမှ ပုဂ္ဂလိကဆေးရုံသို့ ခပ်မြန်မြန်ပြောင်းရွှေ့ခဲ့၏။ သူက ကျန်းရွှိနှင့် ခိုင်မြဲသောဆက်ဆံရေးကောင်းရှိ သောကြောင့် သူ့ကို ညသန်းခေါင်မှာ လှမ်းခေါ်ခဲ့ခြင်းကိုပင် မကျေနပ်ကြောင်း အကြိမ်အနည်းငယ်လောက်သာ ညည်းညူပြောဆိုရင်းပြီးသွားလေ၏။

"ငါ သေလောက်အောင်နေမကောင်းဖြစ်နေတာထင်တယ်"

ထန်ခေါ့က အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီး "ဟင်?"

ကျန်းရွှိက ဖုန်းကို သူ့ရှေ့ ဖွင့်ပြလိုက်ပြီး ထိုစာမျက်နှာတွင် ယခုလေးတင်မှ ပို့ထားသည့်ဆေးစစ်ချက်ရလဒ်ရှိနေပါ၏။

"ဖာခ့်! ဒီလောက် မြင့်မားတဲ့ hcg အဆင့်က မင်းကောင်မလေးရဲ့ဟာလား" ထန်ခေါ့ က "မင်းမှာ ချစ်သူရနေတယ်လို့ ငါမကြားမိပါဘူး။မင်းက မြန်မြန်သွက်သွက်ကို လှုပ်ရှားလိုက်တာပဲ။ အခု မင်းမှာ ကလေးတောင်ရှိနေပြီ "

ကျန်းရွှိက ခဏလောက် တိတ်ဆိတ်သွားပြီးနောက် ထန်ခေါ့ကိုပြောလိုက်၏။ "ငါ့ဟာ "

"ကလေးက မင်းကလေးဆိုတာတော့ ငါသိတယ်လေ။ ငါဆိုလိုချင်တာက-"

"ဆေးစစ်ချက်ရလဒ်တွေက" ကျန်းရွှိက ထန်ခေါ့ရဲ့စကားကို မျက်နှာသေဖြင့်ပင် ဖြတ်ပြောလာ၏။

"ငါ့ဟာ"

ထန်ခေါ့က ချက်ချင်းနိုးကြားလာရပြီး ကျန်းရွှိရဲ့ လက်မောင်းကို မယုံကြည်နိုင်စွာလှမ်းဆွဲလိုက်သည်။

"မင်း ဘာပြောလိုက်တာလဲ"

သူ့အသံမှာ တဖြည်းဖြည်းကျယ်လောင်လာပြီး "ဒီလောက်မြင့်တဲ့ အဆင့် ဒါ...ဒါက.."

သူသည် ခဏမျှ စကားတွေပါ ထစ်သွားရပြီးနောက် သူ့ပါးစပ်က ဘာစကားမှထွက်မလာနိုင်တော့ပါချေ။ နောက်ဆုံးမှာတော့ စစ်ဆေးရေးကုတင်ပေါ် လဲလျောင်းနေပြီဖြစ်သော ကျန်းရွှိကိုသာအံ့သြစွာ ကြည့်နေနိုင်တော့၏။

ထန်ခေါ့က ultrasound gel ကိုလှမ်းယူရင်း အသံတိုးတိုးဖြင့်ပြောလာခဲ့၏။

"မင်းမှာ ကင်ဆာမရှိလောက်ပါဘူးနော်။ ဟုတ်တယ်မလား?"

ကျန်းရွှိက သူ့လက်ထဲက ဆေးgelကို ဆတ်ခနဲဆွဲယူလိုက်ပြီး သူ့ခါးပတ်ကို ဖြည်လိုက်ကာ ရှပ်အင်္ကျီရဲ့အနားစကို ပင့်တင်ရင်း ခပ်မြန်မြန် လိမ်းလိုက်ကာ ထန်ခေါ့ကိုလှမ်းကြည့်လာ၏။

ကျန်းရွှိ ထပ်မြင်လိုက်ရသည်ကUltrasound probeကို ကိုင်ထားရင်းဖြင့်ပင် တုန်လှုပ်ခြောက်ခြားနေသော မျက်နှာအမူအရာဖြင့် စိတ်ဝိညာဉ်လွင့်ထွက်သွားသလိုပုံစံမျိုး နှင့် လှုပ်ရှားရန်ပင်မေ့နေသော သူကိုပင်ဖြစ်သည်။ ကျန်းရွှိကစိတ်မရှည်စွာဖြင့် ပိုးသတ်ထားသော ကိရိယာကိုယူလိုက်ပြီးနောက် သူ၏ဝမ်းဗိုက်အရေပြားပေါ်တွင် ကပ်ထားလိုက်၏။

သူသည် ပရော်ဖက်ရှင်နယ် ဓာတ်မှန်ရိုက်ဆရာဝန်မဟုတ်သော်လည်း ဝမ်းဗိုက်နှင့်ပတ်သက်သောအခြေခံultrasoundလောက်ကိုအတော်လေးကျွမ်းကျင်နေဆဲပင်ဖြစ်သည်။ ထန်ခေါ့သည်လည်း သူလုပ်တတ်မှန်းသိသောကြောင့် အနှောင့်အယှက် မပေးခဲ့ပေ။ ယခုတွင် သူ့စိတ်ထဲ၌ ပုံမှန်မဟုတ်သော စစ်ဆေးချက်ရလဒ်များဖြင့် ပြည့်နှက်နေသေးသည်။ သူက ကျန်းရွှိကို အသက်ရှည်ရှည်မနေရမှာ စိတ်ပူနေခဲ့သည့်တိုင် စစ်ဆေးရေးကိရိယာ၏ ဖန်သားပြင်ကို ကြည့်ရန်ပင် သတ္တိမရှိပါချေ။

အချိန်အတော်ကြာ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု ပြုလုပ်ပြီးနောက် သူ့မျက်လုံးများကို လက်ဖြင့်အုပ်ကာ အကွက်များကိုပြသထားသော စစ်ဆေးရေးကိရိယာ၏ဖန်သားပြင်ကို ဂရုတစိုက်ဖြင့် လှမ်းကြည့်လိုက်၏။

တစ်ချက်ကြည့်ရုံမျှဖြင့်ပင် သူအလွန့်ကိုအံသြသွားရသည်။

"ဖာ့ခ်!"

"ပါးစပ်ပိတ်ထား!"

ကျန်းရွှိက မေးရိုးကိုတင်းထားလိုက်ပြီး အဖြူအမည်း ရှုပ်ထွေးစွာ တည်ရှိနေသည့် ဖန်သားပြင်ကို လှမ်းကြည့်လိုက်၏။အချိန်အတော်ကြာပြီးသည့်နောက် သူ၏ခေါင်းကို ခက်ခက်ခဲခဲငုံ့လိုက်ပြီး ချပ်ချပ်ရပ်ရပ်ရှိနေသောဗိုက်ကို ကြည့်လိုက်လေသည်။

နေရောင်နဲ့ သိပ်မထိတွေရ၍ဖြစ်မည်။ သူ၏ ခါးတစ်ဝိုက်နဲ့ဗိုက်က ဖြူဖွေးနေ၏။

သူသည် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းကြောင့် သူ့မှာ ဝမ်းဗိုက်ကြွက်သားများ အမြဲတမ်းရှိနေသော်လည်း ယခုတွင်တော့ သူထင်ယောင်ထင်မှားဖြစ်မိခြင်းလားမသိ၊သူ၏ကြွက်သားလိုင်းများမှာ အနည်းငယ်မှိန်လာသလိုမျိုး ခံစားလိုက်ရ၏။

သူ့ဝမ်းဗိုက်အောက်ပိုင်းတွင် gelများ ရှိနေဆဲဖြစ်ပြီး ထိုအရာများမှာ စေးကပ်ချောမွတ်နေကာ အတော်လေးကို အေးစက်နေပြီး ကျန်းရွှိ၏ အာရုံများနှင့် ဦးနှောက်ကို လှုံ့ဆော်လာ၏။

နှစ်ပေါင်းများစွာ ခွဲစိတ်မှုတွေကိုပြုလုပ်လာကာကျန်းရွှိ၏ တည်ငြိမ်သော အဆင့်မြင့် ခွဲစိတ်ရာလက်သည် ယခုအချိန်တွင်မဖော်ပြနိုင်အောင် တုန်လှုပ်နေပြီး သူ၏မငြိမ်မသက်ဖြစ်နေသော စိတ်ကို ထုတ်ဖော်ပြသနေ၏။

သူ၏နှလုံးသားထဲ တစ်ခုခု ပြုတ်ကျနေသည့်နှယ်ခံစားရသည်။ မဟုတ်သေး၊ ထိုအရာက သူ၏နှလုံးသားထဲမှာ အထပ်မြင့်အဆောက်အဦးများ ပြိုကျပျက်စီးနေသလို၊ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော ကမ္ဘာကြီးအပေါ် သူ၏အမြင်နှင့်သူလေ့လာထားရသည့်စာအုပ်များဆီမှ စုဆောင်းရရှိထားသည့် အတွေ့အကြုံ အားလုံး တစ်ချိန်တည်းမှာပင် ပြိုလဲပျက်စီးသွားရသည့်နှယ်။

၎င်းသည် အကျိတ်မဟုတ်၊ ၎င်းက ကင်ဆာလည်းမဟုတ်။

ထိုအရာက သန္ဓအေိတ်၊ သန္ဓသေားနှလုံးနှင့် သန္ဓသေားအဖူးအညှောင့်လေးဖြစ်ပြီး ဖွံ့ဖြိုးနေဆဲဖြစ်ကာ အားလုံးမှာ သေသေချာချာ ကြီးထွားမလာသေးပေ။ ထိုအရာများမှာ ကျောင်းစာအုပ်ထဲရှိ အစောပိုင်းကိုယ်ဝန်ကာလအား labelထိုးပြထားသော ပုံတွေကဲ့သို့ပင်ဖြစ်၏။

ကျန်းရွှိသည် အရင်က နည်းနည်းသာ အဝေးမှုန်သော်လည်း ယခုတွင်တော့ မျက်လုံးပါကန်းသွားနိုင်သည်ဟု တွေးထင်မိ၏။

"ကျန်းရွှိ" ထန်ခေါ့ မေးရိုးပြုတ်ကျလုမတတ် အံ့သြသွားရပြီး tissue boxကိုကိုင်ထားရင်းမှပင် စကားထစ်နေကာ "မင်း ...မင်း ငါ့ကို ရှင်းပြပါဦး"

ကျန်းရွှိသည် ကျန်နေသေးသော ဂျယ်များကိုသုတ်ရန်အတွက် တစ်ရှူးအနည်းငယ်ကို ယူလိုက်သည်။ ထို့နောက် အဝတ်အစားများကို ပြန်ပြင်လိုက်ပြီး ခါးပတ်ကိုပတ်ရင်း ထထိုင်လာပါ၏။

"ငါကမင်းရှင်းပြတာကိုပဲ ပိုလိုချင်နေတာ"

ထန်ခေါ့သည် မျိုးပွားမှုဆိုင်ရာဆေးပညာနှင့်ဇီဝဖွံ့ဖြိုးတိုးတက်မှုကို အထူးသုတေသနပြုလုပ်နေခြင်းဖြစ်သည်။

ကျန်းရွှိက လက်ဆန့်ထုတ်လိုက်ပြီး ထန်ခေါ့ကိုပြောလာပါ၏။

"စာရွက်နဲ့ ဘောပင်"

ထန်ခေါ့က ဘောပင် အမြန်ထုတ်လိုက်ပြီး အိတ်ကပ်ထဲက မှတ်စုစာရွက်ကို သူ့ထံ လှမ်းပေးလိုက်၏။ကျန်းရွှိကစာရွက်ပေါ်တွင် ဖြတ်ကတတ်ဆန်းဖြင့် ခပ်မြန်မြန်ရေးနေပြီး "ငါ ဒီ၂ရက်အတွင်းမှာ ခွဲစိတ်စရာတွေရှိတယ်။ ဒါပေမယ့် တနင်္ဂနွနေ့မှာ စစ်ဆေးဖို့ လာခဲ့ပါမယ်။ မင်းငါ့အတွက် စီစဉ်ပေးနိုင်မလား ။ မနက်ပိုင်းဆိုပိုကောင်းတယ်။ ငါကုန်ကျစရိတ် အကုန်ပေးပါ့မယ်"

"ဟေး ...ဟေး မင်း!"ထန်ခေါ့က စမ်းသပ်ကိရိယာများကိုကြည့်ပြီးနောက် ကျန်းရွှိကိုကြည့်လိုက်၏။

"ဒီလိုဖြစ်နေတာတောင် မင်းမှာ အလုပ်သွားဖို့ အတွေးရှိသေးတာလား?"

ကျန်းရွှိက သူ့ကိုတစ်ချက်ကြည့်လာ၏။

"ငါသိပြီ ...ငါသိပြီ ရှန့်ဖန်းယွိက မနားဘူးဆို မင်းလည်းမနားဘူးပဲ။ ဘွဲ့ရပြီးတာ နှစ်တွေကြာနေပြီကို မင်းတို့နှစ်ယောက် ဘာလို့ ဒီလောက်တောင် ကလေးဆန်နေရတာလဲ?" ထန်ခေါ့က ကျန်းရွှိနဲ့ အတန်းဖော်ဟောင်းများဖြစ်၍ သူတို့နှစ်ယောက်ကြားက မကျေနပ်ချက် တော်တော်များများ အကြောင်းကို သိ၏။

"လက်ဆွဲနှုတ်ဆက်ပြီး ငြိမ်းချမ်းရေးယူတာ ကမကောင်းဘူးလား?"

ထန်ခေါ့က ပြောလာ၏။

"အရင်က အတန်းထဲမှာ တတိယနေရာက ကောင်မလေးကို မှတ်မိသေးတယ်။ သူမက အတော်လေးလှပေမယ့် မင်းတို့ နှစ်ယောက်ကို မပြိုင်နိုင်ဘူးလေ။ ပြီးတော့ သူမက တတိယနေမှာပဲ အေးအေးဆေးဆေးနေတော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်လေ။ပထမနေရာအတွက် ဘယ်တော့မှ မပြိုင်တော့ဘူး”

သူသည် ultrasound ၏ ရလဒ်ကို မည်သို့ ရင်ဆိုင်ရမှန်းမသိသလို ပြောစရာစကားလည်းမရှိသည့် ကသိကအောက်အခြေအနေကိုရှောင်ရှားရန်အတွက် စကားလမ်းကြောင်းလွှဲလိုက်ပြီး "အဲ့တုန်းက သူမ ဟာသလုပ်ခဲ့သေးတယ်။မင်း ရှန်ဖန်းယွိနဲ့ ကြိုက်သွားရင် အရမ်းကောင်းမှာပဲတဲ့။အဲ့လိုသာဆို မင်းတို့နှစ်ယောက်က စာမလုပ်နိုင်တော့ပဲ ချစ်နေကြမှာဆိုတော့ စာမေးပွဲမှာ ပထမနေရာကို ရဖို့အခွင့်အရေးရပြီတဲ့"

"ဟား..ဟားဟား။" သူက တမင်သက်သက် အော်ရယ်လိုက်သည်။ သို့သော် ကျန်းရွှိ၏မျက်နှာမှာ အမူအရာကင်းမဲ့နေသည်၊သူသည် ကျန်းရွှိက ထိတ်လန့်လွန်ပြီးဆွံ့အသွားတာများလားဟု စိုးရိမ်မိလာ၏။

"ညီအစ်ကိုရွှိ မင်း သန်မာမှရမယ်။"

ထန်ခေါ့က သူ့လက်မောင်းကို ဆုပ်ကိုင်ထားပြီး ဤလူ ဂရုအစိုက်ဆုံးအရာနဲ့ သူ့ကို လှုံ့ဆော်ရန် ဆုံးဖြတ်လိုက်သည်။

"မင်းရူးသွားရင် အရာရာက ရှန့်ဖန်းယွိအတွက်အဆင်ပြေသွားလိမ့်မယ်နော်။ စဉ်းစားကြည့်...အဲ့လိုဆိုရင် ဆေးရုံရဲ့ သားဖွားမီးယပ်ဌာနက သူ့ကိုယ်ပိုင်ကမ္ဘာလိုဖြစ်သွားမှာပေါ့။ မင်းရဲ့ဘေးပတ်ပတ်လည်မှာ နေ့တိုင်း သူက မင်းအပေါ်လွှမ်းမိုးလာတာကို မင်းခံနိုင်လို့လား?"

ရှန့်ဖန်းယွိရဲ့ နာမည်ကိုကြားသည့်အခါ ကျန်းရွှိ မျက်ခွံများက တုန်လှုပ်သွားပြီး အားမရှိသလိုမျိုး ခံစားလိုက်ရသည်။

"ကျေးဇူးတင်ပါတယ် ဘုရားသခင်" ထန်ခေါ့သည် ကျန်းရွှိကသူ့ကိုစိတ်နှင့်ကိုယ်မကပ်ဖြစ်သည်အထိ စိတ်မလှုပ်ရှားသွားသည်ကို ကျေးဇူးတင်နေခဲ့ပြီးနောက် ကျန်းရွှိက "ငတုံး" ဆိုတဲ့ စကားနှစ်လုံးကို ရုတ်တရက် ပြောလာခဲ့၏။

ထန်ခေါ့: "?"

"ငါမင်းကိုပြောတာမဟုတ်ဘူး " ကျန်းရွှိက စာရွှက်နှင့်ဘောပင်ကို ထန်ခေါ့ဆီပြန်ပေးရင်း ပြောလိုက်၏။

"မင်း ဒီနေ့ ကြိုးကြိုးစားစားလုပ်ခဲ့ရတယ်။တနင်္ဂနွနေ့ စစ်ဆေးမှုပြီးရင် ငါညစာလိုက်ဝယ်ကျွေးပါ့မယ်"

သူကုတ်ကိုဝတ်လိုက်ပြီး အနည်းငယ် တွေဝေနေသော အမူအရာဖြင့်" နောက်ဆုံးစစ်ဆေးမှုရလဒ်တွေ ထွက်မလာခင်အထိ ငါ့ကို ဘာမှမမေးပါနဲ့"