Chapter 89
( ရွာကိုပြန်ရောက်လာပြီ)
"ဘာလဲ သူနဲ့ခဏလေးတောင် မခွဲနိုင်တော့ဘူးလား"
ဝေ့ထင် ပြောမပြနိုင်လောက်အောင် ဒေါသအလိပ်လိုက်ထွက်လာသည်။ ပုံမှန် သူအနားမရှိချိန်တွင် စုမုန့်နှင့် ရှန့်ကျန်းခွဲမရဖြစ်သည်ကို နားလည်ပေးနိုင်သည်။ သို့ပေမဲ့ အခုသူရှိနေရက်နှင့် ရှန့်ကျန်းသည် သူ့ကားပေါ်လိုက်ချင်နေသည်။ ဘယ်လိုတောင်များလဲ...
ထိုစကားများ ပြောပြီးနောက် သူ့ပုံစံသည် အနည်းငယ် ကလေးဆန်သည်ဟု ခံစားမိပြီး ကိုယ့်ကိုယ်ကိုယ် ပြန်ရယ်ချင်နေမိသည်။
"သူက ကျွန်မနဲ့အတူ ဆိုင်ကိုကူပေးနေတာလေ သူဘေးမှာရှိတော့ ကျွန်မလည်းပိုသက်သာတာပေါ့..."
စုမုန့်အကြည့်များပြန်ရုတ်လိုက်ကာ ပြတင်းပေါက်ဘက်သို့ အကြည့်လွှဲလိုက်သည်။
ဝေ့ထင်ကဆို၏။ "ကိုယ်လည်းကူပေးနိုင်ပါတယ်။"
"ရှင်ကလား" စုမုန့်ပြုံးကာ ဆက်ပြောလိုက်သည်။ "ထားလိုက်ပါတော့ ရှင်က ဖုန်းရွှေနဲ့ပတ်သက်ပြီး ဘာမှမှမသိတာ"
ဝေ့ထင် ခပ်ပါးပါးပြုံးရုံမှလွဲ ဘာမှပြန်မပြောပေ။ ကားမောင်းခြင်းအား အာရုံစိုက်ထားလေသည်။ သို့သော် သူ၏မျက်လုံးတွင်တော့ သူ၏စိတ်အခြေအနေအား ဖော်ပြထားလေသည်။
ရွာကလေးသည် အလွန်ပင်ဝေးပါသည် ထို့အပြင် ဝေ့ထင်၏ခန္ဓာကိုယ်သည် အပြည့်အဝပြန်မကောင်းသေးပေ။ နှစ်နာရီမျှကြာအောင် ကားမောင်းပြီးနောက် သူ၏မျက်နှာသည်လည်း ဖျော့တော့လာလေသည်။
စုမုန့် ဝေ့ထင်အခြေအနေမဟန်သည်အား ရိပ်မိသောအခါ
"ရှင်ဒဏ်ရာက ပြန်ကောင်းသေးတာမဟုတ်ဘူး...ကျွန်မဆက်မောင်းလိုက်မယ် ခဏနားလိုက်ဦး..."
"ကိုယ့်အကြောင်းကို ဂရုတစိုက်ရှိပေးတယ်ပေါ့..."
ဝေ့ထင်ကားအား ဘေးသို့ဖြည်းညင်းစွာချပြီး စုမုန့်နှင့်နေရာလဲပေးလိုက်သည်။
နေရာလဲပြီးနောက် စုမုန့်ခါးပတ်ပတ်ကာ ပြောလိုက်သည်။
"ကျွန်မက ရှင်ကားမမောင်းနိုင်မှာစိုးရုံပါ...ကျွန်မအသက်က ရှင်လက်ထဲမှာလေ..."
ဝေ့ထင်: "....."
ပြန်ကြားရမည့်အဖြေအတွက် သူစိတ်ပိုင်းဆိုင်ရာကြိုတင်ပြင်ဆင်ထားခဲ့သော်လည်း စုမုန့်ထိုမျှလောက် တည့်တိုးဆန်မည် မထင်ထားခဲ့ပါ။
သို့ပေမဲ့လည်း အမှန်တရားပင်ဖြစ်သည်။ သူ့အခြေအနေသည် မကောင်းသောကြောင့် တိတ်ဆိတ်စွာနားနေလိုက်တာက ပိုကောင်းမည်။
စုမုန့်စကားဆက်မပြောတော့ချေ ဝေ့ထင်သည်လည်း သူမကားမောင်းနေသည်အား မနှောင့်ယှက်ပေ။ သူသည် ခုံနောက်ကျောအားမှီကာ မျက်လုံးများမှိတ်၍ နားနေလေသည်။
.....
အချိန်အတော်တန်ကြာမောင်းပြီး နောက်ဆုံးတွင်တော့ ဦးတည်ရာသို့ရောက်ပြီဖြစ်သည်။ ရွာကလေးသည် သူမ လာစဥ်ကအတိုင်းပင် မပြောင်းလဲဘဲရှိနေသည်။ မည့်သည့်အရာမှ မဖြစ်ထားသကဲ့သို့ လူတိုင်းသည် ကိုယ်စီအလုပ် လုပ်နေကြသည်။
"ရှင် တိတ်တဆိတ်ပဲ စုံစမ်းထားတာလား...ရွာမှာ မူမမှန်တာ ဘာမှမဖြစ်ထားသလိုပဲနော် "
စုမုန့်ကားပါကင်ထိုးကာ ဝေ့ထင်ဘက်လှည့်၍ မေးလိုက်သည်။
ပုံမှန်အားဖြင့် ရွာလူကြီးသည် ရွာ၏အရှင်သခင်ပင်။ အထူးသဖြင့် ဤကဲ့သို့သော ခေါင်လွန်းသည့်အရပ်တွင်ရှိသော ရွာများတွင် ရွာလူကြီးသည် အရှင်သခင်ဖြစ်သည်။ အကယ်၍ ရွာလူကြီးသာ တစ်ခုခုဖြစ်သည်ဆိုပါက ထိုမျှလောက် အေးအေးဆေးဆေးနေနိုင်ကြမည် မဟုတ်ပေ။
"အင်း ဒီတိုင်းတွက်ချက်ကြည့်ထားရုံပဲ ဘာမှမလုပ်ထားဘူး...မင်းစစ်ဆေးချင်ရင် တောင်းဆိုလိုက် အကုန်ဖြစ်စေရမယ်..."
ဝေ့ထင် ဂရုတစိုက်နှင့် အလေးအနက်ပြောလာသည်။
တကယ်ဆို ဝေ့ထင်က တခြားလူအတွက် တွေးပေးတတ်တဲ့လူပါ။ အခုဘာဖြစ်သွားတာလဲ ဆေးမှားသောက်လာတာလား...စုမုန့် ဝေ့ထင်အား ကြာရှည်စွာစိုက်ကြည့်နေမိသည်။ ခန္ဓာကိုယ်အပိုင်စီးခံလိုက်ရတာလား ဒါမှမဟုတ် သူမလိုများ ပြန်မွေးဖွားလာတာလား...
စုမုန့် အလွန်အမင်း အတွေးလွန်သည်အား အပြစ်တင်၍မရနိုင်ပါ။ ဝေ့ထင်က ဘယ်တုန်းကမှ ယခုလိုမျိုး သူမကိုကောင်းကောင်းဆက်ဆံပြီး သူမစကားများကို နားထောင်ခဲ့သူမဟုတ်ပေ။
ေဝ့ထင်၏ ထိုပုံစံအား စုမုန့်မရင်းနှီးချေ။ သူမ အလျင်အမြန်ဟိုဘက်လှည့်ကာ ဝေ့ထင်ပြောခဲ့သည့်နေရာအား ဆက်လျှောက်ခဲ့လိုက်သည်။
ထိုနေရာသည် လူသေမြုပ်သည့် မြေကျင်းပင်ဖြစ်သည်။ သူမထိုအရာအားမြင်ဖူးသော်လည်း ဝေ့ထင်ပြောသည့် အနီးအနားက အခြားထူးဆန်းသည့်နေရာများကိုတော့ သူမမသိချေ။
ဝေ့ထင် သူမကိုပြောသည့်နေရာသည် အလွန်ကိုမှ ဝေးလွန်းလှသည်။ မြေကျင်းအား ဖြတ်သွားပြီးသည့်တိုင် အကွာအဝေးတော်တော်များများ လိုနေသေးသည်။
စုမုန့်မြေကျင်းမှ လျှောက်လာသည့်အခါ လွန်ခဲ့သောရက်အနည်းမှ ဖြိုချခံလိုက်ရသော အိမ်ပျက်အား သန့်ရှင်းထားသည်ကို တွေ့လိုက်ရသည်။ ပူဇော်ထားသည့်အရာများထားထားသော စားပွဲကြီးလည်း ရှိသည်။
ဒီကလူတွေ ပြောင်းရွေ့တာအရမ်းမြန်သည်။ အကုန်ပြီးစီးသွားပြီဖြစ်သည်။
မြေကျင်းအားဖြတ်ပြီး လမ်းအနည်းငယ်ဆက်လျှောက်ပြီးနောက် တောင်ခြေမှ လူနှစ်ယောက်ဆင်းလာသည်အား မြင်ရသည်။ ဝေ့ထင် တောင်ပေါ်အားလက်ညှိုးထိုးကာ ပြောလိုက်သည်။
"အဲ့ဒီအပေါ်မှာ..."
တောင်ကုန်းသည် အလွန်မက်စောက်သည်။ သိပ်မမြင့်သော်ငြား ချောမွတ်မနေ၍ လူများသည် ထိုတောင်ကုန်းအား မတက်ကြချေ။
စုမုန့် တောင်တက်ရာတွင် မကျွမ်းကျင်ပေ။ မြေကြီးအားကြည့်၍ မည့်သို့တက်ရမလဲ စဉ်းစားနေချိန် ဝေ့ထင်သည် တက်၍ပင်နေလေပြီ။
သူသည် တောင်တက်ကျွမ်းကျင်ပုံပေါ်ကာ ဒဏ်ရာများ မသက်သာသေးသော်ငြား ထိုအရာသည်သူ့အပေါ် မသက်ရောက်သည့်အတိုင်းပင် အလွန်လျင်မြန်လှသည်။ အချိန်တိုအတွင်းမှာပင် တောင်ထိပ်သို့ရောက်သွားလေပြီ။ သူ၏ လှုပ်ရှားမှုများသည် ပေါ့ပါးကာ ဖြတ်လတ်သည်။ မမြင်နိုင်သည့် စွမ်းအားများက သူ့အား ပံ့ပိုးနေသည်ဟုပင် ထင်ရသည်။
စုမုန့်: "....."
ဥက္ကဠတစ်ယောက်ဖြစ်သည့်တိုင် ဝေ့ထင်တွင် ထိုကဲ့သို့သော စွမ်းဆောင်ရည်ရှိနေသည်။ သူကအခုတည်းက ထိုအဆင့်ထိတောင် ရောက်နှင့်နေပြီလား...
စုမုန့် ယခုထိတိုင် ပူဆွေးနေချိန်တွင် ဝေ့ထင်သည် နောက်လှည်ကြည့်ကာ တောင်ကုန်းနားမှ ပျောက်ကွယ်သွားလေသည်။ စုမုန့် လေထဲလွင့်နေတဲ့ အကင်္ျီလက်အား ခေါက်တင်လိုက်ကာ စတက်တော့မည့်အချိန်မှာပင် အပေါ်မှကြိုးတစ်ချောင်းကျလာသည်။
"ဒီကိုလာနေကျလား ကြိုးတောင်ပြင်လာတယ်ဆိုတော့"
ဒီကြိုးသည် ဝေ့ထင်ကိုယ်တိုင် သူမလုံခြုံရေးအတွက်လုပ်လာခဲ့သော ကြိုးဖြစ်မည်မှန်း စုမုန့်တွေးမိသည်။ သို့သော် သူမခါးတွင် ကြိးချည်ပြီးသည်နှင့်...အပေါ်မှ ဝေ့ထင်၏ တိုက်ရိုက်ဆွဲတင်ခံရမည်ကို မမျှော်လင့်ထားမိခဲ့ချေ။
( ရုတ်တရက် ပျောက်ကွယ်သွားသော လူများ)
စုမုန့် ဝေ့ထင်၏ ကောင်းမွန်သည့်ရည်ရွယ်ချက်များအား ငြင်းပယ်လိုက်လေသည်။ သူမသည် တောင်ကုန်းတစ်ခုကိုပင် မတက်နိုင်သည်အထိ အားပျော့နေသူမဟုတ်ပေ။ ထို့အပြင် ဝေ့ထင်သည် လူနာဖြစ်သည်။ သူမကြောင့်ထပ်ပြီး အပြုတ်ကျခံခိုင်း၍ မဖြစ်ပေ။
အမှီပြုစရာတစ်ခုရှိသည်နှင့် သူမလျင်မြန်စွာပဲ တက်လာလိုက်သည်။ သူမအပေါ်သို့ရောက်မှ သတိထားမိသည်က ထိုနေရာတွင် လူတစ်ယောက် အရပ်ထက်၀က်မျှသာ မြင့်သော ဂူတစ်ခုရှိသည်။ ဂူ၀င်ပေါက်သည် သပ်ရပ်နေကာ သဘာ၀ဂူကဲ့သို့မဟုတ်ဘဲ လက်ရာေမြာက်ပြုလုပ်ထားသည်နှင့်တူသည်။
ဂူ၀င်ပေါက်နားတွင်မြက်ရိုင်းများပေါက်နေပြီး လူမလာသည်မှာ အလွန်ကြာပြီမှန်း သိသာလှသည်။ အောက်မှကြည့်လျှင် ၀င်ပေါက်အားမမြင်ရသည်မှာ မထူးဆန်းတော့ပေ။
"အထဲ၀င်ကြည့်ရအောင်" ဟုေပြာလျက်ပင် ဝေ့ထင်သည် ေခြကြွကာ အထဲသို့၀င်သွားသည်။ စုမုန့် အနောက်မှ နီးကပ်စွာလိုက်၀င်လိုက်သည်။
ဂူသည် မမှောင်သော်လည်း ကျယ်တော့ကျယ်သည်။ လူတစ်ယောက်စာထပ် ပို၍ကျယ်နေလေသည်။ သို့သော် လူနှစ်ယောက်ဘေးချင်းယှဉ်လျှောက်လို့ ရနိုင်သည်အထိတော့မဟုတ်ပေ။ ဝေ့ထင်သည် စုမုန့်လျှောက်လမ်းအား မမြင်ရဘဲ ချော်လဲမည်အား စိုးရိမ်နေသည်။ တစ်ဖက်တွင် ဓာတ်မီးကိုင်ထားပြီး ကျန်တစ်ဖက်မှ စုမုန့်လက်ေမာင်းအားဆွဲထားလေသည်။ စုမုန့်မခုခံနိုင်အားပါ။
စုမုန့် လမ်းလျှောက်နေစဉ် အကွာအဝေးအား တွက်ချက်နေမိသည်။ ခြောက်မီတာမျှသွားပြီးနောက်တွင်မူ ဝေ့ထင်စုမုန့်အား ခေါင်းငုံ့၍ ကိုယ်ညွှတ်ခိုင်းလေသည်။ ထို့နောက် ရုတ်ချည်း ပတ်ပတ်လည်သည် ပို၍ကျယ်လာပြီး နှစ်ယောက်လုံး အသေအချာမက်တပ်ရပ်နိုင်သွားသည်။
သူတို့လမ်းဆုံးသို့ရောက်လာသည်ပင်။ စုမုန့်ဓာတ်မီးအားဖွင့်ကာ ပတ်၀န်းကျင်အား မီးထိုးကြည့်သည်။ ဂူထဲတွင် ကျောက်တုံးများနှင့် လုပ်ထားသော ထောက်တိုင်များစွာရှိရာ သေချာစွာ ပေါ်လစ်တိုက်ခြင်းခံထားရသည်။ အထဲတွင် တိတ်ဆိတ်လွန်းသဖြင့် စုမုန့်ရေကျသံအား ကြားလိုက်ရသည်။ အသံသည် ညင်သာသော်လည်း ကျွတ်ဆတ်သည်။ သို့သော် သူမ ဓာတ်မီးဖြင့်ပတ်ပတ်လည်အား ရှာကြည့်လိုက်သည့်အခါ ေခြာက်သွေ့နေသော ေမြကြီးမှတစ်ပါး ရေမရှိချေ။
သူမနံရံတွင်း လျှောက်ပတ်ကြည့်ကာ အထဲတွင် လမ်းရှိမရှိ အတည်ပြုကြည့်သည်။ ရေကျသံတွေက ဘယ်နေရာကနေ လာတာပါလိမ့်။
"ထူးဆန်းတယ်လို့ ပြောတာ ဒီနေရာလား.."
စုမုန့်ဘေးသို့ ဝေ့ကြည့်လိုက်သည်။ ဤနေရာသည် အမှန်ပင် သူမအား တစ်ခုခုမှားယွင်းနေသည့် ခံစားချက်ပေးလေသည်။ ထိုကျောက်တိုင်များတွင် အစီအရင်များလုပ်ထားသည်ကို သူမ မြင်ရပေမဲ့ ဘာအတွက် လုပ်ခဲ့သည်ကိုတော့ ချက်ချင်းမဆုံးဖြတ်နိုင်သေးပေ။ အဘယ့်ကြောင့်ဆိုသော် ထိုကျောက်တိုင်များ ရှိနေသည်မှာ နှစ်ကြာရှည်ပြီဖြစ်သောကြောင့်ပင်။ သူမ အချိန်လိုအပ်သည်။
"ဒီနေရာမှာ ငါ့လူတွေ အရိုးစုတစ်ခုကို ကျောက်တုံးနောက်မှာ တွေ့ခဲ့တယ်။ အရိုးစုကိုတွေ့တွေ့ချင်း ကျောက်တုံးကိုဖယ်ကြည့်ခဲ့ပေမဲ့ ရုတ်ချည်း အဲ့လူပါ ပျောက်သွားခဲ့တယ်..."
ဝေ့ထင်သည် စုမုန့်အား ဂူ၏အတွင်းဘက်အကျဆုံးအပိုင်းအား လက်ညှိုးထိုးလျက် ေပြာလိုက်သည်။
စုမုန့်နားလည်လိုက်သည်။ ပျောက်သွားသည့်လူက သူ၏ လက်အောက်ငယ်သားဖြစ်ေသာကြောင့် စုမုန့်အား ကူညီရန် တစ်ချက်လာကြည့်ခိုင်းခြင်းပင်။
"အကြောင်းပြချက်မရှိဘဲနဲ့တော့ အသက်ရှင်နေတဲ့ လူတစ်ယောက်လုံး ကြီး ပျောက်သွားဖို့က မဖြစ်နိုင်ဘူး... ရှင့်လူတွေ ဂူထဲပတ်မရှာခဲ့ဘူးလား..."
စုမုန့်သူမ၏ ဖုန်းအားေမှာက်ကာ ဂူအတွင်းနံရံများအား ကြည့်လိုက်သည်။ ဂူသည် အတော်လေးကျယ်သော်ငြား ထွက်ပြေးစရာအပေါက်တော့ မရှိပေ။
"နောက်တော့ ကိုယ်တို့ ဂူတစ်ခုလုံးကိုရှာခဲ့ကြတယ် ထောင့်လေးတစ်ခုတောင် မလွတ်စေရဘူး ဒါပေမဲ့ ရှာလို့မတွေ့ခဲ့ဘူး သူက...ပါးလွှာတဲ့ လေထုထဲကို ပျောက်ကွယ်သွားသလိုမျိုး ကိုယ့်လူတွေထဲက တစ်ယောက်က ဖုန်းရွှေအကြောင်းသိတော့ ဒီကိုလာကြည့်သေးတယ် သူပြောတာတော့ ဒီနေရာက ထူးဆန်းနေတယ်တဲ့..."
ဝေ့ထင် ဖျော့တော့နေသော အသံဖြင့်ပြောလာသည်။
သူတို့ စုံစမ်းစစ်ဆေးရေးလုပ်စဉ် သူ့လူတွေေပြာသည်က လူကုန်ကူးသည့်လူက ဒီနားမှာ အလဲအလှယ်လာလုပ်ခဲ့တာတဲ့။ ဒါကြောင့် ဒီနေရာအားလာကာ သက်သေရှာခဲ့ကြသည်။ လာစဉ်က နှစ်ယောက်ဖြစ်သော်လည်း တစ်ယောက်က ရုတ်တရက်ပျောက်သွားခဲ့သည်။ ပြန်ထွက်လာသောလူသည် အတော်လေး တုန်လှုပ်ေခြာက်ခြားနေခဲ့ပြီး ဒီဂူအတွင်း၌ ထူးဆန်းသည့်အရာရှိကာ လူသားစားသည်ဟု ပြောဆိုနေခဲ့သည်။
.....
ပြန်ထွက်လာတဲ့သူက အရင်က ဖုန်းရွှေပညာရှင်ဆီကနေ အကူအညီယူဖူးသဖြင့် ထိုကဲ့သို့သော ကိစ္စများတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကာ မမှားနိုင်ပေ။
ထို့နောက် ဝေ့ထင် ဤနေရာအား ကိုယ်တိုင်လာပြီးရှာခဲ့သော်လည်း အနီးအနားတွင် မည့်သည့်အရိပ်အရောင်မှမတွေ့ချေ။
ပို၍ထူးဆန်းသည်က ဤဂူထဲတွင် ထွက်ပေါက်နောက်တစ်ခုမရှိပေ။ ထို့ကြောင့် ဂူထဲမှထွက်ပြေးသည်ဆိုသည့်အချက်သည် မဖြစ်နိုင်။ သူသည် ဂူထဲ၌ အချိန်ကြာမြင့်စွာ ရှာဖွေခဲ့ရာ မည်သူ့ကိုမှ မတွေ့ရသော်ငြား အန္တရာယ်တစ်စုံတစ်ရာတော့ မကျရောက်ခဲ့ပေ။ သူ၏မျက်လုံးထဲ၌ ဤနေရာသည် သာမန်ဂူတစ်လုံးထက် မပိုပေ။
အကယ်၍သာ သူ့၏ လက်အောက်ငယ်သား ရုတ်တရက် ပျောက်မသွားခဲ့လျှင် ဒီဂူနဲ့ပတ်သက်ပြီး တစ်ခုခုမှားနေတယ်ဆိုတာ သူလက်ခံနိုင်မည်မဟုတ်ပေ။
ဒီဂူတွင် အန္တရာယ်မရှိကြောင်း အတည်ပြုပြီးသည်နှင့် စုမုန့်အား လာကြည့်ပေးရန် တောင်းဆိုခဲ့သည်။
ပထမအချက် စုမုန့်၏အလုပ်သည် အမှန်တကယ် ထူးဆန်းနေသော်ငြား သူ့မျက်လုံးနှင့် စုမုန့်ကိုယ်တိုင် များပြားလှသော ထူးဆန်းသည့်ဖြစ်ရပ်များအား ဖြေရှင်းသည်ကို မြင်ပြီးပြီဖြစ်သည်။ ဒုတိယအချက်အနေနှင့် ဒါသည်စုမုန့်နှင့် အတူရှိနိုင်မည့် တစ်ခုတည်းသော အခွင့်အရေးဖြစ်ပြီး စုမုန့်အား ဘေးမှသူကာကွယ်ပေးမည်ဖြစ်သည်။
"အဝေးကပဲကြည့် အနားကပ်စရာမလိုဘူး"
အရိုးစုနားသို့ စုမုန့်လျှောက်သွားသည်ကို မြင်သောအခါ ဝေ့ထင်သူမနောက်မှ ထပ်ကြပ်မကွာလိုက်လာသည်။
စုမုန့်လက်ေမြာက်ကာ တွက်ချက်ကြည့်သည်။ သူမပြုံး၍ ပြောလိုက်သည်။
"စိတ်မပူနဲ့ ကျွန်မအဆင်ပြေပါပြီ"
ဝေ့ထင်သည် စုမုန့်အား နောက်ဆုံးတော့ ယုံကြည်သွားပြီဖြစ်သည်။ သူမအဆင်ပြေသည်အား ကြားပြီးနောက် သူမကိုအနှောင့်ယှက်မပေးတော့ဘဲ ဘေးမှတိတ်တဆိတ်သာ လိုက်လာသည်။ သို့မှသာ အချိန်မရွေး ကာကွယ်ပေးနိုင်မည်ဖြစ်သည်။
သူတို့အနားရောက်သည်နှင့် စုမုန့်နံရံပေါ်မှ အပေါက်အားတွေ့လိုက်သည်။ အရိုးစုသည် အပေါက်ထဲတွင် ထိုင်နေကာ ကလေးတစ်ယောက်ဖြစ်သည်။
ကလေးသည် ဤဂူအတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ စုမုန့်၏မျက်နှာသည် ရုတ်တရက် မှောင်မိုက်သွားလေတော့သည်။ အကယ်၍ လူကုန်ကူးသည့်လူတွေသည် ဤနေရာတွင် အလဲအလှယ်လုပ်ခဲ့သည်ဆိုပါက ထိုကလေးသည် လူကုန်ကူသည့်လူများ စွန့်ပစ်ခဲ့သော ကလေးမဖြစ်နိုင်ဘူးလား...
xxxxx