အပိုင်း ၆၆
Viewers 7k

Chapter 66




သွမ့်ချန်ချင်းသည် ယဇ်ဆရာအကြီးအကဲ၏ အကြောင်းကို တစ်ကြိမ်ထက်မနည်း ကြားခဲ့ဖူးသည်။ 


သို့သော် ယဇ်ဆရာအကြီးအကဲမှာ အလွန်လျှို့ဝှက်ဆန်းကြယ်ကာ သူ သိကျွမ်းဆက်ဆံခဲ့ဖူးသူများမှာလည်း ထိုသူနှင့် မရင်းနှီးကြချေ။ 


ထို့ကြောင့် သူက ယဇ်ဆရာအကြီးအကဲသည် သန်မာကာ နားလည်ရခက်သူ ဖြစ်ကြောင်းနှင့် မြင့်မြတ်မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ပုန်ကန်မှုကြောင့် တစ်ခုခု ဖြစ်သွားခဲ့ကြောင်းသာ သိထားသည်။ 


ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်မှာ လွန်စွာ အားနည်းလှပေသည်။ သူ့ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်အမြုတေ ရှိသည့်တိုင် အခြားသော ယဇ်ဆရာများကဲ့သို့ ကိုယ်ထဲမှ စိတ်စွမ်းအင်ကို မထုတ်ယူနိုင်ပေ။ 


သာမန်သူတစ်ဦးမျှသာ .. သာမန်သူထက်ပင် အားနည်းသည်ဟု ဆိုနိုင်သေး၏။ 


သာမန်လူတစ်ယောက်က ဘယ်လိုလုပ် ယဇ်ဆရာအကြီးအကဲ ဖြစ်နေနိုင်မှာလဲ ...


သွမ့်ချန်ချင်းက ထိုဖြစ်နိုင်ချေကို တစ်ကြိမ်တစ်ခါပင် မစဉ်းစားခဲ့ဖူးချေ။ 


သို့သော် ဝမ်ချဲ့က ယဇ်ဆရာအကြီးအကဲသည် မြစ်ထဲသို့ ပြုတ်ကျသွားခဲ့သည်ဟု ပြောလိုက်ကတည်းက သူ့စိတ်ထဲတွင် တစ်ခုခု မှားနေကြောင်း ခံစားမိခဲ့သည်။ ယခု ဓာတ်ပုံကို မြင်လိုက်သည့်အခါ ကိစ္စတစ်ခုအား အသေအချာ သိသွားတော့၏။ 


ဒီခန္ဓာကိုယ်ရဲ့ မူလပိုင်ရှင်က ယဇ်ဆရာအကြီးအကဲပဲ ...


တစ္ဆေဘုရင်က သူ့ကို ယဇ်ဆရာအကြီးအကဲရဲ့ ဘေးနားက တိုက်ခိုက်သူလို့ ထင်ထားခဲ့တာ ... ဒါပေမယ့် တကယ်တမ်းတော့ သူက ယဇ်ဆရာအကြီးအကဲ ဖြစ်နေခဲ့တာလား ...


သူတို့က ရှဲ့ယွင်နန်မှာ ယဇ်ဆရာအကြီးအကဲရဲ့ အမွေတွေ ရှိနေတယ်လို့ လုပ်ကြံ ပြောခဲ့ပေမယ့် ... ဒါက တကယ်ကြီး အမှန်ဖြစ်လာလိမ့်မယ်လို့တော့ လုံးဝ တွေးမထားမိဘူး ...


သူက ဓာတ်ပုံကိုသာ ငေးကြည့်နေသည့်အတွက် ဝမ်ချဲ့က ပြောလိုက်သည်။ 


“ယဇ်ဆရာအကြီးအကဲက ကလေးလေးပဲ ရှိသေးတာ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ လူသတ်သမားရဲ့ လုပ်ကြံသတ်ဖြတ်တာကို ခံလိုက်ရ ...”


“ကလေး ဟုတ်လား ...”


သွမ့်ချန်ချင်းက တုန်လှုပ်သွား၏။ 


ဝမ်ချဲ့က ပြောလိုက်သည်။ 


“သူက မင်းနဲ့ အသက်အတူတူလောက်ပဲ မင်းထက်တောင် ပိုပိန်သေးတယ် ...”


“ဒီဓာတ်ပုံကနေ ...”


“ဒီကလေးက သူ့အားနည်းချက်တွေကို ထုတ်မပြချင်ဘူးလေ အဲဒါကြောင့် သူ လူရှေ့ထွက်ရမယ်ဆိုတိုင်း အဝတ်အထူကြီးတွေကိုပဲ ဝတ်ခဲ့တာ ..."


ဝမ်ချဲ့မှာ အသက်အားဖြင့် မငယ်လှတော့။ သူနှင့် သက်တူရွယ်တူများသည် ခြေဦးတည့်ရာ လျှောက်ပတ်သွားရခြင်းကို နှစ်သက်ကြပေသည်။ 


“ယဇ်ဆရာအကြီးအကဲက အမြဲတမ်း မျက်နှာဖုံး တပ်ထားတာလေ သူ့ကို အတုလား အစစ်လား ခွဲနိုင်မယ့် နည်းလမ်းရော ရှိလား ...”


သွမ့်ချန်ချင်းက ထပ်မေးလိုက်သည်။ 


“မရှိဘူး ဒါပေမယ့် မြင့်မြတ်မြို့တော်ကတော့ ခွဲခြားနိုင်လိမ့်မယ် ...”


သူက ယဇ်ဆရာအကြီးအကဲ ဟုတ်မဟုတ် အတည်ပြုနိုင်ရန် ရုပ်အလောင်းကို မြင့်မြတ်မြို့တော်သို့ ပြန်လည်သယ်ဆောင်သွားရမည် ဖြစ်သည်။


သွမ့်ချန်ချင်း အနေဖြင့် ဤခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပြီးချိန်မှစကာ မူလကိုယ်၏ ကောင်းမွေ ဆိုးမွေ အားလုံးကို လက်ခံရမည် ဖြစ်သည်။ 


သူ မသိထားစဉ်က အဆင်ပြေသော်ငြား ယခုမူ သူ သိသွားပြီ ဖြစ်သည့်အတွက် ... သွမ့်ချန်ချင်းက ထိုသူကို မှတ်မိသွားဟန်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။ 


သို့သော် ထိုသူက သူ့ကို လုံးဝ မမှတ်မိ။ 


သူက ပြောလိုက်သည်။


“တကယ်တော့ ကျွန်တော့်ကိုလည်း ယွင်နန်က မြစ်ထဲကနေ ဆယ်လာတာ ...”


ဝမ်ချဲ့က ပဟေဠိ ဖြစ်သွားသည်။


“ပြီးတော့ ကျွန်တော်က အတိတ်လည်း မေ့နေတာလေ ... ကျွန်တော်က ယဇ်ဆရာအကြီးအကဲ ဖြစ်နိုင်လောက်တယ်လို့ မထင်မိဘူးလား ...”


“ဟာ့ .. အိပ်မက်ပဲ မက်နေလိုက် ...”


ဝမ်ချဲ့က ဒေါသတကြီး လှည့်ထွက်သွားတော့သည်။


ဒီသွမ့်ချန်ချင်းက ယဇ်ဆရာအကြီးအကဲလို့တောင် ဟန်ဆောင်ချင်နေသေးတယ် .. အတင့်ရဲလိုက်ပုံများ ...


လျစ်လျူရှုခံလိုက်ရသော သွမ့်ချန်ချင်းလည်း သက်ပြင်းအသာချကာ ပြန်လည်သက်သာလာရေးတွင်သာ အာရုံစိုက်ထားလိုက်တော့သည်။ 


သူက ယဇ်ဆရာအကြီးအကဲ ဆိုပေမယ့် အဲဒါကို သက်သေပြစရာ နည်းလမ်းလည်း မရှိဘူး ...


ဘယ်လောက်တောင် ရှက်စရာ ကောင်းလိုက်သလဲ ...


သွမ့်ချန်ချင်းက မိုးလင်းသည်အထိ နှစ်နာရီဆက်တိုက် ကျင့်ကြံနေလိုက်သည်။ ထို့နောက် ဝမ်ချဲ့က သူ့ကို လာခေါ်ကာ ဟုန်ယဲ့တောအုပ်ထဲသို့ ဝင်သွားကြတော့သည်။ 


တစ်ချိန်တည်းမှာပင် တိုက်ခိုက်ရေးနည်းလမ်းများကို ညလုံးပေါက် သင်ယူနေခဲ့သည့် ရှဲ့ယွင်နန်ကလည်း သူ့ကို လာရောက်ကယ်တင်ရန် ပြင်ဆင်လိုက်သည်။ 


“ငါလည်း အတူတူ လိုက်ခဲ့မယ် ...”


တစ္ဆေဘုရင်က ပြောလိုက်သည်။ 


သွမ့်ချန်ချင်း အဖမ်းခံရကာစက တစ္ဆေဘုရင်သည် လွန်စွာတည်ငြိမ်နေခဲ့သည်။ သူက သွမ့်ချန်ချင်းမှာ များမကြာမီ ကိုယ်တိုင် ပြန်ရောက်လာလိမ့်မည်ဟု တွေးထား၏။ 


မည်မှပင် အခြေအနေ ဆိုးနေပါစေ သွမ့်ချန်ချင်းက သူ့ကို ဆက်သွယ်သင့်ကာ သရုပ်ဆောင်ရန် ပူးပေါင်းခိုင်းသင့်ပေသည်။ 


သို့သော် တစ်ည ကုန်လွန်သွားသည့်တိုင် ပြန်မလာခဲ့။ 


သွမ့်ချန်ချင်းက ဒုက္ခရောက်နေတာလား ...


ဒါမှမဟုတ် တစ်ခြား တစ်ခုခု ဖြစ်နေလို့လား ...


သူ့ပေါင်လုံးကို ဖက်ပြီးနောက် ရှဲ့ယွင်နန်က စီနီယာအဆင့်သို့ ရုတ်တရက် ရောက်ရှိသွားသည့်တိုင် တစ္ဆေဘုရင်သည် သားဖြစ်သူ တစ်ကိုယ်တော် လှုပ်ရှားမည်ကို စိုးရိမ်နေဆဲပင်။ ထို့ကြောင့် သူပါ လိုက်ခဲ့ရန် ပြင်ဆင်လိုက်၏။


“သူတို့က ကျွန်တော့်ကို တစ်ယောက်တည်း လာခိုင်းထားတာ ...”


ရှဲ့ယွင်နန်က စိုးရိမ်မိနေသည်။ သူက သွမ့်ချန်ချင်း တစ်ခုခု ဖြစ်သွားမည်ကို စိတ်ပူရုံသာမက ဖခင်ဖြစ်သူ သူနှင့် အတူ လိုက်လာပါလျှင် ထောင်ချောက်ထဲ ဝင်သွားမည်ကိုပါ စိုးရိမ်မိနေခြင်း ဖြစ်သည်။ 


“ရုပ်ဖျက်ပြီးနောက်ပိုင်း ဒီကမ္ဘာပေါ်မှာ ငါ့ခြေရာလက်ရာကို လိုက်ရှာနိုင်တဲ့သူဆိုလို့ လက်တစ်ဆုပ်စာလောက်ပဲ ကျန်တော့တာ ပြီးတော့ အဲဒီ့လူအိုကြီးကို ငါ ကောင်းကောင်းသိတယ် သူ လုံးဝ ငါ့ကို ရှာနိုင်မှာ မဟုတ်ဘူး ...”


သူက ပြန်ပြောလိုက်သည်။ 


သူက ယဇ်ဆရာအကြီးအကဲ၏ ဘက်မှ နဝမအဆင့် တိုက်ခိုက်သူဖြစ်သော ဝမ်ချဲ့ကို ကောင်းကောင်း သိထားပေသည်။ 


အတိတ်က သူနှင့် ဝမ်ချဲ့သည် အင်အားချင်း အတူတူ ဖြစ်သော်ငြား ယဇ်ဆရာအကြီးအကဲ၏ ကုသမှုကြောင့် ဝမ်ချဲ့မှာ ပိုမိုသန်မာလာကာ တိုက်ခိုက်လျှင်လည်း အနိုင်ရနိုင်ချေ ပိုများလာခဲ့သည်။ 


သို့သော် ယခုမူ အခြေအနေတို့က ကွဲပြားသွားချေပြီ။ 


သူ့ကိုယ်ထဲရှိ ဒဏ်ရာများ အပြည့်အဝ ပြန်မသက်သာသေးသည့်တိုင် သွမ့်ချန်ချင်း ပေးထားသည့် ကျင့်စဉ်များကို လေ့ကျင့်ပြီးနောက် အင်အားများစွာ တိုးပွားခဲ့သည်။ 


သူက အဲဒီ့ အောက်တန်းစားကောင်ကို သေချာပေါက် အနိုင်တိုက်နိုင်တော့မှာ ...


ထို့အပြင် သူ၏ လက်ရှိ ကိုယ်ယောင်ဖျောက်သည့် စွမ်းရည်မှာလည်း ယခင်ကဲ့သို့ မရိုးရှင်းတော့။ 


ဟို ရှစ်ဟိုင်ယွမ်ဆို တအားကို ကြောက်သွားလို့ သူ့ကိုမြင်တိုင်း ပုန်းနေတာပဲ ကြည့်လေ ...


သူက ရှဲ့ယွင်နန်နှင့်အတူ လိုက်လာရန် စိတ်ပိုင်းဖြတ်ထားပြီး ဖြစ်သည့်အတွက် ရှဲ့ယွင်နန်လည်း ရွေးစရာမရှိ၊ လိုက်လာခွင့် ပြုလိုက်ရတော့သည်။ 


လူကယ်ရန် ပြင်ဆင်နေစဉ် တစ်ဖက်တွင် လျောင်မုယဲ့ကလည်း ရုပ်ဖျက်ကာ ဟုန်ယဲ့မြို့မှ ထွက်ခွာသွားသည်။ 


သူက အစောကတည်းက ထွက်လာချင်သော်ငြား ဆက်ပြီး သည်းခံနေခဲ့သည်။ ပုန်းအောင်းနေစဉ်အတွင်း သူ့လူများအား ဆက်သွယ်ကာ သူပုန်တပ်ဖွဲ့၏ အင်အားစုများအကြား ဆက်ဆံရေးကို သွေးထိုးရန်လည်း ညွှန်ကြားခဲ့သည်။ 


အတိတ်ဘဝတွင် သူသည် ယခုအချိန်၌ မြို့အရှင် ဖြစ်နေပြီဖြစ်သည်။ ထိုစဉ်က သူ့ကို ကန့်ကွက်သူ များစွာ ရှိခဲ့ကာ နေရာတိုင်းတွင် သူ့ကို ပစ်မှတ်ထားခဲ့ကြသည်။ 


ဟုန်ယဲ့မြို့တော်ရှိ အထက်တန်းလွှာမိသားစုများနှင့် တစ္ဆေဘုရင်၏ အင်အားကိုပါ နောက်ခံအဖြစ် ပိုင်ဆိုင်ထားသောကြောင့် ထိုသူများက သူ့ကို မည်သို့မှ မကြံစည်နိုင်၊ ဆူဆူညံညံ အသံများသာ ပြုလုပ်နိုင်ခဲ့ကြသည်။ 


ယခုအချိန်တွင် ရှဲ့ယွင်နန်သည် အဆင့်နိမ့်ယဇ်ဆရာတစ်ဦးသာ ဖြစ်သေးသည့်အပြင် သူ့နောက်တွင် တစ္ဆေဘုရင်တစ်ဦးတည်းသာ ရှိနေရာ .. ထိုလူများက ပို၍ပင် မကျေမနပ် ဖြစ်ကြပေလိမ့်မည်။ 


သူ မျှော်လင့်ထားသကဲ့သို့ပင် ရှဲ့ယွင်နန်အား အပြစ်ရှာမည့်သူတစ်ဦး ထွက်ပေါ်လာခဲ့၏။ 


သူက ရှဲ့ယွင်နန်ကို ကံဆိုးပြီလို့ ထင်ထားတုန်းပဲ ရှိသေးတယ် .. အဲဒီ့တစ်ယောက်က စီနီယာအဆင့်ကိုတောင် ရောက်သွားပြီတဲ့လား ...


ယဇ်ဆရာအကြီးအကဲ ချန်ထားတဲ့ ရတနာက ဟိုအံ့ဖွယ်ဆေးပင်ထက် အများကြီးကို ပိုပြီး အသုံးဝင်တာပဲ ...


ဒီလို တွေးလိုက်မှ .. အဲဒီ့အလောင်းကို သူ အမိအရ လိုက်ရှာခဲ့လိုက်ရမှာ ...


ယခုမူ ရှဲ့ယွင်နန်က စီနီယာအဆင့် ယဇ်ဆရာ ဖြစ်သွားသည့်အတွက် လျောင်မုယဲ့က သူ့ကို ရန်မစရဲတော့။ ထို့ကြောင့် ထွက်သွားရန်သာ ရှိတော့သည်။ 


သို့သော် မြင့်မြတ်မြို့တော်တွင် ရှဲ့ယွင်နန်ကို သဘောမကျသူများ အများအပြား ရှိနေဆဲပင်။ သူ မြင့်မြတ်မြို့တော် ရောက်သည့်အခါ ရှဲ့ယွင်နန်နှင့် တစ္ဆေဘုရင်အား ကိုင်တွယ်ရန် သူ့ကို ကူညီနိုင်မည့်သူတစ်ဦးအား ကျိန်းသေ ရှာဖွေရပေမည်။ 


မူလက ရှဲ့ယွင်နန် ပိုင်ဆိုင်ခဲ့သည့် အခွင့်အရေးအချို့ကလည်း သူ့ကို စောင့်ဆိုင်းနေဆဲပင်။ 


လျောင်မုယဲ့က အထက်တန်းလွှာမိသားစုကြီးများမှ လူအချို့နှင့်အတူ စိတ်ပျက်လက်ပျက်ဖြင့် ထွက်သွားလိုက်သည်။ 


ဝမ်ချဲ့က ရှဲ့ယွင်နန်ကို လိပ်စာတစ်ခု ပေးလိုက်သော်ငြား သူက ထိုနေရာတွင် သွားစောင့်မနေ။ 


ထိုနေရာတွင် နောက်ထပ် လိပ်စာတစ်ခု ရေးကာ ထိုလိပ်စာအတိုင်း လိုက်လာရန် ညွှန်ကြားလိုက်သည်။ 


ထိုသို့သော ညွှန်ကြားချက်များကို ကြိမ်ဖန်များစွာ ကြုံတွေ့ပြီးနောက် ရှဲ့ယွင်နန်သည် နေ့လည်ရောက်သည်အထိ မတွေ့ရမည်ကို စိုးရိမ်လာတော့သည်။ 


ထို့ကြောင့် ဝမ်ချဲ့နှင့် သူ့လူများသည် ဟုန်ယဲ့တောအုပ်ထဲတွင် ချက်ပြုတ်စားသောက်ချိန်ပင် ရလာခဲ့တော့၏။ 


သူတို့က အထူးတလည် အမဲလိုက် မထွက်တော့ဘဲ ကျပန်း တွေ့လာသမျှကို ဖမ်းကာသာ မီးကင်လိုက်သည်။ 


စားသောက်နေစဉ် သူက သွမ့်ချန်ချင်းကို ပြောလိုက်သည်။ 


“မင်းပြောကြည့် ရှဲ့ယွင်နန်က မင်းကို လာကယ်လောက်လား ...”


“သူ လာမှာ ...”


သွမ့်ချန်ချင်းက ပြောလိုက်သည်။ 


ရှဲ့ယွင်နန်က အရမ်းကို တာဝန်ယူတတ်တဲ့စိတ် ရှိတာ သူ့ကို မကြိုက်ရင်တောင် သေချာပေါက် လာကယ်ဦးမှာပဲ ...


ဝမ်ချဲ့က သွမ့်ချန်ချင်းကို ဖမ်းလာခဲ့စဉ်က ရှဲ့ယွင်နန် လာကယ်လိမ့်မည်ဟု တစ်ထစ်ချ မှတ်မထားပေ။ သို့သော် ရှဲ့ယွင်နန်အကြောင်း စုံစမ်းပြီးနောက် ထိုသူ ကျိန်းသေ ရောက်လာလိမ့်မည်ဟု ခံစားမိလာတော့သည်။ 


ဒီလူက .. လူကောင်းတစ်ယောက်ပဲ ...


ရှဲ့ယွင်နန်ကို စောင့်နေစဉ်အတွင်း သူ့လူတစ်ဦးက အခြားသူများကို တိတ်တဆိတ် ဆက်သွယ်နေကြောင်းကို သတိမပြုမိခဲ့။


ယဇ်ဆရာအကြီးအကဲ၏ ဘက်တော်သားများအနက် အချို့က သစ္စာရှိကြသော်ငြား ပုန်ကန်မှု ဖြစ်ပွားစဉ်တွင် သစ္စာဖောက်ခဲ့ကြသူများလည်း အများအပြားပင်။ 


ဝမ်ချဲ့ကဲ့သို့သော သစ္စာရှိသူများသည် ထိုသစ္စာဖောက်များကို စီနီ

ယာအဆင့် ယဇ်ဆရာနှစ်ဦးထက်ပင် ပိုမိုမုန်းတီးကြသေးသည်။ 


ထိုသစ္စာဖောက်များကလည်း အမုန်းခံနေရကြောင်း သိထားသည့်အတွက် ဝမ်ချဲ့နှင့် အခြားလူများကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းလိုနေကြသည်။