Chapter 74
သွမ့်ချန်ချင်းနှင့် သူ့လူများက ဟုန်ယဲ့မြို့မှ တိတ်တဆိတ် ထွက်ခွာသွားသူများ ရှိနေကြောင်း သိထားသည့်တိုင် ဂရုမစိုက်ခဲ့။
ထိုသူတို့၏ စိတ်ဓာတ်များမှာ ဟုန်ယဲ့မြို့နှင့် မကိုက်ညီ။ ရှိနေလျှင် မြို့အတွက် အန္တရာယ်ပင် ဖြစ်လာနိုင်ရာ ထွက်သွားကြခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
သူတို့က မြင့်မြတ်မြို့တော်၏ အခြေအနေကို တင်းတင်းကြပ်ကြပ် အာရုံစိုက်လိုက်ကြသည်။
မြင့်မြတ်မြို့တော်၏ တစ်ဖက်တွင် ... အထက်တန်းလွှာနှင့် မိသားစုကြီးများက ဟုန်ယဲ့မြို့တော်၏ အကြောင်းကို သာမန်လူများအား ဖုံးကွယ်ထားကြသည်။
သာမန်ပြည်သူများက ဟုန်ယဲ့မြို့တော်တွင် ပုန်ကန်အုံကြွမှုတစ်ရပ် ဖြစ်ခဲ့ကြောင်းပင် မသိကြ။ ချမ်းသာပြီး အာဏာရှိသူများကမူ ... သူတို့က အခြေအနေကို သိထားကြသည့်တိုင် အချို့က သူတို့နှင့် သက်ဆိုင်ခြင်းမရှိဟု တွေးထင်ထားကြသည်။ အချို့ကမူ ဒေါသထွက်မိသည့်တိုင် လုပ်နိုင်သည့် အရာဟူ၍လည်း မရှိ။ ကျန်သည့်သူများကမူ .. ယဇ်ဆရာအကြီးအကဲ သေဆုံးခြင်း၏ အကျိုးဆက်အပေါ် ငြင်းခုန်နေကြဆဲပင်။
ယဇ်ဆရာအကြီးအကဲ၏ ပိုင်ဆိုင်မှုများ အများအပြား ကျန်ရစ်ခဲ့၏။ သို့သော် ဆက်ခံသူ မရှိရာ ထိုအသားတုံးအား တစ်စိတ်တစ်ပိုင်းခန့် မမြည်းစမ်းချင်သူဟူ၍ တစ်ဦးမျှပင် မရှိချေ။
ထို့အပြင် ယဇ်ဆရာအကြီးအကဲဟူသည့် ရာထူးလည်း ရှိနေသေး၏။
ထိပ်သီးပိုင်းတွင် ရှိနေသူများက ယဇ်ဆရာအကြီးအကဲကို များစွာ လေးစားခြင်း မရှိသည့်တိုင် သာမန်လူများအတွက်မူ သူသည် နတ်ဘုရားတစ်ပါးကဲ့သို့သော တည်ရှိမှုမျိုးပင်။
မြင့်မြတ်မြို့တော်ရှိ စီနီယာအဆင့် ယဇ်ဆရာ နှစ်ဦးလုံးက ယဇ်ဆရာအကြီးအကဲ ဖြစ်လိုနေကြသည်။
ဟုန်ယဲ့မြို့တော်အတွက်မူ ... ပုံမှန်အားဖြင့် သူတို့သည် အခြားမြို့များ၏ ပြဿနာကို မကိုင်တွယ်မီ အတွင်းပိုင်း ပဋိပက္ခကို ဦးစွာ ဖြေရှင်းလေ့ ရှိကြသည်။
သို့သော် သူတို့က ဟုန်ယဲ့မြို့နှင့် ပတ်သက်၍ ဂရုမစိုက်သည့်တိုင် ရှဲ့ယွင်နန်၏ လက်ထဲရှိ ရတနာကိုမူ တပ်မက်မိနေကြဆဲပင်။
“ရှဲ့ယွင်နန်အတွက် စီနီယာအဆင့် ယဇ်ဆရာ ဖြစ်လာဖို့ဆိုတာ ... သူက အဲဒီ့လူဆီကနေ သေချာပေါက်ကို တစ်ခုခု ရထားလို့ပဲ ဖြစ်ရမယ် ...”
“အဲဒီ့လူရဲ့ ပိုင်ဆိုင်မှုထဲက ပစ္စည်းတွေက ...”
“တစ်ခြားဟာတွေ နေမှာပေါ့ ...”
...
“ယဇ်ဆရာအကြီးအကဲရဲ့ စွမ်းအားကို မျိုးဆက်အလိုက် လက်ဆင့်ကမ်းနိုင်တယ် ဆိုကတည်းက သေချာပေါက်ကို အညှီနံ့ တစ်ခုခု ရှိနေပြီ ...”
“အဲဒီ့ရှဲ့ယွင်နန် ... ကံလေးကတော့ မဆိုးဘူးပဲ ...”
“ငါတို့လူတွေက သေသွားပြီ ဒါပေမယ့် ဝမ်ချဲ့က တကယ်ကြီး ရှဲ့ယွင်နန်ရဲ့ ဘက်ကို ကူးသွားတာ ...”
“အလကား အမှိုက်ကောင်အုပ်စုပါ .. အလောင်းကို ရှာမယ့်အစား .. ဘာဖြစ်လာခဲ့လဲ ဘာမှလည်း ထူးမလာဘူး ...”
“အခွင့်အရေးတော့ ရှိသေးတယ် .. အကြီးအကဲ ချန်ခဲ့တဲ့ ရတနာက ရှဲ့ယွင်နန်နဲ့ ရှိနေတာ .. အဲဒါကို ပြန်ယူနိုင်ဖို့ နည်းလမ်းရှာမှ ရမယ် ...”
“ရှဲ့ယွင်နန်က အင်အားကြီးတဲ့ လူတွေကို သွေးဆောင်ရတာ ကြိုက်တယ်ဆို .. သူ့ကို ချဉ်းကပ်ဖို့ တစ်ယောက်ယောက် ရှာလိုက်ရင်ရော ...”
...
ဟုန်ယဲ့မြို့တော်တွင် ရှိနေသူများကမူ မြင့်မြတ်မြို့တော်၏ အစပျိုးလာသော လျှို့ဝှက်အကြံအစည်များအား သတိမမူမိကြသေးချေ။
ယခုလက်ရှိ ဟုန်ယဲ့မြို့တော်၏ အခြေအနေမှာ လုံးဝဥဿုံ ပြောင်းလဲသွားသည်။
ဤ ပုန်ကန်မှုက ဟုန်ယဲ့မြို့တော်ရှိ အင်အားစုများအား ပြန်လည် နေရာချထားစေက မြို့ပတ်လည်ရှိ မြေယာများအားလည်း သာမန်လူများ၏ လက်ထဲသို့ ဝေမျှပေးခဲ့သည်။
ယခင်က အလုပ်လုပ်စရာ မရှိခဲ့သူ အများစုတွင် ပိုင်ဆိုင်မှုကိုယ်စီ လက်ဝယ် ရှိနေကြပြီး ဖြစ်သည်။
ထိုပိုင်ဆိုင်မှုမှာ မြို့တော်ကသာ တရားဝင် ပိုင်ဆိုင်ကာ ရောင်းချခွင့် မရှိသော်ငြား အချို့သော အခွန်အခများမှအပ စိုက်ပျိုးရာမှ ရရှိလာသော ဝင်ငွေအားလုံးမှာ သူတို့၏ ပိုင်ဆိုင်မှုသာ ဖြစ်သည်။
ထို့အပြင် လေ့ကျင့်ခြင်းမှတစ်ဆင့် ယဇ်ဆရာနှင့် တိုက်ခိုက်သူများလည်း ဖြစ်လာနိုင်သေး၏။
ဤသည်မှာ အနာဂတ်အတွက် မျှော်လင့်ချက်ပင်။
လတ်တလောတွင် ရှဲ့ယွင်နန်က အချို့သော စစ်ဆေးချက်များကို လုပ်ဆောင်နေရသည်။
လုပ်စရာ အလုပ်များ အများအပြား ရှိနေသော်ငြား ဝန်ထမ်းဦးရေမှာ နည်းပါးလွန်းသည့်အတွက် ဒေသခံများအား ကူညီမည့် လူအချို့ကို ရွေးချယ်ရန် စစ်ဆေးခြင်းများကို စီစဉ်ပေးနေရသည်။
ရှဲ့ယွင်နန်က အလွန် အလုပ်များနေသည့်တိုင် အားလပ်ချိန်တိုင်း သွမ့်ချန်ချင်းကို လိုက်ရှာနေတတ်၏။
သွမ့်ချန်ချင်း၏ ယခင်က ရုပ်ပိုင်းဆိုင်ရာ အခြေအနေမှာ အလွန်ဆိုးဝါးခဲ့သည်။ ထိုစဉ်က သူ့ကို ကုသရန် ဆရာဝန်တစ်ဦးကို ပင့်ခဲ့ပြီး ထိုဆရာဝန်က သွမ့်ချန်ချင်း၏ ခန္ဓာကိုယ်မှာ ယိုယွင်းစ ပြုနေကာ ရေရှည် အသက်ရှင်နိုင်တော့မည် မဟုတ်ဟု ပြောခဲ့သည်။
သူ့ကျန်းမာရေးမှာ ယခင်ထက်များစွာ ကောင်းမွန်လာသော်ငြား... သွမ့်ချန်ချင်းက မည်မျှ သန်မာသူဖြစ်ကြောင်း သိထားသည့်တိုင် ရှဲ့ယွင်နန်သည် သူတို့ ပထမဆုံး တွေ့စက အခြေအနေကို မမေ့ဖျောက်နိုင်သေးဘဲ သူ့ကို အမြဲ ပြုစုစောင့်ရှောက်ပေးလိုနေပေသည်။
ပြန်ရောက်သည့်အခါ သူက မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့အား အံ့ဖွယ်ဆေးပင်များကို ရေလောင်းခိုင်းနေသည့် သွမ့်ချန်ချင်းကို တွေ့လိုက်ရသည်။
ထိုကဲ့သို့သော မြင်ကွင်းမျိုးကို ယခင်ကလည်း မြင်တွေ့ဖူးပြီး ဖြစ်သည်။ ထိုစဉ်က သူသည် ထိုအပင်များမှာ အံ့ဖွယ်ဆေးပင်များ ဖြစ်ကြောင်း မသိခဲ့။ မုန့်ယန်နှင့် ကျောက်ချင်းယွင်က သူ့ကို မျက်နှာလိုမျက်နှာရ လုပ်နေသည်ဟုသာ ထင်ခဲ့သည်။ ယခုမူ ...
မုန့်ယန်နဲ့ ကျောက်ချင်းယွင်က ဘယ်လိုလုပ် သူ့ကို မျက်နှာလုပ်တာ ဖြစ်နိုင်မလဲ သွမ့်ချန်ချင်းကို ဖားနေတာ အသိသာကြီးကို ....
သူ့အပေါ် ဒီနှစ်ယောက်ရဲ့ သဘောထားတွေ ရုတ်တရက်ကြီး ပြောင်းလဲသွားတာကလည်း ...သူတို့က သွမ့်ချန်ချင်းအကြောင်း သိသွားကြပြီး သွမ့်ချန်ချင်းကို တစ္ဆေဘုရင်လို့ ထင်မိသွားကြလို့များလား ...
“သခင်လေးရှဲ့ ပြန်လာပြီလား ... ကျွန်တော်တို့ အခုပဲ ထမင်းချက်ပေးပါ့မယ် ....”
ရှဲ့ယွင်နန်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် မုန့်ယန်က သူတို့နှစ်ဦး၏ နှစ်ယောက်တည်းတစ်ကမ္ဘာလေးကို မနှောင့်ယှက်မိစေရန် အလို့ငှာ အကြောင်းတစ်ခု ပြကာ ထွက်သွားရန် ပြင်လိုက်သည်။
ချက်ပြုတ်ခြင်းအတွက်မူ .. သွမ့်ချန်ချင်း၏ အနောက်သို့ အချိန်အတော်ကြာ လိုက်နေခဲ့ပြီးနောက် သူနှင့် ကျောက်ချင်းယွင်သည် ချက်ပြုတ်နည်း အသစ်အဆန်းများကို တတ်မြောက်ကျွမ်းကျင်လာကြတော့သည်။
ထို့နောက် နှစ်ဦးလုံး စားဖိုဆောင်ထဲ ရောက်သည့်အခါ အလုပ်ရှုပ်သွားကြတော့သည်။
ယခင်က သူတို့သည် တစ်ခါမှ မချက်ပြုတ်ဖူးခဲ့။ ယခုမူ .. သူတို့သည် အစားအစာထဲရှိ စိတ်စွမ်းအင်များကို အမြင့်ဆုံးအခြေအနေအထိရောက်အောင် တိုးမြင့်လာစေရင်း စားပွဲတစ်ပွဲစာ ပမာဏကိုပင် အလွယ်တကူ ချက်ပြုတ်နိုင်လာကြတော့သည်။
တကယ်ကို ထင်မှတ်မထားမိစရာ ပျော်ရွှင်မှုပဲ ...
မုန့်ယန်နှင့် ကျောက်ချင်းယွင်တို့ ချက်ပြုတ်ရင်း အလုပ်များနေစဉ် ဝမ်ချဲ့ကလည်း စားဖိုဆောင်ထဲ ရောက်လာ၏။
ထိုနေ့က တစ္ဆေဘုရင်နှင့်အတူ ပြန်ရောက်လာပြီးနောက် သူသည် ရှဲ့ယွင်နန်ထံ သွားကာ ယဇ်ဆရာအကြီးအကဲအကြောင်း မေးမြန်းခဲ့သည်။
သို့သော် ရှဲ့ယွင်နန်က ယဇ်ဆရာအကြီးအကဲ၏ အလောင်းကို တစ်ကြိမ်တစ်ခါမှ မြင်တွေ့ခဲ့ဖူးခြင်း မရှိဟု ပြောလာ၏။ သူ စီနီယာအဆင့် ယဇ်ဆရာ ဖြစ်လာခြင်းမှာလည်း သွမ့်ချန်ချင်း သင်ပေးခဲ့သည့် ကျင့်စဉ်ကြောင့်ဖြစ်ကာ ထို့အပြင် အံ့ဖွယ်ဆေးပင်ကိုပါ စားခဲ့မိ၍လည်း ဖြစ်ကြောင်း ရှင်းပြလာသည်။
ဝမ်ချဲ့သာ သွမ့်ချန်ချင်း၏ အင်အားအကြောင်း မသိရသေးခင် ထိုစကားများကို ကြားမိပါလျှင် လုံးဝ ယုံကြည်မိမည် မဟုတ်ချေ။
သို့သော် ယခုမူ .. သူက ရှဲ့ယွင်နန်၏ စကားအားလုံးကို ယုံကြည်မိခဲ့သည်။
ဟုန်ယဲ့မြို့တော်ရှိ သာမန်လူများ လေ့ကျင့်နေသည့် ကျင့်စဉ်များမှာ .. ယဇ်ဆရာအကြီးအကဲ သိနိုင်သည့် အရာများ လုံးဝ မဟုတ်ချေ။
သူသာ သိထားရင် ဘယ်လိုလုပ် ဒီလိုမျိုး အင်အားမရှိတဲ့ ဘဝမျိုးကို ရောက်ခဲ့ပါ့မလဲ ...
အသေခံတပ်သားတွေမှ မရေမတွက်နိုင်လောက်အောင်ကို အများကြီး ပျိုးထောင်နိုင်ခဲ့မှာပေါ့ ...
သဲလွန်စ ပျောက်သွားကာ ယဇ်ဆရာအကြီးအကဲ၏ ခန္ဓာကိုယ်မှာလည်း မည်သည့်နေရာတွင် ရှိနေမှန်း မသိရ။ ထို့ကြောင့် ဝမ်ချဲ့သည် အကြီးအကဲ၏ ခန္ဓာကိုယ် တည်နေရာအား လိုက်ရှာနေဟန်ဆောင်ကာ သွမ့်ချန်ချင်းတို့ကို ကူညီပေးနေလိုက်သည်။
သွမ့်ချန်ချင်းက သူ့အသက်ကို ကယ်တင်ပေးခဲ့သူ ဖြစ်သည်။
သူတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခြင်း မပြုဘဲ ကိုယ်တိုင် ချက်ပြုတ်စားသောက်ရသည့်တိုင် ဝမ်ချဲ့က စိတ်မကွက်။
မည်သို့သော အခြေအနေမျိုးပင် ဖြစ်နေပါစေ ဆင်ခြေဖုံးဒေသ၌ ပုန်းအောင်းနေရခြင်းထက် များစွာ ကောင်းမွန်နေပြီ ဖြစ်သည်။
ထိုအချိန်အတွင်း သူက အချို့သော ပျော်စရာကိစ္စအချို့ကိုလည်း ရှာတွေ့ထားသေးသည်။
ဥပမာအားဖြင့် မုန့်ယန်နှင့် ကျောက်ချင်းယွင် ချက်ပြုတ်သည်ကို စောင့်ကြည့်ရခြင်းကဲ့သို့သော ကိစ္စမျိုး ဖြစ်သည်။
ထောင်လွှားမောက်မာလှသည့် အလယ်အလတ်အဆင့် တိုက်ခိုက်သူနှစ်ဦး မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေကြခြင်းအား ကြည့်ရခြင်းကို လုံးဝ ငြီးငွေ့သွားခြင်း မရှိ။ ထို့အပြင် မြောက်များစွာသော ဟင်းချက်နည်းများကိုလည်း သင်ယူနိုင်သေးပေသည်။
“မင်းတို့ ဟင်းချက်ဖို့ ရောက်လာကြပြန်ပြီလား ဒီနေ့ရော ဘာတွေ ချက်မလို့လဲ ..."
ဝမ်ချဲ့က ပြုံးကာ မေးလိုက်သည်။
မုန့်ယန်နှင့် ကျောက်ချင်းယွင် နှစ်ဦးလုံးက သူ့ကို စကားမပြောလို။
ဝမ်ချဲ့က ထပ်ပြောလိုက်သည်။
“အိုး မင်းတို့နှစ်ယောက်က အရမ်းကို သနားစရာကောင်းလွန်းလို့ စကားပြောစရာ အချိန်တောင် မရှိကြဘူးပဲ မှန်းစမ်း ငါကတောင် ပိုပြီး ကံကောင်းနေသလိုပဲနော် ...”
နောက်ပိုင်းတွင် သူက မုန့်ယန်နှင့် အခြားလူများသည် ထိန်းချုပ်ခံထားရကြောင်း သိသွားခဲ့သည်။
အခု သူက အရမ်း အရမ်းကို ထောင်လွှားနေမိပြီ ...
မုန့်ယန်နှင့် ကျောက်ချင်းယွင် “...”
သူတို့နှစ်ဦး ချက်ပြုတ်နေစဉ် သွမ့်ချန်ချင်းက ရှဲ့ယွင်နန်ကို ဟုန်ယဲ့မြို့အကြောင်း ပြောနေလိုက်သည်။
ယခင်က သူသည် တစ္ဆေဘုရင်အား ပြောပြကာ သူ့စကားများအား ယောက္ခမဖြစ်သူမှတစ်ဆင့်သာ ရှဲ့ယွင်နန်ထံ လက်ဆင့်ကမ်းစေလေ့ ရှိခဲ့သည်။ ယခုမူ ထိုကဲ့သို့ ဒုက္ခများနေရန် မလိုတော့။ သူ့အတွေးများအား ရှဲ့ယွင်နန်ထံ တိုက်ရိုက်ပြောနိုင်လာတော့သည်။
သူ့အတွေးများမှာမူ ... ခေတ်သစ်ကမ္ဘာ၌ နေထိုင်ခဲ့သည့် သူ့ပထမဆုံးဘဝက နိုင်ငံရေး အတွေးအခေါ်များအား မျှဝေခြင်းသာ ဖြစ်သည်။
နှစ်ကြိမ်တိုင်တိုင် ကူးပြောင်းဖူးသူအဖို့ .. လူမှုအသိုင်းအဝိုင်းနှင့် ပတ်သက်လျှင် သူသည် ပထမဆုံးဘဝ၏ အနေအထားကိုသာ သဘောကျမိနေဆဲပင်။
တစ်ခဏမျှ ဆွေးနွေးပြီးနောက် ရှဲ့ယွင်နန်က ပြောလိုက်သည်။
“ကိယ် မနက်ဖြန်ကျ ဆင်ခြေဖုံးဒေသကို ပြန်သွားဖို့ စီစဉ်ထားတယ် မင်းရော အတူတူ လိုက်ခဲ့ချင်လား ...”
မြို့ထဲမှ ထွက်လာပြီးနောက် သူသည် တစ်ခါမှ ပြန်မသွားဖြစ်သေး။ ထို့ကြောင့် အခြေအနေများ မည်ကဲ့သို့ ပြောင်းလဲသွားကြောင်း တွေ့မြင်လိုပေသည်။
သူ ကြီးပြင်
းလာခဲ့သည့် မြို့ငယ်လေး ယခင်ထက် ပိုမိုကောင်းမွန်လာစေရန် မျှော်လင့်မိသည်။
သွမ့်ချန်ချင်းက တွေးပင် တွေးမနေ။ ချက်ခြင်း သဘောတူလိုက်သည်။
“ကောင်းပြီလေ ...