အပိုင်း ၉၅
Viewers 16k

Chapter 95

မိဘနှင့်တွေ့ဆုံခြင်း


"ကျွန်တော် စီနီယာကို ဒီအခြေအနေထဲ ဆွဲခေါ်ခဲ့မိတာပါ..."

ဇန်ဇီချန်က သူ့ခေါင်းသူကုတ်ရင်း မျက်နှာငယ်လေးဖြင့်ပြောလာသည်။

"ကျွန်တော်ငယ်ငယ်ကတည်းက... ကျွန်တော့်ကံက သိပ်မကောင်းဘူးရယ်..."


ဘယ်နားကိုသိပ်မကောင်းတာလဲ... အတော်လေးမကောင်းလို့ နောက်ထပ်လယ်ဗယ်တစ်ခုတောင်ရောက်နေတာပါ... ဟုတ်တယ်မလား...


"ကျွန်တော်တို့ သစ်တောလေးနားမှာ ခဏလောက်အနားယူကြရအောင်လေ..."

သူအကြံပြုလိုက်သည်။


"မနားဘူး..."

ချင်လေပေါက ချက်ချင်းငြင်းလိုက်သည်။

"မင်းရဲ့ကံနဲ့ဆိုရင် ငါတို့ နတ်ဆိုးသားအသိုက်ထဲ တည့်တည့်ဝင်သွားတာ ပိုဖြစ်နိုင်လိမ့်မယ်..."


ယောင်စစ် ခေါင်းငြိမ့်လိုက်သည်။ လွန်ခဲ့သည့်လအတွင်း ကြုံခဲ့ရသည်များက သူမကိုထိုသို့ဖြစ်နိုင်ချေက အမြင့်ဆုံးဟုပြောပြနေသည်။ အဆင့်မြင့်သားရဲမဟုတ်ဘဲ သူ၏ဓားဖြင့် လွယ်လွယ်ကူကူကိုင်တွယ်နိုင်သော်လည်း နောက်ထပ်သားရဲက မိနစ်ပိုင်းအတွင်းပေါ်လာပေလိမ့်မည်။


"အဲ့ဒီ့အစား မြစ်ကမ်းဘေးနားကိုပဲသွားရအောင်...."

သူမ ဆန့်ကျင်ဘက်ကို ညွှန်ပြလိုက်ပြီး သူ၏ကံဆိုးမှု သဘာဝကြီးနှင် ဆန့်ကျင်လိုက်သည်။


ဇန်ဇီချန် ခေါင်းလှည့်လိုက်ပြီး ဘာဆိုဘာမျှမငြင်းဆန်ပဲ မီးမွှေး၍ စတင်ချက်ပြုတ်လိုက်တော့သည်။ သူက ကိုကံဆိုးဖြစ်သော်လည်း သူ၏ အချက်အပြုတ်စကေးက မဆိုးလှပေ။ အလွယ်တကူရနိုင်သော ပါဝင်ပစ္စည်းများကိုသုံး၍ သူချက်ပေးထားသော ဘဲသွေးက သူမ၏ ဖေဖေမူရွှမ်၏လက်ရာကို ယှဉ်နိုင်ပေသည်။


ထို့ကြောင့် ဇန်ဇီချန်က ခရီးတစ်လျှောက်လုံး အစားအသောက်အတွက် တာဝန်ယူခဲ့ရသည်။


ယောင်စစ် စိတ်ကျေနပ်မှုအပြည့်ဖြင့် သုံးပန်းကန်အပြည့်အမောက်စားလိုက်ပြီး ကျေနပ်အားရစွာ သက်ပြင်းချလိုက်သည်။ သူမလေးပန်းကန်မြောက်စားရန် ပြင်လိုက်ချိန်တွင် သူမ၏ ကွန်ပျူတာလက်ပတ်မှ တုန်ခါလိုက်ပြီး စာကြောင်းတစ်ကြောင်းပေါ်ထွက်လာသည်။


[သင့်ရဲ့ စာရင်းသွင်းထားတဲ့ လေ့ကျင့်ချိန် ဆယ်မိနစ်အတွင်း ကုန်ဆုံးပါတော့မယ်....]


ဖက်ခ်...


ယောင်စစ်၏လက်များ တုန်ရီသွားပြီး သူမလက်ထဲရှိပန်းကန်လုံးကိုပင် လွှတ်ပစ်လုနီးပါးဖြစ်သွားသည်။

ဘာလို့ ဒီလောက်မြန်မြန်ပြီးသွားရတာလဲ... တစ်လကို နည်းနည်းလေးကျော်ရုံပဲရှိသေးတယ်မလား... နှစ်လဖြစ်ရမှာမဟုတ်ဘူးလားဟင်... 

သူမ သူမ၏ ကွန်ပျူတာလက်ပတ်ရှိ အချိန်ရေတွက်နေသည့် မျက်နှာပြင်ကို ပွတ်လိုက်သည်။


ထင်ထားသည့်အတိုင်းပင် ၎င်းပေါ်၌ ၅၉ရက်နှင့် ၁၄နာရီဟုပြနေသည်။


ကွန်ပျူတာလက်ပတ်ရှိ အချိန်မှတ်ကိရိယာမှာ မမှားပေ။ ၎င်းမှာ သူမ အရိပ်ဂြိုလ်နှင့် Time Zone ချင်းကွဲပြားသည့် နယ်မြေ ၄သို့ရောက်နေ၍ဖြစ်နိုင်သည်။


"စီနီယာ... ဘာဖြစ်တာလဲဟင်..."

ဇန်ဇီချန် သူမကိုလှည့်ကြည့်ပြီး မေးလိုက်သည်။


"ကြည့်ရတာ မင်းပိုးကောင်တွေများစားမိလို့လား...."

ချင်ချန်းလဲ့ မေးလာသည်။


ယောင်စစ် သူမ၏ ပန်းကန်လုံးကိုချလိုက်ပြီး ပြောလိုက်သည်။

"ငါသွားရတော့မယ်လို့ ထင်တာပဲ..."


"သွားရတော့မယ်..."

ချင်ချန်းလဲ့ မတ်တတ်ထရပ်လိုက်သည်။

"မင်းဘယ်ကိုသွားချင်တာလဲ.. ငါတို့စာချုပ်က အခုထိမဖြေရှင်းရသေးဘူးလေ... ငါ့ကိုစွန့်ပစ်တော့မလို့လား..."


"..."

စွန့်ပစ်တယ်ဆိုတာ ဘာသောက်ကျိုးနည်းကြီးလဲ... အဲ့တာဘာအဓိပ္ပါယ်လဲရော နင်သိရဲ့လား...

"စိတ်မပူပါနဲ့... စာချုပ်က ငါထွက်သွားတာနဲ့ သူ့အလိုလိုပျက်သွားပါလိမ့်မယ်..."

သူမ ဝန်ဆောင်မှုစင်တာကိုမေး၍ အကူအညီတောင်းရန်ပြင်နေသော်လည်း အချိန်မလောက်တော့ပေ။


"မင်းပြောတာသေချာလား..."


"ငါပြောတာ သေချာရဲ့လားဆိုတော့..."

ဒေသခံမျိုးနွယ်စုနှင့် သက်ဆိုင်သော မည့်သည့်အရာမဆို အရိပ်ဂြိုလ်ပေါ်မှ ထွက်ခွာခွင့်မရှိပေ ထို့ကြောင့် သူမ အာကာသမျိုးနွယ်စု၏နယ်မြေသို့ရောက်လျှင် ဤသောက်ကျိုးနည်းစာချုပ် ပျက်သွားပေလောက်သည်။


ချင်းချန်းလဲ့၏ ထိတ်လန့်ကြောက်ရွံ့နေသော အမူအယာနှင့် ဆန့်ကျင်စွာ မူလက ထိတ်လန့်သွားသော ဇန်ဇီချန်က ပိုမိုတည်ငြိမ်လာပြီဖြစ်သည်။

"စီနီယာ ဒီကမ္ဘာကနေ ထွက်သွားတော့မှာလား..."


"ဟုတ်တယ်... "

ယောင်စစ် ခေါင်းငြိမ့်ပြလိုက်သည်။

"အချိန်တောင် မလောက်လိုက်ဘူး..."


"ဒါဆို စီနီယာပြန်လာမှာလားဟင်..."


"ပြန်မလာဖြစ်လောက်ဘူး..."

အဖေက ငါ့ကိုထွက်သွားခွင့်ပြုမှာမပါလောက်ဘူး... ဆိုပေမဲ့ နေစမ်းပါဦး...

"နင် ဒီအကြောင်းတွေသိနေတယ်လား..."


ဇန်ဇီချန်ခေါင်းငြိမ့်ပြလိုက်သည်။

"စီနီယာက အဆင့်မြင့်ဘုံတစ်ခုကလာပြီး ပြန်သွားရမယ်လို့ ကျွန်တော် ခန့်မှန်းမိတယ်လေ..."

ဒါပေမဲ့ ဒီလောက်မြန်မြန်ကြီးဖြစ်လာမယ်တော့ မထင်ခဲ့မိဘူးပေါ့....


ဇန်ဇီချန် လက်သီးတင်းတင်းဆုပ်လိုက်ပြီး သူမကို လေးလေးစားစား ဂါရဝပြုလာသည်။

"စီနီယာရဲ့ လမ်းညွှန်ပေးမှုတွေအားလုံးအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော် စီနီယာ ထာဝရပျော်ရွှင်ရပြီး ကံကောင်း၊ ငြိမ်းချမ်းပါစေလို့ ဆုတောင်းပေးပါတယ်..."


"ကျေးဇူးပါ..."

ယောင်စစ် ခေါင်းငြိမ့်ပြလိုက်သည်။ ဤကလေးက ကိုကံဆိုးလေးဖြစ်သော်လည်း ရိုးသားကြိုးစားသူဖြစ်သည်။ တစ်လမျှအတူတူ အချိန်ဖြုန်းပြီးနောက်တွင် သူမ သူချက်ပေးသော ဘဲသွေးချက်ကို ခွဲခွာရမည်ကိုတွန့်ဆုတ်လာသည်။


"ကိုကံဆိုးလေး...မှားလို့... ဇန်ဇီချန်... ကြိုးကြိုးစားစားလေ့ကျင့်ပါ.. ငါတို့တစ်နေ့ပြန်တွေ့ကြတာပေါ့..."

နင် အာကာသမျိုးနွယ်စုက အဖွဲ့ဝင်ဖြစ်လာရင် အနီရောင်ဂြိုလ်ကို လာလည်လို့ရပြီ...


"ဟုတ်ကဲ့..."

သူ ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်လိုက်သည်။

"ကျွန်တော် အဆင့်ချိုးဖောက်နိုင်ဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ပါ့မယ်..."


"ကောင်းတယ်..."

ယောင်စစ် သူမ၏ ကွန်ပျူတာလက်ပတ်ကို ထိပြီး သိုလှောင်နေရာလွတ်ထဲတွင် မွှေနှောက်ရှာဖွေလိုက်သည်။ ခဏအကြာတွင် သူမ လုံးဝန်းနေသော ဥလေးတစ်လုံးနှင့်အတူ ဝိဉာဉ်ကိုးပါးဆေးလုံးများကိုထုတ်ကာ သူ့လက်ထဲထည့်လိုက်သည်။

"နင့်ရဲ့ကိုယ်ခန္ဓာကြံ့ခိုင်မှုနဲ့ဆိုရင် ဒီဆေးတွေကို တစ်ချိန်လုံး သယ်သွားသင့်တယ်..."


"ပြီးတော့ ငါဒီဥကိုရထားတာ အချိန်အတော်ကြီးကိုကြာခဲ့ပြီ... ဒါကို နင်တို့ကမ္ဘာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ လူတစ်ယောက် လက်ဆောင်ပေးခဲ့တာ ဒါပေမဲ့ ဒါဘာကြီးလဲငါမသိဘူး... ဘာပဲဖြစ်ဖြစ် နင့်ကိုလက်ဆောင်ပေးလိုက်ပြီ..."

နင့်ရဲ့ ဘဲသွေးခဲချက်တွေ အများကြီးစားပြီးတဲ့ နောက်မှာ ငါပြန်ပေးနိုင်တာ ဒါလေးတွေပဲရှိတယ်..


ဇန်ဇီချန် ဟိတ်ဟန်နှင့်ရပ်မနေတော့ပဲ ထိုဥကို စတင်လေ့လာကြည့်သော်လည်း ဘာလဲမသိ၍ သူ၏အိတ်ထောင်ထဲသို့သာ ပစ်ထည့်လိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ..."


"ရပါတယ်ဟာ.."

ယောင်စစ် သူမ၏ကွန်ပျူတာလက်ပတ်မှ အသိပေးချက်တစ်ခုတက်လာ၍ ဖတ်လိုက်သည်။


[သင့်ရဲ့ လေ့ကျင့်ရေးခရီးစဉ် တစ်မိနစ်အတွင်းကုန်ဆုံးပါတော့မယ်... ကျေးဇူးပြုပြီး သင့်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို သိမ်းဆည်းထားပါ... ထွက်ခွာရန် အချိန် ၅.. ၄...]


"ငါအရင်သွားနှင့်ပြီ... နင်အဆင့်ချိုးဖောက်ပြီးရင် ငါ့ကိုလာရှာဖို့ မမေ့နဲ့နော်.. ငါအနီရောင်ဂြိုလ်ပေါ်မှာရှိနေမယ်..."

ယောင်စစ် အလျှင်စလိုသတိပေးလိုက်သည်။ နောက်တစ်စက္ကန့်တွင် ကြီးမားလှသော မျက်ခင်းပြင်ကျယ်ကြီးမှသည့် အာကာသမျိုးနွယ်၏ တိမ်များပြည့်နေသော နယ်မြေသို့ မြင်ကွင်းများ ပြောင်းလဲသွားတော့သည်။


သူမ၏ ကွန်ပျူတာလက်ပတ်ရှိ လေ့ကျင့်ရေးအချိန်က သုညအဖြစ်ပြောင်းစွားသည်။


အာကာသမျိုးနွယ်များ စီးပွားရေးအလွန်မြင်တတ်သည်မှာ တစ်မိနစ်ပင် အလဟသမဖြစ်စေပေ။ ယောင်စစ် အသက်ရှူသွင်းလိုက်ကာ ရိုးရှင်းသော်လည်း ခမ်းနားထည်ဝါသော ဆိပ်ခံတံတားကို ဖုံးလွှမ်းနေသော မြူလွှာများနှင့် တိမ်များကို ငေးကြည့်လိုက်သည်။ တောထဲတွင် အသက်ရှင်ရန် တစ်လကျော် ရုန်းကန်လှုပ်ရှားခဲ့ပြီးနောက်တွင် သူမကိုယ်သူမ အသစ်ပြန်လည်မွေးဖွားလာရသလို ခံစားလိုက်ရသည်။ တောထဲတောင်ထဲ နှစ်လမျှနေခဲ့ရပြီးတွင် ဤမြင်ကွင်းက အလွန်ရှင်းလင်းနေတော့သည်။


"မျက်စိအစာပဲ..."


"..."

မျက်စိအစာပဲ... ဘယ်သူများ ဒီလိုမြင်ကွင်းကို အဲ့လိုဖွဲ့ဆိုရဲတာလဲ...


ဟမ်...


"ဖက်ခ်... ချင်လေပေါကြီးဟ..."

ဒေသခံမျိုးနွယ်စုက အဖွဲ့ဝင်တွေက အရိပ်ဂြိုလ်ကနေ ထွက်လို့မရဘူးဆို... ဒါဆို ဒါကြီးကဘာလဲ.. ငါ့လာနောက်နေတာလား...

"နင် ဒီမှာဘာလုပ်နေတာလဲ..."


"ငါက ဘယ်လိုလုပ်သိမလဲ..."

သူ အပြစ်ကင်းစွာဖြေလိုက်သည်။

"ငါရုတ်တရက်ကြီး ဆွဲခေါ်ခံရသလိုခံစားလိုက်ရပြီး... ခဏနေတော့ ဒီကိုရောက်လာတာပဲ..."


ဆွဲခေါ်ခံရတယ်... မဖြစ်နိုင်တာကြီးကို... အာကာသမျိုးနွယ်စုတွေက ဒေသခံမျိုးနွယ်စုတွေကို အဲ့လောက်လွယ်လွယ်ကူကူကြီး မပို့ဆောင်ပေးပါဘူး... ပြီးတော့ သူတို့ အတင်းအကျပ်ခေါ်လာမယ်ဆိုရင် သူတို့ရဲ့ ကိုယ်ခန္ဓာကြံ့ခိုင်မှုက SSSအဆင့်မရောက်ရင် မိုးကြိုးအပြစ်ခံရပြီး သေသွားမှာလေ...


နေစမ်းပါဦး...


သူမ ဒီပြန်မရောက်လာခင်က ကိုယ်ပိုင်ပစ္စည်းတွေကို ကိုင်ထားဖို့ပြောသေးတယ်... ချင်ချန်းလဲ့က သူမရဲ့စိတ်ခွန်အားနဲ့ အမှတ်အသားပေးခံလိုက်ရတော့ သူမရဲ့ စာချုပ်သားရဲလို့ ပြောလို့ရတယ်...


ပို့ဆောင်ရေးစနစ်က သူ့ကိုသူမရဲ့ ကိုယ်ပိုင်ပစ္စည်းလို့ သတ်မှတ်လိုက်တာလား..


ဒီလောက်ပေါ့ဆရလားဟဲ့...


ချင်လေပေါခဗျာ ထိပ်တန်းဂိုဏ်းရဲ့ အကြီးဆုံးတပည့်ကနေ စာချုပ်သားရဲ ၊ အခုတော့ ကိုယ်ပိုင်ပစ္စည်းအဖြစ် သတ်မှတ်ခံနေရပြီ...


ချင်လေပေါရဲ့ လူမှုရေးအဆင့်အတန်းက မြောင်းထဲပါကျသွားပြီပဲ...


သို့သော် ထိုလူကတော့ အရာတိုင်းကို လျစ်လျူရှုထားပြီး ပတ်ပတ်လည်ကို သိချင်စိတ်တို့ တောက်လောင်နေသော မျက်လုံးရွဲကြီးဖြင့် ပတ်ကြည့်နေသည်။

"ဟေး ဟေး ဟေး နတ်ဆိုးမိန်းကလေး... ဒါဘယ်နေရာလဲ... ဒါကောင်းကင်ဌာနေလား... ဒါဆို မင်းကတကယ်ကြီး အထက်ဘုံကပေါ့လေ.. ဒါဆို ငါအထက်ဘုံတက်လာတာလား..."


"မဟုတ်ဘူး... ဒါကို သယ်ယူပို့ဆောင်ရေးလို့ပဲ အများဆုံးသတ်မှတ်လို့ရမယ်..."


ဘာတွေဖြစ်နေတာလဲ ငါတကယ်သိချင်နေပါပြီ...


"အာကာသမျိုးနွယ်ဂြိုလ်မှ ပြန်လည်ကြိုဆိုပါတယ်.."

အာကာသမျိုးနွယ် အမျိုးသမီးက ချိုသာသော အပြုံးလေးဖြင့် သူမတို့နားပျံလာသည်။

"မမလေးရဲ့ လေ့ကျင့်ရေးက အတော်လေးကြမ်းတမ်းခဲ့တယ်ဆိုပေမဲ့ ကျေးဇူးပြုပြီး စည်းမျည်းတွေကိုလိုက်နာ... ဒေသခံမျိုးနွယ်..."


စက္ကန်ဝက်အတွင်း သူမ လေထဲမှတစ်စုံတစ်ခုကို ဆွဲယူလိုက်သည်။ နောက်တစ်စက္ကန့်တွင် အလင်းတန်းတစ်ခုကို ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။


ယောင်စစ် နှလုံးသားလေးနစ်မြုပ်သွားကာ သွားပြီးဟု ခံစားလိုက်ရသည်။


ထင်သည့်အတိုင်းပင် တစ်မိနစ်အတွင်း အဖြူရောင်ဝတ်ဆင်ထားသော အာကာသမျိုးနွယ်တစ်အုပ်ကြီး သူမထံပျံသန်းလာသည်။ သူမတွေ့ခဲ့ဖူးသော ဝန်ထမ်းများနှင့်မတူပဲ ၎င်းတို့အားလုံး မဖော်ရွေသောမျက်နှာပေးဖြင့် ဓားများကို ကိုင်ထားကြသည်။


သူတို့က လုံခြုံရေးအစောင့်တွေလား...


"ဘာဖြစ်တာလဲ.."

ခက်ထန်သော အသံဖြင့်မေးလာသည်။ ထိုလူက ဓားပျံမစီးလာပဲ လေထဲတွင် လမ်းလျှောက်လာခြင်းဖြစ်သည်။ သူခြေတစ်လှမ်းလှမ်းလိုက်တိုင်း ကြာပန်းတစ်ပွင့်ပွင့်လာပြီး သူ့တစ်ကိုယ်လုံးတွင် သန့်ရှင်းစင်ကြယ်ကာ မြင့်မြတ်သော အဖြူရောင်အလင်း တောက်ပနေသည်။


ယောင်စစ် နှုတ်ခမ်းများ တွန့်လိမ်သွားတော့သည်။

ဒါကဘာလိုတောင် ပေါ်လာတဲ့ပုံစံလဲဟယ်... အမှတ်ပြည့် တစ်ရာလုံးတန်တယ်ဆိုပေမဲ့ သူကဘာလို့ မိန်းမဆန်သလိုဖြစ်နေရတာလဲ...


"နံပါတ် ၂၃၃ ...မင်းဘာလို့ အမြင့်ဆုံးအချက်ပြအလင်းကို ဖွင့်လိုက်ရတာလဲ..."

ထိုလူက အာကာသမျိုးနွယ်အမျိုးသမီးနား ပျံသွား၍ မေးလိုက်သည်။


သူမက သူ၏ အပိုဆာဒါးဖြစ်နေသော ပေါ်ထွက်လာပုံကို နေသားကျနေဟန်ဖြင့် ရှေ့သို့လျှောက်လာခဲ့သည်။ သူမ ယောင်စစ်ကို လက်ညှိုးထိုးပြပြီး စတင် ရှင်းပြလိုက်သည်။


"ဘာ... သူမက ဒေသခံမျိုးနွယ်စုကို မှောင်ခိုထုတ်တာလား..."

ထိုလူက နောက်ဆုံးတွင် ယောင်စစ်ကိုလှည့်ကြည့်ဘာပြီး သူမနား မြန်မြန်လျှောက်လာသည်။ ထို့နောက် မဖော်ရွေသောလေသံဖြင့် စပြောလာတော့သည်။

"ဖောက်သည်က လေ့ကျင့်ရေးစင်တာရဲ့ စည်းမျည်းတွေကို မသိတာလား... ရှေးဦးဂြိုလ်ပေါ်က အရာတိုင်းကို ဒေသထွက်ကုန်တွေအပါအဝင် ထွက်ခွာခွင့်မပေးထားပါဘူး... "


ချင်ချန်းလဲ့တစ်ယောက် ကိုယ်ပိုင်ပစ္စည်းမှ ဒေသထွက်ကုန်အဖြစ် ပြောင်းသွားရပြန်သည်။


“…”


"အဲ့လိုမဟုတ်ပါဘူး.. အထင်လွဲတာပါ .. ကျွန်မရှင်းပြ..."


"မင်းရဲ့အပြုအမူက စကြဝဠာဆိုင်ရာဥပဒေနဲ့ ညိစွန်းနေတယ်.. ဒေသခံမျိုးနွယ်ဝင်တွေကို အပြင်ထွက်ခွင့်မပေးထားဘူး... သူ့ကို ဖမ်းပြီးပြန်ပို့ရမယ်..."


ဟေး... ဒါဘယ်လိုတောင် စွပ်စွဲနေတာကြီးလဲ...


"ဒီက ဆရာ... တကယ်ပြောတာ သူ့ကို ကျွန်မခေါ်လာတာ မဟုတ်ဘူး... ရှင်တို့ရဲ့စနစ်ကသာ သူ့ကို ကျွန်မနားပို့ပေးလာတာ..."

နင်တို့တွေကပဲ ငါ့ကိုဖြေရှင်းချက်ပေးရမှာမျိုး မဟုတ်ဘူးလား...


"ပို့ဆောင်ဆက်သွယ်ရေးအစီအရင်ကို ဆရာသခင်ကိုယ်တိုင်လုပ်ထားခဲ့တော့... ဒီတော့ မှားစရာအကြောင်းကိုမရှိတာ..."

အာကာသမျိုးနွယ်ဝင်များက သူမ၏ ရှင်းပြချက်ကို ပယ်ချလိုက်ပြီး သူမကို အပြစ်တင်သော အမူအယာဖြင့် ကြည့်လာသည်။

"မင်းက ဖောက်သည်တစ်ယောက်ဖြစ်ပေမဲ့ ငါတို့ရဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တယ်... ဝန်ခံချင်ခံ ဝန်မခံချင်နေ မင်းရဲ့ စည်းကမ်းချိုးဖောက်မှုအရ အာကာသမျိုးနွယ်ဂြိုလ်ဝင်ခွင့်ကို ဆယ်နှစ်တိတိပိတ်လိုက်ပြီ... ကျေးဇူးပြုပြီး မင်းရဲ့ သင်္ဘောအချက်အလက်တွေပေးပါ... ပြီးရင် ချက်ချင်းထွက်ခွာဖို့ စီစဉ်ပေးပါ့မယ်..."


တော်လောက်ပြီ... 

ရှင်းပြနေ၍လည်း ဘာမှမထူးပြီဖြစ်၍ ချင်လေပေါကို ပြန်ပို့မည်ကြားသောအခါ ယောင်စစ် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမ၏ ကွန်ပျူတာလက်ပတ်ကို လှမ်းပေးရန်ပြော၍ လှမ်းပေးလိုက်သည်။


အာကာသမျိုးနွယ်မှလူက သူမ၏ ကွန်ပျူတာလက်ပတ်ကို လေးထောင့်ပုံစစ်ဆေးကိရိယာဖြင့် စစ်ဆေးလိုက်သောအခါ သူမ၏သင်္ဘောအချက်အလက်များ ပေါ်ထွက်လာသည်။

"မစစ်ယောင် ၊ သင်္ဘောနံပါတ် F233က ခင်ဗျားကို နောက်ဆယ်မိနစ်အတွင်း ..."


သူ စကားပြောရင်းတန်းလန်းရပ်လိုက်ပြီး ထိုသတင်းအချက်အလက်ကို ဖတ်ရသည်မှာ မှားယွင်းသွားဟန်ဖြင့် မျက်လုံးပြူးကျယ်လာသည်။ သူမျက်နှာက ချက်ချင်းဖြူဖျော့သွားကာ သူ့လက်များပင် တုန်ရီလာသည်။


ဘာဖြစ်သွားတာလဲ..


"အ..အ.. အနီရောင်ဂြိုလ်..."

သူ စကားထစ်သွားကာ ဆက်ပင် မပြောနိုင်တော့ချေ။ သူပိုမိုတုန်လှုပ်လာပြီး အံတင်းတင်းကြိတ်လိုက်သည်။ ၎င်းက ခုဏက အမိုက်စားပေါ်ထွက်လာသော မိမိုက်သည့် အာသာသမျိုးနွယ်ဝင်နှင့် မတူတော့ပေ။


ခဏအကြာတွင် အပြုံးကြီးဖြင့် ပြန်ပြောလာသည်။

"မမလေးက အဖိုးတန်သွေးစုပ်ဖုတ်ကောင်ဖောက်သည်တစ်ယောက်ပဲ... ဒါ နားလည်မှုလွဲတာပါ နားလည်မှုလွဲသွားတာ... ခရီးစဉ်မှာပျော်ခဲ့ရဲ့လားဗျာ... အဖိုးတန်မှတ်ချက်ကလေးများပေးချင်သေးလား... စိတ်မပူပါနဲ့ ကျွန်တော်တို့ အာကာသမျိုးနွယ်တွေမှာ အရည်အသွေး အကောင်းဆုံးတွေပဲရှိတာပါ... မမလေး စိတ်မကျေနပ်တာရှိရင် ပြန်လဲပေးတာဖြစ်ဖြစ် ပြန်ပြင်ပေးတာဖြစ်ဖြစ် လုပ်ပေးလို့ရပါတယ်..."


ဒီ ဒရာမာဆန်ဆန်ပြောင်းလဲမှုကြီးက မြန်လွန်းမနေဘူးလားဟင်...


"မမလေးရဲ့ သင်္ဘောက စထွက်တော့မှာပါ... သူတင်မကဘူး အခြား ဒေသထွက်ကုန်တွေပါလိုချင်ရင် ယူလို့ရပါတယ်... အိမ်အရောက်ဝန်ဆောင်မှုအပြည့်နဲ့ ထည့်ပေးလိုက်ဖို့ လိုသေးလားဗျာ..."


“…”


ချင်လေပေါက ယခုတွင် ရှေးဦးဂြိုလ်မှထွက်ခွင့်ရသော ဒေသထွက်ပစ္စည်းဖြစ်လာခဲ့သည်။ ယောင်စစ် သူမ သူ့ကိုအရိပ်ဂြိုလ်မှ ခေါ်ထုတ်လာရန် မရည်ရွယ်ဘဲ စာချုပ်ကြောင့်သာ သူ့အလိုလိုပါလာကြောင်းရှင်းပြလိုက်သော်လည်း အာကာသမျိုးနွယ်တစ်အုပ်ကြီးက သူမကို မယုံကြည်ကြပေ။ ၎င်းတို့ သူ့ကို ဂြိုလ်ထဲမှ အတင်းအကြပ်ပြန်ပို့မည်ဆိုပါက ဂြိုလ်ကိုဝန်းရံနေသော မိုးကြိုးများကြောင့် မိုးကြိုးအပစ်ခံ၍သေလိမ့်မည်ဟု ရှင်းပြခဲ့သည်။ 


ယောင်စစ် ရွေးချယ်စရာမရှိတော့ပဲ အာကာသမျိုးနွယ်တစ်အုပ်ကြီး သူမကို ယဉ်ကျေးသိမ်မွေ့သော်လည်း စိတ်လှုပ်ရှားကြောက်ရွံ့နေသောပုံဖြင့် သင်္ဘောပေါ် လိုက်ပို့ခြင်းကို ခံလိုက်ရသည်။ သူမ အသိပြန်ဝင်လာသောအခါ အိမ်သို့ ဒေသထွက်ကုန်ကြီးခေါ်လာ၍ ပြန်ရောက်နေပြီဖြစ်ကြောင်း သတိထားမိတော့သည်။


သူမ ထိုင်ခုံပေါ်တွင် မလွယ်ကူစွာထိုင်နေပြီး မျက်နှာကြီးမဲမှောင်နေသော ကလေးထိန်းဖေဖေကို ချောင်းကြည့်လိုက်သည်။ ယောင်စစ် ဘယ်ကစရှင်းပြရမလဲ မသိတော့ပေ။ သူမထင်ယောင်ထင်မှားဖြစ်သည်လားမသိသော်လည်း ချင်လေပေါကို အိမ်ထဲခေါ်သွင်းလာပြီးနောက်တွင် အိမ်ထဲရှိအပူချိန်က အတော်လေးကျင်ဆင်းသွားသည်ဟု ခံစားလိုက်ရသည်။ သူမ အပူချိန်ထိန်းညှိစက်ကိုကြည့်လိုက်သည်။

တကယ်မမှားဘူးလား...


အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး သူမရှေ့ရှိလူကို မဝံ့မရဲ ချောင်းကြည့်လိုက်သည်။

"ဖေဖေ.."


မူရွှမ် အသံတိတ်နေဆဲဖြစ်သော်လည်း သူ၏စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပိုမိုအေးခဲလာသည်။ အအေးဓာတ်က သူ့ကို ဝန်းရံထားလေသည်။


ပိုဆိုးသွားပြီဟ... သူ့ကို မူရွမ်လို့ခေါ်ဖို့တောင် ပြင်မပေးတော့ဘူး... တကယ်ကြီးဒေါသထွက်နေတာပဲ...


"ကျွန်မရှင်းပြနိုင်ပါတယ်..."

ယောင်စစ် သူမ၏ ကလေးထိန်းဖေဖေ၏စိတ်ခွန်အားပါဝင်သော လည်ဆွဲလေးကို ချွတ်လိုက်ကာ လက်ကိုမြှောက်၍ လက်ဦးမှုယူရန်ပြင်လိုက်သည်။


မူရွှမ်က မျက်နှာသေနှင့်ရှိနေဆဲဖြစ်သော်လည်း သူ၏အကြည့်က ဒေသထွက်ကုန်လေး ချင်ချန်းလဲ့ထံသို့ တဖြေးဖြေးချင်းရွှေ့သွားသည်။ အပူချိန် ပိုမိုကျဆင်းသွားပြီး ရေခဲကဲ့သို့အေးစက်သောလေများက နေရာအနှံ့သို့ လွင့်ပျံသွားသည်။


သူ သူ၏ကလေးလေးကို မတွေ့ရသည်မှာ နှစ်လပင်ကြာမြင့်ခဲ့ပြီဖြစ်သည်။ သူမက သူမကိုလုပ်ကျွေးပြုစုပေးရန် လွှတ်ထားသောလူများကို ကန်ထုတ်ခဲ့ပြီး သူမဘာသာရုန်းကန်ခဲ့ပြီး လူစိမ်းတစ်ယောက်ကိုပင် အိမ်ပြန်ခေါ်လာခဲ့သေးသည်။


ယောက်ျားတစ်ယောက်... အသက်ရှင်နေတဲ့ယောက်ျား... အသက်တောင်ရှူနေသေးတာ...


မူရွှမ်တစ်ယောက်ယောက်ကို သတ်ချင်နေပြီဖြစ်သည်။