Chapter 149
လင်းလော့ချင်းက သူ့အနမ်းကို ခံယူလျှက်ရှိသည်။ သူက ကျိယွီရှောင်၏ နှုတ်ခမ်းများ အကြားမှ တီးတိုးဆိုလာ၏။
“နောက်လည်း ငါ့မျက်လုံးတွေကို မဖုံးထားပါနဲ့ … ငါမင်းကို တွေ့ချင်တယ် … ”
“ကောင်းပါပြီ … ” ကျိယွီရှောင် သူ့ကိုနမ်းလိုက်သည်။
“ငါ ဂရုမစိုက်ဘူး ...” လင်းလော့ချင်းက တစ်ဖက်လူ အတွေးလွန်မည်ကို စိုးရိမ်သဖြင့် အမြန်ပြောလိုက်၏။
“ကိုယ်သိပါတယ် … ” ကျိယွီရှောင် ညှင်သာစွာ ဆိုသည်။
“ငါ ကြောက်လည်း မကြောက်ဘူး … ”
“ကိုယ်သိပြီ … ”
“နောင်တလည်း ရမှာမဟုတ်ဘူး ...”
ကျိယွီရှောင် ဘာမှမပြောတော့။
လင်းလော့ချင်း ပါးစပ်ကိုဟကာ ကျိယွီရှောင်၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်၏။
“မင်း ကိုယ်သိပြီလို့ ထပ်ပြောရမှာလေ … အားလုံးကို သိနေပြီး ဒါကိုကျဘာလို့ မသိတာလဲ … အရင်ကမသိရင်တောင် အခုသိလိုက်တော့ … ”
ကျိယွီရှောင် ရွှင်မြူးသွား၏။ သူက မျက်ဝန်းများ ကွေးညွှတ်သွားကာ လင်းလော့ချင်းကို ကြည့်လိုက်သည်။
“ပြောလေ … ” လင်းလော့ချင်း သူ့အား တိုက်တွန်းလိုက်၏။ “မင်းအခုသိပြီလို့ ပြောရမှာ … ”
ကျိယွီရှောင်က သူနှင့်အတူ ပူးပေါင်းပေး၏။ “ကိုယ်သိပါပြီ ...”
လင်းလော့ချင်း ကျေနပ်သွားကာ သူကိုက်ခဲ့သည့် နေရာအား ပြန်နမ်းလိုက်သည်။
“တော်တယ် … ”
တစ်ဖက်လူမျက်နှာပေါ်ရှိ ပျော်ရွှင်မှုကြောင့် ကျိယွီရှောင်၏ နှလုံးသားသည်လည်း နူးညံ့မှုများဖြင့် ပြည့်နှက်သွား၏။ သူက လင်းလော့ချင်းအား တင်းကျပ်စွာ ပွေ့ဖက်ကာ နားရွက်များကို အချင်းချင်း ပွတ်တိုက်လျှက် ခေါ်လိုက်သည်။
“ချင်းချင်း ...”
လင်းလော့ချင်းက သူ့ပုခုံးပေါ်တွင် ကျိယွီရှောင်၏ အနမ်း ကျရောက်လာကြောင်း ခံစားမိလိုက်သည်။ သူက ရယ်မောလျှက် ခေါင်းငုံ့ကာ ကျိယွီရှောင်၏ ပုခုံးကို နမ်းလိုက်ရင်း သူ၏ ခေါင်းလေးအား မီလိုက်၏။
တစ်ညထဲနှင့်ပင် လင်းလော့ချင်းက ကျိယွီရှောင်၏ခါး မည်မျှ သန်မာကြောင်း ရင်ဆိုင်လိုက်ရသည်။
ကျိယွီရှောင်အား သူဦးဆောင်ရလိမ့်မည်ဟု အစက တွေးခဲ့မိသေး၏။ သို့သော် သူက ပင်ပန်းနေသော်ငြား တစ်ဖက်လူက အားအင်အပြည့် ရှိနေသေးသည်။
တစ်ဖက်လူသည် လူသားတို့၏ ဆန္ဒများကို ဖိနှိပ်ကာ သဘာဝတရား၏ စည်းမျဉ်းများအား ဆန့်ကျင်၍ အကြာကြီးနေခဲ့သည်ဟု လင်းလော့ချင်း ခံစားမိလိုက်၏။ ကြာမြင့်စွာ ဟန်ဆောင်ပြီးနောက် သူက အလွန်ဆာလောင်နေပြီး အမဲရိုးအား အရသာခံတော့မှာဖြစ်သည်။ သူက လူသားအဖြစ် ဆက်လက်ဟန်မဆောင်တော့။
လင်းလော့ချင်း ဝေဝေဝါးဝါးဖြင့် မျက်လုံးမှိတ်လိုက်သည်။ နှစ်သစ်၏ ခေါင်းလောင်းသံအား သူ မကြားလိုက်ရသော်လည်း သူ့ဆန္ဒကမူ နှစ်သစ်၏ ပထမဆုံးနေ့တွင် ပြည့်ဝသွားလေပြီ။
ကျိယွီရှောင် သူမျက်လုံးမှိတ်သွားသည်အထိ ကြည့်နေရင်း နဖူးလေးအား နမ်းလိုက်သည်။ “ကောင်းသောညပါ ...”
“ကောင်းသောညပါ … ” လင်းလော့ချင်း ဗလုံးဗထွေးဆို၏။
သူက အေးချမ်းစွာ အိပ်မောကျသွားခဲ့သည်။
*****
နှစ်သစ်၏ ပထမဆုံးနေ့တွင် လင်းလော့ချင်း အိပ်ရာထ နောက်ကျခဲ့သည်။
သူမနေ့ညက မည်သည့်အချိန်တွင် အိပ်ပျော်သွားခဲ့မှန်း သူ မသိတော့ပေ။ သို့သော် နိုးလာချိန်၌ နေ့လည်ပင်ရောက်ပေတော့မည်။
လင်းလော့ချင်း, “……”
လင်းလော့ချင်းက သူ မနိုးခင်ကတည်းက နိုးနေပုံရသည့် ကျိယွီရှောင်ကို ရှော့ခ်ရဟန်ဖြင့် ကြည့်လိုက်သည်။ “ဘာလို့ ဒီလောက်နောက်ကျသွားတာလဲ … ”
“အဆင်ပြေပါတယ် … ” ကျိယွီရှောင် သူ့ကို ချော့လိုက်သည်။ “အိပ်ငိုက်နေတုန်းလား … ခဏလောက်ဖြစ်ဖြစ် အိပ်ချင်သေးလား … ”
လင်းလော့ချင်း “……”
“မင်းမနေ့က အိပ်တာ ငါ့ထက် နောက်ကျတယ်လေ … အခုကျ ဘယ်လိုဖြစ်ပြီး စောစောနိုးနေတာလဲ …”
ကျိယွီရှောင် ပြုံးလိုက်သည်။ သူ့အသံက ညှင်သာနေ၏။ “ကိုယ်မင်းကို စောစော တွေ့ချင်လို့လေ ...”
လင်းလော့ချင်း “……”
ကောင်းပြီလေ … သူ ဘာများပြောနိုင်မှာတဲ့လဲ …
“ဖေးဖေးနဲ့ရှောင်ယွီက ဆာနေလောက်ပြီထင်တယ် …”
“ရှောင်လိကို သူတို့အတွက် နေ့လည်စာနဲ့ မနက်စာ ဝယ်ခိုင်းထားပြီးပြီ …”
လင်းလော့ချင်း ခေါင်းညှိတ်လိုက်၏။
ကျိယွီရှောင် သူ့နဖူးလေးအား ထိလိုက်သည်။ “မင်းစိုးရိမ်စရာ မလိုပါဘူး … အိပ်ချင်ရင် ခဏအိပ်လို့ရတယ် … ဘာမှမဖြစ်ဘူး ….”
သူ၏ အပြုအမူက သူ့စကားလုံးများထက်ပင် ပို၍ ညှင်သာ၏။ လင်းလော့ချင်း ရင်ထဲထိသွားသည်။ ထို့နောက် မနေ့ညက မှတ်ဉာဏ်များက ပြန်ပေါ်လာကာ အနည်းငယ် ရှက်ရွံ့သလို ခံစားလိုက်ရ၏။ သူက ခေါင်းလေးငုံ့လိုက်မိသည်။
ကျိယွီရှောင်ကမူ သူ့အား စနောက်နေဆဲပင်။
“ဘာလို့ ကိုယ့်ကို မကြည့်ရတာလဲ … မနေ့ညကတော့ မင်းငိုပြီး ကိုယ့်ကို ကြည့်ချင်တယ်လို့ ပြောခဲ့တာလေ … ခုကျ နိုးလာတော့ မကြည့်တော့ပြန်ဘူး … မင်းက သိပ်အပြောင်းအလဲမြန်တာပဲ … ”
လင်းလော့ချင်း ခေါင်းမော့ကာ သူ့အား စိုက်ကြည့်လိုက်သည်။ “ပါးစပ်ပိတ်ထား … ”
ကျိယွီရှောင် ပြုံးကာ နဖူးချင်းထိကပ်လျှက် လင်းလော့ချင်း၏ မျက်ဝန်းများအား နူးညံ့စွာ စိုက်ကြည့်လိုက်၏။ ထိုအခိုက်အတန့်တွင် သူ့မျက်ဝန်းအတွင်း၌ လင်းလော့ချင်း၏ မျက်ဝန်းများသာ ရှိတော့သည်။
သူက ဘယ်လိုနေနေ ကြည့်ကောင်းပြီးသားဖြစ်သည်။ ယခုမူ ကျိယွီရှောင်က အကွာအဝေးအားလုံးကို ဖယ်ရှားလိုက်သဖြင့် သူ၏ နူးညံ့မှုသည် အိပ်မက်ဆန်နေပြီး လင်းလော့ချင်းအား ရင်ခုန်သံမြန်လာစေသည်။ သူ့မျက်ဝန်းများက ကျိယွီရှောင်ကို ကြည့်နေရင်း ပိုမိုနူးညံ့လာ၏။
သူက မျက်တောင်ခတ်လိုက်ရင်း မျက်လွှာချလိုက်မိသည်။
သို့သော် ကျိယွီရှောင်က အနားသို့တိုးလာသဖြင့် သူတို့မျက်တောင်များ အချင်းချင်း ထိမိသွားကြ၏။
လင်းလော့ချင်း သူ့အား ထပ်ကြည့်လိုက်မိသည်။ ကျိယွီရှောင်က နူးညံ့ပြီး စိတ်ရှည်နေဆဲပင်။
လင်းလော့ချင်း တောင့်မခံနိုင်တော့ပဲ မေးဖျားကို ပင့်မော့ကာ တစ်ဖက်လူ၏ နှုတ်ခမ်းများကို နမ်းလိုက်မိ၏။
သူက မျက်လုံးမမှိတ်ပဲ ကျိယွီရှောင်အား နမ်းနေမိသည်။ သူ့မျက်ဝန်းများက ရှင်းလင်းကြည်လင်နေကာ ကျိယွီရှောင်ထံမှ အနမ်းကို တောင်းဆိုနေသကဲ့သို့ပင်။
ကျိယွီရှောင် ရင်ထဲတွင် ပန်းများ ပွင့်လာသကဲ့သို့ ခံစားလိုက်ရ၏။ ဖြူဖွေးနူးညံ့၍ သေးငယ်သော ပန်းပွင့်ကလေးများသည် သူ့နှလုံးသား ရေပြင်ဝယ် မျောပါနေကြသည်။
သူက လင်းလော့ချင်း၏ ပါးပြင်အား ညှင်သာစွာ ပွတ်သပ်ကာ သိလိုစိတ်ဖြင့် မေးလိုက်၏။
“ကိုယ်မင်းကို နမ်းစေချင်လား … ”
လင်းလော့ချင်း၏ မျက်နှာလေးက နီရဲလာသည်။ သူက စိတ်ထဲမှ ရေရွတ်လိုက်၏။ ‘သိသိကြီးနဲ့ လာမေးနေတယ် … ’ သို့သော် သူက ပျော်ရွှင်စွာဖြင့် ခေါင်းညှိတ်လိုက်သည်။ “အွန်း … ”
ကျိယွီရှောင် ရယ်လိုက်သည်။ သူက လင်းလော့ချင်း၏ မျက်ခုံးတန်းလေးကို နမ်းလိုက်ပြီးနောက် သူ၏ နှုတ်ခမ်းအား နမ်းလိုက်၏။
အနမ်းအဆုံးမသတ်ခင်မှာပင် လင်းလော့ချင်း တစ်စုံတစ်ခုအား ရုတ်တရက် သတိရသွားခဲ့သည်။ “ငါ သွားမတိုက်ရသေးဘူး … ”
ကျိယွီရှောင် ဟမ့် ကနဲ့ ရေရွတ်လိုက်သည်။ “အဆင်ပြေပါတယ် … ငါမင်းကို မရွံပါဘူး ...”
“ငါမင်းကို ရွံရင်ရော … ”
“အရမ်းနောက်ကျသွားပြီ ...” ကျိယွီရှောင် သူ၏ နားသံသီးလေးအား ဆိတ်လိုက်၏။
“မနေ့ညက နောင်တမရပါဘူးလို့ ဘယ်သူပြောခဲ့တာပါလိမ့် … အခုမှ ရွံလို့ ဘာထူးတော့မှာလဲ … ”
လင်းလော့ချင်း ထိုစကားများကြောင့် မရယ်ပဲ မနေနိုင်တော့။
“ဟုတ်ပါပြီနော် … ငါမရွံအောင် ကြိုးစားပါ့မယ် … ”
ကျိယွီရှောင် ရယ်လျှက် သူ၏ နားသံသီးလေးအား ညှင်သာစွာ ဆွဲဆိတ်လိုက်ပြန်သည်။
လင်းလော့ချင်းက သူ၏ ပြုံးနေသော မျက်ဝန်းများနှင့် လက်ရွေ့လျားမှုအား ငေးကြည့်နေမိ၏။ ကျိယွီရှောင်က နားသံသီးလေးအား ညှင်သာစွာ ထိတွေ့နေခြင်းဖြစ်ပြီး သူ၏ လက်ချောင်းများမှာ နွေးထွေးလှသည်။ လင်းလော့ချင်းက သူ၏ နားရွက်နှင့် မျက်နှာမှာ ပူထူလာကြောင်း ခံစားမိလိုက်ပြီး သူ ခပ်တိုးတိုးပြောလိုက်သည်။
“လိုက်ထိမနေနဲ့တော့ …”
ကျိယွီရှောင် ဟမ့် ခနဲ့ ရေရွတ်ကာ လှုပ်ရှားမှုအား ရပ်တန့်လိုက်၏။ သို့သော် သူ့မျက်ဝန်းများကမူ လင်းလော့ချင်းအား ရယ်ရွယ်ချက်အပြည့်ဖြင့် ကြည့်နေဆဲပင်။
လင်းလော့ချင်း၏ နှလုံးသားက စတင်ခုန်လှုပ်လာ၏။ သူက ကျိယွီရှောင်၏ မျက်ဝန်းများကို ကာလိုက်သည်။ “မကြည့်နဲ့ဆို … ”
ကျိယွီရှောင်မျက်နှာပေါ်ရှိ အပြုံးက ပို၍ နက်ရှိုင်းလာ၏။ သူက လင်းလော့ချင်း၏ လက်အား ဆွဲယူကာ နမ်းရှိုက်လိုက်သည်။ “မင်းကို မကြည့်ရဘူးဆိုရင် ကိုယ်က ဘယ်သူ့ကို သွားကြည့်ရမှာလဲ … ”
“ဘာပဲဖြစ်ဖြစ် မကြည့်နဲ့ဆို … ” လင်းလော့ချင်းက ပြော၏။
“ကြည့်ဖို့ လိုအပ်လာရင်ရော … ”
လင်းလော့ချင်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ ခပ်တိုးတိုးလေး ပြောလိုက်သည်။ “မင်းမျက်လုံးတွေကို မင်းပိုင်တာပဲလေ … ဘယ်သူက မင်းကို တားလို့ရမှာလဲ … ”
ကျိယွီရှောင် ပျော်ရွှင်စွာဖြင့် တဟားဟား ရယ်မောလိုက်၏။
လင်းလော့ချင်း ရှက်သွားသည်။ “မရယ်နဲ့ကွာ … ”
ကျိယွီရှောင် ရယ်သံက ပို၍ပင် ကျယ်လာ၏။
လင်းလော့ချင်းက တစ်ဖက်လူကိုင်ထားဆဲဖြစ်သော လက်ကို မြှောက်ကာ ကျိယွီရှောင်၏ နှုတ်ခမ်းကို ကာ၍ စိတ်ဆိုးသည့် အကြည့်ဖြင့် ကြည့်ပေးလိုက်သည်။
ကျိယွီရှောင်က ၎င်းကို အခွင့်ကောင်းယူ၍ လင်းလော့ချင်းအား ပွေ့ဖက်ကာ ဆွဲလိမ့်လိုက်ရင်း သူ့ကိုယ်ပေါ် တင်လိုက်၏။
မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးက နီးကပ်သွားခဲ့သည်။
လင်းလော့ချင်း မနေ့ညက အကြောင်းကို ပြန်လည်အမှတ်ရသွားသည်။ သူက ကျိယွီရှောင်အား ထပ်ခါထပ်ခါ ပွေ့ဖက်လျှက် တစ်ဖက်လူ၏ ရင်ဘတ်ပေါ်တွင် ယခုကဲ့သို့ လဲလျောင်းနေခဲ့၏။
သူ့မျက်နှာက ထပ်မံလောင်ကျွမ်းစပြုလာသည်။ မှတ်ဉာဏ်များက လှိုင်းလုံးများကဲ့သို့ ကြမ်းတမ်းစွာ ဝင်ရောက်လာ၏။
သူက ခေါင်းငုံ့လိုက်ရင်း ကျိယွီရှောင်အား ထပ်မံ၍ စေ့စေ့မကြည့်ရဲတော့ချေ။
ထိုအပြုအမူကြောင့် ကျိယွီရှောင်၏ နှလုံးသားက ငှက်မွှေးဖြင့် ဆော့ကစားခံလိုက်ရသလို အသည်းယားသွားခဲ့သည်။
သူက သူ့ပါးစပ်ကို ကာထားသည့် လင်းလော့ချင်း၏ လက်ကို ဆွဲယူလျှက် တစ်ဖက်လူ၏ မျက်နှာထက် အနမ်းခြွေလိုက်သည်။ လင်းလော့ချင်းက သူ့ကို ကြည့်လာချိန်တွင် ကျိယွီရှောင်က သူ၏ ခေါင်းလေးကို ကိုင်ကာ စတင်နမ်းရှိုက်နေပြီဖြစ်သည်။
သူတို့နှစ်ဦးက နီးကပ်စွာ အနမ်းခြွေနေကြ၏။
ကျိယွီရှောင်က လင်းလော့ချင်းကို ဖက်ထားရင်း အနည်းငယ် ခံစားလွယ်နေခဲ့သည်။
သူ့လက်ဖဝါးအောက်မှ ကိုယ်ငွေ့နွေးနွေးနှင့် လင်းလော့ချင်း၏ ပန်းရောင်သမ်းနေသော မျက်နှာကြောင့် သူ တစ်စုံတစ်ခုကို ပြုလုပ်ချင်လာ၏။ သို့သော် သူ မလုပ်ခဲ့ချေ။
လင်းလော့ချင်း၏ ပထမဆုံးအကြိမ်မှာ မနေ့ညကဖြစ်သည်။ သူ့အတွက် ဒုတိယအကြိမ် စတင်ရန် မသင့်လျော်သေးချေ။ ထို့ကြောင့် ကျိယွီရှောင်က သူ့အား နမ်းရင်းချော့မြှူရန်သာ တတ်နိုင်၏။
လင်းလော့ချင်းက ကျိယွီရှောင်၏ အနမ်းကြောင့် မူးဝေနေသည်။ ကျိယွီရှောင် အနမ်းအား အဆုံးသတ်လိုက်ချိန်အထိ သူက ကျိယွီရှောင်၏ ကိုယ်ပေါ်တွင် လဲလျောင်းကာ အသက်ရှူခြင်းကို ထိန်းညှိနေမိသည်။
လက်ရှိအချိန်ရှိ လေထုမှာ အလွန်နူးညံ့လှသဖြင့် လင်းလော့ချင်း မထချင်ချေ။ သူတစ်ခါမှ ဤကဲ့သို့ မကြုံခဲ့ရဖူး။ ထို့ကြောင့် သူက ခဏနေပြီး ချိုမြိန်သည့် အချိန်ကာလလေးအား ခံစားရန် ဆုံးဖြတ်လိုက်သည်။
ကျိယွီရှောင်က သူ့အား မလောချေ။ သူက လင်းလော့ချင်းအား ဆက်လက်လှဲနေစေပြီး တစ်ချက်တစ်ချက် အနမ်းခြွေလျှက်ရှိ၏။ လင်းလော့ချင်း၏ နှလုံးသားမှာ နွေးထွေးနေပြီး သူ့အားဖက်ထားသည့် လက်များမှာလည်း ပို၍ပင် တင်းကျပ်လာသည်။
သူက အသိုက်ရှာတွေ့သွားသည့် အကောင်ပေါက်ကလေးနှင့် တူသည်။ ကျိယွီရှောင်အား ပွတ်သပ်နေရင်း ခဏအကြာတွင် ပြန်အိပ်ပျော်သွားပြန်၏။
ကျိယွီရှောင်က သူ့အား မနှိုးပဲ အိပ်စက်နေစေကာ သူတို့၏ ပါးပြင်များကို အချင်းချင်း ပွတ်သပ်နေလိုက်သည်။
နေ့လည်တစ်နာရီတွင် လင်းလော့ချင်း ပြန်နိုးလာ၏။ သူတစ်ခါမှ ဤမျှအကြာကြီး မအိပ်ခဲ့ဖူးချေ။ သူက နေ့လည်ခင်း တရေးတမောအိပ်သကဲ့သို့ အိပ်မောကျသွားခဲ့သည်။
ခြုံစောင်က နွေးထွေးနေသည့်အပြင် ကျိယွီရှောင်မှာ ပို၍ပင် ယစ်မူးစေ၏။ အေးချမ်း၍ သက်တောင့်သက်သာ ရှိသော အရပ် ဟူသည့် စကားလုံးကို လင်းလော့ချင်းတွေးလိုက်မိသည်။ ထိုပတ်ဝန်းကျင်အား သူယခု ခံစားနေရပြီး ကျိယွီရှောင်ကိုယ်ပေါ်တွင် တစ်နေကုန် လဲလျောင်းလျှက် တစ်ဖက်လူ၏ အနွေးဓာတ်ကို ခံစားကာ နေချင်မိ၏။
သို့သော် သူက ထထိုင်လိုက်ပြီး မနေ့ညက အိပ်ရာပေါ်မှ ပစ်ချခံရပြီးနောက် သူ့ကိုယ်ပေါ် ပြန်လည် ဝတ်ဆင်ပေးခြင်း ခံလိုက်ရသည့် ညအိပ်ဝတ်ရုံအား ဆွဲချလိုက်သည်။
“ထတော့ … ငါတို့ အိပ်ရာထချိန်ရောက်ပြီ … ” သူက ခေါင်းကိုလှည့်ကာ ကျိယွီရှောင်အား ကြည့်လိုက်သည်။
ညအိပ်ဝတ်ရုံ၏ လည်ပင်းအဟက သူ၏ ညှပ်ရိုးအား လှစ်ဟပြနေ၏။ ညှပ်ရိုးနံဘေးတွင် အနမ်းရာတစ်ခုသည် နှင်းဆီနီနီ ပွင့်လန်းနေသကဲ့သို့ လှပစွာ တည်ရှိနေသည်။
ကျိယွီရှောင် ထိုအနမ်းရာကို ကြည့်ရင်း လင်းလော့ချင်းအား နမ်းချင်လာ၏။
သူထထိုင်လိုက်ချိန်တွင် လင်းလော့ချင်းက ဝတ်စုံကမ်းပေးလိုက်သည်။ ကျိယွီရှောင်က ဝတ်ရုံကို စွပ်ချလိုက်ပြီးနောက် လင်းလော့ချင်းနှင့်အတူ အိပ်ရာထလာ၏။
သူတို့နှစ်ဦးက ရေချိုးခန်းအတွင်းသို့ သွားကာ အတူတကွ ဆေးကြောလိုက်ကြသည်။
လင်းလော့ချင်း မှန်မကြည့်ခင်အထိ အနမ်းအမှတ်အသားများကို သတိမပြုမိခဲ့ချေ။ ကျိယွီရှောင်က သူ့ကိုယ်ပေါ်တွင် အမှတ်အသားများစွာ ချန်ခဲ့၏။
သူက ကျိယွီရှောင်ကိုတစ်လှည့် အမှတ်အသားများကိုတစ်လှည့် ကြည့်ရင်း ရှက်သွေးဖြာသွားလေသည်။
ကျိယွီရှောင် သူ့ကိုစလိုက်၏။ “ဘာတွေတွေးနေတာလဲ … မျက်နှာလေးကိုရဲနေရော ...”
လင်းလော့ချင်း နှာခေါင်းရှုံ့လိုက်သည်။ သူက မှန်ကိုတစ်ဖန် ပြန်ကြည့်ရင်း ထိုသူအား လျစ်လျူရှုလိုက်၏။
ကျိယွီရှောင် ပြုံးကာ ထိုသူသည် အလွန်ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။
ကျိယွီရှောင် ချွတ်ပေးခဲ့သည့် အနက်ရောင်ဖဲစက အိပ်ရာနံဘေးရှိ အံဆွဲအတွင်း ရှိနေ၏။
လင်းလော့ချင်း ဇဝေဇဝါ ဖြစ်သွားသည်။ “ဘာလို့ သိမ်းထားတာလဲ … နောက်ပိုင်း ဒါကို သုံးစရာမှ မလိုတော့တာ … ”
“ကိုယ် အဲဒါကိုထုတ်ကြည့်ပြီး မင်းအကြောင်းတွေးချင်လို့ … ” ကျိယွီရှောင်က ဉာဏ်ကောင်းစွာဖြင့် ဆို၏။ “မင်းရုပ်ရှင်ရိုက်ဖို့ အိမ်ကထွက်သွားတဲ့အခါ ကိုယ် အဲဒါကိုကြည့်ရင်း မင်းအကြောင်း တွေးနိုင်တယ်လေ ...”
လင်းလော့ချင်း “……”
သူ မျက်လုံးစည်းထားသည့်ပုံစံအား ကျိယွီရှောင် နှစ်သက်ကြောင်း လင်းလော့ချင်း ခံစားမိလိုက်သည်။
သို့သော် ရုတ်တရက်ဆိုသလို ကျိယွီရှောင် မျက်လုံးများအား ဖုံးအုပ်ထားသည့် ပုံစံကို လင်းလော့ချင်း မြင်ချင်လာ၏။
“မင်းလည်း လုပ်ချင်လုပ်ကြည့်လေ ...” လင်းလော့ချင်း စိတ်အားထက်သန်စွာ ပြောလိုက်၏။
“ငါက နောက်ပိုင်း ဒါကို မသုံးချင်တော့ဘူး ဆိုပေမယ့် မင်းစမ်းကြည့်ချင် ကြည့်လို့ရပါတယ် … ”
သူ၏ အတွေးများမှာ လျင်မြန်စွာ လည်ပတ်နေသကဲ့သို့ ကျိယွီရှောင် ခံစားလိုက်ရသည်။ “ကိုယ့်အတွက် ကိစ္စမရှိပါဘူး … ဒါပေမယ့် မင်းအက်စီးဒန့်ဖြစ်မှာ မကြောက်ဘူးလား … ”
“ဒါမှမဟုတ် မင်းကိုယ်တိုင် အားလုံးကို အစပျိုးချင်တာလား … ”
လင်းလော့ချင်း “……”
ထိုအရာက လုံခြုံမှုရှိပုံမပေါ်ချေ။
ထားလိုက်တော့ … ကားအက်ဆီးဒန့်သာဖြစ်ရင် ကားမောင်းတဲ့ ကျိယွီရှောင်က ဘာမှဖြစ်မှာမဟုတ်ဘူး … ကားဖြစ်တဲ့ သူ့(လင်းလော့ချင်း)ကိုပဲ စိုးရိမ်ရမှာ …
သူက အရမ်းကိုနူးညံ့တဲ့ ကားလေးပါနော် …