Chapter 152
လင်းလော့ချင်းက ကျိလဲ့ယွီနှင့် လင်းဖေးတို့ကို အတူတူအိပ်မည်ဟု ကတိပေးထားသည်။ သူက ကလေးနှစ်ယောက်ကို ရေကူချိုးပေးကာ သူနှင့် ကျိယွီရှောင်၏ အခန်းထဲသို့ ခေါ်သွားရန်အတွက် ရေအရင်ချိုးထားရန် ပြင်ဆင်လိုက်လေသည်။
ကိုးနာရီထိုးသောအခါ သူက ကျိယွီရှောင်ကို ပြောလိုက်သည်။
"ငါရေသွားချိုးလိုက်ဦးမယ်..."
ကျိယွီရှောင်က လင်းလော့ချင်း ရေချိုးရန် ဖုန်းကိုချလိုက်သည်ကို ကြည့်လိုက်သည်။ အနည်းငယ် တုံ့ဆိုင်းနေပြီးနောက် သူက ဆိုလိုက်သည်။
"အတူတူချိုးရအောင်..."
လင်းလော့ချင်းက ကြောင်အသွားလေသည်။
သူက ကျိယွီရှောင်ကို အံ့ဩတကြီး လှည့်ကြည့်ကာ သံသယဖြင့် ဆိုလိုက်သည်။
"မင်း သေချာရဲ့လား..."
ဤသည်က ကြုံရခဲပေသည်။ မည်သို့ပင်ဆိုစေ ကျိယွီရှောင်မှာ သူ့ခြေထောက်ကြောင့် ၄င်းကို အမြဲပင် ရှောင်နေခဲ့သည်။
လင်းလော့ချင်းသည် ယခင်က ကျိယွီရှောင်၏ ခြေထောက်များကို အနီးကပ် မမြင်ခဲ့ဖူးပေ။ ပထမတစ်ချက်မှာ ကျိယွီရှောင်မကြိုက်၍ ဖြစ်ပြီး ဒုတိယတစ်ချက်မှာ မနေ့ညက အချိန်တစ်ဝက်တွင် သူက မျက်လုံးကို အဝတ်ဖြင့် အစည်းခံထားရ၍ဖြစ်သည်။ နောက်အချိန်တစ်ဝက်မှာမူ သူက ကျိယွီရှောင်ပေါ်တွင် ထိုင်ကာ ကျိယွီရှောင်၏ နေရာကိုသာ အဓိက အာရုံစိုက်နေ၍ ဖြစ်သည်။ လင်းလော့ချင်းက တခြားအရာပေါ်တွင် အာရုံစိုက်ရန်အတွက် အချိန်ရော အခွင့်အရေးရော မရှိခဲ့ပါပေ။
ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။
"အင်း..."
လင်းလော့ချင်းက "အိုး..."ဟုဆိုကာ အပြင်ပိုင်းတွင် တည်ငြိမ်နေသော်လည်း သူ့နှလုံးသားထဲတွင်မူ စိတ်လှုပ်ရှားမှုများက တစ်ဟုန်ထိုး တိုးဝင်လာလေသည်။
သူက ကျိယွီရှောင်ကို ရေချိုးခန်းထဲသို့ တွန်းသွားလိုက်သည်။
လင်းလော့ချင်းက ရေဖွင့်ချလိုက်ပြီး ကျိယွီရှောင်ကို လှမ်းကြည့်လိုက်သည်။ ကျိယွီရှောင်က ဘီးတပ်ကုလားထိုင်ပေါ်တွင် ရှိနေဆဲ ဖြစ်ကာ အဝတ်အစားများလည်း ဝတ်ဆင်ထားဆဲ ဖြစ်သည်။
လင်းလော့ချင်းမှာ ကျိယွီရှောင် နေရခက်မည်ကို စိုးရိမ်နေပေသည်။ အချိန်ကျလာကာ ကျိယွီရှောင်က ရှက်ရွံ့သည်ဟု စတင်ခံစားရချိန်မှာပင် လင်းလော့ချင်းက သူ့အဝတ်များကို ချွတ်ကာ ရေချိုးကန်ထဲသို့ ဝင်ထိုင်လိုက်သည်။ ထို့နောက် သူက နာနာခံခံဖြင့် မျက်လုံးများ မှိတ်ထားလိုက်လေသည်။
"ဝင်လာခဲ့..."
ကျိယွီရှောင်က ရွှင်မြူကာ ရယ်မောလိုက်သည်။
သူက စပြီး မေးလိုက်ပြီးဖြစ်ရာ ဤသည်ကို ပြင်ဆင်ထားပြီးသည်ဖြစ်၍ လမ်းတစ်ဝက်နှင့် နောက်ဆုတ်မည် မဟုတ်ပါပေ။ သို့သော် ယခုတွင် လင်းလော့ချင်း ပြုမူနေသည့် ပုံစံမှာ သူ့နှလုံးသားကို နွေးထွေးလာအောင် ပြုလုပ်နေလေသည်။
သူက အဝတ်အစားများကို ဖြည်းညင်းစွာ ချွတ်လိုက်ပြီး ရေချိုးကန်းထဲသို့ ရုန်းကန်ကာ ရွေ့လိုက်သည်။
သူ့ခန္ဓာကိုယ်က ပြုတ်ကျလာသည့်အခါ အရှိန်က ရေများကို ဘေးသို့စင်သွားစေသည်။ ရေများ လှုပ်ခတ်သွားခြင်းက လင်းလော့ချင်း ဝင်လာတုန်းကထက် ပြင်းထန်ပေသည်။
လင်းလော့ချင်းက အသံကြားသောအခါ မတော်တဆ မျက်လုံး ဖွင့်လိုက်မိခြင်းမှ တားဆီးရန်အတွက် အသိစိတ်အပြည့်ဖြင့် သူ့မျက်လုံးများကို ပို၍ တင်းတင်း ပိတ်ထားလိုက်သည်။
သူက ကျိယွီရှောင်က ရေချိုးကန်ထဲသို့ ရောက်နေပြီကို သိရာ မေးလိုက်လေသည်။
"ငါ အခု မျက်လုံးဖွင့်လို့ရပြီလား..."
"မရသေးဘူး..."
ကျိယွီရှောင်က သူ့ကို တမင်တကာ စနောက်လိုက်သည်။
လင်းလော့ချင်းက သူ့မျက်လုံးများကို ဆက်ပိတ်ထားကာ အထူးနာခံတတ်နေပေသည်။
ကျိယွီရှောင်က ကြည့်နေလိုက်သည်။ လင်းလော့ချင်း မျက်လုံးပေါ်တွင် အနက်ရောင်ဖဲကြိုးတစ်ခုရှိနေသည့် မှတ်ဉာဏ်လေးက သူ့စိတ်ထဲတွင် ပေါ်လာရာ သူက လင်းလော့ချင်းကို ထပ်မံ၍ မျက်လုံးစည်းထားလိုစိတ် ပေါက်လာသည်ဟုခံစားလိုက်ရသည်။ သူက သူ့ကိုယ်သူ ဆက်လက်တွေးတောခြင်းမှ တားဆီးရန်အတွက် အလျင်အမြန် ချောင်းဟန့်လိုက်လေသည်။
"ဒီလာခဲ့..."
သူက လင်းလော့ချင်းကို ဆိုလိုက်သည်။
လင်းလော့ချင်းက သူ့စကားများကို ကြားရာ ရှေ့သို့ စိတ်မအေးစွာဖြင့် ရွေ့လာလေသည်။ သူက ခပ်ဝေးဝေးသို့ မရွေ့လျားရသေးခင်မှာပင် တစ်ဖက်မှ သူ့ကို လှမ်းဆွဲကာ ရင်ခွင်ထဲသို့ ထည့်ထားလိုက်၏။
လင်းလော့ချင်းက ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်ရာ ကျိယွီရှောင်က မျက်ခုံးပင့်ထားသည်ကို တွေ့လိုက်ပေသည်။
"ငါမင်းကို အခုထိ မျက်လုံးဖွင့်လို့ မပြောရသေးပါဘူး... ဘာလို့ မျက်လုံး ဖွင့်တာလဲ... မနာခံတတ်လိုက်တာ..."
ထိုနောက် သူက အလွန်ကောင်းမွန်သော ဟန်ပန်ဖြင့် မျက်လုံးများကို ဖြည်းညင်းစွာ ထပ်မံပိတ်လိုက်လေသည်။
ကျိယွီရှောင်မှာ သူက အလွန်နာနာခံခံဖြင့် မျက်လုံးထပ်ပိတ်သွားမည်ဟု မမျှော်လင့်ထားပါပေ။ သူက မရယ်ပဲ မနေနိုင်ပဲ လင်းလော့ချင်းပါးကို ညှစ်လိုက်လေသည်။
"မင်းက ဘယ်လိုလုပ်ပြီး အရမ်း ချစ်စရာကောင်းနေရတာလဲ..."
"အဲ့ဒါဆို ငါအခု မျက်လုံးဖွင့်လို့ရပြီလား..."
လင်းလော့ချင်းက သူ့ကို မေးလိုက်သည်။
"မရသေးဘူးပေါ့..."
ကျိယွီရှောင်က သူ့ပါးကို လွှတ်ပေးလိုက်ကာ ခံစားချက်ကောင်းစွာဖြင့် သူ့နှာခေါင်းကို ပွတ်လိုက်လေသည်။
လင်းလော့ချင်းက ဘာမှမတတ်နိုင်ပဲ သူ့မျက်လုံးများကို ဆက်ပိတ်ထားလိုက်လေသည်။
ကျိယွီရှောင်က ခေါင်းစောင်းကာ မျက်လုံးမှိတ်ထားသော လင်းလော့ချင်းကို ကြည့်လိုက်သည်။ သူက ရေနတ်သားလေးနှင့် တူပေသည်။ ကျိယွီရှောင်က သူ့မျက်နှာကို ဖြည်းညင်းစွာ ပွတ်သပ်လိုက်ပြီး ရှေ့တိုးကာ သူ့ကို နမ်းလိုက်လေသည်။
လင်းလော့ချင်းက ကျိယွီေရှာင်မှာ သူမျက်လုံးမှိတ်ထားစဉ်၌ နမ်းလာမည်ဟု မမျှော်လင့်ထား၍ ကြောင်အသွားသည်။
သူ့မျက်နှာက နီရဲသွားပြီး ပျားရည်များဖြင့် ပြည့်ဝနေသော ပန်းပွင့်များမှ ပွင့်ချပ်များက သူ့နှလုံးသားထဲတွင် ဖူးပွင့်လာလေသည်။
သူ့မှာ လှည့်ကွက်တွေ ဘာလို့ ဒီလောက်တောင် များနေတာလဲ...
လင်းလော့ချင်းက တွေးလိုက်လေသည်။
ရှက်စရာကောင်းလိုက်တာ...
သူက ၄င်းကို တွေးမိသော်လည်း ပြုံးကာ ကျိယွီရှောင်အား ဖက်မထားပဲ မနေနိုင်ပါချေ။ သူက ပူးပေါင်းကာ သူ့အား ပြန်နမ်းလိုက်လေသည်။
နောက်ဆုံးတွင် ကျိယွီရှောင် ကျေနပ်သွားသောအခါ လင်းလော့ချင်းအား အနားသို့ ပိုတိုးလိုက်ပြီး ပြောလိုက်လေသည်။
"မင်းအခု မျက်လုံးဖွင့်လို့ရပြီ..."
လင်းလော့ချင်း၏ မျက်ခွံများက တဖြည်းဖြည်း ပွင့်လာကာ သူ့ကို ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင် ရေစက်ကလေးများက တဖျပ်ဖျပ်လင်းနေကာ သူ့အပြုံးအား မိမိကိုယ်ကို ကျေနပ်နေသော အထိအတွေ့တစ်ခုထပ်ပေါင်းလိုက်သည်။
ကျိယွီရှောင်က ဤအခိုက်အတန့်တွင် သူက ရေနတ်သားလေးတစ်ပါးနှင့်မတူတော့ပဲ အကြံဆိုးများနှင့် ပြည့်နေသော မြေခွေးလေးတစ်ကောင်နှင့် တူလာသည်ဟု ခံစားရပေသည်။
သူက လက်တစ်ဖက်ဆန့်ကာ ရေချိုးဆပ်ပြာအနည်းငယ်ကို ညှစ်ချလိုက်ပြီး လင်းလော့ချင်း၏ ပခုံးကို ပွတ်ပေးလိုက်သည်။ ကျိယွီရှောင်က သူ့မြေခွေးလေး ရေချိုးသည်ကို ကူညီပေးရန် ပြင်ဆင်လိုက်သည်။
လင်းလော့ချင်းက ဤကဲ့သို့ အပြုအမူမခံရဖူး၍ အထိတ်တလန့် ဖြစ်နေလေသည်။ သူက အလျင်အမြန်ရှောင်လိုက်သည်။
"ငါ့ဘာသာငါ လုပ်နိုင်ပါတယ်... ငါဘာသာ လုပ်လိုက်မယ်..."
"ငါလုပ်ရင်လည်း အတူတူပဲ မဟုတ်ဘူးလား..."
"ဘယ်လိုလုပ်ပြီး တူမှာလဲ..."
လင်းလော့ချင်းက ဆိုကာ သူတို့ကြားတွင် အကွာအဝေး အနည်းငယ် ခြားလိုက်လေသည်။
သူက သူတို့ကြားမှ အကွာအဝေးကို အနည်းငယ် ခြားပြီးသည့်အခါ ကျိယွီရှောင်က သူ့ကိုပြန်ဆွဲကာ ဖက်ထားလိုက်လေသည်။
"မင်း ဒီလိုဆက်လုပ်နေရင် ငါက ဘယ်လိုလုပ်ပြီး ဆပ်ပြာတိုက်လို့ရမှာလဲ..."
လင်းလော့ချင်းက မကျေမနပ် ဆိုလိုက်သည်။
"ကောင်းတယ်... ငါမင်းကို တိုက်ပေးမယ်..."
ကျိယွီရှောင်က သူ့ကို ဖက်ထားကာ ထွက်သွားခွင့်ပြုရန် ငြင်းဆန်လိုက်လေသည်။
လင်းလော့ချင်းက နှာမှုတ်လိုက်သည်။
"မင်း အိပ်မက်ထဲမှာပဲ ရမယ်..."
ကျိယွီရှောင်က သူဆိုသည်ကိုကြားကာ အနည်းငယ် တွေးတောလိုက်ပြီး လွတ်ပေးလိုက်သည်။
"ဟုတ်ပြီ... အဲ့ဒါဆိုလည်း မင်းလုပ်လိုက်..."
လင်းလော့ချင်းက ကြောင်အသွားသော်လည်း ကျိယွီရှောင်က သူ့လက်ကို ရေချိုးကန်အစွန်တွင် တင်ထားကာ ခေါင်းမှီလိုက်သည်။ သူက သူ့ကို စိုက်ကြည့်နေလေသည်။
"ဆက်လုပ်လေ..."
လင်းလော့ချင်း - ...
ကျိယွီရှောင်က သူ့ကို ဒီလိုမျိုးကြီး ကြည့်နေပြီး သူ့ကို ဘာလုပ်ဖို့ မျှော်လင့်နေတာလဲ...
"မင်း ဘာလို့ ဘာမှမလုပ်တာလဲ..."
ကျိယွီရှောင်က တမင်တကာ မေးမြန်းလိုက်သည်။
"မင်းယောက်ျားရဲ့ အကူအညီလိုလို့လား..."
"မင်း ပါးစပ်ပိတ်ထားတော့..."
လင်းလော့ချင်းက စိတ်ဆိုးစွာဖြင့် နောက်လှည့်ပြီး ကျိယွီရှောင်ကို နောက်ကျောဖြင့် မှီထားလိုက်သည်။ သို့သော် သူက ကျိယွီရှောင်၏ အကြည့်များကို အာရုံခံနိုင်ဆဲဖြစ်ကာ သူမည်မျှပင် သူ့ကိုယ်သူ တခြားတစ်ခုအား ယုံကြည်အောင်ပြုလုပ်နေသော်လည်း အခြေအနေက မူမမှန်ပါပေ။
"မင်း မျက်လုံးမှိတ်ထား..."
သူက ကျိယွီရှောင်ကို အမိန့်ပေးရန် နောက်လှည့်လိုက်သည်။
ကျိယွီရှောင်က ခပ်ဖွဖွ ပြုံးလိုက်သည်။ သူက လက်ထောက်ကာ ရှေ့သို့တိုးကာ လင်းလော့ချင်း၏ ခါးကို လှမ်းဖက်လိုက်သည်။ ထို့နောက် သူက လင်းလော့ချင်း၏ နားနားသို့ ကပ်ပြောလိုက်သည်။
"အခုရှက်နေတာလား..."
"ငါတစ်ခါမှ မမြင်ဖူးတာကျလို့..."
လင်းလော့ချင်းက ရှက်ရွံ့ကာ ဒေါသထွက်နေပေသည်။ သူက ကျိယွီရှောင်ကို ဆွဲဆိတ်လိုက်သည်။
ကျိယွီရှောင်က ရယ်ကာ လင်းလော့ချင်း၏ လက်ကို လှမ်းဆွဲလိုက်သည်။ လင်းလော့ချင်းက သူ့၏ ထွေးပွေ့မှုထဲတွင် ရုန်းကန်နေသော ငါးတစ်ကောင်သဖွယ် ဟိုဟိုဒီဒီ လှုပ်ရှားနေသော်လည်း သူရုန်းကန်လေလေ ပြဿနာကို ပိုအာရုံခံမိလာလေလေ ဖြစ်နေသည်။
လင်းလော့ချင်း - ...
ကျိယွီရှောင်က ချောင်းဟန့်ကာ ခွေးတစ်ကောင်ကဲ့သို့ ဆိုလိုက်သည်။
"မင်းက ဒီလိုပွတ်နေမှတော့ သူတော်စင်တစ်ယောက်ကိုတောင် မီးမွှေးပေးနိုင်တယ်လေ...."
"မင်းက သူတော်စင်တွေကို ဘယ်လိုလုပ်ပြီး စော်ကားရဲတာလဲ... အဲ့မီးနဲ့ဆိုရင် မင်းကို ရုပ်ကြွင်းဖြစ်အောင် ရှို့ပစ်လိုက်မယ်..."
"မင်းငါ့ကို သစ်အယ်သီးဖြစ်အောင် ရှို့လို့ရတယ်..."
ကျိယွီရှောင်က တည်ငြိမ်စွာဆိုလိုက်သည်။
လင်းလော့ချင်းက ရွှင်မြူးကာ ရယ်မောလိုက်သည်။ သူက ထပ်မံ ရုန်းကန်မနေတော့ပေ။
ကျိယွီရှောင်က သူရယ်နေသည်ကိုမြင်ကာ သူ့ကို ရင်ခွင်ထဲသို့ ပြန်ထည့်ထားလိုက်သည်။ သူက ညင်သာသောအသံဖြင့်ဆိုလိုက်သည်။
"မနက်ဖြန် ရှောင်လီကို မင်းအတွက် သစ်အယ်သီးတွေ ဝယ်ခိုင်းလိုက်မယ်... သကြား သစ်အယ်သီးလှော်..."
"ဘာလို့ မင်းဘာသာ မလှော်လိုက်လဲ..."
ကျိယွီရှောင် အနည်းငယ် တွေးလိုက်သည်။
သူ တစ်ခါမှ မလုပ်ဖူးပေမဲ့ အဲ့ဒါကို အလွယ်တကူလုပ်တတ်လောက်တယ်...
"အဲ့ဒါဆိုလည်း ဟုတ်ပြီလေ... ငါ အွန်လိုင်းပေါ်ကနေ လုပ်နည်းတွေရှာကြည့်လိုက်မယ်..."
သူက အလိုလိုက်ကာ သဘောတူလိုက်သည်။
"အဲ့ဒါပိုကောင်းတယ်..."
လင်းလော့ချင်းက ပျော်ရွှင်နေကာ သူနှင့် ထပ်ပြီး ရန်မဖြစ်တော့ပါချေ။
သူက ရေချိုးရန် ပြင်ဆင်လိုက်သော်လည်း သူ့ခေါင်းကို ငုံ့လိုက်ရာ ကျိယွီရှောင်၏ ခြေထောက်နှစ်ဖက်ကို တွေ့လိုက်သည်။
သူ့ခြေထောက်များက ရေချိုးကန်ထဲမှ ရေများဖြင့် စိုနေလေသည်။ ၄င်းက ဖြူဖျော့ကာ သေးသွယ်ပြီး တခြားသူများ၏ ခြေထောက်များဖြင့် ကွာခြားဟန် မရပါပေ။ သို့သော် ၄င်းတို့က မတ်တပ်မရပ်နိုင်သည်ကို လင်းလော့ချင်း သိပေသည်။
လင်းလော့ချင်းက ရှင်းမပြတတ်စွာ ဒေါသထွက်လာသည်ဟု ခံစားလိုက်ရသည်။
ကျိယွီရှောင်က သူ့အကြည့်ကို သတိပြုမိကာ သူ့ပါးကို နမ်းလိုက်သည်။ သူက ညင်သာစွာ ဆိုလိုက်သည်။
"ရပါတယ်... အဲ့ဒါက ပြန်ကောင်းလာမှာ..."
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။
သူက အမှန်တကယ်တွင် ဘာမှ မလုပ်နိုင်လျှင်ပင် အဆင်ပြေပါသည်ဟု ပြောလိုပေသည်။ လင်းလော့ချင်းက စိတ်ထဲတွင်မရှိပါပေ။ သို့သော် လင်းလော့ချင်းမှာ ကျိယွီရှောင်က မည်သည့်အခါမှ ပြန်မကောင်းလာသည်ကိုတွေးမိကာ စိတ်မချမ်းမမြေ့ဖြစ်သွားလေ၏။
"ငါထိကြည့်လို့ရလား..."
သူက နောက်လှည့်ကာ ကျိယွီရှောင်ကို မေးလိုက်သည်။
ကျိယွီရှောင်က သူ့အကြည့်ထဲမှ ဝမ်းနည်းမှုကိုမြင်ကာ ကူကယ်ရာမဲ့သည်ဟု ခံစားလိုက်ရသည်။ ဤသည်က သူ လင်းလော့ချင်း၏ အမူအရာထဲမှ မြင်ရမည်ကို အကြောက်ဆုံးအရာဖြစ်သည်။ သူက ဤအမှန်တရားကို လက်ခံထားပြီးဖြစ်ကာ နေသားကျနေပြီဖြစ်သည်။ သို့သော် လင်းလော့ချင်း၏ အကြည့်ထဲမှ ဝမ်းနည်းမှုကို မြင်သောအခါ ဒေါသထွက်နေဆဲ ဖြစ်သည်။
ကျိယွီရှောင်က သူ့မျက်နှာကို ထိလိုက်သည်။
"ရပါတယ်... အဲ့ဒါက ပိုကောင်းလာမှာ... ငါက လုပ်သင့်တဲ့ ကုသမှုတွေလုပ်ပြီး တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကောင်းလာစေရမယ်ဆိုတာ ကတိပေးတယ်နော်..."
"အင်း..."
လင်းလော့ချင်းက ဆိုလိုက်သည်။
ကျိယွီရှောင်က ပြုံးကာ လင်းလော့ချင်း၏လက်ကို ကိုင်ပြီး သူ့ခြေထောက်ပေါ်သို့ တင်ပေးလိုက်သည်။
"လုပ်လေ..."
ဤသည်မှာ လင်းလော့ချင်းက ကျိယွီရှောင်၏ ခြေထောက်ကို ထိသည့် ပထမဆုံးအကြိမ် မဟုတ်ပါပေ။ ယခင်က သူတို့ကို နှိပ်ပေးစဉ်တွင် လင်းလော့ချင်းက ထိခဲ့ဖူးပေသည်။
သို့သော် ဤသည်က ကျိယွီရှောင်၏ ခြေထောက်အား သူတို့ကြားတွင် မည်သည့်အတားအဆီးမှမရှိပဲ သူထိဖူးသည့် ပထမဆုံးအကြိမ် ဖြစ်ပေသည်။
ယခုမှသာ ကျိယွီရှောင်၏ ခြေထောက်များက တခြားသူများနှင့် မတူသည်ကို သူသဘောပေါက်သွားလေသည်။ သူ့ကြွက်သားများမှာ မည်သည့် ခွန်အားမှမရှိကာ ထောက်ပံ့မှုနှင့် အခြေခံမရှိခြင်းတို့က အလွန် သိသာပေသည်။
ဤသည်မှာ မတော်တဆဖြစ်ထားသည်က သိပ်မကြာသေး၍ဖြ
စ်သည်။ သို့မဟုတ်ပါက သူ့ကြွက်သွားများ ချည့်နဲ့သွားမည်မှာ ကြာပြီဖြစ်၏။
သို့သော် သူ့၏ ကြွက်သားများက ကျုံ့သွားကာ အခြေအနေများက ကျိယွီရှောင်လမ်းမလျှောက်နိုင်၍ နေ့စဉ်နှင့်အမျှ ပိုဆိုးလာမည်မှာ သိပ်မကြာတော့ပါချေ။