အပိုင်း ၁၆၀
Viewers 34k

Chapter 160



လင်းလော့ချင်းက အခန်းတစ်ခန်း ကြိုငှားကာ ကျိယွီရှောင်ကို ရုပ်ရှင်ရုံထဲသို့ တွန်းသွားလိုက်သည်။ 


သူတို့က ကလေးနှစ်ယောက်သည်လည်း ပို၍ သက်သောင့်သက်သာထိုင်နိုင်ရန် အတွဲများအတွက် စီစဉ်ထားသည့် သီးသန့် အခန်းတစ်ခုကို ရွေးချယ်လိုက်လေသည်။ 


ကျိယွီရှောင်မှာ ဤသည်က စုံတွဲများအတွက် သီးသန့်ထားသော အခန်းတစ်ခုဖြစ်သည်ကို မြင်ကာ လင်းလော့ချင်းကို အဓိပ္ပာယ်အပြည့်နှင့် လှမ်းကြည့်လိုက်လေသည်။

"အိုး... စုံတွဲ အခန်းပေါ့~~"


"မင်းဘာတွေ တွေးနေတာလဲ... ဒီအခန်းထဲက ဆိုဖာကြောင့်ပါနော်... အဲ့ဒါက ပိုပြီး သက်သောင့်သက်သာဖြစ်တယ်လို့ခံစားရလို့...."


ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။

"အင်း... ငါမင်းကို ယုံပါတယ်..."


လင်းလော့ချင်း - ...မင်းယုံသင့်တယ်... ဟုတ်ပြီလား...


ဤသည်မှာ သူတို့နှစ်ဦး ရုပ်ရှင်အတူကြည့်သော ပထမအကြိမ်ဖြစ်သည်။ ဤသည်က သူတို့၏ ကလေးနှစ်ယောက်နှင့် ဖြစ်သော်လည်း သူတို့က လေးယောက်ဖြစ်နေရာ လင်းလော့ချင်းက ကျိယွီရှောင်နှင့်ထိုင်ပြီး လင်းဖေးက ကျိလဲ့ယွီနှင့် ထိုင်လေသည်။


လင်းလော့ချင်းနှင့် ကျိယွီရှောင်အတွက်မူ သူတို့နှစ်ဦးမှာ ကာတွန်းကားများအတွက် အသက်ကြီးနေပြီ ဖြစ်ရာ အနည်းငယ် ပျင်းစရာကောင်းနေပေသည်။ 


သို့သော် ကံကောင်းစွာဖြင့် လင်းဖေးနှင့် ကျိလဲ့ယွီတို့က အလွန်စိတ်ဝင်စားနေ၍ အချိန်ဖြုန်းသည်ဟု မယူဆနိုင်ပါပေ။ 


"နောက်တစ်ခါ မင်း ရုပ်ရှင်ရိုက်ပြီးရင် ငါတို့နှစ်ယောက်တည်း တိတ်တိတ်လေးသွားကြည့်လို့ရတယ်..."

မှောင်မဲနေသော အခန်းထဲတွင် ကျိယွီရှောင်က လင်းလော့ချင်း၏ လက်ကိုကိုင်ကာ တိတ်တဆိတ် ဆိုလိုက်သည်။ 


လင်းလော့ချင်းက ခပ်ဖွဖွ ပြုံးလိုက်သည်။ 

"ဖေးဖေးနဲ့ ရှောင်ယွီကို ခေါ်မသွားဘူးလား..."


"ငါတို့က သူတို့ကို ဘယ်လိုလုပ်ပြီး နေ့တိုင်း ခေါ်သွားလို့ရမှာလဲ... ပါးပါးနဲ့ ဒယ်ဒီလည်း သူတို့ရဲ့ သီးသန့်အချိန်လိုတယ်လေ..."


လင်းလော့ချင်း၏ နှလုံးသားက ချိုမြိန်လာပြီး တိတ်တဆိတ် ခေါင်းညိတ်ပြလိုက်လေသည်။ 

"အင်း..."


ကျိယွီရှောင်က လင်းလော့ချင်းကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။ ရုပ်ရှင်ရုံမှာ အမှောင်ထုလွှမ်းနေပြီး ကျိယွီရှောင်က လင်းလော့ချင်း၏ သွင်ပြင်များကို ကောင်းကောင်းမမြင်ရပါပေ။ သို့သော် ၄င်းမှာ လင်းလော့ချင်းက ဝိုးတဝါးဖြစ်နေ၍ ပိုပင် ဆွဲဆောင်နိုင်နေသည်။


သူက မနေနိုင်တော့ပဲ သူ့ကို အနီးသို့ ဆွဲကာ နမ်းလိုက်လေသည်။ 


လင်းလော့ချင်းက သူ့ကို အံ့ဩတကြီး လှည့်ကြည့်ကာ သူ့မျက်နှာက ရှက်ရွံ့မှုဖြင့် နီရဲလာ၏။ 


"ငါမင်းကို နမ်းချင်တယ်..."

ကျိယွီရှောင်က အသံတိုးတိုးဖြင့် ဆိုလိုက်သည်။ 


လင်းလော့ချင်းက သူ့အသံကို အာရုံခံမိကာ တိတ်တဆိတ် တွေးတောလိုက်သည်။

မင်းက နမ်းပြီးပြီ မဟုတ်ဘူးလား...


ကျိယွီရှောင်က သူ့၏ အတွေးများကို အာရုံခံမိသကဲ့သို့ တိတ်တဆိတ်ရယ်လိုက်ရာ သူတို့ကြားမှ မရေမရာ ခံစားချက်က ပို၍ပင် မြင့်တက်လာလေသည်။ နောက်ဆုံးတွင် သူက ဆိုလိုက်သည်။

"ထားလိုက်တော့... အိမ်ရောက်မှလုပ်ကြတာပေါ့..."


လင်းလော့ချင်းက နားမလည်ပါပေ။

"ငါတို့ နမ်းလိုက်ပြီးပြီ မဟုတ်ဘူးလား..."


သူက စကားဆုံးသည်နှင့် နွေးထွေးကာ အာရုံခံစားမှုများသော ထိတွေ့မှုတစ်ခုကို သူ့နှုတ်ခမ်းထက်တွင် ခံစားလိုက်ရသည်။ လင်းလော့ချင်းက နောက်ဆုံးတွင် သဘောပေါက်သွားလေသည်။


ဒီလို အနမ်းမျိုးလား...


"နားလည်ပြီလား..."

ကျိယွီရှောင်၏ အသံမှာ ညင်သာကာ တိုးနေသည်။ 


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ သူက ယခုတွင် နားလည်သွားလေပြီ။ ကျိယွီရှောင်က နှုတ်ခမ်းအား နမ်းလိုခြင်း ဖြစ်သည်။ သို့သော် ကလေးနှစ်ယောက် ရှိနေရာ ၄င်းက အမှန်ပင် မသင့်တော်ပါပေ။ 


သူက တိတ်တဆိတ် သူ့နှုတ်ခမ်းကို ပွတ်လိုက်သည်။ သူ့ရည်ရွယ်ချက်တစ်ချို့မှာ ကျိယွီရှောင်၏ လှုံ့ဆော်ခြင်း ခံလိုက်ရသည်။ ဤသို့ဖြင့် သူက ကျိယွီရှောင်လက်ကို ဆွဲကာ ပွတ်သပ်လိုက်သည်။


ကျိယွီရှောင်က သူ့ကို နမ်းချင်ကာ ယခုတွင် သူက လှုံ့ဆော်ခံလိုက်ရသည်။ သူ့နှလုံးသားထဲမှ မီးတောက်က ချက်ချင်း လောင်ကျွမ်းလာသည်။ ကျိယွီရှောင်က လင်းလော့ချင်း၏ လက်ကို ပြန်ချထားလိုက်သည်။ 


"ငါ့ကို မဆွနဲ့တော့..."


"ငါ့ကို အရင်လာဆွတာ မင်းဆိုတာ အရှင်းကြီးကို..."


သူက ကျိယွီရှောင်ကို မျက်ခုံးပင့်ကာ ဤအမျိုးသားက အလွန်စိတ်ရှုပ်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။ သူက နမ်းရန်မသင့်တော်သည်ကို ရှင်းရှင်းလင်းလင်း သိသော်လည်း သူ့ကို လှုံ့ဆော်ကာ ဆွဲဆောင်နေဆဲ ဖြစ်သည်။ 


လင်းလော့ချင်းက ၄င်းကိုတွေးမိရာ ကျိယွီရှောင်၏ လက်ကို တိတ်တဆိတ် ဆွဲဆိတ်လိုက်သည်။


ကျိယွီရှောင် - ...


"ငါ့ကို မဆွနဲ့လို ပြောပြီးပြီကို ဘာလုပ်နေတာလဲ..."


လင်းလော့ချင်းက သူ့ကို လျစ်လျူရှုကာ သူ့လက်ဖြင့် ဆက်ကစားနေပေသည်။ ကျိယွီရှောင်က လင်းလော့ချင်းကို ဆွဲရန် လက်ပြောင်းလိုက်သည်။ လင်းလော့ချင်းက ချက်ချင်းရှောင်လိုက်ကာ သူတို့နှစ်ဦးက ရေးကြီးခွင့်ကျယ်လုပ်ပြီးနောက် အော်ရယ်လိုက်ကြလေသည်။ 


သူရယ်နေစဉ်တွင် အနီးတွင်ထိုင်နေသော ကျိလဲ့ယွီက တက်ကြွသောအသံဖြင့် ဆိုလိုက်သည်။

"ပါးပါးတို့.... နှစ်ယောက်သား ဘာတွေ ဆော့နေတာလဲ..."


လင်းလော့ချင်း - ...


လင်းလော့ချင်းက မျက်နှာနီရဲနေကာ ချက်ချင်း လက်ကို ပြန်ရုတ်လိုက်သည်။ သူက ပြောပြရန် ရှက်ရွံ့နေပေသည်။ 


ကျိယွီရှောင်က အပြုံးတစ်ခုဖြင့် ဆိုလိုက်သည်။

"ဘာမှ မဟုတ်ပါဘူး... သားပါးပါးနဲ့ ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးဆော့နေတာ... ကိုယ့် ရုပ်ရှင်ကို ကြည့်နော်..."


ကျိလဲ့ယွီကို "အိုး..."ဟုဆိုကာ ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးက ဘာများ ပျော်စရာကောင်းလို့လဲဟု တွေးလိုက်လေသည်။


လူကြီးတွေက အဲ့ဂိမ်းကို ပျော်စရာကောင်းတယ်လို့ ထင်ကြတာလား...


လင်းလော့ချင်းက ကျိယွီရှောင်ကို စိုက်ကြည့်လိုက်သည်။ 

ကျိယွီရှောင်က လင်းလော့ချင်း၏လက်ကို ကိုင်ကာ လက်ချောင်းချင်း ယှက်ထားလိုက်လေသည်။


လင်းလော့ချင်းက သူတို့၏ အထိအတွေ့မှ နွေးထွေးမှုကို ခံစားမိပြီး ပြုံးမိသွား၏။ 


ရုပ်ရှင်ပြီးသည့်အခါ သူတို့လေးဦးက အလွန်ပင် ခံစားချက်ကောင်းနေပေသည်။


ကျိယွီရှောင်က ကလေးနှစ်ယောက်နှင့် အပြင်ထွက်ကာ ကုန်တိုက်ကို လျှောက်ကြည့်သည်က ရှားပါးလှသည်။ သူက အရုပ်များ၊ အဝတ်အစားများကို ဝယ်လိုပြီး ညစာထွက်စားလိုသည်။ 


သူက ကျိလဲ့ယွီနှင့် လင်းဖေးအတွက် အဝတ်အစားများ ရွေးနေစဉ်တွင် သူ့ဖုန်းက မြည်လာပေသည်။ 


သူက ၄င်းကို ထုတ်ကြည့်လိုက်သောအခါ ကျိယွီရှောင်၏ အဖေထံမှ ဖြစ်နေလေသည်။


ကျိယွီရှောင်က ဖြေလိုက်သည်။

"ဟယ်လို..."


"ရှောင်ယွီက စာမေးပွဲပြီးသွားလို့ အခုဆို ဆောင်းရာသီပိတ်ရက်တောင် ရောက်လောက်ပြီပေါ့...."

အဖေကျိက ဆိုလာသည်။

"ငါသူ့ကို မတွေ့တာ ကြာနေပြီ... အခုက တရုတ်နှစ်သစ်ကူးလဲ ရောက်တော့မှာ... သူ့ကို ဒီကို လာပြီး ရက်နည်းနည်းလောက် ေဆာ့ခိုင်းပါလား..."


ကျိယွီရှောင်က ၄င်းကိုကြားသောအခါ မနီးမဝေးတွင် အဝတ်အစားများ ကြည့်နေဆဲဖြစ်သော ကျိလဲ့ယွီကို လှည့်ကြည့်လိုက်သည်။ လင်းလော့ချင်းမှာ ဝက်ဝံ နားရွက်များနှင့် ကော်ဖီရောင် အင်္ကျီကို ကိုင်ထားလေသည်။ လင်းလော့ချင်းက သူစိတ်ကူးထားသည့်အတိုင်းပင် ၄င်းကို ကျိလဲ့ယွီအား ပေးလိုက်သည်။ ကျိလဲ့ယွီက နာနာခံခံ ထရပ်ကာ လင်းလော့ချင်းအား သူ့နောက်ကျာကို မြင်နိုင်ရန်အတွက် ဟိုလှည့် ဒီလှည့် လုပ်လိုက်လေသည်။ 


"မလိုပါဘူး..."

ကျိယွီရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။

"အဲ့လိုဆိုရင်တောင် ကျွန်တော် ဒီရက်ပိုင်း လုပ်စရာမရှိဘူး... သူ ကျွန်တော်နဲ့ အချိန်ဖြုန်းလို့ရတယ်..."


အဖေကျိက မကျေမနပ် ဖြစ်သွားသည်။

"မင်းက ကိုယ့်ကိုယ်ကို ဖျက်ဆီးပြီး လက်လျော့လိုက်ရင်လည်း ရှောင်ယွီကို မင်းနဲ့အတူ လိုက်လုပ်ဖို့ တွန်းအားမပေးနဲ့... သူက မင်းအစ်ကိုရဲ့သား... မင်းက သူ့ကို မင်းလို ဖြစ်လာဖို့ ရည်ရွယ်နေတာလား..."


ကျိယွီရှောင်က သူနှင့် စကားပြောရန် အလွန်ပျင်းရိနေသည်။ သူက ဖုန်းချလိုက်သည်။


အဖေကျိက ကျိယွီရှောင်က စကားတစ်ခွန်းမှ ထပ်မပြောပဲ ဖုန်းချသွားသည်ကို ကြည့်ကာ ဒေါသထွက်သွားပြီး အလျင်အမြန် ထပ်မံခေါ်ဆိုလိုက်သည်။ 


ကျိယွီရှောင်က မကိုင်တော့ဘဲ သူ့ကို blacklist တင်လိုက်သည်။ 


ထိုအချိန်တွင် ကျိလဲ့ယွီက သူ့၏ ဝက်ဝံအင်္ကျီလေး ပြောင်းဝတ်ထားပြီ ဖြစ်သည်။ သူက အလွန်သက်သောင့်သက်သာဖြစ်ကာ ချစ်စဖွယ်ပုံပေါက်နေသည်။ 


လင်းလော့ချင်းက သူ့ကို ခေါင်းစွပ်စွပ်ရန် ကူညီပေးလိုက်ရာ ဝက်ဝံ နားရွက်များက ချက်ချင်း ထောင်လာလေသည်။ 


"ချစ်စရာလေး..."

သူက မနေနိုင်တော့ပဲ ကျိလဲ့ယွီ၏ ခေါင်းပေါ်မှ ဝက်ဝံနားရွက်များကို ပွတ်သပ်လိုက်သည်။ 


ကျိလဲ့ယွီမှာ အမှန်တကယ်တွင် ဤအင်္ကျီမှာ အနည်းငယ် ရူးကြောင်ကြောင်နိုင်သည်ဟု ခံစားရသော်လည်း လင်းလော့ချင်းက ချစ်စရာကောင်းသည်ဟု တွေးလျှင် ချစ်စရာကောင်းပေသည်။ သူက ထိုဝက်ဝံအင်္ကျီလေးနှင့် ကျိယွီရှောင်ထံသို့ ပျော်ရွှင်စွာ ပြေးသွားပြီး လက်ဆန့်လိုက်သည်။ သူက မေးလိုက်သည်။


"ချစ်စရာကောင်းလားဟင်..."


ကျိလဲ့ယွီမှာ ချစ်စရာကောင်းပြီး နှစ်လိုဖွယ် သွင်ပြင်ရှိပေသည်။ အမွေးပွ နားရွက်လေးပါ ထပ်ပေါင်းလိုက်ရာ အရောင်းဝန်ထမ်းများသည်ပင် သူတို့၏ နှလုံးသားထဲသို့ မြှားတစ်စင်းစိုက်သွားသည်ကို ခံစားရပေသည်။ 


ကျိယွီရှောင်က အပြုံးတစ်ခုနှင့် ခေါင်းညိတ်ပြလိုက်သည်။

"ချစ်စရာကောင်းတယ်..."


ကျိလဲ့ယွီက ပျော်သွားပြီး ကျိယွီရှောင်ကို ချိုမြိန်စွာ ပြန်ပြုံးပြလိုက်သည်။ 


လင်းလော့ချင်းမှာ ကျိလဲ့ယွီက ဝက်ဝံ အင်္ကျီနှင့် ပို၍ ချစ်စရာကောင်းလာသည်ဟု ခံစားရပြီး လင်းဖေးကို တက်ကြွစွာ မေးလိုက်သည်။

"မင်းလည်း စမ်းဝတ်ကြည့်ချင်လား..."


လင်းဖေးက မနှစ်မြို့ဟန် တစ်ခုကို ဖော်ပြလိုက်သည်။

"မဝတ်ဘူး..."


"ဘာလို့လဲ... အဲဒါက အရမ်းချစ်စရာကောင်းတယ်လေ... ရှောင်ယွီက ဘယ်လောက်ချစ်စရာကောင်းလဲ ကြည့်လိုက်..."


ကြောင်တောင်တောင်နဲ့...

လင်းဖေးက စိတ်ထဲတွင် တွေးလိုက်သည်။ သူက မလိုချင်ပါပေ။ 


သူ့၏ အဖက်မလုပ်တတ်ကာ ချောမောလှသော မျက်နှာက ခိုင်မာနေပေသည်။

"မဝတ်ဘူး..."


လင်းလော့ချင်းက ရွေးချယ်စရာမရှိတော့ပဲ လင်းဖေးအတွက် တခြားအဝတ်အစားတစ်စုံသာ ရွေးပေးလိုက်ရသည်။ 

ဟင်း... သူက ဝက်ဝံလေး ဖေးဖေးကို မြင်ချင်တာကို...


ကလေးများအတွက် အဝတ်အစားများ အပိုဝယ်ရန်မှာ လွယ်ကူပေသည်။ မကြာမီမှာပင် လင်းလော့ချင်းက ဈေးဝယ်အိတ် အကြီးအငယ်များကို စုမိသွားလေသည်။ ကျိယွီရှောင်က မြင်ကာ ချက်ချင်းပင် ရှောင်လီကို ခေါ်ပြီး အိတ်သယ်ခိုင်းလိုက်သည်။


ရှောင်လီသည်လည်း စိတ်နှစ်ထားသော အလုပ်သမား ဖြစ်သည်။ သူက ချက်ချင်းရောက်လာကာ လမ်းလျှောက်နေသော စင်အဖြစ် စတင်ထမ်းဆောင်လိုက်သည်။ 


လင်းလော့ချင်း - ...အရမ်းလိုက်လျောညီထွေဖြစ်တယ်...


ကလေးနှစ်ယောက်အတွက် ရွေးပြီးနောက် လင်းလော့ချင်းသည်လည်း ကျိယွီရှောင်အတွက် ကြည့်လိုပေသည်။ ကျိယွီရှောင်က အပြင်ထွက်ခဲ၍ အဝတ်အစားများ ထပ်ဝယ်ရန်က မကောင်းသည်မဟုတ်ပါပေ။ 


သူက ကျိယွီရှောင်ကို ရှေ့သို့ တွန်းသွားစဉ်တွင် တစ်ယောက်ယောက်က သူ့ကို ခေါ်လိုက်သည်ကို ရုတ်တရက် ကြားလိုက်ပေသည်။


"လင်းလော့ချင်း..."


လင်းလော့ချင်းက နောက်လှည့်ကြည့်လိုက်ရာ ၄င်းက လင်းလော့ကျင်းဖြစ်နေသည်ကိုတွေ့လိုက်ရ၏။ 


သူ လင်းလော့ကျင်းကို ေနာက်ဆုံးတွေ့ခဲ့သည်မှာ အတန်ပင် ကြာပြီသည်။ ယခုတွင် ထိုကောင်လေးက သူ့ရှေ့တွင် ရောက်နေသော်လည်း လင်းလော့ချင်းက ဘာမှမခံစားရပါပေ။ သူသည်လည်း သူနှင့် အတူ အသက်ရှုသံများ ဖြုန်းတီးရမည်ကို ပျင်းရိကာ နောက်လှည့်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ 


သို့သော် လင်းလော့ကျင်းဘေးမှ လူများက စည်းကမ်းမရှိသော ပါးစပ်ရှိပေသည်။

"တကယ်ပဲ မင်းလား... လင်းလော့ချင်း... မင်းက မသန်မစွမ်းတစ်ယောက်နဲ့ လက်ထပ်ထားတယ်လို့ ငါကြားထားတာ... ဘယ်လိုလဲ... သနားစရာကောင်းလား..."


ထို့နောက် သူ့အကြည့်က အောက်သို့ ရောက်သွားပြီး ကျိယွီရှောင်ကို တွေ့သွားလေသည်။ 

"ဒါမင်းရဲ့ မသန်မစွမ်း ယောက်ျားလား..."


လင်းလော့ချင်း၏ စိတ်ထဲတွင် မီးတစ်ခုက ရုတ်တရက် ထတောက်လာပေသည်။


"ငါက လင်းလော့ကျင်းရဲ့ စိတ်စွမ်းရည်က ဘယ်လို နိမ့်ကျနေလဲဆိုတာ သိချင်ရုံပါ... လက်စသတ်တော့ သူက မင်းနဲ့ တွေ့နေတာပေါ့... ဒီလိုအခြေအနေနဲ့ ကြီးပျင်းလာတဲ့ မင်းအတွက် မင်းဘဝက ဘယ်လိုနေလဲ... သနားစရာကောင်းလား... မင်းကို ကုသမှုယူဖို့ ငါ အကြံပေးလိုက်မယ်... နောက်ပိုင်းရောက်သွားရင် ကုသဖို့ လွယ်တော့မှာမဟုတ်ဘူး... ဒါပေမဲ့ မင်းက စိတ်အခြေအနေအရ မလုပ်နိုင်တာဆိုရင် ဘယ်သူတတ်နိုင်မှာလဲ... မင်းက ကုမရတော့ရင် ဘယ်လိုလုပ်မှာလဲ..."


"မင်း ဘာစောက်စကားပြောလိုက်တာလဲ..."

တဖက်မှ ချက်ချင်းလက်မြှောက်ချင်လာပေသည်။ 


သို့သော် သူက လင်းလော့ချင်းကို မချဉ်းကပ်နိုင်ခင်မှာပင် ရှောင်လီက အပြေးရောက်လာပြီး သူ့ကို ချုပ်ထားကာ မလှုပ်နိုင်အောင် လုပ်လိုက်သည်။ 


ကျိယွီရှောင်သည်လည်း နောက်ဆုံးတွင် သူတို့ကို အေးစက်စက်အမူအရာဖြင့် နောက်လှည့်ကြည့်လိုက်သည်။


လင်းလော့ကျင်းသည် ၄င်းကိုမြင်ပြီး ခြောက်ကပ်စွာဆိုလိုက်သည်။

"သူက မရည်ရွယ်ပါဘူး... သူက မင်းမှန်းမသိလို့ပါ..."


"သူမသိရင် မင်းက မသိဘူးလား... အခုမှလာပြီး ဘာရည်ရွယ်ချက်နဲ့ ကြာပန်းဖြူယောင်ဆောင်နေတာလဲ... ငါလက်ထပ်တာနဲ့ ပတ်သတ်ပြီး မင်းသူ့ကို တစ်ခုခုပြောထားတာနဲ့ မဆိုင်ဘူးလား..."


လင်းလော့ချင်းက ဒေါသတကြီးဆိုလိုက်သည်။ 


"မင်းမိဘတွေက မိသားစုတွေ့ဆုံပွဲကို တက်ဖို့ ငါ့ကိုခေါ်နေတာ.... ငါမသွားချင်ပေမဲ့ အခုက အချိန်နှောင်းသွားတဲ့ပုံပဲ... အဲ့လိုမှမဟုတ်ရင် သူတို့က မင်းက အပြင်မှာ ဘယ်လိုဖြစ်နေလဲဆိုတာ သူတို့က သိမှာတောင်မဟုတ်ဘူး..."


"လုံလောက်ပြီ လင်းလော့ချင်း..."

လင်းလော့ကျင်း၏ ဒေါသသည်လည်း ထွက်ပေါ်လာလေသည်။ 


လင်းလော့ချင်းက သူ့ကို ဒီလိုမျိုးပြောရအောင် ပြောရအောင် ဘာအရည်အချင်းရှိလို့လဲ... အဲ့ဒါက သူ ကျိယွီရှောင်ကို လက်ထပ်လိုက်တာကြောင့်ပဲ မဟုတ်ဘူးလား... ဒီလက်ထပ်ပွဲက သူက သူ့ကို အခွင့်အရေးပေးခဲ့လို့သာ ဖြစ်တာပါ...


"ငါ့ကို လာခြိမ်းခြောက်မနေနဲ့.... မင်းဒီနေ့ ရှိနေတာက ငါ့ကြောင့်ဆိုတာ မမေ့နဲ့... မင်းကို ဒီလက်ထပ်ပွဲ အခွင့်အရေးပေးခဲ့တာ ငါပါ..."


လင်းလော့ချင်းက ရယ်လိုက်သည်။ 

"ဟုတ်သားပဲ... ငါမေ့သွားတယ်... အဲ့ဒါဆိုရင် ငါက ကျေးဇူးတင်ရမှာပေါ့ ငါ့ချစ်ညီလေး... မင်းရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်... မင်းရဲ့ အကိုကြီးအနေနဲ့ ငါအရမ်းရင်ထဲထိသွားပြီ..."


သူက ဤသို့ စကားပြောလေလေ လင်းလော့ကျင်းက ပိုစိတ်ဆိုးလာလေလေဖြစ်သည်။


ယခုတွင် လင်းလော့ချင်းက ကောင်းကောင်းနေထိုင်နေဟန် ရသည်။ လင်းလော့ကျင်းက ၄င်းကို သဘောပေါက်လေလေ သူက မကျေနပ်လေလေ ဖြစ်သည်။ ဤသို့ဖြင့် သူက သူ့၏ သူငယ်ချင်းကို လင်းလော့ချင်းလက်ထပ်ထားသောသူမှာ ကျိယွီရှောင်ဟု မပြောထားပဲ တခြားသူကို ပါးစပ်သရမ်းခွင့်ပြုထားခြင်းပင်။ 


သူက မုန်းတီးစွာ အံတင်းတင်းကြိတ်ကာ အဝေးသို့လျှောက်သွားလိုက်သည်။ 


ရှောင်လီသည်လည်း လင်းလော့ကျင်း၏ သူငယ်ချင်းကို လွတ်လိုက်ပြီး လင်းလော့ချင်းနောက်ကို ပြေးလိုက်ခွင့်ပြုလိုက်လေသည်။ 


လင်းလော့ချင်းက သူတို့ကို စိုက်ကြည့်ကာ စိတ်ထဲတွင် မွန်းကြပ်နေသည်ဟု ခံစားလိုက်ရသည်။


သူက အနည်းငယ်တွေးတောလိုက်ပြီး သူ့၏ အဖေကို စာပို့လိုက်သည်။

[အဖေ... ကျွန်တော် အိမ်ပြန်လာမှာမဟုတ်ဘူး... ရှောင်ကျင်းက ကျွန်တော်နဲ့ ကျိယွီရှောင်အပေါ် ကန့်ကွက်ချက်တစ်ချို့ ရှိနေပုံပဲ... ကျွန်တော်ပြန်လာရင် သူ့ကို ရန်စသလိုပဲ ဖြစ်လိမ့်မယ်... ဒါက နှစ်သစ်ကူးဆိုတော့ အဖေတို့ မိသားစုကို လာပြီး မနှောင့်ယှက်တော့ပါဘူး...]


ကြားပန်ဖြူလေးများ... သူလည်း ဘယ်လိုလုပ်ရမလဲ သိတာပေါ့... ကြာပန်းဖြူတင်မကဘူး သူက လက်ဘက်စိမ်းလည်း ဘယ်လိုလုပ်ရမလဲဆိုတာသိတယ်...


လင်းလော့ချင်းက လင်းလော့ကျင်းအတွက် ဗျာများနေစဉ်တွင် သူက ကျိယွီရှောင်၏ အကြည့်နောက်မှ သဘာဝပြောင်းသွားသည်ကို သဘောမပေါက်ပါပေ။ သူ့၏ မူလက ပျော်ရွှင်ကာ နူးညံ့နေသောအကြည့်က လင်းလော့ကျင်းနှင့် သူ့သူငယ်ချင်း၏ နောက်ကျောများကို ကြည့်နေရာ အေးစက်မှုအပြည့်သို့ ပြောင်းသွားလေသည်။ 


လင်းလော့ချင်းက စာရေးပြီးနောက် သူ့စာကို ပို့ကာ နောက်လှည့်ပြီး ကျိယွီရှောင်ကို ချော့လိုက်သည်။

"သူတို့ကို စိတ်ထဲမထားနဲ့... သူတို့က ငါ့ကို မနာလိုဖြစ်နေရုံပဲ... တစ်ကိုယ်တော် ခွေးတွေ အကုန်လုံးက အဲ့လိုတွေချည်းပဲ..."


တစ်ကိုယ်တော်ခွေး ရှောင်လီ- ဒါက...


ကျိယွီရှောင်က သူ့၏ အလွန်စိတ်မချရသော အကြောင်းပြချက်နှင့် တရားချခြင်းကို နားထောင်ကာ ရယ်လိုက်သည်။


"တစ်ကိုယ်ေတာ်ခွေးတွေကို လျှောက်ပြီး အသရေဖျက်မနေနဲ့တော့... ရှောင်လီက ဒီမှာ ရှိသေးတယ်..."


လင်းလော့ချင်းက သူရှောင်လီကို ထုတ်ပြောလာသည်ကို ကြားရာ ထိုလူကို ချောင်းမကြည့်ပဲ မနေနိုင်ပါချေ။ ပထမတွင် သူက သူ့ကို သေသေချာချာမလေ့လာခဲ့ပါပေ။ သို့သော် ချန်လီဝေ့နှင့် တုန်းကရော ဤတစ်ကြိမ်တွင်ရော ရှောင်လီ၏ အရည်အချင်းမှာ သာမန်လူအများစုထက် ပေါ့ပါးကာ လွှမ်းမိုးနိုင်စွမ်းရှိပေသည်။ သူက ဒါရိုက်ဘာတစ်ဦးသာဆိုပါက သူ့အရည်အချင်းများကို ဖြုန်းတီးရာရောက်ပေသည်။