Chapter 163
လင်းဖေးက တည်ငြိမ်စွာဆိုလိုက်သည်။
"မင်းအဲ့ရောက်လို့ တခြားအကြံတစ်ခုရရင် ငါ့ကို အသိပေးလို့ရတယ်... ငါသဘောတူရင် မင်းလုပ်လို့ရတယ်..."
သူက ဆိုလိုက်သည်။
"နောက်ဆုံးတစ်ခေါက်က မင်းရှောင်စုန့်ကို ရေပိုက်နဲ့ချိန်ပြီး ရေစိုအောင်လုပ်တာက အဆင်ပြေတယ်... ဒါပေမဲ့ ကော်တို့ ဖန်ကွဲတို့ စက်လှေကားတို့လိုမျိိိုး အခုအကြံတွေက အဆင်မပြေဘူး... အဲ့ဒါတွေက အခုလည်းအဆင်မပြေဘူး နောက်လည်း ဘယ်တော့မှ အဆင်ပြေမှာမဟုတ်ဘူး..."
ကျိလဲ့ယွီက မျက်တောင်ခတ်လိုက်သည်။
"ဒါပေမဲ့ ဒီတစ်ခေါက် သားက ဘာအကြံမှ မထွက်ရင်ရော ဘယ်လိုလုပ်မလဲ..."
"အဲ့ဒါဆိုရင် မင်းနောက်ထပ်အကြံတစ်ခု မထွက်မချင်း စောင့်ကြမယ်... မင်းက အဲ့အချိန်ကျရင်ငါ့ကိုပြောပြီး ငါလက်ခံရင် လုပ်လို့ရတယ်..."
လင်းဖေး၏ အသံမှာ အလွန် တည်ကြည်နေသည်။
"မင်းက ဘာအကြံမှ ထွက်မလာရင်တောင် မင်း ၁၈နှစ်ပြည့်ရင် သူ့ကို သွားပြီး ရိုက်လို့ရတယ်... အဲ့အချိန်ကျရင် မင်းက သူ့ကို ရိုက်နိုင်သွားပြီလေ... ငါပြောသလိုပဲ ရန်ဖြစ်လို့က ရတယ်..."
ကျိလဲ့ယွီ - ...၁၈နှစ်...
အဲ့ဒါက အကြာကြီးပဲ...
ကျိလဲ့ယွီက သူ့ကို ကြောင်အနေသော အမူအရာဖြင့် ကြည့်လိုက်ပြီး ဘာလုပ်သင့်သလဲဆိုသည်ကို တွေးနေမိသည်။ သူက ၁၈နှစ်ပြည့်သည်အထိ အမှန်တကယ် မစောင့်နိုင်ပါပေ။
"သားက သူ့ကို စက်လှေကားကနေ တွန်းချလို့မရရင် လှေကားကနေ တွန်းချလို့ရလား..."
သူက မေးလိုက်သည်။
"မရဘူး... လှေကားတွေကတောင် အန္တရာယ်များတယ်..."
"အဲ့ဒါဆို လှေကား နှစ်ထစ်ပဲဆိုရင်ရော..."
"အဲ့ဒါတော့ ရပါတယ်..."
လင်းဖေးက ထိုနည်းဖြင့် မည်သူကမှ မသေနိုင်ဟု ခံစားရပေသည်။ သူတို့က အလွန်အကျွံ ဒဏ်ရာမရလောက်ပါပေ။
"အဲ့ဒါဆို အဲ့လိုလုပ်မယ်..."
ကျိလဲ့ယွီက စကားစုကို မတွေးနိုင်ပါပေ။
လင်းဖေးက သူ့ကို ကြင်နာစွာ သတိပေးလိုက်သည်။
"ဒီလောက်ပဲနော်..."
"ရေလောင်းတာတို့ ဒီလောက်လေး တွန်းချတာတို့ပဲ..."
ကျိလဲ့ယွီ - ...
ကျိလဲ့ယွီမှာ သူ့၏ ထက်မြက်လှသော စိတ်ကလေးက ထိန်းချုပ်ခံရကာ ချက်ချင်း ကန့်သတ်ခံရသည်ဟု ခံစားလိုက်ရသည်။
ဒါပေမဲ့... လင်းဖေးက ဒီလိုမျိုးဆိုရင်... သူ့ကို ကြိုက်နေသေးလား... သူ့ကို အခုထိ မမုန်းသေးဘူးလား...
အဲ့လိုပဲ နေမယ်... မဟုတ်ရင် သူက သူနဲ့ ဘယ်လိုလုပ်ပြီး ညှိနှိုင်းလိုစိတ် ရှိမှာလဲ...
သူက လင်းဖေးကို မရဲတရဲ မေးလိုက်သည်။
"သားက တကယ်ဆိုးလားဟင်..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
"အင်း..."
သူက ကျိလဲ့ယွီကဲ့သို့ ဆိုးသွမ်းမှုဖြင့် ပြည့်နေသော ဗိုက်တစ်ခုနှင့် တစ်စုံတစ်ယောက်ကိုမှ မတွေ့ခဲ့ဖူးပါပေ။
ကျိလဲ့ယွီ - ...
ကျိလဲ့ယွီက လင်းဖေးမှာ တုံ့ဆိုင်းခြင်း အလျင်းမရှိပဲ ခေါင်းညိတ်မည်ဟု မမျှော်လင့်ထားပါပေ။ ဤသည်က ရိုရှင်းစွာပင် မယုံနိုင်စရာပေ။
သူ့ပါးလေးများက ချက်ချင်းပင် သနားစရာကောင်းစွာနှင့် ဝမ်းနည်းသည့်အမူအရာဖြစ်သွားလေသည်။
လင်းဖေးက သူ့အား ကလေးဆိုးတစ်ယောက်ဟု တွေးထားခြင်းဖြစ်မည်။သူ လင်းဖေးအား ဝမ်းနည်းမှုများအပြည့်နှင့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
လင်းဖေး - ...
လင်းဖေးမှာ သူ့၏ မျက်ရည်အပြည့်နှင့် တောက်ပနေသော မျက်လုံးများ၏ ဝါးမြိုခံလိုက်ရသည်။ ကျိလဲ့ယွီမှာ အချိန်မရွေး မျက်ရည် ဖြိုင်ဖြိုင်ကျလာမည်သကဲ့သို့ဖြစ်ကာ လင်းဖေး၏ ခံစားချက်က ရှင်းမပြတတ်အောင် နူးညံ့လာသည်ဟု ခံစားလာရပေသည်။
သူက ကျိလဲ့ယွီမှာ ကလေးဆိုးတစ်ယောက်ဖြစ်သည်ဟု အမှန်တကယ် ထင်မိသည်။သို့သော် ကျိလဲ့ယွီ ငိုသည်ကိုလည်း မမြင်ချင်ပါပေ။
သို့ဖြစ်၍ အနည်းငယ် တွေးလိုက်ပြီးနောက် သူက ချော့မော့လိုက်သည်။
"ဒါပေမဲ့ ကောင်းကောင်းနားထောင်နော်..."
သူက ကျိလဲ့ယွီ၏ ခေါင်းကို ပွတ်လိုက်သည်။
"မင်းက နာခံတတ်နေသရွေ့ ကောင်းပါတယ်..."
"အဲ့တော့ ကိုကိုက သားကို ကလေးဆိုးလေးတစ်ယောက်လို့ တကယ်ထင်တယ်ပေါ့..."
ကျိလဲ့ယွီ၏ ဝမ်းနည်းမှုမှာ စုပုံလာပြီး ချဉ်သောအငွေ့များ ထွက်လာမည့်သကဲ့သို့ပင်။
လင်းဖေးက ကောင်းမွန်သော အသိစိတ်ဖြင့် မပြောနိုင်ပါပေ။
"မဟုတ်ဘူး... မင်းက ကလေးဆိုးတစ်ယောက် မဟုတ်ဘူး..."
သူက ကျိလဲ့ယွီ၏ ခေါင်းကို ဆက်လက် ပွတ်သတ်နေပေသည်။
"မင်းက နာခံနေသရွေ့တော့ မဆိုးပါဘူး..."
ကျိလဲ့ယွီ - ...
"ဘာပဲဖြစ်ဖြစ် မင်းဆိုးတယ်ဆိုတာကို သိတဲ့လူလဲ တစ်ယောက်မှ မရှိဘူးလေ..."
လင်းဖေးက သူ့အသံကို ညင်ညင်သာသာဆိုလိုက်သည်။
"ငါမင်းကို လျှို့ဝှက်ချက်ထိန်းထားဖို့ ကူညီပေးမယ်..."
"အဲ့ဒါဆို ကိုကိုက သားကိုကြိုက်သေးလား..."
ကျိလဲ့ယွီက အသံတိုးတိုးဖြင့် ဆိုလိုက်သည်။ သူ့မျက်လုံးများက တွန့်ဆုတ်နေသော်လည်း မျှော်လင့်ချက်များဖြင့် ပြည့်နေပေသည်။
လင်းဖေးက သူ့စကားများက ထူးခြားသည်ဟု ခံစားရပေသည်။
"မင်းက ကောင်းတဲ့ကလေးတစ်ယောက် မဟုတ်ဘူးဆိုတာ ငါအမြဲတမ်းသိနေခဲ့တာပဲမဟုတ်ဘူးလား...."
ကျိလဲ့ယွီ - ...
ကျိလဲ့ယွီမှာ ရုတ်တရက်ပင် သူက စိတ်ဆိုးရမည်လား ပျော်ရွှင်ရမည်လား မသိတော့ပါပေ။
လင်းဖေးက စိတ်ထဲတွင် သူ့အား အမြဲတမ်း အမြင်မကောင်းသည်ဖြစ်ရာ သူက ပျော်ရွှင်ရမည်မှာ အဓိပ္ပာယ်မရှိပါပေ။
သို့သော် လင်းဖေးက သူ့ကို မုန်းသည့်ပုံရမ၍ ဒေါသထွက်ရမည်လည်း အဓိပ္ပာယ်မရှိပါပေ။
သူက လင်းဖေး ထပ်မံစကားဆိုလာသည့်အချိန်ထိ ဝေခွဲ မရသေးပေ။
သူက ရှားပါးလှသော ညင်သာလှသည့် အသံဖြင့် ပြောကာ သူ့ကို ဆက်ချော့လာသည်။
"မင်းက ကောင်းကောင်းမွန်မွန် ပြုမှုနေထိုင်သရွေ့ ငါမင်းကို ကြိုက်ပါတယ်..."
"အဲ့ဒါဆို သား ကောင်းကောင်းနေမယ်..."
ကျိလဲ့ယွီက သူ့လက်ကို အလျင်အမြန်မြှောက်လိုက်သည်။
လင်းဖေးက ခေါင်းညိတ်လိုက်သည်။
"အင်း... မင်းက အမြဲတမ်း ကောင်းကောင်း နားထောင်တယ်..."
ကျိလဲ့ယွီမှာ သူ့စကားများကြောင့် ချက်ချင်းပင် ပျော်ရွှင်စွာ အချော့ခံလိုက်ရသည်။
သူက ပျော်ရွှင်စွာ ဆိုလိုက်သည်။
"တကယ်လား..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
သူက ကျိလဲ့ယွီကို စတင်စောင့်ရှောက်သည့်အချိန်မှစ၍ ကျိလဲ့ယွီမှာ အနည်းဆုံးတွင် နာနာခံခံနှင့် ကောင်းကောင်းနားထောင်တတ်သော ကောင်လေးတစ်ယောက်၏ ပုံရိပ်ကို ထိန်းသိမ်းထားသည်။
ကျိလဲ့ယွီက လင်းဖေး ခေါင်းညိတ်ပြသည်ကို ကြည့်ကာ ချက်ချင်းပင် ခံစားချက် ပေါ့ပါးလာသည်။
လင်းဖေးသည် သူ(jly)က နာခံတတ်သည်ဟု ထင်ထားသည်။ သူ(jly)က လူဆိုးလေးတစ်ယောက်ဆိုသည်မှာ ရှင်းလင်းသော်လည်း လင်းဖေးကမူ အပြုအမူကောင်းရှိသည်ဟု ထင်ထားဆဲဖြစ်သည်။ လင်းဖေးက သူ(jly)၏ မကောင်းသည့် အရာရာကိုသိနေသော်လည်း သူ(jly)သည် လင်းဖေး၏ စိတ်ထဲတွင်မူ လူကောင်းတစ်ယောက်ဖြစ်ဆဲဟု ယူဆ၍ ရပေသည်။
ကျိလဲ့ယွီက ရွှင်မြူးသွားသည်။ လင်းဖေး၏ စိတ်ထဲတွင် သူက ပုံရိပ်ကောင်းတစ်ခုအဖြစ်ရှိနေဆဲဖြစ်သည်ကို ခံစားနိုင်ဆဲဖြစ်သည်။
ထို့ကြောင့်ပင် လင်းဖေးက သူ ဝမ်းနည်းမည်ကို ကြောက်၍ သူ့အား ခရစ်စမတ်လက်ဆောင်ပေးခြင်း ဖြစ်နိုင်သည်။ ထို့အပြင် သူ(ကျိလဲ့ယွီ) မည်သည့် ရုပ်ရှင် ကြည့်ချင်သလဲဟုမေးကာ သူ့(လင်းဖေး)ဆုလာဒ်အတွက် ၄င်းကို ကြည့်ရန် တောင်းဆိုခြင်း ဖြစ်နိုင်ပေသည်။
ကျိလဲ့ယွီက မနေနိုင်တော့ပဲ ချွဲကာ ဆိုလိုက်သည်။
"ဖက်ထားပေး..."
လင်းဖေးက သူ့ကို ညင်သာစွာ ဖက်လိုက်ပြီး တိတ်တဆိတ် တွေးလိုက်သည်။
သူက ငိုတော့မဲ့ပုံမရတော့တာ တော်သေးတာပေါ့...
သူက ငိုနေသည့် လူတစ်ယောက်ကို တစ်ခါမှ မချော့ဖူးပေ။ ကံကောင်းစွာဖြင့် ကျိလဲ့ယွီက မငိုခဲ့ချေ။
သို့သော် သူက အမှန်တကယ်ပင် နူးညံ့ပေသည်။ ကပ်ကာ ချွဲပြီး ဘယ်လိုငိုရမလဲ ဆိုသည်ကိုပင် သိသည်။ အလွန် နူးညံ့သည်မှာ ထိုနှင်းဆီအိုး ကဲ့သို့ပင်။ လင်းဖေးမှာ အမှန်တကယ်တွင် အလွန်ဂရုတစိုက် ပြုမူကာ အသေးစိတ် ဂရုစိုက်ရပြီး သူ့ကို ဒီအတိုင်း ပစ်ထား၍ မရပါပေ။
ဟင်း... အတော်ကို နူးညံ့တဲ့ ပေါက်စီလေးပဲ...
လင်းဖေးမှာ ကျိလဲ့ယွီကို သဘောတူလိုက်ပြီးနောက် လင်းလော့ချင်းကို သွားရှာကာ သူလည်း အိမ်ကိုလိုက်ပြီး အဘိုးကို တွေ့မည်ဟု ပြောလိုက်သည်။
လင်းလော့ချင်း အံ့အားသင့်သွား၏။
"မင်းက ဘာလို့ ရုတ်တရက်ကြီး သွားချင်သွားတာလဲ... မင်းက အမြဲတမ်း ပြန်ဖို့ကို တွန့်ဆုတ်နေတာ မဟုတ်ဘူးလား..."
"ရှောင်ယွီ အဖော်ရအောင်လို့ပါ..."
လင်းဖေးက ရိုးသားစွာ ပြန်ဖြေလိုက်သည်။
လင်းလော့ချင်းက ခပ်ဖွဖွ ရယ်လိုက်ပေသည်။
"အဲ့ဒါဆို မင်းက သူ့ကို တော်တော် ကောင်းကောင်း ဆက်ဆံတာပဲ..."
"သူက အရမ်း နာခံတတ်တယ်..."
လင်းဖေးက ရှင်းပြလိုက်သည်။
လင်းလော့ချင်းက သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
"ဟုတ်ပြီ... အဲ့ဒါဆို မင်းက ငါတို့နဲ့ အိမ်ကို လိုက်ခဲ့လို့ရတယ်... ဒါပေမဲ့ ငါတို့ အဲ့ရောက်လို့ ထပ်ပြီးမနေချင်တော့ရင် ငါ့ကို လာပြောနော်... ငါတို့ ချက်ချင်းပြန်လာမယ်..."
"အင်း..."
လင်းဖေးက သဘောတူလိုက်သည်။
လင်းလော့ချင်းက သူ့အား ကျိယွီရှောင်၏ စာကြည့်ခန်းထဲသို့ ခေါ်သွားကာ လင်းဖေးပြောင်းချင်သည့် ဒီဇိုင်း ရှိလားဆိုသည်ကို လျှောက်ကြည့်ခိုင်းလိုက်သည်။
လင်းဖေးက စိတ်ဝင်တစား လျှောက်ကြည့်ပြီး နောက်ဆုံးတွင် ၃၊၄ ခုပြောင်းလိုက်သည်။ သူက ကျိယွီရှောင် သူ့၏ စာကြည့်ခန်းထဲတွင် ထားထားသည့် စာအုပ်များကို အလွန်သဘောကျသည် ဟူသော သက်သေပင်ဖြစ်သည်။
"နောက်ပိုင်း ငါဒါကို မသုံးတော့ဘူးဆိုရင် မင်းဒီစာကြည့်ခန်းကို ယူလို့ရတယ်..."
ကျိယွီရှောင်က ရယ်မောကာ ဆိုလိုက်သည်။
လင်းဖေးက ခေါင်းခါလိုက်ကာ ၄င်းက မလိုဟု ခံစားရပေသည်။
"မလိုပါဘူး... ကျွန်တော်မှာ ကိုယ်ပိုင် စာကြည့်ခန်း ရှိပြီးသားပဲကို..."
"မှန်တယ်... အဲ့ဒါဆို အချိန်ရောက်ရင် ရှုရှုကျိက မင်းက တရုတ် အထူးလက်ရာတွေရဲ့ ကလေးဖတ်ဖို့ စာအုပ်တွေ မင်းကိုလက်ဆောင်ပေးမယ်..."
"ပြီးတော့ ဂန္တဝင်စာအုပ်တစ်ချို့ရဲ့ မိတ္တူတွေလည်းပေးမယ်... မင်းကြီးလာရင် ဖတ်လို့ရတယ်..."
လင်းလော့ချင်းက အလျင်အမြန် ထပ်ဆိုလိုက်သည်။
လင်းဖေးက သူ့၏ ရည်ရွယ်ချက်ကို ကြားသောအခါ သူက ပျော်ရွှင်သွားပြီး သူ့နှလုံးသားက ရှင်းမပြတတ်အောင် မူးဝေလာသည်ဟုပင် ခံစားရပေသည်။
ထိုည သူအိပ်ပျော်သွားသောအခါ သူ့၏ အနာဂတ် စာကြည့်ခန်းကိုပင် အိပ်မက် မက်နေပေသည်။ သူက စာကြည့်ခန်း၏ စားပွဲတွင် ထိုင်နေသည်။ စားပွဲမှာ ကျယ်ပြီး ကြီးကာ စာပေစာအုပ်များနှင့် တခြားပစ္စည်းများ ထားနိုင်သည်ဟု ခံစားရသည်။ သူက အလွန်ကျေနပ်နေမိ၏။
******
ဤတစ်ခေါက်တွင် လင်းဖေးနှင့် ကျိလဲ့ယွီတို့နှစ်ဦးစလုံးက လိုက်ချင်၍ သူက အဖေလင်းကို အထူးသတိပေးထားလိုက်သည်။ သူက သူ့ဖခင်အား ထိုအချိန်ရောက်လျှင် လင်းလော့ကျင်းကို ကောင်းကောင်း ထိန်းချုပ်ထားရန် ပြောလိုက်သည်။ သူ့အား ကလေးနှစ်ယောက် စိတ်မဆိုးစေရန် မပြောသင့်သည့်အရာတစ်ခုမှ ပြောခွင့်မပြုရန် ဖြစ်သည်။
သူက ၄င်းကိုတွေးမိရာ ရုတ်တရက် ကုန်တိုက်တွင် ဖြစ်ခဲ့သည်ကို ပြန်သတိရသွားသည်။ လင်းလော့ကျင်းနှင့် သူ့သူငယ်ချင်းက ထိုနေ့က ကျိယွီရှောင်ရှေ့တွင် မသန်မစွမ်းဟု ခေါ်ခဲ့သည်။
ကျိလဲ့ယွီရဲ့ စရိုက်နဲ့ဆိုရင် သူက တကယ်ပဲ အဲ့နှစ်ယောက်ကို ဒီအတိုင်းပဲ သွားခွင့်ပြုလိုက်မှာလား...
သူက နောက်ဆုံးတွင် အဘယ့်ကြောင့် ကျိလဲ့ယွီက ရုတ်တရက် ပြန်လိုက်လိုခြင်း၏ ဖြစ်နိုင်ခြေရှိသော အကြောင်းပြချက်ကို သဘောပေါက်သွားလေသည်။
သူက လင်းဖေး၏ အဘိုးကို တွေ့လိုသည် မဟုတ်ပါ။ သူက ကျိယွီရှောင်အတွက် လက်စားချေလိုခြင်းနှင့် ပိုတူသည်။ ကျိလဲ့ယွီ အတွေ့ချင်ဆုံးလူမှာ လင်းလော့ကျင်းဖြစ်ကာ အဖေလင်းမဟုတ်နိုင်ပေ။
အဲ့ဒါဆို လင်းဖေးက ရုတ်တရက်ကြီး လိုက်ခဲ့ချင်တာက ကျိလဲ့ယွီရဲ့ ရည်ရွယ်ချက်တွေကိုသိပြီး ကျိလဲ့ယွီကို ထိန်းချုပ်ချင်လို့ပေါ့...
လင်းလော့ချင်းက သက်ပြင်းချလိုက်သည်။ သူ့ဖေးဖေးက အမှန်တကယ်ပင် ကြိုးစားနေပေသည်။
ပြီးတော့... တစ်ယောက်ယောက်က မင်းကို စော်ကားလာရင် ပြန်ပြီး စော်ကားလို့အဆင်ပြေပေမဲ့ အဲ့ဒါကြောင့် ခြေထောက်ချိုးပစ်လို့တော့မရဘူးဆိုတာကို ကျိလဲ့ယွီကို ဘယ်လိုသင်ပေးရမလဲ... အဲ့လိုဆိုရင် ကိစ္စတွေက ပိုပြီး ထိန်းချုပ်လို့ ရတော့မှာမဟုတ်ဘူး...
ကြည့်ရသည်မှာ မနက်ဖြန်တွင် လင်းလော့ချင်းက သူ့၏ ပြဿနာရှာတတ်သော သားလေးအပေါ် မျက်လုံးတစ်ဖက်ဖွင့်ကာ တစ်ဖက်ပိတ်ထားရမည့်ပုံပင် ဖြစ်လေသည်။
နောက်တစ်နေ့ နေ့လည်တွင် နေ့လည်စာစားပြီးနောက် လင်းလော့ချင်းက ကလေးနှစ်ယောက်ကို ခေါ်ကာ ကျိယွီရှောင်နှင့်အတူ အဖေလင်းကို တွေ့ရန် အိမ်သို့ခေါ်သွားလိုက်သည်။
အဖေလင်းနှင့် ချန်ဖုန်းတို့က သူတို့ကို စောင့်နေ၏။ လင်းလော့ကျင်းမှာ အဖေလင်းထံမှ စည်းကမ်းတင်းကြပ်ကာ အဆူခံထားရပြီး အပြောအဆို အထူးသတိထားရန် သတိပေးခံထားရပြီး ဖြစ်သည်။
လင်းလော့ချင်းက အိမ်ထဲသို့ ဝင်လိုက်သည့် အခိုက်အတန့်တွင် သူက အဖေလင်း၏ အပြုံးကို မြင်လိုက်သည်။
"လော့လော့ ပြန်လာပြီ...."
လင်းလော့ချင်း - ...ဒါက တကယ်ကို... တော်တော်လေး စိတ်အားထက်သန်နေတာပဲ...
သူက အပြုံးတစ်ခုနှင့် တုံ့ပြန်လိုက်ပြီး နွေးထွေးကာ ရင်းနှီးသော သားအဖဆက်ဆံရေးကို ဟန်ဆောင်လိုက်သည်။
"အဖေ... ကျွန်တော်က လွမ်းနေတာ..."
"အဖေလည်း သားကို လွမ်းပါတယ်..."
အဖေလင်းက အပြုံးနှင့် ဆိုလိုက်သည်။
ထို့နောက် သူက ကျိယွီရှောင်ကို ပြုံးပြလိုက်သည်။
"ရှောင်ယွီ မင်းအခုတစ်လော နေကောင်းရဲ့လား..."
"ကောင်းပါတယ်..."
ကျိယွီရှောင်က အရေးမစိုက်ပဲ ဆိုလိုက်သည်။
ကျိလဲ့ယွီက သူ့ရှေ့မှ လူကိုကြည့်ရန် ခေါင်းမော့လိုက်သည်။ သူက တွေးလိုက်သည်။
အဲ့တော့ ဒါက လင်းဖေးရဲ့ အဘိုးပေါ့...
သူက ၄င်းကို တွေးနေစဉ်တွင် အဖေလင်းက လှမ်းကြည့်လာသည်ကို တွေ့လိုက်ရသည်။ သူတို့၏ အကြည့်များ ဆုံသွားပြီး အမေလင်းက ကောင်လေးကို ကျိယွီရှောင်၏ တူလေးအဖြစ် ချက်ချင်း မှတ်မိသွားလေသည်။ သူတို့နှစ်ယောက်က အတော်ေလး ဆင်တူကြသည်။
သူက ချက်ချင်း ခါးကိုင်းကာ ကျိလဲ့ယွီကို ချစ်ခင်စွာ ကြည့်လိုက်သည်။
"သားက ရှောင်ယွီပဲ ဖြစ်ရမယ်... ငါက မင်းရဲ့ အဘိုးပါ..."
ကျိယွီရှောင်က ချိုသာစွာ ဆိုလိုက်သည်။
"အဘိုး..."
"အိုး... လူလိမ္မာလေး..."
အဖေလင်းက သူ့ခေါင်းကို ပွတ်ပေးလိုက်သည်။
သူက ကျိလဲ့ယွီကို စကားပြောမပြီးခင်အထိ လင်းဖေးကို သတိမပြုမိပါပေ။
လင်းဖေးမှာ အဖေလင်း၏ မြေးဖြစ်သည်။ အဖေလင်းက လင်းဖေးအပေါ်တွင် ချစ်ခင်မှုမရှိသည်မှာ မဖြစ်နိုင်သော်လည်း လင်းဖေးအတွက် ချစ်ခင်မှု အလွန်များရန်လည်း ခက်ခဲပေသည်။
အဖေလင်းက လင်းလော့ရှီး အိမ်ထောင်မရှိပဲ လင်းဖေးကို မွေးခဲ့စဉ်က ဆူပူခြင်း ရှိခဲ့သည်။ ထိုနောက်တွင် လင်းလော့ရှီးက အိမ်မှ နှင်ထုတ်ခံရကာ အဖေလင်း၏ တောင်ပံများအောက်တွင် မရှိတော့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် အဖေလင်း၏ ဒေါသမှာ မည်သည့် ဂယက်ရိုက်မှုမှ မဖြစ်ခဲ့ပါပေ။ အမှန်တကယ်တွင် အဖေလင်းမှာ လင်းလော့ရှီးကို အိမ်မှ နှင်ထုတ်လိုက်သည်အား ကျေနပ်နေသည်ဖြစ်သည်။ သို့မဟုတ်ပါက သူ့၏ ဂုဏ်သတင်းမှာ သူမကြောင့် ဖျက်ဆီးခြင်း ခံရမည်ဖြစ်သည်။
ထို့နောက်တွင် လင်းဖေး၏ သင်ကြားရေးအတွက် လင်းလော့ရှီးက အကူအညီတောင်းရန် ပြန်လာခဲ့သည်။ သူမက သူ့အား ပိုက်ဆံချေးရန် မျှော်လင့်ထားခြင်းဖြစ်သည်။ အဖေလင်းသည်လည်း ထိုအချိန်ကို အခွင့်ကောင်းယူကာ သူမကို ထပ်မံ ဆူပူလိုက်သည်။
သူက လင်းဖေး၏ အဖေက မည်သူလဲဆိုသည်ကို မသိသလို ဂရုလည်း မစိုက်ပေ။ သို့သော်လည်း နောက်ဆုံးတွင် လင်းဖေးက အမှန်တကယ် သူ့မြေးဖြစ်နေဆဲပင် ။ သူတို့၏ သွေးကြောများထဲတွင် တူညီသော လင်းသွေးများ စီးဆင်းနေ၍ အဖေလင်းက အနည်းဆုံးတွင် သူစိမ်းများထက် သူ့အပေါ် ချစ်မြတ်နိုးမည် ဖြစ်သည်။
သူလင်းဖေးနှင့်တွေ့ရသောအကြိမ်ရေမှာ အလွန်နည်းလှသည်။ ထိုကောင်ငယ်လေးမှာ ဤမျှကြီးလာပြီ ဖြစ်သည်ကို သဘောပေါက်သည်မှာ ယခုမှပင်ဖြစ်သည်။ သူက လင်းလော့ချင်း၊ လင်းလော့ရှီးတို့နှင့် အလွန်တူသလို သူ့နှင့်လည်း အနည်းငယ်တူပေသည်။ ထိုအချိန်တွင် သူက ရှင်းမပြတတ်အောင် ရှုပ်ထွေးလာသည်ဟု ခံစားလိုက်ရသည်။
လင်းလော့ချင်းက ကျိယွီရှောင်ကို အထဲသို့ တွန်းသွားပြီးနောက် ဆိုဖာပေါ်တွင်ထိုင်ကာ လင်းဖေးနှင့် ကျိလဲ့ယွီတို့က သူ့ဘေးတွင်ဝင်ထိုင်ခိုင်းလိုက်သည်။
အခန်းထဲတွင် အဖေလင်းနှင့် ချန်ဖုန်းသာ ရှိပြီး လင်းလော့ကျင်းမရှိချေ။ ပြသနာမဖြစ်စေရန် ပထုတ်ထားခြင်း ဖြစ်နိုင်၏။
ချန်ဖုန်းက ကျိလဲ့ယွီတွင် ဖြူဖွေးကာ နူးညံ့ပြီး ချစ်စရာကောင်းသော ရုပ်ရည်ရှိသည်ကို တွေ့လိုက်သည်။ သူက ရိုးရှင်း၊ နုံအကာ အပြစ်ကင်းဟန်ရသည့်အပြင် ကျိယွီရှောင်၏ တူဖြစ်သည်ကိုပါ ထပ်ပေါင်းလိုက်သောအခါ... သူမက စားပွဲမှ မုန့်များကို ထုတ်လိုက်ပြီး သူ့ကိုလှမ်းပေး၍ မျက်နှာလုပ်သောအသံဖြင့် ဆိုလိုက်သည်။
"သားစားပြီးပြီလား... ဒီမှာ နည်းနည်းစားလိုက်..."
ကျိလဲ့ယွီက ၄င်းကို လက်ခံလိုက်ပြီး ယဉ်ကျေးစွာ ကျေးဇူးတင်လိုက်သည်။ သို့သော် သူက ပြောသာပြောပြီး အချိုပွဲကို မစားပါပေ။
ချန်ဖုန်းက
ကောင်လေးမှာ အတန်ပင် နာခံတတ်သည်ဟု ခံစားရပြီး ကလေးကို ချော့မော့ရန် ပို၍ အလိုရှိလာသည်။
လင်းလော့ချင်းက သူမက ကျိလဲ့ယွီကို အဆက်မပြတ် စကားပြောနေသော်လည်း လင်းဖေး၏ တည်ရှိမှုကို လုံးဝ လျစ်လျူရှုထားကို ကြည့်လိုက်သည်။
သူမက ဒီထက်ပိုပြီး သိသိသာသာ ဘက်လိုက်လို့မရတော့ဘူးလား...