Chapter 164
သို့သော် အဖေလင်းက သူ့ဇနီးမှာ ဘာမှ မမှားဟု မခံစားရပါပေ။ ဤသည်က ကျိယွီရှောင်၏ လက်ရှိ အငယ်ဆုံးသားဖြစ်သည်။ သူ့ကို ကောင်းကောင်းဆက်ဆံသည်မှာ သဘာဝ ကျပေသည်။ သူ့ဇနီးမှာ အလွန်စဉ်းစားပေးတတ်သူဖြစ်ရာ လင်းလော့ချင်းသာ စဉ်းစားတတ်ပြီး ညင်သာကာ သူ့ဇနီးကဲ့သို့ နားလည်တတ်ရင် အလွန်ကောင်းပေမည်။ အနည်းဆုံးတွင် ချန်ဖုန်းက မည်သည့်အချိန်တွင် လမ်းဖွင့်ပေးရမည်နှင့် မည်သည့်အချိန်တွင် အမြအစွန်းရမည်ကို သိပေ၏။
ကျိလဲ့ယွီက ချန်ဖုန်းက သူ့အား မုန့်တစ်ခုပြီးတစ်ခု လှမ်းပေးလာသည်ကို ကြည့်ကာ စိတ်ရှုပ်ထွေးလာမိသည်။
သူမက ဘာလို့ သူ့ကိုပဲ အစားအသောက်ပေးပြီး လင်းဖေးကိုကျ မပေးတာလဲ... လင်းဖေးက သူ့မြေးမဟုတ်ဘူးလား...
သူတို့က လင်းဖေးကို မကြိုက်ကြဘူးလား...
ဤသို့ဖြင့် အတွေးတစ်ခုက သူ့၏စိတ်ထဲတွင် ပေါ်လာသည် သူ့ရှေ့မှ လူများက ပို၍ စိတ်ရှုပ်စရာကောင်းလာပေသည်။
ဤသို့ဖြင့် သူက လင်းဖေးကို မုန့်တစ်ချို့ ဦးအောင် ကမ်းပေးလိုက်သည်။
"ကိုကို စားဦးနော်..."
"ငါမစားတော့ဘူး..."
လင်းဖေးက သူ့အမေက ဤအဘိုးနှင့် ချန်ဖုန်းကို မကြိုက်သည်အား သတိရပေသည်။ ဤသို့ဖြင့် သူက ထိုအမျိုးများနှင့်အမြဲတမ်း ဝေးဝေးနေကာ မနှစ်သက်ပါပေ။
ကျိလဲ့ယွီက သူ့ကိုကြားသောအခါ ခေါင်းခါပြီး မုန့်များကို စားပွဲပေါ်သို့ ပြန်တင်ထားလိုက်သည်။
"အဲ့ဒါဆို သားလဲ မစားတော့ဘူး..."
သူ့အသံက နူးညံ့နေပေသည်။
"ကိုကိုမစားရင် သားလည်း မစားတော့ဘူး..."
ထို့နောက် သူက လင်းဖေး၏ လက်မောင်းများကို ဖက်ထားပြီး နီးကပ်စွာ မှီထားလိုက်လေသည်။
အဖေလင်းနှင့် ချန်းဖုန်းက သူဤကဲ့သို့ တုံ့ပြန်မည်ဟု မမျှော်လင့်ထားပါပေ။ သူတို့က လင်းဖေး၏ စရိုက်နှင့် ကျိလဲ့ယွီက ငယ်စဉ်ကတည်းက အလိုလိုက်ခံရသော ကလေးတစ်ယောက်ဖြစ်ခြင်းတို့နှင့်ဆိုလျှင် သူတို့နှစ်ဦးက ရန်ဖြစ်ကာ တစ်ဦးနှစ်တစ်ဦး မုန်းတီးနေမည်ဟု ထင်ကြပေသည်။
သူတို့နှစ်ယောက် ရန်မဖြစ်ရင် ကောင်းတာပေါ့...
လင်းဖေးရဲ့ အဲ့လို စရိုက်နဲ့ဆိုရင် ဘယ်သူက ကြိုက်မှာလဲ... အဖတ်မလုပ်တတ်ဘူး... စိတ်မဝင်စားဘူး... ပြီးတော့ စကားမပြောတတ်တဲ့လူတစ်ယောက်နဲ့တူတယ်...
ဒါပေမဲ့ ဘာလို့ သူနဲ့ ကျိလဲ့ယွီရဲ့ ဆက်ဆံရေးက ကောင်းတဲ့ပုံပေါ်နေတာလဲ...
လင်းလော့ချင်းက ကြည့်ကာ မပြုံးပဲ မနေနိုင်ပါပေ။
သူက ဆက်လက် ဟန်ဆောင်နေကာ အဖေလင်းနှင့် အာလာပသလာပပြောနေရာ အဖေလင်းက ထပ်ဆိုလိုက်သည်။
"ဒါက မင်းတို့ လက်ထပ်ပြီး အတူနေတဲ့ ပထမနှစ်ပဲ... မင်းတို့ ရှောင်ယွီအိမ်ကို တရုတ်နှစ်သစ်ကူးအတွက် ပြန်ဖို့ စီစဉ်ထားပြီးပြီလား...."
"အဲ့ဒါက မစီစဉ်ရသေးပါဘူး..."
ကျိယွီရှောင်က အေးစက်စွာ ဆိုလိုက်သည်။
အဖေလင်းက ကျိယွီရှောင်ကို လင်းလော့ချင်းကြောင့် သူ့ဖခင်နှင့် စိတ်ဆိုးနေဆဲဖြစ်သည်ဟု ထင်ကာ ဖျောင်းဖျလိုက်သည်။
"အဖေနဲ့ သားကြားက ဘယ်လိုပြဿနာက တစ်ညထက်ပိုကြာမှာလဲ... မင်း အိမ်ကို ဒီအတိုင်း မပြန်လို့မရဘူးလေ... အချိန်ရောက်လာရင် မင်းက လင်းလော့ချင်းနဲ့အတူပြန်ပြီး မင်းအဖေကို ဖျောင်းဖျလိုက်ပေါ့.... အဲ့ဒါဆိုကောင်းမယ်..."
"ကျွန်တော်က အဲ့လောက် မလွယ်မှာ စိုးတာ..."
ကျိယွီရှောင်က သူ့၏ အေးစက်ကာ အလေးမထားသော အမူအရာဖြင့် ဆိုလိုက်သည်။
အဖေလင်းက စိတ်ရှုပ်ထွေးသွားလေသည်။
"ဘာလို့လဲ..."
ကျိယွီရှောင်က လင်းလော့ချင်း၏ လက်ကို ကိုင်လိုက်သည်။ သူကိုယ်တိုင်ပင် ၄င်းက မတိစိတ်ဖြင့် လုပ်ဆောင်လိုက်သည်လား တမင်လုပ်ဆောင်လိုက်သည်လား မသေချာပါပေ။
"ကျွန်တော်က မကြာသေးခင်က လော့ချင်းကို ကုမ္ပဏီရဲ့ CEO ခန့်လိုက်တာကို အဖေက စိတ်ဆိုးနေတုန်းပဲလေ... သူက အခုဆို အိမ်မှာ စိတ်ဆိုးနေတုန်းဖြစ်ပြီး ကျွန်တော်ကို တွေ့ဖို့ ငြင်းမယ်ဆိုတာ သေချာတယ်..."
အဖေလင်း - ...
အဖေလင်းက ဤကိစ္စကို လုံးဝ မသိထားကာ အံ့ဩတကြီး ဆိုလိုက်သည်။
"မင်းက လော့ချင်းကို CEO ခန့်ထားတယ်... ဘာရဲ့ CEOလဲ..."
"သူက မင်းသားတစ်ယောက်လေ... ဖျော်ဖြေရေး ကုမ္ပဏီတစ်ခုရဲ့ CEOပေါ့... အဲ့လိုမှ မဟုတ်ရင်... ကျိအုပ်စုရဲ့ CEO ဖြစ်ရမှာလား... ကျွန်တော်က ဆန္ဒရှိပေမဲ့ ကျွန်တော်အဖေက ဆန္ဒရှိမှာမဟုတ်ဘူး... အဲ့ဒါက သူ့ကို စိတ်ထိခိုက်စေတာပဲ ရှိမယ်..."
"ငါတောင်းပန်ပါတယ် ချင်းချင်း..."
သူက လင်းလော့ချင်း၏ လက်ကို စိတ်ရင်းအပြည့်ဖြင့် ကိုင်လိုက်သည်။
"ငါက အပြည့်အဝ မကောင်းလို့ပါ... ငါမင်းကို ပိုကောင်းတဲ့အဆင့် မပေးနိုင်ခဲ့ဘူး... စိတ်ထဲမထားနဲ့နော်..."
"ရပါတယ်..."
လင်းလော့ချင်းက အလွန် စဉ်းစားတတ်ပေသည်။
"မင်းက ငါ့ကို သိပြီး အကောင်းဆုံးတွေပဲ ပေးချင်တာကို သိပါတယ်... ဒါက လုံလောက်ပါတယ်... ငါ ရှင်းရီနဲ့တင် ကျေနပ်ပါတယ်..."
ကျိယွီရှောင်က ရင်ထဲထိသွားကာ ဆိုလိုက်သည်။
"အိုး... မင်း... မင်းက အလွယ်တကူ ရောင့်ရဲတတ်ပြီး အရမ်းစဉ်းစားပေးတတ်တာပဲ... မင်းက မင်းကိုယ်မင်း လုံးဝ မတွေးဘူး..."
လင်းလော့ချင်းက ခပ်ဖွဖွ ပြုံးပြလိုက်သည်။
"အဲ့ဒါက ငါမင်းကိုချစ်လို့ မင်းအတွက်လဲ တွေးပေးချင်တာကြောင့်မဟုတ်ဘူးလား..."
ကျိယွီရှောင်က မနေနိုင်တော့ပဲ လင်းလော့ချင်းကို မြတ်နိုးစွာ ကြည့်လိုက်သည်။
လင်းလော့ချင်းက ကြင်နာစွာ တုံ့ပြန်လိုက်ပြီး သူတို့နှစ်ဦးက ပရိသတ်များအတွက် သိသာစေလိုက်သည်။
အဖေလင်း - ...
ချန်ဖုန်း - ...
ဒီရင်းနှီးနေပြီးသား ခွေးစာပြကွက်က ဘာလဲ...
ချန်ဖုန်းက အော့အန်လာသည်ကို ဖုံးကွယ်ရန် လိမ္မော်သီးတစ်လုံး အလျင်အမြန် စားလိုက်သည်။
အဖေလင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီး နောက်ဆုံးတွင် ထိတ်လန့်စရာ အမှန်တရားကို လက်ခံလိုက်ရသည်။
သူက လင်းလော့ချင်း ဖျော်ဖြေရေး ကုမ္ပဏီပြောင်းသည်ကို သိထားသော်လည်း ကျိယွီရှောင်က လင်းလော့ချင်းအား သူ့ကုမ္ပဏီအသစ်၏ CEOအဖြစ် ခန့်မည်ဟု မထင်ထားပါပေ။
သူက အချစ်ကြောင့် ကန်းနေတာမဟုတ်ရင် ဘယ်သူက ဖြစ်မလဲ...
သူက လုံးဝကို ဦးနှောက်သေနေပြီ...
ကျိယွီရှောင်အဖေက စိတ်ဆိုးပြီး သူ့ကို မတွေ့ချင်တာ အံ့ဩစရာမရှိတော့ပါဘူး... သူ့နေရာမှာ တခြားသူဆိုရင်လဲ ဘယ်သူက တွေ့ချင်မှာလဲ...
သူဆိုလဲ မတွေ့ချင်ဘူး...
အထူးသဖြင့် လင်းလော့ချင်းနဲ့ပေါ့... သူက ဘယ်လိုလုပ်ပြီး CEO တစ်ယောက် ဖြစ်သင့်တာမျိုး ရှိလို့လဲ....
ဟိုတစ်တစ်ခုက ဧည့်ကြိုမန်နေဂျာဆိုတာမျိုးမှ ဟုတ်ဦးမယ်...
ဒါက လုံးဝကို အဓိပ္ပာယ်မရှိတာ မဟုတ်ဘူးလား...
အဖေလင်းက သူ့ကိုယ်သူ အဖေကျိနေရာတွင် ဝင်ကြည့်ကာ လက်သီးတစ်လုံး ဖြစ်တည်လာသည်ကို ခံစားရပေသည်။
ကျေးဇူးမသိတတ်တဲ့ သား...
အရူးကောင်...
ကန်းနေတဲ့ အရူး...
ဝက်တစ်ကောင်မွေးတာကမှ မင်းကို မွေးတာထက် ပိုကောင်းဦးမယ်...
"ယွီရှောင်... ဒီဆုံးဖြတ်ချက်က အရမ်း အလျင်စလိုဖြစ်တယ်မဟုတ်ဘူးလား..."
အဖေလင်းက သူ့ကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။
"ကျွန်တော်ကတော့ အဆင်ပြေတယ်ထင်တာပဲ..."
၎င်းက ကျိယွီရှောင်မှာ အများကြီး မတွေးသည်ကို သက်သေပြနေပေသည်။
"ချင်းချင်းကြိုက်တယ်ဆိုတော့ အဲ့လိုပဲ မဟုတ်ဘူးလား..."
အဖေလင်း - ...သူ့သားက ကျိယွီရှောင်ကို ဘာတွေများ ကျွေးထားလို့ သူ့ကို ဒီလောက် စွဲလမ်းနေရတာလဲ...
ဒါက နည်းလမ်းမကျဘူး...
သူက လင်းလော့ချင်းကို ထပ်မံကြည့်လိုက်သည်။
"အဲ့တော့ မင်းက CEOအသစ်ပေါ့..."
လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်ပြီး ပျော်ရွှင်စွာဆိုလိုက်သည်။
"အခုဆို တစ်လလောက်တောင် ရှိတော့မယ်..."
အဖေလင်း - ...
အဖေလင်းက ကျိယွီရှောင်မှာ သူ့ဖခင်နှင့် တစ်ဘဝလုံး အဆင်မပြေနိုင်တော့ဟု ခံစားရပေသည်။
သို့သော် သူတွေးကြည့်လိုက်သည်။
လင်းလော့ချင်းက ရှင်းရီ၏ CEOအသစ်ဆိုရင် လင်းလော့ချင်း ပြောသည့်အတိုင်းဖြစ်မှာ မလား... ဒီအတိုင်းဆို သူက ရှင်းရီ၏ အနုပညာရှင်တစ်ယောက်ကို သုံးနိုင်တယ်လို ဆိုလိုတာ မဟုတ်ဘူးလား... ဘာပဲဖြစ်ဖြစ် ဒီခေတ် ဒီအခါမှာ ကြယ်ပွင့်တွေက အတော်လေး နာမည်ကြီးကြတယ်...
အဖေလင်း၏ ခေါင်းမှာ ထပ်မံ လည်ပတ်လာသည်။ ထို့နောက် သူက ပြုံးကာ လင်းလော့ချင်းဆီသို့ မျက်နှာလှည့်လိုက်သည်။
"မင်းက အရင်တုန်းက တစ်ခါမှ CEO မလုပ်ဖူးသလို အတွေ့အကြုံလည်း မရှိခဲ့ဘူး... မင်း လုပ်နိုင်ရဲ့လား... အဖေမင်းကို ကူညီပေးရမလား... မဟုတ်ရင် ရှောင်ယွီရဲ့ ဆုံးဖြတ်ချက်က အလျင်စလိုဖြစ်တဲ့ပုံ ဖြစ်သွားမယ် မဟုတ်လား... ဒီအတိုင်းဆို သူ့အဖေက စိတ်ဆိုးချင်မှ ဆိုးတော့မှာပေါ့..."
"မလိုပါဘူး..."
လင်းလော့ချင်းက ငြင်းဆန်လိုက်သည်။
"အဲ့ဒါက ကုမ္ပဏီအသေးလေးပဲကို... ဘာမှ ကြီးကြီးမားမား မဖြစ်နိုင်ပါဘူး..."
ကုမ္ပဏီအသေးလေး...
"သေးတယ်..."ဆိုတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်မှာ နားလည်မှုနည်းနည်း လွဲနေသေးလား...
အဲ့ဒါက လုံးဝ မသေးဘူး... ဟုတ်ပြီလား...
သူက ပါးစပ်ဖွင့်ရန် ပြင်လိုက်စဉ်တွင် ကျိယွီရှောင် ပြောသည်ကို ကြားလိုက်ရသည်။
"တစ်ခုခုဖြစ်သွားရင်တောင် အဆင်ပြေပါတယ်... အဆိုးဆုံးအခြေအနေဆိုရင်တောင် ဒေဝါလီခံလိုက်ပြီး လွင့်ပစ်လိုက်ရုံပေါ့... အဲ့အချိန်ရောက်ရင် ငါမင်းကိုနောက်ထပ် ကုမ္ပဏီအသစ်တစ်ခုပေးမယ်... အဟောင်းတွေ ပစ်လို့မရရင် ဘယ်လိုလုပ်ပြီး အသစ်တွေ ရနိုင်မှာလဲ... ဘယ်သူသိမှာလဲ... မင်းက ကုမ္ပဏီအသစ်ကို ပိုပြီး ကြိုက်ရင် ကြိုက်လာမှာပါ..."
လင်းလော့ချင်းက သူ့ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။
"တကယ်လား..."
ကျိယွီရှောင်က ခေါင်းညိတ်ပြလိုက်သည်။
"ကောင်းကောင်းနားပါ... ဒီလောက် ပိုက်ဆံကတော့ မင်းယောက်ျားမှာ ရှိပါတယ်..."
"ယောက်ျားက အကောင်းဆုံးပဲ..."
လင်းလော့ချင်းက ချီးကျူးလိုက်၏။
ကျိယွီရှောင်က သူ့ကို ကြည့်လိုက်သည်။
"မင်းပျော်ရင် မင်းယောက်ျားရဲ့ ကုမ္ပဏီတွေအကုန် ဒေဝါလီခံရရင်တောင် တန်ပါတယ်..."
လင်းလော့ချင်းက တုံ့ဆိုင်းခြင်းမရှိ သူ့ကို နမ်းလိုက်သည်။
"မင်းလျှောက်မပြောရဘူးနော်... မင်းက ဒေဝါလီ ခံရမယ်ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."
ကျိလဲ့ယွီက သူ့မျက်လုံးများကို ပိတ်ရန် လက်မြှောက်လိုက်သော်လည်း လင်းဖေးက သူတို့ကို မျက်နှာသေဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူက သတိတရဖြင့် သူ့လက်တစ်ဖက်ဆန့်ကာ လင်းဖေးကိုလည်း မျက်လုံး ပိတ်ပေးလိုက်သည်။
လင်းဖေး - ...သူ့ရှုရှုနဲ့ ရှုရှုကျိက ဘာလို့ အရမ်းထူးဆန်းနေတာလဲ... အဲ့ဒါက မဟုတ်သေးဘူးမလား...
အဖေလင်း - ...
အဖေလင်းက ခေါင်းကိုက်လာသည်ဟုသာ ခံစားနေရသည်။
သူက ဒေဝါလီခံလို့မရဘူးဆိုတာ မသိသာဘူးလား... သူဒေဝါလီခံရင် မင်းက ဘာလုပ်မှာလဲ...
ထိုအခိုက်အတန့်တွင် သူက ကျိယွီရှောင်က အချစ်ကြောင့်ကန်းသွားပြီဟု မခံစားရတော့ပါပေ။
အဲဒါက အချစ်ကြောင့် ကန်းသွားတဲ့ လူတွေကို စော်ကားတာပဲ...
သူက ကျိယွီရှောင်မှာ ကြိုးကိုင်ခံရသည်ဟု ခံစားလာရပေသည်။
အဲ့လိုမှမဟုတ်ရင် သူက ဘယ်လိုလုပ်ပြီး တွေးခေါ်နိုင်စွမ်း မရှိပဲ စိတ်လွတ်နေမှာလဲ...
ဤအတိုင်းဆက်ဖြစ်နေပါက သူ့အဖေက ကျိအုပ်စုကို သူ့လက်ထဲသို့ ထည့်ရန်မှာ မည်သို့ဖြစ်နိုင်ပါတော့မည်နည်း။
သူက ကျိအုပ်စုနဲ့ ဘယ်လိုပူပေါင်းရတော့မှာလဲ...
"ယွီရှောင်..."
အဖေလင်းက ဖျောင်းဖျကာ ဆိုလိုက်သည်။
"မင်း လော့ချင်းကို ဘယ်လောက်ပဲ ချစ်ချစ် သူ့ကို ဒီလိုမျိုး အလိုလိုက်လို့မရဘူးလေ... မင်းက ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ပိုက်ဆံကို ဖြုန်းတီးပစ်လို့မရဘူးလေ... မင်းက ကုမ္ပဏီအတွက် တာဝန်ရှိတယ်လေ... မင်းက ဝန်ထမ်းတွေအတွက် တာဝန်ရှိတယ်..."
ကျိယွီရှောင်က ကြောင်သွားဟန် ရပေသည်။
"ကျွန်တော်က ချင်းချင်းအတွက်ပဲ တာဝန်ရှိချင်တာ..."
"ဒါပေမဲ့ မင်းသူ့ကို ဒီလို အလိုလိုက်ရင် သူ့ကို ထိခိုက်စေမှာပဲ ရှိမှာ... မင်းက အနှေးနဲ့အမြန် ဒုက္ခရောက်လိမ့်မယ်..."
"အဲ့လိုဖြစ်မှာ မဟုတ်ပါဘူး..."
ကျိယွီရှောင်က ယုံကြည်ချက်အပြည့်နှင့် ဖြစ်သည်။
"ကျွန်တော်က တစ်ကမ္ဘာလုံးကို ဖျက်ဆီးပစ်ရမယ်ဆိုရင်ေတာင် သူ့အတွက် မှန်ကန်အောင်လုပ်မှာ... ကျွန်တော်က တစ်ကမ္ဘာလုံးကို ရန်သူအနေနဲ့ ရင်ဆိုင်လိုစိတ်ရှိတယ်... သူမရှိတော့ရင် ကျွန်တော်လဲ ရှိတော့မှာမဟုတ်ဘူး..."
အဖေလင်း - ...
မျက်ရည်အပြည့်နှင့် လင်းလော့ချင်း - "ယောက်ျား~~"
ကျိယွီရှောင်က သူ့ခေါင်းကို စောင်းလိုက်သည်။
"မငိုပါနဲ့... မင်းမျက်ရည်တွေက ကိုယ့်နှလုံးသားကို နာကျင်စေတယ်..."
လင်းလော့ချင်း၏ မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းနေကာ ခေါင်းလှည့်ပြီး အဖေလင်းကိုကြည့်လိုက်သည်။
"အဖေ... ကျွန်တော်အရမ်း ရင်ထဲ ထိသွားပြီ... အဖေရော... ကျွန်တော်ကတော့ ရိုးရိုးလေးကို ရင်ထဲထိသွားတယ်..."
အဖေလင်း - ......
အဖေလင်းမှာ လုံးဝ မလှုပ်ရဲပေ။
ချန်ဖုန်းမှာ ပို၍ပင်ကြောက်နေမိသည်။ သူမက လက်ထဲမှ လိမ္မော်သီးကိုပင် မစားနိုင်တော့ဘဲ သူ့၏ အစာအိမ် အက်စက်များက ပို၍ပင် သောင်းကျန်းလာသည်ဟု ခံစားရပေသည်။
အကြည့်လွှဲရန် လုံးဝ ရည်ရွယ်ချက်မရှိကာ သူ့ဘဝ မှီတည်နေသကဲ့သို့ခေါင်းငြိမ့်ကာ စိုက်ကြည့်နေသည်က ကျိယွီရှောင်တစ်ဦးတည်းသာ ဖြစ်သည်။
ရင်ထဲထိတယ်... သူက အရမ်းကို ရင်ထဲထိတယ်... သူ့ဦးလေးက သူ့အန်တီကို တကယ်ပဲ ဒီလောက်တောင်ချစ်တာ... သူက တကယ်ကို ရင်ထဲထိသွားတာပဲ...
လင်းဖေး - ...
လင်းဖေးက ခေါင်းငုံ့လိုက်သည်။ သူက ဆက်ပြီးမကြည့် နိုင်ပါတော့ချေ။
အဖေလင်းက လင်းလော့ချင်း၊ ကျိယွီရှောင်တို့နှင့် အချိန်အကြာကြီး ခက်ခက်ခဲခဲ စကားဆက်ပြောနေလိုက်သည်။ အတန်ကြာသည်ဟု ထင်ရပြီးနောက်ဆုံးတွင် ညစာစားချိန် ရောက်လာပေသည်။ လင်းလော့ကျင်းသည်လည်း နောက်ဆုံးတွင် လှေကားမှ ဆင်းလာကာ သူတို့နှင့် စားရန်ပြင်ဆင်လိုက်သည်။
သူက သူ့ထိုင်ခုံတွင် ထိုက်ကာ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လင်းလော့ချင်းကို ကြည့်လိုက်သည်။ သူက ကြည့်လေလေ ပို၍ စိတ်တိုလာလေလေဖြစ်သောကြောင့် ထရပ်ကာ သန့်စင်ခန်းသုံးရန် ပြင်ဆင်လိုက်သည်။
အဖေလင်းမှာ သူ့လှုပ်ရှားမှုများကို အာရုံခံမိကာ ကျိယွီရှောင်ကို ထပ်မံရန်စမည်ကို စိုးရိမ်သွားလေသည်။ သူက မျက်နှာထားတင်းတင်းဖြင့် ဆိုလိုက်သည်။
"မင်းဘာလုပ်နေတာလဲ..."
လင်းလော့ကျင်း - ...
သူက သန့်စင်ခန်း သုံးချင်ရုံသာဖြစ်သည်။
သူက အဲ့ဒါလည်း တင်ပြနေရဦးမှာလား...
လင်းလော့ချင်းက တကယ်ပဲ အဲ့လောက်တောင် အရေးကြီးလား...
လင်းလော့ကျင်းက အံတင်းတင်းကြိတ်လိုက်သည်။
"ဟိုရေချိုးခန်း..."
ကျိလဲ့ယွီက သူပြောသည်ကိုကြားရာ ရုတ်တရက် တစ်ခုခုကို တွေးမိသွားပြီး လင်းဖေးနားနားသို့ ကပ်ကာ တီးတိုးဆိုလိုက်သည်။
"သားသူ့ကို ချော်လဲအောင်လုပ်လို့ရလား... အဲ့ဒါက အဆင်ပြေတယ်မလား..."
လင်းဖေးက သူ့ကိုကြည့်လိုက်သော်လည်း ကျိလဲ့ယွီမှာ ထိုင်ခုံပေါ်မှ ခုန်ချသွားပြီဖြစ်သည်။
"ပါးပါး... သားလက်သွားဆေးလိုက်ဦးမယ်..."
လင်းဖေးက အလျင်အမြန်လိုက်လာရာ ကျိလဲ့ယွီက ကူကယ်ရာမဲ့သည်ဟု ခံစားရပေသည်။
"ကျွန်တော် သူနဲ့ လိုက်သွားလိုက်မယ်... အဲ့ဒါက ဘာမှ လုပ်မှာ မဟုတ်ပါဘူး..."
သူက ဘာလို့ သူနဲ့လိုက်ဖို့ လိုသေးတာလဲ...
လင်းဖေးက မတုံ့ပြန်သော်လည်း ကျိလဲ့ယွီကိုလည်း မတားပါပေ။ ၄င်းမှာ တိတ်တဆိတ် သဘောတူခြင်းဟု ယူဆနိုင်ပေသည်။
ကျိလဲ့ယွီက သက်ပြင်းချကာ လင်းလော့ကျင်းက ဤတစ်ကြိမ်တွင် ကံကောင်းသည်ဟု တွေးလိုက်မိသည်။
ထားလိုက်တော့... ကျိလဲ့ယွီကို ဘယ်သူက ကိုကိုစကားနားထောင်တဲ့ လိမ္မာတုံးညီလေးဖြစ်ခိုင်းလို့လဲ...
ကျိလဲ့ယွီက လင်းဖေးကို အသာအယာတိုးဝှေ့လိုက်ပြီး ရေချိုးခန်းထဲသို့ အလျင်အမြန် ဝင်သွားလိုက်သည်။
လင်းဖေးက ကူကယ်ရာမဲ့စွာဖြင့် သူ့နောက်လိုက်သွားလေသည်။
ကျိယွီရှောင်က အဝေးမှကြည့်ကာ မရယ်ပဲ မနေနိုင်တော့ချေ။ သူတို့က လက်ဆေးသည်ကိုပင် အတူရှိနေရန်လိုသော ကလေးများဟုသာခံစားရသည်။
လင်းလော့ချင်းသည်လည်း ၄င်းကို အလေးအနက် မတွေးပါပေ။ ကျိလဲ့ယွီက အိမ်တွင်လည်း အစားမစားခင်တွင် လက်ဆေးလေ့ရှိသည်။ ထို့အပြင် ယခု လင်းဖေးကလည်း သူနှင့်လိုက်သွားလေသည်။
ကျိလဲ့ယွီက လင်းဖေးရှေ့မှာတော့ မကောင်းတာ တစ်ခုမှမလုပ်လောက်ဘူးမလား...
သေချာပေါက် မဟုတ်ဘူးပေါ့...
သူက ကျိလဲ့ယွီထောင့်နားသို့ပြေးကာ ပျောက်သွားသည်ကို ကြည့်လိုက်ပြီးနောက် ထိုင်ခုံကိုမှီကာ အတူစားရန် ကလေးနှစ်ယောက်ကို စောင့်နေလိုက်သည်။
ကျိလဲ့ယွီက ဤနေရာတွင် ရေချိုးခန်းသုံးပြီးပြီးဖြစ်ကာ ထိုရေချိုးခန်းမှာ အခြောက်အပိုင်းနှင့် အစိုအပိုင်းဟု ခွဲခြားထားသည်ကို သိထားပြီးဖြစ်သည်။
သူက ရေဖွင့်ကာ လက်ဆေးလိုက်သည်။ လင်းဖေးက သူ့ကိုကြည့်ကာ သူလည်း လက်ဆေးရန် ဆုံးဖြတ်လိုက်သည်။
သူတို့က လက်ဆေးနေစဉ်တွင် လင်းလော့ကျင်းက ဖြတ်သွားကာ သန့်စင်ခန်းထဲသို့ လျှောက်သွားလေသည်။
ကျိလဲ့ယွီက သူတံခါးနားသို့ ရောက်လာသည်ကိုကြည့်လိုက်သည်။ ထို့နောက် သူက လျှောက်သွားကာ အိတ်ကပ်ထဲမှ ပုလင်းတစ်ခုကို ထုတ်လိုက်သည်။ ထို့နောက်သူက ကြမ်းပြင်ပေါ်တွင် ဆီကိုလောင်းချလိုက်သည်။
လင်းဖေးက ကျိလဲ့ယွီသည် ၄င်းတို့ကို ထိတ်လန့်ခြင်းလည်မရှိ အမူအရာပြောင်းခြင်းလဲမရှိပဲ လုပ်နေသည်ကို ကြည့်လိုက်သည်။ သူက ဤကျိလဲ့ယွီမှာ လူသိသွားမည်ကို လုံးဝမကြောက်ဟု ခံစားရပေသည်။
ကျိလဲ့ယွီက ပြီးသွားပြီးနောက် သူ့လက်ကို ထပ်မံဆေးလိုက်သည်။ ထို့နောက် သူက မှန်ရှေ့တွင် ရပ်ကာ လင်းလော့ကျင်းထွက်လာကာ သူ့ထောင်ခြောက်ထဲတွင် လဲကျသွားမည်ကို ရယ်စရာမျက်နှာလုပ်ကာ စောင့်နေလိုက်၏။
သူက အကြာကြီး စောင့်စရာမလိုပါပေ။ လင်းလော့ချင်းက မကြာမီပင် တံခါးဖွင့်ကာ သူလျှောက်ထွက်လာသည့်အခိုက်အတန့်တွင် ချော်နေသော ကြမ်းပြင်ကြောင့် သတိလက်လွတ်ဖြစ်ကာ ကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ကျသွားပြီး အော်လိုက်လေသည်။
ဤသို့ဖြင့် သူက ထိတ်လန့်နေရာ ကျိလဲ့ယွီက လှည့်ကြည့်ကာ တွန့်ဆုတ်သောအသံဖြင့် မေးလိုက်သည်။
"ဦးလေး... အဆင်ပြေရဲ့လား..."
လင်းလော့ကျင်းက သူ့ကိုစိုက်ကြည့်ကာ ဒေါသတကြီး ဆိုလိုက်သည်။
"မင်း
အလုပ်မဟုတ်ဘူး..."
ကျိလဲ့ယွီမှာ အားနည်းကာ နူးညံ့ပြီး အနိုင်ကျင့်ရလွယ်ပုံပေါက်ပေသည်။ သူက လင်းလော့ကျင်း၏ အဆူခံရကြီးနောက် ကြောက်လန့်သွားပုံရပြီး ချက်ချင်းပင် အနီးရှိ လင်းဖေးကို ဖက်ထားလိုက်သည်။
လင်းလော့ကျင်းက ဒေါသတကြီး ထရပ်ကာ လက်ဆေးလိုက်၏။ သူ ဤရက်ပိုင်းတွင် အမှန်ပင် ကံမကောင်းဟု ခံစားနေရသည်။