အပိုင်း ၁၀
Viewers 11k



Chapter 10



ထန်ခေါ့က သူဆိုလိုချင်သည်ကိုနားလည်သလို သူ့ကိုလှမ်းကြည့်လာသည်။

အကယ်၍ ခွဲစိတ်မှုအောင်မြင်ပါက သိပ္ပံနယ်ပယ်တွင် ဂျာနယ်တစ်စောင်လောက်ထုတ်ဝေပြီးသည်နှင့် ထိုအရာက သိပ္ပံဆိုင်ရာ သုတေသနနယ်ပယ်တစ်ခုလုံးတွင် အတော်လေးပျံ့နှံ့သွားမှာ သေချာသော်လည်း မအောင်မြင်ခဲ့လျှင် မည်သူကမျှ ဂရုမစိုက်သော စာရွက်ပုံများကြားဘယ်သူမှမသိဘဲ တိမ်မြုပ်သွားရမည်ဖြစ်သည်။

ကျန်းရွှိသည် မကြာသေးခင်ကမှ စာရွက်စာတမ်းများစွာကို ရှာဖွေထားသည်။

ထန်ခေါ့၏ စပ်စုလိုစိတ်ပြည့်နေသော မျက်လုံးများကိုကြည့်ရင်း ကျန်းရွှိက ပြတ်ပြတ်သားသားပြောပြလိုက်၏။

" ဖြစ်စဉ်သုံးခုရှိခဲ့တယ်။ တစ်ခုက လူကြီးသေတယ်။ နောက်တစ်ခုက ကလေးသေတယ်။ နောက်တစ်ခုကတော့ ဘယ်သူမှအသက်မရှင်ဘူး "

ခွဲစိတ်မှုဗီဒီယိုကို အင်တာနက်တွင် ရှာလို့မရနိုင်ပါပေ။ ထိုအကြောင်းနှင့် ဆက်စပ်သော စာတမ်းများမှာလည်း အလွန်ရှားပါးသည်။
တွေ့ရှိနိုင်သည့် အနည်းငယ်သော အကြောင်းအရာများမှာလည်း သေချာရှင်းပြမထားသော သွေးသွန်ခြင်း၊ ကိုယ်တွင်းအင်္ဂါချို့ယွင်းခြင်း၊ သွေးလန့်ခြင်းအကြောင်းများနှင့်....သေဆုံးမှုအချို့ကို အကျဉ်းချုပ်သာဖော်ပြထားခြင်းဖြစ်သည်။

ထန်ခေါ့က ထိုအချက်များကို ယခင်ကမတွေးမိသည့်တိုင် ကျန်းရွှိစကားအားကြားလိုက်ရသည့်အချိန်၌ သူထင်သည်ထက် ပိုအန္တရာယ်ရှိနိုင်သည်ကို သိလိုက်ရသည်။ စက္ကန့်အတော်ကြာ စဉ်းစားပြီးနောက် သူကပြောလာ၏။

"အဆိုးထဲကအကောင်းလို့တော့ ပြောရမှာပေါ့။ M နိုင်ငံမှာတော့ အောင်မြင်ခဲ့တဲ့ဖြစ်စဉ်တစ်ခုရှိခဲ့တယ်"

ကျန်းရွှိသည် ခဏမျှတိတ်ဆိတ်သွားရပြီး သူ့မျက်လုံးများက အထပ်လိုက်ရှိနေသော ဆေးစစ်ချက်ရလဒ်များအပေါ်တွင် ကျရောက်နေသည်။

"ကလေးရဲ့အခြေအနေက ငါထင်ထားတာထက်ကို ပိုကောင်းနေတယ်။"

ထိုစကားသံမှာ မကြားရလောက်အောင်ကို တိုးညှင်းလွန်းလှသည်။

သူနှင့် ရှန်ဖန်းယွိတို့သည် ထိုရယ်စရာကောင်းသောညမှာ အရက်အတုတွေအများကြီး သောက်ခဲ့ကြသည်။လွန်ခဲ့သည့်လအနည်းငယ်လောက်က သူသည် ကော်ဖီတွေအများကြီးသောက်ခဲ့ကာ ညပေါင်းများစွာကိုလည်းမအိပ်ဘဲနေခဲ့ပြီး ဆေးရုံအပန်းဖြေဆောင်ရှိ gymတွင် ရှန်ဖန်းယွိနှင့် လက်ဝှေ့ထိုးတိုက်ခိုက်ခဲ့ကြသေးသည်။

ကလေးအခြေအနေက ယခုလိုကောင်းနေလိမ့်မည်ဟုမထင်ခဲ့ပေ။

"သန္ဓသေားရဲ့ နှလုံးခုန်နှုန်းကို မင်းကိုယ်တိုင်လည်းကြားဖူးပြီးတော့ စစ်ဆေးရေးအညွှန်းတွေကိုလည်း မင်းမြင်ဖူးပါတယ်"

ထန်ခေါ့ကပြောလာသည်။

"မင်းရဲ့ကလေးက မင်းလိုပဲ သန်မာတယ်"

မမျှော်လင့်ဘဲဖြစ်လာသည့်ကလေးကအသက်ပြင်းနေသည်။

"ဒါက ကောင်းလား ဆိုးလားဆိုတာ ငါမသိတော့ဘူး" ကျန်းရွှိကမှတ်ချက်ပေးသည်။

အပြာဖျော့ဖျော့ ပြတင်းပေါက်လိုက်ကာစသည် လေတိုက်ခတ်နေသောကြောင့် ညင်သာစွာလှုပ်ရမ်းနေသည်။ထန်ခေါ့က ကျန်းရွှိကိုကြည့်လိုက်သည်။ နှစ်ကြာလာသည်နှင့်အမျှသူ၏အေးဆေးတည်ငြိမ်သောစိတ်ထားမှလွဲ၍ထိုလူထံ၌သူသိခဲ့သောအရာများ မရှိတော့ပေ။ကျန်းရွှိ ၏အသွင်အပြင်သည် ကောလိပ်တက်ခဲ့စဉ်က အချိန်နှင့် မတူတော့ဘဲ အတော်လေးကိုပြောင်းလဲသွားပြီဖြစ်သည်။

ကျောင်းတက်နေစဉ်က သူသည်အတော်အတန်ကြည့်ကောင်းပြီး သူနှင့်လိုက်ဖက်မည့်သူမရှိပါချေ။သူပထမဆုံးအလုပ်စလုပ်သောအခါတွင် လူများက သူကဲ့သို့ ယောက်ျားလေး၌ ကောင်မလေးရှိရမည်ဟု တိတ်တဆိတ်ခန့်မှန်းခဲ့ကြ သော်ငြား နှစ်ပေါင်းများစွာကြာအောင် ကျန်းရွှိ၏ သူငယ်ချင်းကောင်းဖြစ်ခဲ့သော ထန်ခေါ့ကသိသည်။ ကျန်းရွှိကမိန်းကလေး၏လက်ကိုပင် တစ်ခါမှ မကိုင်ဖူးပါပေ။

ထန်ခေါ့တွေးမိသည်က ပညာရှင်ကြီး ကျန်းရွှိ သည် ချစ်မိသွားခြင်းကဲ့သို့သော သာမန်လူများစိတ်ဝင်စားသည့်အရာကို စွန့်လွှတ်ထားတာကြာပြီဟူ၍ပင်။ယခုတွင်တော့ မယုံကြည်နိုင်စရာကောင်းလောက်အောင် ထိုအရာမျိုး ဖြစ်လာခဲ့ပြီ။ သူက သက်ပြင်းချလိုက်ပြီး" မင်းက ယောက်ျားလေးတွေကိုပဲကြိုက်တယ်ဆိုတာ ငါဘာလို့မသိရတာလဲ"

သူ လေထုကို ပိုသက်တောင့်သက်သာဖြစ်စေရန်အတွက် သူ၏အသံကို နောက်ပြောင်သော လေသံအဖြစ် ပြောင်းလိုက်ပြီး "မိန်းကလေးတွေ အများကြီး မင်းနောက်ကို လိုက်ခဲ့တာတောင် မင်းကပြန်စိတ်မဝင်စားတာက အံ့သြစရာတော့မရှိပါဘူး။ မင်းရဲ့ ကျန်ရှိနေတဲ့ဘဝတစ်လျှောက်လုံးကို ဆေးပညာမှာပဲ မြှုပ်နှံသွားတော့မယ်လို့ထင်လိုက်မိတာ"

ကျန်းရွှိက သူ့ပါးစပ်ထောင့်ကို လှုပ်လိုက်ပြီး ပြောလာ၏။"ငါယောက်ျားတွေကို မကြိုက်ဘူး"

ထန်ခေါ့က အံ့သြသွားသည်။ "ဒါဆို မင်းယောက်ျားလေးနဲ့အိပ်ခဲ့ပြီး ဘာလို့ 0ဖြစ်လာခဲ့တာလဲ"

ကျန်းရွှိ: "... "

သုတ်ပိုးသည် ပွင့်လာသောသားအိမ်နှင့် အူမကြီးကြားရှိ ပြွန်မှခန္ဓာကိုယ်တွင်း ဝင်ရောက်လာခြင်းဖြစ်သောကြောင့် ကျန်းရွှိက ငြင်းချင်လျှင်ပင် ငြင်းစရာနည်းလမ်းမရှိပါပေ။

ထန်ခေါ့သည် ကျန်းရွှိ၏ ပြောပြရန် တွန့်ဆုတ်နေသောပုံစံကြောင့် တစ်စုံတစ်ခုကို နားလည်သွားပုံရကာ ကျန်းရွှိသည် ယခုဖြစ်စဉ်တစ်ခုလုံးတွင် သူ့ဘာသာသူ စစ်ဆေးခဲ့ရပြီး ကလေးမလိုချင်ကြောင်း ပြောဆိုခဲ့မှုတွေကို ပေါင်းစပ်ကာ တွေးကြည့်ရင်း သူ အတော်လေး ခွေးသွေးဆန်သည့်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ချက်ချင်းဖန်တီးလိုက်၏။

"ငါမင်းကို ချစ်ပေမယ့် မင်းကငါ့ကို မချစ်ဘူး"
ထို့နောက် သူက သတိထားပြီးပြောလာပါ၏။

"ကလေးအဖေက ဆန်ကုန်မြေလေးအမှိုက်ကောင်လား"

ကျန်းရွှိ၏ အကြည့်သည်ပါးလွှာသော မျက်စိမှန်ဘီလူးကို ဖြတ်၍ ထန်ခေါ့၏ မျက်နှာပေါ်သို့ ကျရောက်သွား၏။

" မင်းရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံစေဖို့အတွက် မမေးဖို့ ငါအကြံပေးတယ် "

ထန်ခေါ့က ကျန်းရွှိအကြောင်းကို ကောင်းကောင်းသိသည်။ သူက အပြောကြမ်းသည့်တိုင်စိတ်ထားကောင်းသည်။အထူးသဖြင့် သူ၏သူငယ်ချင်းများအပေါ်။သူ ကျန်းရွှိကို ကြောက်ရမည့်အစား ပိုသိချင်လာ၏။
"ဒီကလေးကို လိုချင်လားလို့ သူ့ကို မမေးကြည့်ဘူးလား?"

ကျန်းရွှိက သူ့ဆံပင်တွေကို ဒေါသတကြီးနဲ့ ဆွဲဖွရင်း"သူမသိဘူး" "

"ဒါဆို မင်းသူ့ကိုပြောပြသင့်တယ်"

ထန်ခေါ့ က "မင်းရဲ့အခြေအနေက သာမန်ကိုယ်ဝန်ဆောင်သည်တွေနဲ့မတူဘူး။ အန္တရာယ်ဖြစ်နိုင်ခြေများလွန်းတယ်။ တစ်ခုခုဆိုရင် မင်းတို့နှစ်ယောက် တိုင်ပင်ပြီး အကြံတစ်ခုရမှ မင်း မြန်မြန်လေးအစီအစဉ်ဆွဲနိုင်မှာ"

ကျန်းရွှိက သူ့အောက်နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြောလာ၏။

"ငါပြောမထွက်ဘူး"

"ရပါတယ်" ထန်ခေါ့က ကျန်းရွှိ၏ပါတနာကယာက်ျားတစ်ယောက်ကိုယ်ဝန်ဆောင်ခြင်းကိုလက်မခံနိုင်မည်ကို စိုးရိမ်နေပြီး "မင်းကိုယ်တိုင်က ဆရာဝန်တစ်ယောက်ပဲ မင်းသူ့ကို သေချာလေးရှင်းပြလိုက်ပါ။ နောက်ဆုံးမှာတော့ ဒါကဖြစ်ခဲတယ်။ ကမ္ဘာပေါ်မှာ ထူးဆန်းတာတွေအမျိုးမျိုးရှိနေတာပဲ ။ တကယ်လို့ သူလက်မခံနိုင်ရင် ငါ့ဆီကိုလွှတ်လိုက် ငါရှင်းပြလိုက်မယ်"

နောက်ဆုံးမှာ သူသည် တစ်စုံတစ်ခုကို သတိရသွားပြီး ညစ်ပတ်တဲ့ဟာသတစ်ခုပြောလာပါ၏။

"ကလေးရဲ့အဖေက အတော်လေးကျန်းမာရေးကောင်းပုံရတယ်နော်။ သာမန်အမျိုးသားတွေရဲ့ သုတ်ပိုးတွေက ဒီလောက်ရှည်လျားတဲ့ ပြွန်လေးထဲမှာ အကြာကြီးမရှင်သန်နိုင်ဘူး။ကြာချိန်ကိုတော့မပြောတော့ဘူး"

သူက အတင်းအဖျင်းပြောလာ၏။
"မင်း နောက်တစ်ခါလာရင် သူ့ကိုခေါ်ခဲ့ပါလား။ငါတို့ပြည်နယ်မှာရှိတဲ့ဌာနကိုအကျိုးပြုဖို့သုတ်ပိုးတွေ လှူခိုင်းပါ့လား။ ထောက်ပံ့ကြေး ယွမ်ထောင်ဂဏန်းလောက်တော့ ရတာပေါ့"

ကျန်းရွှိသည် ခဏမျှ တိတ်ဆိတ်သွားပြီး ထန်ခေါ့ကို အဓိပ္ပါယ်အပြည့်ဖြင့် ကြည့်လိုက်သည်။

ဆေးကျောင်းရှိ ကျောင်းသားများသည် ဆရာများက သင်ပြသော များပြားလာသော andrological ပြဿနာများနှင့် လိင်ပိုင်းဆိုင်ရာ ကမောက်ကမဖြစ်တတ်သောအမျိုးသား အရေအတွက်သည် ယခုတွင်၁၀ရာခိုင်နှုန်းမြင့်တက်လာပြီဖြစ်ကြောင်း ခေါင်းစဉ်များအပေါ်မှာလည်း ရှက်ရွံ့ခြင်းမရှိပါချေ။
ထန်ခေါ့သည် ရှန်ဖန်းယွိကို ထို၁၀ရာခိုင်နှုန်းထဲမှာပါသည့် သူတွေထဲမှတစ်ယောက်ဟု အမြဲပြောသည်။ အကြောင်းကား ရှန့်ဖန်းယွိသည် သူကြိုက်နေသော မိန်းကလေးရှေ့မှာ ဘတ်စကတ်ဘော ကစားပြခဲ့ပြီး မိန်းကလေးတော်တော်များများဆီက အကြည့်တွေကိုလည်းရရှိသွားသောကြောင့် ဖြစ်သည်။

အခုလေးတင် သူချီးကျူးနေခဲ့တဲ့သူက ရှန့်ဖန်းယွိမှန်း သိသွားပါက ထန်ခေါ့ ဘယ်လိုခံစားရမလဲ သူအံ့သြမိသည်။
"မင်းရဲ့အမူအရာကဘာလဲ"ထန်ခေါ့ ကမေးလာသည်။

ကျန်းရွှိက ချောင်းဆိုးလိုက်ပြီးနောက် ထန်ခေါ့ အား ပြောလာပါ၏။ "မင်းသူ့ကို သိပါတယ်"

"ဘယ်သူလဲ?ဘယ်သူလဲ?" ထန်ခေါ့ကပြောလာ၏။

"သူက ငါတို့တက္ကသိုလ်ကအတန်းဖော်လို့တော့ ငါမထင်ဘူး "

သူ့စိတ်ထဲ၌ သူငယ်ချင်းကောင်းဟုတွေးမှတ်ထားသည့်အတန်းဖော်များကို ချက်ချင်းတွေးလိုက်မိ၏။

ကျန်းရွှိသည် ထန်ခေါ့၏မျှော်လင့်ချက်အပြည့်နှင့် မျက်လုံးများကို ကြည့်ကာ ရှော့ခ်ရပြီးနှလုံးခုန်ရပ်သွားမည်ကို အလွန်စိုးရိမ်နေမိသည်။
သို့သော်လည်း သူ၏ လိင်မှုဘဝသည် စာရွက်အလွတ်တစ်ရွက်ကဲ့သို့ သန့်ရှင်းနေပြီး အခြားသံသယရှိသူကို ယခုအချိန်တွင် ရှာမတွေ့နိုင်။
ကျန်းရွှိသည် သူ့လိင်မှုကိစ္စက ရုတ်တရက်ကြီးဖြစ်ခဲ့ရပြီး သူသည်ထိုကိစ္စကိုစူးစမ်းခြင်း၊ပျော်ပါးခြင်းဘာညာ မလုပ်ခဲ့ပါချေ။ သူနှင့်ပျော်ပါးဖြစ်မည့်သူ၏ပုံစံကိုလည်း တစ်ခါမှမတွေးဖူးခဲ့ပါချေ။

သူသည် စာလေ့လာခြင်းနှင့် အလုပ်များသဖြင့် မအားမလပ်ဖြစ်နေရပြီး ရှန်ဖန်းယွိနှင့်လည်း ယှဉ်ပြိုင်ရသောကြောင့် ကျန်းရွှိသည် တက္ကသိုလ်နှစ်စကတည်းကအားလပ်ချိန်မရှိ။နေ့တိုင်းသည်လည်း သူ၏စီနီယာနှစ်များထက် ပိုပင်ပန်း၏။ထို့ကြောင့် သူ့တွင် လက်တွဲဖော်ရှာရန် အချိန်မရှိသလို မည်သူနဲ့မှ မအိပ်ဖူးပေ။

သူ၏ပထမအကြိမ်က ရှန့်ဖန်းယွိနှင့်ဖြစ်မည်ဟု သူကြိုသိခဲ့ပါက၊ သူသည် အောက်မှာနေရမည်ကိုကြိုသိခဲ့ပါက သူနှစ်သက်သည့်မိန်းကလေးကိုရှာကာ လက်ထပ်ပြီး မိသားစုဘဝကိုစတင်ခဲ့မှာဖြစ်သည်။ ဤဒုက္ခကြီးနဲ့ဝေးရာမှာနေပြီး သူ့ဘဝတလျှောက်လုံးလည်း ထိုသူ့ကိုမတွေ့ချင်ပါပေ။

"ငါ့ကို မြန်မြန်ပြော!" ထန်ခေါ့ကပြောလာ၏။
"ငါ့ကို ဆန့်ငင်ဆန့်ငင်ဖြစ်အောင်မလုပ်နဲ့"

"မင်းတကယ်သိချင်တာလား?" ကျန်းရွှိက နောက်ဆုံးတစ်ကြိမ် အတည်ပြုလိုက်၏။

သူသည် ခေါင်းတဆတ်ဆတ်ငြိမ့်ပြနေသော ထန်ခေါ့ ကို မျက်နှာမူကာ နောက်ဆုံးမှာတော့ သူက အကြင်နာမဲ့စွာပြောလိုက်၏။

"ရှန့်ဖန်းယွိ"

ပြင်းထန်သောအသံနှင့်အတူ ကျက်သရေရှိဒေါက်တာထန် သည် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

..
.
စာရေးသူမှာပြောစရာတစ်ခုရှိတယ်-

ကလေးလေး- ဖေဖေကအရက်သောက်၊ကော်ဖီသောက်၊ ညတွေမအိပ်ဘဲနေ ၊တိုက်ခိုက်တာတွေ လုပ်ခဲ့ပေမယ့် သားကတော့ ကျန်းမာတဲ့ကလေးလေးတစ်ယောက်ပါ~ (ရှင်သန်လိုစိတ်ပြင်းပြတဲ့အသံဖြင့်)