Chapter 91
( ပြုတ်ကျတော့မလို့)
ဤဂူသည် ကြီးရုံမျှသာကြီးသည်ပင်။ စုမုန့်ဒီဂူဆီသို့ မရောက်မီ ဝေ့အိမ်တော်မှလူများသည် ဂူထောင့်များပါ
မကျန် ရှာဖွေခဲ့ပြီးပြီဖြစ်သော်လည်း မည်သည့်အစီအရင်ကိုမျှ မတွေ့ခဲ့ချေ။ ဤသည်မှာ ၀တ္ထုထဲတွင် ဖော်ပြထားသည့် ဇာတ်ကြောင်းနှင့်မတူပေ။
သူမက ဘယ်လိုဖြစ်ပြီး ဒီလိုမျိုး လျှို့ဝှက်ချက်ကြီးကို ရှာတွေ့သွားရတာလဲ...
အမဲရောင်ဝတ်စုံနှင့် နှစ်ယောက်သည် နှလုံးသားထဲတွင် သရော်နေကြသော်လည်း အပြင်ပိုင်းတွင်တော့ ထိုသို့သောမျက်နှာအမူအရာမျိုး မရှိပေ။ မည်သို့ပင်ဖြစ်စေ ဝေ့ထင်ရှိနေသည့်နေရာတွင် သူတို့လက်လွတ်စပါယ်မနေရဲေပ။
စုမုန့် အလွန်အမင်း အာရုံစိုက်နေသည်။ သူမထင်ခဲ့သည်က ဝေ့ထင်၏ အခြေအနေနှင့်ဆို သူတို့တွေသူမကို လှောင်ပြောင်ရဲမည်မဟုတ် ဟူ၍ပင်။
သူမမေ့သွားသည်က ဝေ့ထင်၏ နှလုံးသားထဲတွင် သူမသည် မသတီစရာဖြစ်တည်မှုဖြစ်ခဲ့ပြီး သူမနှင့် ခပ်ခွာခွာနေရဖို့ မစောင့်နိုင်သူဖြစ်ခဲ့ကြောင်းကိုပင်။
သူမ အလုပ်ပြီးဖို့နီးလေလေ အိမ်ပြန်ရဖို့နီးလာလေဖြစ်သည်။ ဒီလိုနည်းနဲ့ သူမဝေ့ထင်နှင့် အရမ်းအဆင်မပြေမဖြစ်နိုင်လောက်ပေ။
စုမုန့်နံရံတွင် ရှာနေသည်မှာ အချိန်အတော်အတန်ကြာလာသည်နှင့် သူမတစ်စုံတစ်ခုအား ရှာတွေ့သွားလေသည်။ သူမလှုပ်ရှားနေသည့်တစ်ခုခုအား ထိမိခဲ့သည်။ ထိုအရာသည် ပတ်ပတ်လည်မှ ကျောက်တုံးများနှင့် မတူသော်လည်း သေချာသည်ကတော့ သတ္တုတစ်ခုဖြစ်ပြီး အလွန်သေးငယ်သည့် အစက်ကလေးတစ်စက်သာ ဖြစ်သည်။
သူမ အားထည့်၍ ဖိလိုက်သောအခါ သူမ၏ ေခြထောက်မှာ ရုတ်တရက်လွတ်သွားပြီး ပြုတ်ကျသွားတော့သည်။
ဘေးတွင်ရှိနေသော ဝေ့ထင်သည် စုမုန့်၏ လှုပ်ရှားမှုများကို အာရုံစိုက်နေခဲ့သူဖြစ်၍ စုမုန့်ပြုတ်ကျသွားသည်ကို မြင်သောအခါ အလျင်အမြန်ပဲ လှမ်းဆွဲလိုက်သည်။ စုမုန့်သံသယဝင်သွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ဝေ့ထင်လှုပ်ရှားလိုက်ပုံမျိုးနှင့်ဆို သူ၏ ဒဏ်ရာပြန်ပွင့်သွားနိုင်လေသည်။
ဝေ့ထင် သူ၏ရင်ဘတ်မှ သွေးများထွက်လာသည်ကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ သူ၏ လက်မောင်းသည် အားမရှိတော့သော်လည်း စုမုန့်ကို တင်းကြပ်စွာဆုပ်ကိုင်ထားသေးသည်။
ဘေးတွင်ရှိနေသော အမဲရောင်ဝတ်စုံနှင့် လူများသည် ထိုအချင်းအရာကိုမြင်လျှင် အံ့အားသင့်သွားလေတော့သည်။ ကံကောင်းသည်က သူတို့သည်လျင်မြန်စွာ တုံ့ပြန်ပြီး ခဏမျှသာ တုံ့ဆိုင်းနေခဲ့သည်။ ဝေ့ထင်တို့အနားသို့ ချက်ချင်းပြေးသွားကာ စုမုန့်အားကူညီ၍ အပေါ်သို့တင်ပေးလိုက်သည်။
"ကျွန်မမှန်းထားသလိုပဲ ဘယ်လိုလုပ် လူတစ်ယောက်က အသက်ရှင်လျက်ကြီး ပျောက်သွားလဲ စဉ်းစားနေခဲ့တာ ဒီနေရာမှာ ထောင်ချောက်ဖြစ်ဖြစ် မြေအောက်ခန်းဖြစ်ဖြစ် တစ်ခုခုကိုရှိရမယ် တစ်ခုခုတော့ မှားနေပြီ..."
စုမုန့်က ပြုတ်ကျသွားပြီး ဆွဲတင်ခံနေရတုန်း ပထမဆုံးကြည့်မိတာက သူမရဲ့ ပိန်သွယ်နေတဲ့ လက်မောင်းကိုမဟုတ်ဘဲ အောက်တွင်ရှိသော ေမြပြင်အလွတ်ကိုဖြစ်သည်။
သို့ပေမဲ့ ဝေ့ထင်က သူမကို ဆွဲတင်ပေးခဲ့ပြီး ညင်ညင်သာသာနဲ့ သူမလက်မောင်းကိုဆွဲပြီး သဲတွေပေနေတာကို ကူဖယ်ပေးခဲ့သည်။
.....
"ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်လေ ဒီနေရာက မသန့်ရှင်းဘူး ပွန်းပဲ့သွားရင် ပိုးဝင်လိမ့်မယ် "
ဝေ့ထင်၏ အသံသည် အေးစက်နေသော်လည်း အပြုအမူများကတော့ မအပ်စပ်စွာ ညင်သာနေခဲ့သည်။
"ပွန်းမိရုံပါ ဘာမှမဖြစ်ဘူး ပြီးတော့ နာလဲမနာပါဘူး"
တကယ်တမ်း အနည်းငယ် နာသွားပေမဲ့ စုမုန့်ဂရုမထားပေ။
အတိတ်ဘဝတွင် ထိုကဲ့သို့သော ဒဏ်များစွာကို ခံစားပြီးနောက် နာကျင်မှုကိုခံနိုင်ရည်ရှိလာပုံရသည်။ အခုတွင်တော့ ဒီလိုမျိုးဒဏ်ရာလောက်ကို သူမ ဂရုပင်မစိုက်တော့။ဝေ့ထင်ကား လုပ်ပေးလက်စကို ရပ်မသွားဘဲ နူးညံ့စွာပြောလေသည်။
"ခေါင်းမာလိုက်တဲ့ ဘဲလေး"
စုမုန့်: "....."
ကြည့် ဝေ့ထင်မှာ တကယ်ပဲ ကောင်းမွန်တဲ့ရည်ရွယ်ချက်မရှိဘူး။ သူမသူ့ကို ကြွေဆင်းမသွားတာတော်သေးတာပေါ့။ မဟုတ်ရင် သူမကိုယ်သူမ ဖြတ်ရိုက်မိလောက်သည်။
ဝေ့ထင် လျင်မြန်စွာပဲလှုပ်ရှားလိုက်ပြီး အချိန်ခဏလေးအတွင်းမှာပင် စုမုန့်ဒဏ်ရာပေါ်က သဲများကိုသန့်ရှင်းပြီးသွားလေသည်။ သို့သော် ဤနေရာတွင် အရေးပေါ်ဆေးပစ္စည်းမရှိသောကြောင့် ဒဏ်ရာကို ပိုးသတ်ပြီး ပတ်တီးစည်းပေး၍မရချေ။
စုမုန့် အကဲပိုမနေဘဲ ဝေ့ထင်သူမလက်ကို လွှတ်လိုက်သည်နှင့် ချက်ချင်းပင် ဂူပေါက်ဝနားသွားကာ ငုံ့ကြည့်လိုက်သည်။
ဂူပေါက်သည် အလွန်နက်ပြီး သူမ၏ဖုန်းမီးဖြင့်တောင် ဂူအောက်မြေပြင်အား မမြင်ရပေ။ ထို့အပြင် အောက်တွင် ဘာရှိနေမည်မှန်းလဲ မသိနိုင်ပေ။ သူမသာ ပြုတ်ကျသွားခဲ့လျှင် သေရင်သေ မသေရင် ကျိုးကန်းသွားမှာ သေချာသည်။
ဝေ့ထင်ပြောသည့်လူသည် ထိုအပေါက်ထဲကျသွားတာ ဖြစ်နိုင်သည်။
"အောက်မှာလူရှိလား"
စုမုန့်ညင်သာစွာ ပြောလိုက်သည်။ သို့ပေမဲ့ တုံ့ပြန်မှုတစ်စုံတစ်ရာမရှိ။ ထိုလူသည် အပြင်းအထန်ထိခိုက်ပြီး သတိလစ်သွားတာများလား...
ဒီလောက်နက်တဲ့ဂူမှ သူမဘယ်လိုကယ်ထုတ်ရပါ့မလဲ...စုမုန့်သူမ ဖုန်းအားထုတ်ကာ ဝင်ပေါက်နားကို မီးထိုးကြည့်လိုက်သည်။ သေချာစွာကြည့်ပြီးနောက် ဝင်ပေါက်ဝတွင် ကြိုးနှစ်ေချာင်းရှိကြောင်း တွေ့ရသည်။
စုမုန့်မည်သို့ ဆင်းကယ်ရမလဲ သိသွားလေပြီ။
သူမကြိုးအားလှမ်းဆွဲလိုက်သည်။ ကြိုးအစွန်းတွင် ချိတ်ကဲ့သို့ တစ်ခုခုပါလေသည်။ စုမုန့် ထိုကြိုးကို မည်သို့အသုံးပြုရသည်ကိုမသိပေမဲ့ ဝေ့ထင်ကား သိသည်။ သူသည် ကြိုးအစွန်းကိုယူကာ ခါးတွင်ချည်လိုက်ပြီး ဖြည်းဖြည်းချင်း လျှောဆင်းသွားလေသည်။
ထိုမှသာ စုမုန့်ဘယ်လိုသုံးရသည်အား သိသွားလေသည်။ ဒါပေမဲ့ ဒါကိုဝေ့ထင်က ဘယ်လိုလုပ်ရင်းနှီးကျွမ်းဝင်နေရတာလဲ...
ဂူဝင်ပေါက်တွင် ကြိုးတစ်ချောင်းသာရှိသဖြင့် ဝေ့ထင်အောင်မြင်စွာ ဆင်းသက်ပြီးနောက် သူ့အတိုင်းလိုက်ကာ ဆင်းခဲ့လိုက်သည်။
သို့သော်လည်း သူမသည် ဝေ့ထင်လောက် မကျွမ်းကျင်သဖြင့် ပြုတ်ကျမလိုပင်ဖြစ်ခဲ့သည်။ ကံကောင်းစွာပင် ဝေ့ထင်က သူမကိုဖမ်းပေးထားကာ လက်မောင်းထဲတွင် ပွေ့ထားလိုက်သည်။
ဝေ့ထင် ညည်းသံထွက်သွားခဲ့သည်။ စုမုန့်ချက်ချင်းပင် ခုန်ဆင်းကာ ခြေနှစ်လှမ်းမျှ နောက်ဆုတ်လိုက်သည်။ သူမရှုပ်ထွေးသွားသည် သူမကအဲ့လောက်တောင် လေးသည်လား...
သို့ပေမဲ့ သူမနောက်သို့ဆုတ်လိုက်သောအခါ ရုတ်ချည်းပင် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။ သူမ၏ ဖိနပ်များသည် စိုစွတ်နေသည်ပင်။ ဖုန်းအားထုတ်ကာ ဘေးသို့ကြည့်ရန်လှည့်လိုက်စဉ် သူမနောက်တွင် ရေအိုင်ငယ်လေးရှိနေလေသည်။ သူမရေအိုင်သို့ ခြေနင်းချလိုက်သည်။
ရေကျသံသည် ထိုဘက်မှ လာနေခဲ့သည်။ သူမမမှားခဲ့။ ဤဂူတွင် အမှန်တကယ်ပင် ရေစီးနေခြင်းဖြစ်သည်။
( အဖမ်းခံခဲ့ရသော လူ)
ဝေ့ထင်နှင့် စုမုန့် သူတို့၏ဖုန်းများကိုထုတ်ကာ ပတ်ပတ်လည်အား ကြည့်ရှုစစ်ဆေးလိုက်သည်။ ဂူအောက်တွင် ခုနကထက်ပင် ပို၍ကျယ်နေမည်ကို သူတို့နှစ်ဦးလုံး မထင်ထားခဲ့ကြေပ။ ဤနေရာသည် လက်နှင့်တူးဖောက်ထားသည်နှင့် မတူဘဲ သဘာဝအတိုင်းရှိနေသည်နှင့် ပိုတူသည်။
ဘေးနားတွင် တသွင်သွင်စီးဆင်းနေသော မြေအောက်မြစ်တစ်ခုလဲရှိသည်။ ရေသည် အောက်ခြေကိုမြင်ရသည်အထိ ကြည်တောက်နေသည်။ မြစ်ထဲတွင် ကျောက်စလစ်ခဲများမှလွဲ၍ ဘာမှမရှိဘဲ အသံမြည်ခြင်းလဲ မရှိချေ။
"မြေပေါ်မှာ သွေးကွက်တွေ"
ဝေ့ထင် ခေါင်းငုံ့ကာကြည့်ရင်း အသံအက်ရှရှနှင့်ပြောလိုက်သည်။
ဝေ့ထင်၏စကားများကြားသောအခါ စုမုန့်သည်လည်း ခေါင်းကိုငုံ့ကာကြည့်လိုက်သည်။ အဟုတ်ပင် ခုနကသူမရပ်နေခဲ့သောနေရာတွင် သွေးကွက်ငယ်လေးရှိနေသည်။ ခြောက်သွားပြီဖြစ်သော်ငြား ထိုသွေးများသည် သိပ်မကြာသေးခင်ကမှ ထွက်လာခဲ့ခြင်းဖြစ်ကြောင်း သေချာလေသည်။
"ပျောက်သွားတဲ့လူရဲ့ သွေးဖြစ်နိုင်လား..."
စုမုန့် သူမနှလုံးသားထဲတွင် ထိတ်လန့်စရာ တုန်လှုပ်မှုအားခံစားလိုက်ရသည်။
ဝေ့ထင် ခေါင်းငြိမ့်ကာ သွေးကွက်အား ညွှန်ပြပြီး
"ဖြစ်နိုင်တယ် သွေးကွက်တွေကိုကြည့်လိုက် အဲ့နေရာကိုဆက်သွားတာဖြစ်နိုင်တယ်"
နှစ်ယောက်သား ဂရုတစိုက်နှင့် သွေးကွက်နောက် လိုက်ခဲ့ကြသည်။ အတော်အတန်ကြာ လမ်းလျှောက်ပြီးနောက် ရှေ့တည့်တည့်တွင် အလင်းပြပြအား မြင်လိုက်ရသည်။ ရှေ့ဆက်သွားလေလေ ဂူပတ်လည်သည် ပိုလင်းလာလေဖြစ်ပြီး ဂူအမိုးသည်လည်း နိမ့်လာလေဖြစ်သည်။ စုမုန့်နှင့် ဝေ့ထင်ခမျာ ဒူးအားညွတ်ပြီး ဂူအတွင်းမှထွက်ခဲ့ကြသည်။ ဂူဝင်ပေါက်သည် အတော်လေးကျင်းပြီး ဝမ်းလျားမှောက်မှသာ အပြင်သို့ထွက်နိုင်လေသည်။
"သူဒီအပေါက်ကနေ ထွက်သွားလောက်ပြီလား..."
စုမုန့်သည် ပထမဆုံး ဂူအပြင်သို့ရောက်သူဖြစ်သည်။ ဂူအပြင်တွင် အပင်ငယ်များရှိသော်လည်း လှဲချခြင်းခံထားရကာ တစ်စုံတစ်ယောက် ထိုနေရာမှ ဖြတ်သွားကြောင်း သက်သေပြနေကြသည်။
"အရင်ဆုံးထွက်ပြီး ဟိုဟိုဒီဒီ ရှာကြည့်ရအောင် "
စုမုန့်ထွက်သွားသောအခါ ဝေ့ထင်သည် သူမနောက်မှ ထပ်ကြပ်မခွာ လိုက်လာခဲ့သည်။
နှစ်ယောက်သည် ပတ်ဝန်းကျင်အား လေ့လာခဲ့ကြသည်။ သစ်ပင်များအလွန်ပေါပြီး မြေပြင်တွင်လည်း အပင်များနှင့်ပြည့်ကာ စိုက်ခင်းဟူ၍ မရှိပေ။ ထို့ကြောင့် ဤနေရာသည် တောင်နောက်ဘက်ခြမ်းဖြစ်နိုင်သည်ပင်။
"သူနဲ့ပတ်သက်ပြီး ရှင်ဘာသိထားသေးလဲ..."
စုမုန့် ခေါင်းစောင်းကာ ဝေ့ထင်အား မေးလိုက်သည်။ အကယ်၍ သူမတွင်သာ ပျောက်သွားသည့်လူနှင့် ပတ်သက်သော ပစ္စည်းတစ်စုံတစ်ရာ ရှိမည်ဆိုပါက သူမ၏ သံလိုက်အိမ်မြှောင်ကိုသုံးကာ ထိုလူအားရှာေဖွပေးနိုင်သည်။
ဝေ့ထင်ခေါင်းခါလိုက်သည်။ ဘယ်လိုလုပ်တစ်စုံတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ပစ္စည်းက သူ့မှာရှိပါ့မလဲ...
"မရှိရင်တော့ တော်တော်ရှာရခက်မှာပဲ တောင်ကြီးက အကြီးကြီး ကျွန်မတို့လူအနည်းငယ်လောက်နဲ့ရှာမယ်ဆို မတွေ့နိုင်လောက်ဘူး ရွာသားတွေ လန့်သွားမှာစိုးလို့ အကျယ်ကြီးအော်ခေါ်လို့လဲ မဖြစ်ဘူး ဒီအမှုမှာ ရှင်သက်သေတွေရှာပြီးသားဆိုတော့ ရဲကိုအကြောင်းကြားလိုက်ပြီး သူတို့ကိုပဲရှာခိုင်းကြမလား..."
စုမုန့် ဒီ့ထက်ပိုပြီး မစဉ်းစားတတ်တော့ချေ။ အကြာကြီးစဉ်းစားပြီးနောက်တွင် သူမထိုအကြံကိုသာ ခေါင်းထဲပေါ်လာလေသည်။
ဝေ့ထင် ဆောင့်ကြောင့်ထိုင်ချကာ လဲကျနေသောအပင်များ၏ လမ်းကြောင်းကိုကြည့်လိုက်သည်။ ထို့နောက် ဘေးပတ်လည်ကိုတစ်လှည့် အပင်များကိုတစ်လှည့် ကြည့်နေသည်။
"တစ်ခုခုရှာေတွ့လို့လား..."
စုမုန့် ရှုပ်ထွေးစွာမေးလိုက်သည်။
"အပင်လမ်းကြောင်းက တစ်ခုတည်းရှိတယ် ပြီးတော့ လမ်းကြောင်းတစ်ခုလုံးက အပင်တိုင်းလိုလိုက လဲနေတာ တစ်ယောက်ယောက်ကို တရွတ်တိုက်ဆွဲခေါ်သွားလို့ ဖြစ်ခဲ့တဲ့ ပုံစံမျိုး ရမ်ချီဖြစ်နေနိုင်တယ်..."
ဝေ့ထင်သည် အရာအားလုံးကို အသေးစိတ်လိုက်ကြည့်သည်။ သူမျှော်မှန်းထားသည့်အတိုင်းပင် ဂူနှင့်မနီးမဝေး အပင်များပေါ်တွင် သွေးစများကပ်ကျန်နေသည်။
"ရမ်ချီ တစ်ခုခုကို သိသွားလို့ နှုတ်ပိတ်ဖို့ ခေါ်သွားကြတာများလား..."
စုမုန့် တဖြည်းဖြည်းနှင့် မလွယ်ကူလာသလို ခံစားလာရသည်။
ဝေ့ထင်၏ မျက်နှာသည် ညိုးလာသည်။ သူ့လူကို မည်သူက ပြန်ပေးဆွဲခဲ့သနည်း။
ခြေရာလက်ရာများသည် ဆယ့်နှစ်မိုင်ကျော်လောက်အထိသာ ကျန်ရှိသည်။ ထိုလူသည် လူတစ်ယောက်အား တရွတ်တိုက်ဆွဲသွားရသည်က မကောင်းဘူးဟု ခံစားခဲ့ရ၍ ကျောပေါ် သို့မဟုတ် ပုခုံးပေါ်တွင် ပြောင်း၍ထမ်းခေါ်ခဲ့ပုံပင်။
"လူကယ်တာလား သတ်ပစ်တာလားတော့ ကိုယ်လဲမသေချာဘူး...ဒါပေမဲ့ နာကျင်စေချင်တဲ့ ရည်ရွယ်ချက်ရှိနေတာတော့ အသေအချာပဲ..."
ဝေ့ထင် ဘေးအား ဝေ့ကြည့်လိုက်စဉ် သူ၏မျက်လုံးဒေါင့်မှ ငွေရောင်သဏ္ဌာန်အား မြင်လိုက်ရသည်။
သူအလျင်အမြန်ပဲ ထိုအရာအား လှည့်ကြည့်လိုက်သည်။ သော့များချိတ်ထားသော ငွေရောင်လက်စွပ်တစ်ကွင်းသာ ဖြစ်သည်။လက်စွပ်သည် သွေးများပေနေပြီး သော့များကလည်း တစ်ခုနှင့်တစ်ခုမတူပေ။ သို့ပေမဲ့ သော့တိုင်းသည် အသစ်ဖြစ်ဟန်တူကာ ပြောင်လက်နေကြသည်။ နောက်ဆုံးတွင် သဲလွန်စတစ်ခုတော့ ရလာပြီဖြစ်သည်။ သို့သော် လက်စွပ်ပိုင်ရှင်မည်သူဖြစ်သည်မှန်း မသိနိုင်သေးပေ။
စုမုန့် သံလိုက်အိမ်ေမြှာင်အားထုတ်ကာ ထိုလူအားရှာရန် ကြိုးစားခဲ့သော်လည်း သံလိုက်အိမ်မြှောင်သည် တုံ့ပြန်မှုမရှိခဲ့ပေ။
"သော့က အသစ်ကြီးရှိသေးတယ် ပိုင်ရှင်ရဲ့အငွေ့အသက်တောင် မရှိလို့ သံလိုက်အိမ်ေမြှာင်နဲ့ ရှာလို့မရဘူး..."
စုမုန့် မျက်မှောင်ကျုံ့လျက် ပြောလိုက်သည်။ဝေ့ထင် သော့အား တစ်ခဏမျှ ဂရုတစိုက်ပြန်ကြည့်ကာ ဖြည်းညင်းစွာပြောလိုက်သည်။
"သော့ပုံစံကြည့်ရသာ သာမန်တံခါးရဲ့သော့တော့ မဟုတ်လောက်ဘူး အရင်ရှာကြည့်ရအောင်..."
"ရတယ်လေ... ဒါပေမဲ့ ရမ်ချီအဆင်ပြေနေလားဆိုတာ မသိရသေးလို့ ရဲကိုဒီတိုင်းကြီး ခေါ်လိုက်ဖို့က မဖြစ်ဘူးထင်တယ် သူ့ကိုအရင်ရှာကြည့်ရအောင်လေ "
စုမုန့်ရှေ့ကို မျှော်ကြည့်လိုက်သည်။ ကံဆိုးစွာနှင့် ဘာကိုမျှမတွေ့ရချေ။
"ဟုတ်ပြီလေ "
ဝေ့ထင် ပြန်ေဖြကာ စုမုန့်၏ လက်မောင်းကိုဆွဲ၍ ထွက်ခွာလိုက်သည်။ တကယ်ဆို သူသည် သူမအားကူညီ၍ ထိုနှစ်တုန်းက အမှုအား စုံစမ်းပေးချင်ခဲ့သည်။ တစ်ခြားဘာမျှ မလုပ်ချင်ခဲ့ပါ။ သို့သော် ထိုလူများသည် လက်ရဲဇက်ရဲရှိကာ မလုပ်ရဲသည့်အရာ မရှိသည့်ပုံစံပင်။ သူ့အနေနှင့် ယဉ်ကျေးပြနေစရာ မလိုတော့ေပ။
စုမုန့် ဝေ့ထင်၏ ဒေါသအား ခံစားမိပြီး အနည်းငယ် အားနာလာရသည်။ ဘာပဲဖြစ်ဖြစ် ဝေ့ထင်က သူမကိုကူညီဖို့ ဒီကိုလာရင်း သူ့ရဲ့ညီကိုဖမ်းခံလိုက်ရတာလေ။ သူမ နည်းလမ်းစဉ်းစားမှ ဖြစ်တော့မည်။
"ကျွန်မတို့ အခုပေါ်ပေါ်ထင်ထင်လုပ်လို့မဖြစ်သေးဘူး...ရွာထဲကို အရင်ခိုးဝင်ကြရင်ရော ဘယ်လိုလဲ...လူသတ်သမားကို ရွာထဲမှာ ရှာတွေ့တာနဲ့ သူ့ကို ဖျောင်းဖျပြီး အားနည်းချက်ရှာလို့ရတယ်လေ...ဒီတစ်ခါ ကျွန်မရဲ့အကြံအတိုင်းလုပ်ကြရင်ရော ဘယ်လိုလဲ..."
"ကောင်းပြီ "
ဝေ့ထင်သည် နောက်သို့ပင်ပြန်လှည့်မကြည့်ဘဲ တစ်ခါတည်း သဘောတူလိုက်သည်။
xxxxxxx