Ch-41
Viewers 9k

ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်


အခန်း (၄၁)


"မင်းဘာဖြစ်နေတာလဲ?" ဦးလေးရှဲ့သည် အဒေါ်ရှဲ့က လီချန်ဖုန်းဆီသို့ အဆက်မပြတ်စိုက်ကြည့်နေတာကို သတိထားမိခဲ့တာကြာလှပြီ။ ဘယ်ယောကျ်ားမဆို သူတို့ရဲ့ချစ်လှစွာသောဇနီးက တခြားယောက်ျားကို ကြည့်နေတဲ့အခါ ချက်ချင်း သတိထားမိမှာပင်! အဒေါ်ရှဲ့သည် အလုပ်လုပ်ထား၍ ချွေးတွေထွက်နေတဲ့ ဦးလေးရှဲ့ကိုကြည့်ရင်း သူ့ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဤကိစ္စမှာ လျှို့ဝှက်ချက်ဖြစ်နေသေးတယ်လို့ တွေးမိသွားလေသည်။ အဲ့ဒါက အရမ်း.... 


ဦးလေးရှဲ့က အဒေါ်ရှဲ့ရဲ့ ​တုံ့ဆိုင်းနေတဲ့ အမူအရာကိုကြည့်ကာ အလွန်အမင်းစိုးရိမ်သွားရပြီး "ဘာဖြစ်လို့လဲ။ ငါတို့က မိသားစုတွေပဲလေ၊ မပြောလို့မရတာတွေမရှိဘူး" 


အဒေါ်ရှဲ့က ခေါင်းကိုလှည့်လိုက်ပြီး ဦးလေးရှဲ့ရဲ့ မေးမြန်းနေတဲ့အကြည့်တွေကို ရှောင်လိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ ခင်ဗျားအလုပ်ပဲ ခင်ဗျားလုပ်ပါ" ဤစကားကြောင့် ဦးလေးရှဲ့လည်း စိတ်တိုသွားကာ "သူတို့ကို ဘာကြည့်နေတာတုန်းကွ။ ငါငယ်ငယ်တုန်းက သူတို့ကို အသာလေးလဲသိပ်နိုင်တယ်ကွ!" 


အဒေါ်ရှဲ့က ထိုစကားကိုကြားပြီးနောက် သူ့ရဲ့အသက်ရှူသံကို ထိန်းလိုက်ကာ သူ့အရှေ့က ဒီလိုခေါင်းမာတဲ့အရူးနှင့် စကားဖက်ပြိုင်မပြောချင်တော့ဘူး! 


"အမေ ရှဲ့မိသားစုလယ်ကွင်းထဲက အဲ့ဒီလူက ဘယ်သူလဲဟင်?" ရှမိသားစု (ရွာလူကြီးမိသားစု)ရဲ့ လယ်ကွင်းတွင် အသက် ၁၅/၁၆နှစ်အရွယ် ကောငယ်ငယ်ချောချောလေးတစ်ယောက်က သူ့အမေအတွက် လက်ဖက်ရည်ငှဲ့ပေးကာ တိုးတိုးလေးမေးလိုက်၏။ 


အဒေါ်ရှလည်း သူ့ခေါင်းကိုစောင်းကာ လီချန်ဖုန်းဆီ အကြိမ်အနည်းငယ်ကြည့်လိုက်၏။ "သူက တောင်ခြေက ရွှီမိသားစုရဲ့ခင်ပွန်းလေ"


ရှယွီမှာ နှုတ်ခမ်းဆူကာဖြင့် - ဒါပေါ့၊ လီချန်ဖုန်းဘယ်သူလဲဆိုတာတော့ သူသိတာပေါ့။ သူမေးချင်တာက လီချန်ဖုန်းနဲ့ သိပ်မဝေးတဲ့နေရာမှာရှိနေတဲ့လူအကြောင်းလေ! ရွာမှာ အဲ့ဒီလူကို သူတစ်ခါမှမတွေ့ဖူးဘူး။ 

(Me: နာမည်ကလည်းနော် တူအောင်ရေးထားရတယ်လို့။ ရှဲ့ယွီ နဲ့ ရှယွီ တဲ့။ မှားကုန်တော့မှာပဲလို့ 😢) 


"ရှယွီပြောတာက လီချန်ဖုန်းဘေးမှာ ရပ်နေတဲ့လူအကြောင်းလေ။ ပြောရရင်တော့ ကျွန်တော်လည်း အဲ့ဒီလူကို တစ်ခါမှမတွေ့ဖူးဘူး!" ရှယွီထက် အသက်၁နှစ်သာပိုကြီးတဲ့ ရှဖုန်းသည် သူ့ညီလေး​မေးချင်နေတာကို တိုက်ရိုက်ပင် ထုတ်ပြောလိုက်သဖြင့် သူက စကားအရမ်းများလွန်းသည့်အတွက် ရှယွီဆီမှ စိတ်ပျက်တဲ့အကြည့်ကို ရလိုက်ပေသည်။ 


ထိုအချိန်၌ အနားယူနေတဲ့ ရွာသူကြီးဖြစ်သူ ဦးလေးရှက သူ့ရဲ့ဆေးပြင်းလိပ်ကို တစ်ဖွာဖွာလိုက်ပြီးမှ ရှဲ့မိသားစုရဲ့ လယ်​ကွင်းဘက်ဆီ ကြည့်လိုက်ရင်း "အိုး သူက မြို့ထဲက လင်းမိသားစုရဲ့သားလေ။ ဒါပေမယ့် သူက ဘာလို့ ဒီမှာရှိနေတာတုန်း?" 


ရှယွီမှာ လင်းမိသားစုဖြစ်​သည်ကို ကြားလိုက်ရသည်နှင့် သူ့အဖေပြောနေတဲ့မိသားစုအကြောင်း ချက်ချင်းပင် စဥ်းစားကြညါ့လိုက်ကာ "ဆေးဆိုင်က လင်းမိသားစုလား?" အဒေါ်ရှရဲ့ ကျန်းမာရေးမှာ လွန်ခဲ့သည့်နှစ်အနည်းငယ်က ဆိုးရွားခဲ့သဖြင့် သမားတော်ကြီးလင်းဆီမှ အမြဲတမ်း ဆေးသွားယူခဲ့ရသည်ကြောင့် သူတို့ရင်းနှီးနေခဲ့သည်ပင်။ 


ရှဖုန်းက သူ့အဖေခေါင်းညိတ်ပြလိုက်သည်ကို မြင်တော့ စိတ်ရှုပ်သွားရကာ "ဒါပေမယ့် သမားတော်ကြီးလင်းရဲ့သားကို ကျွန်တော် ဘာလို့ တစ်ခါမှမတွေ့ခဲ့ရတာလဲ?" ရွာလူကြီးမိသားစုမှာ စစ်မှုထမ်းတာကိုရှောင်ဖို့အတွက် ပိုက်ဆံပေးခဲ့သောကြောင့် ရှဖုန်းက စစ်တန်းလျားဆီ မသွားခဲ့ရပေ။ 


အဒေါ်ရှက ရှဖုန်းရဲ့ခေါင်းကို သူ့လက်နှင့် ပုတ်လိုက်ကာ "တခြားလူရဲ့မိသားစုအကြောင်းကို ငါက ဘာလို့ မင်းကို အားလုံးပြောပြသင့်တာတုန်း? အနားယူပြီးရင် အလုပ်သွားလုပ်တော့။ မင်းက တစ်နေ့လုံးစာကျက်နေတာဆိုတော့ အခုချိန်မှာ မင်းရဲ့ကြွက်သားတွေနဲ့ အရိုးတွေကို ဆန့်ပေးရမယ်လေ။" ရှဖုန်းသည် မြို့မှာ စာလေ့လာနေခဲ့ပေမယ့် ဤကဲ့သို့ကောက်စိုက်ရာသီအချိန်အတောအတွင်း၌ အကယ်ဒမီက ကျေးလက်မိသားစုတွင် အလုပ်ရှုပ်နေမည်ကို ထည့်စဥ်းစားပေးသဖြင့် သူ့ကို ခွင့်ရက်အနည်းငယ်ပေးခဲ့၍ ရှဖုန်းက ကူညီဖို့ အိမ်ပြန်လာခဲ့ခြင်းပင်။ 


ရွာလူကြီးရဲ့မိသားစုဟာ ကောင်းမွန်တဲ့ဘဝဖြင့်နေထိုင်ခဲ့သော်လည်း သူတို့ရဲ့သားတစ်ယောက်ကို မြို့၌ ပညာသင်ကြားရန် ငွေအနည်းငယ်အကုန်ကျခံခဲ့ရပြီး နောက်သားတစ်ယောက်မှာတော့ အိမ်ထောင်ပြုရမည့်အရွယ်ရောက်နေခဲ့ပြီ။ သည့်အပြင် သူတို့ကလည်း နေ့တိုင်းလိုလို လယ်ယာကိစ္စနှင့် အလုပ်များနေခဲ့ရ၏။ 


ရှဖုန်းက သူ့အမေဆီမှ အဆူခံလိုက်ရပြီးနောက် ရှယွီရဲ့ သရော်တဲ့အကြည့်ကို တွေ့သွားသဖြင့် "ငါ့ကို ရယ်မနေပါနဲ့။ မင်းလည်း ဒီမေးခွန်းကိုပဲ မမေးခဲ့ဘူးလား?" ရှယွီရဲ့မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားရကာ ရှဖုန်းလက်မှ လက်ဖက်ရည်ခွက်ကို ဆွဲလုလိုက်ရင်း "သောက်ပြီးရင်လည်း အလုပ်သွားလုပ်တော့လေ! စကားအရမ်းများတာပဲ!" 


ရှယွီက ပစ္စည်းတွေကိုထုပ်ပိုးပြီးနောက် အိမ်ပြန်ရန် ဦးလေးရှဲ့ရဲ့ လယ်ကွင်းဘက်မှ လမ်းကို တမင်တကာပင် လျှောက်သွားခဲ့သည်။ လယ်ကွင်းကို ဖြတ်လျှောက်ခါနီးတွင် သူမနေနိုင်ဘဲ အလုပ်ကြိုးစားနေတဲ့ လင်းဖန်းလျန်ဆီ တိတ်တိတ်ကလေး ကြည့်လိုက်ပေသည်။ 


ထိုအချိန်တွင် လင်းဖန်းလျန်သည် ဦးလေးရှဲ့က သူတို့ကို ခေတ္တအနားယူရန်ပြောနေသည်ကို ကြားလိုက်ရသောကြောင့် သူ့နဖူးမှ ချွေးတွေကိုသုတ်ရင်း လယ်ကွင်းအပေါ်ဘက်ခြမ်းမှာ မတ်တပ်ရပ်နေတဲ့ ဦးလေးရှဲ့ဆီ ပြုံးပြလိုက်၏။ ရှယွီရဲ့ ရှုထောင့်မှကြည့်လျှင် လင်းဖန်းလျန်က သူ့ကို ပြုံးပြနေသည့်အလား။


"အိုး ဘုရားရေ! ငါဘာတွေတွေးနေတာလဲ!" ရှယွီက သူရဲ့နီမြန်းလာတဲ့ပါးပြင်ကို ထိကိုင်လိုက်ရင်း ခြင်းတောင်းကို အမြန်ယူကာ ထွက်သွားတော့သည်။ 


** 


ထိုအချိန်တွင် ရွှီချင်းဘက်မှာတော့ သူက "ကောက်ရိုးဖိနပ်"တစ်စုံကို ပြုလုပ်ပြီးခဲ့ပြီ။ ဖိနပ်လုပ်ပြီးသွားတဲ့အခါ ရွှီချင်းစိတ်အခြေအနေ တိုးတက်လာသလို ရှဲ့ကောအာလည်း စိတ်သက်သာရာရသွားလေ၏။ "မင်းရဲ့ ပထမဆုံးအကြိမ်မှာ ကောင်းကောင်းလုပ်ခဲ့တာပဲ။ အခုကစပြီး ငါသင်ပေးထားတဲ့နည်းလမ်းအတိုင်း လုပ်ကြည့်နော်။ နားမလည်တာရှိရင်လည်း အချိန်မရွေးလာမေးလို့ရတယ်။" 


ရွှီချင်းက သူအပင်ပန်းခံ၍ လုပ်ထားတဲ့ ကောက်ရိုး​ဖိနပ်ကို ကိုင်လိုက်ပြီး အားတက်သရော ခေါင်းညိတ်လိုက်၏။ ဒါဟာ သူရဲ့ပထမဆုံးအကြိမ် ဖိနပ်လုပ်ခဲ့တာမို့ အမှတ်တရပင်! "အစ်ကိုရှောင်ယွီ ဒီနေ့ ကျွန်တော် အစ်ကိုမြည်းကြည့်ဖို့အတွက် ဟင်းအသစ်ချက်ပေးမယ်ဗျာ!" 


ရှဲ့ကောအာက ရွှီချင်းလုပ်တဲ့ ဂေါ်ဖီချဥ်နှင့် ငါးဟင်းကို ချက်ချင်းစဉ်းစားမိသွားကာ မချီးကျူးဘဲမနေနိုင်တော့ "မင်းက အရမ်းတော်တာပဲ။ ဒီဟင်းချက်နည်းတွေအကုန် မင်းစဥ်းစားနိုင်တယ်နော်။ ဒီတစ်ခါရော ဘာလုပ်ဦးမှာလဲဟင်? လိုတာတစ်ခုခုရှိလား?" 


ရွှီချင်းက သူ့နှုတ်ခမ်းကိုစုဝိုင်းလိုက်ပြီး ခြံဝင်းတံခါးမှာ အဒေါ်ရှဲ့ထားခဲ့တဲ့ ရေပုံးကို ညွှန်ပြလိုက်သဖြင့် ရှဲ့ကောအာ ကြည့်လျက် မေးလာ၏။ "ငါးလား?" 


"ဟုတ်ကဲ့။ ကျွန်တော် ငါးနှပ်လုပ်ချင်လို့!" 


ရှဲ့ကောအာသည် ရွှီချင်းက ကျွမ်းကျင်စွာ ငါးအကြေးခွံချွတ်ကာ အတွင်းကလီစာတွေကို ဖယ်ရှားလိုက်ပြီးမှ ခေါင်းနှင့်အမြီးကို အပိုင်းညီအောင် လှီးဖြတ်လိုက်သည်ကို ကြည့်နေခဲ့၏။ ရွှီချင်းက ငါးအရသာပိုကောင်းလာစေရန် ငါးတန်းချကြိုးကို ဆွဲထုတ်ဖို့ သူ့လက်ချောင်းကိုသုံးလိုက်လေသည်။ 


"မင်းဘာလုပ်နေတာလဲ?" ရှဲ့ကောအာက ရွှီချင်းဟာ တိုက်ရိုက်ပင် ငါးတစ်ကောင်လုံးကို နှစ်ဖက်စလုံးမှာ ဓားရာမွှန်းနေတာကို ကြည့်ပြီးမေးလိုက်သည်ပင်။ "ဒီဟာက ငါးကို ပိုပြီးအရသာစိမ့်ဝင်စေတယ်လေ။ အိမ်မှာ အရက်ရှိလားဟင်?" အရက်ဟာ ငါးညှီနံ့ကို ဖယ်ရှားပေးနိုင်တယ်လေ။ 


ရှဲ့ကောအာ ခေါင်းညိတ်လျက် ဦးလေးရှဲ့ရဲ့ အရက်ကို ယူလာပေးကာ ရွှီချင်းဆီ ကမ်းပေးလိုက်၏။ ရွှီချင်းက ငါးပေါ်မှာ ဆားအနည်းငယ်နှင့် အရက်တချို့ ပွတ်ပေးလိုက်ကာ ဘေးဖယ်ထားပြီး "အရသာပိုကောင်းဖို့အတွက် ခဏလောက်နှပ်ထားဖို့လိုတယ်!" 


ရှဲ့ကောအာ ဉာဏ်အလင်းပွင့်သွားသလို တကယ်ပဲ ခံစားခဲ့ရသည်။ ဒီလိုနည်းလမ်းမျိုးဖြင့် ငါးကို ပြင်ဆင်နိုင်တာကို သူသဘောမပေါက်ခဲ့ချေ။ ငါးကိုနှပ်ထားဖို့လိုသေးသည်မို့ ရွှီချင်းနှင့် ရှဲ့ကောအာတို့က တခြားဟင်းပွဲတွေပြင်ဖို့ အခွင့်အရေးယူလိုက်တော့သည်။ သို့မှသာ နောက်ပိုင်းမှာ တစ်ခါတည်းချက်ပြုတ်နိုင်မှာပေါ့။ 


ငါးကိုချက်တာ စောလွန်းသွားရင် အေးသွားမှာကိုကြောက်လို့ ရွှီချင်းက နောက်ဆုံးမှချက်ဖို့ ဆုံးဖြတ်လိုက်၏။ အခုဆို အပြင်မှာ မှောင်နေပြီဖြစ်၍ ဦးလေးရှဲ့တို့အုပ်စု ပြန်လာတော့မှာပင်။ 


"မီးကို သိပ်မမြင့်ကြီးမထားရဘူးနော် မဟုတ်ရင် တူးသွားလိမ့်မယ်"လို့ ရွှီချင်းက ရှဲ့ကောအာကို သင်ကြားပေးနေခဲ့သည်။ သူက အိုးထဲသို့ ဆီလောင်းထည့်ကာ ငါးကိုမထည့်ခင် ဆီပူလာအောင်စောင့်လိုက်၏။ 


ရွှီချင်းက ရှဲ့ကောအာကို နောက်ဆုတ်ခိုင်းလိုက်ပြီး မီးလျှော့ခိုင်းကာ ငါးကို နှစ်ဖက်စလုံး ရွှေညိုရောင်သန်းလာသည်အထိ ကြော်လိုက်ပြီးမှ ပန်းကန်လုံးထဲပြောင်းထည့်လိုက်၏။ အရင်းအမြစ်အကန့်အသတ်ကြောင့် ရွှီချင်းလည်း ငါးပေါ်မှာ ဟင်းခတ်အမွှေးအကြိုင်များကို တိုက်ရိုက်ပင်ဖြူးလိုက်ကာ စားပွဲပေါ်သို့ ယူဆောင်လာခဲ့လေသည်။ 


"ဒီတစ်ခေါက် ချင်းကောအာရဲ့ ငါးဟင်းအနံ့က နည်းနည်းတော့ မတူသလိုပဲ?" 

သေချာတာပေါ့၊ ဟင်းပွဲချလိုက်သည်နှင့် ဦးလေးရှဲ့ရဲ့ အသံကျယ်ကြီးက ခြံဝင်းဆီမှ ထွက်လာလေသည်။ 


ရှဲ့ကောအာက အပြင်ဘက်ဆီသို့ ရေနွေးယူလာပေးသည့်အခါ လင်းဖန်းလျန်တွေ့လိုက်၍ ရှဲ့ယွီမှာ အပြည့်အဝနေပြန်မကောင်းသေးသည်မို့ သူက ချက်ချင်းရှေ့တိုးယူလိုက်ရင်း "မင်းက အခုထိ လုံးဝနေပြန်ကောင်းသေးတာမဟုတ်ဘူးလေ! ကျွန်တော်လုပ်ပါရစေ! ကျွန်တော့်ကိုခွင့်ပြုပေး!" 


ရှဲ့ကောအာမှာ လင်းဖန်းလျန်ဆွဲယူသွားတဲ့ ရေပုံးကို ကြည့်ရင်း အကူအညီမဲ့သလို ခံစားလိုက်ရ၏။ "အဲ့ဒါက မလေးပါဘူးဗျာ။ ပြီးတော့ ခင်ဗျားက ဧည့်သည်လေ၊ ဘယ်လိုလုပ် ဒီဟာတွေကို လုပ်ခိုင်းလို့ဖြစ်မှာလဲ?" 


"ဧည့်သည်? ကျွန်တော်က ဧည့်သည်မဟုတ်ပါဘူး။ ဒီမှာလာကူညီပေးတဲ့ ဂျူနီယာပါပဲ! လာကြတော့ ဦးလေးရှဲ့ အဒေါ်ရှဲ့တို့ လက်ဆေးဖို့ ကျွန်တော်ရေယူလာပေးတယ်!" လင်းဖန်းလျန်က ဦးလေးရှဲ့နှင့် အခြားသူများရှေ့သို့ ရေကို ယူသွားခဲ့ပြီး အတော်လေးဂရုတစိုက်ရှိနေသဖြင့် လီချန်ဖုန်းမှာ မျက်လုံးလှိမ့်မိတော့မတတ်။ 


ညနေခင်းမှာ ရွှီချင်းလုပ်ထားတဲ့ငါးနှပ်မှာ အလွန်အမင်းချီးကျူးခံရလေ၏။ ညစာစားပြီးနောက် ရွှီချင်းနှင့် လီချန်ဖုန်းတို့က အိမ်သို့ ဦးစွာပြန်သွားခဲ့ပြီး လင်းဖန်းလျန်ကတော့ ဦးလေးရှဲ့နှင့် စကားစမြည်ပြောရန် ကျန်နေခဲ့ပေသည်။ 


လီချန်ဖုန်းက ရွှီချင်းအတွက် ရေနွေးပူပူကို ပြုဆင်ပေးပြီးနောက် သူကတော့ သူ့အတွက် ရွှီချင်းလုပ်ပေးထားတဲ့ ကောက်ရိုးဖိနပ်လေးကို တယုတယ ကိုင်ထားလေသည်။ 


ဒါလေးက ရွှီချင်းရဲ့ ပထမဆုံးအကြိမ် ဖိနပ်လုပ်တာဖြစ်ပြီး ဒီဖိနပ်တွေကို သူ့အတွက်လုပ်ထားပေးတာလေ! ရွှီချင်းက လင်းဖန်းလျန်အား "အမိုက်စား"လို့ ပြောခဲ့တဲ့အချိန်တုန်းက လီချန်ဖုန်းရဲ့ စိတ်ဓာတ်ကျနေတဲ့ခံစားချက်မှာ ချက်ချင်းပင် လုံးဝပျောက်ကွယ်သွားလေပြီ! 


"ခင်ဗျား ဘာလုပ်နေတာတုန်း!" 


ရွှီချင်းရေချိုးပြီး အခန်းထဲဝင်လိုက်သည်နှင့် လီချန်ဖုန်းက သူဒီနေ့လည်ခင်းလုပ်ထားတဲ့ 'ကောက်ရိုး​ဖိနပ်'ကိုစီးရန် အတင်းကြိုးစားနေသည်ကို မြင်လိုက်ရ၏။ "မဝတ်နဲ့တော့! ကျွန်တော်လုပ်ထားတာ သေးသွားတယ်!" ရွှီချင်းက ဖိနပ်စမ်းစီးကြည့်ချင်နေတဲ့ လီချန်ဖုန်းကို ရပ်တန့်ရန် အလျင်အမြန်ရှေ့တိုးလိုက်ရသည်။ ရွှီချင်းက လီချန်ဖုန်းရဲ့ အနည်းငယ်နီသွားသောခြေထောက်ကို ကြည့်ပြီး အပြစ်ရှိသလိုခံစားလိုက်ရ၏။ သိသာထင်ရှားစွာပင် သူက လီချန်ဖုန်းရဲ့ ခြေထောက်ဆိုဒ်အတိုင်း ပြုလုပ်ခဲ့ပေမယ့် ဘာလို့များ ဝတ်လို့မရတာပါလိမ့်... 


လီချန်ဖုန်းက ရွှီချင်းအလျင်လိုနေတာကိုတွေ့လိုက်သဖြင့် သူရပ်လိုက်ပေမယ့် ဖိနပ်ကိုတော့သေချာသိမ်းဆည်းထားဆဲပင်။ ရွှီချင်းက သူ့အတွက် ပထမဆုံးအကြိမ်လုပ်ပေးထားခဲ့တဲ့ ဖိနပ်လေးလေ။ 


"ကိုယ့်ဇနီးလေး..." 


လီချန်ဖုန်းရဲ့ အသံမှာ ရွှီချင်းနားထဲတိုးဝင်လာလျက်။ ရွှီချင်းက သူ့ကိုတွန်းထုတ်လိုက်ပေမယ့် ထိုလူကတော့ သူ့ကို မလှုပ်မယှက်ဖက်ထားသည်ကို သိလိုက်ရ၏။ ကူကယ်ရာမဲ့စွာဖြင့် ရွှီချင်းပြောလိုက်လေသည်။ "ဒီနေ့ အလုပ်တွေအများကြီးလုပ်ထားရတာလေ၊ ခင်ဗျားမပင်ပန်းဘူးလား?" 


ချက်ချင်းဆိုသလို လီချန်ဖုန်းရဲ့ မျက်လုံးတွေက အရောင်တောက်သွားကာ "ကိုယ်ပင်ပန်းလား၊ မပင်ပန်းဘူးလားဆိုတာ၊ မင်းဘာလို့မစမ်းကြည့်လဲ?" 


ရွှီချင်းမှာ မခံနိုင်တော့ဘဲ လီချန်ဖုန်းခါးရဲ့ နူးညံ့တဲ့အသားကို လက်ဖြင့် ပြင်းပြင်းထန်ထန် ဆွဲလိမ်လိုက်လေသည်။ လီချန်ဖုန်းဆီမှ ထူးထူးဆန်းဆန်း မျိုသိပ်ထားရသလို အသံမျိုးကြားလိုက်ရသဖြင့် ရွှီချင်းလည်း အံ့သြသွားရကာ ခဏရပ်သွားပြီးမှ ပို၍ပင် စူးစမ်းလိုက်တော့သည်။ ဖြစ်နိုင်သည်မှာ လီချန်ဖုန်းက နာကျင်ရတာကို ကြိုက်တာများလား? 


"ဇနီးလေး..." လီချန်ဖုန်းမှာ သည်းမခံနိုင်တော့ဘဲ သူက နောက်တစ်ကြိမ်ထပ်လုပ်ချင်နေသည့် ရွှီချင်းရဲ့လက်ကို ဆွဲကိုင်လိုက်ပြီး သူ့အား အိပ်ရာပေါ် တိုက်ရိုက်တင်လိုက်တော့သည်။ 


စိတ်အားထက်သန်နေတဲ့ သူတို့ရဲ့နှုတ်ခမ်းတွေက အချင်းချင်းထိတွေ့လိုက်သည့် အခိုက်အတန့်တွင် သူတို့နှစ်ဦးစလုံးရဲ့ နှလုံးသားထဲမှာ ပြင်းထန်တဲ့ တုန်လှုပ်မှုကို ခံစားလိုက်ရ၏။ ဖြစ်နိုင်တာက ရက်အနည်းငယ်ကြာအောင် သူတို့ ထိုအရာကိုမလုပ်လိုက်ရလို့ဖြစ်မယ်။ ထိုအကြောင်းကိုတွေးမိတော့ ရွှီချင်းလည်း ပို၍ပင် စိတ်အားထက်သန်လာလေသည်။ 


ရွှီချင်းရဲ့လက်တွေက လီချန်ဖုန်းရဲ့လည်ပင်းတစ်ဝိုက်မှာ တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားကာ သူ့ကို စိတ်အားထက်သန်စွာ တုန့်ပြန်နေ၍ လီချန်ဖုန်းမှာ ပို၍ပင်ရူးသွပ်သွားစေလျက်။ 


ရွှီချင်းရဲ့အနမ်းမှာ အနည်းငယ် ကိုးရိုးကားယားဖြစ်နေသော်လည်း အားအင်အပြည့်နှင့် တန်ပြန်တိုက်ခိုက်မှုလုပ်လိုက်သော လီချန်ဖုန်းအား လုံးလုံးလွှမ်းမိုးသွားလေသည်။ ရွှီချင်းရဲ့မျက်နှာလေးကို လက်ကြီးကြီးတစ်စုံက ထိန်းကိုင်ထားကာ ရှည်လျားလှသောလျှာမှာ ရွှီချင်းရဲ့ပါးစပ်ထဲတိုးဝင်သွားလျက် ပွင့်ဟထားတဲ့နေရာကို ဆော့ကစားလိုစွာ စူးစမ်းနေလေသည်။ 


"အေးတယ်…" 


ရွှီချင်းသည် သူ့တစ်ကိုယ်လုံး ဘာအဝတ်မှမရှိတော့ဘူးလို့ ခံစားလိုက်ရတော့ သူ့ရှေ့မှလူကို အလိုအလျောက်ပင် ပွေ့ဖက်လိုက်လေ၏။ လီချန်ဖုန်းရဲ့ ပူပြင်းနေတဲ့ခန္ဓာကိုယ်ကြောင့် ရွှီချင်းမှာ တဖြည်းဖြည်း ​သူ့စိတ်တွေလွင့်ထွက်သွားကာ သူ့ရဲ့ခင်ပွန်းဖြစ်သူနှင့် စိတ်ပါလက်ပါ မွေ့လျော်ချင်နေတော့လေသည်။ 


"လိမ္မာနော်… ခဏနေပူလာတော့မှာ…" လီချန်ဖုန်းသည် အရိပ်အမြွက်စကားလုံးတွေကို အက်ရှရှအသံဖြင့် ပြောလိုက်ပြီး သူ့ကိုဖက်တွယ်ထားတဲ့ ရွှီချင်းရဲ့လက်တွေကို ဆွဲထုတ်လိုက်ကာ ခေါင်းအထက်မှာ ဖိထားလိုက်လေသည်။ 


နောက်ထပ်တစ်ခါ သူတို့ရဲ့နှုတ်ခမ်းတွေ ထိတွေ့သွားပြီး လျှာတွေကလည်း အတူတူဆော့ကစားနေလျက်။ လက်ကြီးကြီးတစ်ဖက်က ရွှီချင်းရဲ့ခါးသွယ်သွယ်လေးကို ထိန်းပေးထားကာ ကျန်တစ်ဖက်ကတော့ ရွှီချင်းရဲ့ရင်ဘတ်ပေါ်မှ အမှတ်လေးနှစ်ခုဆီ အားတက်သရော ပွတ်သပ်နေပြီး မရပ်မနားဆော့ကစားနေလေသည်။ 


လီချန်ဖုန်းက ရွှီချင်းရဲ့ အနည်းငယ်အသက်ရှူမဝဖြစ်နေတဲ့ နှုတ်ခမ်းလေးကို လွှတ်ပေးလိုက်ကာ သူ့ရဲ့နားဖျားလေးကို ဖွဖွလေးကိုက်ပြီးမှ အောက်ဘက်သို့ တဖြည်းဖြည်းဆင်းသွားရင်း သူ့ရဲ့လည်ပင်း၊ ပုခုံးတွေနှင့် ညှပ်ရိုးလေးကို နမ်းနေခဲ့သည်။ 


ရွှီချင်းလည်း ညည်းသံတိုးတိုးလေးမထွက်ဘဲ မနေနိုင်တော့ချေ။ လီချန်ဖုန်းသည် ရွှီချင်းက ခံနိုင်ရည်ရှိပြီမှန်း ခံစားလိုက်ရသောအခါ သူ့ရဲ့အဆင်သင့်ဖြစ်နေပြီဖြစ်တဲ့အဖွဲ့ဝင်နှင့် ရွှီချင်းရဲ့ခန္ဓာကိုယ်ထဲသို့ အားမာန်ပါပါ ထိုးသွင်းလိုက်ရာ သူတို့နှစ်ယောက်စလုံးလည်း တစ်ပြိုင်တည်း ကျေနပ်အားရတဲ့ ပင့်သက်ရှိုက်သံများ ထွက်လာခဲ့လေ၏။ 


ရွှီချင်းသည်လည်း ရူးသွားတော့မလို ခံစားနေရလျက်။ သူ့အပေါ်မှ လီချန်ဖုန်းမှာ အလျင်စလို ကဆုန်ပေါက်ပြေးရမယ်ဆိုတာကိုသာ သိသော သန်စွမ်းလွန်းတဲ့ မြင်းရိုင်းတစ်ကောင်ပြေးနေသကဲ့သို့ပင်။ အားကောင်းလှတဲ့ ကြည်နူးပျော်ရွှင်မှုက သူ့ရဲ့ဆင်ခြင်တုံတရားကို လွှမ်းမိုးသွားကာ ထိုလူရဲ့ရူးသွပ်မှုနောက်ကိုသာလိုက်သွားနိုင်ပြီး ထပ်ခါထပ်ခါ အထွတ်အထိပ်ရောက်နေခဲ့ရလျက် အဆုံးမရှိတဲ့ သာယာမှုတွင် ဆက်လက်၍ မွေ့လျော်နေကြတော့သည်။ 


xxx