အပိုင်း ၃၂
Viewers 21k

Chapter 32

 -သူမလက်နာသွားပြီ၊  ခုနတုန်းက သူ့ကိုပြင်းထန်စွာ မရိုက်လိုက်သင့်ပေ။



လူတိုင်းက ဤရပ်ကွက်ထဲရှိ လူအားလုံးကိုသိနေကြကာ ယခင်တုန်းကဆိုလျှင် အမျိုးသမီးအတွင်းခံများခိုးခံရခြင်း၊ ရေချိုးသည်ကိုချောင်းကြည့်ခံရခြင်းစသည့် ကိစ္စများက တစ်ခါမှမရှိခဲ့ပေ။ ဒီလိုကိစ္စမျိုးသည် ဘယ်သူ့ဆီမှာမှလည်း မဖြစ်ခဲ့ဖူးပေ။


ထုံရွှယ်လူပြောသည်များကိုနားထောင်ပြီးသောအခါ ကိစ္စရပ်များက ရိုးရှင်းပုံမပေါ်တော့ချေ။


သူတို့ရပ်ကွက်ထဲတွင် နှာဘူးတစ်ယောက်ရှိနေခြင်းက အနာဂတ်တွင် ပြသနာများစွာကို ဖြစ်လာစေလိမ့်မည်။


အဖွားလင်းက ထခုန်ကာ အော်ပြောလာသည်။

“ငါတို့တွေ စစ်ဆေးနေစရာတောင် မလိုဘူး၊ သူဘဲတရားခံဖြစ်လိမ့်မယ်၊  သူမရောက်ခင်တုန်းကဆိုရင် ငါတို့ဆီမှာ ဒီလိုကိစ္စမျိုးတစ်ခါမှမဖြစ်ခဲ့ဘူး‌လေ၊ သူကလွဲပြီး ဘယ်သူရှိမှာလဲ”


အမေရှူကလည်း အဖွားလင်းကိုကြည့်လိုက်သည်။

“နင်ပြောတာမှန်တယ်၊ မနေ့ကငါတို့သူ့ကိုရိုက်ခဲ့လို့ သူကလက်တုံ့ပြန်တာဖြစ်မယ်”


၎င်းက လူတိုင်းကို သဘောတူသွားစေသည်။

“ငါတို့တွေ ဒီအတိုင်းလွှတ်ပေးလိုက်လို့မရဘူး၊ ရဲစခန်းကိုအကြောင်းကြားရမယ်”


“ပြီးတော့ ခေါင်းဆောင်တွေကို ထုံမိသားစုတစ်ခုလုံးကို သူတို့လာတဲ့နေရာဆီပြန်ပို့လိုက်ဖို့ ‌တောင်းဆိုရမယ်”


ထုံရွှယ်လူက မယုံနိုင်စွာကြည့်လိုက်မိသည်။

“ကျွန်မတော့ အဲ့လိုမထင်ဘူး၊ ကျွန်မဝမ်းကွဲက အမျိုးသမီးတစ်ချို့ရဲ့တင်ပါးကို မဖွယ်မရာထိ‌ခဲ့ပေမယ့် အဲ့ဒါကမလျော်ကန်ဘူးဆိုတာ သူသိသွားပါပြီ၊ သူမဟုတ်ဘူးဆိုတာ ကျွန်မသေချာတယ်”


အမေရှူက ပြောလိုက်သည်။

“အမလေး နင်သာ ပြန်မပြောရင် အဲ့ဒီကိစ္စကို ငါမေ့တော့မလို့၊ အဲ့ဒီ***ကောင်က အဲ့လိုကိစ္စမျိုးတောင်လုပ်နိုင်မှတော့ ငါတို့အတွင်းခံတွေကိုခိုးတာလည်း သူဘဲဖြစ်လိမ့်မယ်”


ထုံရွှယ်လူက အနည်းငယ်စိတ်လှုပ်ရှားသည့် ပုံစံဖြစ်နေ၏။

“မဟုတ်၊ မဟုတ်ဘူးနော် ကျွန်မပြောတာနားထောင်ပါဦး ကျွန်မရဲ့ဝမ်းကွဲက အဲ့လိုလူမျိုးမဟုတ်.....”


ဒေါ်လေးချိုင်က ပြောလာသည်။

“ရွှယ်လူရေ ‌နင်ကလိမ္မာတဲ့ကလေးဆိုတာ ငါတို့သိပါတယ်၊ ဒါပေမယ့် နင်က လူတွေကိုကောင်းကောင်းအကဲခတ်တတ်အောင် လေ့လာဖို့လိုတယ်”


“‌နင်တို့‌မွေးရပ်မြေက အဲ့ဒီလူတွေရောက်လာကတည်းက သူတို့ကိုယ်သူတို့ မြေရှင်ပဒေသရာဇ်ခေတ်က အိမ်ကြီးရှင်တွေလို နင်တို့ကိုခိုင်းစားနေတာ၊ စက်ရုံကခေါင်းဆောင်တွေကိုလည်း ဒီကိစ္စကို အသိပေးရမယ်”


အခြားသူများကလည်း ဒေါ်လေးချိုင်ပြောသည်ကို သဘောတူ‌ကြ၏။

“သူတို့က နေ့တိုင်းအသား၊ငါးဘဲ‌စားနေတာ မဟုတ်ရင်လဲ အစိုးရစားသောက်ဆိုင်မှာသွားစားနေတာ မြေရှင်ကြီးလိုဘဲ”


“အဲ့‌ဒါပြောတာပေါ့၊ သူတို့က ထုံတကျွင်းတို့လင်မယားသေဆုံးမှုအတွက်ရတဲ့ နစ်နာကြေးတွေကို သုံးဖြုန်းနေတာ၊ သူတို့အားလုံးက ဂရုမစိုက်သလို ဖြုန်းတီးနေပေမယ့် ကလေးတွေကျ ဘာတစ်ခုမှမရဘူး”


သူတို့ပိုပြီးပြောလေလေ ပိုပြီးဒေါသထွက်လာလေဖြစ်သည်။ သူတို့ကအလျင်အမြန်ပင် ဘယ်သူတို့ကစက်ရုံခေါင်းဆောင်များဆီသွားပြီး ဘယ်သူတို့ကရဲစခန်းသို့ သွားတိုင်မည်ဟု လူခွဲလိုက်ကြသည်။


အမျိုးသမီးကြီးများ၏ လုပ်နိုင်စွမ်းက အထင်သေးစရာမရှိပေ။ သူတို့က လူခွဲပြီးသည်နှင့် ချက်ချင်းပင် သူတို့၏တာဝန်များကိုလုပ်ဆောင်လိုက်ကြသည်။


ထုံရွှယ်လူက အာ့ခန်း၏လက်ပုံစံလုပ်လိုက်သည်။

“မဟုတ်၊ အဒေါ်တို့မသွားပါနဲ့ ကျွန်မပြောတာကို နားထောင်ပေး.....”

(Tn: အာ့ခန်းရဲ့လက်ဆိုတာက ဇာတ်ကားထဲမှာ အာ့ခန်းက လက်ဆန့်ပြီး မသွားနဲ့ဆိုပြီး တားနေတဲ့ပုံပါ)


ဒေါ်လေးချိုင် ထုံရွှယ်လူကို လက်ရမ်းပြလိုက်သည်။

“ရွှယ်လူ နင်သွားပြီးနားနေလိုက် ဒီကိစ္စကို ငါတို့တာဝန်ယူလိုက်မယ်”


ထိုသို့ပြောပြီးနောက် ဒေါ်လေးချိုင်က နောက်လှည့်မကြည့်ဘဲ ထွက်သွားလေသည်။


လူတိုင်းထွက်သွားသောအခါ ထုံရွှယ်လူ၏မျက်နှာပေါ်၌ ပါးချိုင့်လေးနှစ်ခုထွက်ပေါ်လာသည်။


ဟုတ်ပြီ၊ သွားပြီး ပြသနာရှာလိုက်၊ ပိုပြီးကြီးကျယ်လေလေ ပိုကောင်းလေဘဲ။


***

ဆူဆူညံညံလုပ်တတ်သောမိန်းမတစ်အုပ်က သူ့ရုံးခန်းထဲရောက်လာသဖြင့် အုပ်ချုပ်ရေးရုံး၏ဥက္ကဌက သူတို့၏နှာခေါင်းရှူံ့သံများဖြင့်တင် ခေါင်းကိုက်နေပြီဖြစ်သည်။


“နင်တို့တွေ အထင်မှားနေတာများလား၊ အဲ့ကလေးက အခုမှ အသက်14နှစ်ဘဲရှိသေးတယ်လို့ ငါကြားတယ်၊ သူကအဲ့လိုလုပ်ရဲမယ်လို့ ငါမထင်ဘူး”


“အမလေး သူကအရမ်းကို လုပ်ရဲနေတာပါ”


ဒေါ်လေးချိုင်က ကျယ်လောင်စွာအော်ပြောလိုက်သည်။

“ကျွန်မတို့ ရပ်ကွက်ထဲက မိသားစုလေးခုက အတွင်းခံတွေအခိုးခံလိုက်ရတာ၊ သူမလာခင်တုန်းကဆို တစ်ခါမှဒီလိုမဖြစ်ခဲ့ဖူးဘူး”


‘အတွင်းခံ’ဟူသောစကားလုံးကိုကြားသောအခါ အုပ်ချုပ်ရေးမှူး၏နှုတ်ခမ်းများက ပြင်းထန်စွာတွန့်လိမ်သွားသည်။ 


“ဟုတ်ပြီ ဟုတ်ပြီ၊ ဆူ‌‌ဆူညံညံမလုပ်နေနဲ့တော့ နင်တို့နဲ့အတူ ဒီကအလုပ်သမားတစ်ချို့ကို ငါထည့်ပေးလိုက်မယ်”


အုပ်ချုပ်ရေးရုံးမှ စီမံခန့်ခွဲရေးလက်ထောက်နှစ်ယောက်နှင့် ရဲများက ရပ်ကွက်ထဲသို့ရောက်သည့်အချိန်တွင် ပေဟယ်မှထိုထုံမိသားစုက အခုမှအစိုးရ‌စားသောက်ဆိုင်က ပြန်ရောက်လာခြင်းဖြစ်သည်။


သူတို့အုပ်စုက လူချမ်းသာများလိုပင် ‌‌ဗိုက်ကိုပွတ်ပြီး အထဲဝင်လာကြ၏။


စွင်းကွေ့လန်က သွားကြားထိုးကာပြောလာသည်။

“အမေ ဒီနေ့စားခဲ့တဲ့ အသားပေါက်စီက အရမ်းကောင်းတာဘဲ၊ မနက်ဖြန်ထပ်သွားရအောင်”


သို့သော် ထုံအာ့ကျူက ဝင်ပြောလာ၏။

“အသားပေါက်စီဘဲ နေ့တိုင်းစားနေရတာ ငြီးငွေ့လာပြီ၊ မနက်ဖြန်ကျ ဖက်ထုပ်ပြောင်းစားရအောင်”


ကျယ်ကျင်းဟွာ ဂရုမစိုက်စွာပြန်ဖြေ၏။

“ဘာလို့ရွေးချယ်နေမှာလဲ၊ ဒီအတိုင်းနှစ်မျိုးလုံးမှာလိုက်လို့ရတယ်”


ဘယ်လိုဘဲဖြစ်ဖြစ် သူတို့ပိုက်ဆံကုန်သွားသည်နှင့် ထုံရွှယ်လူက ထပ်ပေးလာလိမ့်မည်။


ထို့အပြင် သူမက ယွမ်2000ရဦးမည်ဖြစ်သဖြင့် ကျယ်ကျင်းဟွာက သူမအရင်ကနေခဲ့သလို ခါးစည်းကို တင်းနေစရာမလိုတော့ဘူးဟု ခံစားလိုက်မိသည်။


အမှန်တွင် ထုံတကျွင်းတို့လင်မယားက လတိုင်းတွင် သူတို့၏လစာတစ်ဝက်နီးပါးကို အိမ်သို့ပို့ပေးလေ့ရှိကာ ထုတ်‌လုပ်ရေးအသင်းမှ အခြားမိသားစုနှင့်ယှဉ်လျှင် ထုံမိသားစု၏လူနေမှုအဆင့်အတန်းက အမြဲလိုလိုကောင်းမွန်နေခဲ့ပေသည်။


ကံမကောင်းသည်မှာ လောဘသည်အတောမသတ်နိုင်ခြင်းဖြစ်သည်။ ထုံတကျွင်းတို့လင်မယားသည် သူတို့၏အလုပ်နေရာများကို မလွှဲပေးသဖြင့် ကျယ်ကျင်းဟွာတို့က အမြဲလိုလိုပင်မပျော်မရွှင်ဖြစ်နေခဲ့ကြသည်။


ဤစကားများသည် ခြံဝင်းထဲရှိ လူများ၏နားထဲဝင်သွားကာ သူတို့ကအလွန်အကျင့်စာရိတ္တဖောက်ပြားနေသည့်လူများဖြစ်ကြောင်း သက်သေပြလိုက်သလိုဖြစ်သွားသည်။


ရဲအရာရှိတစ်ယောက်က မျက်မှောင်ကြုတ်ကာ အော်ဟစ်လာသည်။


“မင်းတို့ထဲက ဘယ်သူက ထုံယန်လျန်လဲ”


ထုံမိသားစုမှသူများက ထိုအော်သံကိုကြားသောအခါမှ ခြံထဲတွင်ရပ်နေသည့်သူများကို သတိထားမိသွားသည်။ ထို့အပြင် သူတို့ထဲမှနှစ်ယောက်သည် ရဲများဖြစ်နေသည်။


ထုံမိသားစုဝင်အားလုံးက ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ထုံယန်လျန်က ဖြူဖျော့သွားလေသည်။


ယမန်နေ့ညက အိမ်ကိုမီးရှို့မည်ဟုခြိမ်းခြောက်ခဲ့သည်ကို အမေရှူတို့က ရဲတိုင်လိုက်ခြင်းဖြစ်မည်ဟု သူထင်လိုက်သည်။ သူ့ခြေထောက်များက မထိန်းချုပ်နိုင်စွာ တုန်ယင်လာ၏။


ထုံအာ့ကျူက ပြောလာသည်။

“အကိုရဲအရာရှိ၊ ဘာလို့.....ထုံယန်လျန်ကိုရှာနေတာလဲဟင်”


အကိုတဲ့လား။


ရဲအရာရှိက ထုံအာ့ကျူး၏ အသားမဲပြီး မငယ်တော့သောမျက်နှာကိုကြည့်ကာ ပို၍မပျော်မရွှင်ဖြစ်လာသည်။

“ခင်ဗျားက ထုံယန်လျန်လား”


“ကျွန်တော်မဟုတ်ပါဘူး”


ထိုရဲက ချက်ချင်းပင် မျက်မှောင်ကြုတ်သွားသည်။

“ဒါဆိုဘာလို့ စကားထပြောတာလဲ၊ ထုံယန်လျန်‌ ...ဘယ်သူကထုံယန်လျန်လဲ အခုချက်ချင်း ကိုယ့်ကိုကိုယ်ထုတ်ဖော်ပြောပြပါ”


ထုံယန်လျန်၏လက်များက တုန်နေကာ တစ်ကိုယ်လုံးလည်းအပါအဝင်ဖြစ်သည်။ သူက ဆောင်းရာသီတွင် ကြွေကျတော့မည် သစ်ရွက်လိုယိမ်းခါနေ၏။


ရုတ်တရက်ဆိုသလိုပင် သူက စိတ်လွတ်သွားပြီး အလွန်တုံးအသောဆုံးဖြတ်ချက်ကို ပြုလုပ်လိုက်သည်။---


သူကနောက်လှည့်ကာ ဝင်ပေါက်ဆီသို့ ပြေးသွားလိုက်သည်။


ရဲအရာရှိက ခဏလောက်ထိတ်လန့်သွားပြီးနောက် ချက်ချင်းလိုက်ဖမ်းလေသည်။


“မင်းအဲ့ဒီမှာရပ်လိုက်စမ်း”


ထုံယန်လျန်က ဝင်ပေါက်သို့မရောက်သေးခင်မှာဘဲ ဖမ်းချုပ်ခြင်းကိုခံလိုက်ရသည်။


ထုံရွှယ်လူက ထုံယန်လျန်၏တုံးအမှုကြောင့် အံ့ဩသွားသည်။


သူ၏တုံးအမှုနှင့်ဆိုပါက သူမကထောင်ချောက်ဆင်ရန်လုပ်နေခြင်းသည် အချိန်ဖြုန်းခြင်းသာဖြစ်သည်။


ထုံမိသားစုဝင်အားလုံးက တုန်လှုပ်သွားကြကာ ဘယ်သူမှမလှုပ်ရဲပေ။


နောက်‌ဆုံးတွင် စွင်းကွေ့လန်၏မိခင်စိတ်က အကြောက်တရားကိုကျော်လွှားသွားကာ တုန်တုန်ယင်ယင်ဖြင့် ပြောလာ၏။

“ရဲအရာရှိ ဘာလို့ ဘာလို့ကျွန်မသားကို ဖမ်းတာလဲ”


ထိုရဲက ‌မပျော်မရွှင်ဖြင့်မေးလာသည်။

“ထုံယန်လျန်က ခင်‌ဗျားရဲ့သားလား”


“ဟုတ်ပါတယ်”


“ဒါဆိုကောင်းပြီလေ၊ ဒီမှာနေတဲ့သူတွေက သူကို မိန်းမအတွင်းခံတွေကိုခိုးတဲ့အပြင် မီးရှိူ့ပြီးလူသတ်မယ်လို့ပြောတာတွေကြောင့် အမှုဖွင့်ထားတယ်”


ထုံယန်လျန်က ဒေါသထွက်သွားသည်။

“မဟုတ်ဘူး ကျွန်တော်မလုပ်ခဲ့ဘူး”


“ဒါဆိုရင် ဘာလို့ထွက်ပြေးတာလဲ၊ အသိအသာကို မင်းမှာဖုံးကွယ်ထားတာရှိနေလို့ပေါ့”


အခြားမိသားစုများကလည်း အနားတွင်စုဝေးနေ၏။


အမေရှူက ခက်ထန်စွာခေါင်းညိတ်ပြလိုက်သည်။

“အဲ့ဒါအမှန်ဘဲ၊ ဘာမှမလုပ်ထားရင် ဘာလို့ထွက်ပြေးမှာလဲ၊ အတွင်း‌ခံတွေကိုခိုးတာ သူဘဲဖြစ်ရမယ်”


“ပါးစပ်ပိတ်ထား***$စောင့်အဖွားကြီး”


ထိုသို့ပြောလာသူက အမေရှူဖြစ်သည်ကိုမြင်သောအခါ အရင်နေ့က အရိုက်ခံခဲ့ရသည်များကို ပြန်သတိရသွားပြီး ရန်ငြိုးပေါ်ရန်ငြိုးဆင့်ကာ အခုချိန်တွင် အမေရှူအား သတ်ချင်လာ၏။


အမေရှူက မေးကိုမော့ကာ ပြောလိုက်သည်။

“ရဲအရာရှိကြားတဲ့အတိုင်းပါဘဲ ‌ဒီကောင်လေးက ကျွန်မ‌အပေါ်ရန်ငြိုးထားနေတာ၊ မနေ့တုန်းကဆိုရင် ကျွန်မတို့တစ်မိသားစုလုံးကို မီးရှိူ့သတ်မယ်လို့ ပြောခဲ့တယ်၊ ဒီကလူအများကြီးလည်း သူပြောတာကိုကြားလိုက်ပါတယ်”


ထုံယန်လျန်က ချက်ချင်းငြင်းဆန်လာ၏။

“မဟုတ်ဘူး၊ ကျွန်တော်မပြောခဲ့ဘူး”


“သူညာနေတာပါ ရဲအရာရှိ၊ မနေ့တုန်းက ကျွန်မလည်း သူပြောတာကိုကြားခဲ့ပါတယ်”


“ကျွန်မရောဘဲ……”


လူတိုင်းက သူပြောတာကိုကြားခဲ့ကြောင်း ဝင်ထောက်ခံလာကြသည်။


ထုံယန်လျန်၏မျက်နှာကစိမ်းသွားကာ ထုံမိသားစုဝင်များကလည်း အတူတူပင်။


ထုံရွှယ်လူက လျှောက်လာပြီး စိတ်ပူစွာကြည့်လာ၏။

“လျန်လျန် နင်သာအမှန်အတိုင်း ဝန်ခံလိုက်ရင် တရားဥပဒေက နင့်အပေါ်ညှာတာမှာပါ၊ ဘာလို့လူတိုင်းကိူ အမှန်တိုင်းမပြောပြတာလဲ”


လျန်လျန်ဟုခေါ်သံကို ကြားကြားချင်းပင် ထုံယန်လျန်၏ထိုနေရာကို ထိုးနှက်လိုက်သလို နာကျင်‌သွားစေ၏။


ရဲမေက ရှေ့တက်ပြီးဝင်ပြောလာသည်။

“ဒီရဲဘော်ပြောတာအမှန်ဘဲ၊ နင်သာအမှန်အတိုင်း ဝန်ခံရင် တရားဥပဒေက ညှာတာပေးလိမ့်မယ်၊ နင့်ကိုအမှန်အတိုင်းပြောဖို့ အကြံပေးချင်တယ်၊ နောက်ပိုင်းကျမှ ငါတို့ဘာသာရှာတွေ့သွားရင် ပြစ်ဒဏ်ကပိုဆိုးလိမ့်မယ်”


အပြစ်ဒဏ်က ပိုဆိုးလာမည်ကို ကြားလိုက်ရသောအခါ စွင်းကွေ့လန်က အလျင်အမြန်ပင် သူမ၏သားကိုပြောလိုက်သည်။

“ယန်လျန် သားဘာလို့အမှန်အတိုင်းဘဲ မပြောပြလိုက်တာလဲ”


ထုံယန်လျန်က ထစ်ထစ်ငေါ့ငေါ့ဖြင့်ပြောလိုက်သည်။

“ဟုတ်တယ် ကျွန်တော်အဲ့လိုပြောခဲ့မိပါတယ်၊ ဒါပေမယ့် မိန်းကလေးရဲ့တင်ပါးကို မဖွယ်မရာထိပါးတာမျိုး မလုပ်ခဲ့ပါဘူး၊ ကျွန်တော်က ကြောက်‌သွားအောင်ပြောလိုက်တာပါ”


အမေရှူက နှံကောင်ကဲ့သို့ပင် သုံးပေအမြင့်ထိ ထခုန်လာသည်။


“ငါကနင့်ကိုစွပ်စွဲလို့လား၊ နင်ကတကယ်ဘဲ မိန်းကလေးတစ်ယောက်ကို ထိပါးခဲ့တာလေ”


ထုံယန်လျန်က ဒေါသဖြင့်အံကြိတ်လိုက်သည်။

“မဟုတ်ဘူး ကျွန်တော်မလုပ်ခဲ့ဘူး၊ *** စောက်အဖွားကြီး ခင်‌ဗျားက မဟုတ်တာတွေလျှောက်ပြောနေတာ၊ ကျွန်တော်လုပ်မိတော့မယ်”


စွင်းကွေ့လန်က သူမ၏သားဘက်မှကူပြောလာသည်။

“ငါ့သားပြောတာမှန်တယ်၊ နင်ကဒီလိုမဟုတ်တာတွေဘဲ လျှောက်ပြောနေမယ်ဆိုရင် ငါနင့်ကို ရဲတွေနဲ့ဖမ်းခိုင်းလိုက်မယ်”


“ငါပြောသမျှကအမှန်ဘဲ၊ ရဲစခန်းရောက်ရင်လဲ ဒါတွေကိုပြောနေဦးမှာ၊ နင့်သားက မိန်းမတစ်ယောက်ရဲ့တင်ပါးကိုထိပါးခဲ့လို့ အကန်ခံရပြီး သူ့မိသားစုရတနာကျိုးသွားတာလေ”



“……”