အပိုင်း ၄၂
Viewers 10k

Chapter 42




ကျုံးယို့ယို့ တစ်ယောက် အတန်းဖော်တွေ၏ မျက်နှာ‌တွေကိုကြည့်ရင်း သူမ‌ မေးခွန်းတွေ မေးခံရတော့မည်ကို ခံစားမိသည်။ သူမကြောက်တာက သူတို့ ဒီယနေ့ နေ့လည် သူမကိုအိပ်ခွင့်မပြုမှာကိုပင်။


သို့သော်ငြား သူမ စာသင်ခန်းထဲသို့ မ၀င်မီ မဖိတ်ခေါ်ထားသည့် ဒုတိယဧည့်သည်နှင့် တွေ့ရမည် မထင်ထားခဲ့ပေ။


မုန့်ရှစ်ရွမ်သည် ရောဂါကြီးကြီးမားမားဖြစ်နေသကဲ့သို့ သူမမျက်နှာသည် စာရွက်တစ်ရွက်လိုမျိုး ‌ဖြူဖျော့နေသည်။ သူမမျက်နှာအမူအရာက ပျော့ပျောင်းနေပြီး သူမကို ရပ်တန့်စေရန် အော်ခေါ်လိုက်၏။


"ယို့ယို့  စကားပြောရအောင်လား "


ကျုံးယို့ယို့ သူမနားလည်ရခက်စွာဖြင့် ခေါင်းကို လှည့်လိုက်ပြီး သူမကို စိုက်ကြည့်နေလိုက်သည်။

"နင် ငါ့ကို ရှာနေတာသေချာရဲ့လား "


လီသုန်းဖျင်သည် အနည်းငယ်အံ့ဩသွား၏။ ကျုံးယို့ယို့သည် ဘာကြောင့် ပြိုင်ပွဲဆိုင်ရာအတန်းက ကျောင်းသူကို သိနေရသနည်း။ မုန့်ရှစ်ရွှမ်က သူမရဲ့ အမှတ်တွေကြောင့် တတိယနှစ်အတန်းအားလုံးမှာ နာမည်ကြီးသည့် ထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်၏။


ဤမတိုင်ခင်ကဆိုလျှင် လီသုန်းဖျင်သည် ကျုံးယို့ယို့က ပြိုင်ပွဲဆိုင်ရာတန်းမှ မုန့်ရှစ်ရွှမ်ကဲ့သို့ ကျောင်းသားတွေနှင့် စာလေ့လာသည့်အတွက်ကြောင့် သူမအဆင့်တွေ ကောင်းလာသည်ဟုထင်မိ၏။သို့သော် ဤတစ်ခေါက်စာမေးပွဲအပြီး သူသည် ထိုသို့ မတွေးတော့ချေ။


ကျုံးယို့ယို့ဆီမှာ မထုတ်ဖော်ရသေးသည့် ကြီးမားသည့်စွမ်းအင်တွေ ရှိနေသေးသည်ဟု သူခံစားမိနေသည်။ ဖြစ်နိုင်တာက ထိုအရာများ ဖော်ထုတ်လိုက်သည်နှင့် အဖျက်စွမ်းအားကြီးသည့် ဗုံးတစ်လုံးဖြစ်ပြီး မုန့်ရှစ်ရွှမ်ထက်ပင် အားကောင်းလိမ့်မည်ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူ၏အတန်းထဲမှ ကျောင်းသားများသည် အထူးတန်းမှသူများကို ရှုံးလိမ့်မည်ဟု မတွေးမိချေ။

 

" ကျုံးယို့ယို့ ဒါဆို မင်းသူငယ်ချင်းနဲ့ စကားပြောပြီးတာနဲ့ မြန်မြန်ပြန်လာပြီး အနားယူချေ။ ပြိုင်ပွဲက ရက်နည်းနည်းနေရင် စတော့မှာမို့ မင်း အားအင်တွေပြည့်အောင်လုပ်ထားရမယ် "


ကျုံးယို့ယို့သည် ဆရာက ထန်စန်းနဲ့ဆင်တူသည်ဟု တွေးကာ

 "ဟုတ်ကဲ့ပါ ဆရာ "


လီသုန်းဖျင်က ကျုံးယို့ယို့၏ သဘောတူသည့် မျက်လုံးများကိုမြင်သော် သူကပြုံးလိုက်ရင်း သူမခေါင်းကို ပွတ်သပ်ကာ သင်ထောက်ကူများကို သယ်၍ ရုံးခန်းဆီသို့ ပြန်သွားခဲ့၏။


မုန့်ရှစ်ရွှမ်၏ မျက်နှာပေါ်က သွင်ပြင်သည် အနည်းငယ် ပြောင်းလဲသွား၏။

"နင်က ပြိုင်ပွဲမှာ ပါချင်တာလား "


ကျုံးယို့ယို့သည် သူမမျက်နှာပေါ်က အကြည့်ကို သတိပြုမိပြီး သူမနှုတ်ခမ်းတွေကို ပင့်လိုက်ရင်း ပြောလိုက်၏။


"ဟုတ်တယ်လေ အဲ့ဒါက နင်နဲ့ တစ်ခုခုဆိုင်လို့လား ။ ဘာပြောချင်လို့ ဒီကိုရောက်လာတာလဲ "

 

မုန့်ရှစ်ရွှမ်သည် သူမနှုတ်ခမ်းတွေကို တင်းတင်းစိထားရင်း မျက်လုံးတွေကို ပင့်ကာ တန်းခွဲ (၁၉)ကို ကြည့်လိုက်၏။


တန်းခွဲ (၁၉)မှ ကျောင်းသားများသည် ထက်မံ ရှော့ရကာ လန့်ဖျပ်သွားလေ၏။ကျုံးယို့ယို့၏ အလှနှင့် အဆင့်က တဟုန်ထိုး မြင့်မားလာပြီးကျောင်းပန်းကလေးကတောင် သူမကို သိလာသည်အထိလား။ မုန့်ရှစ်ရွှမ်၏ ထူးချွန်သည့် ပင်ကိုစရိုက်နှင့် ပုံသဏ္ဍာန်ကိုကြည့်ရင်း ကျုံးယို့ယို့ ကံကောင်းလွန်းသည်ဟု တွေးနေကြသည်။  


 မဟုတ်သေး‌ချေ ။ ကျုံးယို့ယို့၏ အမှတ်တွေက ကောင်းလွန်းသောကြောင့် သူမသည်လည်း အံဩဖွယ်ကောင်းအောင် လှပသူဆိုတာကို သူတို့မေ့ခဲ့ကြသည်။


ရှစ်ယိမုန့်က နှာမှုတ်လိုက်ပြီး ကောင်လေး၏ ခေါင်းနောက်ဘက်ကို တည့်တည့်စိုက်ကြည့်ရင်း ဖက်ခနဲ ရိုက်လိုက်၏။


"မင်းကဘာကြည့်တာလဲ ငါတို့အတန်းထဲက ကျုံးယို့ယို့က ဘာတွေမရှိလို့လဲ တခြားအတန်းက ပလပ်စတစ်ပန်းအတုတွေထက် ပိုမွှေးတယ်ဆိုတာမသိဘူးလား"


ကျောင်းသားလေးက ထိတ်လန့်ခြင်းမှ သက်သာလာပြီးသည့်နောက် မုန့်ရှစ်ရွှမ်နှင့် ကျုံးယို့ယို့ကို သေချာနှိုင်းယှဉ်ကြည့်လိုက်သည်။


သူတို့နှစ်ယောက်၏ ပင်ကိုစရိုက်တွေကို လုံးလုံး ကွဲပြားသည်ဟုပြောရမည်။ တစ်ယောက်က တောက်ပတက်ကြွကာ ကျန်တစ်ယောက်က ကျက်သရေရှိ၏။ မုန်လာဥနီနှင့် ဂေါ်ဖီထုပ်ကို ရွေးချယ်ရာတွင် သူမတို့နှစ်သက်သည်က  ကွာခြားနိုင်သော်လည်း မျက်နှာဝိသေသ လက္ခဏာများ၌ ကျုံးယို့ယို့က အမှန်တကယ် ပိုသာလေ၏။ 


သို့သော် ကျုံးရှစ်ရွမ်က ပန်းအတုဖြစ်သည်လား ။ ရှစ်ယိမုန့်က အရမ်းဘက်လိုက်နေသည်။ 


"ဒီမှာသိပ်မကောင်းဘူး။ တိတ်ဆိတ်တဲ့ နေရာရှာကြရအောင် "


မုန့်ရှစ်ရွှမ်၏မျက်နှာသည် ကျွန်မကို 'သနားကြပါ'ဆိုတဲ့ ပုံစံမျိုး အမြဲတမ်းရှိကာ ဤတစ်ကြိမ်၌ တောင်းပန်သည့် ပုံပါ ရှိနေလေ၏။


ကျုံးယို့ယို့သည် လက်ပိုက်လိုက်ပြီး သူမမျက်နှာက အေးတိအေးစက်ဖြစ်ကာ အနည်းငယ်စိတ်မရှည်ဖြစ်နေလေ၏ ။ အကြောင်းမသိသည့်သူတွေသာ ဒါကို မြင်ခဲ့မည်ဆိုပါက  ကျုံးယို့ယို့သည် မုန့်ရှစ်ရွှမ်ကို တစ်ခုခုလုပ်ထားသည်ဟုပင် ထင်ကြလိမ့်မည်။


ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ ကျုံးယို့ယို့သည်လည်း ၀တ္ထုကို ဖတ်ထားသည့်လူဖြစ်ကာ မုန့်ရှစ်ရွှမ်ကို ကောင်းကောင်းသိပါ၏။ ယနေ့ မုန့်ရှစ်ရွှမ် သူမဆီသို့လာရသည့် အကြောင်းအရင်းကိုလည်း သူမခန့်မှန်းပြီးသားဖြစ်သည်။ ဒီမှာရပ်နေခြင်းက တကယ်မကောင်းပေ။ သူမ အိတ်ထောင်ထဲ လက်ထည့်ကာ မျက်မှောင်တွန့်ရင်း


"ကောင်းပြီလေ သွားရအောင်"


ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းဆောင်တွေကြားမှာ မြက်ခင်းပြင်လေးတစ်ခုရှိပြီး ဘေး၌ သစ်သားခုံ ရှိသည်။ နေ့လည်ခင်း အချိန်ဖြစ်၍ ဤနေရာသည် နေအလွန်ပြင်းသဖြင့် မည်သူမှ လာလေ့မရှိပါ။ နေရာလေးက တိတ်ဆိတ်လွန်း၍ မိမိ၏ အသက်ရှုသံကိုပင် ကြားနိုင်လေသည်။


ကျုံးယို့ယို့သည် လက်ပိုက်ထားရင်း ရှေ့မှလျှောက်နေခဲ့သည်။ သူမရောက်ခါနီးသောအခါ ရပ်တန့်လိုက်ပြီး နောက်လှည့်ကာ မုန့်ရှစ်ရွှမ်အား တစ်ချက်ကြည့်လိုက်၏။

"ပြောတော့ "


သူမအရပ်သည် မုန့်ရှစ်ရွှမ်၏ အရပ်နှုင့် တူတူလောက်ရှိပြီး မုန့်ရှစ်ရွှမ်သည် မြင်မြင်ချင်း၌ပင် သိမ်မွေ့ပြီး သူမရဲ့အားအင်နဲ့အရည်အချင်းပေါ်၌ ယုံကြည်မှုရှိလေသည်။ အချိန်အနည်းငယ်ကြာသော် မုန့်ရှစ်ရွှမ်သည် သူမပြောလိုက်သည့်စကားကြောင့် ဒေါသထွက်သွားပြီး သူမဆံပင်ကို ဆွဲချင်လာခဲ့သည်။ ဘယ်သူကို ဘယ်သူ့ကိုရိုက်မည်နည်း ။ 


ကျောင်းက အတော်လေးလုံခြုံသည်။ကျုံးယို့ယို့သည် လည်း မုန့်ရှစ်ရွှမ်က ကိစ္စကြီးကြီးမား လုပ်လောက်မည်ဟု မထင်ပါ။


" ဒါဆို ငါတည့်ပဲပြောတော့မယ်နော်"

မုန့်ရှစ်ရွှမ်က သူမနှုတ်ခမ်းတွေကို ကိုက်ပြီးပြောလိုက်သည်။


"ယို့ယို့ အိမ်ပြန်လာလို့ရမလား။ဒီရက်ပိုင်း မိဘနှစ်ယောက်က နင်အိမ်ကထွက်ပြေးသွားလို့သောကရောက်နေကြတယ်။ မာမားတို့က မစားနိုင်၊မအိပ်နိုင်ဖြစ်နေကြတယ်၊နင် ကိုယ့်မိဘတွေကို ဒီလိုမျိုး ပူပန်အောင် မလုပ်ရဘူးလေ"


ကျုံးယို့ယို့က သရော်လိုက်ပြီး 

"ဂရုမစိုက်ဘူး"


မုန့်ရှစ်ရွှမ်က ကျုံးယို့ယို့သည် သူမအား တမင်သက်သက် ဆန့်ကျင်နေသည်ဟုထင်ကာ ပြော၏။


" နင်ဒေါသထွက်လို့ ဒီလိုပြောမှန်းငါသိပါတယ် နင်အိမ်ပြန်လာပြီး ငါတို့သင့်သင့်မြတ်မြတ်နေကြလို့မရဘူးလား"


ကျုံးယို့ယို့သည် သူမနှုတ်ခမ်းကိုပင့်ရင်း

" နင်ပြောချင်တာက ငါကနင့်ကို တမင်သက်သက် ပစ်မှတ်ထားပြီး သင့်သင့်မြတ်မြတ်မနေခဲ့ဘူးဆိုတဲ့သဘောလား "


" ငါ‌အဲ့လိုဆိုလိုချင်တာမဟုတ်ပါဘူး"

မုန့်ရှစ်ရွှမ်၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်ထားသကဲ့သို့ လင်းလက်သွားခဲ့ပြီး သူမ၏အသံဟာ ဆို့နစ်နေပြီး


" ရှစ်ကော မဟုတ်ဘူး ရှစ်ကျစ်ထန်နဲ့ပက်သက်ပြီး နင်ငါ့ကို မကျေနပ်နေတယ်ဆိုတာ ငါသိပါတယ် ငါ ငါတို့မိဘတွေနဲ့အဖိုးကို ပြောပြီး သူ့ကို နင့်ဆီပေးဖို့ပြောပေးနိုင်ပါတယ် ဒါပေမဲ့ မိဘတွေနဲ့မောင်လေး သူတို့ကို ငါရဲ့မိသားစု၀င်တွေအဖြစ် တစ်လျှောက်လုံးသတ်မှတ်လာခဲ့တာမို့ သူတို့ကို လက်လျော့လိုက်ဖို့က ငါ့အတွက် မဖြစ်နိုင်ဘူး....." 


ကျုံးယို့ယို့သည် စကားတခွန်းမှဆိုမလာခဲ့ပဲ ဘာမှလည်းမလုပ်ခဲ့ပါ။ သို့သော် မုန့်ရှစ်ရွှမ်၏ အရှက်မရှိမှုကို အလွန်အံ့အားသင့်နေခဲ့သည်။ 


သူမ နှာမှုတ်က သရော်ရင်း

" မုန့်ရှစ်ရွှမ် နင်ပြောတာနင်‌သေချာပြန်နားထောင်ကြည့်ဦး။ သူတစ်ပါးရဲ့ ကိတ်မုန့်ကို ယူသွားလိုက်ပြီးမှ ဟန်ဆောင်ပြီး 'အယ် တောင်းပန်တယ်နော် ငါနင့်ရဲ့ကိတ်ကို မတော်တဆယူမိသွားတယ် အခုငါပြန်ပေးမယ်နော် ဒါပေမဲ့ ငါ အရမ်းကြိုက်လို့  နည်းနည်းလောက်ပဲ ပြန်ပေးပြီး ကျန်တာ အကုန်ယူလိုက်မယ်‌နော်နဲ့ ဘာကွာသေးလို့လဲ "


ကျုံးယို့ယို့သည် လက်နှစ်ဖက်လုံးကို လက်ဆစ်ချိုးလိုက်ပြီး အေးစက်စွာကြည့်လိုက်ရင်း မုန့်ရှစ်ရွှမ်ဆီသို့ တစ်လှမ်းချင်းလှမ်းလာခဲ့သည်။


"ခွင့်ပြုတယ်ဆိုရအောင် နင်က ဒီမှာ ဘာအရည်အချင်းရှိလို့လဲ "


ကျုံးယို့ယို့သည် အကြင်နာကင်းစွာဖြင့် ပြောသည်။


" သူတို့က နင့်ရဲ့တကယ့်မိသားစု၀င်တွေမဟုတ်‌ဘူးလေ။ နင်ကငါ့ကို ဘာပေးမယ် ခွင့်ပြုမယ် ဆိုတဲ့စကားက နင်နဲ့တန်လို့လား "


မုန့်ရှစ်ရွှမ်၏ မျက်နှာသည် ဖျော့‌သွားတော့သည်။ သူမက ကျုံးယို့ယို့ကို စိုက်ကြည့်နေခဲ့ပြီး အံ့ကြိတ်ထားခဲ့သည်။ သူမသည် သနားစရာကောင်းဟန် မျက်နှာအမူအရာ ပြုလုပ်ထားဖို့ ကြိုးစားပေမဲ့လည်း သူမမျက်လုံးထဲ၌ အမုန်းတရားများက လျှံထွက်နေလေ၏။


" ငါ့ကို အဲ့နာမည်မခေါ်နဲ့ "


ကျုံးယို့ယို့သည် တကယ်ပင် အံ့ဩသွားသည်။ သူမက ထိုမျိုးရိုးနာမည်ကို ဘာကိစ္စကြောက်နေရသလဲ ။ထိုသို့ဆိုပါက ကျုံးယို့ယို့က သူမ၏ထိုနေရာကို ပိုပြီး မထိုးစွချင်မည်မလား။ ကျုံးယို့ယို့သည် သူမမျက်ခုံးများကို မြှင့်လိုက်ရင်း မေး၏။


" ငါကနင့်ကိုဘယ်လိုခေါ်တယ် မုန့်ရှစ်ရွှမ်လား နင်က ငါ့အသံအရမ်းကျယ်သွားပြီး အတန်းဖော်တွေကြားမှာ ကြောက်နေတာလား  "


ဤအချိန်၌ မုန့်ရှစ်ရွှမ်၏ နှလုံးသားထဲက အကြောက်တရားနှင့် အိမ်မက်ဆိုးက အရာ၀တ္ထုကဲ့သို့ ပြောင်းလဲသွားပြီး သူမရင်ထဲမှာ လျှံကျလာကာ သူမရှေ့က ကျုံးယို့ယို့ကို မုန်းတီးမှုများအဖြစ် ပြောင်းလဲသွားသည်။


ကျုံးယို့ယို့သာမရှိရင် အားလုံးအဆင်ပြေသွားပြီး ဒါတွေအားလုံးဖြစ်ပွားမည်မဟုတ်လိမ့်။ လွန်ခဲ့သည့် သုံးနှစ် ကျုံးယို့ယို့ ရောက်မလာခင်အထိ  လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်လုံး သူမဘယ်လောက်တောင်ပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ရသနည်း။ သူမသည်  ခေါင်းပေါ်မှာ ဓားမြောင်တစ်ခုချိတ်ဆွဲခံထားကသကဲ့သို့  အမြဲတမ်းကြောက်ရွံနေခဲ့ပြီး ဘယ်အချိန် ဖော်ထုတ်ခဲ့ရမလဲ မသိနိုင်ခဲ့ရပါ။


" ကျုံးယို့ယို့ ငါ့ကိုဖိအားမပေးနဲ့။မဟုတ်ရင် မဟုတ်ရင်...."


မုန့်ရှစ်ရွှမ်သည် သူမသွားတွေကိုကြိတ်ကာ မတ်မတ်ရပ်နိုင်ဖို့ ဘေးကသစ်ပင်‌အား ကိုင်ထားရပြီး သူမလေသံကလည်းပြောင်းလဲသွားခဲ့ပြီး အားနည်းမှုအရိပ်အယောင် နည်းနည်းမှ မရှိတော့ပေ။


ကျုံးယို့ယို့သည် သူမအား ကြည့်ရင်း ၀မ်းနည်းလာခဲ့သည်။


ထိုအရာက ဆွယ်တာအင်္ကျီမှ အပ်ချည်မျှင်ကို ဆွဲလိုက်သကဲ့သို့ သာသာလေးဆွဲထုတ်ပါသော်လည်း ဆွယ်တာက ပျက်စီးသွားပြီး မူလသဘာ၀က ပေါ်ပေါက်လာသည်။


"အိုး နင့်က ငါ့ကိုဘာလုပ်နိုင်မှာမို့လို့လဲ"

ကျူံယို့ယို့သည် သူမကို ရွဲ့စောင်းကာ ကြည့်နေ၏။


မုန့်ရှစ်ရွှမ်သည် သူမ၏ လက်ချောင်းများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး သူမလက်သည်းတွေသည် လက်ဖဝါးထဲသို့ စိုက်၀င်လုနီးပါးဖြစ်သည်။ သူမနှုတ်ခမ်းမှ ခါးသက်သည့်အရသာကိုလည်း ခံစားနေရပြီး

အသံသည်‌လည်း ခါးသီးနေခဲ့သည်။


 " ငါ့မှာမရှိဘူး ဒါပေမဲ့ နင့်အမေမှာ ရှိတယ်လေ ၊ နင်ငါ့ကို ဒီလိုမျိုး ဖိအားပေးနေခဲ့မယ်ဆိုရင် ငါယဉ်ကျေးမနေတာ့ဘူး၊အဲ့ဒါက ကိစ္စကြီး...ကျောက်စိမ်းက ပျက်စီးသွားလိမ့်မယ် "  


သူမသည် မုန့်ချန်ကို ရည်ညွှန်း၏ ။ ယခုအချိန်အထိ  မုန့်ချန်က သူမ၏မိခင်ဆိုသည်ကို ၀န်မခံချင်သေးပါ။


ကျုံးယို့ယို့သည် သူမစိတ်ကိုစုစည်းလိုက်ပြီး မူလပိုင်ရှင်က မုန့်ရှစ်ရွှမ်လက်ထဲမှာ ဘာထားခဲ့မှန်း သူမရှာမတွေ့ချေ။ ထိုအရာက ၀မ်းနည်းဖွယ်အတိတ်တစ်ခုထက် မပိုချေ။ သို့သော် နောက်ဆုံး၌ မူလကိုယ်က ၀တ္ထုထဲ၌ ဇာတ်လိုက်မဟုတ်ဘဲ မုန့်ချန်လက်ထဲ၌ တစ်ခုခု အရေးပါသည့်အရာရှိလိမ့်မည်။


သိုရာတွင် တစ်ခုခုရှိလျှင်တောင် ကျုံးယို့ယို့သည် ခြိမ်းခြောက်ခံမည့်သူမျိုးမဟုတ်ပါ။


သူမသည် မုန့်ရှစ်ရွှမ်၏ နောက်ကျောဘက်ကို မသိမသာကြည့်လိုက်ပြီး အနည်းငယ် မြူးကြွစွာဖြင့်

" အဲ့ဒါက နင့်အမေလေ နင်က ဒါလေးကိုတောင် ဝန်မခံရဲဘူးလား "


ထိုစကားက မုန့်ရှစ်ရွှမ်၏ အနာကို ထိုးဖောက်သွားသည်။ သူမသည် ကျုံးယို့ယို့ကို မုန်းသီးစွာ စိုက်ကြည့်နေခဲ့ပြီး လျှာစောင်းထက်လာသည့် ကျုံးယို့ယို့၏ ပါးစပ်ကို ချက်ချင်း တဟုန်ထိုးပြေးကာ ဖြဲပစ်လိုက်ချင်သည်။ ဘာကိုမှအရေးမထားသည့် ကျုံးယို့ယို့က အမှတ်တွေမြင့်ပြီး ပြိုင်ပွဲကိုတောင် ၀င်ပြိုင်လာနိုင်သည်က ဘာကြောင့်မှန်း သူမ နားမလည်နိုင်ခဲ့ပေ။