အပိုင်း ၄၆
Viewers 10k

Chapter 46





ယွမ်ယွမ်ကပြောလေသည်။

" ဒီဟာက တစ်နှစ်တစ်ကြိမ်ကျင်းပပြီးတစ်နှစ်လုံးရ‌ခဲ့တဲ့ မဲတွေကို အခြေခံပြီး ရွေးချယ်တာ နင်ကအခု တတိယနေရာမှာရှိပြီး အခန်း (၁) ကကျုံးရှစ်ရွှမ်က ရှေ့ဆုံးမှာ နံပါတ်တစ်အနေနဲ့ ရပ်တည်နေတယ် "


" အိုး " ကျုံးယို့ယို့ ပခုံးတွန့်လိုက်သည်။


" စုပေါင်းမဲဆိုမှတော့ သူမက ကျိန်းသေငါ့အထက်ရှိမှာပေါ့ "


ယွမ်ယွမ်သည် ကျုံးယို့ယို့ ဒီကိစ္စကို စိတ်ထဲထား‌လိမ့်မည် ထင်ခဲ့သော်လည်း ဒီလိုမျိုး ပေါ့ပေါ့ပါးပါး ဖြစ်နေမယ်လို့ မထင်ထားခဲ့ပါ။ ထို့အပြင် ကျုံးယို့ယို့သည် နာမည်ကြီးလာနေသူဖြစ်သော်ငြား သူမက မကြာသေးခင်ကမှသာ အများအာရုံစိုက်မှုထဲသို့ ၀င်‌ရောက်လာခဲ့သူဖြစ်သည်။ မဲရလဒ်များက အရှိန်မြှင့်လာခဲ့‌သော်လည်း အချိန်မလုံလောက်ခဲ့ပေ။ ထိုအချက်က ကျုံးယို့ယို့ကို အထိနာစေသည်။ စစ်တမ်းဒေတာတွေသာ မကြာသေးခင်က ဒေတာများသာဖြစ်ပါက ကျုံးယို့ယို့၏ မဲရလဒ်များသည် ပိုပြီးမြင့်မားနေပေလိမ့်မည်။


နှမြောစရာပင်။ သူမတို့က အထက်တန်းတတိယနှစ်ကို ရောက်နေကြပြီဖြစ်ရာဤတစ်ကြိမ်က နောက်ဆုံးရွေးချယ်မှုဖြစ်လေသည်။ သည်အကြိမ်မှာသာ ကျောင်းပန်းကလေး မဖြစ်တော့ဘူး‌ဆိုလျှင် သူမသည် အထက်တန်းကျောင်းပန်းပွင့်က‌လေးဘွဲ့ကို လုံးလုံး လွဲချော်သွားပေေတာ့မည်။


***

ကျုံးရှီယို့သည် အသင်း၏ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး သူမအတွက် စီစဉ်ပေးထားသည့် နေရာက အတော်လေးကောင်းမွန်၏။ ခုံတန်းတွေ၏ ပထမဆုံးတန်း၊အလယ်ခေါင်မှာ ဖြစ်ပြီး ကွင်းထဲက အကြည့်ခံရဆုံးနေရာဟု ပြောလို့ရသည့် ဒိုင်လူကြီး၏ ဘေးနားနီးပါးက ထိုင်ခုံနေရာဖြစ်သည်။


ယခုအချိန်က ပွဲမစခင် ငါးမိနစ်အလိုသာ ကျန်‌ရှိပြီး နေရာက လွတ်နေခဲ့ကာ မုန့်ရှစ်ရွှမ်ကို တွေ့ရရန် တကူးတကလာခဲ့သည့် သူတွေကို အံ့ဩသွားစေသည်။


ရှေ့နှစ်‌များ၌ မုန့်ရှစ်ရွှမ်သည် အမြဲတမ်းစောစောရောက်လေ့ရှိသည်။ သူမက ‌၀တ်ကောင်းစားလှ၀တ်ဆင်ကာ ထိုင်နေပြီး ရေဘူးနှင့်တဘက်ကို ကိုင်ထားကာ ကျုံးရှီယို့နှင့် သူ၏အဖွဲ့သားတွေကို အားပေးနေလိမ့်မည်။  


သူမက ဘာကြောင့် ယခုနှစ်မှာ မလာသေးသနည်း။


ကျုံးရှီယို့သည် ဒိုင်လူကြီး၏ ရှင်းပြချက်တွေကို နားထောင်နေခဲ့ပြီး အဝေးတစ်နေရာသို့ ကြည့်ကာ -' အစ်မက ဘာလို့မလာသေးတာလဲ '


သူ၏အကြည့်တွေသည် လူအုပ်ကြားထဲ ရွေ့လျားနေပြီး ကျုံးယို့ယို့၏ ပုံသဏ္ဍာန်လေးကို ရှာဖွေနေခဲ့သည်။ သူ၏မျက်လုံးတွေက ‌ရုတ်တရက်တောက်ပသွားခဲ့သည်။' သူမဒီမှာပဲ။ငါ့အစ်မက တကယ်ပဲရှိနေတယ် '

 ကျုံးယို့ယို့၏ ယခုဆယ့်ငါးမိနစ်က ခံစားချက်ကို ဘယ်အရာကမှ ဖော်ပြနိုင်မည်မဟုတ်ပါ။ သူက အရမ်းစိတ်လှုပ်ရှားနေသည်ကို သူ၏အသင်းဖော်များကတောင်ခံစားနေမိပြီး သူ၏ပခုံးကို ပုတ်လိုက်သည်။


" မင်း ဒီနေ့ကြည့်ကောင်းနေတယ်"

 

' ဘယ်တုန်းအခြေအနေကဆိုးဖူးလို့လဲ ' ကျုံးရှီယို့၏ စိတ်က သူ၏ရှေ့က ဘောလုံးမှာ ရောက်နေခဲ့ပြီး ကျုံးယို့ယို့၏ရှေ့မှာ ကောင်းကောင်းကစားပြပြီး သူ ဘယ်လောက်အရည်အချင်းရှိသည်ကို ပြချင်သည်။


ထိုအချိန်၌ ကျုံးယို့ယို့သည် ဖုန်မရှိသည့် အလယ်ထိုင်ခုံသို့ လျှောက်လှမ်းသွားခဲ့ပြီး ‌ထိုင်ချဖို့ လုပ်နေခဲ့သည်။


နောက်အတန်းမှသူတွေက ရုတ်တရက် တောင့်သွားကာ သူမကို တားလိုက်ကြသည်။

"နင် ဒီမှာထိုင်လို့မရဘူး "


' မုန့်ရှစ်ရွှမ်က ဒီနေရာမှာ အမြဲတမ်းထိုင်တာမဟုတ်ဘူးလား။ ပြီးခဲ့တဲ့နှစ်တွေအကုန် မုန့်ရှစ်ရွှမ်ပဲ ထိုင်ခဲ့တာ ကျုံးရှီယို့က ဒီနေရာဖို့ လက်မှတ်ကို ဘယ်သူ့ကိုမှ မပေးခဲ့ဖူးဘူး '


ထိုတစ်ယောက်ကသာလျှင် အံ့ဩသွားသည်မဟုတ်၊ တစ်တန်းလုံးက မျက်လုံးများသည်လည်း လှမ်းကြည့်နေကြသည်။ 'ဘာဖြစ်ကြတာလဲ။ တစ်ကျောင်းလုံးက မုန့်ရှစ်ရွှမ်နဲ့ ကျုံးရှီယို့ ဆက်ဆံရေးဘယ်လောက်ကောင်းကြောင်း သိကြရာ ဒီနှစ် ကျုံးရှီယို့က မုန့်ရှစ်ရွှမ်ကို လက်မှတ်မပေးခဲ့ဘူးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ '


ကျုံးယို့ယို့က သူမမျက်ခုံးတွေကို ပင့်လိုက်ရင်း

" ဘာလို့ ထိုင်လို့မရတာလဲ "


ထိုသူကပြောလိုက်သည်။

" ဒီနေရာက မိသားစု၀င်တွေအတွက်နေရာမို့လို့ ထိုင်ချင်တဲ့သူက ဒီအတိုင်းထိုင်လို့မရဘူး "


ကျုံးယို့ယို့ သူမနှုတ်ခမ်းတွေကို တွန့်ချိုးလိုက်သည်။ ' ပျင်းစရာကောင်းလိုက်တာ သူမကိုထိုင်ခွင့်ပြုဘူးပေါ့ ၊သူမကလည်းမထိုင်ချင်ပါဘူး။ '

သူမက ဘာမှမပြောပဲ မတ်တပ်ရပ်ကာ ထထွက်သွားဖို့လုပ်လိုက်သည်။


ကစားတော့မည့် ကျုံးရှီယို့သည် ရုတ်တရက် နောက်ဘက်ခုံတန်းမှ သူတစ်ယောက်က ကျုံးယို့ယို့ကို တစ်ခုခုပြောလိုက်ပြီး သူမက ထထွက်သွားတော့မည့် ပုံပေါ်သည်ကိုတွေ့လိုက်ရလေသည်။


သူသည် ချက်ချင်း စိုးရိမ်တကြီးဖြစ်သွားသည်။ ' အစ်မကို ဒီရောက်လာစေဖို့ အရမ်းခက်ခဲ့တာ အဲ့လူကဘာတွေပြောလိုက်တာလဲ ' ကျုံးယို့ယို့က စိတ်ဆိုးသွားသည့်ပုံပေါ်ပြီး သူ့ကိုပင် မကြည့်ခဲ့ပါ။


သူက ပြိုင်ပွဲကို လျစ်လျူရှုကာ ချက်ချင်း ပြေးသွားခဲ့သည်။

" အစ်မ မသွားပါနဲ့"


ဒိုင်လူကြီး... " ပွဲစတော့မယ် ကျုံး ရှီယို့ "


ကျုံးရှီယို့သည် ကျုံးယို့ယို့၏ လက်ကောက်၀တ်ကို လှမ်းကိုင်ကာသူ၏လက်တွေကို သူမပခုံးပေါ်တင်ပြီး သူမကျောကနေတွန်းထားရင်းသနားကမားဖြင့်

"မသွားပါနဲ့နော် အစ်မ ပြီးအောင်ကြည့်ရမယ် "


လူတိုင်း ထိတ်လန့်သွားကြသည်။

' ဒီ‌လေသံနိမ့်နိမ့်လေးက ဘာလဲဟ'ကျုံးရှီယို့သည် မောက်မာသူမဟုတ်သော်လည်း ယခုကဲ့သို့  ပုံစံလည်းမဟုတ်ပေ။ သူက တခြားသူတွေကို ဒီလိုမျိုးပြောတာမျိုး တခါမှ မကြုံဖူးပါ။


ထို့နောက် ကျုံးရှီယို့သည် ခေါင်းမော့ကာ နောက်ဘက်ခုံကလူကို မျက်မှောင်ကြုတ်စွာဖြင့် မေးလိုက်သည်။


"ဒီနေရာက ငါ့အစ်မ ကျုံးယို့ယို့နေရာ၊ငါနောက်ဆုံးမှ သူမကို ခေါ်နိုင်ခဲ့တာ ၊မင်းက သူမကို ထွက်သွားစေတော့မလို့ အဲ့ဒါက မင်းဆုံးဖြတ်ရမယ့်အရာမဟုတ်ဘူး "


သူသည် ဒုတိယနှစ် အတန်းခေါင်းဆောင်နှင့် ရင်းနှိီးသည်။ ထိုစကားကအနည်းငယ် ပြင်းထန်နိုင်‌ေသာ်လည်း အတန်းခေါင်းဆောင်၏ စိတ်သည်လည်း သူစကားထဲက လေသံကို အာရုံမစိုက်နေပဲ သူပြောလိုက်သည့် စကား...

' ဘာ၊ကျုံးရှီယို့က ကျုံးယို့ယို့ကို ဒီနေရာအရင်ပေးခဲ့တာတဲ့လား '


' ကျုံးယို့ယို့က သူရဲ့'အစ်မ'  ။မဟုတ်သေးပါ ဘူး၊ တစ်ကျောင်းလုံးက ကျုံးရှီယို့မှာ ကျုံးရှစ်ရွှမ်ဆိုသည့် အစ်မတစ်ယောက်သာရှိမှန်း သိကြတယ် ။ ဒီနှစ် သူတကယ်ပဲ တခြားသူကို ကြည့်ဖို့ ခွင့်ပြုခဲ့တာလား '


အနောက်တန်းက ခေါင်းဆောင်နှင့် တခြားသူတွေသည် ထိတ်လန့်လွန်းသောကြောင့် အချိန်အတော်ကြာ စကားမပြောနိုင်ကြပါ။ သူတို့က မယုံနိုင်ဖြစ်နေကြပြီး ခုံတန်းကလူတွေအားလုံး ကျုံးရှီယို့၏ အပြုအမူတွေကို မြင်ကြရသည်။


သူတို့၏ အကြည့်တွေက ရှေ့ဆုံးတန်းမှ ကျုံးယို့ယို့အပေါ်၌ စုပုံသွားကြသည်။ ယခုနှစ်မှာ တကယ်ပဲ ကျုံးရှီယို့က ကျုံးယို့ယို့ကို ထိုနေရာမှာ ထိုင်ခွင့်ပြုခဲ့သည်...။


သူ၏ လေးလေးနက်နက် တောင်းပန်နေသည့်ပုံစံက ကျုံးယို့ယို့ လာဖို့ဆန္ဒရှိသည်အထိတောင်းပန်မည့်ပုံဖြစ်သည်။


' ကျုံးရှစ်ရွှမ်ကရော... ဘာတွေဖြစ်နေကြတာလဲ '


လူတိုင်းက ဘာဖြစ်နေမှန်းမသိကြကာ မုန့်ရှစ်ရွှမ်ကိုသာ သနားနေကြသည်။သူမမောင်လေးက ‌မုန့်ရှစ်ရွှမ်ကို မုန်းနေသည်လို့သာ သူတို့ခံစားမိသည်။ ဤရက်ပိုင်း သူတို့တွေ တွေ့ကြ၊စကားပြောကြသည်ကို ဘယ်သူကမှ မတွေ့ကြဘဲ သည်လောက် ကြီးမားသည့် နှစ်စဉ်ဘတ်စကတ်ဘောပြိုင်ပွဲမှာ‌ေတာင် ကျုံးရှီယို့က သူမကို ထိုင်ခုံနေရာပေးဖို့ ငြင်းဆန်ခဲ့လေသည်။


မုန့်ရှစ်ရွှမ်သည် လူအုပ်၏ အဝေးတစ်နေရာက ထောင့်လေးမှာ ရပ်နေခဲ့သည်။ယင်ချူးချူးသည် သူမနောက်ကလိုက်လာရင်း တွန်းခံရတော့မတတ်ဖြစ်နေသည်။ သူမက မုန့်ရှစ်ရွှမ် အလယ်တစ်နေရာသို့  ငေးကြည့်နေသည်ကို မြင်ပြီး  သူမမျက်နှာသည် ဖျော့သွားခဲ့သည်။


ယင်ချူးချုးသည် ရုတ်တရက် မုန့်ရှစ်ရွှမ်ဟာ အလယ်အကျဆုံးသော နေရာမှာ မရှိသည့်အခါ သူမကလွဲပြီး ဘယ်သူကမှ သူမကို သတိပြုမိကြပုံမရဘူးလို့ ခံစားလိုက်ရသည်။


ဥပမာအနေနဲ့ သူမတို့ ဤနေရာ၌ရှိနေသည်မှာ ခဏလောက်ရှိပြီဖြစ်သော်လည်း အားလုံးကို အကောင်းဆုံးနေရာ၌ ထိုင်နေသည့် ကျုံးယို့ယို့ကသာ  ခုံတန်းအားလုံးကသူတွေ၏ အာရုံကိုဖမ်းစားထားပြီး လူအနည်းငယ်လောက်တောင် အခန်း (၁) က ကျောင်းပန်းပွင့်လေးက ဤနေရာ၌ ရှိနေသည်ကို သတိမပြုမိကြပါ။


"ဟိုနောက်နားမှာ နေရာတစ်နေရာရှိတယ် ငါတို့သွားကြမလား"

ယင်ချူးချူးက မဝံ့မရဲမေးလိုက်သည်။


မုန့်ရှစ်ရွှမ်က သူမ၏နှုတ်ခမ်းကို ကိုက်ကာ ခေါင်းကိုလှည့်၍ ထွက်သွားခဲ့သည်။

"မကြည့်တော့ဘူး "

...

ပြိုင်ပွဲက မကြာခင်မှာ စတင်ကာ မည်သူသူကမှ မုန့်ရှစ်ရွှမ် ရောက်လာပြီး ထွက်သွားသည်ကို သတိမထားမိခဲ့ကြပါ။ သူမမျက်နှာသည် ရှုံ့တွနေခဲ့သည်။


ပြိုင်ပွဲကပြင်းထန်ကာ ပရိသတ်တွေက အော်ပြီးရင်း အော်ဟစ်နေကြသည်။ ဒိုင်လူကြီးက ကျုံးရှီယို့အတွက် ဝီစီမှုတ်ကာ တစ်ကြိမ်ပြီးတစ်ကြိမ် အမှတ်ပေးနေခဲ့သည်။ ကျုံးရှီယို့၏ အသင်းသားတွေတောင် ရှီယို့တစ်ယောက် အလွန်အမင်းတက်ကြွပြီး သည်းသည်းမဲမဲ ကစားနေသည်ကို မြင်တွေ့နိုင်၏။ ယောင်္ကျားလေးတွေ သည်းကြီးမဲကြီးကစားမိရင် ပြစ်ဒဏ်ရနိုင်ဖို့က လွယ်တတ်သည်။ 


သို့သော် သူ၏ ဒီလိုဆော့ကစားမှုကြောင့် တစ်ဖက်အသင်းကို ၅၀ မှတ်အသာဖြင့် ဦးဆောင်နေခဲ့သည်။ ယခုလိုမျိုး ယခင်က မဖြစ်ခဲ့ဖူးပါ။ ဘယ်လိုပဲဖြစ်ပါစေ တစ်ဖက်အသင်းသည်လည်း ကျောင်းလက်ရွေးစင်အသင်းဖြစ်သည်လေ။

 

ကျုံးရှီယို့၏ အသင်းသည်သူ၏ လှုပ်ရှားမှုနဲ့ ကိုက်ညီရန် အနည်းငယ်ခက်ခဲနေခဲ့သည်။ သူတို့သည် ကျုံးရှီယို့ အမြင့်ခုန်ကာ ပုတ်လိုက်ပြီး ထပ်မံ နောက်တပြန်ခုန်ကာ ဂိုးသွင်းသည်ကို တွေ့လိုက်ရသည်။


"အားးးး အရမ်းတော်တယ်" အထက်တန်းဒုတိယနှစ်မှ မိန်းကလေးများက အော်ဟစ်ကြသည်။


ကျုံးရှီယို့သည် ဟောဟဲလိုက်နေပြီး ချွေးသုတ်သည့်အချိန်ကို ကောင်းကောင်းအသုံးချကာ ခုံတန်းဘက်သို့ လှမ်းကြည့်လိုက်သည်။ 


သူ၏အစ်မက ရှိနေ‌ပါသေးသည် ။ဂိုးသွင်းနိုင်တာနှင့် နှိုင်းယှဥ်လျှင် သူမ ရှိနေသေးသည်က သူ့ကို ပို၍ပျော်ရွှင်‌စေပါ၏။


ကျုံးယို့ယို့သည် သူမဖုန်းကို ထုတ်ကာ သူကစားနေတာကို မကြည့်ဘဲ ဖုန်းနှင့်သာ ကစားနေသော်လည်း သူကတော့ ပျော်နေပါသေးသည်။ ယခုပွဲက သူ၏အစ်မနှင့် တခုခုလုပ်သည့်  ပထမဆုံးအကြိမ် ဖြစ်သည်။ သူ မုန့်ရှစ်ရွှမ်နှင့် လုပ်ခဲ့ဖူးသည့်အရာတွေကို အနာဂတ်မှာ တစ်ခုပြီးတစ်ခု အလျော်ပေးသွားမည်ဖြစ်သည်။


ကျုံးရှီယို့၏ နှာခေါင်းလမ်းကြောင်းသည် ရုတ်တရက် တရွရွ ဖြစ်လာသည်ကို ခံစားရ၏။ လှုံဆော်မှုတစ်ခုက ဘယ်က ရောက်လာမှန်းမသိဘဲ သူသည် ရုတ်ချင်း ခုံတန်းများဘက်သို့ ဦးညွှတ်လိုက်လေသည်။


ခုံတန်းများမှ မိန်းကလေးများ အံ့ဩနေချိန်မှာ သူက ပါးစပ်ကို ဟလိုက်ကာ လက်နှစ်ဖက်ကို စုဝေး၍ ခုံတန်းများဘက်ကို အော်ဟစ်လိုက်သည်။


" အထက်တန်း ဒုတိယနှစ်က သူငယ်ချင်းတို့ ကျေးဇူးပြုပြီး အခန်း (၁၉)က ငါ့အစ်မ ကျုံးယို့ယို့ကို ဒီနှစ် ကျောင်းပန်းပွင့်‌လေးရွေးချယ်ပွဲမှာ မဲပေး ပေးကြပါ "

"........."

"....."

"..."


ဤကိစ္စမှာ ပါ၀င်သည့် ကျုံးယို့ယို့သည် ကြက်သားစားနေခဲ့ပြီး သူမနောက်က မြေကြီးကိုပင် လှုပ်ခတ်စေမည့် အော်သံများကြောင့် ကြောင်အနေခဲ့သည်။ ရုတ်တရက် မတော်တဆ သူမ၏ ကြက်သားလေးပြုတ်ကျသွားပြီး နောက် သူမမျက်လုံးများကို ပင့်ကာ ကျုံးရှီယို့ကို စိုက်ကြည့်လိုက်သည်။


ခုံတန်းအားလုံး ထိတ်လန့်သွားကြသည်။ ' ဘာ‌တွေလဲ။ ကျုံးရှီယို့က ဘာတွေပြောနေတာလဲ။ ကျုံးရှစ်ရွှမ်အတွက် မဟုတ်ဘဲ ...ကျုံးယို့ယို့အတွက်တဲ့လား ...'