အပိုင်း ၄၇
Viewers 10k

Chapter 47




တစ်ချိန်တည်း၌ မဒမ်ကျုံးသည် ၀တ်စုံကို နောက်ဆုံးအကြိမ်အဖြစ် ဒီဇိုင်နာကို တိုင်းရန် မေးနေခဲ့သည်။ သူမသမီးလေးကျုံးယို့ယို့ ဤဂါ၀န်ကို ၀တ်ဆင်လိုက်သည့်အခါ ဘယ်လောက်တောင် ရွှန်းလက်တောက်ပနေမလဲဆိုတာ မခန့်မှန်းတတ်တော့ပေ။


တွေးရင်းနှင့် သူမမျက်ရည်ဝဲလာခဲ့ပြီး သူမနောက်က ကျုံးပါပါး၏ လက်ထောက်ကို မေးလိုက်သည်။

" ဖိတ်စာတွေအကုန် ပို့ပြီးပြီလား "


 လက်ထောက်ကပြော၏။

" ဟုတ်ကဲ့ အားလုံးအဆင်သင့်ပါပဲ "


ထိုမှသာ ကျုံးမာမားသည် စိတ်သက်သာရာရသွား၏။ အထက်တန်းလွှာအသိုင်း

အဝိုင်းက ပုဂ္ဂိုလ်များ အားလုံးနီးပါးကို ဖိတ်ကြားထား၏။ မွေးနေ့ပွဲသည် ကျုံးမိသားစု၏ အပန်းဖြေဗီလာ၌ ကျင်းပမည်ဖြစ်သည်။ မိသားစု၊သူငယ်ချင်း၊မိတ်ဆွေများ၊ သိရုံသာသိသည့် မိတ်ဆွေများနှင့် လွှမ်းမိုးမှုအနည်းငယ်ရှိသည့် နာမည်ကြီးများ အပါအ၀င် ကျယ်ပြန့်စွာ လာကြပါလိမ့်မည်။ ဘာကြောင့် ထိုကဲ့သို့ ဖိတ်ရသနည်းဆိုပါက ဤမွေးနေ့ပွဲကနေ သူမနှင့် ခင်ပွန်းတို့သည် အရေးကြီးသည့် အရာတစ်ခုကို ထုတ်ဖော်ပြောကြားချင်၍ဖြစ်သည်။


ယခု တစ်ခုတည်းသော စိတ်ပူစရာသည် မမြင်ရသည့် ပြဿနာရပ်တွေသာ ကျန်လိမ့်မည်။ မ‌မျှော်လင့်ထားသည့် ဖြစ်လာနိုင်သည့်ပြဿနာများကို ရှောင်ရှားရန်အတွက် မွေးနေ့ပွဲမတိုင်မီ ကောလဟာလ သေးသေးလေးတောင် ထွက်သွား၍မရပေ။


မုန့်ရှစ်ရွှမ်က ကျုံးမိသားစု၏ သမီးရင်းမဟုတ်ဘူးဆိုသည် သိသွားကြပါက သူမကိုခေါ်ထားမည်လား ပြန်ပို့မည်လားက ကျုံးမာမားကို စိတ်ပူစေနေသည့် ပြဿနာဖြစ်သည်။


ရှစ်မိသားစုကိစ္စက သူသာ မုန့်ရှစ်ရွှမ်က ကျုံးမိသားစု၏ သမီးရင်းမဟုတ်ဖူးဆိုသည်ကိုသိလျှင် စေ့စပ်ထားမှုကို ဖျက်သိမ်းဖို့ ရွေးလိမ့်မည်လား ။ ထိုကိစ္စသည် ကျုံးမာမားကို သောကရောက်စေသည်။ စေ့စပ်ထားမှုက ပျက်သွားမည်ဆိုလျှင် ယို့ယို့ကို ရှစ်ရွှမ်အစား ကျုံးမိသားစုနှင့် လက်‌ထပ်ပေးဖို့ရော ဖြစ်နိုင်မည်လား။ ဘာကိစ္စပဲရှိပါစေ ကလေးနှစ်ယောက်၏ အိုင်ဒီတွေ‌ ပြောင်းလဲဖို့ကယခုထက်ပိုပြီး နှောင့်နှေးလို့မဖြစ်တော့ဘဲ ပြီးခဲ့သည့်နှစ်များက အမှားတွေကို မြန်နိုင်သမျှ မြန်မြန် ပြန်လည်ပြုပြင်ရမည်ဖြစ်သည်။


ယွီစစ်ကျားလည်းပဲ ဖိတ်ကြားလွှာကို ရရှိခဲ့သည်။


ယွီစစ်ရွှယ်သည် ရွှေရောင်ဖိတ်စာကဒ်ကို ဖွင့်လိုက်ပြီး ဖိတ်စာကဒ်ပေါ်၌ ရိုက်နှိပ်ထားသည့် ပုံနှိပ်စာလုံးများကို ထိတွေ့လိုက်သည်။ သူမသည် အားကျကာ မနာလိုဖြစ်၏။


"ကျုံးမိသားစုက ရှစ်ရွှမ်ကို အရမ်းချစ်ကြတာပဲ ၊မင်းသမီးလေးတစ်ယောက်လိုကို ဆက်ဆံကြတာ၊နှစ်တိုင်း မွေးနေ့ပွဲကအကြီးအကျယ်ကျင်းပပေးကြသည်။ဘယ်လောက်တောင် ခမ်းနားကြီးကျယ်ပြီး သုံးဖြုန်းထားလိုက်သလဲ။ ဒီနှစ်က အရွယ်ရောက်တဲ့အခမ်းအနားလည်းဖြစ်သေးတယ် ညီမ‌ကြားတာတော့ မွေးနေ့ပွဲကို သတင်းစာရှင်းလင်းပွဲအဖြစ်လုပ်ဖို့လည်း မီဒီယာတွေကိုလည်း ဖိတ်ထားတယ်ပြောတယ် ၊ဘာလုပ်မလို့လဲမသိပါဘူး " 


"မီဒီယာကို ဖိတ်ကြားထားတာလား "


ယွီစစ်ကျားသည် သိပ်ပြီးဂရုမပြုစွာဖြင့်

" ဖြစ်နိုင်တာက ရှစ်မိသားစုနှင့် လက်ထပ်စာချုပ်ကို ကြော်ငြာဖို့နေမှာပေါ့ " 


အသိုင်းအဝိုင်းထဲရှိ သူအားလုံး ကျုံးမိသားစုနှင့် ရှစ်မိသားစုကြားကဆက်ဆံရေးကို သိရှိကြသည်။ သူတို့က ကျုံးမိသားစု၏သမီးပျိုနှင့် ရှစ်ကျစ်ထန်က မွေးကတည်းက လက်ထပ်ဖို့ စကားဆိုထားကြမှန်လည်း သိကြသည်။ သူတို့ယခု မစေ့စပ်သေးဘူးဆိုရင်တောင်မှထိုကိစ္စက တစ်ချိန်ချိန်မှာတော့ဖြစ်မည့်ကိစ္စပင်ဖြစ်သည်။

 

သို့သော်ငြား ယွီစစ်ကျားသည် ထိုနေ့က ကုန်တိုက်ထဲမှ တွေ့ခဲ့သည့် ကျုံးယို့ယို့အကြောင်း မတွေးပဲမနေနိုင်ပါ။ သူမ ပြုံးလိုက်သည့်အခါ သူ့နှလုံးသားက လှုပ်ခတ်သွားခဲ့သည်။ သူမ၏အကျင့်စရိုက်က‌ ပြောင်းလဲသွားပုံရပြီး သူမ၏အလှအပကလည်း မုန့်ရှစ်ရွှမ်ထက် နောက်ကောက်မကျပေ။


လွန်ခဲ့သည့် နှစ်နှစ်က ကျုံးမိသားစု၏ မွေးနေ့ပွဲကို သူသွားခဲ့သော်လည်း ကျုံးယို့ယို့ကို မတွေ့မိခဲ့။ သူမကိုယ်သူမ လူရယ်စရာဖြစ်‌စေခဲ့ပြီး အောက်ထပ်ကိုဆင်းမလာရန် တားမြစ်ခံခဲ့ရသည်ကိုသာ ကြားခဲ့ရသည်။


ဤတစ်ကြိမ်မှာ ယွီစစ်ကျားသည် စောစောသွားရောက်ဖို့ စီစဉ်ထားပြီး မွေးနေ့ပွဲမှာ ကျုံးယို့ယို့ ဘယ်လိုပေါ်လာမည်ကို စောင့်မျှော်နေသည်။ သူမက ကျုံးမိသားစု၏ သွေးဝေးဆွေမျိုးတစ်ယောက်ဖြစ်သောကြောင့် အ၀တ်အစားတွေက ပြတ်လပ်မည်မဟုတ်ပါ။ ကျုံးယို့ယို့၏ ဂါ၀န်တွေက မုန့်ရှစ်ရွှမ်လောက်ဈေးမကြီးဘူးဆိုရင်တောင်မှ အရမ်းလှပကာ ဆွဲဆောင်မှုရှိနေမည်။  ယွီစစ်ရွှယ်သည် ရုတ်တရက် မကျေမနပ်ဖြစ်လာသည်။

 

"တကယ် အားကျလိုက်တာ "

ယွီစစ်ရွှယ်သည် မုန့်ရှစ်ရွှမ်ကို အမှန်တကယ် အားကျ‌ပါ၏ 


ယခုလိုမျိုး ကြီးကျယ်သည့် မွေးနေ့ပွဲကနေ ကျုံးမိသားစု၏ ငွေကြေးနောက်ခံက ယွီမိသားစုထက် ပိုသာတယ်မှန်း သိနိုင်သည်။ မုန့်ရှစ်ရွှမ်သည် ထိုသို့သော မိသားစု၏ လက်ဖဝါးထဲမှရတနာလေးဖြစ်သည်။ သူမငယ်စဉ်ကလေးဘ၀ကတည်းက ဘယ်လို ထိပ်တန်း‌ပစ္စည်းများရရှိခဲ့မည်ကို တွေးကြည့်နိုင်ပါ၏။


ယွီစစ်ရွှယ်နှင့် မုန့်ရှစ်ရွှမ်တို့သည် ငယ်ကတည်းက အတူ‌တူ ဆော့ကစားလာကြသည်ဖြစ်ရာ မုန့်ရှစ်ရွှမ်သည် ကလေးများအုပ်စု၏ အချစ်ခံရသည့် ကြယ်ကလေးဖြစ်သည်ကို သူမသိသည်။ သူမ၏ စေ့စပ်ထားသည့် သတို့သားလောင်းသည်တောင် ရှစ်ကျစ်ထန်ကဲ့သို့သော သူမျိုးဖြစ်ပြီး ရှစ်ကျစ်ထန်၏ မိသားစုကလည်း မဆိုးပေ။ ထို့အပြင် ရှစ်ကျစ်ထန်သည် သူမအပေါ်၌


အလွန်ကောင်း၏။


တစ်ဖက်မှာ ချင်းယောင်က သူမအပေါ် အလွန်တရာ အေးစက်ကာ ကရုဏာကင်းမဲ့သည်။


ထိုကိစ္စကို တွေးရင်း ယွီစစ်ရွှယ်သည် ကျုံးယို့ယို့ကို သူမစိတ်ထဲ၌ အက်ဖြင့်ထိုးစွနေ၏။  'မြေခွေးမကို ချင်း ကော ကဘာလို့ အရမ်းချစ်နေမှန်း တကယ် မသိတော့ဘူး '


သို့သော်ငြားလည်း ယွီစစ်ယွဲ့သည် ထိုပွဲ‌ ကို‌ စောင့်မျှော်နေသည်။ ယခုအခေါက် မွေးနေ့ပွဲမှာ ကျုံးယို့ယို့က ဘယ်လိုဟာသများ လုပ်လိမ့်မည်နည်း။ ဖြစ်နိုင်သည်ကတော့ ပြီးခဲ့သည့်နှစ်ကလိုမျိုး မလိုက်ဖက်သည့် ဂါ၀န်ကို၀တ်ခဲ့ပြီး ဘယ်သူကမှ သူမကို ဂရုစိုက်ခဲ့သကဲ့သို့များ ဖြစ်မည်လား။


*


ကျောင်း၌ ဘတ်စကတ်ဘောပြိုင်ပွဲက ပြီးဆုံးသွားသော်လည်း ကျုံးရှီယို့က စတင်လိုက်သည့် မုန်တိုင်းများက မပြီးဆုံးသေးချေ။


တစ်ကျောင်းလုံးက ဘတ်စကတ်ဘော

အကြောင်းဆွေးနွေးနေကြသော်လည်း အဓိကက မည်သည့်အသင်းက အနိုင်ရသွားသည်မဟုတ်ဘဲ ကျုံးရှီယို့က ကျုံးယို့ယို့အတွက် မဲဆွယ်ခြင်းအပေါ်၌ဖြစ်သည်။ ထိုအရာက လူပုံအလယ် ကျုံးယို့ယို့ကို ထောက်ပံ့လိုက်ပြီး မုန့်ရှစ်ရွှမ်နှင့် ဆန့်ကျင်ဘက်အခြမ်းမှာ ရပ်လိုက်သည့်သဘော သက်ရောက်သွားသည်မလား။ သူတို့အားလုံး အကြောင်းပြချက်ကို မသိကြပေမဲ့ အားလုံးကတော့ တော်တော်အံ့အားသင့်သွားခဲ့ကြရသည်။ 


ဒုတိယနှစ်၏ ကော်ရစ်တာက ဤစကားသံတွေနှင့် ပြည့်နှက်နေသည်။


"ကျုံးရှီယို့က ဘတ်စကတ်ဘောပြိုင်ပွဲမှာ အရမ်းချောတာပဲ အားး သူတကယ် ငါကြိုက်တဲ့သူဖြစ်ထိုက်တယ် သူကငါတို့ကို သူ့အစ်မ ကျုံးယို့ယို့ဖို့ မဲပေးပေးဖို့ပြောလိုက်တယ် ဒါဆို ငါက ကျုံးယို့ယို့ကိုပဲ မဲပေးတော့မယ် နင်တို့တွေသူများကို မဲပေးခွင့်မရှိဘူး ငါ့ဖို့ ကျုံးယို့ယို့ကို မဲပေးကြ" 


" ငါက အရင်ကတည်းက ကျုံးယို့ယို့ကိုမဲပေးပြီးသား၊ ကျုံးရှီယို့ကြောင့်တော့မဟုတ်ဘူး အရင်တခါက ဌာနမှူးကို အနိုင်ပိုင်းလိုက်နိုင်တဲ့ကိစ္စကြောင့်မို့လို့ သူမကအရမ်းမိုက်တယ်လို့ တွေးလိုက်မိတာ ၊ အထက်စီးဆန်ပြီးလှပတယ်။ သွင်ပြင်ကိုမပြောနဲ့ဦး သူမ အကျင့်စရိုက်ကတောင် မုန့်ရှစ်ရွှမ်ထက် ပိုဆွဲဆောင်မှုရှိသေးတယ်၊ ငါက သူမကိုပဲ မဲပေးမှာ "


" ဟဲ့ နင်တို့ မဲပေးပြီးကြပြီလား "

"ပေးပြီးပြီ ဘာပဲဖြစ်ဖြစ် ဒီပွဲက ငါတို့ဒုတိယနှစ်‌တွေနဲ့ မဆိုင်ဘူးလေ၊ ဒါဆို နင်တို့ ကျုံးရှီယို့ရဲ့ အစ်မကို မဲပေးခဲ့တယ် "


မူလက မဲပေးသူတွေသည် စီနီယာကျောင်းသားများသာဖြစ်ကြသည်။ဘယ်လိုပဲဖြစ်ဖြစ် ပြိင်ပွဲ၀င်တွေ အကုန်လုံးက တတိယနှစ်ကသူတွေပဲဖြစ်၏။ သူတို့သည်လည်း စီနီယာများနှင့် မသိကြရာ ပါ၀င်ဖို့က အဓိပ္ပာယ်မရှိပေ။ သို့သော် ဘတ်စကတ်ဘောလံုးကွင်းထဲက ကျုံးရှီယို့၏ က‌မ္ဘာမြေကို တုန်လှုပ်စေသည့် စကားနှစ်ခွန်းသည် ဒုတိယနှစ်များကို ဆော်ဩစည်းရုံးခဲ့လေသည်။


ထို့ကြောင့် ရုတ်တရက် ကျောင်းအလှလေးပြိုင်ပွဲ၏ မဲအရေအတွက်က ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

နှစ်ရက်အတွင်းမှာပဲ ကျုံးယို့ယို့သည် တတိယနေရာမှ ဒုတိယနေရာသို့ ခုန်တက်သွားခဲ့သည်။


' ထိပ်ဆုံးအထိ ဒုံးကျည်အလျင်လိုမျိုး ‌တက်သွားလိုက် '


မုန့်ရှစ်ရွှမ်နှင့် ရာဂဏန်းနီးပါးပဲ ကွာလေသည်။ မုန့်ရှစ်ရွှမ်၌လည်း သူမ၏အမာခံ ပရိသတ်များ ရှိ၏။ သူမသည်လည်း ထိုသို့ဖြစ်သည်ကိုမြင်ပြီး မပျော်မရွှင်ဖြစ်နေ၏။ သူမဘက်မှ သူများသည် ချက်ချင်းပင် အားမာန်တက်ကြွစွာ မဲပေးကြသည်။ ထို့ကြောင့် ကျုံးယို့ယို့က သူမကို အကြိမ်ရေများစွာကျော်သွားပြီး‌သည့်နောက် သူမသည်လည်း လျင်မြန်စွာ ပြန်လည်တိုက်ခိုက်ခဲ့သည်။

ဤပြိုင်ပွဲက အတော်လေးပြင်းထန်သည်ဟု ပြော၍ ရသည်။ အချိန်စေ့သည့်အခါ ဘယ်သူက ပထမရမည်ကို မသိနိုင်ဖြစ်‌သည်။


အခြေအနေက ပိုမိုပြင်းထန်လာကာ ပြဿနာဖြစ်မည်ကို မကြောက်သည့်သူများက စိတ်လှုပ်ရှားစွာဖြင့် လောင်းကြေးထပ်လာကြသည်။


" ငါက ကျုံးယို့ယို့ နိုင်မယ်လို့လောင်းတယ် ။ မင်းတို့အားလုံး သူ့ကိုမဲပေးကြနော် ငါတို့အတန်းမှာ နောက်ဆုံးတော့ ကျောင်းပန်းပွင့်ကလေးပြိုင်ပွဲကို စာရင်း၀င်တဲ့သူ ရှိလာခဲ့တာ ငါတို့ရှုံးလို့မဖြစ်ဘူးမလား "


ရှစ်ယိမုန့်သည် ကျုံးယို့ယို့ကို မဲပေးပြီးဖြစ်သော်လည်း သူမက မုန့်ရှစ်ရွှမ်ကို မကျော်သေးသည်ကို မြင်ပြီး စိတ်မအေးဖြစ်နေပြီး ဂိမ်းကိုပင် မဆော့နိုင်ချေ။


သူ၏ဘေးမှကောင်လေးက " ဘော့စ်

ဒီကိစ္စက လူတိုင်းရဲ့ အကြိုက်ပေါ်မူတည်တယ်လေ လူတိုင်းမှာ ကိုယ်ပိုင်နှစ်သက်မှုဆိုတာ ရှိကြတာပဲလေ ဘယ်လိုလုပ် အတန်း(၁၉)ဆိုတာနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ပြီး ကျုံးယို့ယို့ကို မဲပေးကိုပေးဖို့ တိုက်တွန်းနေတာလဲ "


ရှစ်ယိမုန့်သည် သူကို စိုက်ကြည့်လိုက်ပြီး လက်ဖြင့် ခေါင်းကို ဘန်းခနဲရိုက်ချလိုက်သည်။ 


" မင်းတို့ နားထောင် ငါတို့အတန်းဖို့ မဲမပေးခဲ့ဘူးဆိုရင် မဲတွေကို ပြောင်းလိုက်ကြပါ "


ထိုကောင်လေးက ရှစ်ယိမုန့်၏ တူအသေးနှင့် ရိုက်ခံရကာ မပုန်းနိုင်ဘဲ ငိုယိုကာ သူ၏ခေါင်းကိုကိုင်၍ ပြေးရင်း "ပြောင်းလိုက်မယ် ပြောင်းလိုက်မယ် " 


ရွှီရှောင်ယွဲ့သည် သူမနောက်မှ အခြေအနေတွေကို ကြားပြီး သရော်ပြုံးလိုက်သည်။


"ကျုံးယို့ယို့က နင်တို့နှစ်ယောက်ဆီက မဲနှစ်မဲသုံးမဲကို ဂရုစိုက်မ‌နေတော့ဘူး သူမက မဲတွေထောင်ပေါင်းများစွာရှိနေပြီ မကြာခင်မှာ မုန့်ရှစ်ရွှမ်ကို ကျော်တက်သွားလိမ့်မယ် "

 

သူမသည် သူမ၏စကားတွေက လီမွန်သီးထက် ချဉ်သည်မှန်းသိပါ၏။  သို့သော်  မတတ်နိုင်ချေ။ သူမက ကျုံးယို့ယို့ကိုသည်းမခံနိုင်ပါ။ အကြောင်းအရင်းသည် ကျုံးယို့ယို့ အတန်းထဲမှာ ပထမရသွားတာက သူမကို စိတ်အနှောင့်အယှက် ပေးနေ၍ဖြစ်သည်။ သူမကြောင့်သာ မဟုတ်ဘူးဆိုလျှင် သူမလည်း ပြိုင်ပွဲမှာ ပါ၀င်နိုင်ဖို့ အခွင့်အရေးရခဲ့မည်ဖြစ်သည်။


အခုတော့ ပြောစရာပင်မလို ကျုံးယို့ယို့နှင့် ရန်ကျီအန်းက ပြိုင်ပွဲမှာ ၀င်ပြိုင်မည့်သူနှစ်ယောက်ဖြစ်သွားသည်လေ။ ဘယ်သူမဆို မိမိ၏ဘဲက လုယူသွားခံရလျှင် ပျော်နေကြမှာမဟုတ်ပါ။


ယခုရက်ပိုင်း သူမခေါင်းစားနေခဲ့သည်။ ပြောကြသည်က ပြီးခဲ့သည့်  ၂ နှစ်လုံး ကျုံးယို့ယို့က ၀က်ဖြစ်ချင်ယောင်ဆောင်ပြီး ကျားကိုစားနေခဲ့သည်။  ဘော့စ်က လူသစ်ယောင်ဆောင်ပြီး စာမေးပွဲကို ခြေဖြင့် ဖြေခဲ့သည်။


 ' သူမက ဘာလုပ်ဖို့ကြိုးစားနေတာလဲ။အကြောင်းရင်းက ပုန်ကန်ချင်လို့လား မိသားစုနှင့် အတန်းဖော်တွေကို နောက်ပြောင်ချင်တာလား။ ဒါက အရမ်းလွန်လွန်း၏။ ' 


သူမက ကိုယ့်ဘာသာ အထင်ကြီးပြီး ထိပ်ဆုံးနှစ်နေရာက သူမအတွက်ဆိုပြီး ယုံကြည်ကာ ရယ်စရာတွေဖြစ်ခဲ့သည်။


ဘာပဲဖြစ်ဖြစ် ကျုံးယို့ယို့၏ ရမှတ်တွေက ရွှီရှောင်ယွဲ့ကို သူမအား မနှစ်သက်လျှင်တောင်မှ လက်ခံယုံကြည်စေသည်  ။


သူမသည် လွန်ခဲ့သည့် နှစ်ရက်က စာရွက်တွေ ဝေရသည်ကို အခွင့်အ‌‌ေရးယူကာ ကျုံးယို့ယို့၏အဖြေလွှာကို ကြည့်ခဲ့သည်။


တကယ်ပင် ထိုမေးခွန်းက သူမလို အဆင့်အတွက်မဟုတ်ပေ။ သင်္ချာနှင့် ရူပဗေဒနောက်ဆုံးမေးခွန်းကြီးက အရမ်းခက်ခဲလေသည်။ သူမ ဖြေဆိုနေသည့်အချိန်၌ ရှုပ်ယှက်ခက်နေပြီး ဘာကိုမှမရှာနိုင်ချေ။ ထို့အပြင် သူမ ရန်ကျီအန်း၏ အဖြေလွှာကိုလည်း ဖတ်ခဲ့လိုက်ရာ သူသည်လည်း ထိုအပုဒ်ကို အဆုံးထိဖြေနိုင်ခြင်းမရှိသည်ကိုတွေ့ခဲ့ရသည်။


 သို့သော် ကျုံးယို့ယို့က အကုန်ဖြေရှင်းနိုင်ခဲ့၏။ ထိုအရာက ပြိုင်ပွဲဆိုင်ရာအတန်းက လူတွေ၏  အဆင့်မျိုးဖြစ်သည်။ 


' မဟုတ်ဘူး၊ ထိုအတန်းမှလူတွေတောင် ကျုံးယို့ယို့ကြောက်ဖို့ကောင်းမှာ မဟုတ်ဘူး '


သူမကျုံးယို့ယို့၏ အဖြေလွှာကို တိတ်တိတ်လေးခိုးကြည့်လိုက်ပြီး သူမကိုယ်သူမ သိမ်းသွင်းစည်းရုံးလိုက်သည်။


အေးအေးဆေးဆေး သေချာသေချာ စဉ်းစားပြီးသည့်နောက်မှာ သူမရင်ထဲ၌ ဤရက်ပိုင်း အခဲမကြေဖြစ်နေခဲ့သည့် ဒေါသက ပျောက်ကွယ်သွားလေသည်။


ထို့အပြင် ကျုံးယို့ယို့က ရုတ်တရက်ပေါ်ထွက်လာလျှင်တောင် သူမသည် အခန်းထဲ၌ အဆင့်သုံးဖြစ်ပြီး အဆင့်သုံးလည်း သိပ်ပြီးတော့ မဆိုးပါဘူး....ဟူ၍ ကိုယ့်ဘာသာ နှစ်သိမ့်နိုင်သည်။


"နင် ဘယ်သူ့ကို မဲပေးခဲ့လဲ "

ရွှီရှောင်ယွဲ့ဘေးရှိ မိန်းကလေးက သူမကိုမေးလိုက်သည်။


ရွှီရှောင်ယွဲ့သည် သူမဖုန်းကိုမြှောက်လိုက်ပြီး လှောင်လိုက်လေသည်။

" ငါ ကျုံးယို့ယို့ရဲ့ ပြိုင်ဘက်ကို မဲပေးဖို့ ကောင်းကောင်းနားလည်တယ် ၊ငါသေရင်တောင် ကျူံယို့ယို့ဖို့ မဲမပေးဘူး " 


သူမ စကားမဆုံးသေးခင်မှာပဲ ရှစ်ယိမုန့်က သူမခေါင်းပေါ်ကနေ ဖုန်းကို လုယူသွားခဲ့ပြီး သူမ၏မဲကို ပြောင်းဖို့ပြင်လိုက်သော်ငြား

" မင်း ကျုံးယို့ယို့ကို မဲပေးထားတာ မဟုတ်ဘူးလား "


 ရှစ်ယိမုန့်သည် ဖုန်းကို ရွှီရှောင်ယွဲ့ထံသို့ ပြန်ပစ်ပေးလိုက်သည်။

'ဘာလို့ အခုခေတ်မိန်းကလေးတွေက ယောင်္ကျားလေးတွေထက် လှည့်စားတတ်ကြတာလဲ '


"......."


 ရွှီရှောင်ယွဲ့၏ မျက်နှာသည် လျင်မြန်စွာ နီမြန်းသွားခဲ့ပြီး သူမဖုန်းကို ပြန်လုယူလိုက်ရင်း

" ဝေးဝေးသွားစမ်း၊ငါဘယ်သူ့ကို မဲပေးမလဲက ငါ့ကိစ္စပဲ၊ ကျုံးယို့ယို့က ငါနဲ့မတည့်ပေမဲ့ ငါက‌ သူမကို မဲပေးဦးမှာပဲ"


' ဟုတ်သည် ၊သူမသည် ကျုံးယို့ယို့က အခန်း ၁၉ မှဖြစ်သောကြောင့်သာ မဲပေးခဲ့သည်။ ကျုံးယို့ယို့၏ ရမှတ်တွေကြောင့် လွှမ်းမိုးခံရလို့ သေချာပေါက်မဟုတ်။ လုံး၀ကိုမဟုတ်ဘူး '


ရန်ကျီအန်းနှင့် စွန်းမန့်တို့သည် မေးခွန်းတွေပေါ်၌ အာရုံစူးစိုက်နေခဲ့ကြပြီး သူတို့အတန်းဖော်တွေ၏ ဆူညံ‌သံတွေကို ကြားရပြီး ကျောင်းပန်းပွင့်ရွေးချယ်မှုက စတင်နေပြီဖြစ်သည်ကို သဘောပေါက်သွားခဲ့ကြသည်။ ထို့ကြောင့် သူတို့သည်လည်း ဖုန်းတွေကိုထုတ်ကာ ကျုံးယို့ယို့ကိုမဲပေးလိုက်ပြီးသည့်နောက် မေးခွန်းတွေကို ငြိမ်သက်စွာ ဖြေဆိုနေခဲ့ကြသည်။


' အခန်း ၁၉ ၌မွေးပြီး သေရင်‌တောင် အခန်း ၁၉ မှာပဲ သရဲလုပ်မယ်။ ဒါပေါ့  အခန်း ၁၉ အတွက်ပဲ မဲပေးမည်။ '