အပိုင်း၉၇
Viewers 7k

Chapter 97

(ကားခလ်ိုချင်တာလား...)


စုမုန့် ဖြည်းဖြည်းချင်း နိုးလာချိန်မှာ ရှေးဟောင်းလမ်းကို ရောက်နေပြီဖြစ်သည်။သူမ စိတ်ရှုပ်ထွေးစွာ ဟိုဒီလှည့်ပတ်ကြည့်နေသည်။ သူမ အိပ်ပျော်သွားပုံရသည်။ခဏအကြာတွင် သူမ သတိပြန်ဝင်လာကာ ပြတင်းပေါက်အပြင်ဘက်ရှိ ရင်းနှီးသောရှုခင်းများကိုမြင်ပြီး 


“ဒီမှာရပ်လို့ရတယ်...ကျန်တဲ့လမ်းကို ကိုယ့်ဘာသာ သွားလိုက်မယ်"  


ဝေ့ထင်က ဘာမှ မပြောပေ။ထို့ကြောင့် ကားမောင်းသမားလည်း ကားကို မရပ်ဝံ့ဘဲ မကြားချင်ယောင်ဆောင်ကာ ဆက်လက်မောင်းနှင်လာခဲ့သည်။ 


သူမ မျက်ခုံးပင့်လိုက်မိသည်။ဝေ့ထင်က သူမနှင့် စကားမပြောချင်တော့ဘူးဟု တွေးမိသဖြင့် သူမလည်းစကားမပြောဖြစ်တော့။ဟုတ်သည်၊သူမက ဝေ့ရွှယ် မဟုတ်ပေ။ အကယ်၍ သူမနှင့် ဝေ့ထင်သည် တောင်ပေါ်တွင် အေးအတူပူအမျှ မဖြတ်သန်းခဲ့ပါက ဝေ့ထင် သူမကို ပြန်လိုက်မပို့နိုင်ပေ။ ဝေ့ထင်၏မျက်လုံးထဲမှာ သူမက မျက်စိဆံပင်မွှေးစူးစရာဖြစ်နေမှာပင်။


ကားတစ်စီးလုံး တိတ်ဆိတ်သွားပြန်သည်။ ခဏအကြာတွင် ရှေးဟောင်းပစ္စည်းဆိုင်၏ အဝင်ဝသို့ ရောက်လာသည်။စုမုန့်က ဝေ့ထင်ကို ကျေးဇူးတင်စကား ပြောဖို့ ခေါင်းကို လှည့်လိုက်သည်။

 

“ကားစီးခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်… အခွင့်အရေးရရင် ရှင့်ကို ကျွန်မ ပြန်ဆပ်မယ်" 


သူမ ပြောပြီး ကားတံခါးကိုဖွင့်ကာ ထွက်သွားတော့မည်ပြင်လိုက်သည်။သို့သော်လည်း သူမ၏ခြေဖဝါးတစ်ဖက်က မြေပြင်ပေါ်သို့ ကျသွားစဉ် လက်ကောက်ဝတ်ကို ဝေ့ထင်က ရုတ်တရက် ဖမ်းဆုပ်ထားခဲ့သည်။ သူမ ဝေ့ထင်ကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ 


ဒီကောင်က သူမဆီက ကားခတောင်းချင်တာလား... 


“ဘာဖြစ်နေတာလဲ…ကားခ လိုချင်တာလား... လွှဲပေးရမှာလား.... ငွေသားလား" သူမ ခဏလောက် စဉ်းစားလိုက်ပြီး ဆက်၍ “ဒါဆို လွှဲပေးမယ်… ငွေသားလိုချင်ရင် ကျွန်မ အခန်းထဲအထိ ပြန်သွားရမယ်... ရှင် စောင့်နေရမှာစိုးလို့"


သူမ ပြောပြောဆိုဆို ဖုန်းကို ထုတ်လိုက်ပြီး ပိုက်ဆံပေးဖို့ ပြင်လိုက်၏။ဝေ့ထင်၏ဖုန်းနံပါတ်မှလွဲ၍ အခြားအကောင့်အားလုံးကို သူမ block ထားသည်။သူ့ဖုန်းနံပါတ်ကို သိမ်းထားရသည့် အကြောင်းရင်းမှာ ကွာရှင်းမည့်အချိန်ကို မျှော်လင့်စောင့်စားမိ၍ပင်။ 


 "မင်းဆီက ပိုက်ဆံတောင်းချင်တယ်လို့ထင်နေတာလား"  ဝေ့ထင် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


 "မဟုတ်ဘူးလား.... ဒါဆို ဘာလဲ"


 " မင်း ကိုယ့်အပေါ်မှာ အရမ်းအထင်လွဲနေတယ်ထင်တယ်"  


သူ စကားလုံးကို သေချာရွေးချယ်ပြီးမှ ပြောခြင်းပင်။သူ့ကို မုန်းနေသလားဟု တိုက်ရိုက်မမေးဝံ့ပေ။

ထိုညကတည်းကပင် စုမုန့် သူ့အပေါ် ထားသော သဘောထားသည် အလွန်ထူးဆန်းနေခဲ့သည်။ဝေ့မိသားစုတွင် သူမအား အနိုင်ကျင့်ခဲ့သော အတိတ်ကို နာကျင်နေတာလား... သို့ရာတွင်၊သူ့အပေါ်ထားရှိသည့် သဘောထားက ရိုးရှင်းပုံမပေါ်ပေ။ ပြတ်ပြတ်သားသားပြောရလျှင် သူတို့နှစ်ဦးကြားရှိ လက်ရှိဆက်ဆံရေးသည် သူမအဖေကို သူကိုယ်တိုင် သတ်လိုက်သလိုပင်(တင်စား)။ 


ဝေ့ထင်၏ စကားကို ကြားသော် စုမုန့် နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားကာ လှောင်ပြုံးဖြင့်


 "ရှင့်လို မာနကြီးတဲ့လူက တစ်ကယ် ကိုယ့်ကိုယ်ကို ဒီလောက်သိလိမ့်မယ်လို့ မထင်ထားဘူး"


 "ဒါဆို ကိုယ်တို့ကြားမှာ နားလည်မှုလွဲနေတာ တစ်ကယ်ပဲရှိလား"  သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။


 "နားလည်မှုလွဲနေတယ် ဟုတ်လား...ဟဲဟဲ၊ ပြောတတ်လိုက်တာ"


သူမ၏ ယခင်ဘဝက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးသည် စိတ်ထဲတွင် တောက်ပလာရသည်။ဝေ့ထင်က သူမကို ဂရုမစိုက်ခဲ့သလို၊ ဝေ့ရွှယ်ကြောင့် သူမ၏ရင်သွေးမှာလည်း  သေဆုံးသွားရ၏။ သို့သော် သူမပြန်လည်မွေးဖွားလာခြင်းကြောင့် အချိန်မီ ပြောင်းလဲနိုင်သည်ဟု ဆိုရပေမည်။


 "ကျွန်မတို့ ဘာလို့ဒီလိုဖြစ်လာတာလဲဆိုတာ ရှင် တစ်ကယ်သိချင်တာလား"  


သူမ မျက်လုံးမှိတ်ထားပြီး နှလုံးသားထဲက အမုန်းတရားများကို ဖျောက်ဖျက်ဖို့ ကြိုးစားလိုက်သည်။အချိန်အတော်ကြာပြီးနောက် မျက်လုံးပြန်ပွင့်လာကာ ပြုံးလိုက်၏။ထိုအခါ သူမ၏ နှလုံးသားထဲတွင် လှိုင်းထနေသော လှိုင်းလုံးများကို မြင်တွေ့ရန် မဖြစ်နိုင်တော့ပေ။ သူမ အမေးကို ဝေထင့်က ခေါင်းညိတ်လိုက်သည်။


 "ဟား ဒါဆို ရှင့်ညီမ ဝေ့ရွှယ်ကို သွားမေးကြည့်...ကျွန်မတို့နှစ်ယောက်ကြားက အကြောင်းအရာတွေကို သူမထက် ဘယ်သူမှ ပိုသိမှာမဟုတ်ဘူး”  


ဝေ့ရွှယ် အကြောင်းတွေးရင်း စုမုန့် စိတ်ထဲမှာ အေးခဲသွားသလို ခံစားလိုက်ရသည်။ ဝေ့မိသားစုမှ အငယ်ဆုံး သခင်မလေးသည် အပေါ်ယံတွင် ကြင်နာဟန်ဆောင်ပြီး ပျော့ညံ့ဟန်ဆောင်ထားသော်လည်း တစ်ကယ်တမ်းတွင် သူမ၏နှလုံးသားသည် ရက်စက်ကြမ်းကြုတ်၏။


"ဝေ့ရွှယ်... ဝေ့ရွှယ်က ဘာသိမှာလဲ....ကိုယ်တို့ကိစ္စက သူမနဲ့ ဘာဆိုင်လို့လဲ"  


ဝေ့ထင် ပို၍ပင် မျက်မှောင်ကြုတ်ကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။စုမုန့် သူ့ကို အပြင်းအထန် စိုက်ကြည့်နေမိသည်။သူသည် အမှန်ပင် ကြောင်သူတော်ဖြစ်သည်။မောင်နှမ နှစ်ယောက်လုံး တစ်ပုံစံတည်းပင်။သူမ စိတ်ထဲ ချက်ချင်းပင် ရွံရှာသွားရသည်။သူမ တွေးလေလေ ဒေါသပိုထွက်လေလေဖြစ်သည်။ထို့ကြောင့် သူ့ကိုလည်း မမြင်ချင်တော့ဘဲ ငွေလည်း မပေးချင်တော့၍ အမြန်ထွက်သွားဖို့ ပြင်လိုက်၏။သို့သော် ဝေ့ထင်က သူမလက်ကို ဆွဲထားသဖြင့်  သူမ စိတ်မရှည်စွာ မေးလိုက်သည်။


 "ဘာပြောချင်သေးလို့လဲ"


ဝေ့ထင်က ဘာမှပြန်မပြောဘဲ စျေးဝယ်အိတ်ကို စုမုန့် အားပေးလိုက်သည်။


"တစ်ညတည်းမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အများကြီးပဲ....မင်း ရေတစ်ခွက်တောင် မသောက်ရသေးဘူး...ဒီမှာ စားစရာတွေ ဝယ်လာတယ်...စားလိုက်ပါ"


(ရှန့်ကျန်း၏ လက်ဆောင်)


ဝေ့ထင် ပေးလာသည့် စျေးဝယ်အိတ်ကို စုမုန့် လက်မခံဘဲသူ့လက်ကို အတင်းဆွဲဖယ်လိုက်ကာ


 "ဝေ့ထင် ရှင် စိတ်ပူနေစရာ မလိုဘူး...ကျွန်မ အိမ်မှာ စားစရာတောင် မစားနိုင်လောက်အောင် မဆင်းရဲပါဘူး…"


သူမ ပြောပြီးနောက် ပြန်လှည့်မကြည့်ဘဲ ရှေးဟောင်းဆိုင်ထဲကို တိုက်ရိုက်ဝင်သွားသည်။ ဘေးမှာစောင့်နေသည့် ရှန့်ကျန်းက စုမုန့် ဘာမှမစားရသေးမှန်း သိ၍ ဝေ့ထင် ရှေ့မှာ ရပ်လိုက်ရင်း...


"ဆရာမက စိတ်ဆိုးနေတယ်၊ ဒါကြောင့် လက်ဆောင်တွေဘာတွေ လက်မခံတာ…  ဘယ်လိုလဲ၊ ကျွန်တော် နည်းနည်းပိုကြိုးစားပြီး ကူညီပေးပါ့မယ်...ကျွန်တော့်ကို ကျေးဇူးတင်နေစရာ မလိုပါဘူး...ကားခပဲ သဘောထားလိုက်ပေါ့" 


ကားမောင်းသမားသည် ရှန့်ကျန်းအစား ကျောချမ်းကာ ရှေ့တည့်တည်ကိုကြည့်ပြီး မတ်မတ်ထိုင်လိုက်သည်။ရှန့်ကျန်းက ဥက္ကဌဝေ့ကို ယခုလိုပြောရဲဖို့ မမျှော်လင့်ထားချေ။သူ ဘာမှမသိသလို ဟန်ဆောင်တာ ပိုကောင်းသည်။သို့သော် သူ့ကို အံ့အားသင့်စေသည့်အရာ ဖြစ်ခဲ့လေသည်။ ရှန့်ကျန်း စကားဆုံးသောအခါ ဝေ့ထင်သည် စျေးဝယ်အိတ်ကို ရှန့်ကျန်းထံသို့ ပေးလိုက်သည်။ သူ နောက်ကြည့်မှန်ကနေ သူ့နောက်ခန်းမှ အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်နေရင်း အံ့သြလွန်း၍ မျက်လုံးပြူးသွားရ၏။


ရှန့်ကျန်း စျေးဝယ်အိတ်ကိုဖွင့်ပြီး အတွင်းထဲကို တစ်ချက်ကြည့်လိုက်သည်။အတွင်းထဲက ပစ္စည်းတွေက သူ့အတွက် ထိတ်လန့်စေ၏။သူ အိတ်ကိုကြည့်လိုက်၊ဝေ့ထင်ကိုကြည့်လိုက်နှင့် အလုပ်များနေတော့သည်။အိတ်ထဲတွင် သပ်ရပ်လှပစွာ ထုပ်ပိုးထားသော  စျေးကြီးသည့် နိုင်ငံခြားဖြစ် သရေစာများပင်။ထိုမျှမက၊ အရည်အသွေးမြင့် ကျောက်စိမ်းတစ်ပိုင်းလည်း ရှိသည်။ထိုကျောက်စိမ်းပိုင်းကို အကြည်ရောင်သေတ္တာထဲတွင် ထည့်ထား၍ အတိုင်းသား မြင်နေရသည်။


သူတို့၏လုပ်ငန်းခွင်တွင် ကျောက်စိမ်းအား ဘယ်လိုမျိုးကြည့်ရမည်ဆိုသည်မှာ အခြေခံအကျဆုံးဖြစ်သည်။ ကျောက်စိမ်းမှာလည်း ယင်နှင့်ယန် ဟူ၍ ခွဲခြားထားသည်။အကယ်၍ တစ်ယောက်ယောက်က မှားယူလာပါက၊ ဖြေရှင်းရန် ဖုန်းရွှေပညာရှင်လိုအပ်မည်ဖြစ်သည်။


သေတ္တာထဲက ကျောက်စိမ်းတုံးမှာ အကောင်းဆုံးမဟုတ်သော်လည်း စျေးကြီးသည်။သာမန်လူများ တတ်နိုင်သည့် အရာမဟုတ်ပေ။


ရှန့်ကျန်း သည် သေတ္တာကို ထုတ်ပြီး ဝေ့ထင်ကို "အမ်၊ယောက်ဖ...မေ့ပါလာတာလား"


 “ငါ လမ်းမှာ ဝယ်လာတာပါ...သူမကို ပေးလိုက်ပါ"  


ဝေ့ထင်၏ လေသံသည် ဂေါ်ဖီထုပ်လက်ဆောင် ပေးသလိုမျိုး ပေါ့ပေါ့ပါးပါးဖြစ်သည်။


ရှန့်ကျန်း လက်မထောင်ပြကာ


 “ဥက္ကဌဝေ့က အရမ်း ရက်ရောတာပဲ...ဆရာမက ပိုက်ဆံကို အရမ်းကြိုက်တယ်…ဒါကိုမြင်ရင် သူပျော်မှာသေချာတယ်…ဒါက လူတွေကို ချော့ဖို့နည်းလမ်းကောင်းပဲ…သာမာန်လူတွေ မလုပ်နိုင်ဘူး"


သူက ဝေ့ထင်ကို နှုတ်ဆက်ပြီး ပြန်သွားမည်ပြုလိုက်သည်။သို့သော် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်နှင့်၊လျှင်မြန်စွာ နောက်ပြန်ဆုတ်သည်။


 "ယောက်ဖ အရင်တုန်းက ကျွန်တော့်ဆရာမကို စိတ်အနှောင့်အယှက် ပေးပြီး အမြဲအနိုင်ကျင့်ခဲ့ပေမယ့် အခုတော့ အတိတ်ကို ပြောင်းလဲပြီး ဆရာမကို မျက်နှာသာပေးလာလို့ စေတနာနဲ့ ကူညီပါ့မယ်"


 “ဆရာမက အတင်းပြောတာကို နားမထောင်တဲ့သူ...သူမ သဘောအတိုင်းထားလိုက်ရင် အရာအားလုံး အဆင်ပြေသွားမှာပါ...ဒါပေမယ့် သူမကို ဆန့်ကျင်ရင် သူမက အဆုံးထိ တိုက်ခိုက်လိမ့်မယ်...လောလောဆယ်တော့ ဆရာမက ဒေါသဖြစ်နေတယ်...သူမကို အခုသွားတွေ့ရင် ဟိုက စိတ်အရမ်းဆိုးသွားမယ်...သူမ စိတ်ကျေနပ်ဖို့ မပြောနဲ့၊တစ်ခါတည်း မုန်းပစ်မယ်ထင်တယ်....  အကောင်းဆုံးနည်းလမ်းကတော့ ခင်ဗျား အရင်ပြန်သွားပြီး ဆရာမ စိတ်အေးလက်အေးဖြစ်တဲ့အထိ စောင့်နေဖို့ပါပဲ"


 “ဒါ့အပြင် မိန်းကလေးတိုင်းကို ချော့ပေးရမယ်...သူမကိုလည်း အမြဲတမ်း နူးညံ့သိမ်မွေ့အောင် ပြောပေါ့…သန်မာတဲ့ မိန်းမတွေတောင် ခင်ပွန်းကို ကြောက်တတ်တယ်ဆိုတဲ့စကားအတိုင်းပေါ့...ခင်ဗျား ဆရာမဆီကနေ  မျက်နှာသာရချင်ရင် CEO တစ်ယောက်ရဲ့မောက်မာမှုတွေကို လျှော့ချပစ်ရမယ်..."


 "ရှန့်ကျန်း...ရှင် အထဲဝင်ဖို့ ဆယ်စက္ကန့်အချိန်ပေးမယ်...အဲဒါမှ ဝင်မလာသေးရင် အပြင်မှာနေ"


စုမုန့် စိတ်မရှည်တော့ဘဲ တံခါးနားမှာ ရပ်ပြီး ရှန့်ကျန်းကို အေးစက်စက်သတိပေးရင်း တစ်ချိန်တည်းမှာပဲ တံခါးပိတ်လိုက်သည်။


 "စောင့်ပါဦး...ကိုယ် တစ်ယောက်တည်း အပြင်မှာရပ်နေရလိမ့်မယ်!" 


ရှန့်ကျန်းက စုမုန့်ကို ပြန်ပြောရင်း ခေါင်းကိုလှည့်ပြီး အိတ်ကပ်ထဲက ကမ္ပည်းပြားကိုထုတ်၍ ဝေ့ထင်အား ပေးလိုက်သည်။သို့သော် ဝေ့ထင်က မယူပေ။ထို့ကြောင့် သူ ဝေ့ထင် နံဘေးကို အင်းစာရွက် လွှင့်ပစ်လိုက်၍အမြန် ရှင်းပြသည်။ 


“ဒါက အိမ်ထောင်ရေးနဲ့ဆိုင်တဲ့ အင်းစာရွက်ပါ... ဂါထာကို ဆရာမစုမုန့်ကိုယ်တိုင် ရေးထားတာ...100% ထိရောက်မှု မရှိနိုင်ပေမယ့် မရှိတာထက်တော့ ကောင်းမယ်လေ...အနည်းဆုံးတော့ အိမ်ထောင်ရေးကို တိုးတက်စေနိုင်ပါတယ်…ကျွန်တော်လည်း ယောက်ျားတစ်ယောက်အနေနဲ့ ဆရာမကို ခင်ဗျား ဘယ်လောက်ဂရုစိုက်တယ်ဆိုတာကို ကျွန်တော် ခံစားရတယ်...ဒါကို ပေးလိုက်မယ်... အခကြေးငွေကိုဆော့ ခင်ဗျားပေးချင်စိတ်ဖြစ်လာရင် နောင်ကျ ပေးလို့ရပါတယ်"


ထိုစကားကို ပြောပြီးနောက် ရှန့်ကျန်း လှည့်၍ ရှေးဟောင်းပစ္စည်းဆိုင်သို့ ပြေးသွားခဲ့သည်။


ဆယ်စက္ကန့်တောင် ကြာသွားပြီဖြစ်၍ စုမုန့် ဂရုမစိုက်ဘဲ တံခါးကို ပိတ်တော့သည်။နောက်ဆုံး တံခါးပိတ်ခါနီးတွင် ရှန့်ကျန်း သည် သူ၏ ပိန်ပါးသော ခန္ဓာကိုယ်ကိုအထဲဝင်အောင် အတင်းဝင်လိုက်သည်။သို့သော် သူ ခြေတစ်လှမ်းနောက်ကျသွား၍ တံခါးနှစ်ချပ်ကြားတွင် ညှပ်မိနေပြီး နာကျင်မှုကြောင့် ချက်ချင်း ရှုံ့မဲ့သွားသည်။


 "တောင်းပန်ပါတယ်...မှားပါတယ်... တံခါးကို အမြန်ဖွင့်လိုက်ပါ...  အရမ်းနာတယ်၊ အရမ်းနာတယ်" 


ရှန့်ကျန်းက စုမုန့်ကို အသနားခံနေလေသည်။



xxxxxx