Chapter 53
” တဆိတ်လောက်ပါ... ကိုယ့်ရဲ့မျိုးရိုးနာမည်အရင်းကိုရောသိပါသလား?”
“ကိုယ့်ရဲ့ဘဝအမှန်ကို သိပြီးနောက်မှာ ဘယ်လိုတွေးဖြစ်ပါလဲ? တကယ့်မိသားစုအစစ်ကို ရှာမှာပါလား? ရှာသင့်တယ်လို့ထင်ပါသလား?”
မုန့်ရှစ်ရွှမ်၏မျက်နှာသည် ဖြူစုတ်လာခဲ့သည်။
ဘာလို့ ဒီသတင်းထောက်တွေက အဓိပ္ပာယ်မရှိတဲ့ မေးခွန်းတွေကိုမေးနေရတာလဲ? ဒီကိစ္စမှာ သူမက အပြစ်ကင်းတယ်မလား? သူမ၏ မျက်နှာသည် ပြင်းပြင်းထန်ထန်ဖျားနေသကဲ့သို့ ဆိုးဝါးနေတာတောင် တစ်ယာက်မှ ဂရုမစိုက်ကြဘူး? ဆုပေးပွဲများတွင် ဓာတ်ပုံရိုက်ရန် ကူညီပေးခဲ့ကြသော ရင်းနှီးခဲ့ဖူးသည့် သတင်းထောက်တွေများစွာကိုလဲ တွေ့ရသည့်တိုင် သူမကိုဂရုမစိုက်ကြပေ။
မုန့်ရှစ်ရွှမ်က ချက်ချင်းပင် နားလည်သွားတော့သည်...
အတိတ်တွင် ထိုသတင်းထောက်များသည် ကျုံးမိသားစုကြောင့်သာ သူမကို အာရုံစိုက်ခဲ့ကြသည်ဖြစ်ပြီး သူတို့ထဲမှ တစ်ယောက်၊နှစ်ယောက်သည် သူမကိုကူညီကာ သူမ၏ပုံရိပ်ကို အကျိုးပြုစေမည့် မေးခွန်းတို့ကို မေးခဲ့ကြသည်။ ယခု ကျုံးပါပါးက သူမသည် အတုအယောင်သာဖြစ်ကြောင်း ကြေညာလိုက်သောအခါ ထိုသတင်းထောက်များသည် ချက်ချင်းပင် ဘက်ပြောင်းသွားကြတော့သည်။
ယခုတွင်လည်း သူမပါးစပ်မှ တစ်ခုခုပြောထွက်လာရန် မျှော်လင့်နေကြလေသည်။ သို့မှသာ သူတို့အတွက် ရေးစရာပိုရမည်ဖြစ်သည်။
ယခု သူတို့သကာရည်လောင်းကာ ခယချင်နေသောသူသည် ကျုံးယို့ယို့ဖြစ်သွားခဲ့ချေပြီ!!
မုန့်ရှစ်ရွှမ်၏ နားတို့သည် အူလာခဲ့ပြီး မေးခွန်းများကြောင့် ရှက်လာရသည်။ သူမတစ်ခုခုကိုပြောမည့်အချိန်တွင် သတင်းထောက်တွေကြားမှ တစ်စုံတစ်ယောက်က သူမ၏လက်ကောက်ဝတ်ကို ဆွဲလိုက်ပြီး အိမ်ထဲသို့ခေါ်သွားခဲ့သည်။
“ မုန့်ရှစ်ရွှမ်! မျိုးရိုးက မုန့်လား?!” ယွီစစ်ရွှယ်က မုန့်ရှစ်ရွှယ်ကို ခန်းမထဲရှိလူများမမြင်ခင် ရေချိုးခန်းထောင့်သို့ ခေါ်သွားခဲ့သည်။
“စစ်ရွှယ်” မုန့်ရှစ်ရွှယ်က သူမကို ကျုံးပါပါးနှင့် ကျုံးမာမားတို့ ဘယ်မှာရှိနေကြောင်း မေးရန်ပြင်လိုက်သော်လည်း ယွီစစ်ရွှယ်က သူမအား အေးစက်စွာကြည့်နေသည်ကိုမြင်လိုက်ရသည်။
“နင်လဲသိသွားပြီပဲ...”
သူမစကားမဆုံးခင်မှာပင် ယွီစစ်ရွှယ်က စိတ်ဆိုးစွာဖြင့်ပြောလာခဲ့သည် : “ ဘာလို့ဖုံးကွယ်ထားခဲ့တာလဲ? ငါ့ကိုအသုံးချခဲ့တာလား?”
ကျုံးပါပါးက အမှန်တရားကို လူသိရှင်ကြားထုတ်ဖော်လိုက်ပြီး ယွီရှစ်ရွှယ်က ထိတ်လန့်သွားတဲ့နောက်မှာ တွေးလေ ဒေါသထွက်လေဖြစ်လာရသည်။ ပြန်ကြည့်လျှင် အရာအားလုံးက မှားနေခဲ့သည်ပင်။ ဥပမာ သူမသည် ကျုံးယို့ယို့၏ ဆင်းရဲသော အမျိုးတို့ကို မန်မဲကာ အရှက်မဲ့နေချိန်တွင် မုန့်ရှစ်ရွှမ်က မျက်မှောင်ကြုတ်ကာ သူမအား လှုံဆော်ပေးသောစကားတို့ကို တီးတိုးပြောခဲ့ရုံသာ။ လှုံဆော်ပေးခဲ့တာမှမဟုတ်ဘဲ? သွေးထိုးခဲ့တာမဟုတ်ဘူးလား?
မနှစ်က သူမသည် ကျုံးယို့ယို့ပေါ်သို့ လူအများ၏ရှေ့တွင် ဝိုင်နီများကို လောင်းချခဲ့သေးသည်။ သူမ ကျုံးယို့ယို့ကို အခုလိုမုန်းတီးနေရတဲ့ အကြောင်းအရင်းကဘာများလဲ? မုန့်ရှစ်ရွှမ်က ကျုံးယို့ယို့သည် ရိုင်းစိုင်းပြီး အကျိုးအကြောင်း မဆီလျော်ဘဲ ဆူးများနှင့်ပြည့်နှက်နေကာ သူမကိုပင်လျစ်လျူရှုကြောင်း ပြောခဲ့၍ မဟုတ်ပါလား? မုန့်ရှစ်ရွှမ်ကတော့ ကျုံးယို့ယို့အပြုအမူတွေအပေါ် ဂရုမစိုက်သလို ပြောနေခဲ့သော်လည်း သူမကတော့ ကြားကြားချင်း မုန့်ရှစ်ရွှမ်အတွက် မတရားသဖြင့် အပြေးရန်သွားရှာခဲ့သည်။
ရလဒ်အနေနှင့် ထိုနှစ်က မွေးနေ့ပွဲတွင် သူမနှင့်ကျုံးယို့ယို့တို့သည် လူအများ၏ ရယ်စရာဖြစ်နေခဲ့ပြီး အိမ်ပြန်ရောက်သောအခါ မိသားစု၏ မန်မဲခြင်းကိုပင်ခံခဲ့ရသေးသည်။
မုန့်ရှစ်ရွှမ်ကတော့ ဘာမှမဖြစ်ခဲ့ပေ။
ထိုသို့ဖြစ်ခဲ့သည်မှာ တစ်ခါ၊နှစ်ခါမက မရေမတွက်နိုင်အောင်ပင်။ ယွီစစ်ရွှယ်က ဖြေးဖြေးချင်း ပြန်တွေးကြည့်လိုက်သည့်အခါ သူမနှင့် ကျုံးယို့ယို့ ပြဿနာဖြစ်တိုင်းတွင် မုန့်ရှစ်ရွှမ်ကနောက်ကွယ်၌ရှိနေခြင်းပင် ဖြစ်သည်။
သူမသည် ကလေးအရွယ်တည်းကပင် မုန့်ရှစ်ရွှမ်အပေါ် စစ်မှန်ခဲ့ပါသော်လည်း ယခုတော့ ခွေးကိုသာ စစ်မှန်ခဲ့ခြင်းဟု ခံစားနေရသည်။
သူမသည် မုန့်ရှစ်ရွှမ်အတွက် ဗီလိန်အစားထိုးသက်သက်သာဖြစ်သည်။ တခြားသူများ၏ မျက်လုံးထဲတွင်တော့ သူမသည် အပေါက်ဆိုးသည့် မိန်းမတစ်ယောက်အဖြစ်မြင်ကြသည်။ မုန့်ရှစ်ရွှမ်ကိုတော့ မြင့်မြတ်ပြီး သဘောထားကြီး၊ ညင်သာနူးညံ့သည်ဟုမြင်ကြလေသည်။ ဒါကမတရားလိုက်တာ!!!
ထို့အပြင် သူငယ်ချင်း၏ သစ္စာဖောက်ခံလိုက်ရခြင်းနှင့်ပင် ပိုတူသေးသည်။
မုန့်ရှစ်ရွှမ်က ယွီစစ်ရွှယ်၏လက်ကိုဆွဲလိုက်ပြီး “ ငါ့မှာနင့်ကိုရှင်းပြဖို့အချိန်မရှိသေးဘူး...”
“ရှင်းပြနေဖို့မလိုဘူး!!!” ယွီစစ်ရွှယ်က ဒေါသပိုထွက်လာခဲ့ပြီး အော်လိုက်ကာ ပါးကိုရိုက်လိုက်တော့သည် : “နင့်ကို ဒေါင်းသိုက်ထဲက ကျီးမှန်းသာသိခဲ့ရင် ငါ့ကိုနင်နဲ့အတူဆက်ရှိနေမယ်ထင်နေတာလား?”
“ဖြန်း!!”
ရိုက်ချက်ကပြင်းထန်လှပြီး မုန့်ရှစ်ရွှမ်သည် နာကျင်သွားရသည်။
သူမ၏မျက်နှာတွင် လက်ငါးချောင်းရာပင်ထင်သွားတော့၏။
သူမသည် မှင်သက်နေပြီး ယွီစစ်ရွှယ်ကို ကြည့်ကာ အံကြိတ်ရင်း : “ယွီစစ်ရွှယ်... နင်ရူးနေလား? ကျုံးမိသားစုက ငါ့ကိုမောင်းထုတ်မယ့် အစီအစဥ်မရှိသေးဘူး... ငါ့အပေါ်ကိုအဲ့လိုဆက်ဆံဖို့မလိုသေးဘူးလေ?”
ယွီစစ်ရွှယ်က မုန့်ရှစ်ရွှမ်၏ အခုပုံစံကို မမြင်ဖူးပေ။
ညင်သာသိမ်မွေ့နေတဲ့ အပေါ်ယံလွှာကွာကျသွားကာ သူမ၏မျက်လုံးများတွင် ခါးသီးမှုများပြည့်နှက်နေပြီး လူတိုင်းကို တုန်လှုပ်စေနိုင်သည့်ပုံစံပင်။
သို့သော် ယွီစစ်ရွှယ်က ဤသူငယ်ချင်းကောင်းနှင့် တစ်ခါမှမရင်းနှီးခဲ့ကြောင်းကို သဘောပေါက်သွားတော့သည်။ သူငယ်ချင်းကောင်းဆိုတာကဟာသတစ်ခုပဲ။ မုန့်ရှစ်ရွှမ်ကသူမဘေးတွင် အရံလူလိုအပ်နေခဲ့ခြင်းသာဖြစ်သည်။ သူမက မုန့်ရှစ်ရွှမ်ထက် မိသားစု၊ အသွင်အပြင် နှင့် အခြေအနေတို့မကောင်းမွန်ခဲ့သောကြောင့် ထိုသို့အရံလူဖြစ်လာခဲ့ခြင်းပင်ဖြစ်သည်။
သူမသည် ရုတ်တရက်နားလည်သွားခဲ့ပြီး အသက်ပြင်းပြင်းရှူလိုက်ကာ : “ငါတို့က သူငယ်ချင်းတွေမဟုတ်တော့ဘူး။ နောက်တစ်ခါ ငါ့ကိုတွေ့ရင် သတိထားနေ...”
မုန့်ရှစ်ရွှမ်က ထိုစကားတို့ကိုကြားသောအခါ ထိတ်လန့်သွားတော့သည်။ ခဏအကြာတွင် သူမက လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လိုက်ကာ လှည့်မကြည့်ဘဲ ရေချိုးခန်းထဲကထွက်သွားခဲ့တော့သည်။
တစ်မြို့လုံးသည် ရုတ်ရုတ်သဲသဲဖြစ်နေပြီး နေရာအားလုံးသည် ရှုပ်ယှက်ခတ်နေတော့သည်။ သို့သော် မွေးနေ့ပွဲကို တက်ရောက်လာသော အနုပညာရှင်တို့သည် ကမ္ဘာကြီးအကြောင်းကိုသိပြီးသားဖြစ်သည်။ အံ့သြစရာသတင်းတစ်ခုရှိလာလျှင် တစ်ယောက်နှစ်ယောက်က အချက်အလက်တို့ကို လိုသည်ထက်ပိုပြီး ပြင်ဆင်လေ့ရှိကြသည်။ ပြီးနောက် တစ်ယောက်မှတစ်ယောက် စကားကားသွားကြတော့သည်။
ချီးမွမ်းမြှောက်ပင့်မှုတို့သည် ယနေ့တွင် မွေးဖွားလာခဲ့သော မိန်းကလေးတစ်ယောက်အတွက်ပင် ဖြစ်နေတာ့၏။
“လူကြီးမင်းကျုံး... သမီးအရင်းရှာတွေ့ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ်ဗျာ! သွေးကစကားပြောတာပဲဗျ! သူမရဲ့ ကိုယ်ရောင်ကိုယ်ဝါက အတိတ်ကလူကြီးမင်းအတိုင်းပဲဗျာ!”
“ဟုတ်တယ်... မမလေးကျုံးယို့ယို့က အရမ်းလှတာပဲ... ဒီလိုလှပတဲ့မိန်းကလေးမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးတာပဲ”
“ သူမက စေ့စပ်လမ်းကြောင်းပြီးပြီလားမသိဘူး?
ကျွန်မရဲ့သားလေးကို စဥ်းစားပေးပါလား?”
ကျုံးပါပါး၏မျက်နှာသည် ပျော်ရွှင်မှုတို့ဖြင့် နီလာတော့သည်။ သို့သော် ကျိုးယို့ယို့က ထိုစကားတို့ကို ကြားသောအခါ မျက်ဆံလှန်လိုက်မိသည်။ အတိတ်အချိန် မုန့်ရှစ်ရွှမ်က ကျုံးမိသားစု၏ သမီးဖြစ်နေခဲ့သည့် အချိန်ကလည်း ဤလူများသည် ထိုစကားတို့ကို ပြောခဲ့ဖူးသည်ပင်။ အခု ကျုံးမိသားစုက သူမကသာ ကျုံးမိသားစု၏ သမီးအရင်းဖြစ်ကြောင်း ကြေညာလိုက်သောအခါတွင်လည်း ဒီလူတွေက အရင်လိုပဲ ချီးမွမ်းမြှောက်ပင့်နေပြန်၏။
ကျုံးယို့ယို့က နတ်သမီးတစ်ပါးအဖြစ် ပြောင်းလဲမတတ်ပင် ပြောဆိုနေကြသည်။
ယို့ယို့ကအေးအေးဆေးဆေးဖြစ်နေပြီး သူမကို လေပေါ်မြောက်တက်မတတ် မြှောက်ပင့်နေသော စကားလုံးတို့ကို မကြိုက်သော်လည်း မုန့်ရှစ်ရွှမ်အားထိုအရာတို့ကို မရစေချင်ပေ။
လူအုပ်ကြီးသည် သူမကိုသာ အာရုံစိုက်နေကြသည်။ သူမက ညာဘက်လက်ဖြင့် ဝိုင်ခွက်ကိုကိုင်ထားပြီး ဘယ်ဘက်လက်ဖြင့် စကတ်ထောင့်လေးကို မထားလေသည်။ သူမသည် ခါးကိုဖြောင့်ထားကာ မီဒီယာသတင်းထောက်များ ဓာတ်ပုံရိုက်ရန် ခွင့်ပြုထားလိုက်သည်။ သူမငုံ့လိုက်ပြီး ကျက်သရေရှိတဲ့ သူမ၏ဝတ်စုံကို ကြည့်လိုက်ကာ နောက်ထပ် တစ်ပုံနှစ်ပုံလောက် ထပ်အရိုက်မခံလိုက်ရလျှင် နှမြောဖို့ကောင်းသည်ဟုတွေးလိုက်သည်။
မနီးမဝေးတွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသော လူတစ်ယောက်က သူမဆီကိုလျှောက်လာခဲ့ပြီး ဝိုင်ခွက်ကိုမြှောက်ရင်း : “ ကျုံးသခင်မလေး... သောက်ပါဦးလား?”
ကျုံးယို့ယို့က မော့ကြည့်လိုက်လျှင် မှတ်မိသွားတော့သည်။
မူလဇာတ်ကြောင်းထဲရှိ မွေးနေ့ပွဲတွင် မုန့်ရှစ်ရွှမ်သည် တောက်ပနေပြီး ရှစ်ကျစ်ထန်နှင့်အတူတွဲကခဲ့သည်။ သူမ၏ ကိုယ်ရောင်ဝါတို့အလယ်တွင် ကုမ္ပဏီပိုင်ရှင်တစ်ယောက်က ကျုံးမိသားစုအကောင်းမြင်လာစေရန် သူ၏သားကို သူမအား လာရောက်နှုတ်ဆက်စေကာ အတူတွဲကရန်ဖိတ်ခေါ်စေခဲ့သည်။
အခုတော့...
ကျုံးမိသားစု၏ သမီးရင်းသည် သူမကိုယ်တိုင်ဖြစ်ကြောင်း ကြေညာပြီးသည့်နောက်တွင် ရလဒ်ကား သူမကားထဲမှထွက်လာသည့်အခါ သတင်းထောက်များသည် သူမကိုသတိထားမိကြပြီး စိတ်လှုပ်ရှားစွားဖြင့် ယင်ကောင်များကဲ့သို့ ဝိုင်းအုံလာလိမ့်မည်။
ယခုလူ၏ လာရောက်ဖိတ်ခေါ်မှုသည်လည်း သူမအတွက်ဖြစ်လာတော့သည်။ သို့ပေမယ့်လည်း သူ၏ရည်ရွယ်ချက်သည် ကျုံးမိသားစု အကောင်းမြင်လာစေရန်သာဖြစ်ပြီး မုန့်ရှစ်ရွှမ်ကိုအမှန်တကယ် သဘောကျခြင်းမဟုတ်ခဲ့ပေ။
မုန့်ရှစ်ရွှမ်ဆီကအရာအားလုံး ရလိုက်တဲ့ခံစားချက်က ဒီလိုခံစားရတာပါလား?
မုန့်ရှစ်ရွှမ်ယခင်ကရရှိခဲ့သော ဂုဏ်ပုဒ်များ၊ ချီးမွမ်းမြှောက်ပင့်မှုများ၊ မီဒီယာများမှသည် ဆရာ၊ဆရာမများ၊ အတန်းဖော်များထံမှ ရရှိခဲ့သော အလေးပေးအလေးထားခံရမှုများ အားလုံးတစ်ခုချင်းစီ ပြန်ရလာလိမ့်မည်။ သူမအတွက် အရေးကြီးသည့် အရာအားလုံးလုယူခံလိုက်ရပြီး ခံစားရမည့်အချိန်သို့ရောက်လာတော့မည်။
မူလပိုင်ရှင်၏ ဆိုးဝါးခဲ့သောအတိတ်ကို တွေးလိုက်လျှင် ကျုံးယို့ယို့သည် မုန့်ရှစ်ရွှမ်နှင့် မုန့်ချန်တို့ကို သနားစိတ်မဖြစ်မိသလို ကျုံးမိသားစုကိုလဲခွင့်မလွှတ်နိုင်ပေ။
သူမက ပြုံးလိုက်ပြီး ငြင်းရန်လှည့်လိုက်သည့်အချိန်တွင် မုန့်ရှစ်ရွှမ်က သန့်စင်ခန်းထဲမှ ခိုးကြောင်ခိုးဝှက်ထွက်လာသည်ကို တွေ့လိုက်သည်။
မုန့်ရှစ်ရွှမ်လဲ ဒီကိုရောက်နေတာလား?
မျက်လုံးချင်းဆုံသွားသည့်အခါ လေထုသည် အေးစက်ကာ တိတ်ဆိတ်သွားတော့သည်။